← Chapters

အရည်အချင်း

Vol. 020 Ch. 998

အရည်အချင်း

Vol. 020 Ch. 998

ဇီးပန်းရွာ၏ အပြင်ဘက် ကီလိုမီတာ အတော်အတန် လှမ်းသည့်နေရာ၌ အုတ်ဂူများ ရှိနေ၏။ဝမ်လင်းက ထိုနေရာတွင် ရပ်နေသည်။သူက သူ့ရှေ့ရှိ အုတ်ဂူများကို ကြည့်နေသည်။အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းဖြူရောင်ပုလင်းတစ်ခုကို ထူတ်ယူ၏။ ထိုပုလင်းကို ကိုင်ထားရင်း ဝမ်လင်းက သက်ပြင်းချကာ ပြော၏။ “စွန်ထိုင်…ငါတို့နှစ်ယောက်ကြား ရန်ငြှိုးက အဆုံးသပ်သွားခဲ့ပါပြီ။ငါ သင့်ကို ကတိပေးထားခဲ့တဲ့ အတိုင်း သင့်အရိုးပြာကို သင့်မွေးရပ်မြေရှိ ယူလာခဲ့ပြီ…”

သူက ထိုသို့ပြောဆိုရင်း ပုလင်းငယ်သည် ရှေ့တည့်တည့်သို့ အလိုလို ပျံသန်းရင်း အကွာအဝေးတစ်ခုရှိ မြေကြီးထဲသို့ ဝင်ရောက်သွားသည်။ထို့နောက် ၎င်းနေရာရှိ မြေက တဖြည်းဖြည်း မို့မောက်လာခဲ့သည်။

ဝမ်လင်းက လက်ဝေ့ယမ်း၍ သူ့လက်ညှိုးဖြင့် အုတ်ဂူတစ်ခုကို ဖြစ်စေသည်။ထိုအုတ်ဂူပေါ်၌ စာသားအနည်းငယ်ကိုလည်း ရေးထွင်းပေးလိုက်သည်။

“စွန်ထိုင့်အုတ်ဂူ…”

“ငါတို့ကျင့်ကြံသူတွေအဖို့ နှစ်တစ်ရာ…နှစ်တစ်ထောင်ဟာ မျက်စိတစ်မှိတ်လိုပါပဲလား။ ဒါပေမဲ့ ငါတို့ရဲ့ ဆွေမျိုးနီးစပ်တွေကတော့ မရှိကြတော့ဘူး။ သင်ဟာ ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းပြီ ဆိုတာနဲ့ ခက်ခဲတဲ့ ဘဝတစ်ခုထဲ စုန်းစုန်းမြုပ်ရတော့မှာ ဖြစ်တယ်…”

ဝမ်လင်းက သက်ပြင်းချ၍ စွန်ထိုင်၏အုတ်ဂူကို ကြည့်၏။ သူ့မျက်လုံးထဲ၌လည်း ပူဆွေးမှုတစ်ခု ရှိလာသည်။

“ဒီနေ့ ငါ သင့်ရဲ့ပြာကို သင်သေဆုံးခဲ့တဲ့ တိုင်းတပါးနေရာကနေ ခု မွေးရပ်မြေထိ ယူလာပေးခဲ့တယ်။ တနေ့ ငါသေသွားခဲ့ရင်ရော ဘယ်သူကများ ငါ့အရိုးပြာကို ဟင်္သာပြဒါးဂြိုဟ်ရှိ ပြန်ယူပေးပါ့မလဲ ငါ မသိဘူး…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ထို့နောက် သူသည် ထွက်လာခဲ့တော့သည်။

“ဒါဟာ ကံကြမ္မာပဲ…” ဝမ်လင်းက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူက ထွက်ခွာသွားခဲ့သော်လည်း နှလုံးသားထဲ၌ ဇီးပန်းရွာအဝင်နား၌ ကလေးငယ် သီဆိုခဲ့သည့် သံစဉ်သည် ခြုံလွှမ်းနေခဲ့သည်။

“ကျင့်ကြံခြင်း၊ကျင့်ကြံခြင်း…သေမျိုးတွေက တန်ခိုးရှင်ဖြစ်လာဖို့ အသည်းအသန်ဆိုကြတယ်။ ဒါပေမဲ့ သူတို့မသိတာက ကျင့်ကြံသူဘယ်လောက်များများဟာ သေမျိုးတွေရဲ့ ရိုးရှင်းတဲ့ဘဝကို မနာလိုရနေရလဲ ဆိုတာပဲ…”

“စွန်ထိုင်လို မွေးရပ်မြေပြင်ပ အစိမ်းသပ်သပ်နေရာတစ်ခုမှာ သေဆုံးခဲ့ကြရတဲ့ ကျင့်ကြံသူ ဘယ်လောက်များများ ရှိနေမလဲ။ သူတို့ရဲ့ အရိုးပြာတွေဟာ လေနဲ့အတူ ပြန့်ကျဲလို့၊ မွေးရပ်မြေကိုတောင် ပြန်မရောက်နိုင်ကြတော့ဘူး။ ဒီလိုပဲ မိဘဆွေမျိုးများဟာလည်း သူတို့သားသမီး ကျင့်ကြံသူတွေ သေအံဆဲဆဲအချိန်မှာ ဘယ်မှာ တွေ့နိုင်စွမ်း ရှိပါ့မလဲ…။လူတစ်ယောက်ဟာ ရွေးချယ်ခွင့်သာ ထပ်ရရင် ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ ရွေးချယ်လောက်ဦးမလား…”

ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်၍ ပျောက်ကွယ်နေ၏။ သို့သော် သူ့ထံ၌ ဝမ်းနည်းမှုတို့က ရစ်ဆိုင်းနေဆဲပင်။

ဝမ်လင်းက ကြယ်များကြား၌ ဖြတ်သန်းသွားလာနေ၏။ ယခုသူသွားခဲ့သည့် ခရီးမှာ တိုတောင်းခဲ့သော်လည်း သူနှင့်အတူ ခံစားမှုတို့ ကပ်ပါလာခဲ့ပေသည်။

အနောက်ပိုင်းနယ်မြေနှင့်မြောက်ပိုင်းနယ်မြေတို့ကြားရှိ နေရာဒေသများသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများအဖို့ ကြားခံနေရာသဖွယ် ဖြစ်လာခဲ့သည်။၎င်းနေရာနား၌ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်မှာ စစ်ပွဲဒဏ်ခံခဲ့ရသည့်အတွက် စိတ်ဝိညာဉ်စွမ်းအင် များစွာ မကျန်ရစ်တော့ပေ။ သို့သော် လီယွမ်ဇီက ထိုအရာကို အလေးမထားပေ။

လီယွမ်ဇီက ထိုဂြိုဟ်၏ တောင်ထိပ်တစ်ခုပေါ်၌ ထိုင်နေ၏။သူ့ဘေး၌ သုန်မှုန်သည့်ဟန်ပန်နှင့် လူငယ်တစ်ယောက် ရှိသည်။သူကလည်း သည်နေရာတွင် ထိုင်နေသော်လည်း တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား အကွာအဝေးတစ်ခုထံသို့ ကြည့်ကြည့်နေသည်။

ဝမ်လင်းသည် သည်နေရာတွင် ရှိပါက ထိုလူငယ်မှာ တိုက်ပွဲများအတွင်း၌ သေလုနီးပါး ဖြစ်ခဲ့သော ရှုထင်မှန်း သိပေလိမ့်မည်။

လီယွမ်ဇီ၏ပတ်လည်၌ သွေးလုံးဆယ့်သုံးလုံး ဝန်းရံနေ၏။ ထိုသွေးလုံးဆယ့်သုံးလုံးသည် လက်ကျန်လျိုဖုအလုံးများ ဖြစ်ကြပေသည်။

သည်နေရာ၌ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအများအပြား ရှိမနေပါ။ လီယွမ်ဇီနှင့် လူအနည်းငယ်လောက်သာ ရှိ၏။သူက သည်နေရာတွင် လျိုဖုဆယ့်သုံးလုံးနှင့်အတူ ရှိနေရခြင်းက မဟာမိတ်မှကျင့်ကြံသူများ အလစ်အငိုက်လာမတိုက်ခိုက်နိုင်စေရန်အတွက် ဖြစ်၏။

သူ့နတ်ဘုရားအာရုံသည် လျိုဖုဆယ့်သုံးခုကို ဖြတ်ကျော်သည့်အခါ ပုံမှန်ထက် ပိုဝေးဝေးကို ဖြန့်ကျက်နိုင်စွမ်း ရှိလာခဲ့၏။ထို့အတွက်ကြောင့် သည်ဧရိယာအတွင်းရှိ မည်သည့်အရာကမျှ သူ့နတ်ဘုရားအာရုံထံကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်း၏ပုံရိပ်က လှိုင်းတွန့်များအတွင်း၌ ပေါ်လာ၏။ သူက လီယွမ်ဇီကို ရှာဖွေရန် သည်ကျင့်ကြံခြင်းဂြိုဟ်သို့ ရောက်ရှိလာခြင်းပင်။ ထိုအရာက သူ လုပ်ဖို့ရှိသည့် ဒုတိယအရာ ဖြစ်နေ၏။ သူ လေဟာနယ်နေရာထဲသို့ ရောက်ရှိိမသွားခင်က ဝမ်လင်းသည် သူထံသို့ နတ်ဘုရားအာရုံဖြင့် သတင်းစကားပေးခဲ့ခြင်းကို ခံခဲ့ရ၏။ထိုနတ်ဘုရားအာရုံ ပို့လွှတ်ခဲ့သူမှာ လီယွမ်ဇီပင်။

လီယွမ်ဇီက ထိုင်နေလျက်ကနေ မျက်လုံးဖြေးဖြေးချင်း ပွင့်လာ၏။ သူ မျက်လုံးဖွင့်လိုက်သည့်အခိုက်၌ လျိုဖုသွေးလုံးဆယ့်သုံးလုံးသည် တုန်ယင်ကာ ၎င်းသွေးလုံးများပေါ်၌ နီရဲရဲမျက်လုံး ဆယ့်သုံးလုံး ပေါ်လာခဲ့၏။

၎င်းမျက်လုံးတို့က ဦးတည်ရာ တစ်ခုတည်းသို့ ကြည့်လေ၏။ ထို့အတွက်ကြောင့် ပြင်းထန်သောဖိအားကို ဖြစ်ပေါ်လာစေသည်။

လီယွမ်ဇီက ပြုံး၍ ခပ်မှန်မှန်ဆို၏။ “မင်း ရောက်လာပြီပေါ့..” ထိုသို့ပြောလိုက်ပြီးနောက် သူသည် ဝမ်လင်း၏အချို့ပြောင်းလဲမှုများကို တွေ့မြင်၏။ သို့သော် သူသည် ဝမ်လင်းကို ထိုအတွက် မေးခွန်းများ မေးမနေတော့ပေ။ တကယ်တော့ အရှင်မီးတောက်က သူ့ကို ဝမ်လင်းအကြောင်း ကြိုပြောထားခဲ့ပေသည်။

ရှုထင်၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။သူက အေးစက်စက်နှာခေါင်းရှုံ့သည်။ ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။

ဝမ်လင်း၏ပုံရိပ်သည် အနီရောင်မျက်လုံးဆယ့်သုံးလုံး၏ အကြည့်အောက်၌ ပေါ်ာ၏။သူ့အသွင်က ပုံမှန်အတိုင်းပင်။ သူ့အပေါ်သို့ မည်သည့်ဖိအားမှ သက်ရောက်ခြင်း မရှိသည့်အလားပင်။သူက ရှုထင်ကို လုံးဝ လစ်လျူရှုထား၏။ သူသည် လီယွမ်ဇီကို ကြည့်ကာ ပြောသည်။ “ရှုမူက စီနီယာလီယွမ်ဇီကို နှုတ်ဆက်ပါတယ်…”

လီယွမ်ဇီက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သွေးလုံးဆယ့်သုံးလုံးထံမှ အနီရောင်မျက်လုံးတို့သည် ပြန်ပျောက်ကွယ်သွားတော့သည်။ထိုအခါ ဖိအားလည်း ပျောက်ကွယ်သွား၏။ဝမ်လင်းသည် တောင်ထိပ်ပေါ်သို့ ဆင်းသက်ကာ ရှုထင်၏ မျက်နှာချင်းဆိုင်၌ ရပ်သည်။

ရှုထင်က လှမ်းအော်၏။ “ရှုမူ…သင်…”

“ဆူလိုက်တာ…” ဝမ်လင်းသည် ရှုထင်ကို အေးစက်စွာ ကြည့်၏။ ထိုအကြည့်က ဓားသွားများအလား။ ရှုထင်၏ စိတ်ထဲ၌ ပေါက်ကွဲမှုဖြစ်သွားသကဲ့သို့ ခံစားမိ၏။ သူ့အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။ သူက တုန်လှုပ်မိနေရင်း သူ့ကိုယ်သူပင် အားနည်းသွားသည်ဟု ခံစားမိ၏။

သူ့နှလုံးခုန်သံတို့ပင် မြန်ဆန်လာရသည်။

သူ့အမြင်၌ ခုချိန်တွင် သူသည် ဝမ်လင်းကို သူ့မိသားစုမှ အကြီးအကဲတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ရသကဲ့သို့ ခံစားမိနေသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေရင်း သူသည် ဧရာမဘီလူးကြီးတစ်ယောက်၏ ခြေထောက်အောက်၌ ရောက်နေသည့်အလား ခံစားမိသည်။

ရှုထင်က သွေးပင်အန်ထုတ်ရ၏။ သူ့ထံ၌ ကြောက်ရွှံ့မှုနှင့်သာ ပြည့်သွားတော့သည်။သူသည် ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း နောက်ဆုတ်နေမိ၏။သူ့စိတ်သည် ဗလာကျင်းနေသည်။သူက ဘာကြောင့် ခုလိုမျိုး ဖြစ်သွာရသည်ကို နားမလည်နိုင် ဖြစ်ရ၏။

လီယွမ်ဇီ၏မျက်လုံးသည် တောက်ပနေသည်။သူက အံ့အားသင့်မိနေ၏။ ထို့နောက် သူ့အကြည့်က ဝမ်လင်းထံသို့ ရောက်လာသည်။သူက အလေးအနက် ဖြစ်လာသည်။

ဝမ်လင်းသည် ရှုထင်ကို ထပ်မံ၍ပင် မကြည့်တော့ပေ။ သူက လီယွမ်ဇီကို ကြည့်၍ တည်ငြိမ်စွာ ဆိုသည်။ “စီနီယာက ဘာကြောင့် ငါ့ကို ဒီနေရာကို ခေါ်ရတာလဲ သိချင်မိပါတယ်…” ဝမ်လင်း၏အသံက တည်ငြိမ်၏။ သို့သော် ထိုအသံကပင် လီယွမ်ဇီကို ပို၍ အလေးအနက် ဖြစ်စေသည်။ သူက ဝမ်လင်းကို သာမန်ဂျူနီယာတစ်ယောက်ဟု မထင်တော့ပေ။

ထိုအရာကပင် ဝမ်လင်း လိုချင်သည့်အရာ ဖြစ်လေ၏။ သူ့ဉာဏ်ရည်ဖြင့် ဝမ်လင်းသည် လီယွမ်ဇီ ဘာကြောင့်သူ့ကို သည်နေရာသို့ ခေါ်မှန်း မည်သို့မသိဘဲ နေပါ့မည်နည်း။ အတိတ်တုန်းက သူ့ထံ၌ တောင်းဆိုမှုများ ပြုလုပ်ရန် အရည်အချင်းမပြည့်မှီခဲ့သေးပေ။သို့သော် ခုချိန်တွင်မူ သူက လုပ်ဆောင်လာနိုင်ပေပြီ။

“ကောင်းကင်ဘုံအပ်နှင်းခြင်းအခမ်းအနားမှာ ဒီအဘိုးအိုက မင်းကို ကျန်းမိသားစုရဲ့ ဒုတိယမြောက် တိုက်ပွဲစာလိပ်ကို ကြည့်ခွင့်ပြုမယ်လို့ ကတိပေးခဲ့တယ်။ ဒီနေ့ ငါက မင်းနဲ့ရှုထင်ကို ခေါ်လိုက်ရတာဟာ ဒီစာလိပ်ကို လေ့လာစေဖို့အတွက်ပဲ…”

လီယွမ်ဇီက ထိုသို့ပြောလိုက်ရင်း သူ့ဘယ်လက်ကို ပင့်မြှောက်၍ လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ထိုအခါ အက်ကြောင်းအဟတစ်ခု ပေါ်လာရသည်။

ထိုအက်ကြောင်းအတွင်းမှ အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ၎င်းအလင်းတန်းက အနက်ရောင်စာလိပ်တစ်ခုကို ဝန်းရံထား၏။၎င်းက လီယွမ်ဇီ၏လက်ထဲသို့ ပျံဝဲလာကာ လွင့်မြောက်နေသည်။

“ဒါက ငါ့ကျန်းမိသားစုရဲ့တိုက်ပွဲစာလိပ်သုံးခုထဲက ဒုတိယမြောက်တိုက်ပွဲစာလိပ်ပဲ…” လီယွမ်ဇီက ၎င်းစာလိပ်ကို ရှေ့သို့ တွန်းထုတ်သည်။ထို့နောက် သူက ဝမ်လင်းကို ကြည့်၏။

ဝမ်လင်းက ကျန်းမိသားစုတိုက်ပွဲစာလိပ်ကို ဖမ်းယူလိုက်၏။သို့သော် သူက မဖွင့်လှစ်ပေ။ ထိုအစား သူသည် လီယွမ်ဇီကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “စီနီယာလီယွမ်ဇီ…ဂျူနီယာက ဒီတိုက်ပွဲစာလိပ်ကို အလကားသပ်သပ် မကြည့်နိုင်ပါဘူး…”

လီယွမ်ဇီက ဝမ်လင်းကို ကြည့်နေရင်း သူ့အသွင်က သုန်မှုန်သွားသည်။သို့ရာတွင် သူက ဝမ်လင်း၏စောနက ရှုထင်အပေါ် ဟိန်းဟောက်လိုက်သည့်အသံကို ပြန်စဉ်းစားမိသွား၏။ခဏအကြာတွင် သူက ရယ်ကာမောကာဖြင့် ဆိုလာသည်။ “ရှုမူ…မင်းက တကယ်ရဲတင်းလာတာပဲ။ မင်း ဘာလိုချင်လဲ…ပြောပါ…”

ဝမ်လင်းက လျိုဖုဆယ့်သုံးခုကို လက်ညွှိုးထိုးပြ၍ တည်ငြိမ်စွာ ဆိုသည်။ “ဂျူနီယာက ဒုတိယတိုက်ပွဲစာလိပ်ကို ကြည့်ဖို့အတွက် လျိုဖုတစ်ခုကို လိုချင်ပါတယ်…”

လီယွမ်ဇီက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ထို့နောက် သူက ပြုံးသည်။သိုသော် ထိုအပြုံးက အပြုံးဟု မဆိုသာပါ။ သူက ပြောလာ၏။ “ဒီရတနာက မင်းပိုင်ဆိုင်နိုင်တဲ့ ရတနာလို့ ထင်လား…”

ဝမ်လင်းက ခပ်ဖျော့ဖျော့ပြုံး၏။ သို့သော် သူက ပြန်မဖြေပေ။ ထိုအစား သူက ပြောလာ၏။ “ဂျူနီယာက စီနီယာအစ်ကိုချင်းရွှေနဲ့ ချိန်းဆိုထားတာ ရှိပါတယ်။ နောက်ရက်အနည်းငယ်နေရင် သူက သူနဲ့အတူ တစ်နေရာသွားဖို့ ဂျူနီယာကို လာရှာပါလိမ့်မယ်…”

လီယွမ်ဇီက ဝမ်လင်းကို အဓိပ္ပာယ်ပါစွာ ကြည့်၏။သူက ရယ်မော၍ ဆိုသည်။ “ငါ မင်းကို တစ်ခုတော့ လက်ဆောင်ပေးနိုင်ပါတယ်…” ထိုသို့ပြောလိုက်ပြီးသည့်နောက် သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ သွေးလုံးများထဲမှ တစ်ခုသည် ဆင်းသက်လာသည်။ ၎င်းက မြန်ဆန်စွာပင် လက်သီးစုပ်ခန့်အရွယ်အစားအထိ သိပ်သည်းသွားကာ ဝမ်လင်းရှေ့၌ မြောလွင့်သည်။

ဝမ်လင်းက ၎င်းအလုံးကို သေချာ ဖမ်းယူ၍ စစ်ဆေးကြည့်ပြီးနောက် သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

လီယွမ်ဇီက ပြောလာသည်။ “ခု မင်း ဒီစာလိပ်ကို ကြည့်နိုင်ပြီ…”

“ဒုမိုးကြိုးကောင်းကင်ဘုံသား ရှုထင်က ငါနဲ့အတူ ဒီစာလိပ်ကို ကြည့်ဖို့ ကံကောင်းမှု ရှိနေမှတော့ ရှုထင်ပဲ အရင်ဆုံး ကြည့်သင့်ပါတယ်။ တကယ်တော့ သူက ဒီစာလိပ်ကို ပထမဆုံး တွေ့မြင်ရတာဟာ နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်တာပဲ…”

ရှုထင်၏ တုန်လှုပ်နေသောစိတ်သည် ပြန်မကောင်းမွန်သေးပေ။သို့သော် သက ၎င်းစာလိပ်ကို အလိုလိုသိစိတ်ဖြင့် ဖွင့်လှစ်၏။ ထိုအခါ ၎င်းစာလိပ်ထဲကနေ မိုးခြိမ်းသံတစ်မှျ ဟိန်းမြည်သံတစ်ခု ထွက်ပေါ်လာလေသည်။

ပြင်းထန်လှသောတိုက်ပွဲစိတ်ဆန္ဒက လေဟာနယ်ထဲကနေ ထွက်ပေါ်၍ ရှုထင်အပေါ်သို့ သက်ဆင်းလာသည်။

ရှုထင်၏ခန္ဓာကိုယ်က တုန်ယင်သွား၏။သူက မွန်းစတားဆန်လှသောလေပြင်းက သူ့အား ရိုက်ခတ်သွားသကဲ့သို့ ခံစားမိသည်။

လီယွမ်ဇီ၏အသွင်က စိတ်ဖိစီးမှု အရိပ်အယောင် ဖြစ်ပေါ်လာ၏။ ထိုအဖြစ်က သူ့လို့ ကျင့်ကြံမှုအဆင့်ရှိသူအတွက် ဖြစ်တောင့်ဖြစ်ခဲပင်။ သူက သူ့မိသားစုရှိ ပါရမီရှိသူများသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးစာလိပ်ကို ကြည့်ရှုနိုင်ကြစွမ်း ရှိမှန်း ကောင်းကောင်းသိ၏။ သို့သော် သူတို့သည် ဒုတိယစာလိပ် လုံးဝ မဖွင့်လှစ်နိုင်ခင်မှာပင် အတွင်းရှိ အံ့မခန်းတိုက်ပွဲစိတ်ဆန္ဒကိုမူ တောင့်ခံနိုင်စွမ်း မရှိကြပေ။

ထိုသို့ဖြစ်ပါက အနည်းဆုံးအကျိုးဆက်သည် ဒဏ်ရာပြင်းထန်၍ ပို၍အကျိုးဆက်ပြင်းထန်ပါက သူတို့၏မူလစိတ်ဝိညာဉ်သည် ပျက်စီးသွားပေလိမ့်မည်။

***

All Chapters