← Chapters

အခန်း ၉၄၂

Vol. 90 Ch. 942

အခန်း ၉၄၂

Vol. 90 Ch. 942

အခန်း (၉၄၂) - သတ္တမအဆင့် အိပ်မက်ဝိညာဉ်ကူ၊ ကူပိုးကောင်များ၏ နက်နဲသောလျှို့ဝှက်ချက်၊ ကူပိုးကောင်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသပင် (၄)

'ကူနတ်ဘုရားပန်းကန်ထဲမှာ မွေးဖွားလာတဲ့ ကူပိုးကောင်တိုင်းက ဥပဒေသနဲ့ ဆင်တူတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတာပဲ...'

'ကူပိုးကောင်တိုင်းက ကောင်းကင်နဲ့မြေကြီး ဥပဒေသတစ်ခုစီကို ကိုယ်စားပြုနေတာများလား...'

ကျိုးစွေ့တစ်ယောက် ဤသို့ မတွေးဘဲ မနေနိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် 'ကူနတ်ဘုရားပန်းကန်' မှ မွေးဖွားလာသော ကူပိုးကောင်များသည် အမှန်တကယ်ပင် အလွန်စွမ်းအားကြီးမားလွန်းပြီး သာမန်သက်ရှိများနှင့် လုံးဝတူညီခြင်း မရှိသောကြောင့်ပင်။

ဤသို့သော စွမ်းရည်မျိုးက ဥပဒေသများနှင့် များစွာကွာခြားမှု မရှိတော့ချေ။

ပို၍ အရေးကြီးသည်မှာ ဆင်တူသော ကူပိုးကောင်များကို အများဆုံး တစ်ကောင်သာ မွေးဖွားနိုင်ပြီး တူညီသော ဒုတိယမြောက် ကူပိုးကောင်ဟူ၍ မရှိခြင်းပင်။

အကယ်၍ ဤသို့သာဆိုလျှင် ဤသိဒ္ဓိဝင်ရတနာ 'ကူနတ်ဘုရားပန်းကန်' ၏ စွမ်းအားက ယုံကြည်နိုင်စရာမရှိလောက်အောင် ကြီးမားခက်ထန်နေမည် မဟုတ်ပါလော။

အင်မော်တယ်လက်နက်များနှင့် 'ကူနတ်ဘုရားပန်းကန်' ကို နှိုင်းယှဉ်လျှင်ပင် ဤအဆင့်လောက်သာ ရှိပေမည်။

ဤသည်က အင်မော်တယ်လက်နက်များကိုပင် ကျော်လွန်သွားသည့် သိဒ္ဓိဝင်ရတနာတစ်ခု ဖြစ်နေမည်လော။

သို့ရာတွင် အင်မော်တယ်လက်နက်များကို ကျော်လွန်သွားသော ရတနာမျိုးက မည်သို့သော မှော်ရတနာမျိုး ဖြစ်နေမည်နည်း။

အမှန်စင်စစ်အားဖြင့် ယခုအချိန်တွင် သူသိရှိထားသော အချက်အလက်များက အလွန်နည်းပါးနေဆဲ ဖြစ်၏။ အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားနိုင်ပြီးနောက်မှသာ အခြားသောအရာများကို ပိုမိုသိရှိနိုင်ပြီး 'ကူနတ်ဘုရားပန်းကန်' ၏ ဇာတ်မြစ်ကို သိလာနိုင်‌ပေမည်။

ယခုအခါ သူသည် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်ပင် သူ့ကိုယ်ပေါ်ရှိ ဤရတနာနှင့် ပတ်သက်၍ နားလည်ထားမှုက သိပ်မများလှပေ။

အများဆုံးအနေဖြင့် ၎င်း၏ စွမ်းရည်အနည်းငယ်ကိုသာ သိရှိထားခြင်း ဖြစ်သည်။

သို့သော်ငြား 'ကူနတ်ဘုရားပန်းကန်' သာ မရှိခဲ့ပါက သူကိုယ်တိုင်လည်း ယခုကဲ့သို့သော အဆင့်အတန်းမျိုးအထိ ရောက်ရှိလာမည် မဟုတ်ချေ။

'ဒီလိုပြောရမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ အရမ်းများတယ်...'

'အစတုန်းက ကူပိုးကောင်တွေ ပိုင်ဆိုင်ထားတဲ့ စွမ်းအားက ဥပဒေသ အပိုင်းအစတချို့သာ ဖြစ်လိမ့်မယ်...'

'ဒါပေမဲ့ ကူပိုးကောင်တွေရဲ့ စွမ်းအားက စဉ်ဆက်မပြတ် တိုးတက်လာတာနဲ့အမျှ ပိုပြီးများပြားတဲ့ ဥပဒေသ အပိုင်းအစတွေကို တဖြည်းဖြည်းနဲ့ ဆုပ်ကိုင်လာနိုင်တာပဲ...'

'နောက်ဆုံးကျရင် ပြီးပြည့်စုံတဲ့ ဥပဒေသတစ်ခုလုံးကို တိုက်ရိုက်ဆုပ်ကိုင်နိုင်သွားလောက်တယ်...'

'ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အဖြစ်ကို ရောက်သွားတဲ့အချိန်မှသာ ကူပိုးကောင်တွေရဲ့ စွမ်းအားက အမှန်တကယ် ပေါ်ထွက်လာတာမျိုးလည်း ဖြစ်နိုင်တယ်...'

ကျိုးစွေ့က လက်သီးကို ဆုပ်လိုက်မိသည်။

ဤနေရာအထိ တွေးမိသွားပြီးနောက် ကျိုးစွေ့လည်း တည်ငြိမ်သွားလေသည်။

မည်သို့ပင်ဆိုစေ ယခုအချိန်တွင် သူ၏ ကျင့်ကြံမှုအဆင့်က အနည်းငယ် နိမ့်ကျနေဆဲဖြစ်ကာ လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်သာ ရှိသေးသည် မဟုတ်ပါလော။

ကူပိုးကောင်များ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်၍မူ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သေချာပေါက် စဉ်ဆက်မပြတ် ဖော်ထုတ်နိုင်ပေမည်။

ယခုလောလောဆယ်တွင် ကူပိုးကောင်များ၏ ဇာတ်မြစ်ကို မသိလျှင်ပင် လုံးဝကိစ္စမရှိပေ။

ဤသို့သော နက်ရှိုင်းလှသည့် လျှို့ဝှက်ချက်မျိုးကို အလွန်အမင်း စူးစမ်းလေ့လာနေခြင်းက အမှန်တကယ်တမ်း များစွာ အဓိပ္ပာယ်မရှိလှချေ။

အရာအားလုံးသည်ကား မိမိစွမ်းဆောင်နိုင်သည်ထက် ပို၍မျှော်လင့်နေခြင်းမျိုးသာ ဖြစ်လေသည်။

'ဟင်...'

ထိုအချိန်မှာပင် ကျိုးစွေ့၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ‘ကံကြမ္မာကူ’ က ဤအခိုက့်အတန့်၌ သတိပေးချက်တစ်ခု ထုတ်လွှင့်လာသည်ကို အာရုံခံလိုက်မိ၏။

ကပ်ဘေးအငွေ့အသက်များက တရွေ့ရွေ့ ပျံ့နှံ့လာကာ သူ၏ ခေါင်းအထက် ကောင်းကင်ယံ၌ ပေါ်လာလေသည်။

မှန်ပေသည်၊ ဤသည်က အသက်အန္တရာယ်ရှိသော ကပ်ဘေးမျိုးမူကား မဟုတ်ပေ။ အများဆုံးအနေဖြင့် သေးငယ်သော ကပ်ဘေးတစ်ခုမျှသာ ဖြစ်၏။

'ဖုန်းရှီးကျွန်းထဲမှာ နေတာတောင်မှ ကပ်ဘေးနဲ့ ကြုံတွေ့ရသေးတယ်ပေါ့...'

'ဖုန်းရှီးကျွန်းကို လာရောက်တိုက်ခိုက်မယ့် ရန်သူ တစ်ယောက်ယောက်များ ရှိနေလို့လား...'

ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

သူသည် ‘ကံကြမ္မာကူ’ ၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်ပြီး ဤကပ်ဘေးအငွေ့အသက်များကို အသုံးပြုကာ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကပ်ဘေးကို တွက်ချက်လိုက်လေ၏။

ဝုန်း...

ချက်ချင်းပင် အနာဂတ်မြင်ကွင်းများက သူ၏ သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။

အဝေးရှိ ကောင်းကင်ယံထက်တွင် ဧရာမ မိစ္ဆာချီများ ပေါ်လာပုံရပြီး မုန်တိုင်းတစ်ခုသဖွယ် လွှမ်းခြုံလာကာ ဖုန်းရှီးကျွန်းတစ်ခုလုံးအား ဝါးမျိုရန်နှင့် ဖုန်းရှီးကျွန်းရှိ လူသားများအား တစ်ယောက်မကျန် ဝါးမျိုပစ်ရန် ကြိုးစားနေပုံပေါ်သည်။

'ဒါက ငရဲမိစ္ဆာကမ္ဘာကလာတဲ့ မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတွေပဲ...'

'ဒီလိုကိုး... ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်နေတဲ့ ကပ်ဘေးက နောက်ဆုံးတော့ ဖုန်းရှီးကျွန်းအထိတောင် ရိုက်ခတ်လာပြီပေါ့...'

ဖုန်းရှီးကျွန်းက မည်သို့သော ကပ်ဘေးမျိုးနှင့် ရင်ဆိုင်ရမည်ကို ကျိုးစွေ့ တစ်ခဏချင်းပင် နားလည်သွားခဲ့ချေပြီ။

ထင်ရှားလှသည်မှာ ဝိညာဉ်ကမ္ဘာကို ကျူးကျော်လာသော ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများသည် ကျိုင်းကောင်များအလား ဝိညာဉ်ကမ္ဘာ၏ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားခြင်း ဖြစ်လေသည်။

ဝိညာဉ်ကမ္ဘာ၏ နေရာအနှံ့တွင် မီးရှို့၊ သတ်ဖြတ်၊ လုယက်မှုများကို အစဉ်မပြတ် ပြုလုပ်ကာ သတ်ဖြတ်ခြင်းများကို ဖန်တီးနေကြသည်။

ဖုန်းရှီးကျွန်းက တစ်ထောင့်တစ်နေရာတွင် သီးသန့်တည်ရှိပြီး ခေါင်ကျသော ပင်လယ်နယ်မြေတွင် တည်ရှိနေသော်ငြား ဖုန်းရှီးကျွန်းအနေဖြင့် ဤကပ်ဘေးမှ လွတ်မြောက်နိုင်မည်ဟု မဆိုလိုချေ။

အမှန်တကယ်တမ်း လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ကာလအတွင်း ဖုန်းရှီးကျွန်းသည် ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို မခံရသည်မှာ ကံကောင်းလွန်းလှသည်ဟု ဆိုရပေမည်။

ထို့အပြင် 'ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်' ၏ ဆက်နွှယ်မှုကြောင့် အကျိုးကျေးဇူးရရှိခဲ့ကာ ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူ အများအပြားကို ခြောက်လှန့်တားဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်၏။

သို့ရာတွင် ဖုန်းရှီးကျွန်း၏ ကံကောင်းမှုက ဤနေရာတွင်ပင် အဆုံးသတ်သွားပြီ ဖြစ်ကြောင်းက ထင်ရှားလှပေသည်။

ဖုန်းရှီးကျွန်းက မည်မျှပင် ဖုံးကွယ်ထားစေကာမူ အချို့သော ငရဲမိစ္ဆာကမ္ဘာမှ ကျင့်ကြံသူများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရဆဲပင်။

'ဖုန်းရှီးကျွန်းကို ပစ်မှတ်ထားလာတာက ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတစ်စုပဲ...'

ကျိုးစွေ့၏ သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ကောင်းကင်မိစ္ဆာမျိုးနွယ်စုနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ စီးဆင်းလာလေသည်။

မည်သို့ပင်ဆိုစေ သူ၏ကိုယ်ပွားက ခွန်ဖန်ပင်လယ်ဒေသတွင် နှစ်ရာပေါင်းများစွာ နေထိုင်ကာ သတင်းအချက်အလက်များကို အစဉ်မပြတ် စုဆောင်းခဲ့သည် မဟုတ်ပါလော။

သဘာဝကျစွာပင် ငရဲမိစ္ဆာကမ္ဘာမှ ကောင်းကင်မိစ္ဆာမျိုးနွယ်စုနှင့် ပတ်သက်သည့် သတင်းအချို့ကို သိရှိလာခဲ့ခြင်း ဖြစ်၏။

အဆိုပါ ကောင်းကင်မိစ္ဆာမျိုးနွယ်စုဟု ခေါ်ဆိုကြသည်များအား စုစုပေါင်း နှစ်မျိုးခွဲခြားထားသည်။

တစ်မျိုးသည်ကား ဝိညာဉ်သက်သက်၊ မကောင်းဆိုးဝါးအတွေးများ စသည့် အဆိုးမြင်စွမ်းအင်များဖြင့် စုစည်းဖြစ်တည်လာသော နယ်ပယ်ပြင်ပ ကောင်းကင်မိစ္ဆာများ ဖြစ်ကြသည်။ ၎င်းတို့က အတွေးတစ်ခုသာဖြစ်ပြီး ပုံသဏ္ဌာန်မရှိ၊ ရုပ်ခန္ဓာမရှိသော ဝိညာဉ်အမျိုးအစား သက်ရှိများ ဖြစ်ကြလေသည်။

ဒုတိယတစ်မျိုးမှာမူ သွေးသားရုပ်ခန္ဓာပုံစံရှိသည့် ကောင်းကင်မိစ္ဆာများပင် ဖြစ်၏။

၎င်းတို့အားလုံးသည် မူလက မိစ္ဆာအတွေးတစ်ခုမှနေ၍ အခြားသော သက်ရှိများ၏ ခန္ဓာကိုယ်ကို ဝင်ပူးကာ အသွင်ပြောင်းလာသည့် အထူးမိစ္ဆာသတ္တဝါများ ဖြစ်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သက်ရှိသက်သက်သာ ဆိုပါက ကန့်သတ်ချက်များက အမှန်တကယ်ပင် များပြားလွန်းလှသည်။ ကျင့်ကြံသူများ၌လည်း ဝိညာဉ်ကောင်းကင်မိစ္ဆာများကို နှိမ်နင်းနိုင်မည့် နည်းလမ်းများစွာ ရှိနေသောကြောင့်ပင်။

သို့သော် သွေးသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ကောင်းကင်မိစ္ဆာများကမူ တူညီမည် မဟုတ်တော့ချေ။

ဤကောင်းကင်မိစ္ဆာများသည် သွေးသားသက်ရှိများကဲ့သို့ စွမ်းအားများကို ပိုင်ဆိုင်ထားရုံသာမက ဝိညာဉ်ကောင်းကင်မိစ္ဆာများ၏ မွေးရာပါနတ်ဘုရားစွမ်းရည်များကိုပါ ပိုင်ဆိုင်ထားကြသည်။

မူလခန္ဓာကိုယ်ကို စွန့်ပစ်ကာ အခြားသော သွေးသားခန္ဓာကိုယ်များကို အကြိမ်ကြိမ် ဝင်ပူးနိုင်စွမ်းလည်း ရှိကြသေး၏။

ဤသို့သော ကောင်းကင်မိစ္ဆာ အမျိုးအစားကသာ ကောင်းကင်မိစ္ဆာမျိုးနွယ်စုများအကြားတွင် အထွတ်အထိပ်လွှာများ ဖြစ်သည်ဟု ဆိုရပေမည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စုများအကြားတွင် အုပ်ချုပ်သူနေရာကို သိမ်းပိုက်ထားကြသူများ ဖြစ်လေသည်။

ထို့ကြောင့် ဝိညာဉ်အမျိုးအစား ကောင်းကင်မိစ္ဆာတိုင်းက လုံလောက်စွာ စွမ်းအားကြီးမားသည့် သွေးသားခန္ဓာကိုယ်တစ်ခုကို ဝင်ပူးရန် ဆန္ဒပြင်းပြနေကြခြင်း ဖြစ်၏။

၎င်းတို့အတွက် ဤသည်က တစ်ဖန်ပြန်လည်မွေးဖွားခြင်းနှင့် မခြားနားပေ။

မည်သို့ပင်ဆိုစေ စွမ်းအားကြီးမားသော ခန္ဓာကိုယ်တစ်ခုကို ရရှိခြင်းက ၎င်းတို့အနေဖြင့် ခက်ထန်ပြင်းထန်သော စွမ်းအားများနှင့် အဆုံးမဲ့သော အလားအလာများကို ပိုင်ဆိုင်လာမည်ကို ကိုယ်စားပြုနေသည် မဟုတ်ပါလော။

ထို့ကြောင့် ၎င်းတို့ ဝင်ပူးချိန်တွင်လည်း အလွန် သတိထားလေ့ရှိကြသည်။

လုံလောက်စွာ စွမ်းအားမကြီးမားသော သွေးသားသက်ရှိများကိုဆိုလျှင် ၎င်းတို့အနေဖြင့် အဖက်ပင်လုပ်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်မိစ္ဆာမျိုးနွယ်စုတွင်လည်း ကိုယ်ပိုင်ထူးခြားသည့် အဆင့်ခွဲခြားမှုများ ရှိနေပေသည်။

၎င်းတို့အထဲမှ မိစ္ဆာစစ်သူကြီးသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှင့် ညီမျှပြီး၊ မိစ္ဆာဗိုလ်ချုပ်သည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှကာ၊ မိစ္ဆာဘုရင်သည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှလေသည်။

ထို့အတူ မိစ္ဆာအရှင်သခင်သည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှ၍၊ မိစ္ဆာဧကရာဇ်သည် မဟာယာနအဆင့် ကျင့်ကြံသူနှင့် ညီမျှသည်။

ပို၍အဆင့်နိမ့်သော ကောင်းကင်မိစ္ဆာ ကျင့်ကြံသူများနှင့် ပတ်သက်၍မူ သူ့အနေဖြင့် ဂရုစိုက်ရန်ပင် ပျင်းရိနေခဲ့ချေပြီ။

'ဒီကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတွေအတွက်တော့ သွေးသားခန္ဓာကိုယ်ဆိုတာက စက်ရုပ်ဝတ်စုံကြီးတွေနဲ့ တူနေတာပဲ...'

'သူတို့က သွေးသားသက်ရှိတွေကို ဝင်ပူးတာက ထမင်းစားရေသောက်သလိုပဲ ရိုးရှင်းလွန်းနေတယ်...'

'သိပ္ပံစိတ်ကူးယဉ်ကမ္ဘာက လူသားတွေ စက်ရုပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်သလိုမျိုးပဲ...'

'အကယ်လို့ ဒီစက်ရုပ်ဝတ်စုံ ပျက်သွားခဲ့ရင် နောက်ထပ်တစ်စုံကို ပြောင်းဝတ်ရုံပဲ။ ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုလိုပဲ...'

ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများက အမှန်တကယ်ပင် အလွန်ထူးခြားသည်ဟု ကျိုးစွေ့ ခံစားလိုက်ရသည်။ ဝိညာဉ်အမျိုးအစား သက်ရှိများဖြစ်သည့်အတွက် သာမန်ကျင့်ကြံသူများအဖို့ အမှန်တကယ်ပင် ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေလေသည်။

All Chapters