← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

ဒွိဟချစ်သံယောဇဉ်:

Chapter 3-စူပါမားကတ်ထဲမှာ

ဒီကမ္ဘာကြီးရဲ့ အခြေအနေတွေက အတော်လေးကို ထူးဆန်းသည်။

ဉပမာအနေနဲ့ ချန်းရို့ယွီ မုန့်ကုကိုလိုက်နေတုန်းက သူ့အတွက် သူမရဲ့ခံစားချက်တွေ ဘယ်လောက်နက်ရှိုင်းလဲဆိုတာကို မသိပေ။သူမက သူက အရည်အချင်းကောင်းတွေရှိတဲ့ လူတစ်ယောက် ဖြစ်တာကြောင့် သူက လက်တွဲဖော်ကောင်းတစ်ယောက်၊ပစ်မှတ်ကောင်းတစ်ခုနဲ့ သင့်တော်တဲ့သူတစ်ယောက် ဖြစ်တယ်လို့သာ ခံစားမိခဲ့တာ ဖြစ်သည်။ထိုအချိန်တုန်းက သူမအာရုံစိုက်ခဲ့တဲ့ အရေးကြီးဆုံးအချက်က အမျိုးသမီးတစ်‌ယောက်က ယောကျာ်းတစ်ယောက်ကို လိုက်တယ်ဆိုတဲ့ လက်မခံနိုင်တဲ့ အတ္တကြီးတဲ့ သီအိုရီကို ချိုးဖျက်ဖို့ဖြစ်ပြီး စိတ်ဖိစီးမှုနဲ့တင်းမာမှုတွေက သူမကို အောင်မြင်မှုဆီသို့ မျှော်လင့်စေကာ သူမရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို လျစ်လျှူရှုခဲ့မိခြင်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် သူမနာကျင်ခံစားရပြီးတော့ သူမ မလုပ်နိုင်တဲ့ အရာကို ဖိအားပေးပြီး မလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ထူးဆန်းတဲ့အရာတွေက စတင်ဖြစ်ပေါ်လာတော့သည်။သူမက မုန့်ကုကို မုန်းပြီးတော့ သူ့ကို အမြန်မေ့နိုင်လိမ့်မယ်လို့ ထင်ခဲ့သည်။

ဒါပေမယ့် သူမ မလုပ်နိုင်ခဲ့ဘူး။

သူမ သူ့ကို လိုက်နေတုန်းကထက်တောင် ပိုပြီး သတိရနေခဲ့သည်။

သူမရဲ့ နှလုံးသားက ဘယ်လိုလုပ် ဖောက်လွဲဖောက်ပြန် ဖြစ်လာတာလဲဆိုတာကို နားမလည်ပေ။အတိုချုပ်ပြောရရင် သူက သူမစိတ်ထဲမှာ ခိုအောင်းနေပြီးတော့ မကြာခဏ မသိစိတ်ထဲကနေ ပေါ်လာသည်။သူမက အမြဲတမ်း သူ့ရဲ့ အပြုံး၊သူ့ရဲ့ အပြုံးအမျိုးမျိုး.....သူ့ရဲ့ နူးညံ့တဲ့အပြုံးတွေ.....သူ့ရဲ့အေးစက်တဲ့အပြုံးတွေ....သူ့ရဲ့ရက်စက်တဲ့အပြုံးတွေ......သူ့ရဲ့ရယ်စရာကောင်းတဲ့အပြုံးတွေ......သူ့ရဲ့အသက်မပါတဲ့အပြုံးတွေ.......သူ့ရဲ့ ကြောင်သူတော်အပြုံးတွေ.....သူ့ရဲ့ မောက်မာတဲ့အပြုံးတွေကို တွေးမိနေတယ်။သူ့ရဲ့ အပြုံးအားလုံးက ကြွယ်ဝပြီးတော့ သူ့ရဲ့အပြုံးတွေကို ခွဲခြားဖို့ဆိုတာ လွယ်ကူသည်။

သူမက သူ့ကို ထပ်ပြီး သွားမရှာတော့ဘဲ အဝေးမှာ ပုန်းနေကာ သူ့ရဲ့အပြုံးတွေကိုသာ တွေးမိနေသည်။

သူ့အပြုံးက အရမ်းဆွဲဆောင်နိုင်ပြီးတော့ သူမ သူ့အကြောင်းကို စဉ်းစားမိတဲ့အချိန်တိုင်း သူမရဲ့နှလုံးသားက ဒရမ်တစ်ခုလိုပင်။

ကံမကောင်းစွာနဲ့ သူမတို့ စကားပြောနေတဲ့အချိန် သူ့မျက်နှာပေါ်မှာရှိတဲ့ အပြုံးအချို့ကို မမှတ်မိနိုင်ပေ ဘာကြောင့်လဲဆိုတော့ ထိုအချိန်မှာ သူ့ရဲ့အပြုံးတွေက ပိုမိုများပြားသည်။သူမ မမှတ်မိရတဲ့ အကြောင်းရင်းက အဲ့ဒီယောကျာ်းက သူမအပေါ် မရိုးသားတာကြောင်လို့ ထင်ခဲ့တဲ့အတွက် ဒီလိုမျိုး အသေးစိတ်ကျတဲ့ အမှတ်တရတွေက သူမနှလုံးသားထဲမှာ ရှင်သန်နေမှာ မဟုတ်ပေ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့စိတ်ထဲ ဘယ်လိုခံစားရတယ်ဆိုတာ သူမ မရှင်းပေမယ့် ဒီယောကျာ်းအကြောင်း တွေးလိုက်တာနဲ့ ၎င်းက သူမကို မပျော်မရွှင် ဖြစ်သွားစေသည်။သူမက အတိတ်တုန်းက ဆုံးဖြတ်ချက်တွေက မှားပြီးတော့ မုန့်ကုလို ယောကျာ်းမျိူးတွေကို သူမရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာ အမှားတစ်ခုဖြစ်ကြောင်း သူမကိုယ်သူမ ပြောခဲ့သည်။သူက ကြည့်ကောင်းပြီးတော့ သူ့မှာ အလုပ်အကိုင်‌ကောင်းကောင်းရှိတယ်၊သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက ကောင်းမွန်ပုံရပေမယ့် သူမတို့နှစ်‌ယောက်က တူညီတဲ့လမ်းကြောင်းက မဟုတ်ပေ။အဲ့ဒါကြောင့်ပဲ ဒီလိုမျိုး မနှစ်မြို့စရာ အခြေအနေကို ဖန်တီးမိခဲ့တာဖြစ်သည်။လက်တွေ့ဆန်ပြီးတော့ ခေတ်မှီတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုမျိုး ထင်‌ယောင်ထင်မှားတွေကို ဘေးခါချထားပြီး သူမဘဝကို အပြည့်အဝနေထိုင်တာက အကောင်းဆုံးဖြစ်သည်။

သူမက မငယ်တော့တာကြောင့် ရိုးသားပြီးတည်ကြည်တဲ့ ယောကျာ်းတစ်ယောက်ကို ရှာသင့်သည်။သူမအနေနဲ့ သူမနဲ့တူညီတဲ့ကမ္ဘာတစ်ခုထဲက ယောကျာ်းမျိုးကိုရှာသင့်ပြီး သူမနဲ့အတူ ပျော်ရွှင်တဲ့ဘဝကို နေထိုင်သွားမယ့် ယောကျာ်းမျိုးကို ရှာသင့်သည်။

ထိုနေ့တုန်းက ချန်းရို့ယွီက စူပါမားကတ်ထဲမှာ ဈေးဝယ်ထွက်နေပြီး မုန့်ကုနဲ့ ဆုံခဲ့သည်။သူမ အံ့ဩသွားတယ်။သူမ ဒီပတ်ဝန်းကျင်မှာ နေလာတာ အချိန်အတော်ကြာပြီ ဖြစ်ပြီးတော့ ဒီစူပါမားကတ်ကို မရေတွက်နိုင်အောင် လာဖူးပေမယ့် သူနဲ့ တစ်ခါမှ မဆုံဖူးဘူး။သူ့ကို နောက်ထပ် လုံးဝ မတွေ့တော့ဘူးလို့ သူမစိတ်ကို ဆုံးဖြတ်ချက်ချပြီးတဲ့နောက် သူမ ဘာလို့ သူ့ကို ဒီနေရာမှာ လာတွေ့နေတာလဲ?ဒီလိုတိုက်ဆိုင်မှုမျိုး တကယ်ရှိနိုင်ပါ့မလား?

ချန်းရို့ယွီက သူ့ကို မမြင်ချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။

လျင်မြန်စွာနဲ့ပဲ သူမရဲ့ ဈေးဝယ်လှည်းထဲကို ခေါက်ဆွဲခြောက်ထုပ်နှစ်ထုပ် ထည့်ပြီးတော့ အဲ့ဒီနောက် အမြန်လှည့်ကာ ငွေရှင်းကောင်တာကို ဦးတည်သွားသည်။သူမ မြန်မြန်သွားပေမယ့်လည်း မုန့်ကုက သူ့ခေါင်းကို ငုံ့ထားပြီး အအေးခန်းထဲက အလွန်ဈေးကြီးတဲ့ တင်သွင်းထားတဲ့ အမဲသားတွေကို ရွေးချယ်နေပြီးတော့ သူ့ရဲ့ ဈေးဝယ်လှည်းထဲမှာလည်း ပရီမီယမ် ကြက်ဉနှစ်ကဒ်ရှိနေတာကို တွေ့လိုက်ရသည်။

ဒါကြောင့်ပဲ သူတို့နှစ်ယောက်က အမှန်တကယ်ကို မတူညီတဲ့ကမ္ဘာ*နှစ်ခုက ဖြစ်သည်။

(ဒီနေရာမှာ မတူညီတဲ့ကမ္ဘာဆိုတာက သူတို့က လူ့အဖွဲ့အစည်းထဲမှာ အဆင့်အတန်းနဲ့ငွေကြေးအခြေအနေ ကွဲပြားတာကို ဆိုလိုပါတယ်)

သူမက ကြက်ဉကို ဘယ်တော့မှ စူပါမားကတ်ထဲမှာ မဝယ်ပေ။စူပါမားကတ်ထဲက ကြက်ဉတွေက အရမ်းဈေးကြီးပြီးတော့ ဒီနေရာက ကြက်ဉတစ်ကဒ်က သူမ သာမန်ဈေးထဲမှာ ကြက်ဉသုံးကဒ်လောက် ဝယ်နိုင်သည်။ထိပ်တန်းအမဲသားတုံးတွေအတွက်ကတော့ အရင်တုန်းက ပလက်စတစ်နဲ့ ထုပ်ပိုးထားတဲ့ တံဆိပ်တွေကို သေချာဖတ်ဖူးသည်။ပါးလွှာတဲ့အမဲသားတုံးလေးတစ်တုံးက သူမရဲ့ တစ်ပတ်စာ ကုန်ကျစရိတ်ရှိသည်။

ဒါကြောင့် သူမ အမှန်တကယ်ကို ဆေးရုံက ထိုသူနာပြုတွေကို ကျေးဇူးတင်ချင်သည်။သူတို့က သူမကို သူမနဲ့သူ့ကြားထဲက ကွာခြားချက်တွေကို သိသွားအောင် လုပ်ပေးခဲ့ပြီး သူမရဲ့ ငယ်ရွယ်မှုနဲ့အားအင်ကို ဆက်လက်ဖြုန်းတီးနေစရာမလိုအောင် လုပ်နိုင်ခဲ့သည်။

သူမ ငေးမောပြီး လျှောက်လာတုန်းမှာပဲ သူမရဲ့ ဈေးဝယ်လှည်းက တစ်ခုခုနဲ့ တိုက်မိသွားသည်။အဲ့ဒီမှာ တစ်စုံတစ်ခု ပြိုကျလာတဲ့အသံ ထွက်လာသည်။ချန်းရို့ယွီ တုံးတုံးအအနဲ့ မော့ကြည့်လိုက်တဲ့ အချိန်မှာပဲ တောင်လိုမျိုးစုပုံနေတဲ့ အိမ်သာသုံးစက္ကူလိပ်တွေက သူမရဲ့ ခေါင်းပေါ် လိမ့်ကျလာကြသည်။

အရမ်း ရှက်ဖို့ကောင်းတယ်!!

ချန်းရို့ယွီက သူမရဲ့ နာကျင်မှုကို ဂရုမစိုက်ပေ။သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက မုန့်ကုရှိတဲ့ဘက်ကို တစ်ချက် ခိုးကြည့်လိုက်တာ ဖြစ်သည်။သူလည်း ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားခဲ့ပြီး ဒီဘက်ကို လှည့်ကြည်လာသည်။

သူမ ခေါင်းကို အိမ်သာသုံးစက္ကူတွေထဲ နှစ်လိုက်တယ်။သူ့ရှေ့မှာ အကြိမ်ပေါင်းများစွာ အရှက်ကွဲပြီးဖြစ်တာကြောင့် ဒီအဖြစ်အပျက်ကို စာရင်းရှည်ကြီးထဲ ပေါင်းမထည့်ချင်ပါဘူးနော်။

လူတိုင်းက အိမ်သာသုံးစက္ကူလိပ်တွေ ကူကောက်ပေးဖို့အတွက် ရောက်လာကြသည်။ချန်းရို့ယွီက အနားမှာစုဝေးလာတဲ့ လူအုပ်ကြီးကြားထဲ ရောနေလိုက်ပြီး စိတ်ရှုပ်သွားသည်။သူမက နောက်ထပ်ခိုးကြည့်လိုက်ပြီးတော့ မုန့်ကုက မရှိတော့ပေ။သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။သူ သူမကို မြင်သွားပုံ မရဘူး။

အိမ်သာသုံးစက္ကူတွေကို မူလနေရာ ပြန်ထားပြီးတော့ ငွေရှင်းကောင်တာဘက်ကို လှည့်ကာ ငွေရှင်းပြီးထွက်သွားရန် ရည်ရွယ်ထားသည်။အဲ့ဒီအချိန်တွင် ကလေးလေးတစ်‌ယောက်က ဘေးကိုလိမ့်ကျထားတဲ့ အိမ်သာစက္ကူလိပ်ကို ကုန်းကောက်နေပြီးတော့ သူ့ခေါင်းက အဘွားကြီးတစ်ယောက်ရဲ့ခါးနဲ့ မတော်တဆ တိုက်မိသွားတာကို မြင်လိုက်ရသည်။

တိုက်မိတာက မပြင်းပေမယ့် ဖြစ်ပြီးသွားပြီ။အဘွားဘွားကြီးက ခန္ဓာကိုယ်မကြီးမားပေမယ့်လည်း အသံကတော့ သေးသေးလေးမဟုတ်ပေ။သူမက ကလေးလေးကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းသည်။ကလေးလေးက အဲ့နေရာမှာပဲ မိုက်မဲစွာရပ်နေပြီးတော့ သူမပြောတာကို နားထောင်နေသည်။ချန်းရို့ယွီက သူမရဲ့ ဈေးဝယ်လှည်းကို သူတို့နားတွန်းသွားပြီးတော့ ဝင်စွက်ဖက်ဖို့ ရည်ရွယ်မထားပေမယ့် ကလေးရဲ့မိဘတွေကို အနီးနားမှာမတွေ့ပေ။အဘွားကြီးက ပိုပြီးတော့ ဒေါသထွက်လာခဲ့သည်၊ချန်းရို့ယွီက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးတော့ သည်းမခံနိုင်တော့ သူတို့ဘက်ကို ပြန်လှည့်ပြီး

"အန်တီ တိုက်မိတာက နာနေသေးလို့လား"

"အဓိပ္ပာယ်မရှိတာတွေ မင်းအတိုက်ခံကြည့်ပါ့လား?အကျင့်မကောင်းတဲ့ကလေး မင်းမျက်လုံးတွေ ဘယ်ရောက်နေတာလဲ!မင်းမိဘတွေ မင်းကို ဘယ်လိုသင်ကြားထားကြလဲမသိဘူး!ငါ့ခါးနာနေပြီ!"

"အန်တီ အန်တီက ကိုယ့်ကိုကိုယ် ကောင်းကောင်းထိန်းသိမ်းထားတာပဲ။အန်တီရဲ့ခါးလေးက အရမ်းနူးညံ့နေတာပဲနော်"

ချန်းရို့ယွီသုံးလိုက်တဲ့ နာမဝိသေသနက အဘွားကြီးကို အံ့အားသင့်သွားစေပြီးတော့ သူမကို ကြည့်လာ‌စေသည်။

"အန်တီရဲ့ နူးညံ့နေတဲ့ခါးလေးက တိုက်မိတာကြောင့် တကယ်ဒဏ်ရာရသွားမှာ စိုးရတယ်။အန်တီ ကလေးကို ဆူမနေပါနဲ့တော့ မြန်မြန်လေး ဆေးရုံကိုသွားပြီးတော့ ဒဏ်ရာက ပြင်းထန်လား မပြင်းထန်ဘူးလားဆိုတာ စစ်ကြည့်သင့်တယ်နော်။စာရင်းသွင်းကြေးက RMB3.50။ကျွန်မ အန်တီအတွက် ပေးပေးမယ်"

ကြည့်လေ ဒီဖြတ်သွားဖြတ်လာက အရမ်းရက်ရောပြီးတော့ သူမရဲ့ ပိုက်ဆံအိတ်ကို စိတ်အားထက်သန်စွာနဲ့ထုတ်ကာ ပိုက်ဆံထုတ်ပေးဖို့ လုပ်နေတယ်။

လူအချို့က စုဝေးကာ အခြေအနေကို တွေ့သွားကြပြီး အဘွားကြီးကို သူမ ဘာမှကြီးကြီးမားမား မထိခိုက်ဘူးဆိုမှတော့ အကျယ်တဝင့် မလုပ်သင့်ကြောင်း ကူညီဖြောင်းဖြကြသည်။အဘွားကြီးက ချန်းရို့ယွီက အမှန်တကယ် ပိုက်ဆံထုတ်ပြီးတော့ ဒေါ်လာတွေနဲ့အကြွေတွေ ရေတွက်နေတာကို မြင်တော့ သူမက နှာခေါင်းရှုံ့လိုက်ပြီး ဒေါသတကြီး ထွက်သွားသည်။

ချန်းရို့ယွီက သက်ပြင်းချလိုက်ပြီး ပိုက်ဆံကို ပိုက်ဆံအိတ်ထဲ အမြန်ပြန်ထည့်လိုက်သည်။ပမာဏက မများဘူးဆိုပေမယ့် ပိုက်ဆံကို ဒီလိုနည်းလမ်းနဲ့သုံးလိုက်ရမှာမျိုးကို သူမ အမှန်တကယ် ဆန္ဒမရှိဘူး။

Check-out pointမှာ သူမက အတန်းရဲ့အဝေးဆုံးထောင့်မှာရှိတဲ့ ငွေရှင်းကောင်တာကို ရွေးလိုက်သည်။ဒီအခိုက်အတန့်မှာ မုန့်ကုက ဘယ်လိုမျိုး အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို ရွေးနေမလဲဆိုတာ သိချင်နေတုန်းမှာပဲ ရုတ်တရက် သူမရဲ့ ခါး တောင့်တင်းသွားပြီး အသာလေး အထိခံလိုက်ရသည်။

ချန်းရို့ယွီက နောက်ပြန်လှည့်ကြည့်လိုက်သည်။မုန့်ကုက သူမကို သူ့ရဲ့ သွားဖြူဖြူတွေပြပြီးတော့ ရယ်ပြနေတာကို တွေ့လိုက်ရတယ်။

"တိုက်ဆိုင်တယ်နော်"

ချန်းရို့ယွီက သူမရဲ့ မျက်နှာအမူအရာကို ခက်ခက်ခဲခဲ ထိန်းချုပ်ပြီးတော့ သူ့ကိုပြုံးပြကာ

"ဟုတ်တယ်နော် တိုက်ဆိုင်လိုက်တာ၊ဒေါက်တာမုန့်က ဒီနေရာကို ‌ဈေးဝယ်လာတာလား"

"အင်း ငါက ဈေးဝယ်လာတာလေ တစ်ယောက်‌ယောက်လိုမျိုးတော့ အိမ်သာသုံးစက္ကူတွေကို ဝင်တိုက်ဖို့မဟုတ်ဘူး"

သားလေးရေ သူ အားလုံးမြင်သွားတယ်ဟ!!!!

ချန်းရို့ယွီရဲ့မျက်နှာ တောင့်တင်းသွားတယ်။သူမက ဒီကြောင်သူတော်နဲ့ မရင်ဆိုင်ချင်တဲ့အတွက် သူ့ကို နောက်ကျောပေးလိုက်ပြီး အလေးအနက် တန်းစီနေသလို ဟန်ဆောင်လိုက်တယ်။

သူမရဲ့ခါးတောင့်တင်းသွားပြီး နောက်ထပ်အတို့ခံလိုက်ရတယ်။

"ချန်းရို့ယွီ မင်းရဲ့ခါးက အရမ်းမနူးညံ့ဘူးနော်"

သူမက ခေါင်းလှည့်မကြည့်ဘဲနဲ့

"ကောင်းတာပေါ့။အရမ်းမနူးညံ့တာလည်း ကောင်းတာပဲလေ"

" အခုတလော မင်းရဲ့ကျန်းမာရေးက အတော်လေးကောင်းနေပုံပဲ။မင်းကို ‌ဆေးရုံမှာမတွေ့ရတာ တော်တော်ကြာပြီ"

"ဟုတ်တယ် ကျွန်မရဲ့ Renနဲ့Du Meridian* တွေက ရုတ်တရက် ပွင့်သွားပြီလေ။ကျွန်မရဲ့ ကျန်းမာရေးက အရမ်းကောင်းနေပြီ အဲ့ဒါကြောင့် ကျွန်မ နောက်ထပ်သွားဖို့ မလိုတော့ဘူး"

(Renနဲ့Du Meridian ‌အမှတ်တွေက သွေးလည်ပတ်မှုကို ထိန်းချုပ်ပေးပြီးတော့ နှလုံး၊အသည်းနဲ့ကျောက်ကပ်တို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ချိန်ညှိပေးဖို့ အပ်စိုက်တဲ့နေရာတွေဖြစ်သည်)

"အဲ့ဒါက ဘာလို့ နောက်ဆုံးအကြိမ်လဲ။မင်းက အရမ်းရယ်စရာကောင်းမှန်း ငါမသိခဲ့ဘူး"

သူမက အတင်းပြုံးကာ သူ့ကို လှည့်ကြည့်လိုက်ပြီး သူ ခဏလောက် တိတ်တိတ်လေး နေပေးနိုင်မလားဆိုတာ တကယ့်ကို မေးလိုက်ချင်တယ်။သူမ သူနဲ့ စကားပြောဖို့ ဆန္ဒမရှိဘူး။

ဒါပေမယ့် မုန့်ကုက မပြီးသေးဘဲ ထပ်ပြောလာခဲ့တယ်။

"မင်း နေလို့ထိုင်လို့မကောင်းတဲ့ ရက်တွေဆို ငါ့ကိုလာရှာလို့ရတယ်ဆိုတာ မှတ်ထားနော်"

"မလိုပါဘူး။ကျွန်မ ဆေးရုံသွားရမယ်ဆိုရင်တောင်မှ အပြင်လူနာဆေးခန်းကို သွားမှာမဟုတ်ဘူး။ကျွန်မဦးနှောက်တွေကို စစ်ရလိမ့်မယ်"

"ဘာလို့လဲ"

သူ့အသံကနေ သူက ရယ်နေတာလား ဒါမှမဟုတ် အံ့ဩနေတာလားဆိုတာကို ခန့်မှန်းလို့မရနိုင်ပေ။

"ကျွန်မမှာ ဦးနှောက်ပျက်ဆီးမှုတွေ ရှိထားတယ်လေ။အဲ့တော့ ကျွန်မဦးနှောက်ကို စစ်ဆေးရမှာပေါ့"

ချန်းရို့ယွီက အေးအေးဆေးဆေး ဖြေလိုက်တယ်။ဟက်!သူမသာ သူ့ကို ထပ်ပြီး သွားရှာခဲ့ရင် သူမ အမှန်တကယ်ကို ဦးနှောက်သေနေလို့ပဲ ဖြစ်ရမယ်။

ဒီအချိန်မှာပဲ ပိုက်ဆံရှင်းဖို့ သူမအလှည့်ရောက်လာသည်။သူမက သူမရဲ့ပစ္စည်းတွေကို အမြန်ထုပ်ပိုးလိုက်ပြီး ပိုက်ဆံရှင်းလိုက်သည်။"ဒေါက်တာမုန့်ရေ ဂွတ်ဘိုင်ပါ" လို့ ပြောပြီးတဲ့နောက် သူမက အမြန်ထွက်သွားသည်။သူမက စူပါမားကတ်ထဲကနေ ပြေးထွက်လာပြီးတော့ အသက်ရှူမဝဘဲ မောဟိုက်သွားသည်။အဲ့ဒီနောက် သူမရဲ့နောက်ကနေ မုန့်ကုရဲ့ အသံကို ကြားလိုက်ရသည်။

"ချန်းရို့ယွီ..."

သူမက မကြားချင်ယောင်ဆောင်လိုက်ပေမယ့် သူမရဲ့ ခြေထောက်တွေက တိုပြီးတော့ ခြေလှမ်းတွေက လုံလောက်အောင် မမြန်ပေ။

ခြေလှမ်း နှစ်လှမ်း၊သုံးလှမ်းလောက် လှမ်းပြီးတဲ့နောက် မုန့်ကုက သူမဘေးနားကို ရောက်နေပြီဖြစ်သည်။သူက သူမကို ပြုံးပြပြီးတော့

"ချန်းရို့ယွီ မင်း မင်းရဲ့ဦီးနှောက်ကို စစ်ချင်တယ်ဆိုရင် ဌာနနှစ်ခုရှိတယ်ဆိုတာ ငါမင်းကို သတိပေးချင်တယ်။တစ်ခုက ဦးနှောက်ခွဲစိတ်တဲ့ဌာန ပြီးတော့ နောက်တစ်ခုက အာရုံကြောဌာန။ဒါပေမယ့် မင်းမှားနေတယ်။မင်းက ဦးနှောက်ပျက်ဆီးထားတယ်ဆိုမှတော့ အဲ့ဒီ ဌာနတွေ တစ်ခုမှ သွားစရာမလိုဘူး။မင်းသွားသင့်တာ စိတ်ရောဂါဌာနပဲ။စာရင်းသွင်းကြေးက 3.5ယွမ်ပဲ ကျမှာ ငါမင်းအတွက် ပေးပေးမယ်လေ ။အဲ့ဒါဘယ်လိုလဲ"

အဲ့ဒါဘယ်လိုလဲ?သူမ လုပ်ချင်တာကတော့ သူ့မျက်နှာကို ဆွဲထိုးပြီးတော့ သူမ ဝယ်လာတဲ့ခေါက်ဆွဲခြောက်တွေနဲ့ သူ့ရဲ့အပြုံးကို ရိုက်နှက်ပစ်ချင်တာပဲ၊အဲ့ဒါက ဘယ်လိုနေရမှာလဲ!!!!!

ဒီနေ့ ချန်းရို့ယွီက တကယ့်ကို ရှုပ်ယှတ်ခတ်နေတာ ဖြစ်သည်။

သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ မုန့်ကုရဲ့ အပြုံးကိုသာ တစ်နေ့လုံး တွေးနေမိသည်၊ယောကျာ်းတစ်ယောက်က ဘယ်လိုလုပ် မောက်မာစွာ ရယ်တဲ့အချိန်မှာတောင် အရမ်းချောနေရတာလဲဆိုတာ သူမ မစဉ်းစားတတ်ဘူး။

ခွေးကောင်!!!!!သူမ အမှန်တကယ်ကို သူ့မျက်နှာကို ထိုးပစ်လိုက်ချင်တယ်!!!

###################################

All Chapters