← Chapters

အခန်း ၁၅၁

Vol. 16 Ch. 151

အခန်း ၁၅၁

Vol. 16 Ch. 151

Chapter 151

ဂိုဏ်းချုပ်ကုကလည်း ပျံသန်းလာပြီး စုယွမ်ဘေးလာရပ်၏။ သူလည်း ဂိုဏ်း၏အလွန်လှပနေသောပုံရိပ်ကို ကြည့်ရှုရင်း ဆိုလာသည်။

“စုယွမ်၊ မင်း နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံတာက ထွက်လာပြီပဲ။”

ကုချင်းကျူးက ဆိုလာသည်။

“ဟုတ်တယ်။ ကိစ္စတစ်ခုခုဖြစ်သွားလို့လား။”

စုယွမ် မေးလိုက်သည်။

“ကိစ္စကြီးကြီးမားမားတော့မရှိပါဘူး။ ငါတို့ဂိုဏ်းနာမည်အကြောင်းလောက်ပါပဲ၊ ဂိုဏ်းနာမည်ပြောင်းလိုက်သင့်လား။”

ကုချင်းကျူးက ချောင်းဟန့်ကာ ဆက်ပြောလာသည်။

“အစဉ်အလာအတိုင်းဆိုရင်တော့ နာမည်ကို ရှစ်စဉ်အကြွင်းမဲ့ဂိုဏ်းလို့ပြောင်းသင့်တာ။”

“မလုပ်နဲ့၊ မလုပ်နဲ့။”

စုယွမ်မှာ ချက်ချင်း ခေါင်းခါ၍ တားမိရ၏။

“ကျွန်တော်က ခုနစ်ဆိုတဲ့ကိန်းဂဏန်းကို ကြိုက်တာ။ ရှစ်လို့သာပြောင်းလိုက်ရင် ကျွန်တော်တော့ တော်တော်လေးနေရထိုင်ရအဆင်မပြေဖြစ်မိမှာပဲ။”

ဂိုဏ်းချုပ်ကုကလည်း ခါးသက်သက်ပြုံးလာ၍ ဆိုသည်။

“ခုနစ်ကတော့ ထားလို့ရပါတယ်။ အကြွင်းမဲ့ကိုတော့ ပြောင်းရလိမ့်မယ်။ အဲ့ဒီဟာကို ကြယ်ကို ပြောင်းလိုက်ရင်ပိုအဆင်ပြေမလားလို့။”

စုယွမ်ရပ်တန့်သွားရ၏။

“ခုနစ်စဉ်ကြယ်ဂိုဏ်းလား။”

ကုချင်းကျူးက ဂိုဏ်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

“အခုကြည့်လေ၊ ဂိုဏ်းတစ်ခုလုံးက မင်းထိပ်သီးကျင့်စဉ်တွေကို သင်နေကြတာ။ အခြားတောင်ထိပ်ကတပည့်တွေတောင် သင်နေကြတယ်။ တကယ်တော့ ငါတို့ဂိုဏ်းရဲ့တောင်ထိပ်တွေကြားမှာ မမြင်ရတဲ့စည်းတစ်ခုအမြဲရှိခဲ့တာ၊ ဒါကို အကြီးအကဲတွေက မသိသာအောင်ဖိနှိပ်ထားခဲ့ရုံပဲ။ ဒါပေမဲ့ ဒါက အန္တာရယ်ဖြစ်လာနိုင်တယ်လေ။”

“အခုတော့ မင်းရဲ့ထိပ်သီးကျင့်စဉ်က တံတားအနေနဲ့ခင်းပေးလိုက်တော့ တပည့်တွေအချင်းချင်းကြား ပိုသဟဇာတရှိလာတယ်၊ ဂိုဏ်းတစ်ခုလုံးကလည်း တဖြည်းဖြည်းတသားတည်းဖြစ်လာသလိုပဲ။ အဲ့ဒီတော့ ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းဆိုတာကို အတိတ်မှာထားခဲ့ပြီး ခုနစ်စဉ်ကြယ်ဂိုဏ်းအဖြစ်ပဲ အနာဂတ်ကို သယ်သွားကြမယ်လေ။”

“ဒါ့အပြင် ခုနစ်စဉ်ကြယ်ဂိုဏ်းကလည်း မင်းထိပ်သီးကျင့်စဉ်တွေနာမည်နဲ့ကိုက်တာပဲ။ လူတွေကို ဂိုဏ်းနာမည်ကြားတာနဲ့ ငါတို့ဂိုဏ်းရဲ့အထူးပြုကျင့်စဉ်ကို သိသွားစေတာပေါ့။”

စုယွမ်မှာ ထူးဆန်းသောအမူအရာဖြစ်သွားပြီး ပြောလိုက်မိ၏။

“ဂိုဏ်းချူပ်ကု၊ ဂိုဏ်းနာမည်ကို ဒီလိုမျိုးပြောင်းလိုက်တော့ ဘိုးဘေးဆရာခင်က ကျွန်တော့်ကို ထမရိုက်လောက်ဘူးလား။”

ဂိုဏ်းချုပ်ကုကတော့ လက်သာဝေ့ပြလိုက်သည်။

“ဘိုးဘေးဆရာသခင်က အမွေတွေချန်ထားခဲ့ပြီးကတည်းက ဂိုဏ်းကို ရေရှည်ထိန်းသိမ်းဖို့အတွက် သတိပေးသွားခဲ့ပြီးသား။ ဂိုဏ်းကို ဒီအတိုင်းကြီး ရပ်တန့်မနေဘဲ ဆက်တိုက်တီထွင်ကြံဆနေဖို့ပေါ့။ တကယ်တော့ တောင်ထိပ်အသီးသီးကထိပ်သီးကျင့်စဉ်တွေဆိုတာလည်း အတိတ်ကအတိုင်းဘဲရှိနေပြီး အဆင့်မမြင့်ရတာကြာပြီ။ မင်းက ဒါကို ရှေ့ဆက်တိုးနိုင်အောင် လမ်းဖွင့်ပေးလိုက်တာပဲ။”

စုယွမ် သက်ပြင်းချလိုက်၏။

“အကြီးအကဲအဖွဲ့ကအစ ဒါကို ဆွေးနွေးပြီးသွားပြီထင်တယ်။ ဂိုဏ်းချုပ်တို့ သင့်တော်သလိုသာ ဆောင်ရွက်ကြပါဗျာ။”

“အမ်း၊ နောက်ပြီး နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်။”

ကုချင်းကျူးက ချောင်းဟန့်လိုက်ပြီး လေသံကလည်း အနည်းငယ်ရှက်ရွံ့နေပုံပင်။

“ဘာလဲ။”

စုယွမ် သတိတကြီး မေးလိုက်၏။

“ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းထဲ တောင်ထိပ်ခြောက်ခုလုံးက မင်းရဲ့ကျင့်စဉ်တွေကို လက်လျောညီထွေကျင့်ကြံနိုင်ကြတယ်၊ ဒါပေမဲ့ မိုးကြိုးတောင်ထိပ်ကတော့ အခက်တွေ့နေရတယ်။ မင်း မိုးကြိုးပညာကိုလေ့လာပြီး မင်းထိပ်သီးကျင့်စဉ်တွေနဲ့ပေါင်းပေးလို့မရဘူးလား။”

“ဘာ။”

စုယွမ် မျက်လုံးပြူးသွားရသည်။

“ကျွန်တော့်ထိပ်သီးကျင့်စဉ်တွေက အဲ့ဒီလိုလေးလွယ်လွယ်ထွင်လို့ရမယ် ခင်ဗျားထင်နေတာလား။”

“မရဘူးလား။”

ကုချင်းကျုးက ရှုပ်ထွေးသွားဟန်ပြလာ၏။

စုယွမ်မှာ ပါးစပ်တောင်တွန့်သွားရသည်၊ သူ့မှာ ကူရာမဲ့စွာသာ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

“ကျွန်တော်က အရာရာကိုသိနေတာမဟုတ်ဘူးလေဗျာ၊ လူတိုင်းမှာ အားနည်းချက်ဆိုတာရှိတာပဲ။”

ကုချင်းကျူးလည်း ဒါကိုကြားချိန် တစ်ခုခုနားလည်သွားဟန်ဖြင့် ပြောလာသည်။

“ဝိညာဉ်ကျောက်တုံးလိုတာမလား၊ ဟုတ်တယ်မလား။”

စုယွမ်မှာ ထိုစကားကိုကြားပြီး ရပ်တန့်သွားလျက် ကုချင်းကျူးကို ကြောင်အအသာကြည့်နေမိတော့သည်။

“မင်း ဈေးသတ်မှတ်လိုက်လေ။ ငါ မိုးကြိုးတောင်သခင်ကိုရှာပြီး ပေးခိုင်းလိုက်မယ်။ သူက တကယ် မင်းရဲ့ခုနစ်စဉ်ကြယ်ကျင့်စဉ်တွေကို ကျင့်ချင်နေရှာတာ၊ တော်တော်လေး စိတ်လှုပ်ရှားနေတာ။”

ကုချင်းကျူး ပြုံး၍ပြောလိုက်သည်။

စုယွမ်မှာ သက်ပြင်းသာချမိတော့သည်။

“ကျွန်တော့်ရဲ့ကျင့်စဉ်တွေက တကယ်တော့ ကောင်းကင်နဲ့မြေကြီးရဲ့အံ့ချီးဖွယ်နေရာတွေကို နားလည်ပြီးမှရလာတာ။ အခုလောလောဆယ်က မိုးကြိုးစွမ်းအင်နဲ့သက်ဆိုင်တဲ့ကောင်းကင်နဲ့မြေကြီးရဲ့အံ့ဖွယ်နေရာကိုမှ မတွေ့ရသေးတာ။ ကျွန်တော်လည်း တကယ်မတတ်နိုင်ဘူးလေ။”

“မိုးကြိုးစွမ်းအင်နဲ့ဆိုင်တဲ့ကောင်းကင်နဲ့မြေကြီးရဲ့နေရာလား။”

ကုချင်းကျူးမှာ အတွေးနက်သွားရသည်။

“ငါမှတ်မိသလောက်တော့ မိုးကြိုးတောင်ထိပ်ရဲ့ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဘိုးဘေးတစ်ယောက် မိုးကြိုးပင်လယ်မှာ ကျင့်ကြံနေတုန်းပဲ။”

ကုချင်းကျူးလည်း ခဏလောက် တွေးတောနေပြီးမှ မျက်ဝန်းများတောက်သွားလေ၏။

“ ငါ ဂိုဏ်းရဲ့ဆက်သွယ်ရေးနည်းလမ်းတွေသုံးပြီး သူ့ကိုဆက်သွယ်ကြည့်လိုက်မယ်။ အဲ့ဒီမှာ ထူးခြားမဲ့အရာတစ်ခုခုရှိလောက်မယ်။ ဂိုဏ်းရဲ့ဘိုးဘေးက မင်း ကျင့်ကြံနိုင်ဖို့ အဖော်ပြုပေးလိမ့်မယ်။”

“အဲ့ဒီလောက် ဒုက္ခများဖို့မလိုပါဘူး၊ တကယ်လို့ အဲ့ဒီဘိုးဘေးသာ မိုးကြိုးနဲ့ပတ်သက်တဲ့ရတနာတစ်ခုခုကိုသာ ရှာတွေ့ခဲ့ရင် ကျွန်တော့်နာမည်ကို ခေါ်ခိုင်းလိုက်ပါ။ အဲ့ဒီလိုဆို ကျွန်တော် အဝေးကနေလည်း ကောင်းကင်နဲ့မြေကြီးရဲ့အံ့ချီးဖွယ်ကိုကြည့်လို့ရသွားပြီ၊ ကျွန်တော် တစ်ခု၊နှစ်ခုလောက်တော့ နားလည်နိုင်လောက်မှာပါ။”

စုယွမ်ပြောလိုက်သည်။

ကုချင်းကျူးလည်း ဒါကိုကြားမှ ချက်ချင်း သဘောပေါက်သွားရသည်။ သူ နောက်ဆုံးတော့ စုယွမ်က ဘာလို့ မြူနှင်းငွေ့နတ်ဆိုးနှင့် မာန်နတ်ဆိုးကိုသတ်နိုင်သွားသလဲဆိုတာရှင်းသွားရချေပြီ။ ဤသို့သော် စွမ်းရည်မျိုးရှိနေတာ တကယ်ကို ကောင်းချီးပါပေ။

“ငါနားလည်ပြီ၊စောင့်နေလိုက်ပါ။”

ဂိုဏ်းချုပ်ကုက ချက်ချင်း ပင်မတောင်ထိပ်ဆီ ပျံသန်းသွားတော့သည်။

“နေဦး၊ မိုးကြိုးတောင်သခင်ကိုပြောပေးပါဦ။ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးတစ်သိန်းဆိုရင်လုံလောက်ပြီလို့။ အရမ်းများများစားစားတွေမလိုပါဘူး။”

စုယွမ် လှမ်းအော်ပြောလိုက်သည်။

ဂိုဏ်းချုပ်ကု၏နှုတ်ခမ်းထောင့်ကလည်း ချက်ချင်းကွေးတက်သွားလျက် ပြန်ပြောလာသည်။

“အဆင်ပြေတယ်။ ဒါကိစ္စသေးသေးလေးပါ။”

စုယွမ်လည်း ခေါင်းညိတ်ပြလိုက်သည်။

ဂိုဏ်းချုက်ကု ဝေးဝေးမရောက်ခင်မှာတင် ဆေးဝါးဆိုင်ရာတောင်ထိပ်မှ အလင်းတစ်ခုက ထွက်ပေါ်လာ၏။

ထောင်ယောင်ယောင်က စုယွမ်နံဘေးပေါ်လာလေသည်။

“အဟမ်း။”

ထောင်ယောင်ယောင်က သူ့ကို စူးစိုက်ကြည့်လာ၏။

“အစ်မထောင်၊ ဘာကိစ္စများရှိလို့လဲ။”

စုယွမ် မေးလိုက်သည်။

ထောင်ယောင်ယောင်ကလည်း မက်မွန်ပွင့်လေးအလားအပြုံးအနုနုတစ်ခုကို ထုတ်ဖော်လို့ ဆိုလာသည်။

“မင်း အစ်မပြောဖူးတဲ့ ဆေးပညာအခမ်းအနားကို မှတ်မိလား။”

“ဟုတ်၊ အစ်မပြောထားတာ မှတ်မိပါတယ်။”

စုယွမ်လည်း ခေါင်းညိတ်ပြလိုက်သည်။

သူ ယခင်ကတော့ လေလွှင့်ကျင့်ကြံသူအဖြစ်ဟန်ဆောင်ကာ ပထမနေရာယူ၍ ကျော်ကြားမှုအမှတ်ကို စုဆောင်းရန် တွေးခဲ့သည်။ သို့သော် ယခုတွင်တော့ ကျော်ကြားမှုအမှတ်ကို စုဆောင်းနိုင်မည့်နောက်ထပ်နည်းလမ်းကောင်းကို တွေ့ထားသလို ဝေဟင်ကမ္ဘာပန်းကန်လုံးကိုလည်း သန့်စင်ပြီးဖြစ်ရာ ထိုတွင် ဝင်ပြိုင်ရန်စိတ်မဝင်စားတော့ပါပေ။

“မင်း ပြိုင်ပွဲကို လာပြီး ဒိုင်လူကြီးလုပ်ပေးပါလား။”

ထောင်ယောင်ယောင်က ရုတ်တရက်ပြောလာသည်။

“ဘယ်လို။”

စုယွမ်မှာ ကြောင်အသွားရသည်။

“ကျွန်တော်က ဒိုင်လူကြီးလုပ်ရမှာလား၊ လာနောက်နေတာလားဗျာ။”

စုယွမ် ထိတ်လန့်တကြီးပြောလိုက်၏။

ထောင်ယောင်ယောင်လည်း တည်ငြိမ်စွာသာ ခေါင်းညိတ်ပြလာသည်။

“ငါတော့ ငါအရင်က စားဖူးတဲ့ထိပ်တန်းအဆင့်ဆေးလုံးတွေထက် မင်းလုပ်တဲ့ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးတွေက ပိုများတာ သေချာတယ်။ အဲ့ဒါကြောင့် မင်း ဒိုင်လူကြီးလုပ်တာ ဘာပြဿနာမှမရှိဘူး။”

“မဟုတ်သေးပါဘူး။ ဒိုင်လူကြီးလုပ်ဖို့က ဆေးတာအိုနဲ့ပတ်သတ်တဲ့အောင်မြင်မှုကြီးကြီးမားမားရှိဖို့လိုတယ်မဟုတ်ဘူးလား။”

စုယွမ် သံသယဖြင့် ပြန်မေးလိုက်မိသည်။

“ခုနစ်စဉ်ကြယ်ဂိုဏ်းရဲ့နယ်မြေထဲမှာတော့ ငါတို့စကားက နောက်ဆုံးအဆုံးအဖြတ်ပဲ။”

ထောင်ယောင်ယောင်က သာမာန်လျှံကာသာဆိုလာ၏။

All Chapters