အခန်း ၅၂၈
Vol. 53 Ch. 528
အခန်း (၅၂၈)
" ထင်တဲ့အတိုင်း နတ်ဆိုးတွေပဲ။ " ကွေ့ကူကျိ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။
ထိုအချိန်တွင် ဖန်လိုအင်မော်တယ်ကျွန်းမှ လူအချို့က ကျောက်ဖုန်းနှင့် ကွေ့ကူကျိတို့ဆီသို့ ပျံသန်းလာကြသည်။
" ရိုင်းစိုင်းလှချည်လား။ ဖန်လိုင်အင်မော်တယ်ကျွန်းရဲ့ ကျွန်တွေကို သတ်ရဲတယ်ပေါ့။ မင်းတို့က ဘယ်သူတွေလဲ။ " ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။
" ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်။ ကျန်တဲ့သူတွေက ချီသန့်စင်ခြင်းအဆင့်နဲ့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်တွေပဲ။ ဒါပေမယ့် သူတို့က စိတ်ဝိညာဉ်အမြစ်ဆေးလုံးမစားထားကြဘူး။ မွေးမြူထားတဲ့ ကျင့်ကြံသူတွေပဲ။ " ကွေ့ကူကျိက တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
" အင်း " ကျောက်ဖုန်းက စကားများပြောရန် ရည်ရွယ်ချက်မရှိဘဲ သူ၏ လက်ကို မြှောက်ကာ ဓားချီများကို စုစည်းလိုက်သည်။ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် ဓားချီများက ပျံသန်းထွက်သွားပြီး သူတို့ကို ဝန်းရံထားသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားသည်။ သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များက ပင်လယ်ထဲသို့ ကျသွားသည်။
" နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး စွမ်းရည်အားလုံး ၃၀၀ မှတ် ရရှိပါတယ်။ "
" နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး စွမ်းရည်အားလုံး ၃၀၀ မှတ် ရရှိပါတယ်။ "
" နတ်အသွင်ပြောင်းလဲခြင်းအဆင့်....
"ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀၀ မှတ် ရရှိပါတယ်။ "
" ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်းအတွက် အဆင့်လေးရတနာသေတ္တာတစ်ခုကို ရရှိပါတယ်။ "
" ကျင့်ကြံသူတစ်ယောက်ကို ပထမဆုံး သတ်ဖြတ်ပြီး ကံကြွေးစွမ်းရည်ကဏ္ဍ ပွင့်လှစ်သွားပါပြီ။ ကံကြွေးနဲ့ ချည်နှောင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး ကုသိုလ်အမှတ် ၄၇၉၅ မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်းက ထိုကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် မရဏလောကမီးတောက်ကို ထုတ်ဖော်ပြီး သူတို့၏ ဝိညာဉ်များကိုလည်း လောင်ကျွမ်းစေလိုက်သည်။
" ကံကြွေး " ကျောက်ဖုန်းက ၎င်းကို နားလည်လိုက်သည်။ " ကုသိုလ်နဲ့ ကံကြွေးက အစွန်းနှစ်ဖက်ပဲ။ ကုသိုလ်များရင် ကံကောင်းပြီး ကံကြွေးများတဲ့သူတွေက ကပ်ဘေးတွေ ဆက်တိုက်ကြုံရလိမ့်မယ်။ ဒါပေမယ့် အင်မော်တယ်ဘုံက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ကံကြွေးချည်နှောင်ခံထားရသူတွေပဲ။ သူတို့ကို သတ်တာက ကံကြွေးမတိုးတဲ့အပြင် ကုသိုလ်တောင်ရနိုင်သေးတယ်။ "
" အင်ပါယာဆရာ ဖန်လိုင်ကျွန်းတော့ ပေါ်လာပြီ။ အဲ့ဒီအင်မော်တယ်တမန်တော်ဆိုတဲ့ကောင်ကို ရှင်းလိုက်ကြတာပေါ့။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ကျွန်းဆီသို့ ပျံသန်းသွားသည်။
ကွေ့ကူကျိက ခေါင်းညိမ့်လိုက်ပြီး ကျောက်ဖုန်းနောက်မှ ပျံသန်းလိုက်ပါသွားသည်။ ဖန်းလိုင်အင်မော်တယ်ကျွန်းတွင် သွေးမြူများက ဝန်းရံနေသည်။ သေခြင်းအော်ရာများက ဖုံးလွှမ်းနေပြီး နေရောင်ခြည်ပင် ထိုးဖောက်နိုင်ခြင်းမရှိပေ။ ကျွန်းတစ်ခုလုံးတွင် အလောင်းများနှင့် သွေးညှီနံ့များ ဖုံးလွှမ်းနေပြီး အရိုးစုများက နေရာအနှံ့ ပြန့်ကျဲနေသည်။
" အင်မော်တယ်တွေ လူသားတွေကို စားသုံးတယ်၊ လူသားတွေကို မွေးမြူပြီး ဝိညာဉ်အနှစ်သာရတွေနဲ့ သက်တမ်းတိုးအောင် လုပ်နေကြတယ်။ ဒါကို အင်မော်တယ်လို့ ခေါ်သေးတာလား။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" လက်ရှိကမ္ဘာက အရင်တုန်းကလို မဟုတ်တော့ဘူး။ ရှေးခေတ်အင်မော်တယ်ဘုံမှာ အရင်းအမြစ်တွေနဲ့ ကျင့်ကြံခြင်းအတွက် တိုက်ခိုက်ခဲ့ကြပေမယ့် ဒီလောက်ထိ သွေးချောင်းစီးပြီး ရက်စက်တာမျိုး မရှိခဲ့ဘူး။ တစ်ယောက်နဲ့တစ်ယောက် စားသောက်တာမျိုးလည်း မရှိခဲ့ဘူး။ " ကွေ့ကူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။
" သူတို့က သက်ရှိတွေကို စားသုံးနေတာကို ဘာမှမလုပ်နိုင်ပေမယ့် ချင်အင်ပါယာကို နှောက်ယှက်ပြီး ကျုပ်လူမျိုးတွေကို စားသုံးချင်ရင်တော့ ကျုပ် သူတို့နဲ့ သေတဲ့အထိ တိုက်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး ကျွန်း၏ အနက်ရှိုင်းဆုံးမှ နန်းတော်ဆီသို့ ပျံသန်းသွားသည်။
နန်းတော်ထဲတွင် သေခြင်းအရှိန်အဝါများနှင့် သွေးညှီနံ့များက ပို၍ ပြင်းထန်လာသည်။ နန်းတော်ထဲရှိ ခန်းမထဲတွင် သွေးကန်တစ်ခု ရှိနေပြီး ပတ်ပတ်လည်တွင် ကလေးအလောင်းများ ရှိနေသည်။
" အင်မော်တယ်တွေက တကယ် နတ်ဆိုးတွေပဲ။ " ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
" မင်းတို့က ဝူကျွမ်းဘုရားကျောင်းက မြေကြီးအင်မော်တယ်တွေလား။ " အမြင့်ဆုံးတွင် ထိုင်နေသော အင်တော်တယ်တမန်တော်က ကျောက်ဖုန်းနှင့် ကွေ့ကူကျိကို မေးလိုက်သည်။
" အိမ်ရှေ့စံမင်းသား ဒီလူက အင်မော်တယ်တမန်တော်ဖြစ်မယ်။ သူက တာအိုပေါင်းစည်းခြင်းအဆင့်အထက်က အင်မော်တယ်တစ်ဝက်အဆင့်ပဲ။ သူက ကပ်ဘေးကို ရှောင်ရှားခဲ့ပေမယ့် အင်မော်တယ်ဘုံကို မတက်သွားဘူး။ " ကွေ့ကူကျိက အင်မော်တယ်တမန်တော်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ရှေ့သို့ လျှောက်သွားသည်။
" ဒီလောက်အားကောင်းတဲ့ သွေးချီနဲ့ ဝိညာဉ်အနှစ်သာရ။ ငါသာ သူ့ကို ဝါးမြိုနိုင်ရင် အင်မော်တယ်ခန္ဓာကို ချက်ချင်း ရရှိနိုင်လိမ့်မယ်။ ဒီလူက ရှန်းကျိုးနယ်မြေက ဖြစ်ရမယ်။ ရှန်းကျိုးနယ်မြေက လူသားမျိုးနွယ်မှာ သန့်စင်တဲ့ ဝိညာဉ်အနှစ်သာရရှိတာပဲ။ " အင်မော်တယ်တမန်တော်က ကျောက်ဖုန်းကို လောဘမျက်လုံးများဖြင့် ကြည့်လိုက်သည်။
သို့သော် ကျောက်ဖုန်းက စကားအပိုများ မပြောပေ။
" ကောင်းကင်ချုပ်နှောင်လက်ညှိုး..." ကျောက်ဖုန်းက အေးစက်စွာပြောပြီး သူ၏ လက်ကို မြှောက်ကာ ယွမ်စွမ်းအားများကို စုစည်းလိုက်သည်။ သူ၏ လက်ညှိုးကို အင်မော်တယ်တမန်တော်ဆီသို့ ညွှန်ပြလိုက်သည်။ ပြင်းထန်သော စွမ်းအားများက ထွက်ပေါ်လာပြီး ခန်းမထဲတွင် ပြည့်နှက်နေသော နတ်ဆိုးအရှိန်အဝါများက ပြိုကွဲသွားသည်။
" မင်း..." ရုတ်တရက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောကြောင့် အင်မော်တယ်တမန်တော်က အံ့အားသင့်သွားသည်။ ထိုလက်ညှိုးတစ်ချက်က ဟင်းလင်းပြင်တစ်ခုလုံးကို ချုပ်နှောင်လိုက်သကဲ့သို့ ဖြစ်ပြီး သူက အရိုးထဲထိ စိမ့်ဝင်သွားသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
" အင်မော်တယ်အိုး ထွက်ပေါ်စမ်း။ " အင်မော်တယ်တမန်တော်က သူ၏ မှော်ရတနာကို ဆင့်ခေါ်ပြီး သူ့ကိုသူ ကာကွယ်ရန် အင်မော်တယ်စွမ်းအားများကို အသုံးပြုလိုက်သည်။
ဝုန်း...
လက်ညှိုးတစ်ချက်က ကောင်းကင်နှင့်မြေကြီး ပျက်စီးသွားသည်ဟုပင် ထင်ရသည်။ အင်မော်တယ်တမန်တော်၏ ရှေ့မှ အင်မော်တယ်အိုးက ချက်ချင်း ကွဲအက်သွားပြီး ကောင်းကင်ချုပ်နှောင်လက်ညှိုး၏ ပြင်းထန်သော စွမ်းအားများက အင်မော်တယ်တမန်တော်ပေါ်သို့ ကျရောက်သွားသည်။ ဖန်လိုအင်မော်တယ်ကျွန်းတစ်ခုလုံးက တုန်ခါသွားပြီး အင်မော်တယ်တမန်တော်၏ ခန္ဓာကိုယ်က အမှုန့်များအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ကျောက်ဖုန်း၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအောက်တွင် အင်မော်တယ်တမန်တော်၏ ဝိညာဉ်က ကျန်နေခဲ့ပြီး ကောင်းကင်ချုပ်နှောင်လက်ညှိုးကြောင့် ပျက်စီးမသွားခဲ့ပေ။
" အင်မော်တယ်တစ်ဝက်အဆင့်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀၀ မှတ်နဲ့ ကုသိုလ်အမှတ် ၆၀၀၀ ရရှိပါတယ်။ "
" စွမ်းရည်အားလုံး တစ်သောင်းထိတိုးလာပြီး အဆင့်ငါး ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်ထွက်ပေါ်လာသည်။
ကျောက်ဖုန်းက သူ၏ စွမ်းအားများ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ သူက ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်တွင်ရှိပြီး အင်မော်တယ်လမ်းစဉ်၏ ဟင်းလင်းပြင်ပြန်ခြင်းအဆင့်နှင့် ညီမျှသည်။ သို့သော် ကျောက်ဖုန်း၏ အစစ်အမှန်ခွန်အားကို အင်မော်တယ်တစ်ဝက်အဆင့်ပင် မယှဉ်နိုင်ပေ။
" သိုင်းတာအိုစွမ်းအားက တကယ်ကြောက်စရာကောင်းတာပဲ။ " ကွေ့ကူကျိက ထိုမြင်ကွင်းကို ကြည့်ပြီး မှင်သက်သွားသည်။
" ခွေးကောင် မင်းက ငါ့လိုအင်မော်တယ်ကို သတ်ရဲတယ်ပေါ့။ ငါက ကောင်းကင်ဘုံကပဲ။ မင်းငါ့ကို သတ်ရဲရင် ကောင်းကင်ဧကရာဇ်က မင်းကို ငရဲ ၁၈ထပ်ကို ပစ်ချလိမ့်မယ်။ " အင်မော်တယ်တမန်တော်၏ ဝိညာဉ်က ပျံဝဲနေပြီး ကျောက်ဖုန်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
" မင်းရဲ့ ဝိညာဉ်ကို ဘာလို့ချန်ထားခဲ့လဲဆိုတာ မင်းသိလား။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး ကံကြမ္မာထိန်းချုပ်ခြင်းအိုး ပေါ်လာသည်။
" ချုပ်နှောင်လိုက်။ " ကျောက်ဖုန်းက ကံကြမ္မာထိန်းချုပ်ခြင်းအိုးကို အမိန့်ပေးလိုက်သည်။
အင်ပါယာကံကြမ္မာစွမ်းအားများပေါ်လာပြီး အင်မော်တယ်တမန်တော်၏ ဝိညာဉ်ကို အိုးထဲတွင် ချုပ်နှောင်လိုက်သည်။ သူ၏ ဝိညာဉ်ကို ချမ်းသာပေးထားခြင်းမှာ ကျောက်ဖုန်းက အင်မော်တယ်ဘုံအကြောင်း ပို၍ သိချင်သောကြောင့် ဖြစ်သည်။
ချင်အင်ပါယာ၊ ကျန်းထိုင်နန်းဆောင်။
" ဧကရာဇ်မင်းမြတ် ကောင်းကင်က ဥက္ကာခဲတွေ ကျလာကတည်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ ကောင်းကင်က ချင်အင်ပါယာကို ဖျက်ဆီးလိမ့်မယ်လို့ ကောလဟာလတွေ ဖြန်နေတဲ့ လူတွေအများကြီး ရှိနေပါတယ်။ နိုင်ငံခြောက်ခုက အကြွင်းအကျန်တွေရဲ့ စခန်းတွေကို ပိတ်ဆို့ပြီးပါပြီ။ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ကို စောင့်နေတာပါ။ " သွမ်လောက ရိုသေစွာ ပြောလိုက်သည်။
" အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ကြွက်တွေကို ဒီလောက်အသက်ရှင်ခွင့်ပေးထားတာ လုံလောက်နေပါပြီ။ အမြစ်ပြတ်ချေမှုန်းလိုက်။ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်မပေးနဲ့။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " သွမ်လောက ပြောပြီး ထွက်ခွာသွားသည်။
" ချင်အင်ပါယာက ရှန်းကျိုးနယ်မြေကို စုစည်းခဲ့တာ သုံးနှစ်နီးပါးရှိပြီ။ ဒီသုံးနှစ်အတွင်း ချင်အင်ပါယာက သာယာဝပြောလာပြီး ပြည်သူတွေအားလုံးက သစ္စာစောင့်သိလာကြတယ်။ ဒါပေမယ့် ဒီကြွက်တွေကတော့ ပြဿနာရှာနေတုန်းပဲ။ ဒီတစ်ခါ ဥက္ကာခဲတွေ ကျလာတာက မင်းတို့ကို ထွက်လာဖို့ ဖိအားပေးလိုက်တာပဲ။ ဒီတစ်ခါ ငါမင်းတို့ကို အမြစ်ပြတ် ချေမှုန်းပစ်မယ်။ " ရင်ကျန့်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့