← Chapters

အခန်း ၁၀၀၆

Vol. 68 Ch. 1006

အခန်း ၁၀၀၆

Vol. 68 Ch. 1006

အခန်း (၁၀၀၆) ကောင်းကင်ယွမ်ဆေးလုံး၊ မကောင်းဆိုးဝါးသူတော်စင်စာရင်း။ (၄)

ယွဲ့ရှင်း၏ မျက်နှာအမူအရာမှာ တင်းမာနေ၏။ အလွန်အရေးကြီးသည့် ကိစ္စမျိုး မဟုတ်ပါက ကျန်းယောင် တိတ်တဆိတ် ကျင့်ကြံနေတာကို သူ အနှောင့်အယှက် ပေးမည်မဟုတ်ပေ။

စကားမပိုမဆိုဘဲ ယွဲ့ရှင်းက အလေးအနက် ပြောလိုက်သည်။ "တောင်သခင်၊ လွန်ခဲ့တဲ့ တစ်ဝက်လောက်က ဖုန်းယောင်ဒေသမှာ လူဦးရေ သိန်းနဲ့ချီရှိတဲ့ မြို့လေးတစ်မြို့ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပါတယ်။ အဲဒီမှာ တပ်စွဲထားတဲ့ ဟွမ်ဖုမျိုးနွယ်စုလည်း လုံးဝ ပျက်စီးသွားပြီး အကြီးအကဲဟွမ်ဖုလည်း သေဆုံးသွားနိုင်ခြေ အရမ်းများပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်သူတော်စင် စစ်သည်တွေ သွားရောက် စုံစမ်းစစ်ဆေးရာမှာ ကျန်ရှိနေတဲ့ အထောက်အထားတွေအရ မိစ္ဆာသူတော်စင်စာရင်းမှာ ပါဝင်ဖူးတဲ့ သွေးမြစ်ဂိုဏ်းက လုပ်တာဖြစ်နိုင်ချေ အရမ်း များပါတယ်"

"သွေးမြစ်ဂိုဏ်း"

ဤစကားကို ကြားသောအခါ ကျန်းယောင်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံသည် ငြိမ်းချမ်းမှုနှင့် ဝေးကွာလှသည်။ အရင်းအမြစ်များ ကြွယ်ဝလှသော်လည်း သိုင်းဝိဇ္ဇာသူတော်စင်အချို့သည် ကျင့်ကြံရန်အတွက် အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်း၊ ဝိညာဉ်သွေးကြောများကို သိမ်းပိုက်ခြင်းနှင့် ထိတ်လန့်ဖွယ်ရာ ရာဇဝတ်မှုများကို ကျူးလွန်တတ်ကြသည်။

သိုင်းဝိဇ္ဇာ သူတော်စင် တစ်ဦး၏ စွမ်းအားဖြင့် လူဦးရေ သိန်းနှင့်ချီသောသူတို့ကို အချိန်တိုအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ပြီး ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည်။

သိုင်းဝိဇ္ဇာသူတော်စင်အဆင့် အောက်ရှိသူများမှာ ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်ပြီး အစုလိုက် အပြုံလိုက် အနင်းခံရကာ သေဆုံးကြသည်။

ကျန်းမိသားစုသည် မြင့်မြတ်သော ရှေးဟောင်းနိုင်ငံ၏ အုပ်စိုးသူများ ဖြစ်သည့်အတွက် ဤကဲ့သို့သော ကြီးမားသည့် ရာဇဝတ်မှုများကို ကျူးလွန်သော သိုင်းဝိဇ္ဇာသူတော်စင်များကို လုံးဝ သနားညှာတာခြင်း မရှိပေ။ ဤကဲ့သို့ အပြစ်ရှိသောသူများကို ကွပ်မျက်ခြင်းသည် ကျန်းမိသားစု၏ ကြွယ်ဝမှုကို တိုးပွားစေပြီး သူတို့၏ အာဏာကို ထိန်းသိမ်းရန် ကူညီပေးသည်။

ကျန်းမိသားစု ထုတ်ပြန်ထားသည့် မိစ္ဆာသူတော်စင်စာရင်းသည် ဤမိစ္ဆာသူတော်စင်များအတွက် ရှာဖွေရေးစာရင်း ဖြစ်သည်။ စာရင်းတွင် ပါဝင်သူမည်သူမဆို ကျန်းမိသားစုထံမှ ကြီးမားသော ဆုလာဘ်များ ရရှိမည်ဖြစ်ပြီး သူတို့ကို သတ်ဖြတ်သူတိုင်းသည် ကြီးမားသော ဆုငွေကို ရရှိနိုင်သည်။

မိစ္ဆာသူတော်စင်စာရင်းတွင် ပါဝင်နိုင်သူများသည် သာမန်လူများ မဟုတ်ကြဘဲ အလွန်အစွမ်းထက်ပြီး ကြီးမားသော မကောင်းမှုများကို ကျူးလွန်ထားသူများ ဖြစ်သည်။

သွေးမြစ်ဂိုဏ်းသည် မြင့်မြတ်သော ရှေးဟောင်းနိုင်ငံအတွင်းရှိ မိစ္ဆာဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး သွေးမြစ်နတ်ဘုရားဆေးလုံးကို ဖော်စပ်ရာတွင် အထူးကျွမ်းကျင်သည်။ ၎င်းမှာ သက်ရှိများစွာကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး သူတို့၏ အသက်စွမ်းအင်ကို အသုံးပြုရခြင်း ဖြစ်သည်။ သူတို့ ရောက်ရှိသွားသည့်နေရာတိုင်းတွင် မြက်ပင်တစ်ပင်မျှ မပေါက်တော့ပေ။ ဝိညာဉ်ဆေးပင်များ မလိုအပ်ဘဲ သာမန်လူတို့၏ အသက်များဖြင့်သာ ကျင့်ကြံရေးကို မြှင့်တင်နိုင်သော ဆေးလုံးများကို ဖန်တီးကြသည်။

သွေးမြစ်ဂိုဏ်းသည် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဂိုဏ်းခေါင်းဆောင်သည် နတ်ဘုရားခန္ဓာကိုယ်ကို တည်ဆောက်ကာ မိစ္ဆာသူတော်စင်စာရင်းတွင် ပါဝင်ခဲ့သည်။ နောက်ဆုံးတွင် ကျန်းမိသားစုမှ နတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်သူ သုံးဦးက သွေးမြစ်ဂိုဏ်းကို ခြေရာခံပြီး ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့သည်။ ဂိုဏ်းခေါင်းဆောင်မှာ ထိုနေရာတွင်ပင် သေဆုံးခဲ့သည်။ သို့သော် တပည့်များစွာရှိသည့် ဂိုဏ်းတစ်ခုကို လုံးဝ ပျက်စီးသွားအောင် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။

ယခု ဖုန်းယောင်ဒေသတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုမှာ သွေးမြစ်ဂိုဏ်း၏ နည်းလမ်းများနှင့် အလွန်တူညီနေသည်။ သွေးမြစ်ဂိုဏ်းမှ ကျန်ရစ်သူများ ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်နိုင်ခြေ များသည်။

"အရိပ်အယောင် တစ်စုံတစ်ရာ ရှိသေးလား" ကျန်းယောင် ချက်ချင်း မေးမြန်းလိုက်သည်။

ယွဲ့ရှင်းက ခေါင်းညိတ်ပြသည်။ "ခြေရာခံ နတ်ဘုရားစွမ်းရည်မှာ ကျွမ်းကျင်တဲ့ ကောင်းကင်သူတော်စင် စစ်သည်တွေရဲ့ အဆိုအရ ဒီကျန်ရစ်သူတွေဟာ လေသန့်တောင်တန်းမှာ ပုန်းအောင်းနေဖို့ များပါတယ်"

ကောင်းကင်သူတော်စင် စစ်သည်များထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသူများသာမက ခြေရာခံခြင်း၊ ထွက်ပြေးဆုတ်ခွါခြင်းနှင့် ကုသခြင်းဆိုင်ရာ နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်သူများလည်း ရှိသည်။

ကောင်းကင်သူတော်စင် စစ်သည်အဖြစ် ဝင်ရောက်နိုင်သူတိုင်းမှာ ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ ယွဲ့ရှင်း၏ အမိန့်အောက်တွင် စစ်သည်များသည် သွေးမြစ်ဂိုဏ်း၏ အရိပ်အယောင်များကို သေချာစွာ ရှာဖွေတွေ့ရှိခဲ့သည်။

"လေသန့်တောင်တန်းက….ကောင်းကင်မီးလျှံမြို့နဲ့ မိုင်ကိုးထောင်လောက် ဝေးပေမယ့် ငါ တာဝန်ယူတဲ့ နယ်မြေထဲမှာပဲ ရှိနေတယ်" ကျန်းယောင် အနည်းငယ် စဉ်းစားလိုက်သည်။

"ငါ့ရဲ့ နယ်မြေထဲမှာဆိုရင်တော့ ငါကိုယ်တိုင်ပဲ ကိုင်တွယ်ရမှာပေါ့။ မိစ္ဆာသူတော်စင်စာရင်းထဲက မိစ္ဆာကောင်တွေကို ကွပ်မျက်တာက ကျန်းမိသားစုရဲ့ သားစဉ်မြေးဆက်တစ်ယောက်ဖြစ်တဲ့ ငါ့ရဲ့ တာဝန်ပဲ"

ကျန်းယောင်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ လက်ကနဲ။ သူသည် ဤကိစ္စကို လျစ်လျူရှုနိုင်သော်လည်း အဲ့လိုလုပ်တာ သူ့စရိုက်မဟုတ်ပေ။

ပထမတစ်ချက်မှာ မိစ္ဆာကောင်များကို သတ်ဖြတ်ခြင်းသည် ကျန်းမိသားစုဝင်တစ်ဦး၏ တာဝန်ဖြစ်ပြီး ဒုတိယအချက်မှာ ၎င်းသည် ကုသိုလ်တော်ကို စုဆောင်းခြင်း ဖြစ်သည်။ ကျန်းမိသားစုတွင် ကျန်းယောင်ကဲ့သို့ ထိပ်တန်းလူငယ်တစ်ဦးသည် ကုသိုလ်တော်များကို စုဆောင်းရန် လိုအပ်သည်။

အန္တရာယ်နှင့် ပတ်သက်၍မူ ကျန်းယောင်သည် ကျန်းမိသားစု၏ ထိပ်တန်းနည်းလမ်းများကို လေ့ကျင့်ထားသူ ဖြစ်သည့်အတွက် ကြောက်ရွံ့ခြင်း မရှိပေ။ ထို့အပြင် ကျန်းမိသားစုက ပေးအပ်ထားသည့် အသက်ကယ်နည်းလမ်းများလည်း ရှိသေးသည်။

"ကောင်းကင်သူတော်စင်စစ်သည် အဖွဲ့သုံးဖွဲ့ကို ခေါ်ပြီး လေသန့်တောင်တန်းကို လိုက်ခဲ့ဖို့ စီစဉ်ပါ" ကျန်းယောင် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့" ယွဲ့ရှင်း ခေါင်းညိတ်ပြီး ချက်ချင်း ပြင်ဆင်ရန် ထွက်ခွာသွားသည်။ သွေးမြစ်ဂိုဏ်းမှ ကျန်ရစ်သူများသည် သာမန်လူများ မဟုတ်ကြပေ။ ယွဲ့ရှင်းသည်လည်း ဤအခြေအနေကို အခွင့်ကောင်းယူ၍ ဂုဏ်ကျေးဇူးများ စုဆောင်းရန် စိတ်အားထက်သန်နေသည်။

"ဒီသွေးမြစ်ဂိုဏ်းက ကျန်ရစ်သူတွေ နှစ်ပေါင်းရာချီ ပုန်းအောင်းနေပြီးမှ အခုမှ ပြန်ပေါ်လာတာဆိုတော့ သူတို့မှာ အားကိုးစရာ တစ်ခုခု ရှိနေလို့ ဖြစ်လိမ့်မယ်။ ငါ ကြောက်တော့မကြောက်ပေမယ့် သတိတော့ ထားရမယ်။ အကြီးအကဲစူးကိုပါ လိုက်ခဲ့ဖို့ ခေါ်လိုက်ရင် ကောင်းမယ်" ဟု ကျန်းယောင် တွေးလိုက်သည်။

စူးချန်ခုန်းသည် မူလဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး အလွန်ထူးချွန်သော အရည်အချင်း ရှိသူ ဖြစ်သည်။ သူ၏ မူလဝိညာဉ်ကို အသုံးပြုလိုက်မည်ဆိုလျှင် နတ်ဘုရားမျိုးစေ့ ပိုင်ဆိုင်သောသူများကိုပင် အနိုင်ယူနိုင်သည်။ စူးချန်ခုန်းကို လိုက်ဖို့ခေါ်ခဲ့တာက ပိုဘေးကင်းမည် ဖြစ်သည်။

All Chapters