← Chapters

အခန်း ၃၈၈

Vol. 26 Ch. 388

အခန်း ၃၈၈

Vol. 26 Ch. 388

အခန်း(၃၈၈)

သီရှီထျန်က ကျားဝိညာဉ်ဓားမော့၏ ထိပ်ဖျားကို အောက်ချလိုက်ပြီး ပြောသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။ သို့သော်လည်း အစမှအဆုံးထိ သူ့မျက်နှာက အလွန်အေးစက်နေသည်။ သူက အခြားတစ်ဖက်မှ သိုင်းပညာကျင့်ကြံသူကို စိုက်ကြည့်လိုက်သည်။ သူက တခြားကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့စဉ်ကကဲ့သို့ အလျင်စလို မတိုက်ခိုက်ပေ။ ယင်းအစား သူက စကားပြောသည်။

အနီးကပ် သေချာကြည့်မည်ဆိုလျှင် တစ်ဖက်လူက ကုချင်းချိုင့်ဝှမ်းထဲမှာ သူတွေ့ဆုံခဲ့သော သိုင်းပညာကျင့်ကြံသူဝူဝူဒီနှင့် အတော်လေး ဆင်တူကြောင်း မြင်ရလိမ့်မည်။ ထို့ပြင် သူသည်လည်း သိုင်းပညာကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ဤသည်မှာ သူတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်သည့်အလားပင်။

“ ဝူဝူဒီလား ”

အခြားတစ်ဖက်မှ သိုင်းပညာကျင့်ကြံသူသည် ခြေသုံးလှမ်း အနောက်ဆုတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ အဖျက်စွမ်းအင်အားလုံးကို ချေဖျက်နိုင်သွားသည်။ သူက စက်ကရာနှင့် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း “ ဝူဝူဒီ ”ဟူသော နာမည်ကို ကြားသောအခါ သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဟွန့်… ငါက ဝူပိုကျွင်း… ဝူဝူဒီမဟုတ်ဘူး ”

“ အို… မင်းတို့နှစ်ယောက်က အမွှာလား ”

သီရှီထျန်က မျက်မှောင်ကြုတ်ထားသည်ကို ပြန်ဖြေလျော့လိုက်သည်။ တစ်ဖက်လူကို အစောနက သူမြင်လိုက်စဉ် အံ့ဩသွားသည်။ ဝူဝူဒီက မည်သို့ကြောင့် ရုတ်တရက် သူ့ထံသို့ ပြေးလာပြီး သူ့ကို တိုက်ခိုက်လာကြောင်း သူနားလည်နိုင်ပေ။ ယခု ထိုစကားကို သူကြားလိုက်သောအခါ အခြေအနေအလုံးစုံကို နားလည်သဘောပေါက်သွားသည်။ သူတို့နှစ်ယောက်က အမွှာဆိုလျှင် အရာအားလုံးက အကျိုးအကြောင်းသင့်သည်။

သို့သော်လည်း ဝူပိုကျွင်း၏ လေသံကို နားထောင်ခြင်းအားဖြင့် သူတို့ညီအကိုကြားမှ ဆက်ဆံရေးက မကောင်းမွန်ကြောင်း သူသိလိုက်သည်။

“ ဟွန့်… ဘယ်သူက သူ့အကိုလဲ ”

ဝူပိုကျွင်း၏ မျက်နှာပေါ်မှာ ဒေါသထွက်သော အမူအရာ ထွက်ပေါ်လာသည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။

“ ဝူဒီက ဒီလောက်ဆိုးဝါးလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… သူက မိစ္ဆာမျိုးနွယ်စုနဲ့ အဆက်အသွယ်လုပ်ရဲတယ်… သူ့လို ညီရှိတာ ငါ့အတွက် အရှက်ရစရာပဲ… တော်ပြီ… အရေးမပါတာတွေ ပြောမနေတော့ဘူး… မင်းက ဝူဒီကို သိရင်တောင် ငါမင်းကို အလျော့ပေးမှာမဟုတ်ဘူး… မင်းက မိစ္ဆာဘုရင်ဆိုရင်တောင် ငါ့ရဲ့ ရုပ်ခန္ဓာကျင့်ကြံခြင်းက ရိုးတွင်းခြင်ဆီသန့်စင်ခြင်းနယ်ပယ်ကို ရောက်နေပြီ… ငါ့ရဲ့ တိုက်ခိုက်စွမ်းရည်ကို စမ်းသပ်ဖို့ မင်းလို မိစ္ဆာဘုရင်က အကောင်းဆုံး ရွေးချယ်မှုပဲ… ဒီနေ့ ဒီမှာ ငါရှိနေသေးသရွေ့ မင်းအရှေ့ဆက်သွားဖို့ မစဉ်းစားနဲ့ ”

သိုင်းပညာကျင့်ကြံသူများ၏ လမ်းစဉ်တွင် ရိုးတွင်းခြင်ဆီသန့်စင်ခြင်းနယ်ပယ်က အလွန်နက်နဲသိမ်မွေ့သော နယ်ပယ်တစ်ခု ဖြစ်သည်။ ယင်းက မသေမျိုးကျင့်ကြံသူများ၏ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သည်။ သို့သော်လည်း သိုင်းပညာကျင့်ကြံသူများသည် သန်စွမ်း‌သော ရုပ်ခန္ဓာကိုယ်နှင့် အနီးကပ် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် နယ်ပယ်တူတွင် သူတို့က ပြိုင်ဘက်ကင်းကြသည်။ သူတို့က အဆင့်ပိုမြင့်သော ပညာရှင်များကိုပင် စိန်ခေါ်နိုင်ကြသည်။

ထို့ပြင် သိုင်းပညာကျင့်ကြံသူများသည် ရုပ်ခန္ဓာကိုယ်ကို အဓိကဦးစားပေး၍ ကျင့်ကြံကြသည်။ ဝူပိုကျွင်း၏ ရုပ်ခွန်အားသည် အလွန်မြင့်မားသော နယ်ပယ်ဆီသို့ ရောက်ရှိနေသည်။ သူက အတွင်းအပြင် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်များကို ဖြတ်ကျော်ပြီးသွားပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်က ကြီးမားသော ဆင့်ကဲပြောင်းလဲမှုနှင့် တွေ့ကြုံထားပြီးပြီ ဖြစ်သည်။ အဆင့်တစ်ဆင့် မြင့်တတ်သွားတိုင်း သူ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ အရိုးရှင်းဆုံးဆိုရသော် သူ၏ သိုင်းခန္ဓာကိုယ်က သီရှီထျန်၏ မိစ္ဆာခန္ဓာကိုယ်ကို မယှဉ်နိုင်သော်ငြား ကွာခြားမှုက မကြီးမားပေ။ အလွန်ဆုံး တစ်ဆင့် နှစ်ဆင့်သာ ခြားနားလိမ့်မည်။

သို့သော်လည်း သိုင်းပညာကျင့်ကြံသူများသည် သန်စွမ်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာမက အစွမ်းထက်သော တိုက်ခိုက်ရေးပညာရပ်များကိုလည်း တတ်မြောက်ထားကြသည်။ အကယ်၍ သူက သန်စွမ်းသော ရုပ်ခန္ဓာကိုယ်ကို အမှီပြု၍ အစွမ်းထက်သော တိုက်ခိုက်ရေးပညာရပ်များကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် ယင်းက အလွန်ကြောက်စရာကောင်းလိမ့်မည်။

“ ဘန်း… ဘန်း… ဘန်း… ”

ဝူပိုကျွင်းသည် သူပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်သည်။ သူက မျက်နှာသာမပေးပေ။ သူက ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ လျှောက်သွားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ အကယ်၍ ဤနေရာသာ ယင်ယန်ကောင်းကင်တံတားမဟုတ်ဘဲ အပြင်လောကဆိုလျှင် မြေကြီးပေါ်မှာ အက်ကွဲကြောင်းများ ထွက်ပေါ်လာလိမ့်မည်။

ယင်းကို ကြည့်ခြင်းအားဖြင့် သူ၏ ခြေလှမ်းတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော အင်အား ကိန်းအောင်းနေကြောင်း မြင်နိုင်ပေသည်။ သူ့ပုံစံကို ရုပ်လုံးပေါ်အောင် ဖော်ပြနိုင်သော စကားလုံးက တစ်လုံးတည်း ရှိသည်။ ယင်းက သားရဲအရိုင်းကောင် ဖြစ်သည်။

အမှန်တကယ်ပင် သူက သားရဲအရိုင်းကောင် ဖြစ်သည်။

ဝူပိုကျွင်းသည် အရှေ့သို့ ခြေလှမ်း လှမ်းပြီးလျှင် ထပ်မံ လက်သီးထိုးလွှတ်လိုက်သည်။ ဤတစ်ကြိမ်၌ သူ၏ လက်သီးထဲမှာ ရက်စက်ကြမ်းကြုတ်သော ခွန်အား ကိန်းအောင်းနေသည်။ သူ၏ ခန္ဓာကိုယ်က အလွန်သန်စွမ်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ထိုလက်သီးထိုးချက်သည် အလွန်ရိုးရှင်းသည်။ ယင်းမှာ မည်သည့်ထူးခြားချက်မှ မရှိပေ။ သို့သော်လည်း ထိုလက်သီးထဲမှာ မိုးကောင်းကင်ကို အပေါက်ဖြစ်စေနိုင်သော ခွန်အား ကိန်းအောင်းနေသည်။

လက်သီးထိုးလွှတ်လိုက်သည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော ဘီလူးတစ်ကောင်၏ ပုံရိပ်က သူ့အနောက်မှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

သူ၏ လက်သီးထိုးချက်က ကြမ်းကြုတ်ပြီး လွှမ်းမိုးဗိုလ်ကျသည်။

အကယ်၍ တစ်စုံတစ်ယောက်၏ စိတ်ခွန်အားက အနည်းငယ် အားနည်းသည်ဆိုလျှင် သူက ထိုလက်သီးထိုးချက်အောက်မှာ ချက်ချင်း သတိမေ့သွားလိမ့်မည်။ သူတို့က ထိုလက်သီး၏ အရှိန်အဟုန်ကိုပင် မတောင့်ခံနိုင်ဘဲ နေရာမှာတင် တိုက်ရိုက် ပေါက်ကွဲသွားလိမ့်မည်။

ကောင်းကင်တုန်လှုပ်လက်သီးသိုင်း… ။

ယင်းက သိုင်းပညာကျင့်ကြံသူများအတွက် အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်တုန်လှုပ်လက်သီးသိုင်းကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် သူ၏ လက်သီးတစ်ချက်က လေဟာနယ်ဟင်းလင်းပြင်ကို ဖျက်ဆီးပစ်ပြီး မိုးကောင်းကင်ကို အပေါက်ဖြစ်စေလိမ့်မည်။ ထို့နောက် သူ၏ လက်သီးထိုးချက်များက နောက်ထပ် နယ်ပယ်တစ်ခုဆီသို့ မြင့်တတ်သွားလိမ့်မည်။ ထိုတိုက်ခိုက်ရေးပညာရပ်မှာ ဝိသေသလက္ခဏာတစ်ခုတည်း ရှိသည်။ ယင်းက ရိုင်းစိုင်းကြမ်းကြုတ်ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ကောင်းကင်တုန်လှုပ်လက်သီးသိုင်းကို လေ့ကျင့်ထားသော သိုင်းပညာကျင့်ကြံသူများသည် သူတို့၏ အရှိန်အဝါသက်သက်ဖြင့် မိုးမြေကို စိန်ခေါ်ဝံ့ကြသည်။

သိုင်းပညာကျင့်ကြံသူများက ရိုင်းစိုင်းကြမ်းကြုတ်စွာ တိုက်ခိုက်လေ တိုက်ခိုက်ရေးပညာရပ်များက ပိုပြီးအစွမ်းထက်လေ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုတိုင်း၊ တိုက်ခိုက်မှုတိုင်းမှာ သေခြင်းရှင်ခြင်းစိတ်ဆန္ဒ ပါဝင်နေသည်။ ဤသည်မှာ သူတို့က အသက်ကို စတေး၍ တိုက်ခိုက်နေသည့်အလားပင်။

ဝူပိုကျွင်း ယခု အသုံးပြုလိုက်သော သိုင်းပညာက ကောင်းကင်တုန်လှုပ်လက်သီးသိုင်း၏ ပထမတိုက်ကွက် မိုးဖြိုလက်သီး ဖြစ်သည်။

“ ဟွန့် ”

ဝူပိုကျွင်းက သူ့အား ရိုင်းစိုင်းကြမ်းကြုတ်စွာ တိုက်ခိုက်လာကြောင်း သီရှီထျန် မြင်သွားသောအခါ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ နှလုံးက ရေခဲတုံးပမာ အေးစက်သွားသည်။

အစတွင် သူက ဝူဝူဒီနှင့် သူ့ကြားမှ ဆက်ဆံရေးကို ငဲ့ညှာပြီး တစ်ဖက်လူကို အသက်ချမ်းသာပေးရန် ရည်ရွယ်ထားသည်။ သို့သော်လည်း တစ်ဖက်လူသည် မည်သည်က သူ့အတွက်ကောင်းကြောင်း နားမလည်ဟန် ရ၏။ ထိုသို့ဆိုမှတော့ သူက မည်သို့ကြောင့် တစ်ဖက်လူကို သနားညှာတာရမည်နည်း။

ဝူပိုကျွင်း၏ လွှမ်းမိုးဗိုလ်ကျသော လက်သီးက သူ့ထံသို့ ပျံသန်းလာနေကြောင်း သီရှီထျန် မြင်သောအခါ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ယင်းက အလွန်သန်စွမ်းပြီး ရိုင်းစိုင်းကြမ်းကြုတ်သော လက်သီး ဖြစ်သည်။ ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရသော ဤယင်ယန်ကောင်းကင်တံတားပေါ်တွင် လူအနည်းစုသာ ထိုလက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်ဝံ့ကြလိမ့်မည်။

ဝူပိုကျွင်း ကံမကောင်းသည်မှာ သီရှီထျန်က ထိုလူနည်းစုထဲမှာ တစ်ယောက်ပါဝင်သည်။

မင်းက ရိုင်းစိုင်းကြမ်းကြုတ်ရင် ငါက မင်းထက် ပိုပြီး ရိုင်းစိုင်းကြမ်းကြုတ်မယ်… ။

မင်းက လွှမ်းမိုးဗိုလ်ကျရင် ငါက မင်းထက် ပိုပြီး လွှမ်းမိုးဗိုလ်ကျမယ်… ။

သီရှီထျန်သည် အထွတ်အမြတ်ဩဇာအာဏာအရှိန်အဝါကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုသို့အရှိန်အဝါပိုင်ရှင်ကို စိန်မခေါ်သင့်ပေ။ သို့မဟုတ်လျှင် ကြီးမားသော အကျိုးဆက်ကို ခံစားရလိမ့်မည်။

သီရှီထျန်ကဲ့သို့ မောက်မာထောင်လွှားသူက မည်သို့ကြောင့် ငြိမ်ခံနေလိမ့်မည်နည်း။ ထို့ပြင် ဝူပိုကျွင်းက သူ့အား အရင်ဦးစွာ တိုက်ခိုက်လာသူဖြစ်သည်။ သို့ဖြစ်၍ အနာဂတ်မှာ ဝူဝူဒီနှင့် သူတွေ့ဆုံသည့်အခါ သူ့ကို ရှင်းပြချက်ပေးရန် စိုးရိမ်စရာလိုတော့မည် မဟုတ်ချေ။

သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည့်အခါ သူ့လက်မောင်းပေါ်မှ ကြွက်သားများက နဂါးများသဖွယ် လူးလွန့်လှုပ်ရှားသွားသည်။ အလွန်အားကောင်းသော ခွန်အားက ကျားဝိညာဉ်ဓားမော့ထဲသို့ ဝင်ရောက်သွားသည်။ သူက ရှောင်တိမ်းခြင်းမပြုဘဲ သူ့ဆီသို့ ဦးတည်လာနေသော လက်သီးထံသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ဤနေရာတွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရသည်။ တခြားမသေမျိုးကျင့်ကြံသူများနှင့် သူတိုက်ခိုက်သည့်အခါ သူ၏ တခြားစွမ်းရည်များကို အသုံးပြုနိုင်သည်။

သို့သော်လည်း သိုင်းပညာကျင့်ကြံသူများနှင့် သူတိုက်ခိုက်သည့်အခါ တခြားစွမ်းရည်များက ကြီးကြီးမားမား အသုံးဝင်လိမ့်မည် မဟုတ်ချေ။ သူတို့ကို အနိုင်ယူရန် ပိုပြီးသန်မာသော ရုပ်ခွန်အားကို အသုံးပြုခြင်းက အထိရောက်ဆုံးနည်းလမ်း ဖြစ်သည်။

သီရှီထျန်၏ အကျင့်စရိုက်အရ သူက တစ်ဖက်လူကို ပိုပြီးသန်မာသော ရုပ်ခွန်အားဖြင့် အနိုင်ယူရန် ရည်ရွယ်ထားသည်။ သူက ဝူပိုကျွင်းကို ထိပ်တိုက် ရင်ဆိုင်ချင်သည်။ သူ့အား စိန်ခေါ်သူများသည် သေချာပေါက် အဆုံးသတ်ကောင်းကြလိမ့်မည် မဟုတ်ချေ။

“ ရွှီး ”

ကျားဝိညာဉ်ဓားမော့သည် လေကို ဖြတ်သန်းသွားပြီး ဝူပိုကျွင်း၏ အရှေ့သို့ ရောက်ရှိလာသည်။ ကျားဝိညာဉ်ဓားမော့၏ အလျင်က အလွန်နှေးကွေးသည်။ ဤသည်မှာ လိပ်တစ်ကောင် တွားသွားနေသည့်အလားပင်။ လျှပ်စီးပမာ မြန်ဆန်သော ဓားမော့ခုတ်ချက်များနှင့် နှိုင်းယှဉ်လျှင် ယင်းက တမူထူးခြားနေသည်။ ကျားဝိညာဉ်ဓားမော့ သူ့အရှေ့မှာ ထွက်ပေါ်လာသည့်အခိုက် ကျယ်လောင်သော ပေါက်ကွဲသံက ဝူပိုကျွင်း၏ လက်သီးအရှေ့မှာ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

သို့သော်လည်း ဓားမော့၏ အလျင်က မရပ်တန့်သွားပေ။ ယင်းအစား ဓားမော့က ပိုပြီးမြန်သထက် မြန်လာသည်။ ယင်းက အလွန်အမင်း မြန်ဆန်သောကြောင့် တခြားလူများ၏ မျက်စိအရှေ့မှာ နှေးကွေးသွားသည်ဟု အောက်မေ့ရသည်။ အမှန်မှာ သူတို့မြင်နေရသည်က ကျားဝိညာဉ်ဓားမော့အစစ်အမှန် မဟုတ်ပေ။ ယင်းအစား ကျားဝိညာဉ်ဓားမော့၏ အကြွင်းအကျန်ပုံရိပ် ဖြစ်သည်။

“ ဘန်း… ဘန်း… ဘန်း… ”

လက်သီးနှင့် ဓားမော့က အကြိမ်ကြိမ် တွေ့ဆုံသွားသည်။ တစ်ချိန်တည်းမှာ ကျယ်လောင်သော ပေါက်ကွဲသံများက အရပ်မျက်နှာအသီးသီးဆီသို့ ပဲ့တင်ထပ်သွားသည်။ သီရှီထျန်နှင့် ဝူပိုကျွင်းသည် တစ်ယောက်နှင့်တစ်ယောက် အလျော့မပေးဘဲ အပြင်းအထန် တိုက်ခိုက်ကြသည်။ သူတို့နှစ်ယောက် စတင်တိုက်ခိုက်သည်နှင့် တိုက်ပွဲက အလွန်ပြင်းထန်သွားသည်။ ဝူပိုကျွင်းက ရက်စက်ကြမ်းကြုတ်သော လက်သီးများကို တစ်လုံးပြီးတစ်လုံး ထိုးလွှတ်သည်။ သူ၏ လက်သီးချက်တိုင်းက ကောင်းကင်ကို တုန်ခါစေနိုင်ဟန် ရ၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

တိုက်ပွဲစတင်သည်နှင့်ချက်ချင်း သီရှီထျန်သည် ဝူပိုကျွင်း၏ လက်နှစ်ဖက်မှာ ထူးဆန်းသော လက်အိတ်တစ်ခုရှိကြောင်း သတိထားမိသွားသည်။ ကျားဝိညာဉ်ဓားမော့နှင့် တွေ့ဆုံသွားသည့်အခါမှာပင် လက်အိတ်က ဘာမှမဖြစ်သွားပေ။ ရှင်းလင်းစွာပင် ယင်းက ရှားပါးရတနာတစ်ခု ဖြစ်သည်။

တိုက်ပွဲသည် စတင်ပြီးသိပ်မကြာမီ အထွတ်အထိပ်သို့ ရောက်သွားသည်။

ရွှေရောင်ဓားမော့အလင်းတန်းများက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ယင်းတို့က ကျားဝိညာဉ်ဓားမော့၏ အကြွင်းအကျန်ပုံရိပ်များမှလွဲ၍ တခြားမဟုတ်ပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ကျားဝိညာဉ်ဓားမော့၏ အလျင်က မည်မျှအံ့ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။ ဓားမော့အလင်းတန်းများက အလွန်ထက်ရှလေရာ လေဟာနယ်သည်ပင် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရဟန် ရ၏။

သိုင်းပညာကျင့်ကြံသူများသည် လူသားကျင့်ကြံသူများထဲတွင် အသန်မာဆုံး တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ ထို့ပြင် သူတို့က အနီးကပ်တိုက်ပွဲများစွာကို ရင်ဆိုင်ဖူးကြသူများ ဖြစ်သည်။ သို့ဖြစ်၍ သူတို့က အတွေ့အကြုံအလွန်များပြားကြသည်။

ထို့ပြင် သူတို့က အစွမ်းထက်သော တိုက်ခိုက်ရေးပညာရပ်များကိုလည်း တတ်ကျွမ်းထားကြသည်။ ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရစဉ် ထိုတိုက်ခိုက်ရေးပညာရပ်များ၏ အစစ်အမှန်စွမ်းအားကို ထုတ်လွှတ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။

သို့တိုင် သူတို့က အလွန်သန်စွမ်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြဆဲပင်။

All Chapters