← Chapters

အခန်း ၄၉၀

Vol. 49 Ch. 490

အခန်း ၄၉၀

Vol. 49 Ch. 490

အခန်း။ ၄၉၀

"အသုံးမကျတဲ့ကောင်၊ အသုံးမကျတဲ့ အမှိုက်တစ ငါ့ရဲ့ ရတနာတွေကို အလကားဖြုန်းတီးပစ်ပြီး အသက်တောင် မခံနိုင်ရှာဘူး။ အမှိုက်ကောင်"

မီးခိုးရောင် ဝတ်စုံရှင် အဘိုးအို၏ မျက်လုံးများမှာ နီရဲနေသည်။

သူ၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

"ငါ့ရဲ့ ရတနာကို ဖန်တီးဖို့ဆိုတာ မယိမ်းယိုင်တဲ့ စိတ်ဓါတ်ရှိတဲ့သူမှ ရမှာ။"

သူသည် သတိလစ်နေသော ရှီဟိုင်ကို တစ်ချက်ကြည့်ပြီးနောက် မည်သည့် အမူအရာမျှ မရှိသည့် လုံယီထံသို့ အကြည့်ရောက်သွားရာ သူ၏ မျက်လုံးများမှာ ထပ်မံ၍ တောက်ပလာသည်။ လုံယီက မသိနားမလည်ဟန်ဖြင့် ခေါင်းအထက်ကို လက်ညှိုးထိုးကာ "ဒါက ဘာလဲ" ဟု မေးလိုက်သည်။

မျက်နှာကြက်တွင် အနက်ရောင် ကျောက်စိမ်းပုလဲလုံးတစ်လုံးက ဆိတ်ငြိမ်စွာ ဆွဲထားပြီး ဆွဲဆောင်မှုရှိသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။

"မင်းလည်း သေတော့မှာပဲ။ ဒီအဘိုးအိုက သနားစိတ်နဲ့ ပြောပြမယ်။ ဒါက 'ချီယွမ်'အိမ်တော်

တစ်ခုလုံးရဲ့ အဖိုးတန်ဆုံး ရတနာ 'ပင်လယ်ငြိမ်ပုလဲပဲ။"

"အို ဒါက ဘာလုပ်တာလဲ"

"သူက အစီအရင်တစ်ခုအနေနဲ့..."

အဘိုးအို စကားမဆုံးခင်မှာပင် လုံယီကို လက်ညှိုးထိုးကာ "ဒီကောင်လေးက တော်တော်ရဲတာပဲ၊ သူ့ကို ဖမ်းပြီး ကောင်းကောင်း အကင်ခံခိုင်းလိုက်။ နာကြည်းမှုတွေ ပိုများလေ ကောင်းလေပဲ၊ ဒါပေမဲ့ သတိထား သူ့ကိုတော့ မသတ်နဲ့ဦး" ဟု အမိန့်ပေးသည်။

လူသန်ကြီးများက လုံယီကို လာရောက် ဖမ်းဆီးရန် ပြင်ကြသည်။

သို့သော် လုံယီကို ကိုင်တွယ်လိုက်ချိန်တွင် သူတို့၏ လက်များမှာ သံတိုင်ကြီးကို ကိုင်ထားသကဲ့သို့ တစ်စက်မျှ မလှုပ်ရှားနိုင်တော့သည်ကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားကြသည်။

ချက်ချင်းပင် သူတို့ထံသို့ ကြီးမားသော တုံ့ပြန်မှုစွမ်းအားတစ်ခု ရောက်ရှိလာသည်။

"အား"

လူသန်ကြီးများမှာ အော်ဟစ်ကာ မီးဖိုထဲသို့ လွင့်စင်သွားကြပြီး အစိမ်းရောင် မီးတောက်များအတွင်း ပြာအဖြစ်သို့ ရောက်ရှိသွားကြသည်။

"မင်းဖန်တီးနေတာ 'ယင်လျှပ်စီးပုလဲ'လား"

လုံယီက အဘိုးအိုကို ပြုံး၍ မေးလိုက်သည်။

သူ၏ ဖြူဖွေးနေသောသွားများမှာ အဘိုးအို၏ နှလုံးသားကို အေးခဲသွားစေသည်။

ထို့နောက် သူသည် အနီရောင် အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်ရာ အထက်ရှိ အနက်ရောင်ပုလဲလုံးကို ထိမှန်သွားသည်။

အနက်ရောင်ပုလဲလုံးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ပတ်ပတ်လည်တွင် အစီအရင် ပုံစံများ ထွက်ပေါ်လာသည်။

သို့သော် လုံယီ၏ ပြင်းထန်သော ချီစွမ်းအားကို မခုခံနိုင်တော့ဘဲ လုံယီ၏ လက်ထဲသို့ ကျရောက်လာသည်။

ပုလဲလုံး ကျလာသည်နှင့် လုံယီ၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးတစ်ခု ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

အိမ်တော်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ကြီးမားသော အစီအရင်မှာလည်း အားနည်းသွားပြီး သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

"ဒီ 'ပင်လယ်ငြိမ်ပုလဲ' က ချီယွမ် အိမ်တော်ရဲ့ အဓိက အစီအရင် အူတိုင်ပဲ။ အိမ်တော် အပြင်ဘက်မှာဆိုရင်တော့ ငါဒုက္ခရောက်နိုင်တယ်။ မင်းက ငါ့ကို အလယ်ဗဟိုထိ ခေါ်လာပေးတော့ ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီနေသလိုပဲ"

လုံယီက ပြောလိုက်သည်။

အဘိုးအိုမှာ ကြောက်လန့်တကြားဖြင့် လုံယီဆီသို့ မီးခိုးရောင် လုံးကြီးများ ပစ်ပေါက်ကာ ထွက်ပေါက်ဆီသို့ အပြေးသွားသည်။

'ဘုန်း ဘုန်း ဘုန်း…

ပေါက်ကွဲသံများနှင့်အတူ အဆိပ်သင့်စေသော မီးခိုးရောင် ယင်ချီစွမ်းအင်များ ပြန့်ကျဲသွားသည်။ သို့သော် အဘိုးအိုမှာ မလွတ်မြောက်ခဲ့ပေ။

လုံယီက သူ၏ လည်ပင်းကို အမိဖမ်းကာ သေခါနီး ခွေးတစ်ကောင်ကဲ့သို့ ဖိနှိပ်ထားသည်။

"မင်းတို့ ဟွမ်ချွမ်း' ဂိုဏ်းက တကယ်ကို အောက်တန်းကျပြီး ယုတ်မာလွန်းတယ်။ တစ်နေ့ကျရင် မင်းတို့ရဲ့ အခြေစိုက်စခန်းကို သွားပြီး ဒီလို အမှိုက်တွေကို ရှင်းပစ်မယ်။"

"ကယ်….ကယ်ပေးပါ"

အဘိုးအိုက တုန်ရီစွာဖြင့် တောင်းပန်သည်။

သူ၏ ကျင့်စဉ်အဆင့်မှာ ချီသန့်စင်ခြင်း အဆင့်မျှသာ ဖြစ်သဖြင့် လုံယီကဲ့သို့ အဆင့်မြင့်သူနှင့် နီးကပ်စွာ ထိပ်တိုက်တွေ့ပါက မည်သို့မျှ မခုခံနိုင်ပေ။

လုံယီက အဘိုးအို၏ ဒန်တျန်ကို လက်ဖြင့် နှိပ်နယ်လိုက်ရာ အတွင်းရှိ ချီစွမ်းအားများ လုံးဝ ပျက်စီးသွားတော့သည်။

"ပြောစမ်း ယင်အရည်တွေနဲ့ ယင်လျှပ်စီးပုလဲတွေကို ဘယ်မှာ သိမ်းထားတာလဲ"

လုံယီက အေးစက်စွာ မေးလိုက်သည်။

"ပြော…ပြောရင် ငါ့ကို လွှတ်ပေးမှာလား တာအိုကျိန်စာဆိုရင် ပြောပြမယ်"

အဘိုးအိုမှာ စွမ်းအားများ ဆုံးရှုံးသွားသော်လည်း အသက်ရှင်လိုသည့် ဆန္ဒဖြင့် ရုန်းကန်ပြောပြောလိုက်သည်။

"ဆူညံလိုက်တာ။"

လုံယီသည် စိတ်မရှည်တော့ဘဲ သူ၏ 'ထိန်းချုပ်ခြင်း စွမ်းရည်နှင့် မှော်အတတ်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ထိုစွမ်းရည်နှစ်ခု ပေါင်းစပ်လိုက်ခြင်းဖြင့် အဆိပ်သင့်စေသော လျှို့ဝှက်ချက်များကို အလွယ်တကူပင် သိရှိလိုက်ရသည်။

လုံယီ၏ ပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်ကွယ်တွင် လည်ပင်းကျိုးကာ မျက်လုံးပြူးလျက် သေဆုံးနေသည့် အလောင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

အသက်တစ်စက္ကန့်ရှူချိန်အတွင်းမှာပင် လုံယီသည် အိမ်တော်၏ မြေအောက်ခန်းသို့ ရောက်ရှိသွားပြီး လက်ဝတ်ရတနာများကြားမှ သတိမထားမိလောက်သည့် ငွေရောင်လက်စွပ်တစ်ကွင်းကို ကောက်ယူလိုက်သည်။

"အင်း ကာကွယ်ရေး အစီအရင်တစ်ခု ရှိတာပဲ"

'စီး…

လုံယီ၏ စိတ်ထဲမှ သိမ်းငှက်တစ်ကောင် ပျံထွက်လာပြီး ငွေရောင်လက်စွပ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကာ မာကျောလှသော ကာကွယ်ရေးကို ဖျက်ဆီးပစ်လိုက်သည်။

ဤသည်မှာ သူ၏ 'သူတော်စင်စစ်သည်' အဆင့်သို့ ရောက်ရှိပြီးနောက်မှ တွေ့ရှိထားသည့် ဝိညာဉ်အာရုံ၏ အသုံးဝင်ပုံအသစ်ပင်။

အိမ်တော်၏ အစီအရင်များ နိုးထလာသည်ကို မြင်သောအခါ လုံယီသည် မနှောင့်နှေးတော့ဘဲ အိမ်တော်မှ လျင်မြန်စွာ ပြေးထွက်လာသည်။

သူသည် ဆယ်မိုင်ကျော် ဝေးကွာသော ထူထပ်သည့် တောအုပ်တစ်ခုသို့ ရောက်ရှိသွားသည်။

လုံယီသည် လက်စွပ်အတွင်းမှ ပစ္စည်းအားလုံးကို ထုတ်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါတော့ တကယ်ကို အမြတ်အကြီးဆုံးပဲ။"

သူ့ရှေ့တွင် အဘိုးအိုအသုံးပြုခဲ့သည့် ပမာဏအတိုင်းရှိသော ယင်အရည် ပုလင်းလေးငါးဆယ်ခန့် ရှိနေသည်။

ယခင်က ယင်ရှားနယ်မြေတွင် တာဝန်ထမ်းဆောင်စဉ်က တစ်ဖွဲ့လုံးအတွက် ပုလင်းတစ်ပုလင်းသာ စုဆောင်းရမည်ဟု သတ်မှတ်ထားသော်လည်း ယခုမူ အများအပြား ရရှိလိုက်ခြင်းပင်။

ကြက်ဥအရွယ်အစားရှိသော မီးခိုးရောင် 'ယင်လျှပ်စီးပုလဲ' များမှာလည်း ငါးရာမှ ခြောက်ရာအထိ ရှိနေသည်။

ယင်လျှပ်စီးပုလဲ တစ်လုံးတည်းကပင် ချီသန့်စင်ခြင်း အဆင့်ကို ခြိမ်းခြောက်နိုင်ပြီး သုံးလေးဆယ်ခန့်ဆိုလျှင် အခြေခံ အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူကိုပင် ထိတ်လန့်သွားစေနိုင်သည်။

ဤပုလဲပေါင်း ငါးရာကျော်ကို တစ်ပြိုင်နက် အသုံးပြုပါက မည်သို့သော အစွမ်းရှိမည်ကို လုံယီပင် မတွေးဝံ့ပေ။

အခြားသော ရွှေ၊ ငွေ၊ ရတနာများနှင့် လက်နက်ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုမူ သူ မရေတွက်နိုင်တော့ပေ။

လုံယီသည် ယင်လျှပ်စီးပုလဲများနှင့် အခြားပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ယင်အရည်ပုလင်းများကိုသာ ထုတ်ထားကာ လက်စွပ်ကို လက်ညှိုးတွင် ဝတ်ဆင်လိုက်သည်။

ထို့နောက် ယင်အရည်ပုလင်းတစ်ပုလင်းကို ဖွင့်ကာ စတင်စုပ်ယူတော့သည်။

'ဘုန်း….

ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများမှာ ယင်အရည်နှင့် ထိတွေ့သည်နှင့် ဆူပွက်လာပြီး လေပူဖောင်းများ ဖြစ်ပေါ်လာသည်။

လုံယီ၏ ခန္ဓာကိုယ်မှာ အပူရှိန်ကြောင့် နီရဲလာပြီး အဖြူရောင် ရေနွေးငွေ့များက တောအုပ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

အသားအရေအတွင်းမှ အညစ်အကြေးများမှာ ဖုန်မှုန့်များကဲ့သို့ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လုံယီ၏ ချီစွမ်းအားများမှာ ပိုမိုသန့်စင်ပြီး မာကျောလာသည်။

ပုလင်းတစ်ပုလင်းပြီးနောက် တစ်ပုလင်း ဆက်တိုက် စုပ်ယူလိုက်ရာ ယင်အရည်အားလုံး ကုန်သွားသောအခါ လုံယီ၏ လက်ချောင်းထိပ်တွင် ပုံဆောင်ခဲကဲ့သို့ ကြည်လင်နေသည့် အနီရောင် ချီစွမ်းအားများ ပေါ်ထွက်လာသည်။

ထိုစွမ်းအားမှာ အလွန်ပင် ထက်မြက်လှသဖြင့် တစ်ထောင်မီတာ အကွာအဝေးရှိ ကျင့်ကြံသူများပင် အရေပြားကို ထိုးစိုက်သကဲ့သို့ ခံစားရလိမ့်မည်။

ဟွမ်ချွမ်းဂိုဏ်းက နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ယင်အရည်များမှာ လုံယီ၏ စွမ်းအားအဖြစ်သို့ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

"ဖောက်ထွင်းသူက အဲဒီမှာ"

ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

လုံယီ၏ လှုပ်ရှားမှုကြောင့် ရန်သူများ ရောက်ရှိလာခြင်းပင်။

လေထဲတွင် ဓားသံများ တဝူးဝူး မြည်ဟည်းလာသည်။

ခေါင်းဆောင်၏ အရှိန်အဝါမှာ အလွန်ပြင်းထန်လှပြီး အဆင့်မြင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။

All Chapters