အခန်း ၁၅၅
Vol. 16 Ch. 155
Chapter 155
စုယွမ်လည်း ချက်ချင်းပျော်ရွှင်သွားရသည်။
တကယ်အချီကြီး ရောက်ရှိလာလေပြီ။
လီချင်းလျန်သုံးသော လှုပ်ရှားမှုတိုင်းကတောင် ပြောင်းလဲသွားလျက်၊ လှုပ်ရှားမှုတစ်ခုချင်းစီးက ကောင်းကင်နှင့်မြေကြီးနှင့် တသားတည်း လိုက်လျောညီထွေဖြစ်နေလေသည်။ ကောင်းကင်နှင့်မြေကြီးရှိချီစွမ်းအင်များကလည်း သူမကြောင့်လှုံဆော်ခံလိုက်ရပြီး မီးပြင်းဖိုထဲသို့ တိုးဝင်သွားကြသည်။
အထဲရှိဆေးကလည်း ထူးဆန်းစွာဖြင့် တစ်ခုခုကို ကြုံလိုက်ရသည့်အလား ချက်ချင်း ဆေး၏အရည်အသွေးက ထိုးတက်လာလေ၏။
စုယွမ် ဝမ်းသာသွားရသည်။ ဤဆေးပညာကျင့်စဉ်မှာကား တကယ်ကို ထူးချွန်လှပေ၏။ ဤသည်မှာ မည်သည့်ဂိုဏ်း၏လျှို့ဝှက်ကျင့်စဉ်များနည်း၊ အလွန်လွယ်ကို ထွက်ပေါ်လာသည်ပေ။
စုယွမ်မှာ လီချင်းလျန်ကို အထင်ကြီးသွားရသည်။ အနှီမိန်းကလေးမှာ မိုက်မဲစွာဖြင့် အောင်မြင်မှုကို ရှုးသွပ်နေသူပင်၊ စုယွမ်ကလည်း ထိုသည်မျိုးကို သဘောကျလှပါ၏။
နောက်ဆုံးလှုပ်ရှားမှုပြီးဆုံးသွားချိန်တွင် မီးပြင်းဖို၏အဖုံးမှာ ပွင့်လာသည်။ ထိုထဲမှ တတိယအဆင့်အနိမ့်တန်းဆေးဝါးတစ်လုံးက အစီအရင်နှစ်ခုဖြင့်ထွက်လာကြ၏။ ဆေးလုံး၏သန့်စင်လှသောအမွှေးရနံ့ကလည်း ချက်ချင်း သင်းပျံ့သွားတော့၏။
ဆေးဝါးထဲမှ စွမ်းအင်ပြည့်ဝလှသောဝိညာဉ်အနှစ်များ ထွက်လာပြီး ဝေဟင်ကမ္ဘာပန်းကန်လုံးဆီမှ စုပ်ယူခံလိုက်ရပေသည်။
ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ စုယွမ်ထံမှ သန့်စင်ခံရပြီးကလည်းက အခြားသူများသန့်စင်သောရတနာများကတောင် ဝိညာဉ်အနှစ်တို့ကို စုပ်ယူလာနိုင်ခဲ့သည်။ ဤသည် အင်မတန်ကို မှော်ဆန်လှသည်ပေ။
လီချင်းလျန် ဆေးလုံးကို ထုတ်လိုက်သည်နှင့် သူမ၏အဆင့်မှာ ချက်ချင်းထိုးတက်သွားပြီး ပထမနေရာကို တန်းရောက်သွားတော့သည်။
အချိန်အားဖြင့်လည်း ယနေ့ဆိုလျှင် လေးရက်မြောက်ဖြစ်နေချေပြီ။
သူမ၏ရုတ်တရက်အဆင့်တက်လာမှုက အခြားသောပါရမီရှင်များ၏အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့၏။
“တစ်ယောက်ယောက်တော့ တကယ်ကြီးပွဲကြမ်းနေပြီထင်တယ်။”
“သူတို့က တစ်ခါတည်းနဲ့ အမှတ်သုံးထောင်လောက်ကိုရသွားတာပဲ။ ဘယ်အဆင့်ဆေးကိုများ သန့်စင်နိုင်သွားလို့လဲ။”
ပါရမီတစ်ဦးက အံ့ဩတကြီးမေးလာခဲ့သည်။
ဘေးနားရှိလောင်ချမ်ကလည်း ဖြေပေးလာ၏။
“တတိယအဆင့်အနိမ့်တန်း အစီအရင်နှစ်ခုပါအဝါရောင်ဆေးလုံးပါ။”
ပါရမီရှင်လေးမှာ ကြောင်အသွားပြီး နောက်တွင် အမူအရာကလည်း ချက်ချင်းလေးနက်သွားတော့သည်။ သူလည်း ရုတ်ချည်း သူသာ စွမ်းရည်တချို့ကို အလေးအနက်မပြသခဲ့ပါလျှင် ပြိုင်ပွဲပထမရဖို့မပြောနှင့် ထိပ်တန်းဆယ်ယောက်တောင်ဝင်နိုင်မည်မဟုတ်ကြောင်း သဘောပေါက်သွားရ၏။
ထို့အတွက် သူလည်း တွေဝေမနေတော့ဘဲ ချက်ချင်း နောက်ထပ်ဆေးလုံးတစ်လုံးကို သန့်စင်ရန်ပြင်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူ၏အသိစိတ်ပင်လယ်ထဲ၌ ဆေးဖော်စပ်ရာဒယ်စောက်ကြီးတစ်ခုက စိတ်ဝိညာဉ်အာရုံကို လှုံ့ဆော်ကာ မူမှန်သောစွမ်းအင်စီးဆင်းမှုများဖြစ်လာခဲ့လေသည်။
သူ၏စိတ်ဝိညာဉ်အာရုံများက မီးပြင်းဖိုထဲစီရောက်သွားကြချိန်တွင်တော့ အထဲရှိဆေးဝါးမှာ ရုတ်ချည်း တိုးတက်ပြောင်းလဲလာတော့၏။
လောင်ချမ်ကလည်း ဘေးတွင် ထိုမြင်ကွင်းကို ပြောင်ပြောင်တင်းတင်းသာ ကြည့်နေခဲ့ပေ၏။ သူ လူတစ်ယောက် ဆေးပညာတွင် ထိုသို့ စွမ်းပကားမျိုးရှိမည်ဟုထင်မထားခဲ့ပါပေ။ ထိုသို့ စိတ်ဝိညာဉ်အာရုံကို အားဖြည့်ရန်ပုံရိပ်ယောင်ဒယ်စောက်ကိုသုံးခြင်းမျိုးက ဝိညာဉ်ဆေး၏အရည်အသွေးကိုချက်ချင်းကောင်းသွားစေသည်ပင်။
ဤပါရမီရှင်လေးသာမက အခြားလူများကလည်း လျှို့ဝှက်ကျင့်စဉ်များကို ထုတ်ပြလာကြတော့သည်။
ထို့သို့သော အထူးကျင့်စဉ်နည်းလမ်းတို့မှာ စုယွမ်ထံ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာရာ စုယွမ်မှာ မူးဝေတောင်လာရ၏။
သူလည်း သေချာအာရုံစိုက်ကြည့်ရှုလိုက်သည်။ အနှီဆေးပညာကျင့်စဉ်များမှာ အားလုံးမှာ များသောအားဖြင့် အင်အားစုအမျိုးမျိုး၏သေချာဖုံးကွယ်ခြင်းခံထားရသော အဖိုးတန်များပေ။
သို့သော် ယခုတွင်တော့ ၎င်းတို့က သူရှေ့တစ်ခုပြီးတစ်ခု လွယ်လွယ်ပေါ်လာလေ၏။
ဤလူများက တကယ်ပဲ သူတို့၏ကျင့်စဉ်အခိုးခံရမည်ကို မစိုးရိမ်ကြသည်လား။
သို့မဟုတ် လေဟာနယ်အဆင့်ဆေးပညာရှင်ဟူသောဂုဏ်ပုဒ်မှာ ကြီးကျယ်လွန်းလှ၍ သူတို့က သူ့ရှေ့တွင် အစွမ်းကုန်ထုတ်ပြချင်ကြချင်လား။
သို့မဟုတ် သူစီစဉ်သွားသည်များက မြန်လွန်း၍ သူတို့၏အကြီးအကဲများမှာ ကိစ္စရပ်များကို သတိပေးညွှန်ကြားရန်တောင် အချိန်မလုံလောက်ဖြစ်သွားရခြင်းလား။
သို့သော် မည့်သည့်အကြောင်းပြချက်ဖြစ်စေကာမူ စုယွမ်ကတော့ ဂရုမစိုက်။ အရေးအကြီးဆုံးအချက်မှာ သူမြန်မြန် ထိုကျင့်စဉ်တို့ကို နားလည်နိုင်ဖို့ပင်။
စင်စစ်တွင် သာမာန်လူတစ်ယောက်အတွက် နက်နဲလှသောလျှို့ဝှက်ကျင့်စဉ်များကို ဘေးတွင်ထိုင်ကြည့်ရုံဖြင့် နားလည်နိုင်ရန် အလွန်ခက်ခဲလှ၏။ မဟုတ်ပါက လျှို့ဝှက်ကျင့်စဉ်များကို လေ့လာဖို့ ရာစုနှစ်များစွာအချိန်ပေးရသည်ဟုသည့်စကားမျိုးတောင် ထွက်မလာလောက်ပါပေ။
အကယ် ဤကဲ့သို့သောအမွေအနှစ်များဟာ ထိုင်ကြည့်နေရုံတင်မကဘဲ ရှင်းလင်းပြတ်သားစွာရေးသားထားသော ကျမ်းစာအုပ်ကြီးလာပေးလျှင်တောင် တတ်မြောက်နိုင်ဖို့အတွက် နှစ်ရာချီတော့ကြာပေလိမ့်မည်သာ။
အကယ်၍ လူတစ်ယောက်ဟာ လျှို့ဝှက်ကျင့်စဉ်တစ်ခုဆောင်ရွက်နေသည်ကို ဘေးတွင်ထိုင်ကြည့်ရုံဖြင့်နားလည်နိုင်ဖို့ဆိုလျှင် မည်မျှကြောက်မက်ဖွယ်ကောင်းသောနားလည်နိုင်စွမ်းမျိုးလိုအပ်ပါသနည်း။