အခန်း ၁၅၈
Vol. 16 Ch. 158
Chapter 158: အံ့လောက်ဖွယ်ဆေးလုံး၊ အံ့လောက်ဖွယ်စျေးနှုန်း။
လူတိုင်းမှာ ဆေးလုံး၏အာနိသင်ကို သိချင်နေကြတော့၏။
စုယွမ်လည်း ခဏမျှတွေးလိုက်ပြီး လက်ကိုယမ်းကာ ခုနစ်စဉ်ကြယ်ဆေးလုံးကို လီချင်းလျန်ဆီ ပျံသန်းသွားစေလိုက်သည်။
“သောက်ပြီး အာနိသင်ကို စမ်းကြည့်ပါဦ။ ငါလည်း ဒီအာနိသင်နဲ့ဆေးကို ပထမဆုံးစမ်းလုပ်ဖူးတာဆိုတော့၊ သူ့ရဲ့ရလဒ်ကို သေချာမရှင်းသေးလို့လေ။”
စုယွမ် တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
ဤအရာက အသစ်ဖန်းတီးထားသောဆေးလုံးဖြစ်မှန်းသိလိုက်ရတော့ လီချင်းလျန်၏အမူအရာမှာ ပြောင်းလဲသွားရသည်။
သူမ နှင်းဓါးအကြီးအကဲကို လှည့်ကြည့်လိုက်မိ၏။
နှင်းဓါးအကြီးအကဲ၏မျက်နှာတွင် မည်သည့်အမူအရာမှမပြဘဲ ဘာအချက်ပြတာမှလည်း မရှိပေ။
လီချင်းလျန်လည်း သေချာပြန်ပြောလိုက်၏။
“နားလည်ပါပြီ၊ အကြီးအကဲစု။”
ဤဆေးလုံးမှာကား လေဟာနယ်အဆင့်အကြီးအကဲတစ်ဦး၏လက်ရာပင်။ ထို့အပြင် သူမ၏အကြီးအကဲလည်းရှိနေသလို အင်အားကြီးကျင့်ကြံသူနှစ်ဦးပါ ဘေးတွင်ရှိနေလေရာ ဘာများဖြစ်နိုင်ဦးမည်တုန်း။
သူမလည်း တင်ပျင်ခွေထိုင်ရင်း ပါးစပ်ဖွင့်ကာ ခုနစ်စဉ်ကြယ်ဆေးလုံးကို မျိုချလိုက်တော့၏။
ထူးဆန်းသောအကြည့်တစ်မျိုးက စုယွမ်၏မျက်ဝန်းများထဲဖြတ်ပြေးသွားလေသည်။ ထိုဆေးလုံးမှာ လျှို့ဝှက်ကျင့်စဉ်များစွာကို ပေါင်းစပ်ထားသော၍ရလာခြင်းဖြစ်ပြီး ထိုမှတဆင့် ကိုးခြယ်နှီးနွှယ်အမတငါး၊ ခုနစ်စဉ်ကြယ်နှင့် ဝေဟင်ကမ္ဘာပန်းကန်လုံးတို့၏အစွမ်းကိုပါ သုံး၍ မွမ်းမံထားသလို ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များကိုလည်း ချေးယူထားခြင်းပါပေ။
အရိုးသားဆုံးပြောရပါလျှင် သူ ဆေး၏အာနိသင်ကို သူ့စိတ်ထဲခန့်မှန်းထားရုံသာဖြစ်သည်၊ အတိအကျအာနိသင်ကို သူလည်း မသေချာပါချေ။
လီချင်းလျန်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အလယ်ပိုင်းအဆင့်ရှိသူ၊ မီးသစ်သားနှစ်ခုစပ်အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်ဖြစ်ပြီး အခြေခံအုတ်မြစ်ကိုလည်း အမြင့်တန်းစားကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သူမ ဆေးလုံးကို မြိုချလိုက်ချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားရှိ ချီစွမ်းအင်များက ရုတ်ချည်း သူမဆီ တိုးဝင်လာကြတာကို ခံစားလိုက်ရသည်၊
စုယွမ်စိတ်ထဲ တင်းကြပ်သွားရပြီး သူလည်း ဝိညာဉ်စွမ်းအင်စုဆောင်းခြင်းအဆင့်အစီအရင်တစ်ခုကို ချပေးထားလိုက်၏။
နှင်းဓါးအကြီးအကဲကလည်း ချက်ချင်း ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ လီချင်းလျန်ဘေးတွင် စီ၍ ချီစွမ်းအင်ပြတ်တောက်မသွားစေရန် ကူညီလိုက်သည်။
အခြားလူများကလည်း ဆေးလုံး၏အာနိသင်ကို အလွန်စိတ်ဝင်စားနေကြ၏။
လီချင်းလျန်၏အရှိန်အဝါကို ရုတ်ချည်းထိုးတက်လာသည်။
လူတိုင်းက ယခုထိတိုင် တည်ငြိမ်နေဆဲဖြစ်သည်။ အလွန်အံ့ချီးဖွယ်ဆေးဖော်စပ်ရာဖြစ်စဉ်တောင် ဖြစ်ခဲ့ပြီးမှ ဒီလိုရလဒ်ကလည်း အံ့ဩစရာမရှိပါပေ။
သို့သော် မကြာမီခင် သူတို့ လီချင်းလျန်၏အရှိန်အဝါမြင့်လာပုံမှာ အရမ်းများနေကြောင်း ခံစားလာရလေသည်။
အတွေ့အကြုံရှိသည့်ကျင့်ကြံသူတစ်ယောက်က ထပြောလာ၏။
“ဒီဆေးလုံးက ခန္ဓာကိုယ်သန့်စင်တဲ့အာနိသင်ရှိတာပဲ။ ဒီရောင်းရင်းလေးရဲ့ခန္ဓာကိုယ်အင်အားကို ပိုကောင်းလာပြီ။”
“ရုပ်ခန္ဓာကိုယ်တင်မကဘူး၊ သူမရဲ့စိတ်ဝိညာဉ်အာရုံကလည်း တိုးလာတာပဲ၊ အနည်အနှစ်တွေတောင် သန်မာလာတဲ့ပုံဆိုတော့ ဒါကြီးက အဖက်ဖက်က ပြည့်စုံလာတာမဟုတ်ဘူးလား။”
လူတိုင်း၏အကြည့်အောက်မှာပင် နာရီဝက်လေးသောအချိန်လေးအတွင်း လီချင်းလျန်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှောင်းပိုင်းအထိ တက်ရောက်နိုင်သွားခဲ့သည်။ အဆင့်တက်ရန်အခက်အခဲဆိုသည်မှာ မရှိလေသည့်အလားပါပင်။
နှင်းဓါးအကြီးအကဲကလည်း အံ့ဩမှုနှင့်အတူ မယုံနိုင်မှုပါ ခံစားလိုက်ရသည်။
“နေပါဦး။ ရှောင်လျန်ရဲ့စွမ်းအင်အနှစ်တွေကလည်း တိုးတက်လာတာလား။ သူမရဲ့ တာအိုအုတ်မြစ်ကပါ အဆင့်မြင့်ခံလိုက်ရတာများလား။”
သူ၏စကားများ ဘေးရှိအင်အားကြီးပုဂ္ဂိုလ်များကို နတ်ဘုရားအာရုံအသုံးပြု၍ စစ်ဆေးကြည့်ရန်လှုံဆော်လိုက်စေ၏။ ထို့နောက်တွင်တော့ သူတို့အားလုံး လီချင်းလျန်၏တာအိုအုတ်မြစ်ကလည်း အဆင့်မြင့်သွားကြောင်းတကယ်ကို ရှာတွေ့လိုက်ရသည်။
အမြင့်တန်းတာအိုအုတ်မြစ်အဖြစ်မှ ထိပ်တန်းအဆင့်တာအိုအုတ်မြစ်အဖြစ် အဆင့်မြင့်သွားခြင်းပါပေ။
ဤသည်မှာ အတိုင်းထက်အလွန် အံ့ဩဖွယ်ရာပင်။ တာအိုအုတ်မြစ်ဆိုသည်မှာ အဆင့်မြင့်ရန်လွန်စွာခက်၏။ အနှီအုတ်မြစ်၏အဆင့်ဆိုသည်မှာလည်း ချီစုဆောင်းခြင်းအဆင့်ကနေ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်သည့်အချိန်က အဆင့်တွင်သာ များသောအားဖြင့် တန့်နေလေ့ရှိသည်။ အကယ်၍အဆင့်မြင့်ချင်ပါကလည်း ကောင်းကင်နှင့်မြေကြီး၏ရတနာများကို လိုအပ်ပေ၏။
သို့သော် ယခုတွင်တော့ ဆေးဝါးလေးတစ်လုံးမှာ တာအိုအုတ်မြစ်ကို အဆင့်မြင့်ပေးလိုက်ခဲ့ပြီ။
ထို့အတူ တာအိုအုတ်မြစ်ဆိုသည်မှာလည်း ရွှေအမြူတေ၏အရည်အသွေးကို သက်ရောက်နိုင်ရာ ထိပ်တန်းအဆင့်တာအိုအုတ်မြစ်သည်ကား ရွှေအမြူတေကောင်းကောင်းရတော့မည်ဖြစ်ကြောင်း အာမခံချက်တစ်ရပ်လိုပါပေ။
လီချင်းလျန်၏တိုးတက်မှုဖြစ်စဉ်များက အဆုံးသတ်မသွားသေး။
တစ်နာရီမျှ ထပ်ကြာပြီးသည့်နောက်တွင် လီချင်းလျန်၏အရှိန်အဝါမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ထိပ်ဆုံးအဆင့်ကို ရောက်သွားတော့လေသည်။
လူတိုင်းမှာ အချင်းချင်း အကြည့်ချင်းဖလှယ်မိလိုက်ကြ၏။ အနှီဆေးလုံးလေးတစ်ခုဟာ ကျင့်ကြံချိန်မြောက်များစွာကို သက်သာစေခဲ့သည်။ အထူးသဖြင့် သူမ၏အရှိန်အဝါမှ တဆင့်အာရုံခံရလျှင်လည်း ထိုအဆင့်တက်မှုမှာ မတည်မငြိမ်ဖြစ်နေသည့်ပုံမပေါ်။ ထို့ပြင် တာအိုအုတ်မြစ်ကတောင် အဆင့်တက်သွားသေး၏။
ကျင့်ကြံသူများစွာ၏မျက်နှာထက် လိုချင်တက်မက်စိတ်တို့ပေါ်လာရလေပြီ။
သို့သော် ရုတ်တရက် လီချင်းလျန်၏မျက်နှာထက် ရှုပ်ထွေးနေသောအကြည့်ပေါ်လာ၏။ သို့သော် မကြာမီ ပြန်ပြေလျော့သွားခဲ့သည်။ ထို့နောက်တွင်တော့ သူမ၏အရှိန်အဝါမှာ ထပ်မံ၍ တစ်ခါထိုးတက်လာရပြန်လေသည်။
“ဘာ။ သူမက ရွှေအမြုတေအဆင့်ကို တိုက်ရိုက်ကြီး တက်သွားတာလား။”
“အန္တာရယ်များလွန်းတာပဲ။ သူမက အခုမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ကာစပဲရှိသေးတာကို။ သူမ ကျင့်ကြံဆင့်ကမတည်ငြိမ်သေးသလို စိတ်အာရုံကလည်း ရှင်းလင်းသေးတာမဟုတ်ဘူး။ ဒီလိုမျိုး ချက်ချင်းအဆင့်တက်သွားဖို့ ရွေးလိုက်တာ အဆင့်ပြေပါ့မလား။”
“နှင်းဓါးအကြီးအကဲ၊ မင်းတပည့်ကို တားသင့်တယ်ထင်တယ်နော်။”
ရင်းနှီးသောဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက လှမ်းအကြံပေးလာသည်။
နှင်းဓါးအကြီးအကဲကတော့ မပြောင်းမလဲသာ ဆိုလိုက်၏။
“ဒါ သူမရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲ။ ကျင့်ကြံရေးလမ်းကြောင်းဆိုတာ သူမကိုယ်တိုင်ပဲ လျှောက်ရမှာ။”
စုယွမ်လည်း တကယ်တော့ အံ့ဩနေရသည်။ သူ လီချင်းလျန်က ချက်ချင်းကြီး ရွှေအမြုတေကို ဖွဲ့စည်းဖို့တွေးလိုက်မည်ဟု မထင်ထားခဲ့ပါလေ။
လီချင်းလျန်ကတော့ သူမဒန်ထျာန်ထဲ ပြန်ကြည့်နေ၏။ သူမကိုယ်ထဲရှိအနည်အနှစ်များက ခုနစ်စဉ်ကြယ်ဆေးလုံးမှရရှိသော စွမ်းအင်အကြွင်းအကျန်များဆီ စုစည်းသွားလေသည်။ သူက တကယ်တော့ အနှီဆေးလုံးကို ကောင်းကင်နှင့်မြေကြီး၏ရတနာတစ်ခုအဖြစ်အသုံးပြုနေတာဖြစ်ပြီး အနှီဆေးလုံးကိုပင် ပြန်၍သန့်စင်ကာ သူမ၏ရွှေအမြုတေတစ်စိတ်တပိုင်းအဖြစ်ထားရန် တွေးထားသည်။
သူမ၏တာအိုအုတ်မြစ်တွင် မီးတောက်တစ်ချက်လင်းသွားပြီး အနည်အနှစ်များနှင့် ပူးပေါင်းကာ ရွှေအမြုတေတစ်ခုတည်ဆောက်တော့သည်။
အနည်အနှစ်များစွာက ဆေးလုံးတစ်လုံးအသွင်ဖွဲ့စည်းသွားကြလျက် ရွှေအမြုတေ၏ခပ်ကြမ်းကြမ်းမျက်နှာပြင်ပုံပေါ်လာ၏။
မီးတောက်တစ်ခုမှ ထိုအထဲမှထွက်လာလျက် ရွှေအမြုတေကို ချောမွေ့သွားစေသည်။ ရွှေအမြုတေထဲမှ ရောင်စဉ်ခုနစ်ခုကလည်း ပျံထွက်လာကြပီး သူမခန္ဓာကိုယ်ထက် ရောင်ခြယ်များစုံပါသော တာအိုအစီအရင်တစ်ခုဖြစ်ပေါ်သွားတော့သည်။
“တကယ်အလုပ်ဖြစ်တာပဲ။”
လီချင်းချန်၏နှလုံးသားထဲ ပျော်ရွှင်မှုတစ်ရပ်ထိုးထွက်လာတော့ပြီး ရွှေအမြုတေကို ဆက်လက်ဖွဲ့စည်းလိုက်သည်။
မျက်စိတစ်မှတ်အတွင်းမှာပင် လေးနာရီကုန်ဆုံးသွား၏။
လီချင်းလျန်၏အရှိန်အဝါမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။
သူမဟာ အောင်အောင်မြင်မြင်ဖြင့် ရွှေအမြုတေအဆင့်ကို ရောက်ခဲ့လေပြီ။
“နတ်ဆိုးနှလုံးသားစမ်းသပ်မှုရှိသေးတယ်။”
လူတစ်ယောက်က ရေရွတ်လိုက်၏။
ထို့နောက် သူတို့အားလုံးမှာ လီချင်းလျန်၏နဖူးပေါ်တွင် အနက်ရောင်ချီတို့ဟာ လေထဲမှထွက်လာရသည့်အလား ပေါ်ပေါက်လာရလေသည်။ ၎င်းတို့ဟာ သူမ၏အသိစိတ်ပင်လယ်ထဲဝင်မွှေရာ သူမမှာ နတ်ဆိုးနှလုံးသားအတိဒုက္ခကို ဖြတ်သန်းရတော့၏။
လူတိုင်း၏အမူအရာမှာ အလေးနက်ဖြစ်သွားတော့သည်။ နတ်ဆိုးနှလုံးသားစမ်းသပ်မှုဆိုသည်မှာ အခက်ခဲဆုံးပါပေ။ ကျင့်ကြံသူအများစုကလည်း ၎င်းကိုကျော်ဖြတ်နိုင်ရန် ပြင်ပလောကသို့ နယ်လှည့်ကာ အတွေ့အကြုံစုဆောင်းလေ့ရှိကြ၏။ လုံလောက်သည့်အတွေ့အကြုံရင့်ကျက်သန်မာမှုမှ ရရှိသောစိတ်ပိုင်းဆိုင်ရာခိုင်မာမှုကသာလျှင် နတ်ဆိုးနှလုံးသားကို ရင်ဆိုင်နိုင်သည်လေ။
လီချင်းလျန်၏မျက်ခုံးကလည်း ပို၍ပို၍ကြုတ်လာရပြီး သူမအမူအရာကလည်း နာကျင်နေဟန်ပြလာသည်။ သူမဟာ မအောင်မြင်တော့မည့်ပုံပါပေ။
နှင်းဓါးအကြီးအကဲက စိတ်ထဲ ကြိတ်သက်ပြင်းချလိုက်သည်။ နတ်ဆိုးနှလုံးသားအတိဒုက္ခကို ကျရှုံးသွားပါက ကျင့်ကြံဆင့်ပြန်နိမ့်သွားခြင်းက အကောင်းဆုံးရလဒ်ဖြစ်ပြီး ချီသွေဖယ်ခြင်းကတော့ အဆိုးဆုံးပင်။ ထိုသို့ဖြစ်လာပါက ကျင့်ကြံရေးလမ်းကြောင်းတစ်လျှောက်တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်ရမည်ပေ။
သို့သော် ထိုအချိန်တွင် လီချင်းလျန်၏ဒန်ထျာန်အတွင်း ခုနစ်စဉ်အလင်းတန်းတစ်ခုက ထွက်ပေါ်လာရ၏။ ထို့အလင်းက ချက်ချင်း သူမ၏နဖူးမှ ထွက်ပေါ်လာပြီး တွယ်ညှိနေသောအနက်ရောင်ချီကို ဘာမှမဟုတ်သလိုလေး ကွယ်ပျောက်သွားစေသည်။
လီချင်းလျန်၏မျက်နှာပေါ်ရှိ နာကျင်မှုကလည်း တဖြည်းဖြည်း လျော့နည်းကာ တည်ငြိမ်မှုသို့ပြောင်းလဲလာသည်။ သူမ၏ကသောင်းကပြောင်းအရှိန်အဝါကလည်း တဖြည်းဖြည်းတည်ငြိမ်လာလေ၏။
ထို့အပြင် သူမ၏အရှိန်အဝါမှာ ဆက်လက်တိုးတက်လာလျက် ရွှေအမြုတေအဆင့်အလတ်ပိုင်းရောက်မှသာ ရပ်တန့်သွားလေသည်။
ဤသို့ဖြင့် သူမ၏ကျင့်ကြံအဆင့်မှာ အဓိကအဆင့်ကြီးတစ်ခုလုံး တက်သွားရတော့၏။