← Chapters

အခန်း ၉၄၅

Vol. 90 Ch. 945

အခန်း ၉၄၅

Vol. 90 Ch. 945

အခန်း (၉၄၅) - ညတွင်းချင်း ချမ်းသာကြွယ်ဝလာခြင်း၊ အင်မော်တယ်သလင်းကျောက် သုံးသိန်း၊ သတ္တမအဆင့်အဆိပ် ကောင်းကင်မီးလောင်ကျွမ်းခြင်း (၂)

ထိုအချိန်တွင် သတ္တမအဆင့် တားမြစ်ချက်ချိုးဖျက်ခြင်းအဆောင်နှင့် ပတ်သက်သော သတိပြုရန်အချက်အချို့ကို ပြန်လည်သတိရသွားလေ၏။

အဘယ်ကြောင့်ဆိုသော် ဤအမျိုးအစား အဆောင်များသည်လည်း ပြိုင်ဘက်ကင်းမဟုတ်သလို ရာခိုင်နှုန်းပြည့် အောင်မြင်နိုင်မည် မဟုတ်ချေ။

အကယ်၍ အစီအရင်ဝိညာဉ်ရှိသော အစီအရင်များဆိုပါက အစီအရင်၏ စွမ်းအားကို အစွမ်းကုန် လည်ပတ်စေနိုင်မည် ဖြစ်ရာ ဤသတ္တမအဆင့် တားမြစ်ချက်ချိုးဖျက်ခြင်းအဆောင်၏ စွမ်းအားကို ခုခံကာကွယ်နိုင်မည်မှာ သဘာဝပင်။

ပြဿနာမှာ ဝိညာဉ်လောကအတွင်း၌ အဋ္ဌမအဆင့် အစီအရင်မှလွဲ၍ ကျန်ရှိသော အဆင့်နိမ့်အစီအရင်များမှာ အစီအရင်ဝိညာဉ်ကို မွေးဖွားနိုင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ချေ။

ဤလူသားမျိုးနွယ်များ နေထိုင်ရာကျွန်းက အတိအကျ မည်သို့ဖြစ်နေပါသနည်း။

၎င်း၏ မျက်နှာထက်တွင် အုံ့မှိုင်းသော အရိပ်အယောင်တစ်ခု မလွှဲမသွေ ပေါ်လွင်လာတော့သည်။

အကယ်၍ ဤနေရာရှိ သတ္တမအဆင့် အစီအရင်ကိုသာ မဖြိုခွဲနိုင်ပါက ဤတစ်ကြိမ်တွင် ၎င်းတို့အတွက် ကံဆိုးမှုများသာ ရှိလာတော့မည်မှာ သေချာသလောက်ပင် ဖြစ်၏။

သို့သော်ငြား ဇီယွင်မိစ္ဆာအရှင်တစ်ယောက် နည်းလမ်းစဉ်းစား၍ မပြီးသေးခင်မှာပင် ကျိုးစွေ့က စတင်လှုပ်ရှားလာခဲ့သည်။ သူသည် သတ္တမအဆင့် ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်လိုက်ရာ ကြီးမားကျယ်ပြန့်သော အိပ်မက်လောက ပိုင်နက်နယ်ပယ်တစ်ခုက လွှမ်းခြုံကျဆင်းလာတော့၏။

ချက်ချင်းဆိုသလိုပင် မြူခိုးပင်လယ်နယ်မြေ တစ်ခုလုံးတွင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်သွားသည့်အလား ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့ကာ အိပ်မက်ကမ္ဘာတစ်ခု ဖြစ်တည်လာသကဲ့သို့ ဖြစ်သွားလေသည်။

များစွာသော ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများမှာ ကြိုတင်မကာကွယ်လိုက်နိုင်ဘဲ မျက်စိတစ်မှိတ်အတွင်း၌ အိပ်မက်ကမ္ဘာအတွင်းသို့ ဆွဲသွင်းခံလိုက်ရတော့၏။

ကောင်းကင်မိစ္ဆာမျိုးနွယ်စုများ ဖြစ်သည့်အားလျော်စွာ ၎င်းတို့သည်လည်း ထင်ယောင်ထင်မှားပညာရပ်များကို အလွန်ကျွမ်းကျင်ကြသည်။

သို့ရာတွင် ‘အိပ်မက်ဝိညာဉ်ကူ’နှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ထင်ယောင်ထင်မှားပညာရပ်များ ဆိုသည်မှာ ကလေးကစားသကဲ့သို့သာ ဖြစ်ပြီး အားနည်းချက်များစွာ ရှိနေကာ စကားထဲထည့်ပြောရပန်ပင် မတန်ပေ။ ဘုန်းကြီးကို စာချနေသကဲ့သို့သာ ဖြစ်လေသည်။

ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများမှာ မည်သည့်အရာ ဖြစ်ပျက်သွားမှန်း လုံးဝမသိလိုက်ဘဲ ထင်ယောင်ထင်မှားပညာရပ်ထဲသို့ ချက်ချင်း ကျရောက်သွားခဲ့ချေပြီ။

၎င်းတို့အနေဖြင့် သတ္တမအဆင့် တားမြစ်ချက်ချိုးဖျက်ခြင်းအဆောင် အလုပ်လုပ်သွားပြီး ဤနေရာရှိ သတ္တမအဆင့် အစီအရင်မှာ လုံးဝ ပျက်ပြယ်သွားခဲ့ပြီဟု ထင်မှတ်နေဆဲပင် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မြူခိုးပင်လယ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ကျွန်းကိုလည်း မြင်တွေ့နေရသည့်အလား ဖြစ်နေ‌ချေသည်။ ထိုနေရာတွင် လူသားကျင့်ကြံသူ အမြောက်အမြား နေထိုင်နေကြပြီး ထိုလူသားကျင့်ကြံသူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်ကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြလေသည်။

ထိုသို့သောအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ၎င်းတို့က ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး ချက်ချင်း ပြေးဝင်သွားကာ သတ်ဖြတ်လုယက်ခြင်းများ ပြုလုပ်ကြလေတော့၏။ ထို့နောက် လူသားကျင့်ကြံသူများနှင့် ကြီးမားသော တိုက်ပွဲကြီးဆင်နွှဲကာ အသေအကြေ တိုက်ခိုက်ခဲ့ကြသည်။

သို့သော်ငြား အမှန်တကယ်တွင်မူ ၎င်းတို့သည် မြူခိုးပင်လယ်နယ်မြေအတွင်း၌ အချင်းချင်း ပြန်လည်သတ်ဖြတ်နေကြခြင်းသာ ဖြစ်ပေသည်။

ထိုသို့ဖြင့် ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက်မှာ မိမိတို့လူအချင်းချင်း၏ လက်ချက်ဖြင့်သာ သေဆုံးသွားခဲ့ကြလေသည်။

‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားအောက်တွင် အားစိုက်ထုတ်စရာပင် မလိုဘဲ ဤကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများကို မစမှီကပင် ရှင်းလင်းပစ်လိုက်နိုင်ခဲ့ချေပြီ။

"ချီးလိုဘဲ... သာမန် လူသားကျင့်ကြံသူလေးကများ ထင်ယောင်ထင်မှားပညာရပ်ကို သုံးပြီး ငါတို့ ကောင်းကင်မိစ္ဆာမျိုးနွယ်စုကို လှည့်စားရဲတယ်ပေါ့လေ..."

"မင်းက သေလမ်းကို ကိုယ်တိုင်ရှာနေတာပဲ..."

အဆုံးသတ်၌ ဇီယွင်မိစ္ဆာအရှင်သည် ခန္ဓာပေါင်းစည်းခြင်းအဆင့် အလယ်အလတ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ ဝိညာဉ်စွမ်းအား ကြီးမားလှပေသည်။ ခေတ္တမျှသာ တွေဝေသွားခဲ့ပြီးနောက် ထင်ယောင်ထင်မှားပညာရပ်ထဲမှ ချက်ချင်းဆိုသလို နိုးထလာခဲ့လေသည်။

သို့ရာတွင် ၎င်း တွေဝေသွားခဲ့သော အသက်ရှူချိန် အနည်းငယ်အတွင်း၌ပင် ထောင်နှင့်ချီသော ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများမှာ ၎င်း၏လက်ထဲတွင် သနားစဖွယ် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

ပတ်ဝန်းကျင် ပင်လယ်ပြင်ထက်တွင်လည်း ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ရုပ်အလောင်းများ တစ်လောင်းပြီးတစ်လောင်း ပေါလောပေါ်နေခဲ့သည်။

ဤသည်မှာ အလောင်းပင်လယ်ပင် ဖြစ်ချေသည်။

အဘယ်ကြောင့်ဆိုသော် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အားလျော်စွာ ပိုင်ဆိုင်ထားသော တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်နိမ့်ကျင့်ကြံသူအားလုံးကို အပြတ်အသတ် ဖိနှိပ်နိုင်စွမ်း ရှိနေသောကြောင့်ပင် ဖြစ်၏။

အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက ၎င်းအနေဖြင့် မိမိ၏ လက်အောက်ငယ်သားများကို လွယ်ကူစွာ သတ်ဖြတ်ရှင်းလင်းပစ်နိုင်သည်။

ယခုအချိန်တွင် ၎င်းမှာ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ တိတ်တဆိတ် လှုပ်ရှားခဲ့သော ထိုလူသားကျင့်ကြံသူကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့လေသည်။

၎င်းအနေဖြင့် နယ်မြေများ သိမ်းပိုက်ရာတွင် ကူညီပေးနိုင်ရန်အတွက် ဤမျှများပြားသော လက်အောက်ငယ်သားများကို ပင်ပင်ပန်းပန်း ခေါ်ဆောင်လာခဲ့ခြင်း မဟုတ်ပါလော။

သို့သော်ငြား ယခုမူ ထိုလူသားကျင့်ကြံသူ၏ ထင်ယောင်ထင်မှားပညာရပ်ဖြင့် လှည့်စားခြင်းကို ခံလိုက်ရပြီး လက်ခုပ်ထဲက ရေကဲ့သို့ ကစားခံလိုက်ရချေပြီ။

၎င်းမှာ ထိုလူသားကျင့်ကြံသူအား အရိုးအသားများ တစစီ ဆွဲဖြဲပစ်ချင်စိတ်များသာ ပြည့်နှက်နေခဲ့တော့သည်။

ဘန်း…

ချက်ချင်းဆိုသလိုပင် ဇီယွင်မိစ္ဆာအရှင်၏ ခန္ဓာကိုယ်ထက်မှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိစ္ဆာအငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာသည်။ မှင်ရည်ကဲ့သို့ မည်းနက်နေသော ထိုအငွေ့အသက်များက မိုင်သောင်းချီ ကျယ်ဝန်းသော ပင်လယ်ပြင်ကို လွှမ်းခြုံသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် လေဟာနယ်ကိုပါ တုန်ခါသွားစေခဲ့၏။

တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ ခန္ဓာကိုယ်ထဲမှ အထွတ်အထိပ် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ တစ်ခုကို ထုတ်ယူလိုက်လေသည်။

၎င်းအနေဖြင့် ကိုယ်ပိုင်ခွန်အားကို အသုံးပြုကာ ဤနေရာရှိ အစီအရင်ကို ချိုးဖျက်ပြီး လူသားများ၏ အခြေစိုက်စခန်းအတွင်းပိုင်းအထိ တိုက်ရိုက် သတ်ဖြတ်ဝင်ရောက်သွားလိုနေသည်။

၎င်းသာ ဤနေရာကို ဖောက်ထွင်းသတ်ဖြတ်သွားနိုင်ပြီး အစီအရင်၏ အူတိုင်အနက်ပိုင်းသို့ ရောက်ရှိကာ လူသားများ၏ ကျွန်းကို မြင်တွေ့လိုက်ရပါက၊ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင် များစွာသော လူသားကျင့်ကြံသူများကို သတ်ဖြတ်ဝါးမျိုကာ ဝမ်းဗိုက်ထဲမှ အစာအဖြစ်သို့ ပြောင်းလဲပစ်နိုင်မည်မှာ သေချာသလောက် ဖြစ်၏။

"အရမ်းကို အားနည်းလွန်းတယ်... မင်းက အသက်ရှင်နိုင်ဦးမယ်လို့ ထင်နေတုန်းလား..."

ကျိုးစွေ့၏ အကြည့်များက အလွန်ပင် အေးစက်တည်ငြိမ်နေခဲ့ချေသည်။

သတ္တမအဆင့် အောက်ခြေအဆင့်သို့ တက်လှမ်းသွားခဲ့သော ‘အိပ်မက်ဝိညာဉ်ကူ’မှာ ထင်ယောင်ထင်မှားပညာရပ်ကိုသာ ကျွမ်းကျင်သည်မဟုတ်ဘဲ ဝိညာဉ်သတ်ဖြတ်ခြင်း ပညာရပ်များကိုလည်း ကျွမ်းကျင်သည် မဟုတ်ပါလော။

သွေးမျိုးဆက် ထူးကဲစွမ်းရည် - ဝိညာဉ်လက်တံ။

ဤထူးကဲစွမ်းရည်မှာ အမြင်အရ အလွန်ရိုးရှင်းပုံပေါ်သော်လည်း ‘အိပ်မက်ဝိညာဉ်ကူ’ထံမှ ကြီးမားလှသော ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်လိုက်သောအခါ ကြမ်းတမ်းပြင်းထန်လှသည့် သတ်ဖြတ်ခြင်းစွမ်းအားကို ပေါက်ကွဲထွက်ပေါ်လာစေနိုင်သည်။ ထို့အပြင် အပေါ်ယံမျက်နှာပြင်ကိုပါ ထိုးဖောက်သွားနိုင်ပြီး ဝိညာဉ်၏ အနှစ်သာရကိုပါ တိုက်ရိုက် ဦးတည်သွားနိုင်ပေသည်။

ဝုန်း...

ချက်ချင်းဆိုသလိုပင် ပုံသဏ္ဌာန်မရှိသော ဝိညာဉ်လက်ဝါးကြီးတစ်ခု မျက်စိတစ်မှိတ်အတွင်း စုစည်းဖြစ်တည်လာသည်။ ၎င်း၏အပေါ်တွင် သိပ်သည်းလှသော ဝိညာဉ်မန္တန်အက္ခရာများ ပေါ်ထွက်လာခဲ့ပြီး မရေမတွက်နိုင်သော ဝိညာဉ်များ ပါဝင်နေသည့်အလား သေမင်း၏လက်ဝါးကြီးတစ်ဖက်ကဲ့သို့ ရင်တုန်ဖွယ်ရာ အငွေ့အသက်များ ပျံ့နှံ့နေခဲ့လေသည်။

ရွှစ်...

ထိုဝိညာဉ်လက်ဝါးကြီးမှာ လေဟာနယ်ကို ဖောက်ထွက်လာကာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ဇီယွင်မိစ္ဆာအရှင်၏ ခန္ဓာကိုယ်ထက်သို့ တိုက်ရိုက် ရိုက်ချလိုက်တော့၏။

"ဘာ..."

ဇီယွင်မိစ္ဆာအရှင်၏ မျက်နှာက ကြီးမားစွာ ပြောင်းလဲသွားလေသည်။ မူလက မိမိ၏ နတ်ဘုရားအာဏာစက်ကို အစွမ်းကုန် ပြသပြီး ဤနေရာရှိ လူသားကျင့်ကြံသူများကို ၎င်းကဲ့သို့ မိစ္ဆာအရှင်တစ်ဦး၏ စွမ်းပကားကို မြင်တွေ့သွားစေကာ ဤနေရာအား သွေးချောင်းစီးသွားစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် ယခုအချိန်၌ ၎င်းမှာ ကြက်သီးမွေးညင်းများ ထသွားခဲ့ရပြီး ဝိညာဉ်မှပင် တုန်လှုပ်ဖွယ်ရာ အငွေ့အသက်ကို ခံစားလိုက်ရသည်။

ပုံသဏ္ဌာန်မရှိသော လက်ဝါးကြီးတစ်ခုက ဖိကြိတ်ရောက်ရှိလာသည့်အလား ဖြစ်နေပြီး အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းနေခဲ့သည်။

ထို့အပြင် မည်သည့် ကာကွယ်မှုမျိုးကိုမဆို လျစ်လျူရှုကာ မိမိ၏ ဝိညာဉ်အပေါ်သို့ တိုက်ရိုက် ရိုက်ချလာခြင်းပင် ဖြစ်လေတော့သည်။

"ဟားဟား... သာမန် လူသားကျင့်ကြံသူလေးရဲ့ ဝိညာဉ်ထူးကဲစွမ်းရည်ကများ ငါ ဇီယွင်မိစ္ဆာအရှင်ကို အန်တုနိုင်မယ်လို့ ထင်နေတာလား..."

"မဖြစ်နိုင်တဲ့ အိပ်မက်တွေ မက်မနေစမ်းနဲ့..."

"ငါတို့ ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတွေက ဝိညာဉ်ပညာရပ်တွေကို အရမ်းကို ကျွမ်းကျင်တဲ့ မျိုးနွယ်စုတွေပဲ... မင်းတို့ လူသားမျိုးနွယ်တွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ..."

"နေ... နေဦး... မဟုတ်သေးဘူး... ဒီဝိညာဉ်ထူးကဲစွမ်းရည်ရဲ့ စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ..."

"မင်းက လူသားကျင့်ကြံသူ မဟုတ်ဘူး... မင်းက တကယ်တမ်း ဘယ်သူလဲ..."

ဇီယွင်မိစ္ဆာအရှင်က အေးစက်စွာ ရယ်မောလိုက်သည်။ ၎င်းက မူလက ဤအရာကို အရေးတယူပင် မလုပ်ခဲ့ပေ။

သာမန် လူသားကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ထူးကဲစွမ်းရည်က ၎င်းကဲ့သို့ မိစ္ဆာအရှင်တစ်ဦးကို မည်ကဲ့သို့ ထိခိုက်စေနိုင်မည်နည်း။

အဘယ်ကြောင့်ဆိုသော် အဆင့်တူ ကျင့်ကြံသူများအချင်းချင်း နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားမှာ လူသားကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေပြီး အနည်းဆုံး ဆယ်ဆအထက်တွင် ရှိနေသောကြောင့် ၎င်းတို့နှစ်ခုကို လုံးဝ ခိုင်းနှိုင်း၍မရနိုင်သောကြောင့်ပင် ဖြစ်လေသည်။

သို့ရာတွင် ဤဝိညာဉ်လက်ဝါးကြီး ရိုက်ချလာသောအခါ ၎င်း၏မျက်နှာမှာ ကြီးမားစွာ ပြောင်းလဲသွားလေတော့၏။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ မူလဝိညာဉ်က ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသောကြောင့်ပင်။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော ဖျက်ဆီးခြင်းစွမ်းအားတစ်ခုက ၎င်း၏ မူလဝိညာဉ်ကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစဖြစ်အောင် တုန်ခါသွားစေခဲ့သည်။

All Chapters