အခန်း ၅၂၂
Vol. 53 Ch. 522
အခန်း (၅၂၂)
ဟင်းလင်းပြင်အထက်တွင် ရွှမ်ငှက်က အင်ပါယာကံကြမ္မာစွမ်းအားများနှင့်အတူ ထွက်ပေါ်လာသည်။ ပြင်းထန်သော အင်ပါယာကံကြမ္မာစွမ်းအားက ကွေ့ကူကျိဆီသို့ ဆင်းသက်လာသည်။ ထိုခဏတွင် ကွေ့ကူကျိ၏ အင်မော်တယ်စွမ်းအားများက စတင်လည်ပတ်လာသည်။
ဝုန်း...
သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်၏ ဖိအားများ ထွက်ပေါ်လာပြီး ကွေ့ကူတောင်ကြားတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားသည်။
အချိန်အတော်ကြာပြီးနောက် ကွေ့ကူကျိ၏ မျက်နှာတွင် အံ့ဩရိပ်များ ပေါ်လာသည်။ " ကံကြမ္မာစွမ်းအားက အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်တာပဲ။ ငါ ဒဏ်ရာရခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီ။ ဒီစွမ်းအားအောက်မှာတော့ ခဏအတွင်း တစ်ဝက်ကျော်လောက် ပြန်ကောင်းလာတယ်။ ငါ့ဒဏ်ရာတွေက မကြာခင် ပျောက်ကင်းတော့မှာပဲ။ "
" အဲ့ဒါတင်မကဘူး။ အကြီးအကဲရဲ့ ဒဏ်ရာတွေ ပျောက်သွားရင် အကြီးအကဲရဲ့ ကျင့်ကြံမှုကလည်း အများကြီး တိုးတက်လာမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အင်မော်တယ်တွေ နတ်ဘုရားတွေတောင် ကံကြမ္မာစွမ်းအားကို လုယူချင်နေကြတာ မထူးဆန်းပါဘူး။ ဒီလိုအံ့ဩစရာကောင်းအောင် အစွမ်းထက်နေမှတော့ ဘယ်သူက မလိုချင်ပဲနေပါ့မလဲ။ " ကွေ့ကူကျိက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အနာဂတ်မှာ အင်ပါယာဆရာအနေနဲ့ အင်ပါယာကံကြမ္မာစွမ်းအားရဲ့ အသုံဝင်မှုတွေကု ပိုပြီး နားလည်ခါမှာပါ။ ဒါပေမယ့် အဲ့ဒီမတိုင်ခင် ကျုပ်တို့ အရာရှိတွေ ပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို အကြီးအကဲကို ပေးအပ်ချင်ပါတယ်။ ကျောက်ဖုန်းက ပြုံး၍ လက်ဝှေ့ရမ်းလိုက်ရာ ထျန်းရွှမ်ကြေးမုံက ကွေ့ကူကျိ၏ ရှေ့တွင် ပေါ်လာသည်။
" ရှန်ထျန်းစိတ်ဝိညာဉ်ရတနာပါလား။ မဟုတ်သေးဘူး။ ရှန်ထျန်းအဆင့်အော်ရာရှိနေပေမယ့် အခုထိ ဟောက်ထျန်းအဆင့်မှာပဲရှိသေးတယ်။ ဒါက အသွင်ပြောင်းလဲနေတဲ့ပုံပဲ။ " ကွေ့ကူကျိက ထျန်းရွှမ်ကြေးမုံကို အံ့ဩစွာ ကြည့်လိုက်သည်။
သူက ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာအကြောင်းကို ကြားသာကြားဖူးသည်။ သူက သာမန်ကောင်းကင်အင်မော်တယ်အဆင့်တစ်ယောက်သာ ဖြစ်သောကြောင့် အင်မော်တယ်ဘုံတွင် အင်အားကြီးသူတစ်ယောက်မဟုတ်ဘဲ အင်မော်တယ်အဆင့် ရတနာတစ်ခုကို ပိုင်ဆိုင်ခြင်းကပင် အတော်လေး ထူးခြားနေပြီဖြစ်ပြီး နတ်ဘုရားအဆင့် ရတနာက သူလုံးဝ မရရှိနိုင်သော အရာဖြစ်သည်။
" အင်ပါယာဆရာ အဲ့ဒါကို လက်နဲ့ထိလိုက်ပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ကွေ့ကူကှက ထျန်းရွှမ်ကြေးမုံကို လက်နှင့်ထိလိုက်ပြီးနောက် ထျန်းရွှမ်ကြေးမုံမှ ကြေးမုံငယ်တစ်ခု ခွဲထွက်လာပြီး သူ၏ ရှေ့တွင် ပေါ်လာသည်။
" ဒါက ဘာအတွက်လဲ။ " ကွေ့ကူကျိက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ထျန်းရွှမ်ကြေးမုံက ချင်အင်ပါယာနဲ့ ချိတ်ဆက်ထားတယ်။ ကြေးမုံငယ်က သတင်းစကားတွေနဲ့ အရာဝတ္ထုတွေကို နယ်နိမိတ်မရှိ ပေးပို့နိုင်တဲ့အပြင် ကျင့်ကြံခြင်းနေရာတစ်ခုကိုလည်း ဖန်တီးပေးနိုင်တယ်။ အင်ပါယာဆရာ ဒါကို ပိုင်ဆိုင်ပြီးရင် နားလည်လာပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ကွေ့ကူကျိက သိလိုစိတ်ဖြင့် ကြေးမုံငယ်ကို ထိလိုက်သောအခါ ကြေးမုံငယ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။
" အိမ်ရှေ့စံမင်းသားရဲ့ ဒီရတနာက တကယ်ကို အံ့ဩစရာပဲ။ ဒါပေမယ့် ဒီနေ့ကစပြီး အိမ်ရှေ့စံမင်းသား ယုံကြည်ရတဲ့လူတွေကလွဲရင် ဒါကို ဘယ်သူမှမပြနဲ့။ အင်မော်တယ်ဘုံမှာ အားနည်းသူက အစာပဲ။ အရင်အမြစ်တွေ လုယူဖို့ သတ်ဖြတ်ကြတယ်။ ရတနာတွေအတွက်ဆို ပိုတောင်သတ်ဖြတ်ကြသေးတယ်။ ဒီလိုရတနာမျိုးက အင်အားကြီးသူတွေ တိုက်ခိုက်လာအောင် ဆွဲဆောင်နိုင်တယ်။ " ကွေ့ကူကျိက လေးနက်စွာ ပြောလိုက်သည်။
" စိတ်မပူပါနဲ့။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
ထျန်းရွှမ်ကြေးမုံက အုပ်ချုပ်ရေးတွင် ကူညီပေးနိုင်သော အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်သည်။ သို့သော် ကျောက်ဖုန်းအတွက်တော့ ပို၍ တန်ဖိုးကြီးသော အရာများကို ပိုင်ဆိုင်ထားသည်။
ကွေ့ကူကျိပြောသကဲ့သို့ပင် ထျန်းရွှမ်ကြေးမံာက အသွင်ပြောင်းလဲနေသည်။ ကျောက်ဖုန်းက ကံကြမ္မာစွမ်းအားကို စုစည်းပြီး ကံကြမ္မာမင်းဆက်ကို တည်ထောင်ပြီးနောက် သူ၏ ဖခင်ကို အမိန့်တော်တစ်ခု ထုတ်ပြန်ခိုင်းခဲ့သည်။ ၎င်းမှာ ထျန်းရွှမ်ကြေးမုံကို အင်ပါယာကာကွယ်ရေးရတနာအဖြစ် သတ်မှတ်ပြီး ချင်အင်ပါယာ၏ ကံကြမ္မာနှင့် ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။ ယခု ၎င်းက ရှန်ထျန်းစိတ်ဝိညာဉ်ရတနာအဖြစ် တိုးတက်ပြောင်းလဲနေပြီဖြစ်သည်။
" ဒီနေ့လာတာ အင်ပါယာဆရာကို ဖိတ်ခေါ်တာအပြင် နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသား ပြောပါ။ " ကွေ့ကူကျိက ပြုံး၍ ပြောလိုက်သည်။ သူက ချင်အင်ပါယာထဲသို့ ဝင်ရောက်သွားပြီဖြစ်သောကြောင့် ဝန်ကြီးတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။
" ရှန်းကျိုးနယ်မြေရဲ့ အပြင်ဘက်မှာ အင်မော်တယ်တွေ ရှိနေလား။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။
" ဒီဝန်ကြီးအနေနဲ့ ရှန်းကျိုးအကြောင်း သိပ်မသိပေမယ့် အင်မော်တယ်တွေနဲ့ လူသားတွေကြားက အတားအဆီးကိုတော့ အတော်လေးသိပါတယ်။ အရင်တုန်းက လူသားမျိုးနွယ်မှာ ဧကရာဇ်တစ်ပါးရှိခဲ့တယ်။ သူက ကြီးမားတဲ့ မှော်စွမ်းအားနဲ့ ကံကြမ္မာစွမ်းအားကို သုံးပြီး ကောင်းကင်တိုင်ကို ဖြတ်တောက်လိုက်လို့ အင်မေယ်တယ်တွေနဲ့ လူသားတွေကြား အတားအဆီ ဖြစ်ပေါ်လာတာပဲ။ "
" ရှန်းကျိုးနယ်မြေနဲ့ အပြင်ဘက်နယ်မြေတွေအားလုံးက လူသားဘုံပဲ။ အင်မော်တယ်တွေက အောက်ကို ဆင်းလာလို့မရဘူး။ ကျွန်တော်မျိုး ရှန်းကျိုးကို ဝင်လာနိုင်တာကတော့ ကံကောင်းလို့ ဖြစ်မယ်။ အဲ့ဒီအတားအဆီးကို ဘယ်လိုဖြတ်ကျော်နိုင်ခဲ့လဲဆိုတာတော့ မသိပါဘူး။ " ကွေ့ကူကျိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" အင်ပါယာဆရာ ကျုပ်လည်း နည်းနည်း စိတ်ဝင်စားမိတယ်။ " ကျောက်ဖုန်းက တစ်စုံတစ်ခုကို သတိရသွားသည်။
" အိမ်ရှေ့စံမင်းသား ပြောပါ။ " ကွေ့ကူကျိက ချက်ချင်း ပြန်ပြောလိုက်သည်။
" အရင်တုန်းက အင်မော်တယ်တွေနဲ့ လူသားတွေက အတူတူရှိနေခဲ့ကြတာ။ လူသားဧကရာဇ်က ကောင်းကင်ကို ဖြတ်တောက်ပြီး အတားအဆီးတွေ လုပ်ပြီးတဲ့နောက် ရှန်းကျိုးနယ်မြေမှာရှိတဲ့ အင်မော်တယ်တွေ ဘယ်ရောက်သွားတာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ကျွန်တော်မျိုး အဲ့ဒါကိုတော့ မသိပါဘူး။ အဲ့ဒီအချိန်က ကြုံတွေ့ခဲ့တဲ့သူတွေပဲ အဲ့ဒါကို သိနိုင်လိမ့်မယ်။ " ကွေ့ကူကျိက ပြောလိုက်သည်။
" ကောင်းပြီ။ စကားအများကြီး မပြောတော့ဘူး။ မကြာခင်ကပဲ..." ကျောက်ဖုန်းက ရွှီဖုအကြောင်းနှင့် ဖန်လိုင်အင်မော်တယ်ကျွန်းအကြောင်းကို ပြောပြလိုက်သည်။
၎င်းကို ကြားသောအခါ ကွေ့ကူကျိ၏ အမူအရာက လေးနက်သွားသည်။
" ရွှီဖု အဲ့ဒီလူရဲ့ အမူအရာက ရွှီဖုလို့ ခေါ်တာလား။ " ကွေ့ကူကျိ၏ အမူအရာက ထူးဆန်းသွားသည်။
" ရွှီဖုက ဧကရာဖ်အတိုင်ပင်ခံရဲ့ တပည့်ဖြစ်နေတာလား။ " ကျောက်ဖုန်းက အံ့ဩစွာ ပြောလိုက်သည်။
" ရွှီဖုမှာ ကျင့်ကြံနိုင်တဲ့ စိတ်ဝိညာဉ်အမြစ်ရှိတယ်။ သူ ကွေ့ကူကို လာတုန်းက သူ့ကို တပည့်အဖြစ် လက်ခံပြီး ကျင့်စဉ်နဲ့နည်းစနစ်အချို့ကို သင်ပေးခဲ့တယ်။ မမျှော်လင့်ဘဲ သူက ဖန်လိုင်အင်မော်တယ်ဆိုတဲ့သူနဲ့ ဆက်နွယ်နေတာလား။ " ကွေ့ကူကျိက မသက်မသာဖြစ်သွားသည်။
" အဲ့ဒီရွှီဖုက မှန်ကန်တဲ့ ကျင့်ကြံသူမဟုတ်တော့ဘူး။အင်ပါယာဆရာပြောသလို လူတွေရဲ့ သွေးနဲ့ အသားကို စားသုံးတဲ့ နတ်ဆိုးကျင့်ကြံသူဖြစ်နေပြီ။ သူက အဲ့ဒီအင်မော်တယ်တမန်တော်ရဲ့ ရုပ်သေးရုပ်ဖြစ်နေတာ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" သူက သေသွားပြီဆိုတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် သူပြောသွားတဲ့ အင်မော်တယ်တမန်တော်ရဲ့ စကားတွေကို လျစ်လျူရှုလို့မရဘူး။ အင်မော်တယ်တွေနဲ့ လူသားတွေကို ခွဲခြားထားပေမယ့် အင်မော်တယ်ဘုံက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက လက်မလျှော့ကြသေးဘူး။ သူတို့က ရှန်းကျိုးနယ်မြေကို ဝင်ရောက်ပြီး ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို လုယူဖို့နဲ့ သက်ရှိတွေရဲ့ အသွေးအသားကို စားသုံးဖို့ နည်းလမ်းရှာနေကြတာ။ "
" ပြီးတော့ ရွှီဖုပြောတဲ့အတိုင်း နှစ်တစ်ထောင်ကြာရင် လူသားဘုံနဲ့ အင်မော်တယ်ဘုံတို့ ပေါင်းစည်းသွားမယ်ဆိုတာကလည်း အလကားသက်သက် ပြောတာမဟုတ်ဘူး။ " ကွေ့ကူကျိက လေးနက်စွာ ပြောလိုက်သည်။
" လူသားဘုံက အရင်က အင်မော်တယ်ဘုံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်။ လူသားဧကရာဇ်က သူ့ရဲ့ စွမ်းအားနဲ့ အဲ့ဒီအစိတ်အပိုင်းကို ခွဲထုတ်ပြီး လူသားဘုံအဖြစ် ပြောင်းလဲလိုက်တာလား။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
" အဲ့ဒီအင်မော်တယ်တမန်တော်နဲ့ တွေ့ရင် အင်မော်တယ်ဘုံအကြောင်း ကိစ္စအချို့ သိနိုင်လိမ့်မယ်။ ဘာအမှားအယွင်းမှမရှိအောင် အင်ပါယာဆရာက ကျုပ်နဲ့ လိုက်ခဲ့ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကောင်းပြီ။ " ကွေ့ကူကျိက ပြောပြီး ကွေ့ကူတောင်ထိပ်၏ အတွင်းပိုင်းသို့ ကြည့်လိုက်သည်။ " တပည့်တို့အားလုံး ထွက်လာခဲ့ကြ။ "
တုန့်ပြန်မှုအနေဖြင့် ကွေ့ကူတောင်၏ အတွင်းပိုင်းမှ အလင်းတန်းအချို့ ပျံသန်းလာပြီး အားလုံးက အင်မော်တယ်အော်ရာကို ပိုင်ဆိုင်ထားကြသည်။
ကျောက်ဖုန်းက သူတို့ကို ကြည့်ပြီး ပြုံးလိုက်သည်။ ကွေ့ကူကျိ၏ တပည့်များက ယခင်မျိုးဆက်များတွင် ထူးချွန်သူများဖြစ်သည်။ သာမန်လူများ၏ အမြင်တွင် ကွေ့ကူကျိ၏ တပည့်များက ကွယ်လွန်သွားကြပြီး သမိုင်းတွင်သာ ကျန်ရစ်ခဲ့သူများဖြစ်သည်။
သို့သော် ကွေ့ကူကျိက တပည့်များလက်ခံသည့်အခါ ထူးချွန်သော အရည်အချင်းရှိရုံသာမက နောက်ထပ် အဓိကအချက်တစ်ခုမှာ စိတ်ဝိညာဉ်အမြစ်ဖြစ်သည်။ ထိုအချက်ကြောင့်ပင် ကွေ့ကူကျိ၏ တပည့်များက ယနေ့အချိန်ထိ အသက်ရှင်နေကြခြင်းဖြစ်သည်။ ကျောက်ဖုန်းသာ မပေါ်လာလျှင် သူတို့က ကွေ့ကူတောင်ကြားတွင်သာ ထာဝရပုန်းကွယ်နေကြမည်ဖြစ်သည်။
" ဆရာကို ဂါရဝပြုပါတယ်။ " လူ ၁၂ ယောက်က ကွေ့ကူကျိကို ဦးညွှတ်လိုက်ကြသည်။
" ငါက ချင်အင်ပါယာရဲ့ ဝန်ကြီးတစ်ယောက်ဖြစ်နေပြီ။ မင်းတို့ ငါနဲ့အတူ ချငအင်ပါယာကို လိုက်မှာလား။ " ကွေ့ကူကျိက သူ၏ တပည့်များကို မေးလိုက်သည်။
" တပည့်တို့ ဆရာအမိန့်ကို နာခံပါ့မယ်။ " တပည့်များက ပြန်ပြောလိုက်သည်။
" ဒါက ချင်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားပဲ။ " ကွေ့ကူကျိက ကျောက်ဖုန်းကို ညွှန်ပြလိုက်သည်။
" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " ကွေ့ကူကျိ၏ တပည့်များက ဦးညွှတ်လိုက်ကြသည်။
" ထကြပါ။ " ကျောက်ဖုန်းက သူတို့ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့