အခန်း ၁၅၃
Vol. 16 Ch. 153
Chapter 153
ဝိညာဉ်အသွင်းကူးပြောင်းခြင်းအဆင့်နတ်ဘုရားအာရုံတစ်ခုက သူ့ဆီအာရုံခံလာ၏။
နောက်တစ်ခိုက်တန့်တွင် လူအိုကြီး၏ခန္ဓာကိုယ်မှ ပြင်းထန်လှသောဖိအားတစ်ရပ်ထွက်ပေါ်လာပြီး ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းပစ်တော့လေသည်။
လူတိုင်း၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားတော့၏။
စောင့်ကြည့်စင်ရှိ အခြားဂိုဏ်းမှ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ကျင့်ကြံသူများရော၊ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရှိဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်များကပါ အနှီလူအိုကြီးကို ထိတ်လန့်တကြီးကြည့်မိလိုက်ကြသည်။
“ဒါ၊ ဒါ လေဟာနယ်အဆင့်လား။”
“မဟုတ်သေးပါဘူး၊ ဖြစ်မှမဖြစ်နိုင်တာ။”
“မိစ္ဆာအိုကြီး၊ မိစ္ဆာအိုကြီးတစ်ယာက်က ဆေးပညာအခမ်းအနားမှာပေါ်လာတာလား။”
“ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းကတော့ တကယ့်လူတွေကိုဖွက်ထားတာပဲဟေ့။ သူတော်ကောင်းဂိုဏ်းတွေရဲ့ခေါင်းဆောင်ဆိုတဲ့နာမည်နဲ့ကိုက်ညီပါပေတယ်။”
ကုချင်းကျူးမှာတော့ အနှီလူအိုကြီးကိုကြည့်ရင်း ကြောင်အမ်းနေသည်။ သူ တုန်ရီနေလျက် အမတအကြီးအကဲနန်ကုန်းကို လှည့်ကြည့်လိုက်ပြီး ရှင်းပြချက်တောင်းလိုက်သည်။
အမတအကြီးအကဲနန်ကုန်းမှာ ပါးစပ်တောင်တွန့်သွားရ၏။ သူလည်း ရင်းနှီးနေသောအရှိန်အဝါနှင့်ဖိအားကိုအာရုံခံမိလိုက်သည့်အတွက် ကုချင်းကျူးကို စိတ်မပူရန်သာ လက်ဝှေ့ယမ်းပြလိုက်သည်။
စုယွမ်တော့ တည်ငြိမ်နေပေသည်။ သူ ပုံစံပြောင်းထားသည်ဖြစ်ရာ သူ၏ပုံစံအစစ်အမှန် အပြင်လောကသို့ ပေါ်ထွက်မည့်အရေးကိုစိတ်ပူစရာမလိုတော့သည်လေ။
လူအိုကြီးပုံပေါက်နေသောစုယွမ်မှာ ဖိအားများကိုပြန်ရုတ်သိမ်း၍ ချောင်းထပ်ဆိုးကာ လေထုအလယ်မှတဆင့် ကွင်းပြင်၏အလယ်သို့လျှောက်လာခဲ့လိုက်သည်။
ကွင်းပြင်တစ်ခုလုံးမှာ တိတ်ဆိတ်နေလျက် စုယွမ်ကိုသာ စိုက်ကြည့်နေကြလေ၏။
စုယွမ်ကတော့ လူတိုင်းကို တည်ငြိမ်စွာဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီလူအိုကြီးရဲ့မျိုးရိုးက စုပါ။ ငါက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေတာ၊ နောက်ပြီး တိုက်ခိုက်စွမ်းရည်ကလည်းသိပ်မကောင်းဘူး။ ငါနဲ့အဆင့်တူတွေကြားမှာဆိုရင် ငါကအောက်ဆုံးကပဲလေ။ နောက်ပြီး ဆေးပညာမှာလည်း နည်းနည်းလောက်ပဲသိတာပါ။ ဒီနေ့တောင် ငါရဲ့ဘဝသက်တမ်းကလည်း မကြာခင်အဆုံးသတ်တော့မယ်ခံစားနေရတယ်။ ငါ့မှာ သက်တမ်းသုံးရာပဲကျန်တော့တယ်လေ။”
“ငါလည်း အချိန်အကြာကြီး သီးသန့်နေခဲ့ရတော့ နည်းနည်းလောက်လှုပ်လှုပ်ရှားရှားလုပ်ချင်တာနဲ့၊ နောက်ပြီး ဆေးပညာအခမ်းအနားကလည်း စနေပြီကြားတာနဲ့ ဒီလူအိုကြီးက အရှက်မရှိ အခမ်းအနားမှုးနေရာရဖို့တောင်းဆိုလိုက်ရတာပါ။ ငါလည်း မင်းတို့အကုန်လုံးနဲ့ ဆေးပညာအကြောင်းဆွေးနွေးနိုင်ဖို့မျှော်လင့်ပါတယ်။ နောက်ပြီး မင်းတို့ဆီက လတ်လတ်ဆတ်ဆတ် လူငယ်အငွေ့အသက်လေးတွေကိုရောခံစားနိုင်ဖို့ရောပေါ့။”
ဝိညာဉ်အသွင်းကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဝင်ပြောလာခဲ့သည်။
“အကြီးအကဲစုက တကယ်ပွင့်လင်းတာပဲ။”
စုယွမ်လည်း လက်ဝှေ့ယမ်းပြလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
“ဟားဟား၊ ဒီလူအိုကြီးပေါ်လာတာနဲ့ တချို့လူတွေက ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ဘူးထင်တယ်။ ငါ့သက်တမ်းကလည်း ကုန်တော့မှာပါ။ ဒါပေမဲ့ ငါ့ဂိုဏ်းကိုတော့ လာမဲ့ဒီနှစ်ရာချီလေးအတွင်း ဘာပြဿနာမှတော့မဖြစ်စေချင်ဘူးရယ်။ မဟုတ်ရင် ငါကလည်း ဒီအိုဆွေးနေတဲ့အရိုးတွေကိုသယ်ပြီး လူတချို့က အကွက်ကလေးနည်းနည်းပြလိုက်ဖို့ဝန်မလေးဘူးနော်။”
သူ စကားများထွက်လာသည်နှင့် ဂိုဏ်းများစွာရှိကျင့်ကြံသူများမှာ ထိတ်လန့်သွားကြတော့သည်။
ဝိညာဉ်အသွင်းကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးမှာ အန္တာရယ်များလိုက်တာဟူသောစကားကိုသာ တစ်ကိုယ်တည်း တွင်တွင်ရွတ်နေမိ၏။
ဤသို့သော သက်တမ်းကုန်ချိန်နီးလာသောလူအိုကြီးများမှာ သွားမထိသင့်သည့်အရာများထဲထိပ်ဆုံးဖြစ်သည်လေ။
လူတိုင်းမှာလည်း အချင်းချင်းကြည့်မိလျက် အတွေးတစ်ခုကို ရရှိသွားကြ၏။
ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းကိုကား လာမည့်နှစ်သုံးရာအထိ သွား၍မစော်ကားသင့်ဟူသည့်အကြောင်းကိုပင်။ ထိုသူမှာ ဆေးပညာနယ်ပယ်က လေဟာနယ်အဆင့်ဘိုးဘေးကြီးဖြစ်၍ရာ အရမ်းမခြိမ်းခြောက်နိုင်၍သာတော်တော့သည်။
စုယွမ်လည်း ဆက်ပြောလိုက်သည်။
“ကောင်းပြီ။ ဒီနေ့အခမ်းအနားလေးစကြတာပေါ့။ ငါက ဆေးပညာကို နှစ်ပေါင်းတစ်သိန်းတိုင်တိုင်လေ့လာခဲ့တာ။ အဲ့ဒီတော့ ဒီနေ့အခွင့်အရေးကိုယူပြီး ဆေးပညာအတွေ့အကြုံလေးတချို့ကို အခမ်းအနားအဆုံးကျရင်မျှဝေပေးမယ်။”
“ဒီအခမ်းအနားကို သုံးပိုင်းခွဲထားမယ်။ ပထမအပိုင်းက ပါရမီတွေရဲ့ပြိုင်ပွဲပဲ။ အသက်တစ်ရာအောက်ပါရမီရှင်တိုင်းက အရည်အချင်းတွေကိုအစွမ်းကုန်ထုတ်ပြနိုင်တယ်။ အားအကောင်းဆုံးသူက ပထမနေရာအောင်ပွဲကိုဆွတ်ခူးနိုင်မယ်။”
“ဒုတိယအပိုင်းကတော့ လူတိုင်းလွတ်လပ်စွာစကားပြောဆို၊ အတွေ့အကြုံတွေဖလှယ်နိုင်မဲ့ ပွဲတစ်ခုလုပ်ပေးမယ်။”
“တတိယအပိုင်းအနေနဲ့ ဒီလူအိုကြီးက ရှက်ရွံ့စွာနဲ့ပဲ ဆေးပညာအတွေ့အကြုံတွေအမြင်တွေကို မျှဝေပေးသွားပါ့မယ်။ နောက်ပြီး ပြိုင်ပွဲမှာ အနိုင်ရသူနဲ့ အတွေ့အကြုံတွေကအမျှဝေဆုံးတာအိုရောင်းရင်းလေးသုံးယောက်အတွက် ငါကိုယ်တိုင် ဆေးဝါးသန့်စင်ပေးပါ့မယ်။ လူတိုင်းလူတိုင်း အကောင်းဆုံးကြိုးစားကြမယ်လို့မျှော်လင့်ပါတယ်။ ဒီနေ့ခေတ်ရဲ့တိုးတက်မှုတွေကို မြင်နိုင်သွားအောင်လုပ်ပြကြပေါ့။”
စုယွမ် ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
“ပထမပိုင်းကတော့ တအားရိုးရှင်းပါတယ်။”
စုယွမ် လက်ဝေ့လိုက်ရာ ကောင်းကင်တွင်အပေါက်ကြီးတစ်ခုဖြစ်သွားပြီး ကြီးမားသောသုံးချောင်းထောက်ဒယ်အိုးကြီးတစ်ခု ပေါ်လာ၏။
ပဥ္စအဆင့်အရှိဆေးဖော်စပ်ရာဒယ်အိုကြီး ထွက်လာသည်နှင့် ကျင့်ကြံသူများစွာ၏မျက်နှာမှာ အရောင်အမျိုးမျိုးပြောင်းသွားတော့သည်။
“ဒါကတော့ ပဥ္စအဆင့်ရှိတဲ့ဆေးဖော်စပ်ဖို့အိုးကြီးပေါ့။ သူ့အထဲမှာကို နေရာလွတ်အများကြီးပါတယ်။ မင်းတို့ အထဲကိုဝင်ပြီး ဆေးဝါးတွေသန့်စင်ဖော်နိုင်တယ်။ အထဲမှာလည်း မီးဝိညာဉ်စွမ်းအင်တွေအများကြီးရှိပြီး ဆေးဖော်ဖို့အတွက် အသင့်တော်ဆုံးပတ်ဝန်းကျင်နဲ့ အကောင်းဆုံးကုန်ကြမ်းတွေရှိတယ်။ မင်းတို့ဒီထဲမှာ ခုနစ်ရက်သုံးပြီး ဆေးဖော်စပ်နိုင်တယ်။ အောင်အောင်မြင်မြင်ဖော်စပ်ပြီးတာနဲ့ အထဲကဝိညာဉ်အစောင့်အရှောက်က အမှတ်ပေးလိမ့်မယ်။ မင်းတို့သာ ဆေးဝါးများများနဲ့အဆင့်မြင့်မြင့်ဖော်စပ်နိုင်သရွေ့ အမှတ်လည်းများများရမှာပဲ။ နောက်ဆုံးအမှတ်အများဆုံးသူက ပြိုင်ပွဲမှာ ပထမနေရာကိုရရှိမယ်။”
စုယွမ်လည်း ရာကျော်သောဆေးပညာပါရမီရှင်လေးများကို ပြုံးပြလိုက်၏။
“မင်းတို့ရဲ့ကိုယ်ပိုင်ဆေးကျင့်စဥ်တွေ၊နည်းလမ်းတွေပေါ်သွားမှာကြောက်စရာမလိုပါဘူး။ ဒီလူအိုကြီးက မင်းတို့ရဲ့ထူးခြားတဲ့ကျင့်စဥ်ဆိုတာလေးတွေကို လုံးလုံးစိတ်မဝင်စားဘူးလေ။ အပြင်လောကကလည်း မင်းတို့ဆေးဖော်စပ်နေတဲ့လုပ်ငန်းစဥ်ကိုမြင်ရမှာမဟုတ်ဘူး။ အဲ့ဒီအစား အမှတ်ပေါင်းနဲ့အဆင့်သတ်မှတ်ချက်တွေကိုပဲမြင်ရလိမ့်မယ်။ မင်းတို့ ငါ့ကို အံ့သြစရာလေးတွေပေးဖို့မျှော်လင့်ပါတယ်။”
ရာချီသောပါရမီရှင်လေးများမှာ ထိုမျှသာ စိတ်သာသာရရှိသွားကြသည်။ သူတို့၏အမြင်တွင် ဤသို့သော ဂုဏ်သရေရှိလေဟာနယ်အဆင့်ကျင့်ကြံသူကြီးတစ်ယောက်က သူတို့၏ကိုယ်ပိုင်နည်းလမ်းလေးများကိုလုံးဝစိတ်ဝင်စားမည်မဟုတ်၊ ထို့ကြောင့် ဤပြိုင်ပွဲတွင် သူတို့သိမျှ၊တတ်သမျှအလုံးစုံကိုထုတ်ပြရန် အခွင့်ရှိသွားပေပြီ။ ထိုအတူ ပြန်လည်ရရှိမည့်ဆုကလည်း လွန်စွာစိတ်လှုပ်ရှားဖွယ်ကောင်းလှပါ၏။