အခန်း ၄၈၃
Vol. 49 Ch. 483
အခန်း။ ၄၈၃
အဖြူရောင်အရိပ်ကို မီးလျှံများက လောင်ကျွမ်းသွားသော်လည်း ၎င်း၏ အရွယ်အစား သို့မဟုတ် အရောင်မှာ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိဘဲ ထိုသူ့ထံသို့ ဆက်လက်တိုးဝင်သွားသည်။
အဖြူရောင်အရိပ်က ထိုသူ့ထံ ရောက်ရှိသွားသောအခါ သူ့မျက်နှာမှာ ရုတ်တရက် တောင့်တင်းသွားပြီး မျက်လုံးများမှာ အလင်းရောင် ကင်းမဲ့သွားကာ နှုတ်ခမ်းများမှာလည်း အနက်ရောင် ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသည့် ချွီယန်က အနက်ရောင် ခေါင်းလောင်းငယ်တစ်ခုကို ထုတ်ယူကာ အပေါ်၊ အောက်၊ ဘယ်၊ ညာ ရမ်းခါလိုက်သည်။
သူမ၏ ပန်းနီရောင် ဝတ်စုံနှင့် ဖြူဖွေးသော လက်မောင်းတို့က အနက်ရောင် ခေါင်းလောင်းနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် ထူးခြားသည့် ရုပ်သွင်ကို ပိုင်ဆိုင်သွားသည်။ ခေါင်းလောင်းသံမှာ ကြည်လင်ပြတ်သားသော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာမူ ထူးခြားသည့် တုံ့ပြန်မှု မရှိကြပေ။
သို့သော် ထိုသူ့အပေါ် ကပ်တွယ်နေသော အဖြူရောင်အရိပ်မှာမူ အလွန်အမင်း ထိတ်လန့်ကာ လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ အမြန်ပျံသန်း ထွက်ပြေးသွားသည်။
ဂလောင်…ဂလောင်….
အနက်ရောင် ခေါင်းလောင်းတွင် ထူးခြားသည့် မှော်စွမ်းအား ရှိနေပြီး အဖြူရောင်အရိပ်ကို လမ်းတစ်ဝက်တွင် ပေါက်ကွဲသွားစေသည်။
နောက်ဆုံးတွင် ၎င်းသည် အဝါရောင်ပျစ်ချွဲချွဲ ဆီကဲ့သို့ အရည်အဖြစ် ပြောင်းလဲသွားပြီး ချွီယန်၏ လက်ဖဝါးအပေါ်သို့ တိကျစွာ ကျရောက်လာကာ ဖြည်းညင်းစွာ စီးဆင်းနေသည်။
"အရိပ်နတ်ဆိုးနယ်မြေက တစ္ဆေတွေကို သာမန်မီးနဲ့ သတ်လို့ မရဘူး။ စစ်မှန်တဲ့မီး ဒါမှမဟုတ် ဝိညာဉ်ထုတ်နှုတ်တဲ့ ခေါင်းလောင်းမျိုးနဲ့မှ ရတာ"
ချွီယန်က အပြုံးဖြင့် ပြောသည်။
သူမသည် ရှေးဟောင်းစာသားများ ရေးထိုးထားသော အရည်ကြည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ ရရှိလာသော အဝါရောင်အရည်ကို ထည့်လိုက်သည်။
ထိုအခါ အံ့ဩဖွယ်ရာ အရာတစ်ခု ဖြစ်ပျက်လာသည်။
ပုလင်းအောက်ခြေတွင် အတော်အတန် ပြည့်နေသော အဝါရောင်အရည်မှာ အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းသွားပြီး မူလအရွယ်အစား၏ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။
"တစ္ဆေအရည်ဆိုတာ ရှာတစ္ဆေရဲ့ အနှစ်သာရပဲ။ ချီစွမ်းအင်နဲ့ တွေ့ရင် ပွလာတတ်ပြီး သီးခြားပစ္စည်းတွေနဲ့ ထိန်းချုပ်မထားရင် အချိန်အတန်ကြာတဲ့အခါ တစ္ဆေအသစ်အဖြစ် ပြန်ပြောင်းလဲသွားနိုင်တယ်"
ချွီယန်က ရှင်းပြသည်။
"ကျေးဇူးတင်ပါတယ် နတ်သမီးချွီ"
အသက်ဘေးမှ လွတ်မြောက်မလာသော လူငယ်မှာ ချွီယန်ရှေ့တွင် ဒူးထောက်ကာ ကျေးဇူးတင်
စကား ပြောလိုက်သည်။
"ကျွန်မတို့က ဂိုဏ်းတူတွေပဲ အသေခံခိုင်းလို့ မရဘူးလေ"
ချွီယန်က ပြုံးလျက် ပြောသည်။
သူမသည် တမင်သက်သက်လိုလို ကိုယ်ခန္ဓာကို ဘေးသို့ယိုင်ကာ စကတ်အကွဲကို ပြသလိုက်သဖြင့် ထိုလူငယ်မှာ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီနဝမမြောက် ကောင်းကင်ထောင်ထဲမှာ ရှာတစ္ဆေတွေ အများကြီးရှိတယ်။ သူတို့ကို သတ်ပြီး အရည်တွေကို စုဆောင်းရမယ်။ ဒီသူရဲကောင်းလေးက ကျွန်မနဲ့အတူ လက်တွဲဖို့ စိတ်ဝင်စားမလား"
ချွီယန်က လုံယီထံသို့ လှည့်ကာ မေးသည်။
"တောင်းပန်ပါတယ် ကျွန်တော်က တစ်ယောက်တည်း သွားရတာကို ကြိုက်တယ်"
သတ်လတ်ပိုင်းအမျိုးသားပုံစံ ပြောင်းထားသည့် လုံယီက ငြင်းဆိုလိုက်ပြီး ရှေ့ရှိ လိုဏ်ခေါင်းများထဲမှ တစ်ခုသို့ တန်းဝင်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
"သန့်ရှင်းသော သမီးတော်ရဲ့ လက်အောက်ငယ်သားကတော့ သာမန်လူတွေကို အထင်သေးတာပဲ"
ချွီယန်က ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းတို့တွင် အေးစက်စက် အလင်းရောင်တစ်ခု ဖြတ်သန်းသွားသည်။
"သန့်ရှင်းသော သမီးတော်ရဲ့ လက်အောက်ငယ်သားတိုင်းက မတော်ကြပါဘူး"
တစ်ဦးက မကျေမနပ် ပြောသည်။
"နတ်သမီးချွီရဲ့ ကျေးဇူးကို သိတဲ့အတွက် ကျွန်တော် သူမနဲ့အတူ လိုက်ပါကူညီချင်ပါတယ်"
အသက်ဘေးမှ လွတ်မြောက်လာသော လူငယ်က တောင်းပြောလိုက်သည်။
"အားလုံးရဲ့ ကူညီမှုကြောင့် ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်"
ချွီယန်က စိတ်လှုပ်ရှားစွာဖြင့် ရင်ဘတ်ကို ပုတ်လိုက်ရာ သူမ၏ ဖြူဖွေးသော အသားအရေများ လှုပ်ခါသွားပြီး လူအများ၏ အကြည့်များကို ဆွဲဆောင်သွားသည်။
သူမသည် ရှေ့ကိုကြည့်လိုက်ရာ လိုဏ်ခေါင်းပေါင်း ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့်ကို မြင်တွေ့ရသည်။
လုံယီ ဝင်သွားသည့် လိုဏ်ခေါင်း၏ ဘေးရှိ လိုဏ်ခေါင်းကို ရွေးချယ်လိုက်သည်။
တစ်ဖက်တွင် လုံယီမှာ လိုဏ်ခေါင်းထဲတွင် ပေပေါင်းရာချီအောင် လျှောက်လာခဲ့သည်။
သူ၏ အနောက်ဘက် ဆယ်ပေအကွာရှိ ကျောက်နံရံမှ အဖြူရောင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကျောကို အတင်းအဓမ္မ တိုးဝင်တိုက်ခိုက်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် လုံယီ၏ ဦးခေါင်းမှာ ရုတ်တရက် တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်သွားကာ ထိုအဖြူရောင် အရိပ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သဖြင့် အဖြူရောင်အရိပ်မှာ လေထဲတွင် ခဏတာ တောင့်တင်းသွားသည်။
'အသိဉာဏ် နည်းနည်းတော့ ရှိသားပဲ။ ဒါပေမဲ့ သိပ်မများဘူး။ ဗီဇသက်သက်ပဲ ဖြစ်လိမ့်မယ်'။
လုံယီ တွေးလိုက်ပြီးနောက် အနီရောင် အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်ရာ အဖြူရောင်အရိပ်ကို အညှာအတာမဲ့စွာ ဖောက်ထွက်သွားသည်။
'ဘုန်း'
အဖြူရောင်အရိပ်၏ ရင်ဘတ်တွင် အပေါက်ငယ်တစ်ခုသာ ပေါ်လာသော်လည်း ၎င်းမှာ မကြာမီပင် အပေါက်တစ်ဝိုက်တွင် အက်ကြောင်းများ ပြန့်နှက်သွားပြီး နောက်ဆုံးတွင် လုံးဝ ပေါက်ကွဲသွားတော့သည်။
၎င်းသည် အဝါရောင်ပျစ်ချွဲချွဲ ဆီကဲ့သို့ အရည်အဖြစ် ပြောင်းလဲသွားကာ လုံယီ၏ လက်ထဲသို့ ကျရောက်လာသည်။
ထိုအရည်မှာ အေးစက်စက်နှင့် ချောမွတ်နေပြီး ဆီနှင့် အလွန်တူသည်။
လုံယီသည် ၎င်းကို ကျောက်စိမ်းပုလင်းထဲသို့ ထည့်သိမ်းရန် ပြင်လိုက်သည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ 'ဂန်းချီများမှာ ရုတ်တရက် လှုပ်ရှားလာပြီး ထိုအရည်ကို စားသုံးလိုသော ပြင်းပြသည့် ဆန္ဒများ ပေါ်ပေါက်လာသည်။
'ဒါ ဘာတွေ ဖြစ်နေတာလဲ။
လုံယီ၏ မျက်နှာထားမှာ မရေမရာ ဖြစ်သွားသည်။ သူသည် ထိုတစ္ဆေအရည်၏ သဘောသဘာဝကို မသိရှိသေးသဖြင့် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်မိမည်ကို စိုးရိမ်နေသည်။
ထို့ကြောင့် ဆန္ဒပြင်းပြနေသော ဂန်းချီများကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး ထိုအရည်များကို ကျောက်စိမ်းပုလင်းထဲသို့သာ ထည့်လိုက်သည်။
နောက်ပိုင်းအချိန်များတွင် ကျောက်နံရံများထဲမှ အဖြူရောင်အရိပ်များ ထွက်ပေါ်လာပြီး ကျူးကျော်ဝင်ရောက်လာသူ လုံယီကို ဆက်တိုက် တိုက်ခိုက်ကြသည်။
လုံယီမှာ ဂန်းချီ တိုက်ခိုက်မှုများကိုသာ အားမကိုးတော့ဘဲ လက်သီးကိုပါ အသုံးပြုလာသည်။ အဖြူရောင်အရိပ်များကို ရိုးရိုးလက်သီးဖြင့် ထိုးနှက်ပါက ထိရောက်မှု မရှိကြောင်း သူ သတိထားမိသည်။
ယခုအခါ သူ၏ လက်သီးတစ်ချက်သည် အခြေခံအားဖြင့် ပေါင်တစ်သန်းခန့် အားပါသော်လည်း အဆင့်မြင့် ကိုယ်ခံပညာဖြစ်သည့် 'သံချပ်ကာဖောက်ထွင်းခြင်းကို အသုံးပြုမှသာ ထိုအရိပ်များကို လျင်မြန်စွာ သတ်ဖြတ်နိုင်ကြောင်း တွေ့ရှိရသည်။
ပတ်ဝန်းကျင်တွင် စူးရှသော မီးခိုးများ လွင့်ပျံ့နေပြီး နှာခေါင်းနှင့် ပါးစပ်ထဲတွင် ဆာလ်ဖာအနံ့များ ပြည့်နှက်နေသည်။
'ဒီကောင်းကင်ထောင်က ချောက်ကမ်းပါးကို တုပထားတာဆိုတော့ တကယ့် ချောက်ကမ်းပါးထဲမှာကော ဘယ်လိုပုံစံမျိုး ရှိမလဲ။
ထိုသို့ လုံယီ တွေးမိသည်။
ချောက်ကမ်းပါးဆိုသည်မှာ ကမ္ဘာပေါ်တွင် အဆိပ်ပြင်းဆုံးနှင့် အကြောက်ရွံ့ဆုံး အမှောင်
စွမ်းအားများ တည်ရှိရာနေရာဟု ကြားဖူးသည်။
အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှာ ထိုနေရာတွင် ကျွမ်းကျင်သူများကို နှစ်ပေါင်းများစွာ တပ်စွဲထားပြီး လူသားမျိုးနွယ်စု၏ တာဝန်ကို ထမ်းဆောင်နေခြင်းပင်။