အခန်း ၁၀၁၆
Vol. 68 Ch. 1016
အခန်း (၁၀၁၆) နတ်ဘုရားခန္ဓာကိုယ် ပျက်စီးခြင်း၊ သံအပိုင်းအစ။ (၁)
မူလဝိညာဉ် ဆိုသည်မှာ သက်တမ်းရှည်ကြာစွာ ရှင်သန်ခဲ့သော ရှေးဟောင်း တန်ခိုးရှင်အချို့သာ ပိုင်ဆိုင်သည့် အတတ်ပညာဖြစ်သည်။ မဟာနတ်ဘုရား စွမ်းအားရှိသော နတ်ဘုရားနှင့် တူသည့် သူတော်စင် စစ်သည်များပင်လျှင် မူလဝိညာဉ်ကို မရရှိသေးပေ။
"အဲဒီ ကောင်လေးလား… သူက မူလဝိညာဉ်ကို ကျင့်ကြံနိုင်ခဲ့တာလား။"
ရွှယ်ယိထောင် မယုံနိုင်ဖြစ်နေသည်။ မူလဝိညာဉ်မှ ထွက်ပေါ်လာသော ရင်းနှီးသည့် အရှိန်အဝါမှာ စူးချန်ခုန်း ဖြစ်နေသည်။ နတ်ဘုရားမျိုးစေ့ သိုင်းဝိဇ္ဇာ သူတော်စင် တစ်ဦးက မူလဝိညာဉ်ကို တကယ်ပင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။
စူးချန်ခုန်း သူ့ကို စိန်ခေါ်ဝံ့ခြင်းမှာ အကြောင်းရင်း ရှိနေသည်ကို ယခုအခါမှ သဘောပေါက်သွားသည်။ အံ့အားသင့်သော်လည်း ရွှယ်ယိထောင်မှာ လျင်မြန်စွာပင် တုံ့ပြန်လိုက်ပြီး သူ၏ သွေးရောင် တိုက်ခိုက်ရေးဓားကို လွှဲယမ်းကာ မူလဝိညာဉ်နှင့် ထိပ်တိုက် တွေ့ဆုံလိုက်သည်။
"ချွမ်း"
သတ္တုချင်း ထိခတ်သံနှင့်အတူ ဓားအရှိန်အဝါများမှာ လေထုထဲတွင် ပျံ့နှံ့သွားပြီး ရွှေရောင် မူလဝိညာဉ်မှာ နောက်သို့ လွင့်စင်သွားကာ သွေးစိမ်းခန်းမ၏ လက်မောင်းမှာ အနည်းငယ် တုန်ခါသွားသည်။
"သူ လွတ်မသွားစေရဘူး။"
စူးချန်ခုန်းမှာ မိုင်တစ်ထောင်ခန့် ဝေးကွာသော နေရာတွင် ရှိနေသော်လည်း သူ၏ မျက်လုံးများတွင် ပြင်းထန်သော လူသတ်လိုစိတ်များ တောက်လောင်နေသည်။ တိုက်ခိုက်ပြီးနောက် ရွှယ်ယိထောင်ကို အသက်ရှင်လျက် လွှတ်မပေးလိုပေ။
"ဝုန်း"
ရွှယ်ယိထောင်၏ လက်ထဲတွင် ရှိသော သွေးရောင်ဓားရှည်မှာ အနည်းငယ် တုန်ခါသွားသည်။ နောက်သို့ လွင့်စင်သွားသော ရွှေရောင် မူလဝိညာဉ်၏ အလင်းရောင်မှာ ပြင်းထန်စွာ တိုးပွားလာပြီး ပုံမှန် လူသားပုံသဏ္ဍာန်မှ ရှေးဟောင်းဓားရှည် တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ မူလဝိညာဉ်ကို အဆုံးစွန်ထိ လှုံ့ဆော်လိုက်ခြင်း ဖြစ်ပြီး ဖျက်ဆီးနိုင်စွမ်း၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။
"ရှူး"
ကန်းသတ္တု စွမ်းအားများမှာ မူလဝိညာဉ်၏ မျက်နှာပြင်တွင် ဝန်းရံနေပြီး ဖျက်ဆီး၍မရသော အရှိန်အဝါကို ထုတ်လွှတ်သည်။ တစ်ခဏအတွင်းမှာပင် အရိပ်တစ်ခုကို နောက်တွင် ချန်ထားကာ ရွှယ်ယိထောင်ထံသို့ ခုတ်ချလိုက်သည်။
ရွှယ်ယိထောင် လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ မူလဝိညာဉ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင် သူ ပေါ့ဆ၍ မရပေ။ နတ်ဘုရား အမှတ်အသားများမှာ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားပြီး သွေးရောင်ဓားရှည်ကို အသုံးပြု၍ မူလဝိညာဉ်ကို ခုခံလိုက်သည်။
"ချလွမ်း ချလွမ်း ချလွမ်း"
သတ္တုချင်း ထိခတ်သံများမှာ ရပ်တန့်ခြင်း မရှိဘဲ ပဲ့တင်ထပ်နေပြီး မူလဝိညာဉ်မှာ လေဟာနယ်ကို ဖောက်ထွက်သွားရာ ကြာရှည်စွာ မပျောက်ကွယ်နိုင်သော အက်ကွဲကြောင်းများကို ချန်ထားခဲ့သည်။ သွေးရောင်ဒီရေလှိုင်းများကြားတွင် ရွှယ်ယိထောင်မှာ မူလဝိညာဉ်ကို ချည်နှောင်ရန် ကြိုးပမ်းသော်လည်း အရှိန်ကို အနည်းငယ်သာ လျှော့ချနိုင်ပြီး ထိရောက်သော ဒဏ်ရာကို မရရှိစေနိုင်ပေ။
"စွမ်းအားကြီးလိုက်တာ… နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်ကို ငါ့ရဲ့ မူလဝိညာဉ်နဲ့ သတ်ဖို့ဆိုတာ တကယ်ကို ခက်ခဲတာပဲ။"
ဓားပုံစံ မူလဝိညာဉ်မှာ လေဟာနယ်ကို ဖောက်ထွက်သွားပြီး နေရာတိုင်းကို အပိုင်းပိုင်း ခွဲထုတ်နိုင်စွမ်းရှိသည်။ သို့သော်လည်း ၎င်းအားလုံးကို သွေးစိမ်းခန်းမက ခုခံနိုင်ခဲ့သဖြင့် စူးချန်ခုန်းမှာ အံ့အားသင့်ရသည်။ မူလဝိညာဉ်မှာ နတ်ဘုရားမျိုးစေ့ သိုင်းဝိဇ္ဇာ သူတော်စင် တစ်ဦးကို အလွယ်တကူ ဖျက်ဆီးနိုင်သော်လည်း သွေးစိမ်းခန်းမ၏ ကာကွယ်မှုကိုမူ ဖောက်ထွက်ရန် ခက်ခဲနေသည်။ သွေးစိမ်းခန်းမမှာ နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်များထဲတွင် အားနည်းပြီး ကာကွယ်မှု မကောင်းသူ ဖြစ်သော်လည်း စူးချန်ခုန်း၏ မူလဝိညာဉ်ကပင် သူ့ကို အနိုင်မယူနိုင်ခြင်းမှာ အံ့သြစရာ ဖြစ်သည်။
"တော်သေးတာပေါ့… ဒီကောင်လေးရဲ့ မူလဝိညာဉ်က မကြာသေးခင်ကမှ ဖြစ်လာတာ ဖြစ်မယ်။ ငါ့ကို ဘာမှ မလုပ်နိုင်ဘူး။" ရွှယ်ယိထောင် စိတ်သက်သာရာ ရသွားသည်။
စူးချန်ခုန်း၏ မူလဝိညာဉ်မှာ အတွေ့အကြုံ နည်းပါးပြီး ရှေးဟောင်း မူလဝိညာဉ် တန်ခိုးရှင်များနှင့် ယှဉ်လျှင် အဆင့်နိမ့်ကျသည်။
ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးမှာ မူလဝိညာဉ်၏ စွမ်းအားကို အလွန်အမင်း ကုန်ခန်းစေလိမ့်မည် ဖြစ်သည်။ သူ အချိန်အနည်းငယ်မျှ ဆက်လက် ခုခံနိုင်ပါက စူးချန်ခုန်းကို နောက်ဆုတ်သွားစေလိမ့်မည်။
"ဒီလူရဲ့ အရည်အချင်းက ကျန်းယောင်နဲ့ မခြားဘူး။ အနာဂတ်မှာ ဘယ်လောက်အထိ တိုးတက်လာမလဲ မသိနိုင်ဘူး… ဒါပေမဲ့ ဒီနေရာမှာ သူ့ကို ဖျက်ဆီးဖို့က မလွယ်ဘူး။" ရွှယ်ယိထောင်မှာ မနာလိုမှုနှင့် စိုးရိမ်မှုများ ရောထွေးနေသည်။ ထိုကဲ့သို့သော ထူးချွန်သည့် အရည်အချင်းရှိသူကို မဖျက်ဆီးနိုင်ပါက နောက်ပိုင်းတွင် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်။ သို့သော် ယနေ့တွင်မူ သူ အသက်ရှင်လျက် လွတ်မြောက်နိုင်ရန်သာ အရေးကြီးဆုံး ဖြစ်သည်။
ချလွမ်း
မူလဝိညာဉ်နှင့် ရွှယ်ယိထောင်၏ တိုက်ခိုက်ရေးဓားမှာ ထပ်မံ ထိခတ်မိပြီး နောက်သို့ လွင့်စင်ကာ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။
"သူ လက်လျှော့လိုက်တာလား။"
ရွှယ်ယိထောင် စိတ်အေးလက်အေး ဖြစ်သွားသည်။
"မူလဝိညာဉ်ရဲ့ တိုက်ခိုက်မှုက ရွှယ်ယိထောင်ကို တကယ် မခြိမ်းခြောက်နိုင်ဘူးဆိုရင် မူလဝိညာဉ်ကို အဆုံးစွန်ထိ ငါ တွန်းပို့မယ်။" စူးချန်ခုန်းက လက်မလျှော့ပေ။
မူလဝိညာဉ်မှာ စူးချန်ခုန်း၏ အသိအာရုံပင်လယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ သူ၏ စိတ်ဆန္ဒဖြင့် ၎င်းသည် သူ၏ အမြုတေမှ ပြာလဲ့လဲ့ ဆန်းကြယ်လိပ် ရွှေအမြုတေကို မူလဝိညာဉ်ထဲသို့ ပေါင်းစပ်လိုက်သည်။
“ဝှီးးးးး”
ရွှေရောင် မူလဝိညာဉ်မှာ ချက်ချင်းပင် ပိုမို ခိုင်မာသွားပြီး သူ၏ မျက်နှာပြင်မှာ အဆုံးမရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသော ပင်လယ်ကြီးကဲ့သို့ လည်ပတ်နေသည်။
စူးချန်ခုန်း၏ ဆန်းကြယ်လိပ် ရွှေအမြုတေမှာ နတ်ဘုရား စွမ်းရည်များကို ချဲ့ထွင်နိုင်စွမ်း ရှိပြီး မူလဝိညာဉ်ကိုလည်း ပိုမို အစွမ်းထက်စေသည်။ ၎င်းမှာ သူ လက်ရှိ ပိုင်ဆိုင်ထားသော အပြင်းထန်ဆုံးသော နည်းလမ်း ဖြစ်သည်။ အကယ်၍ ဤနည်းလမ်းဖြင့် ပြိုင်ဘက်ကို မနိုင်ပါက လက်လျှော့ရန်သာ ရှိတော့မည်။
"သတ်"
စူးချန်ခုန်း၏ စိတ်ကူးဖြင့် မူလဝိညာဉ်မှာ ထပ်မံ ထွက်ပေါ်လာပြီး ယခင်ကထက် ပိုမိုမြန်ဆန်၍ အစွမ်းထက်လာသည်။
ရှူး
ဆန်းကြယ်လိပ် ရွှေအမြုတေကို သယ်ဆောင်ထားသော မူလဝိညာဉ်မှာ ရွှေရောင် မြှားတစ်စင်းကဲ့သို့ ကောင်းကင်ကို ဖောက်ထွက်ကာ ရွှယ်ယိယောင်ထံသို့ တိုက်ရိုက် ဦးတည်သွားသည်။
"ဘာ"
ရွှယ်ယိထောင်၏ နှလုံးသားမှာ တုန်ခါသွားပြီး ပြင်းထန်သော အန္တရာယ်ကို ခံစားမိလိုက်သည်။ သူ၏ တိုက်ခိုက်ရေးဓားမှာ ကောင်းကင်ရှိ တိမ်တိုက်များကိုပင် နှစ်ခြမ်းကွဲသွားစေသည်။
"ခွပ်"
ဓားမှာ မူလဝိညာဉ်နှင့် ထပ်မံ ထိခတ်မိသွားပြီး ရွှယ်ယိထောင်၏ လက်မောင်းမှာ ပြင်းထန်စွာ တုန်ခါသွားကာ ကြီးမားသော စွမ်းအားတစ်ခုက သူ့ကို ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သွေးစိမ်းခန်းမ၏ လက်ထဲတွင် ရှိသော တိုက်ခိုက်ရေးဓားမှာ မှေးမှိန်သွားသည်။
"သူ့ရဲ့ မူလဝိညာဉ် စွမ်းအားက ပိုတိုးတက်လာတာလား။ နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်တစ်ဦးရဲ့ စွမ်းအားနဲ့ နီးကပ်နေပြီ။" ရွှယ်ယိထောငါ ထိတ်လန့်တုန်လှုပ်သွားသည်။
နတ်ဘုရားခန္ဓာကိုယ် ပိုင်ရှင်တစ်ဦး၏ ခန္ဓာကိုယ်မှာ အလွန်သန်မာပြီး သာမန် တိုက်ခိုက်မှုများကိုပင် နတ်ဘုရား စွမ်းရည်များကဲ့သို့ အသုံးပြုနိုင်ကာ အခြား နတ်ဘုရား စွမ်းရည်များကိုလည်း ခုခံနိုင်သည်။
စူးချန်ခုန်းကဲ့သို့သော သူအတွက်မူ နတ်ဘုရား စွမ်းရည် နှစ်ခုကို ပေါင်းစပ်အသုံးပြုခြင်းကပင် ရွှယ်ယွိထောင်ကို များစွာ မခြိမ်းခြောက်နိုင်ပေ။ ယခင်က ရွှယ်ယိထောင်ကို နောက်ဆုတ်သွားစေခြင်းမှာ ငရဲကျား ဟိန်းသံဖြင့် သတ်ဖြတ်ခြင်း၏ အထူးစွမ်းရည်ကြောင့်သာ ဖြစ်သည်။