← Chapters

တော်ဝင်ကလန်ရဲ့ ရတနာလက်နက်

Vol. 020 Ch. 992

တော်ဝင်ကလန်ရဲ့ ရတနာလက်နက်

Vol. 020 Ch. 992

ရီမူဇီသည် ထိုအရာများကို တွေ့မြင်သည့်အခါ တုန်လှုပ်မိ၏။သူက သည်ရှုမူ၌ ခုလိုမျိုး တုန်လှုပ်စရာလျှို့ဝှက်ချက်ကြီး တစ်ခုကို ဖုံးကွယ်ထားလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။သည်လူက အမှန်တကယ် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေချေသည်။

အကြီးအကဲခေါင်းဆောင်က သူ့ကို သိနေရာသို့ စေလွှတ်ခဲ့ချိန်က သူသည် လမြွေနဂါးနှင့်ပတ်သတ်၍ အသေးစိတ်ကို သိရှိခဲ့ရကာ ကြိုပြင်ဆင်ထားခဲ့၏။ သူက တုန်လှုပ်နေမိသော်လည်း သူ့တာဝန်ကိုတော့ မမေ့ပေ။လမြွေနဂါးပါးစပ်ထဲမှ ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရား လှမ်းထွက်လာသည်ကို တွေ့ရပြီးနောက် သူသည် တုံ့ဆိုင်းမနေဘဲ အထဲသို့ တိုးဝင်လာသည်။

သူက လမြွေနဂါးပါးစပ်ထဲသို့ တန်းတန်းမတ်မတ် ဦးတည်နေ၏။ သူ့ကျင့်ကြံမှုအဆင့်က များစွာ လျော့ကျခဲ့သော်လည်း သူ့အမြန်နှုန်းကမူ အများကြီး နှေးမသွားခဲ့ပေ။ဖျပ်ခနဲပင် သူက လမြွေနဂါး၏ပါးစပ်ထဲ၌ ပျောက်ကွယ်သွားလေ၏။

ဝူဒိုချန်၏ဟန်ပန်က အနည်းငယ် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။သူက မဟာမိတ်ရှိ အချို့မှတ်တမ်းများကို ကြည့်ရှုပြီးနောက် လမြွေနဂါး၏အနေထားကို မတော်တဆ ရှာတွေ့ခဲ့မိ၏။ထို့ကြောင့်သူသည်လည်း လမြွေနဂါး၏ခန္ဓာကိုယ်အတွင်း၌ လပန်း ဟုခေါ်သောအရာ ရှိမှန်း သိထားခဲ့သည်။

“ဒီမှတ်တမ်းတွေအရဆိုရင် ဒီလမြွေနဂါးရဲ့လပန်းဟာ အယောင်ဆောင်နိဗ္ဗာနလက်နက်ရတနာတစ်ခုကိုတောင့် သန့်စင်မွန်းမံနိုင်လိမ့်မယ်လို့ ဆိုတယ်။ငါသာ ဒါကို ရနိုင်ရင် ဒီလိုရတနာတစ်ခုကို သန့်စင်နိုင်လိမ့်မယ်။ဒါဆိုရင် ငါဟာ အကြီးအကဲအုပ်စုမှာ ရွှမ်ပေါင်ရဲ့နေရာကို ရလာနိုင်လောက်တယ်…”

သူက အံတင်းတင်းကြိတ်၏။ ရီမူဇီဝင်သွားပြီးနောက် သူလည်း လမြွေနဂါး၏ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

ချင်းရွှေကသာ လမြွေနဂါး၏ပါးစပ်ထဲသို့ မဝင်ရောက်ခြင်း ဖြစ်၏။သူက ဝမ်လင်းနှင့်ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရား တို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း မျက်မှောင်ကြုတ်မိနေသည်။

“ကလန်ဝင်…ငါ့နာမည်က လျိုချန်…” ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရား၏ မျက်လုံးတို့၌ ရှေးဟောင်းအော်ရာနှင့် ပြည့်၏။ သူက ရှေ့သို့ ခြေလှမ်းလာသည်။သူက လက်သီးစုပ်ခြင်းပင် မပြု၊လက်ဝါးသပ်သပ်ဖြင့် ရိုက်ချလာ၏။

လျိုချန်၏လက်မှ ဧရာမလက်ဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းရှိရာသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။သူက ၎င်းလက်ဝါးရာနှင် ဆင်တူသည့် လက်ဝါးရာတစ်ခုကို မိုးကောင်းကင်ဘုံနယ်မြေ၌ တွေ့ခဲ့ဖူး၏။ သို့သော် ထိုလက်ဝါးရာနှစ်ခုမှာ အတော်လေး ကွာခြားနေပြန်၏။၎င်းလက်ဝါးရာသည် ဝမ်လင်းရှိရာသို့ တိုက်ရိုက် တဟုန်ထိုး ကျဆင်းလာ၏။လျိုချန်က ထိုလက်ဝါးရာနောက်ကနေ ကပ်၍ လိုက်ပါလာသည်။

ဝမ်လင်းက အသက်ဝဝရှုသွင်း၏။သူ့နှဖူးထက်ရှိ ကြယ်လေးလုံးသည် လှည့်ပတ်လာကာ သူ့ညာလက်ကိုအထက်သို့ ညွှန်သည်။ ရှေးဟောင်းနတ်ဘုရား၏ဘာသာစကားသည် သူ့ပါးစပ်ကနေ ထွက်ပေါ်လာ၏။ သူက ခုချိန်၌ ကြယ်လေးလုံးနတ်ဘုရား ဖြစ်လာသည့်အတွက် ရှေးဟောင်းနတ်ဘုရားမန္တာန်များ၏ အချို့ကို အသုံးပြုလာနိုင်ပေပြီ။ဝမ်လင်းက သည်လိုနေ့ကို ရောက်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည် မဟုတ်လား။

ချက်ခြင်းပင် သူ့ရှေ့၌ ဝဲကတော့ကြီး တစ်ခုပေါ်လာ၏။

“ရှေးဟောင်းနတ်ဘုရားရဲ့လက်နက်…” ဝမ်လင်းက မာန်သွင်းရင်း ထိုဝဲကတော့မှ ခရမ်းရောင်လျှပ်စီးတန်းများ ပေါက်ကွဲထွက်လာ၏။ထို့နောက် လှံရှည်တစ်လက် ပျံသန်ထွက်လာသည်။ထိုလှံရှည်မှာ ပုံရိပ်ယောင် ဖြစ်၏။၎င်းက ခရမ်းရောင်လျှပ်စီးများနှင့် ပြုလုပ်ထားသလား မှတ်ရသည်။

ဝမ်လင်းက လှံကို ဆုပ်ကိုင်ကာ ရှေ့သို့ ထိုးချ၏။၎င်းက တိုးဝင်လာသည့်လက်ဝါးရာနှင့် ထိပ်တိုက်တွေ့သည်။ကျယ်လောင်စွာ မည်ဟိန်းသွား၏။လက်ဝါးရာမှာ ထက်ပိုင်းပြတ်သည်။

သို့သော် ဝမ်လင်း၏လှံကလည်း လျိုချန်၏ ဖမ်းဆုပ်ကိုင်ခြင်းကို ချက်ခြင်း ခံရ၏။တချက်ချေမွရုံဖြင့် ထိုလှံမှ မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီးနောက် ၎င်းလှံသည် ပျက်စီးသွားရသည်။

ဝမ်လင်းသည် ခြေတစ်လှမ်း လှမ်း၏။သူ့ခန္ဓာကိုယ်က လျိုချန်နှင့်ယှဉ်ပါက အားနည်းသည်ဆိုသော်လည်း သူ့ထံမှ ထည်ဝါသောအော်ရာကို ပေးနေပေသည်။သူ့ညာလက်ဖြင့် လက်သီးစုပ်၍ ရှေ့သို့ ထိုးချသည်။

လျိုချန်က ဝမ်လင်းကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်၏။သူက ဂျီရှန်းထျန်ကို ရုပ်သေးအဖြစ် သန့်စင်ပစ်နိုင်ရန် ကြယ်တစ်လုံးသုံးစွဲခဲ့ရ၏။ သူက လမြွေနဂါးခန္ဓာကိုယ်ကနေ ထွက်လာခဲ့သော်လည်း ပြောမပြတတ်အောင် ခက်ခဲမှုများ ရှိနေခဲ့သည်။ ခုချိန်၌ပင် သူသည် သူ့ကိုယ်သူ လမြွေနဂါးလော၊ရှေးဟောင်းနတ်ဘုရားလော မသိဖြစ်နေရ၏။

သူက လမြွေနဂါးနှင့် အချိန်အလွန်ကြာမြင့်စွာ ရောယှက်ပေါင်းစပ်နေခဲ့ရသည် မဟုတ်လော။

သူ့စိတ်ကို လမြွေနဂါးက ကျူးကျော်ထားခဲ့ပေ၏။သူ့အမြင်၌ သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးဟု ခေါ်ဆိုဖို့ မထိုက်တန်ဟု မြင်မိ၏။သူက သူ့ကိုယ်သူ လမြွေနဂါး၏ရုပ်သေးမျှသာဟု ထင်မိ၏။

သူက ဝမ်လင်းကို အမွေအနှစ်လွှဲပေးရမလား၊ဝါးမြိုပစ်ရမလား သည်နှစ်ခုကြား၌ အမြဲတမ်း ရုန်းကန်နေ၏။ သူသည် ဂျီရှန်းထျန်ကို ကြယ်တစ်လုံး ပေးလိုက်သည့်အချိန်၌ သူ့စိတ်ကိုသူ ရုန်းကနေရပြီး ဖြစ်နိုင်သည်က သူ့စိတ်နှလုံးထဲ၌ ထိုကြယ်ကို ဝမ်လင်းအတွက် လက်ဆောင်ဟု သတ်မှတ်နေနိုင်ခြင်းပင်။

သည်အခိုက်၌ သူသည် အသက်ဝဝရှုသွင်း၏။သူ့ညာလက်ဖြင့် လက်သီးစုပ်ကာ ထိုးချသည်။

ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။ဝမ်လင်းက သူ့ညာလက်သည် ထုံထိုင်းသွားသည်ဟု ခံစားမိ၏။သူက နောက်သို့ လွင့်သွားရသည်။ လျိုချန်လည်း နောက်သို့ ခြေလှမ်းအတော်အတန် ဆုတ်ရ၏။သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များသည် ပို၍ပင် ဖျော့တော့လာခဲ့သည်။

ဝမ်လင်း လျိုချန်ကို စိန်ခေါ်ရသည့် အကြောင်းရင်းမှာ လျိုချန်သည် ရှေးဟောင်းနတ်ဘုရားကလေးငယ် မဟုတ်သော်လည်း ခုချိန်၌ အလွန်အားနည်းနေမည်ကို သိရှိခြင်းကြောင့် ဖြစ်လေ၏။

လျိုချန်၏ မျက်ခုံးနှစ်ခုကြားမှ ကြယ်များ မှိန်ဖျော့လာခြင်းက ထိုအချက်ကို သက်သေပြ၏။ ဝမ်လင်းတွင်မူ ကြယ်လေးလုံသာ ရှိသော်လည်း ၎င်းကြယ်တို့မှာ သိပ်သည်း၍ တောက်ပလွန်း၏။ ပို၍ အရေးကြီးသည်က ဝမ်လင်းသည် တော်ဝင်သွေးမျိုးဆက် ပိုင်ဆိုင်ထားခဲ့ခြင်းပင်။

သာမန်ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် လျိုချန်၏ကြယ်ကို ဝါးမြိုနိုင်ခဲ့လျှင် သူတို့၏ ကျင့်ကြံမှုအဆင့်မှာ ဝမ်လင်းထက် ပို၍မြင့်မားပေလိမ့်မည်။ သို့သော် သူတို့သည် တော်ဝင်ကလန်၏ မန္တာန်များကိုမူ ယှဉ်နိုင်စွမ်း ရှိဦးမည် မဟုတ်ပါ။ ရှေးဟောင်းနတ်ဘုရားများ၏ တော်ဝင်ကလန်သည် အစစ်အမှန်ဘုရင်များ ဖြစ်၏။သူတို့က တော်ဝင်ကလန်မန္တာန်များကို အသုံးပြုနိုင်ရုံသာမက တော်ဝင်ကလန်လက်နက်များကိုလည်း သုံးစွဲနိုင်ပေသည်။

ဝမ်လင်းက နောက်ဆုတ်နေရာကနေ ရှေ့သို့ ခြေတစ်လှမ်းတိုး၏။သူက လျိုချန်ထံသို့ တိုးဝင်လာပြန်၏။ သူတို့နှစ်ယောက်ကြား၌ လက်သီးချက်များ တဖုန်းဖုန်း ဆက်တိုက် ဖလှယ်မိသွားကြ၏။

လှိုင်းများ မြည်ဟိန်းနေ၏။ကျယ်လောင်စွာ ပေါက်ကွဲမှုများ လေဟာနယ်နေရာထဲ၌ ပျံ့လွင့်၏။ အစပိုင်းတိုက်ပွဲ၌ ဝမ်လင်းက အသာစီးမရပေ။ သို့သော် သူက ပို၍ တိုက်ခိုက်လာလေလေ ပိုကြမ်းတမ်းလာလေ ဖြစ်နေ၏။

ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် ကြယ်လေးလုံးရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် အသားကျလာ၏။ မကြာခဏ သူ့လက်သီးချက်နှင့်အတူ ပြင်းထန်သောမုန်တိုင်းကို ဖြစ်စေ၏။ ထိုလက်သီးချက်များ၌ ရှေးဟောင်းနတ်ဘုရားများ၏စွမ်းအား ပါဝင်၏။ထို့ကြောင့် သူနှင့်လျိုချန်တို့ကြား တိုက်ပွဲသည် ပို၍ ပြင်းထန်လာကြသည်။

ဘန်းခနဲ ပေါက်ကွဲသွား၏။နှစ်ယောက်သား လူချင်းခွာလိုက်ကြသည်။ ဝမ်လင်းက နောက်ဆုတ်ရင်း သူ့လက်ကြီးကို ပင့်မြှောက်သည်။သူ့မျက်လုံးက တလက်လက် ဖြစ်လာသည်။သူက ရှေးဟောင်းနတ်ဘုရားဘာသာစကားကို စတင်ရွတ်ဆို၏။ထိုနောက် သူ့ရှေ့၌ မျှော်စင်တမျှ မြင့်မားသည့် ရှေးဟောင်းနတ်ဘုရားအရိပ်တစ်ခု ပေါ်လာခဲ့သည်။၎င်းအရိပ်က မာန်သွင်း၍ လျိုချန်ထံသို့ ချက်ခြင်း တိုးဝင်သွားသည်။

လျိုချန်၏ စိတ်ရှုပ်ထွေးသောအကြည့်သည် ပိုအားကောင်းလာ၏။ သူသည်လည်း သူ့လက်ကို ပင့်မြှောက်သည်။ သူ့နောက်၌ ရှေးဟောင်းနတ်ဘုရားအရိပ်ပေါ်လာ၏။၎င်းက ပေတစ်သိန်းကျော် မြင့်မားသည်။

သို့ရတွင် ထိုပုံရိပ်က ရှေးဟောင်းနတ်ဘုရားထက် လမြွေနဂါး၏ပုံရိပ်နှင့် ပို၍ ဆင်တူနေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ထိုပုံရိပ်ကြီး၏ပတ်လည်၌ ချပ်ဝတ်တစ်ခု ရှိနေ၏။ ထိုချပ်ဝတ်မှ အော်ရာက သာမန်ကျင့်ကြံသူများအဖို့ အသိလွတ်သွားစေနိုင်သည်။

ထိုချပ်ဝတ်နှင့်ဧရာမအရိပ်ကြီးသည် မာန်သွင်း၍ ဝမ်လင်းနှင့်လျိုချန်တို့သည် တစ်ယောက်နှင့်တစ်ယောက် နီးကပ်လာကြပြန်သည်။ပေါက်ကွဲမြည်ဟိန်းမှုများ ပဲ့တင်ထပ်၏။ သည်တစ်ကြိမ်၌ သူတို့နှစ်ယောက်သာ တိုက်ခိုက်သည်မဟုတ်၊ သူတို့၏ ရှေးဟောင်းနတ်ဘုရားပုံရိပ်ကြီးများကလည်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်။

ဝမ်လင်းက ရယ်မောနေရင်း သူ့ဘယ်လက်ကို ဆန့်ထုတ်၍ သူမြင်ဖူးခဲ့သည့် ထူစီအသုံးပြုသည့် လက်နက်ကို ဆင့်ခေါ်သည်။ရှေးဟောင်းနတ်ဘုရားထူစီ၏ အသက်ကယ်ရတနာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ မည်၏။

သူက ထိုလှံအကြောင်း ပြန်တွေးနေရင်း ရှေးဟောင်းနတ်ဘုရားဘာသာစကားများကို ရွတ်ဆိုသည်။ သူသည် သူ့ကြယ်လေးလုံးအစွမ်းဖြင့် ထူစီ၏အစစ်အမှန် အသက်ကယ်ရတနာကို မဆင့်ခေါ်နိုင်သော်လည်း ပုံရိပ်ယောင်လှံကိုမူ ဆင့်ခေါ်နိုင်စွမ်း ရှိပေသည်။

ဝမ်လင်းက လက်ဆန့်ထုတ်နေရင်း အနီရောင်မြူထုများစွာ ပေါ်လာ၏။ ထိုအနီရောင်မြူများက တဝီဝီလှည့်လည်ကာ ဝမ်လင်း၏ လက်ထဲ၌ စုဝေးသည်။ထို့နောက် ပေတစ်ထောင်လောက်ရှိသည့် လှံရှည်တစ်လက် ရုတ်တရက် ပေါ်လာခဲ့ချေသည်။

၎င်းလှံက ပေတစ်ထောင်ရှည်ကာ အနံ ဆယ်ပေရှိ၏။ ၎င်းက အနီရောင်တလက်လက် တောက်နေ၏။ ၎င်းလှံမှာ ရှေးဟောင်းနတ်ဘုရားကလန်၌ ကျော်ကြားလွန်းခဲ့သော နတ်ဘုရားသတ်ဖြတ်ခြင်းလှံ မည်၏။ လှံအနား ပတ်လည်ရှိ လေဟာနယ်နေရာပင် စတင်တွန့်ကြေလာ၏။လှံရှည်သည် ညင်သာစွ ဝေ့ယမ်းချိန်၌ ပိုက်ကွန်လိုအရာတစ်ခု ပေါ်လာ၏။

လေဟာနယ်နေရာထဲရှိ ပိုက်ကွန်ကဲ့သို့အရာသည် မူလစွမ်းအင်များကို ဖြတ်တောက်ထားသည် အစီအရင်တစ်ခုလည်း ဖြစ်နေ၏။ထို့အစီအရင်ကြောင့်သည် ဤလေဟာနယ်နေရာ၌ မူလစွမ်းအင်များ ကန့်သတ်ခံထားရခြင်း ထင်ရသည်။ ပုံမှန်အားဖြင့် ထိုသို့သော အရာမျိုးက ပေါ်ထွက်လာလေ့ မရှိပေ။ သို့သော် ခုချိန်၌ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ၏ ဝေ့ယမ်းမှုအောက်၌ မူလပုံစံကို ပြန်ဖြစ်ပေါ်လာရသည့်သဘောပင်။

နတ်ဘုရားသတ်ဖြတ်ခြင်းလှံသည် တော်ဝင်ကလန်ဝင်များသည် အသုံးပြုနိုင်သည့် အရာ တစ်ခုပင်။ တော်ဝင်ကလန်ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် အရွယ်ရောက်ရှိလာချိန်၌ သူတို့သည် လက်နက်တစ်ခု ရွေးရ၏။ ထိုလက်နက်များသည် အရင်မျိုးဆက်စွာ လက်ဆင့်ကမ်းလာခဲ့ပေသည်။၎င်းလက်နက်များကို တော်ဝင်ရှေးဟောင်းနတ်ဘုရားကသာ အသုံးပြုနိုင်ပေသည်။

လျိုချန်က ထိုလှံကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုမှာ ပိုအားကောင်းလာ၏။ သူသည် ဝမ်လင်း အမွေအနှစ်ဆက်ခံထားသည့် ရှေးဟောင်းနတ်ဘုရား၏ သွေးသည် မြင့်မြတ်လှမှန်း ပြောနိုင်၏။ လျိုချန်က ဝမ်လင်းသည် တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ မှတ်ဉာဏ်အမွေအနှစ်ကို ဆက်ခံခဲ့၍ ကိုယ်တိုင်ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ကျင့်ကြံခဲ့သူဟုလည်း အကြမ်းဖျဉ်း ခန့်မှန်းမိသည်။

သို့ရာတွင် သူက နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို တွေ့လိုက်ရသည့်နောက် သူခန့်မှန်းမှုသည် သေချာသွားရုံသာမက ဝမ်လင်း၏အမွေအနှစ် မည်သည့်နေရာကနေ ရလာခဲ့ကြောင်းကိုပါ သိရှိလို့သွားသည်။

“ထူစီ….သူ သေသွားပြီလို့ ငါ ထောင်တောင် မထင်ထားမိဘူး…” လျိုချန်က သက်ပြင်းချ၏။ သူ့မျက်လုံးထဲရှိိ စိတ်ရှုပ်ထွေးမှုမှာ ပျောက်ကွယ်သွားတော့၏။ သူ့အကြည့်ထဲ၌ နူးညံသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။

“ထူစီရဲ့ အမွေဆက်ခံသူ…။ဒီပုံရိပ်ယောင်နတ်ဘုရားသတ်ဖြတ်ခြင်းလှံက မင်းအသုံးပြုရင် ဘယ်လောက် အစွမ်းထက်မလဲ ငါ့ကို ကြည့်ခွင့်ပြုချေ…” ရယ်မောရင်း လျိုချန်က သူ့ညာလက်ကို ဆန့်ထုတ်၏။ သူ့ညာလက်ရှိ အရိုးသည် စတင်ရွှေ့လျားလာသည်။

အရိုးအဆူးများက ရုတ်တရက် သူ့အရေပြားကနေ ထွက်လာ၏။ ချက်ခြင်းပင် လျိုချန်၏ ညာလက်တစ်ခုလုံးမှာ အရိုးအဆူးများဖြင့် ဖုံးအုပ်သွားသည်။၎င်းတို့ မျက်စိတစ်မှိတ်အတွင်း ချဲ့ကားလာရင်း ပေတစ်ထောင်လောက်ထိ ရှည်လာ၏။ ၎င်းတို့က ထူးဆန်းကြမ်းကြုတ်သော လက်နက်တစ်ခုအဖြစ်သို့ ဖြစ်တည်လာသည်။

ဝမ်လင်းက ပုံရိပ်ယောင်နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ခပ်တင်းတင်း ဆုပ်ကိုင်၏။သူ့မျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ်တို့ဖြင့် ပြည့်သည်။ သူက လှံကို ကိုင်ထားရင်း သူသည် ထူစီအဖြစ် တဖန် ပေါ်ထွက်လာသည်ဟုပင် ခံစားမိသည်။သူ့မျက်လုံးထဲ၌ ခုချိန်တွင် လျိုချန်တစ်ယောက်သာ ရှိတော့သည်။

“ငါဟာ ရှေးဟောင်းနတ်ဘုရားဝမ်လင်းပဲ…” ဝမ်လင်းက လှမ်းထွက်၏။နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ရှေ့သို့ ရိုက်ချသည်။ သူသည် တစီစီအသံများ ထွက်ပေါ်လာသည်ကို ကြားရသည်။သူ့ရှေ့၌ ပိုက်ကွန်ကြီးတစ်ခု ပေါ်လာ၏။

ထိုပိုက်ကွန်က ပုံရိပ်ယောင် ဖြစ်၏။၎င်းက သည်လေဟာနယ်နေရာတစ်ခုလုံးကို ဖုံးအုပ်ထားခြင်း ဖြစ်ပေသည်။

လျိုချန်က ရယ်မော၍ နီးကပ်လာ၏။ သူ့ညာလက်ကနေ ဖြစ်ပေါ်လာသည့် ဆူးချွန်တင်းပုတ်ကို ရှေ့သို့ ဝေ့ယမ်းရင်း ဝမ်လင်းနှင့် နတ်ဘုရားသတ်ဖြတ်ခြင်း လှံကို ရင်ဆိုင်သည်။

သူတို့နှစ်ခု ထိပ်တိုက်တွေ့၏။ တဝုန်းဝုန်းအသံများ ထွက်ပေါ်နေရင်း သူတို့သည် ဆက်လက် တိုက်ခိုက်နေကြသည်။ သူတို့၏ ပြင်းထန်သော တိုက်ပွဲက သည်ဟင်းလင်းပြင်နေရာ၌ ပိုက်ကွန်လိုအရာတစ်ခုကိုပါ ပေါ်ထွက်လာစေသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ တိုက်ပွဲစိတ်တို့ ပြည့်လျှမ်းနေ၏။ သည်တိုက်ပွဲအတွင်း သူသည် လှံကို ပစ်လွှတ်၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ လက်မနှင့်လက်ညွှိုးကို ရှေ့တည့်တည့်၌ ချိတ်ဆက်၍ စိန်ပုံစုံ ဖြစ်ပေါ်စေသည်။ သူက အော်ပြော၏။ “နတ်ဘုရားသတ်ဖြတ်ခြင်း ချိပ်တံဆိပ်…”

ထိုနတ်ဘုရားသတ်ဖြတ်ခြင်း ချိပ်တံဆိပ်သည် ရှေးဟောင်းနတ်ဘုရားများ၏ မန္တာန်များထဲမှ တစ်ခုပင်။၎င်းမန္တာန်ကို တော်ဝင်သွေးမျိုးဆက် ရှိိမှ အသုံးပြုနိုင်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်း လှံသည် လျိုချန်ထံသို့ အလင်းတန်းအလား တိုးဝင်လာ၏။ တချိန်တည်းမှာပင် နတ်ဘုရားသတ်ဖြတ်ခြင်း ချိပ်တံဆိပ်သည် စိန်ပုံစံအသွင်ဆောင်၍ ဖျပ်ခနဲ ရှေ့သို့ ရောက်သည်။

လျိုချန်က ရယ်မော၍ အော်ပြော၏။ “ကောင်းတယ်…” သူ့ညာလက်ကို ဝေ့ယမ်း၍ နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့် ထိပ်တိုက်တွေ့သည်။တုန်ခါလှိုင်းတစ်ခု ဖြစ်ပေါ်သွား၏။ထို့နောက် နတ်ဘုရားသတ်ဖြတ်ခြင်း ချိပ်တံဆိပ် ရောက်ရှိလာကာ လေဟာနယ်နေရာထဲ၌ အံ့မခန်းမုန်တိုင်းတစ်ခု ဖြစ်တည်သည်။

ထိုမုန်တိုင်းက လေဟာနယ်နေရာအနှံ့အပြားသို့ ရိုက်ခတ်နေရင်း ပိုက်ကွန်များစွာ သူ့ဟာသူ ပေါ်လာ၏။ထိုပိုက်ကွန်များ တဖျပ်ဖျပ် ဖြစ်နေရင်း ၎င်းအောက်မှ တစ္ဆေအလင်းတန်းနှစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုတစ္ဆေအလင်းတန်းက အေးစက်ကြမ်းကြုတ်သည့်အကြည့်ကို ထုတ်ဖော်သည်။၎င်းက ပိုက်ကွန်ကို ဖြတ်၍ အပြင်ဘက်မှ တစ်ခုခုကို ရှာကြည့်နေသည့်အလား ထင်ရသည်။

“လမြွေနဂါး…ရှေးဟောင်းနတ်ဘုရား…”

***

All Chapters