← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

Chapter 160: အိမ်တွင်းအောင်းခွင့်ရမည့်စွမ်းရည်သစ်။

အခမ်းအနားမှာ ချောမွေ့စွာဖြင့် ပြီးဆုံးသွားခဲ့သည်။

နောက်ပိုင်းတွင် စုယွမ်က သူ၏ဆေးပညာအတွေ့အကြုံများကို ဖလှယ်ပေးခဲ့၏။ သူ စပြောသည်နှင့် လူတိုင်းက အပြည့်အဝအာရုံစိုက်ကာ နားထောင်ကြတော့သည်။

စုယွမ်ကလည်း သူ၏အတွေ့အကြုံများကို သုံးနာရီဆက်တိုက် ပြောပြပေးရင် ချက်ချင်း ပျံထွက်လာခဲ့၏။

ကျန်ရစ်ခဲ့သောလူအုပ်ကြီးမှာတော့ လွန်စွာစိတ်လှုပ်ရှားသူကရှား၊ အတွေးနက်သူကနက်နှင့် ကျန်ရစ်ခဲ့လေသည်။

ထိုလူများ ခုနစ်စဉ်ကြယ်ဂိုဏ်းမှ ပြန်သွားကြသည်နှင့် သတင်းများက ကျင့်ကြံရေးလောကတစ်ခွင် အလျင်အမြန်ပျံ့နှံ့သွားတော့သည်။

စုယွမ်၏ကျော်ကြားမှုအမှတ်ကလည်း ချက်ချင်း တိုးတက်သွားလေ၏။

လေဟာနယ်အဆင့်ကျင့်ကြံသူအိုကြီးတစ်ယောက် ၊ သက်တမ်းကုန်ခါနီး၊ သဘာဝကိုကျော်လွန်နိုင်စွမ်းပင်ရှိသူ စသည်ဖြင့် မျိုးစုံပျံ့နှံ့သွားလေသည်။

သခင်ယဲ့ဟန်ကလည်း သူ့သား ထိုဆေးကိုသောက်ပြီး အကျိုးရလဒ်ကို ထုတ်ပြောလာရာ လူထုအတွင်း ထိတ်လန့်မှုလှိုင်းကြီးတစ်လုံးက ပျံ့နှံ့သွားရ၏။

သာမန်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တစ်ယောက်၊ အနိမ့်တန်းဝိညာဉ်ရင်းမြစ်ပိုင်ရှင်တစ်ဦးက တကယ်ကို ဆဋ္ဌမအဆင့်ရွှေအမြုတေကိုတောင် ရောက်သွားရသည်လေ။

ဆဋ္ဌမအဆင့်မျှသာ ဖြစ်လင့်ကစား သူ၏မူလပါရမီနှင့်ဆိုပါလျှင် အနှီသူက ပထမအဆင့်လောက်သာရောက်နိုင်မည်ပေ။ ထို့အဆင့်ဆိုလျှင် စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်ကိုတောင် မျှော်မှန်းနိုင်မည်မဟုတ်၊ သို့သော်ငြား ဆဋ္ဌမအဆင့်နှင့်ဆိုပါလျှင် စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်မှာ အာမခံချက်ရှိသွားပြီး ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အတွက်တောင် မျှော်လင့်ချက်ရေးရေးလေးရှိသွားလေပြီ။

စုယွမ်က ခြံဝန်းထဲတွင် စနစ်မြည်သံများကို အေးအေးဆေးဆေးလေးနားထောင်နေ၏။

【ဒင်၊ ကျော်ကြားမှုအမှတ်+ 88 】

【 ဒင်၊ ကျော်ကြားမှုအမှတ် + 1 】

【 ဒင်၊ ကျော်ကြားမှုအမှတ် + 24 】

【 ဒင်၊ ကျော်ကြားမှုအမှတ် + 3 】

“အဆင်ပြေလိုက်တာကွာ။”

စုယွမ်မှာ တော်တော်လေးသာယာနေလေသည်။

ဤသည်မှာ ဆေးပညာအခမ်းအနားပြီးသွားတာ ရက်တော်တော်ကြပြီးဖြစ်၍ ကျော်ကြားမှုအမှတ်ရနှုန်းကလည်း တဖြည်းဖြည်းနည်းသွားလေပြီ။

သူ စနစ်မျက်နှာပြင်ကို စစ်ဆေးရန်ဖွင့်လိုက်သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: လူသိများကျော်ကြား(1.285သန်း/ 10သန်း)

【ကျင့်ကြံမှုအဆင့်】: ထိပ်ဆုံးအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (99/100)၊ ရွှေကြယ်အဆင့်ထိပ်ပိုင်း။

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၁၈ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။

【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်။

【ပါရမီစွမ်းရည်ခြောက်】: ရွေးချယ်ရန်။

“ထင်ထားတဲ့အတိုင်းပဲ။ တစ်ချက်စွန့်စားကြည့်လိုက်တာ မှန်သွားတယ်။ တစ်ခါတည်းနဲ့ ကျော်ကြားမှုအမှတ် ၈၀၀၀၀၀တောင် ရသွားတယ်။”

သူ ထိုသို့လုပ်ရဲသည်မှာ ရှိန်ဝါမြင့်စွမ်းရည်ကိုသာ ကျေးဇူးတင်ရချေမည်။

အနှီစွမ်းအင်တွင် လုပ်ဆောင်ချက်နှစ်ခုရှိ၏။ ပထမတစ်ခုအနေဖြင့် ၎င်းက သူ့ကို လေဟာနယ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အရှိန်အဝါကို ရစေခဲ့သည်၊ ထို့ကြောင့် အခြားသူများက သူ့ကို အခြေအနေအစစ်ကို မည်သူမှအာရုံမခံနိုင်တော့၊ မဟုတ်သေးပေ၊ ထိုအစား အာရံမခံရဲကြဟုပြောတာ ပိုမှန်ပေမည်။ ဒုတိယအချက်အနေဖြင့် ၎င်းက ခိုးဝင်လာသောမြေခွေးအိုကြီးတွေကို အာရုံခံနိုင်၏။ ထိုသို့ဟန်ဆောင်ကာ ခိုးဝင်လာသူရှိပါကမူ သူ၏အရှိန်အဝါက ချက်ချင်း ခန္ဓာကိုယ်စုစည်းခြင်းအဆင့်သို့ရောက်သွားပေလိမ့်မည်သာ။

လက်ရှိအထိစွမ်းရည်တိုင်းမှာ အလွန်အသုံးဝင်လှသည့်အတွက် သူ ယခုတစ်ခေါက်စွမ်းရည်ကိုလည်း သေချာတွေးတောရပေမည်။

“ရှောင်ချိုက်၊ ဒီကိုလာပြီး အလင်းလေးနည်းနည်းဖြန့်ပေးစမ်းပါ။”

စုယွမ်က ဘေးတွင် ကစားနေသောကိုးရောင်ခြယ်အမတငါးလေးကို ခေါ်လိုက်သည်။

“ကျွန်မနာမည်က စုစစ်လို့။”

ရှောင်ချိုက်က ပျံသန်းလာရင်း မကျေမနပ်ပြောလာသည်။

“သိပါတယ်၊ သိပါတယ်။ ငါ အကျင့်ပါနေလို့၊ နောက်တစ်ခါသတိထားပါ့မယ်။”

သူ ရှောင်ချိုက်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

ရှောင်ချိုက်ကလည်း ရောင်ခြယ်များထုတ်ပေး၍ စုယွမ်အပေါ် အလင်းရောင်ငါးခုဖြာကျလာလေ၏။

သတ္ထု၊ သစ်သား၊ ရေ၊ မီးနှင့် မြေစွမ်းအင်ဟူသောကောင်းကင်တာအိုအယူအဆငါးမျိုးမှာ စုယွမ်နား ရစ်ပတ်လာခဲ့သည်။ စုယွမ်မှာ မထိန်းနိုင်ဘဲ ရင်ထဲထိသွားရ၏။ အနှီငါးလေးက တကယ်ကို မျိုးရိုးကောင်းလှသည်၊ တတိယအဆင့်ကို ရောက်ရုံရှိသေး၊ အယူအဆငါးမျိုးကိုတောင် နားလည်နိုင်သွားလေပြီ။

၎င်းက တကယ်ကို စည်းဖောက်နေခြင်းပါပေ။

ငွေဖြူဝိညာဉ်ရေတံခွန်မှထောက်ပံ့ပေးသောအခြေအနေများကလည်း အလွန်ကောင်းသောကြောင့်ဖြစ်တန်ပါ၏။

မည်သို့ပင်ဖြစ်စေ၊ အယူအဆငါးမျိုးဆီမှ ရစ်ပတ်ခံထားရသောကြောင့် စုယွမ်ကတော့ အလွန်သက်တောင်သက်သာရှိနေရချေပြီ။ ထို့နောက် သူ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

စာကြောင်းသုံးကြောင်းက သူ့ရှေ့ပေါ်လာခဲ့သည်။

【ရတနာနှင့်ကံတရား】: သင်က ပစ္စည်းကောင်းများကိုရှာတွေ့ရန် အလားအလာများ၏။ သင် ပစ္စည်းကောင်းတစ်ခုရှာဖွေတွေ့ရှိတိုင်း သူ၏ကံတရားက ပမာဏတစ်ခုအထိမြင့်တက်လာချေမည်။

【အန္တာရယ်ကျချိန်တိုးတက်မှု】: သင်က အန္တာရယ်များကို ရှာဖွေ့တွေ့ရှိနိုင်လာမည်။ သင်က အကြပ်အတည်းများကျရောက်ချိန်တိုင်း ဖြေရှင်းနိုင်ပါက ပမာဏတစ်ခုအထိ သက်တမ်းတိုးလာလိမ့်မည်။

【ပါရမီရှင်များထံမှသင်ကြားခြင်း】: သင်က ပါရမီရှင်များရှာတွေ့ရန်အလားအလာများလိမ့်မည်။ ထိုသို့ရှာတွေ့ချိန်တိုင်း သင်၏လက်အောက်သို့ရောက်အောင် ဆွဲဆောင်နိုင်ပါက သူတို့ကျင့်ကြံရေး၏တပိုင်းတစကို ရရှိလိမ့်မည်။

ဤသို့သောစွမ်းရည်သုံးမျိုးကို စုယွမ် တွေးမထားခဲ့ဖူးပါပေ။

ရတနာ၊ အကြပ်အတည်း၊ ပါရမီရှင်တဲ့လား။

ဒါ့အပြင် ကံတရား၊သက်တမ်းနှင့် ကျင့်ကြံရေးတို့နှင့်တောင် ဆက်နွယ်နေသေးသည်။

စုယွမ် အတွေးနက်သွားရ၏။

စွမ်းရည်တိုင်းက အလွန်ဆွဲဆောင်မှုရှိသည်ပေ။

မည်သည့်စွမ်းရည်ကိုရွေးပါစေ အဆင်ပြေမည့်အစွမ်းများသာချည်း။ သို့သော် သူ တစ်ခုကိုသာရွေးခွင့်ရှိပါ၏။

စုယွမ် စတင် စိစစ်နေရလေပြီ။

ကံတရားဆိုသည်မှာ ကျင့်ကြံရေးသမားတစ်ယောက်အတွက် အလွန်အရေးကြီးသည့်အရာဖြစ်သည်။ ကံတရားမပါဘဲနှင့် လူတစ်ယောက်က အနည်းငယ်မျှတောင် ကျင့်ကြံနိုင်မည်မဟုတ်။ တစ်ဖက်တွင်လည်း ကံကောင်းမှုသာရှိပါက ရတနာများကတောင် ကောင်းကင်ပေါ်ကအလကားကျလာနိုင်သည်ပေ။

ကျင့်ကြံရေးက ပို၍တောင်ရိုးရှင်းသေးသည်။ ထိုစွမ်းရည်ကိုသာရွေးလိုက်ပါက အိမ်မှာထိုင်နေလျှင်တောင် ကျင့်ကြံဆင့်များတက်လာနိုင်၏။ တပည့်များများသာ စုဆောင်းနိုင်လေလေ၊ ပို၍အင်အားကြီးလေလေဖြစ်ရချေမည်။

သို့သော်ငြား ပါရမီရှင်တပည့်များရရှိလာပါကလည်း ကံတရား၏ဆက်နွယ်မှုအရှုပ်များပါရရှိမည်ဖြစ်သည်။ တပည့်တစ်ယောက်ရရှိတိုင်း ကံကြမ္မာလမ်းကြောင်းတို့ပါပိုလာမည်ဖြစ်ပြီး ထိုတပည့်၏တပည့်များကံကြမ္မာနှင့်ပါ ဆက်နွယ်ကုန်ပေမည်။ ထို့ကြောင့်တပည့်တစ်ယောက်ရသွားသည်နှင့် ကံကြမ္မာအရှုပ်အထွေးက မဆုံးနိုင်တော့ပေ။ ထိုသို့ပြောရလျှင် တပည့်များမှရရှိမည့်ကျင့်ကြံရေးက ထိုအရှုပ်ထုပ်များကိုလက်ခံရလောက်သည်အထိမကြီးပေ။

တတိယစွမ်းရည်ကိုသာ ရွေးချယ်လိုက်ပါက ကျင့်ကြံရေးလမ်းတစ်လျှောက်တွင် သတိတကြီးထိတ်လန့်တကြားသာ ဖြတ်သန်းရပေမည်။

ထို့ကြောင့် စုယွမ်၏အကြည့်က နောက်ဆုံးတွင် ဒုတိယစွမ်းရည်ပေါ်တွင် ကျရောက်သွား၏။

ဤစွမ်းရည်က သက်တမ်းကိုရှည်နိုင်စွမ်းရှိသည်။

သက်တမ်းဆိုသည်မှာ ကျင့်ကြံရခြင်းရည်ရွယ်ချက်များမှတစ်ခုဟုဆို၍ရ၏။

ပို၍အရေးကြီးသည်မှာ ၎င်းက အန္တာရယ်ကိုတောင် အနံ့ခံနိုင်သေးသည်ပေ။ လူသားတို့အကြောက်ဆုံးအရာမှာ မတော်တဆမှုများပင်၊ ထိုသို့မသိသောအန္တာရယ်များက အသက်ဘေးအထိတောင်ဖြစ်သွားနိုင်၏။ ထို့ကြောင့် အန္တာရယ်ကို သိရှိတာကလည်း အလွန်အရေးကြီးပေသည်လေ။

အန္တာရယ်ကိုသာ သိထားပါက ဘယ်နေရာတွင် နေနေ၊သွားသွား သူ့တွင် ရွေးချယ်မှုများစွာ ရှိလာပေမည်။

ထိုစွမ်းရည်၏တစ်ဝက်က အန္တရာယ်ကိုသိရှိနိုင်ပြီး နောက်တစ်ဝက်ကတော့ သက်တမ်းကိုရှည်စေနိုင်၏။ ထိုနှစ်ခုသာအတူရှိပါက မသေမျိုးစွမ်းရည်ကိုရရှိရန်မှာကလည်း ပို၍အလားအလာများလာချေမည်ပေ။

သက်တမ်းသာရှည်ပါက ကျင့်ကြံရေးကိုလည်း တဆင့်ချင်းအေးဆေးစွာ ကျင့်ကြံခွင့်ရမည်ဖြစ်ပြီး မည်မျှခက်ခဲပါစေ တစ်ချိန်ကျအောင်မြင်ပေမည်သာ။

ဘဝတွင် ရွေးချယ်စရာများစွာရှိလေပြီး အရာရာတပြိုင်တည်းရွေးရန်ကမဖြစ်နိုင်ပါပေ။ ထိုအစား ကိုယ်လက်ရှိလိုအပ်နေသောအရာနှင့်တွေ့တာကတောင် လုံလောက်ပါ၏။

စုယွမ်၏အကြည့်မှာ ပြတ်သားသွားရပြီး သူလည်း

【အန္တာရယ်ကျချိန်တိုးတက်မှု】ကို နှိပ်လိုက်တော့သည်။ထိုအချိန်တွင် ဆန်းကြယ်သောအားတစ်မျိုးက သူ့ခန္ဓာပေါ်ကျရောက်လာပြီး ဝိညာဥ်ပါတုန်လှုပ်သွားရ၏။

All Chapters