← Chapters

အခန်း ၉၄၇

Vol. 90 Ch. 947

အခန်း ၉၄၇

Vol. 90 Ch. 947

အခန်း (၉၄၇) - ညတွင်းချင်း ချမ်းသာကြွယ်ဝလာခြင်း၊ အင်မော်တယ်သလင်းကျောက် သုံးသိန်း၊ သတ္တမအဆင့်အဆိပ် ကောင်းကင်မီးလောင်ကျွမ်းခြင်း (၄)

တစ်ချိန်တည်းမှာပင် ဇီယွင်မိစ္ဆာအရှင်နှင့် အခြားသော ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ သေဆုံးသွားခြင်းက ဝိညာဉ်ကမ္ဘာရှိ ကြီးမားလှသော ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများထံသို့ ပထမဆုံးအချိန်၌ပင် ရောက်ရှိသွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများစွာ၏ ခန္ဓာကိုယ်များတွင် မိစ္ဆာမျိုးနွယ်စု ဆက်သွယ်ရေးကိရိယာများ ရှိနေသောကြောင့် ဖြစ်သည်။

၎င်းတို့အချင်းချင်းကြားတွင်လည်း အပြန်အလှန် ဆက်သွယ်နိုင်ပြီး မိတ်ဆွေများကို ခေါ်ယူနိုင်ကြပေသည်။

ထို့အပြင် မိစ္ဆာမျိုးနွယ်စု ဆက်သွယ်ရေးကိရိယာများပေါ်တွင် ဝိညာဉ်တစ်စကို ချန်ထားခဲ့လေ့ရှိကာ အကယ်၍ ပင်မကိုယ်သာ သေဆုံးသွားပါက ဆက်သွယ်ရေးကိရိယာပေါ်ရှိ အမည်များက လျင်မြန်စွာ မည်းမှောင်သွားမည်ဖြစ်ပြီး ဤသည်က ထိုမိစ္ဆာသေဆုံးသွားကာ ဝိညာဉ်လည်း ပျက်စီးသွားပြီဖြစ်ကြောင်း ကိုယ်စားပြုလေသည်။

ဤသည်ကပင် အခြားသော ကောင်းကင်မိစ္ဆာများ၏ အခြေအနေ မည်သို့ရှိသည်ကို ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများစွာက သိရှိနိုင်စေရန် အဆင်ပြေစေခဲ့သည်။

"ကျွတ်... ကျွတ်... ဇီယွင်မိစ္ဆာအရှင်ရဲ့ ပုံရိပ်လေး မည်းမှောင်သွားပြီ၊ သူတော့ ဝိညာဉ်ကမ္ဘာက ကျင့်ကြံသူတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီပဲ..."

"မဖြစ်နိုင်တာ၊ ဇီယွင်မိစ္ဆာအရှင်က တကယ်ကြီး သေသွားတာလား... သူက ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်မှုရှိနေတာ မဟုတ်ဘူးလား... ဒီတစ်ကြိမ်မှာ သူက မိစ္ဆာဧကရာဇ်ဖြစ်လာပြီး ငရဲမိစ္ဆာကမ္ဘာရဲ့ တစ်ဖက်တစ်ချက်ကို အုပ်စိုးတဲ့ မဟာဧကရာဇ်ဖြစ်လာမှာ သေချာတယ်လို့ ပြောခဲ့ပြီးတော့ ဒီလောက်မြန်မြန်ကြီး သေသွားတာပေါ့လေ..."

"တကယ်ကို ငတုံးပဲ၊ မိစ္ဆာဧကရာဇ် ဖြစ်ချင်သေးတယ်ဆိုတော့ ရယ်စရာကြီးပဲ၊ မိစ္ဆာအရှင်နှောင်းပိုင်းအဆင့်တောင် မရောက်နိုင်ဘဲနဲ့ မိစ္ဆာဧကရာဇ် ဖြစ်လာဖို့ဆိုတာက လုံးဝကို စိတ်ကူးယဉ်နေတာပဲ..."

"သေသွားတာက ဇီယွင်မိစ္ဆာအရှင် တစ်ယောက်တည်း မဟုတ်ဘူး၊ သူ ခေါ်လာတဲ့ ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူ အများအပြားလည်း တစ်ယောက်မကျန် အကုန်သေသွားပုံရတယ်..."

မိစ္ဆာအရှင် အများအပြားက ဆက်သွယ်ရေးကိရိယာပေါ်တွင် ဇီယွင်မိစ္ဆာအရှင် သေဆုံးသွားသည့် သတင်းကို ချက်ချင်းပင် မြင်တွေ့လိုက်ရပြီး တစ်ယောက်ချင်းစီတိုင်းက လှောင်ပြောင်သရော်နေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှင့် ဇီယွင်မိစ္ဆာအရှင်၏ ဆက်ဆံရေးက မကောင်းမွန်သောကြောင့်ပင်။

ထို့ထက်ပို၍ ၎င်းတို့အချင်းချင်းကြားတွင် ပြိုင်ဘက်ဆက်ဆံရေးများပင် ရှိနေကြသေး၏။

ယခု ဇီယွင်မိစ္ဆာအရှင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ တစ်ယောက်ချင်းစီတိုင်းက ဝမ်းသာအားရ ဖြစ်နေကြပြီး ဇီယွင်မိစ္ဆာအရှင် ဆိုသည်မှာလည်း ဤမျှသာဖြစ်ကြောင်း ခံစားလိုက်ကြရသည်။

"ဇီယွင်မိစ္ဆာအရှင်က တကယ်တမ်း ဘယ်လိုသေသွားတာလဲ..."

မိစ္ဆာအရှင်တစ်ပါးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဇီယွင်မိစ္ဆာအရှင် သေဆုံးသွားခြင်းအပေါ် ဝမ်းသာအားရ ဖြစ်နေသော်ငြား ဇီယွင်မိစ္ဆာအရှင်၏ စွမ်းရည်အရ သူ့ကို သတ်ဖြတ်ချင်သည်ဆိုပါက ထင်ထားသလောက် မလွယ်ကူကြောင်းကိုလည်း သူ သိထားပေသည်။

ပြိုင်ဘက်များအနေဖြင့် ၎င်းတို့က ပို၍ ရှင်းရှင်းလင်းလင်း သိထားကြ၏။

ထို့ကြောင့် ဇီယွင်မိစ္ဆာအရှင်ကို သတ်ဖြတ်နိုင်သော ကျင့်ကြံသူမှာ မယှဉ်နိုင်လောက်အောင် အင်အားကြီးမားလွန်းမည်မှာ သေချာလှသည်။

"ဇီယွင်မိစ္ဆာအရှင်က ခွန်ဖန်ပင်လယ်ပြင်ကို သွားခဲ့ပြီး အားနည်းတဲ့ မျိုးနွယ်စုတစ်ခုကို ရှာတွေ့ခဲ့တယ်လို့ ကြားတယ်..."

"ဒါပေမဲ့ အဲဒီအားနည်းတဲ့ မျိုးနွယ်စုဆီမှာပဲ လမ်းချော်ပြီး မှောက်ရက်လဲသွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ..."

"သွေးသားတွေကို အများကြီး မရလိုက်တဲ့အပြင် တစ်ဖက်လူရဲ့ လက်အောက်မှာပဲ သနားစဖွယ် သေဆုံးသွားခဲ့ရတယ်..."

မိစ္ဆာအရှင်တစ်ပါးက စကားစလိုက်သည်။

သူသည်လည်း အကြမ်းဖျင်း သတင်းအချက်အလက် အချို့ကိုသာ သိထားခြင်းဖြစ်ပြီး တိကျသော သတင်းအချက်အလက်များက မည်သို့ရှိသည်ကိုမူ သူကိုယ်တိုင်ပင် သိပ်မသေချာလှပေ။

အဘယ်ကြောင့်ဆိုသော် ဇီယွင်မိစ္ဆာအရှင် သေဆုံးသွားသည်က တကယ်ကို မြန်ဆန်လွန်းလှပြီး သတင်းအချက်အလက် မည်မျှကိုမျှ ပြန်လည် မပေးပို့နိုင်ခဲ့သောကြောင့်ပင် ဖြစ်၏။

"အားနည်းတဲ့ မျိုးနွယ်စုရဲ့ လက်ထဲမှာ သေသွားတယ်ပေါ့... ဇီယွင်မိစ္ဆာအရှင်က ငါတို့ ကောင်းကင်မိစ္ဆာမျိုးနွယ်စုရဲ့ မျက်နှာကို အိုးမည်းသုတ်လွန်းရာ ကျနေပြီ..."

"အားနည်းတဲ့ မျိုးနွယ်စု ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊ ပုန်းအောင်းနေတဲ့ ရှေးဟောင်းမျိုးနွယ်စု တစ်ခုလည်း ဖြစ်နိုင်တာပဲ... အကယ်လို့ ဝိညာဉ်ကမ္ဘာက မျိုးနွယ်စုတွေအပေါ်မှာ ပေါ့ပေါ့ဆဆ နေရဲတယ်ဆိုရင် ငါတို့လည်း ဇီယွင်မိစ္ဆာအရှင်ရဲ့ လမ်းဟောင်းကို လိုက်ရမှာပဲ..."

"ပြောတာ မှန်တယ်၊ ဝိညာဉ်ကမ္ဘာက ငါတို့ ကျူးကျော်ခဲ့တဲ့ တခြားကမ္ဘာတွေလို မဟုတ်ဘူး၊ ဒီကမ္ဘာရဲ့ အင်အားက ငါတို့ ငရဲမိစ္ဆာကမ္ဘာထက် အနည်းငယ်လေးတောင် မလျော့နည်းဘူး... ပေါ့ပေါ့ဆဆ နေရဲရင်တော့ ငါတို့လည်း သေဖို့ သေချာသွားပြီပဲ..."

"တကယ်ကို အမှန်ပဲ၊ ဝိညာဉ်ကမ္ဘာမှာ အသက်ရှင်နိုင်တဲ့ မျိုးနွယ်စုတွေထဲက ဘယ်ဟာကများ ရိုးရှင်းလို့လဲ... ကိုယ့်ကိုယ်ကိုယ် ဝိညာဉ်ကမ္ဘာမှာ လုပ်တိုင်းဖြစ်မယ်လို့ မတွေးလိုက်နဲ့၊ ဒီရက်ပိုင်းအတွင်း သေသွားတဲ့ မိစ္ဆာအရှင်တွေက နည်းနေသေးလို့လား...”

“အကယ်လို့ မဟာယာနအဆင့် ကျင့်ကြံသူတွေရဲ့ မျက်စိကျတာကို ခံရမယ်ဆိုရင် ငါတို့လည်း သေဖို့ သေချာသွားပြီ၊ ဒါကြောင့် လှုပ်ရှားတဲ့အခါမှာ ပိုပြီး သတိထားဖို့ လိုတယ်..."

"ကြည့်ရတာတော့ ဇီယွင်မိစ္ဆာအရှင် ပေါ်လာခဲ့ဖူးတဲ့ ပင်လယ်ပြင်ကို ရှောင်ရှားဖို့ လိုမယ်ထင်တယ်၊ မဟုတ်ရင်တော့ သေချာပေါက် ကျားတွင်းထဲ တိုးမိသလို ဖြစ်သွားလိမ့်မယ်..."

"အမှန်ပဲ… ငါတို့တွေ ဝိညာဉ်ကမ္ဘာကို လာတာက သွေးသားတွေကို ဝါးမျိုပြီး ကျင့်ကြံမှုကို မြှင့်တင်ဖို့အတွက်ပဲဆိုရင် အင်အားကြီးတဲ့ ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုဘူး… အားနည်းတဲ့သူတွေကို အနိုင်ကျင့်ဖို့ အခွင့်အရေး ရှိနေတာကို ဘာလို့ အားနည်းတဲ့သူတွေကို အနိုင်မကျင့်ရမှာလဲ..."

မိစ္ဆာအရှင်များစွာက အုတ်အော်သောင်းနင်း ဆွေးနွေးနေကြလေသည်။

၎င်းတို့သည် ဇီယွင်မိစ္ဆာအရှင် သွားခဲ့ဖူးသော နေရာများကို အန္တရာယ်ရှိသော နေရာများအဖြစ် ချက်ချင်းဆိုသလို သတ်မှတ်လိုက်ကြ၏။

အကယ်၍ မိမိကိုယ်တိုင်သာ သတိမထားမိပါက ဝိညာဉ်ကမ္ဘာရှိ မျိုးနွယ်စုတစ်ခုခု၏ လက်ထဲတွင် သေဆုံးသွားနိုင်သည် မဟုတ်ပါလော။

ထိုအချိန်သို့ ရောက်ပါက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့မှုများက မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားပေလိမ့်မည်။

...

ဤအချိန်တွင် ကျိုးစွေ့သည်လည်း ထိုကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများက ဖုန်းရှီးကျွန်းတည်ရှိရာ ပင်လယ်ပြင်ကို အန္တရာယ်ရှိသော တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြပြီး အချိန်တိုအတွင်း ကျူးကျော်လာကြတော့မည် မဟုတ်ကြောင်းကို သဘာဝကျစွာပင် သိရှိနိုင်မည် မဟုတ်ချေ။

သို့သော် ဖုန်းရှီးကျွန်းအတွက်မူ ဤသည်မှာ သဘာဝကျစွာပင် ကောင်းမွန်သော ကိစ္စတစ်ခုဖြစ်ပြီး ဖုန်းရှီးကျွန်းက အချိန်အတိုင်းအတာ တစ်ခုအထိ ဘေးကင်းလုံခြုံသော အခြေအနေတွင် ရှိနေမည်ဖြစ်ကာ ငရဲမိစ္ဆာကမ္ဘာ ကျင့်ကြံသူများ၏ ကျူးကျော်မှုကို ကြုံတွေ့ရမည်ဟု စိုးရိမ်စရာ မလိုတော့ကြောင်းကို ကိုယ်စားပြုနေလေသည်။

ရွှစ်...

ကျိုးစွေ့က ဇီယွင်မိစ္ဆာအရှင်နှင့် အခြားသော ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထက်ရှိ သိုလှောင်အိတ်အားလုံးကို ပြန်လည်ယူဆောင်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် စံအိမ်တော်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ ယခုလေးတင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီ ဟူသော တာအိုလက်တွဲဖော် သုံးဦးအား ပြောပြလိုက်သည်။

"ခုနလေးတင် ကျွန်မတို့ ဖုန်းရှီးကျွန်းက ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ ကျူးကျော်မှုကို တကယ်ကြီး ခံလိုက်ရတာလား..."

ဤစကားကို ကြားလိုက်ရသောအခါ ပိုင်စုကျဲ့၏ လှပသောမျက်လုံးများ ပြူးကျယ်သွားကာ အလွန်အမင်း အံ့အားသင့်သွားလေသည်။

အစောကြီးကတည်းက ဖုန်းရှီးကျွန်းသည် ငရဲမိစ္ဆာကမ္ဘာ ကျင့်ကြံသူများ၏ ကျူးကျော်မှုကို အနှေးနှင့်အမြန် ကြုံတွေ့ရနိုင်ခြေရှိကြောင်းကို သိထားသော်ငြား၊ ဤမျှလောက် အချိန်ကြာမြင့်စွာ ငြိမ်းချမ်းနေခဲ့သောကြောင့် ဤနေရာသည် ကြယ်ကွဲပင်လယ်ဖြစ်ပြီး အလွန်တရာ အန္တရာယ်များလှသော ပင်လယ်ပြင်ဖြစ်ကြောင်းကို သူမ အနည်းငယ် မေ့လျော့နေခဲ့မိသည်။

အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့် အစီအရင်၏ အကာအကွယ်အောက်တွင် အန္တရာယ်ရှိသော အကြောင်းရင်းများစွာက အစပျိုးချိန်မှာပင် ချေမှုန်းခံလိုက်ရသောကြောင့် ဖြစ်၏။

ယခု ရုတ်တရက်ဆိုသလို ဤမျှလောက် အင်အားကြီးမားသော ရန်သူကို ကြုံတွေ့လိုက်ရသောအခါ သူမ အလွန်တရာ အံ့အားသင့်နေမိဆဲပင်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အလွန်ကြာမြင့်စွာကတည်းက မဖြစ်ပျက်ခဲ့ဖူးသော ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့်ပင်။

"ငါတို့တွေ ကပ်ဘေးတစ်ခုထဲမှာ ရောက်နေပြီး ငရဲမိစ္ဆာကမ္ဘာ ကျင့်ကြံသူတွေရဲ့ ကျူးကျော်မှုကို အချိန်မရွေး ကြုံတွေ့ရနိုင်တယ်ဆိုတာကို စောစောကတည်းက သိထားပေမဲ့ တကယ့်ကို ကြုံတွေ့လိုက်ရတော့ မယုံနိုင်စရာပဲလို့ ခံစားရတယ်..."

"ကံကောင်းလို့ ယောက်ျားရဲ့ ကျင့်ကြံမှုက တိုးတက်သွားခဲ့တာ၊ မဟုတ်ရင်တော့ ဘာတွေဖြစ်လာမလဲတောင် မသိနိုင်တော့ဘူး..."

ထောင်ချီလီက အလွန်တရာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ကျိုးစွေ့၏ စွမ်းရည်များနှင့် ပတ်သက်၍ သူမက အသားကျနေခဲ့ပြီ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယခုက ကျိုးစွေ့တစ်ယောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် အရှင်သခင်ကို ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်းမဟုတ်ဘဲ ယခင်ကလည်း တစ်ပါးကို သတ်ဖြတ်ခဲ့ဖူးသောကြောင့်ပင် မဟုတ်ပါလော။

ထို့ကြောင့် ယခု နောက်ထပ်တစ်ပါး ထပ်တိုးလာခြင်းမှာ အမှန်တကယ်တမ်း ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ပေ။

သို့သော် ဖုန်းရှီးကျွန်းက တကယ်တမ်းတွင် အန္တရာယ်နှင့် အလွန်အမင်း နီးကပ်နေကြောင်းကိုသာ သူမ သက်ပြင်းချနေမိခြင်း ဖြစ်၏။

အနည်းငယ်မျှ သတိမထားမိပါက စိတ်ကူး၍ပင်မရနိုင်သော ကပ်ဘေးများကို ကြုံတွေ့ရနိုင်ပေသည်။

ယခု ဖုန်းရှီးကျွန်းက အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်နေကြရသည်ဟု ယူဆ၍မရချေ၊ အချိန်မရွေး ပျက်စီးသွားနိုင်သည်။

မည်သို့သော ရန်သူမျိုးကိုမျှ ကြုံတွေ့ရန် မလိုအပ်ဘဲ ရည်ရွယ်ချက်ဆိုးရှိနေသော မဟာယာနအဆင့်ကျင့်ကြံသူ တစ်ပါးပါးနှင့် ကြုံတွေ့လိုက်ရရုံဖြင့် ပြီးဆုံးသွားမည် မဟုတ်ပါလော။

မှန်ပေသည်၊ ဖုန်းရှီးကျွန်းက ဤမျှကံဆိုးကာ ထိုသို့သောရန်သူကို အကြောင်းမဲ့သက်သက် ကြုံတွေ့ရလိမ့်မည်ဟုမူ သူမ မထင်ထားပေ။

"ယောက်ျား... အဲဒီ ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူတွေရဲ့ ကိုယ်ပေါ်မှာ တကယ်တမ်း ဘယ်လိုရတနာမျိုးတွေ ရှိနေတာလဲ..."

ဟွားစစ်ချင်က အဆုံးမရှိ သိချင်စိတ် ပြင်းပြနေခဲ့သည်။

သူမအနေဖြင့် ကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထက်ရှိ ရတနာများကို ပို၍ စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ငရဲမိစ္ဆာကမ္ဘာမှလာသော ကျင့်ကြံသူများတွင် တကယ်တမ်း မည်သည့်အရာများကို ပိုင်ဆိုင်ထားမည်ကို သူမကိုယ်တိုင်လည်း မသိသောကြောင့် ဖြစ်သည်။

"ဒါကတော့... ငါကိုယ်တိုင်လည်း သိပ်မသေချာဘူး..."

"အခုလေးတင် သိုလှောင်အိတ်တချို့ကို ရထားတာဆိုတော့ ဖွင့်ပြီး ကြည့်လိုက်ကြတာပေါ့..."

အမှန်အတိုင်းဆိုရလျှင် ကျိုးစွေ့ကိုယ်တိုင်လည်း အလွန် သိချင်နေခဲ့ပြီး ဤကောင်းကင်မိစ္ဆာမျိုးနွယ်စု ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထက်တွင် တကယ်တမ်း မည်သည့်ရတနာများ ရှိနေမည်ကို မသိရှိထားပေ။

All Chapters