အခန်း ၅၂၇
Vol. 53 Ch. 527
အခန်း (၅၂၇)
" အင်ပါယာဆရာ သိပ်စိုးရိမ်မနေနဲ့။ စစ်သားကို စစ်သားနဲ့တားမယ်။ ရေကို မြေနဲ့ တားကြတာပေါ့။ အခုလောလောဆယ်တော့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ရှန်းကျိုးကို မလာနိုင်သေးပါဘူး။ သူတို့သာလာရဲရင် ကျုပ် သူတို့ကို ခုတ်ပိုင်းပစ်မယ်။ "
ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ အင်မော်တယ်နှင့် နတ်ဘုရားကို စိုးရိမ်သော်လည်း သူက မကြောက်ပေ။ ယခင် အားနည်းသော်လည်း စစ်မြေပြင်တွင် ရှိနေတုန်းကပင် သူက မကြောက်ခဲ့ပေ။ ယခု အင်မော်တယ်များနှင့် ယှဉ်နိုင်သောစွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သူက ပို၍ပင် မကြောက်ပေ။
" အိမ်ရှေ့စံမင်းသားကို ဒီလိုမြင်ရတော့ ကျုပ်ပိုပြီး စိတ်အေးရပါတယ်။ အင်မော်တယ်ဘုံမှာ ကျုပ်ရဲ့ ခွန်အားက မကြီးမားပေမယ့် ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားက တန်ပြန်မှုမရှိတော့တဲ့အတွက် လူသားဘုံမှာတော့ ကျုပ်ကို ယှဉ်နိုင်မယ့်သူမရှိဘူးလို့ ယုံကြည်ပါတယ်။ " ကွေ့ကူကျိကလည်း ရယ်မောလိုက်သည်။
" ကောင်းပြီ။ အဲ့ဒီဖန်လိုကျွန်းကို ဆက်ရှာကြတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကောင်းပြီ။ " ကွေ့ကူကျိက ပြန်ပြောလိုက်သည်။
သူတို့နှစ်ယောက်က ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ကျယ်ပြောလှသော ပင်လယ်ပြင်တွင် ဆက်လက်ရှာဖွေနေကြသည်။ အချိန်များ ကုန်လွန်လာပြီး နောက်ထပ် တစ်ရက်ကြာသွားခဲ့သည်။
" ဒီမှာ လူသားမျိုးနွယ်တွေ တကယ်ရှိနေတာလား။ " ကွေ့ကူကျိက အောက်မှကျွန်းကို ကြည့်ပြီး အံ့အားသင့်သွားသည်။
အောက်တွင် ရွာများနှင့် အိမ်များရှိနေပြီး သူတို့က ရှန်းကျိုးနယ်မြေနှင့် မယှဉ်နိုင်ဘဲ မဖွံ့ဖြိုးသေးသော အခြေအနေတွင် ရှိနေသည်။ ကျောက်ဖုန်းကလည်း နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။
" ဝေါလူမျိုးတွေပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" ဝေါလူမျိုးလား။ " ကွေ့ကူကျိက စိတ်ရှုပ်ထွေးသွားသည်။
" မဖွံ့ဖြိုးသေးတဲ့ လူရိုင်းအုပ်စုတစ်စုပါပဲ။ ပိုင်ယွဲ့ကို ငြိမ်းချမ်းအောင်လုပ်ပြီးရင် ဒီနေရာကို ဆက်ပြီး သိမ်းပိုက်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ဤကမ္ဘာတွင် ကျောက်ဖုန်းသာမရှိလျှင် ယခင်ဘဝမှ ကမ္ဘာနှင့် ဆင်တူသော အခြေအနေမျိိုးကို ကြုံတွေရမည်ဖြစ်သည်။ ဝေါပင်လယ်ဓားပြများက ရှန်းကျိုးနယ်မြေသို့ ကျူးကျော်လာမည်ဖြစ်သည်။
" နေဦး။ ဒီလောက်ဆင်တူတဲ့ သမိုင်းမျိုးမဖြစ်နိုင်ဘူး။ ငါလာခဲ့တဲ့ အရင်ဘဝမှာ ကျင့်ကြံခြင်းမရှိဘူး။ နည်းပညာဘဲရှိတယ်။ ဒါပေမယ့် သမိုင်းမှာ အရာအားလုံးက ဆင့တူနေတယ်။ ငါသာ ပေါ်မလာရင် ချင်ရှီဟွမ်က သေဆုံးပြီး ချင်အင်ပါယာက ကွဲပြားသွားလိမ့်မယ်။ ပြီးတော့ လျိုပန်းက ဟန်နိုင်ငံကို တည်ထောင်လိမ့်မယ်။ နောက်ဆုံးမှာ ပြင်ပလူမျိုးတွေက ရှန်းကျိုးကို ဖျက်ဆီးပစ်လိမ့်မယ်။ ဒီဖြစ်စဉ်က ကြိုတင်သတ်မှတ်ထားတာလား။ ရှန်းကျိုးနယ်မြေပျက်စီးသွားရင် ကံကြမ္မာစွမ်းအားလည်း ပျက်စီးသွားမယ်။ ကံကြမ္မာစွမ်းအား ပျက်စီးသွားရင် စိတ်ဝိညာဉ်စွမ်းအားတွေ ခြောက်သွေ့ပြီး ဓမ္မခေတ်က ကုန်ဆုံးသွားလိမ့်မယ်။ ဒီအရာအားလုံးက ကြိုတင်သတ်မှတ်ထားတာလား။ ငါပေါ်လာတာက အဲ့ဒီသတ်မှတ်ချက်ကို ဖျက်ဆီးလိုက်တာလား။ ငါရဲ့ အရင်ကမ္ဘာက နောက်ကမ္ဘာတစ်ခုလား ဒါမှမဟုတ် ဒီကမ္ဘာရဲ့ အနာဂတ်လား။ "
ကျောက်ဖုန်းက ဝေါလူမျိုးများကို ကြည့်ပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနေသည်။ အရာအားလုံးက အလွန်ထူးဆန်းနေသည်။ ရှန်းကျိုးနယ်မြေမှ အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီး ကံကြမ္မာကို ချိပ်ပိတ်ထားသည်။ ထို့နောက် ကျောက်ဖုန်းက ကံကြမ္မာလမ်းကြောင်းကို ထိုးဖောက်ခဲ့သည်။ ထို့ကြောင့် အင်မော်တယ်များနှင့် နတ်ဘုရားများက ကံကြမ္မာကို ပြင်ဆင်ရန် ဥက္ကာခဲများ ပစ်ချခဲ့ခြင်း ဖြစ်သည်။
" ငါ့ရဲ့ တည်ရှိမှုက ချင်အင်ပါယာ ပျက်စီးမယ့်ကံကြမ္မာကို နှောက်ယှက်လိုက်တယ်။ ငါပေါ်လာတာက ရှန်းကျိုးနယ်မြေရဲ့ လူသားတာအိုကိုတောင် စုစည်းလိုက်နိုင်တယ်။ ချင်အင်ပါယာကို ဖျက်ဆီးဖို့က အဓိကရည်ရွယ်ချက်ပဲ။ ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာကျဆင်းမှုက အဓိကအကြောင်းရင်းပဲ။ ဒါက ကောင်းကင်တာအိုရဲ့ မဟာဦးတည်ချက်လား။ အင်မောလတယ်တွေနဲ့ နတ်ဘုရားတွေက ဒီလမ်းကြောင်းအတိုင်း လိုက်နေကြတာလား။ အဆုံးကျရင် သူတို့က ဆုလာဘ်တွေရမှာလား။ " ကျောက်ဖုန်းက လေးနက်စွာ စဉ်းစားနေသည်။
" ငါမြန်မြန် သန်မာလာအောင်လုပ်ရမယ်။ ဒီကမ္ဘာက အရမ်းထူးဆန်းနေတယ်။ခွန်အားက အခြေခံပဲ။ ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားက ပျက်စီးသွားပြီး ရှန်းကျိုးနယ်မြေက အင်မော်တယ်ဘုံနဲ့ ပြန်ပေါင်းသွားရင် ငါ့ရဲ့လက်ရှိခွန်အားက ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး။ ကောင်းကင်ဘုံ၊ ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးတွေနဲ့ ကျင့်ကြံသူအားလုံးကို သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ဝိညာဉ်အမြစ်ဆေးလုံးတွေကို စားဖို့ တွန်းအားပေးထားတယ်။ စိတ်ဝိညာဉ်အမြစ်ဆေးလုံးရဲ့ နောက်ကွယ်က ဖြစ်တည်မှုက ရည်ရွယ်ချက်တစ်ခုခုရှိမှာသေချာတယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
သူပိုသန်မာလာမှသာ အနာဂတ်တွင် အင်မော်တယ်များနှင့် နတ်ဘုရားများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ၎င်းက သူတစ်ယောက်တည်းမဟုတ်ဘဲ ရှန်းကျိုးနယ်မြေကို တိုက်ခိုက်လာမည့် ကျင့်ကြံသူများကို ရင်ဆိုင်ရန်အတွက် ချင်အင်ပါယာတစ်ခုလုံး သန်မာရန်လိုအပ်သည်။
" ဒီကျွန်းလေးကျွန်းက ဆက်နေတယ်။ လူဦးရေကလည်း သန်းချီရှိတယ်။ ဒါပေမယ့် သူတို့ထဲမှာ ကျင့်ကြံသူတစ်ယောက်မှမရှိဘူး။ " ကွေ့ကူကျိက သူ၏ နတ်ဘုရားအာရုံနှင့် စစ်ဆေးပြီး ပြောလိုက်သည်။
" ဖန်လိုင်ကျွန်းက ဒီနားမှာရှိတယ်လို့ ရွှီဖုက ပြောခဲ့တယ်။ အခု ရှာဖို့ ပိုလွယ်သွားပြီ။ " ကျောက်ဖုန်းက ပြောလိုက်ပြီး သူ၏ လက်ထဲတွင် အနက်ရောင်မီးတောက်တစ်ခု ပေါ်လာသည်။
" အိမ်ရှေ့စံမင်းသား ဘာလုပ်မလို့လဲ။ " ကွေ့ကူကျိက မေးလိုက်သည်။
" ဒီဝေါလူမျိုးတွေက ဖန်လိုင်ကျွန်းရဲ့ လက်အောက်ခံတွေဆိုတာ ရှင်းနေတာပဲ။ သူတို့က အဲ့ဒီအင်မော်တယ်တမန်တော်ရဲ့ အစာတွေပဲ။ သူတို့ကို နည်းနည်းသတ်လိုက်ရင် သူလည်း သိသွားလိမ့်မယ်။ ပြီးတော့ ဒီဝေါလူမျိုးတွေက မဖွံ့ဖြိုးသေးဘူး။ တိရစ္ဆာန်တွေလိုပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ယွမ်စွမ်းအားများ၏ အားဖြည့်မှုနှင့်အတူ မရဏလောကမီးတောက်က ကြီးမားသွားပြီး ပေတစ်ထောင်ရှိသော အနက်ရောင်မီးတောက်ကြာပန်းတစ်ခုဖြစ်သွားသည်။ ကျောက်ဖုန်းက မရဏလောကမီးတောက် အသုံးပြုခဲ့ခြင်း သိပ်မရှိဘဲ မြောက်ဘက်နယ်စပ် တိုင်းတစ်ပါးမျိုးနွယ်စုများအပေါ်တွင်သာ အသုံးပြုခဲ့သည်။ ထိုမီးတောက်က ဝိညာဉ်ကို အဓိက ဖျက်ဆီးပစ်နိုင်သည်။
ကွေ့ကူကျိက ကြည့်နေပြီး ဘာမှမပြောပေ။ အကောင်းဆုံးအရာများအတွက် အချို့အရာများကို စွန့်လွှတ်ရပေလိမ့်မည်။ သူကိုယ်တိုင်လည်း သူတော်စင်တစ်ပါးမဟုတ်သကဲ့သို့ ဝေါလူမျိုးများကလည်း ပုရွက်ဆိတ်များသာ ဖြစ်သည်။
ကျောက်ဖုန်းက သူ၏ လက်ကို အောက်သို့ ညွှန်ပြလိုက်သည်နှင့် ပေတစ်ထောင်ရှိသော အနက်ရောင်မီးတောက်ကြာပန်းက အောက်ရှိ ကျွန်းဆီသို့ ဆင်းသက်သွားသည်။
" အဲ့ဒါဘာလဲ။ "
" နတ်ဘုရားတွေ ဒေါသထွက်နေပြီ..."
" နတ်ဘုရားတွေ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ..."
ဝေါလူမျိုးများက ကောင်းကင်မှ အနက်ရောင်မီးတောက်ကြာပန်းကို ကြည့်ပြီး ကြောက်ရွံ့စွာ ဒူးထောက်ကာ တောင်းပန်လိုက်ကြသည်။
ဝုန်း....
မရဏလောကမီးတောက်ကြာပန်းက ကျရောက်လာသည်။ မီးတောက်ကြာပန်းက ပေါက်ကွဲသွားပြီး ပေပေါင်းသိန်းချီကို ဖုံးလွှမ်းသွားသည်။ ကျောက်ဖုန်းက မရဏလောကမီးတောက်ကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်မှာ ထင်ရှားသည်။
မီးတောက်က ပြန့်ကားသွားသောအခါ ဝေါလူမျိုးသောင်းချီ၏ ဝိညာဉ်များက ပြာကျသွားပြီး သူတို့၏ ခန္ဓာကိုယ်များသာ ကျန်နေခဲ့သည်။
" ဒီမီးတောက်က ဝိညာဉ်ကို အဓိကတိုက်ခိုက်တာပဲ။ ဝေါလူမျိုးတွေရဲ့ ဝိညာဉ်တွေက တစ်ခါတည်း ပြာကျသွားတယ်။ ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ မီးတောက်ပဲ။ " ကွေ့ကူကျိက ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေသည်။
မရဏလောကမီးတောက်က ဝေါလူမျိုးများ၏ ဝိညာဉ်များကို လောင်ကျွမ်းသွားသောအခါ စနစ်မှ အသိပေးချက်များ ထွက်ပေါ်လာသည်။
" ဝိညာဉ်စွမ်းအား ၁ မှတ် ရရှိပါတယ်။ "
" ဝိညာဉ်စွမ်းအား ၁မှတ် ရရှိပါတယ်။ "
....
ကျောက်ဖုန်းက သူ၏ ဝိညာဉ် အသွင်ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
" ဝိညာဉ်စွမ်းအား တစ်သိန်းကို ကျော်လွန်သွားပြီး ဝိညာဉ်စွမ်းအားက မူလဝိညာဉ်အဖြစ် ပြောင်းလဲသွားပါပြီ။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ကျောက်ဖုန်း၏ ဝိညာဉ်စွမ်းအားကလည်း အခြားစွမ်းရည်များကဲ့သို့ အဆင့်တက်သွားပြီး သူ၏ ဝိညာဉ်ကလည်း မူလဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
" ဝေါလူမျိုးတွေကို သတ်တာ မှန်ကန်တဲ့ လုပ်ရပ်ပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" အိမ်ရှေ့စံမင်းသားရဲ့ မီးတောက်က တကယ်ကြောက်စရာကောင်းတာပဲ။ ဝိညာဉ်တွေ လောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်တွေပဲကျန်ခဲ့တယ်။ " ကွေ့ကူကျိက လေးစားစွာ ပြောလိုက်သည်။
" အင်ပါယာဆရာ ဖန်လိုင်ကျွန်းကလူတွေ ထွက်လာတော့မယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
အင်မော်တယ်များနှင့် နတ်ဘုရားများက ရှန်းကျိုးနယ်မြေကို လှုပ်ရှားလာပြီဖြစ်သောကြောင့် ကျောက်ဖုန်းက တုန့်ပြန်ရမည်ဖြစ်သည်။ ဖန်လိုင်အင်မော်တယ်ကျွန်းက အင်မော်တယ်များ၏ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ကျောက်ဖုန်းက ၎င်းကို အရင်ဖျက်စီးရန် ဆုံးဖြတ်ထားသည်။
ကွေ့ကူကျိက အရှေ့ဘက် ပင်လယ်ပြင်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။ ဘာမှမရှိသော ပင်လယ်ပြင်တွင် ရုတ်တရက် တိမ်နှင့် မြူများတက်လာပြီး ကျွန်းတစ်ကျွန်းက သူတို့နှစ်ယောက်၏ ရှေ့တွင် ပေါ်လာသည်။ အပြင်ဘက်မှ ကြည့်လျှင် ထိုကျွန်းက ရွှေရောင်အလင်းများ တောက်ပနေပြီး အင်မော်တယ်နယ်မြေတစ်ခုကဲ့သို့ ခမ်းနားထည်ဝါလှသည်။ ၎င်းက သာမန်လူများ မြင်နိုင်သောအရာဖြစ်သည်။
သို့သော် ကျောက်ဖုန်းနှင့် ကွေ့ကူကျိတို့၏ မျက်လုံးထဲတွင် ကျွန်းတစ်ခုလုံးက သွေးရောင်အရှိန်အဝါများ ဖုံးလွှမ်းနေပြီး အနက်ရောင်မြူခိုးများထဲတွင် အဆုံးမရှိသော အငြိုးဝိညာဉ်များ၏ ငိုကြွေးသံများ ထွက်ပေါ်နေသကဲ့သို့ ခံစားရသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့