အခန်း ၅၃၀
Vol. 53 Ch. 530
အခန်း (၅၃၀)
" ဖုန်းအာ မင်းဆိုလိုတာက ဒီကောင်းကင်ရွေးချယ်ခံဆိုတဲ့သူက ချင်အင်ပါယာကို ဖျက်ဆီးဖို့ ကောင်းကင်က စီစဉ်ထားတာပေါ့။ ကောင်းကင်အမိန့်တော်အရ ချင်က မျိုးဆက်နှစ်ဆက်နဲ့ ပျက်စီးရမယ်။ ပြီးတော့ ဒီလူတွေက ချင်ကို ဖျက်ဆီးမယ့်သူတွေပေါ့။ " ရင်ကျန့်၏ အမူအရာက လေးနက်သွားသည်။
" မှန်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ရှန်းယုကို ကြည့်လိုက်သည်။ " ဒါပေမယ့် သားတော်ရှိနေတဲ့အတွက် ချင်အင်ပါယာတစ်ခုလုံး ပြောင်းလဲသွားပြီ။ ကောင်းကင်ဘုံက ချင်အင်ပါယာကို ဖျက်ဆီးချင်ရင်တောင် သားတော်က ခွင့်မပြုဘူး။ သားတော်က အဆုံးထိ တိုက်ခိုက်သွားမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး သူ၏ လက်ချောင်းများကို ညွှန်ပြလိုက်သည်။
ထိုတိုက်ခိုက်မှုအောက်တွင် ကောင်းကင်ကံကြမ္မာစွမ်းအားက ရှန်းယုကို ကာကွယ်ရန် ပေါ်လာသော်လည်း ဘာမှမတတ်နိုင်ဘဲ တိုက်ခိုက်မှုက ရှန်းယု၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။
" နောက်ဆုံးတော့ မင်းက စစ်မှန်တဲ့ ကောင်းကင်ရွေးချယ်ခံမဟုတ်ပါဘူး။ နတ်ဘုရားရတနာတွေရဲ့ စောင့်ရှောက်မှုမရှိဘူး။ " ကျောက်ဖုန်းက ရှန်းယု၏ အလောင်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
" အနာဂတ် အနောက်ချူဘုရင်ကို သတ်ဖြတ်ပြီး ကောင်းကင်တာအိုရဲ့ လမ်းကြောင်းကို ပြောင်းလဲလိုက်ပါတယ်။ စွမ်းရည်အားလုံး ၃၀၀ မှတ်၊ သက်တမ်းရက်ပေါင်း ၃၀၀၊ အဆင့်ငါး ရတနာသေတ္တာတစ်ခုကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်ပေါ်လာသည်။
" မင်းတို့ရဲ့ ဝိညာဉ်တွေလည်း ပျက်စီးသွားရမယ်။ " ကျောက်ဖုန်းက အထက်တွင် ပျံဝဲနေသော ဝိညာဉ်များကို ကြည့်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ မရဏလောကမီးတောက်ပေါ်လာပြီး ဝိညာဉ်များအားလုံးကို လောင်ကျွမ်းသွားသည်။
" ဝိညာဉ်တစ်ခုကို သတ်ပြီး မူလဝိညာဉ်စွမ်းအား ၁ မှတ် ရရှိပါတယ်။ "
" ကောင်းကင်ရွေးချယ်ခံရဲ့ ဝိညာဉ်ကို သတ်ဖြတ်ပြီး မူလဝိညာဉ်စွမ်းအား ၃၀၀ မှတ် ရရှိပါတယ်။ "
" ကောင်းတယ်။ ရယ်စရာကောင်းလိုက်တဲ့ ကောင်းကင်ရွေးချယ်ခံ။ " ရင်ကျန့်က လှောင်ပြုံးပြုံးလိုက်သည်။
" ခမည်းတော် ကောင်းကင်ဘုံက ချင်အင်ပါယာကို ဖျက်ဆီးဖို့ အမိန့်ပေးထားတယ်။ ခမည်းတော်နဲ့ သားတော်တို့ အဆုံးထိ တိုက်ခိုက်သွားမယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" မှန်တယ်။ ငါတို့က အဲ့ဒီကောင်းကင်ရွေးချယ်ခံတွေကို ဘာလို့ကြောက်နေရမှာလဲ။ ပြီးတော့ ကောင်းကင်အမိန့်တော်ဆိုတာ တကယ် ကောင်းကင်အမိန့်တော်ရော ဟုတ်ရဲ့လား။ ကောင်းကင်ဘုံက ဘက်လိုက်မှုမရှိဘူး။ ဘာလို့ လူလောကထဲ ဝင်စွက်ဖက်မှာလဲ။ ငါ့ရဲ့ အမြင်အရ ဒီကောင်းကင်အမိန့်တော်ဆိုတာ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ " ရင်ကျန့်က လှောင်ပြုံး ပြုံးလိုက်သည်။
" ခမည်းတော်ပြောတာ မှန်တယ်။ ဒါနဲ့ ခမည်းတော် အဲ့ဒီဥက္ကာခဲတွေ ဘယ်မှာလဲ။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး မေးလိုက်သည်။
" ငါသိမ်းထားတယ်။ အခု မင်းပြန်ရောက်လာပြီဆိုတော့ အဲ့ဒါကို ကြည့်ကြည့်လိုက်ဦး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ထျန်းရွှမ်ကြေးမုံက ပေါ်လာပြီး အလင်းရောင်တစ်ချက်နှင့်အတူ ရင်ပြင်ပေါ်တွင် ဥက္ကာခဲကိုးခု ပေါ်လာသည်။ ဥက္ကာခဲအားလုံးက အနက်ရောင်များဖြစ်ပြီး ချင်အင်ပါယာပျက်စီးမည့်အကြောင်းကို ရေးသားထားသည်။
ကျောက်ဖုန်းက နီးကပ်သွားပြီး ဥက္ကာခဲများကို သေချာကြည့်လိုက်သည်။
" ကောင်းကင်အလွန်ဥက္ကာခဲ - ကောင်းကင်ကိုးခုရဲ့ ဟင်းလင်းပြင်အက်ကြောင်းက ဆင်းသက်လာတယ်။ စိတ်ဝိညာဉ်စွမ်းအားကို ခွဲထုတ်ပေးနိုင်တယ်။ အင်မော်တယ်စွမ်းအားကို ကာကွယ်နိုင်ပြီး သာမန်အင်မော်တယ်စွမ်းအားကို ထိုးဖောက်နိုင်တယ်။ "
" ဟားဟားဟား....ခမည်းတော် ဒါက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက သားတော်တို့ကို ပေးတဲ့ လက်ဆောင်တွေပဲ။ ဒီဥက္ကာခဲတွေက အဆင့်မြင့်သန့်စင်ပစ္စည်းတွေပဲ။ လက်နက်တွေ သွန်းလုပ်တဲ့နေရာမှာ သုံးမယ်ဆိုရင် တစ်ခုလုံးမဟုတ်ရင်တောင် ဓားသွားတွေထဲကို နည်းနည်းထည့်လိုက်ရုံနဲ့ ပိုထက်လာပြီး စိတ်ဝိညာဉ်စွမ်းအားကိုတောင် ဖျက်ဆီးနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။
" တကယ်ပဲလား။ " ရင်ကျန့်ကလည်း ဝမ်းသာသွားသည်။
" တကယ်ပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
၎င်းကို ကြားသောအခါ ရင်ကျန့်က ရယ်မောလိုက်သည်။ " မင်းတို့ကြားလား။ ဒီဥက္ကာခဲတွေက ရတနာတွေပဲ။ ငါတို့ ချင်အင်ပါယာရဲ့ စစ်အင်အားကို မြှင့်တင်ဖို့ လုံလောက်တယ်။ "
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို ဂုဏ်ပြုပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ဒီဥက္ကာခဲတွေက အင်မော်တယ်ဘုံကပဲ။ သာမန်မီးနဲ့ အဲ့ဒါကို သန့်စင်လို့မရဘူး။ ဒါပေမယ့် ငါ့မှာ ဥက္ကာခဲတွေကို သန့်စင်ပေးနိုင်တဲ့ စိတ်ဝိညာဉ်မီးတောက်တစ်ခုရှိတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " ချန်ဖျင်၊ အိုချီဇီ။ "
" ကျွန်တော်မျိုးတို့ ရှိပါတယ်။ " ချန်ဖျင်နှင့် အရပ်မြင့်မြင့် လူတစ်ယောက်တို့ ထွက်လာကြသည်။ သူတို့နှစ်ယောက်ထဲတွင် တစ်ယောက်က စစ်လက်နက်များကို ကြီးကြပ်သူဖြစ်ပြီး တစ်ယောက်က လက်နက်သန့်စင်ရေးတာဝန်ခံဖြစ်သည်။
" ဥက္ကာခဲကိုးခုကို လက်နက်သန့်စင်ရေးခန်းမထဲကို ပို့လိုက်။ ဥက္ကာခဲတွေကို အရည်ပျော်စေဖို့ ငါမင်းတို့ကို မီးတောက်ကိုးခုကို ပေးမယ်။ " ကျောက်ဖုန်းက သွေးလောင်ကျွမ်းခြင်းမီးတောက်ကိုးခုကို ထုတ်လိုက်သည်။ ထိုမီးတောက်က သာမန်မီးတောက်မဟုတ်ဘဲ ဥက္ကာခဲများကို လောင်ကျွမ်းစေနိုင်သော စိတ်ဝိညာဉ်မီးတောက်ဖြစ်သည်။ သူက အစီအရင်ပြားတစ်ခုကို ထုတ်ပြီး မီးတောက်ကိုးခုကို အထဲသို့ ထည့်လိုက်သည်။
" အမိန့်အတိုင်းပါ။ " ချန်ဖျင်နှင့် အိုချီဇီတို့က အမိန့်ကို လက်ခံလိုက်ကြသည်။
" ဝန်ကြီးတို့ တင်ပြစရာရှိသေးလား။ " ကျောက်ဖုန်းက စုရုံးနေကြသော အရာရှိများကို ကြည့်ပြီး မေးလိုက်သည်။
" မရှိတော့ပါဘူး။ " အရာရှိများက ရိုသေစွာ ပြန်ပြောလိုက်ကြသည်။
" ဒါဆို ညီလာခံသိမ်းမယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ သူက ရင်ကျန့်နှင့် ဆွေးနွေးစရာများ ရှိနေသည်။
" ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ " အရာရှိများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
ညီလာခံခန်းမထဲတွင်။
" ဖုန်းအာ ဘယ်လိုဖြစ်ခဲ့လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
" ခမည်းတော် အရင်ဆုံး ဖန်လိုင်အင်မော်တယ်ကျွန်းဆိုတာ ဘယ်လိုပုံစံလဲဆိုတာ ကြည့်လိုက်ဦး။ " ကျောက်ဖုန်းက ပြောပြီး ထျန်းရွှမ်ကြေးမုံကို ဆင့်ခေါ်လိုက်သည်။
ရင်ကျန့်၏ ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။ အင်မော်တယ်ကျွန်းက သွေးရောင်အရှိန်အဝါများနှင့် မကောင်းသော အငွေ့အသက်များဖုံးလွှမ်းနေသည်။ ကျွန်းပေါ်တွင် အလောင်းများနှင့် အရိုးစုများရှိနေသည်။ ခန်းမထဲတွင်တော့ သွေးကန်တစ်ခုရှိနေပြီး ကလေးများ၏ အလောင်းများ၊ နှလုံးများနှင့် အသည်းများ ရှိနေသည်။
" ဒါ ဒါက ဖန်လိုင်အင်မော်တယ်ကျွန်းလား။ အင်မော်တယ်တွေရဲ့ နယ်မြေလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" အင်မော်တယ်တွေက တကယ်တော့ နတ်ဆိုးတွေပဲ။ သူတို့က လူတွေကို စားသောက်ပြီး သူတို့ရဲ့ ဝိညာဉ်အနှစ်သာရတွေနဲ့ ကျင့်ကြံနေကြတာ။ သူတို့က လူတွေရဲ့ သွေးနဲ့ ဝိညာဉ်ကို သုံးပြီး သူတို့ရဲ့ အင်မော်တယ် အခြေခံအုတ်မြစ်ကို တည်ဆောက်နေကြတာ။ ဒါတောင် ဖန်လိုအင်မော်တယ်ကျွန်းက အင်မော်တယ်တစ်ယောက်ပဲ ရှိသေးတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အင်မော်တယ်တွေက ဘာလို့ဒီလိုဖြစ်နေတာလဲ။ ဒီလိုလုပ်ရပ်က တိရစ္ဆာန်တွေနဲ့ ဘာများကွာခြားလို့လဲ။ " ရင်ကျန့်က အံ့အားသင့်စွာ မေးလိုက်သည်။
" သားတော်တို့ လူသားတွေရဲ့ အမြင်အရ လူသားတွေက တိရစ္ဆာန်တွေထက် ပိုသန်မာလို့ သူတို့က စားစရာဖြစ်နေခဲ့တာ။ အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ အမြင်မှာလည်း လူသားတွေက သူတို့ရဲ့ တိရစ္ဆာန်တွေပဲ။ အချိန်မရွေး သတ်ဖြတ်စားသောက်ခံရဖို့ အဆင်သင့်ဖြစ်နေကြတာ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ကောင်းကင်က ကျလာတဲ့ ဥက္ကာခဲတွေက ချင်အင်ပါယာကို ဖျက်ဆီးတာအပြင် အခြားဘာရည်ရွယ်ချက်ရှိနေတာလဲ။ " ရင်ကျန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားကို ဖျက်ဆီးဖို့ ရှန်းကျိုးနယ်မြေကို အင်မော်တယ်ဘုံထဲ ပေါင်းထည့်ဖို့နဲ့ ရှန်းကျိုးနယ်မြေက သက်ရှိတွေကို စားသောက်ဖို့ပဲ။ သူတို့အောင်မြင်သွားရင် ဖန်လိုင်အင်မော်တယ်ကျွန်းက မြင်ကွင်းမျိုးက ရှန်းကျိုးနယ်မြေမှာ ထပ်ဖြစ်လာလိမ့်မယ်။ ရှန်းကျိုးနယ်မြေတစ်ခုလုံးက ငရဲခန်းတစ်ခုဖြစ်လာပြီး သက်ရှိတွေအားလုံးက သွေးအစာတွေအဖြစ် မွေးမြူခြင်း ခံရလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ အင်မော်တယ်ဘုံမှာ နေထိုင်တဲ့ မြင့်မြတ်တဲ့သူတွေက ဒီလိုဖြစ်နေလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ ဖုန်းအာ ငါတို့ ဘာလုပ်ကြမလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ခမည်းတော် သာမန်လူတစ်ယောက်ရဲ့ ဒေါသက ခြေငါးလှမ်းမှာ သွေးမြေကျစေနိုင်သေးတာပဲ။ သားတော်တို့ ချင်အင်ပါယာရဲ့ ဒေါသက အဲ့ဒီအင်မော်တယ်တွေကို မခြိမ်းခြောက်နိုင်ဘူးလား။ ချင်အင်ပါယာက အခု လိုအပ်နေတာ သိုင်းတာအိုနဲ့ စစ်အင်အားကို သန်မာလာစေဖို့ပဲ။ အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားကို လုယူပြီး သက်ရှိတွေကို သတ်ဖြတ်စားသောက်ချင်နေကြတယ်။ "
" ဒါဆို ချင်အင်ပါယာကရော အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို မသတ်နိုင်ဘူးလား။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ကောင်းကင်ကိုးခုအထက်မှာ နေပြီး သက်ရှိတွေကို တိရစ္ဆာန်တွေလို သဘောထားနေကြတယ်။ ချင်အင်ပါယာက အင်မော်တယ်ဘုံကို သိမ်းပိုက်ပြီး အဲ့ဒီနတ်ဆိုးလို အင်မော်တယ်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့ စွမ်းအားမရှိလူးလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ဘေးမှကွေ့ကူကျိက ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်လိုက်သည်။ ကျောက်ဖုန်းက ယခုလောက်ထိ ရည်မှန်းချက်ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အင်မော်တယ်ဘုံကို ပြန်လည်တိုက်ခိုက်ရဲသော သတ္တိ။ သူက ရှန်းကျိုးနယ်မြေတည်ရှိသရွေ့ ငြိမ်းချမ်းစွာ နေချင်ခဲ့သည်။ အင်မော်တယ်များနှင့် နတ်ဘုရားများကို သူတို့က အနိုင်ယူနိုင်ပါ့မလား။ ချင်အင်ပါယာက အင်မော်တယ်ဘုံကို ပြန်လည်တိုက်ခိုက်နိုင်ပါ့မလား။ ၎င်းကို တွေးမိသောအခါ ကွေ့ကူကျိက စိတ်လှုပ်ရှားသွားပြီး သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။