← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) - ဒီတစ်ကြိမ်တော့ ငါ တစ်ကိုယ်ကောင်းဆန်ပါရစေ

ဒေါက်... ဒေါက်... ဒေါက်...

နောက်တစ်နေ့ နံနက်စောစောတွင် ကျူးလင်းတစ်ယောက် တံခါးခေါက်သံကြောင့် နိုးလာခဲ့လေသည်။

ရှို့ဝူသည် တံခါးအပြင်ဘက်တွင် ရပ်ကာ ခေတ္တမျှ စောင့်ဆိုင်းနေသော်လည်း အိပ်ခန်းထဲမှ မည်သည့်လှုပ်ရှားသံမျှ မကြားရချေ။ ထို့ကြောင့် သူသည် တံခါးကို ထပ်မံခေါက်လိုက်ပြီး မေးလိုက်၏။

"ရှောင်လင်... နိုးပြီလား..."

အပြင်ဘက်မှ ခေါ်နေသော ရှို့ဝူ၏ အသံကို ကြားလိုက်ရသဖြင့် ကျူးလင်းသည် ညည်းညူသံသဲ့သဲ့ ပြုလုပ်ကာ မျက်လုံးများကို ဖွင့်လိုက်၏။

သူမသည် နာကျင်ကိုက်ခဲနေသော လည်ပင်းကို ပွတ်သပ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ ထရပ်ကာ တံခါးဖွင့်ရန် လျှောက်သွားလိုက်တော့သည်။

ရှို့ဝူသည် သူမ၏ အနည်းငယ် ရှုပ်ပွနေသော ဆံပင်များကို ကြည့်ကာ ပြုံးလျက် မေးလိုက်၏။

"နိုးတာ မကြာသေးဘူးလား... မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား..."

ကျူးလင်းသည် သူမ၏ လည်ပင်းကို အနည်းငယ် ပွတ်သပ်လိုက်ပြီးနောက် ခန္ဓာကိုယ်အနှံ့ ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်စေလိုက်၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ခန္ဓာကိုယ်ရှိ နာကျင်မှုများမှာ ပျောက်ကွယ်သွားလေသည်။ သူမသည် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

"မင်္ဂလာနံနက်ခင်းပါ... ကိစ္စရှိလို့လား..."

သူမ၏ မေးခွန်းကို ကြားသောအခါ ရှို့ဝူသည် မျက်ခုံးပင့်လိုက်၏။ သူသည် သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ မေးလိုက်သည်။

"ရှောင်လင်... ကိုယ် မင်းစိတ်ဆိုးစေမယ့်အရာတစ်ခုခု လုပ်မိလို့လား..."

သူ့မေးခွန်းကြောင့် ကျူးလင်သည် ခေါင်းခါယမ်းလိုက်ပြီး ပြန်ပြောလိုက်၏။

"မဟုတ်ပါဘူး... ဘာလို့ ကျွန်မ စိတ်ဆိုးနေတယ်လို့ ထင်ရတာလဲ..."

သူမ၏ တည်ငြိမ်ပြီး စိမ်းကားလှသော အမူအရာကို ကြည့်ကာ ရှို့ဝူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်၏။

“ကိုယ် ဘာအမှားလုပ်မိလဲတော့ မသိဘူး... ဒါပေမဲ့ မနေ့ညကတည်းက မင်း ကိုယ့်အပေါ် အရမ်းအေးစက်နေတယ်...”

“မင်းနဲ့ပတ်သက်ရင် ကိုယ်က အရမ်းတုံးအတယ်ဆိုတာ ကိုယ်သိပါတယ်... ဒါပေမဲ့ ကိုယ် မင်းမကြိုက်တာတစ်ခုခု လုပ်မိရင်ဖြစ်ဖြစ်၊ မင်းကို စိတ်ဆိုးအောင် လုပ်မိရင်ဖြစ်ဖြစ် ကိုယ့်ကို တိုက်ရိုက်ပဲ ပြောပြပါ..."

သူ ထိုသို့ပြောပြီးနောက် ကျူးလင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိ၏။

'ငါ တကယ်ပဲ မနေ့ညကတည်းက သူ့အပေါ် အရမ်းအေးစက်နေခဲ့တာလား...'

သူမ စဉ်းစားခန်းဝင်နေသည်ကို မြင်သောအခါ ရှို့ဝူသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ မေးလိုက်၏။

"မနက်စာ အတူတူ စားကြမလား..."

သူ့မေးခွန်းကို ကြားသောအခါ ကျူးလင်သည် ခေါင်းညိတ်ပြလိုက်၏။ သူမ၏ အဖြေကို ရရှိပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"သွားကြစို့... ကျီယန်နဲ့ ထန်ဝေ့တို့က ကိုယ်တို့ကို စောင့်နေကြပြီ..."

ရှို့ဝူ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ကျူးလင်သည် မသိစိတ်ဖြင့် လက်လှမ်းကာ သူ့လက်ကို ဆုပ်ကိုင်လိုက်မိ၏။

သူ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည့် ခဏတွင် မိစ္ဆာနတ်ဘုရားနှင့် ပတ်သက်သည့် သူမ၏ နောက်ဆုံးအမှတ်တရသည် စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ထိုစဉ်က ကျူးလင်သည် သူ့ကို မတားဆီးခဲ့မိချေ။ ထိုအကြိမ်သည် သူမ သူ့ကို နောက်ဆုံးတွေ့ခဲ့ရခြင်းပင် ဖြစ်၏။

သူမက ရုတ်တရက် လက်ကို ဆုပ်ကိုင်လိုက်သဖြင့် ရှို့ဝူသည် ခြေလှမ်းများ ရပ်တန့်သွားလေသည်။ သူသည် သူမဘက်သို့ လှည့်ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

ကျူးလင်သည် ဆုပ်ကိုင်ထားသော လက်များကို ခေတ္တမျှ ငုံ့ကြည့်လိုက်ပြီးနောက် မျက်လုံးများကို ပင့်ကာ ရှို့ဝူကို ကြည့်လျက် ပြောလိုက်၏။

"ကျွန်မ ရှင့်အပေါ် တမင် အေးတိအေးစက် ဆက်ဆံခဲ့တာ မဟုတ်ပါဘူး..."

“ကျွန်... ကျွန်မ စဉ်းစားစရာလေးတွေ ရှိနေလို့ပါ... ရှင့်ရဲ့ ခံစားချက်ကို ထိခိုက်စေခဲ့ရင် တောင်းပန်ပါတယ်... ကျွန်မ တကယ် တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး..."

သူမ၏ အနေရခက်လှသော တောင်းပန်စကားကို ကြားပြီးနောက် ရှို့ဝူသည် တိတ်ဆိတ်သွားလေသည်။ အတော်ကြာပြီးမှ သူသည် သူမ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။

"ကိုယ် နားလည်ပါပြီ... ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်..."

သူ၏ နူးညံ့သော အပြုံးကို မြင်လိုက်ရသောအခါ ကျူးလင်သည် မရေရာသော အနာဂတ်အတွက် စိုးရိမ်ပူပန်နေမိခြင်းမှာ အလွန်မိုက်မဲလှသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

သူမသည် ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားသောကြောင့် ပစ္စုပ္ပန်ကို မည်သည့်အခါမျှ တန်ဖိုးမထားခဲ့ဘဲ ဘုံခြောက်ပါး၏ အနာဂတ်အတွက်သာ အမြဲတစေ စီစဉ်နေခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ သူမသည် သူမကိုယ်တိုင်နှင့် ရှေ့တွင်ရှိနေသော အမျိုးသားကို တန်ဖိုးထားချင်မိသွားလေသည်။

သူမ၏ အစ်ကိုတော်မှလွဲ၍ မိစ္ဆာနတ်ဘုရားသည် သူမအား ချစ်မြတ်နိုးခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်၏။

သူ၏ ချစ်မြတ်နိုးခြင်းကို ခံရသဖြင့် သူမသည် အလွန်ကံကောင်းလှပေသည်။

ဤကမ္ဘာငယ်လေးတွင် သေဆုံးပြီးနောက် ရှို့ဝူသည် မိစ္ဆာနတ်ဘုရားအဖြစ် ပြန်လည်ပြောင်းလဲသွားမည်ဖြစ်ပြီး ကျူးလင်သည် ဤတစ်ကြိမ်တော့ ကိုယ့်အတွက်သာ ရှင်သန်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူမသည် မိစ္ဆာနတ်ဘုရားကို သဘောကျခဲ့ပြီး ရှို့ဝူသည်လည်း သူပင် ဖြစ်၏။

သူမသည် ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး မလိမ်ညာချင်တော့ချေ။

ဘုံခြောက်ပါးတွင် သူမ၏ ဖြစ်တည်မှုအစစ်အမှန်အနေဖြင့် သူနှင့်အတူ မရှိနိုင်သဖြင့် ဤကမ္ဘာတွင်မူ သူနှင့်အတူ ဘဝတစ်ခုကို ဖြတ်သန်းချင်မိသည်။

သူတို့နှစ်ဦး ဘုံခြောက်ပါးသို့ ပြန်ရောက်သွားပြီးနောက်တွင်မူ သူမသည် သူနှင့်ပတ်သက်သမျှ အမှတ်တရအားလုံးကို ဖျက်ပစ်ကာ သူ့ကို ထာဝရမေ့ထားလိုက်မည်ဖြစ်၏။

ထိုအချိန်ကျလျှင် သူမ တွေဝေတုံ့ဆိုင်းမသွားရန်သာ မျှော်လင့်မိတော့သည်။

ကျူးလင်သည် မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ထဲမှ ပြောလိုက်၏။

'ဒီတစ်ခါပဲ... ငါ တစ်ကြိမ်လောက်တော့ တစ်ကိုယ်ကောင်းဆန်ပါရစေ...'

ဆုံးဖြတ်ချက်ချပြီးနောက် ကျူးလင်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

သူမသည် ရှို့ဝူ၏ အင်္ကျီစကို ဆွဲကိုင်ကာ သူ့ကို သူမမျက်နှာအနီးသို့ ဆွဲချလိုက်ပြီး ခြေဖျားထောက်လျက် သူ့နှုတ်ခမ်းဖျားကို ညင်သာစွာ နမ်းရှိုက်လိုက်လေသည်။

နောက်တစ်စက္ကန့်တွင် သူမသည် မျက်နှာရဲရဲဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ပြောလိုက်၏။

"ကျွန်မ ဗိုက်ဆာပြီ..."

အိပ်ခန်းတံခါးရှေ့တွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့သော ရှို့ဝူကို ထားရစ်ခဲ့ကာ ကျူးလင်သည် အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှို့ဝူသည် သူ၏ နှုတ်ခမ်းများကို ထိတွေ့လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

သူသည် အောက်ထပ်သို့ လှည့်ကြည့်လိုက်ရာ ကျူးလင်သည် သူမ၏ ပါးပြင်ရဲရဲ‌လေးကို ကိုင်လျက် ထမင်းစားခန်းဆီသို့ ပြေးသွားသည်ကို မြင်လိုက်ရ၏။

သူသည် ပြုံးလိုက်ပြီး စိတ်ကြည်လင်စွာဖြင့် လှေကားထစ်များအတိုင်း အောက်သို့ ဆင်းလာခဲ့တော့သည်။

ထမင်းစားခန်းထဲသို့ ဝင်လာသောအခါ ရှို့ဝူသည် ကျူးလင်တစ်ယောက် ခေါင်းငုံ့ထားပြီး သူ့ကို မကြည့်ရဲဘဲ ဖြစ်နေသည်ကို မြင်လိုက်ရ၏။ သူသည် တိုးတိုးလေး ရယ်မောလိုက်ပြီး သူမ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

ထန်ဝေ့သည် ထိုနှစ်ဦး၏ ထူးဆန်းသော အပြုအမူကို မြင်သောအခါ မေးလိုက်၏။

"လောင်ရှို့... မင်း ရှောင်လင်ကို ဘာလုပ်လိုက်တာလဲ..."

သူ့မေးခွန်းကို ကြားသောအခါ ရှို့ဝူသည် ထန်ဝေ့ကို ကြည့်ကာ မေးလိုက်၏။

"ဘာကိုဆိုလိုတာလဲ... ငါ ရှောင်လင်ကို ဘာလုပ်လိုက်တယ်လို့ မင်းထင်လို့လဲ..."

ထန်ဝေ့သည် ရှို့ဝူမှလွဲ၍ ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေသော ကျူးလင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"ရှောင်လင်က မင်းဝင်လာကတည်းက မင်းကို တစ်ချက်လေးတောင် မကြည့်ဘူး... ပြောစမ်းပါဦး... မင်း ငါတို့ကွယ်ရာမှာ သူ့ကို အနိုင်ကျင့်နေတာလား..."

"....."

ထန်ဝေ့၏ စွပ်စွဲချက်ကို ကြားသောအခါ ရှို့ဝူသည် ဆွံ့အသွားရလေသည်။

သူသည် စားပွဲကို သာသာလေး ခေါက်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"ရှောင်လင်... အနိုင်ကျင့်ခံရတာက မင်းမဟုတ်ဘဲ ကိုယ်ဖြစ်နေတယ်ဆိုတာကို သူတို့ကို ရှင်းပြသင့်တယ်လို့ ထင်တယ်..."

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ထန်ဝေ့သည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသော်လည်း ကျီယန်ကမူ ရယ်မောလိုက်ရုံသာ ပြုလုပ်၏။

ထန်ဝေ့သည် သူ၏ တူဖြင့် ရှို့ဝူကို ညွှန်ပြကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။

"မင်း... မင်း... ရှောင်လင်က တကယ်ပဲ မင်းကို အနိုင်ကျင့်လိုက်တာလား..."

ရှို့ဝူသည် ထန်ဝေ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျူးလင်ကို ကြည့်ကာ ပြောလိုက်၏။

"ရှောင်လင်... မင်း မရှင်းပြချင်ဘူးဆိုရင် ကိုယ်ပဲ မင်းကိုယ်စား သူတို့ကို ရှင်းပြလိုက်မယ်..."

ကျူးလင်သည် သူ ဘာပြောမလဲဆိုသည်ကို ခန့်မှန်းနေဆဲတွင် ရှို့ဝူက တည်ငြိမ်စွာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။

"ခုနတင်ပဲ သူမရဲ့ အိပ်ခန်းတံခါးဝမှာ ရှောင်လင်က ငါ့ကို နမ်း… အု..."

All Chapters