← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

ဒွိဟချစ်သံယောဇဉ်:

Chapter 4- Blind Date(1)

တွေ့ဆုံရခြင်းက ရေကန်အလယ်ကို ကျောက်တုံးနဲ့ ပစ်ပေါက်လိုက်သလိုပင် ဖြစ်သည်။၎င်းက ခဏလောက်တော့ တုန်ခါနေတဲ့ လှိုင်းတွေကို ဖြစ်စေပေမယ့် အဲ့ဒီနောက်မှာတော့ အားလုံးက သဲလွန်စမရှိ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒါပေမယ့် ကျောက်တုံးက နှလုံးသားအောက်ခြေအထိ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားတယ်ဆိုတာကိုတော့ မငြင်းနိုင်ပေ။

ချန်းရို့ယွီက ကျောက်တုံးအပစ်ခံလိုက်ရတဲ့ ရေကန်လိုပင်။အပြင်ပန်းမှာတော့ သူမက တည်ငြိမ်ပြီးတော့ လှိုင်းကင်းစင်နေပုံပေမယ့် သူမနှလုံးသားကတော့ အဆုံးမရှိ တုန်ခါနေသည်။

အဲ့ဒီကျောက်တုံးက သူမနှလုံးသားကို မသက်မသာဖြစ်အောင် ဖိနှိပ်ထားသည်။

သိသိသာသာကိုပဲ သူမကို မကြိုက်တဲ့လူက သူပဲ။သူမအကြောင်းကို အခြားလူတွေဆီ အတင်းတုပ်တာလည်း သူပဲလေ။ဒါပေမယ့် သူတို့တွေ ဆုံတဲ့အခါကျရင် သူမက ဘာလို့ အပြစ်ရှိတယ်လို့ ခံစားရတဲ့လူ ဖြစ်နေတာလဲ?

သူမ အပြစ်ရှိတယ်လို့ ခံစားရတယ်ဆိုရင်တောင် အဆင်ပြေသေးတယ် ဒါပေမယ့် သူမက ဘာလို့ သူ့အကြောင်းကိုပဲ ဆက်တိုက်တွေးနေမိတာလဲ!

သူ့အကြောင်းတွေးမယ့်အစား သရဲတစ်ကောင်အကြောင်းသာ တွေးနေသင့်တယ်။သူမ သူ့ကို စွန့်ပစ်သင့်တယ်၊ငြင်းပယ်သင့်တယ်၊မုန်းတီးသင့်တယ်ဆိုတာ မှန်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ယုံကြည်မှုလွန်ကဲသွားတာက သူမရဲ့အမှားဆိုပေမယ့်လည်း သူ့နေရာမှာ သူ့ဘေးနားကလူတွေရဲ့ နှိမ့်ချခြင်းကိုခံရတာက သူမကို မကျေမနပ်ဖြစ်စေတယ်။

သူမ သူ့ကို ရန်ငြိုးထားသင့်တယ်!

ဟမ့်!

သူမက သူ့ထက်ကောင်းတဲ့ ဘဝမျိုးကို နေချင်တယ်!

ဟမ့်!

သူမက သူ့ထက်မြန်မြန် လက်တွဲဖော်ရှာပြီး၊ လက်ထပ် ပြီး ကလေးမွေးချင်တယ်။အဲ့ဒါဆိုရင် သူတို့ နောက်တစ်ခါ ပြန်ဆုံတဲ့အခါ သူ့ကို ချေမိုးစွာ ပြောပြဖို့ အခွင့်အရေး ရလိမ့်မယ်....ရိုး ဒေါက်တာ မုန့် က ဘာလို့ Single ဖြစ်နေသေးတာလဲ။ ရှင့်ရဲ့အမြင်အာရုံက အရမ်းမြင့်နေလို့လား။ ဒါက မကောင်းဘူးနော်။

အမ်း၊ ဒီလိုမျိုးက အောက်တန်းကျပြီး နိမ့်ကျပေမယ့် ချန်းရို့ယွီ အတွက်တော့ သူမက နိမ့်ကျပြီးသား လူမလို့ သူမရဲ့ ဒေါသကို ထုတ်နိုင်သရွေ့တော့ အဲ့ဒါက သူမအတွက် အရေးမကြီးပေ။

ဒါကြောင့် အလွန်လျင်မြန်စွာနဲ့ပဲ သူမက သူမရဲ့စိတ်ဝိညာဉ်တွေကို ပြန်လည်ရှင်သန်စေပြီး အဲ့ဒီအခွင့်အလမ်းရဲ့ စိတ်ပျက်ဖွယ်လှိုင်းလုံးများထဲမှ မိမိကိုယ်ကို ထုတ်ယူနိုင်ခဲ့သည်။ ထို့နောက် သူမက သူမပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများကို သူမကို အလားအလာရှိတဲ့ ပါတနာလေးတွေ ရှာပေးဖို့ တောင်းဆိုခဲ့၏။

သူမ blind date တွေ့ချင်တယ်။

ချန်းရို့ယွီရဲ့ အခန်းဖော် လျန်းစီးစီးက သူမရဲ့လုပ်ရပ်‌တွေအတွက် လက်မထောင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ သူမက blind date လုပ်တာက ကောင်းတဲ့အကြံတစ်ခုလို့ မထင်ခဲ့ဘူး။

"ရို့ယွီ ငါ နင့်ကို ပြောမယ်နော်။Blind Date တွေမှာ အချစ်ရှာတွေ့ဖို့ဆိုတာ တအားခက်တယ်"

"အင်း နင်ရှာတွေ့နိုင်ပါတယ်ဟ။နင်က နင့်ရဲ့ဘလိုင်းဒိတ်ပါတနာကို ကာစတန်မာဖမ်းယူသလိုပဲ သေချာလေ့လာပြီးတော့ အဓိကအချက်ကိုဖမ်းဆုပ် ပြီးရင် စင်တာကိုတိုက်လိုက်ပေါ့"

"ဒါပေမယ့် နင့်ရဲ့ ကာစတန်မာတွေနဲ့စကားပြောတဲ့အခါကျရင် နင်သူတို့ကို လေ့လာစရာ မလိုဘူးလေ။နင်က သူတို့ကို မကြည့်ပဲနဲ့ နင့်စိတ်ထဲရောက်လာတာကိုပဲ ပြောလိုက်ရင် အောင်မြင်မှုနှုန်းက နိမ့်သွားမှာပေါ့"

ချန်းရို့ယွီ အံ့သြသွားတယ်။ ဒီအခြေအနေက အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး အရမ်းရင်းနှီးသလို ခံစားရတယ်။ သူမက ခေါင်းယမ်းပြီး ငြင်းခုံလိုက်၏။

"ဒါပေမယ့် လတိုင်း ငါ့ရဲ့ တာဝန်ကိုလည်း ပြီးမြောက်အောင် လုပ်နိုင်တယ်‌လေ။ဒါက ငါ့ရဲ့ နည်းဗျူဟာရဲ့ နောက်တစ်ခုပဲ။ ငါ အရှုံးမပေးဘဲ ကြိုးစားကြည့်ချင်တယ်"

လျန်းစီးစီးက ချန်းရို့ယွီကို လက်ညှိုးယမ်း ပြကာ

"ဟင့်အင်း ဟင့်အင်း၊ ဒါက အလုပ်မဖြစ်ဘူး။ ဒီလိုဟာမျိုးဆိုတာက ရင်ခုန်စရာကောင်းပြီး လှပတဲ့ ရင်ဖိုစရာနေရာတစ်ခု ရှိရမယ်။ ငါ့ကိုကြည့်စမ်း။ အချစ်က ဘာလို့ ငါ့ဆီကို အချိန်တိုင်း မြန်မြန်ရောက်လာတာလဲ?အဲ့ဒါက အချိန်ရဲ့‌‌ မေးခွန်းပဲ။အချိန် ၊ နေရာ ၊ မြင်ကွင်း နဲ့ လူကို အကဲခတ်ရမယ်။ဒါတွေအကုန်လုံး တစ်နေရာတည်းမှာ ရှိနေပြီဆိုရင် အကြည့်တစ်ချက် ၊ စကားတစ်ခွန်းနဲ့ နင့်ရင်ခွင်ထဲ ပြေးဝင်လာတဲ့ အချစ်ကို ခံစားရလိမ့်မယ်"

လျန်စီးစီးက သာမာန် ရိုမန်တစ်ဆန်တဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမဖတ်တဲ့ စာအုပ်တွေက များသောအားဖြင့် အချစ်ဝတ္ထုဇာတ်လမ်းများဖြစ်ပြီး စာအုပ်များအတွင်းရှိ စည်းမျဉ်းများက သူမ၏တန်ဖိုးရှိသော ဉာဏ်ပညာဖြစ်လာခဲ့သည်။

“ငါ နင့်ကို ပြောပြမယ်။ဒီလိုမျိုး သေချာစီစဉ်ပြီး ‌ဘလိုင်းဒိတ်က‌နေတစ်ဆင့်‌ တွေ့တာမျိုးက နင် သင့်တော်တဲ့ပါတနာရှာ‌တွေ့မှာ မဟုတ်ဘူး။အဲ့တာက အရမ်းခေတ်နောက်ကျသွားပြီ။ရောက်လာတဲ့လူတိုင်းက သူတို့ရဲ့စိတ်တွေထဲမှာ မျှော်လင့်ချက်တွေ စိတ်ကူးယဉ်ထားတာတွေအပြည့်နဲ့ ပြင်ဆင်ပြီး ရောက်လာကြမှာပဲလေ။သူတို့တကယ်တွေ့တဲ့အချိန်ကျတော့ သူတို့မှာ ဘာခံစားချက်မှရှိမှာ မဟုတ်တော့ဘူး။မထင်မှတ်ဘဲရောက်လာတဲ့ ကံကြမ္မာမျိုးက ပိုပြီးတော့ စိတ်ချရတယ်။ဉပမာအနေနဲ့ စူပါးမာကတ်တစ်ခုမှာ သူက တစ်ခုခုကို ယူဖို့လုပ်တဲ့အချိန် မတော်တဆ နင့်ကို တိုက်မိသွားတာ ဒါမှမဟုတ် သူက တွန်းလှည်းတွန်းလာတဲ့အချိန် မတော်တဆ

နင့်ဟာနဲ့တိုက်မိသွားတာမျိုးလေ....."

ချန်းရို့ယွီ မျက်နှာပျက်သွားတယ်။ဒီ လျန်စီးစီး သူမကို စူပါမားကတ်ထဲမှာ တိတ်တိတ်‌လေး နောက်ကနေလိုက်ကြည့်ထားတာလား?

"ပြီးတော့ ဒါလည်းရှိသေးတယ်.......အကယ်၍ နင်က လမ်းမှာခြေခေါက်သွားရင် နင့်ကိုကူညီဖို့ တစ်ယောက်ယောက်ရှိနေတယ်။ဒါမှမဟုတ် မိုးရွာတဲ့နေ့မှာ နင်တို့နှစ်ယောက်က မိုးခိုဖို့ တံစက်မြိတ်အောက်ကို ပြေးသွားတာမျိုးလေ"

"စီးစီး......အာ...."

ချန်းရို့ယွီ က သူမကို စကားဖြတ်မပြောဘဲ မနေနိုင်တော့ဘူး။

"နင် ဝတ္ထုတွေဖတ်တာ အရမ်းများနေပြီ။အဲ့ဒါက အကျိုးမရှိဘူး"

"နင် ငါ့ကို ယုံရမယ်။ငါ အခုပြောနေတဲ့ အကြောင်းက တွေ့ဆုံတာရဲ့ အခြေခံပုံစံပဲရှိသေးတာနော်။အဲ့ဒါ ဘာလဲဆိုတော့........အဲ့ဒီဇာတ်ကားမှာလည်း ဒီဇာတ်ဝင်ခန်းပါတယ်လေဟာ.......နင်တို့နှစ်ယောက်ဆုံတွေ့တဲ့နေရာမှာ ရုတ်တရက် အချစ်တွေ ပေါက်ကွဲထွက်လာတာလေ။ငါ့ကို ကြည့်စမ်းပါ။ငါ ချစ်မိသွားတဲ့ အကြိမ်သုံးကြိမ်လုံးက မတော်တဆ ဆုံတာကနေ စတာပဲ။ငါက နင့်ထက်ပိုပြီးတော့ ကျွမ်းကျင်တယ်လို့ မထင်ဘူးလား"

"ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ အချစ်ကလည်း အရမ်းမြန်မြန် ငြိမ်းသွားနိုင်တာပဲလေ"

ချန်းရို့ယွီက တကယ့်ကို စိတ်ရင်းနဲ့ နှစ်သိမ့်လိုက်သည်။

"နင် ချစ်မိသွားတဲ့အကြိမ်တိုင်း ဘာလို့ အကြာကြီး မခံရတာလဲဆိုဝာာ အခု ငါ သိသွားပြီ။ငါ နင့်ရဲ့ သင်ခန်းစာတွေနဲ့အတွေ့အကြုံတွေကနေ သင်ယူပါ့မယ်။ကျေးဇူးပါနော်"

“အိုင်း......အိုင်း....…"

လျန်စီးစီး မပျော်တော့ဘူး။

”ရို့ယွီ ငါ နင့်ကို ကြင်ကြင်နာနာနဲ့ အကြံပေးနေတာနော်။ငါ့ကို နင့်ရဲ့ အဆိပ်‌လျှာနဲ့ မပြောနဲ့ မဟုတ်ရင် နင်လည်း အဆိပ်တွေပြည့်နေတဲ့လျှာရှိတဲ့ ယောကျာ်းမျိုးနဲ့ တွေ့ရလိမ့်မယ်။ဘယ်လို အဖုံးအမျိုးအစားက ဘယ်အိုးနဲ့လိုက်ဖက်လဲဆိုတာ နားလည်ရဲ့လား"

ဒီစကားတွေက တကယ်ကိုစိတ်ထိခိုက်စေတယ်။

ချန်းရို့ယွီက သူမကို အဆက်မပြတ် လက်ဝှေ့ယမ်းပြလိုက်ပြီး

"ငါက အဆိပ်ရှိတဲ့လျှာနဲ့လူမျိုး မဟုတ်ဘူး။ငါက နူးညံ့ပြီး အကျင့်စရိုက်ကောင်းတဲ့ မိန်းကလေး‌။အဲ့တော့ ငါ့လိုမျိုး နူးညံ့ညင်သာပြီး အကျင့်စရိုက်ကောင်းတဲ့ ယောကျာ်းမျိုးကိုပဲ ရှာမှာ"

လျန်စီးစီးက ရို့ယွီ ရဲ့ ပခုံးကို ပုတ်လိုက်ပြီး

"အဲ့ဒါကို သွားလိုက်တော့ရို့ယွီ။ငါတို့တွေ အဲ့ဒါကို သေချာကြိုးစားပြီး နေရာထဲမှာ နည်းလမ်းတွေ ရှိနေသရွေ့ နူးညံ့ပြီးအကျင့်ကောင်းတဲ့ ယောကျာ်းတွေ ရှိနေလိမ့်မယ်။ငါပြောတာ နားထောင်နော် နင် ဘလိုင်းဒိတ် တွေ့တဲ့အချိန်ကျရင် နင်နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ယောကျာ်းကို ဘာမှမခံစားရဘူးဆိုရင် နင်ရဲ့ပတ်ဝန်းကျင်ကို အာရုံစိုက်ထားရမယ်။ငါ ထောင်နဲ့ချီတဲ့ romance ဝတ္ထုတွေကို ဖတ်ဖူးတယ်၊ပြီးတော့ ဒါဇင်နဲ့ချီတဲ့ အချစ်အတွေ့အကြုံအရ နင့်ကို ပြောပြမယ်။အချစ်က မျှော်လင့်ထားသလို မထင်မှတ်ထားတဲ့ အရာတစ်ခုပဲ"

★★★★★★★★★★★★★★★

နှစ်ရက်ကြာပြီးတဲ့‌နောက် ချန်းရို့ယွီ ဘလိုင်းဒိတ်သွားတွေ့သည်။

သူမနဲ့ ဘလိုင်းဒိတ်‌တွေ့တဲ့ ယောကျာ်းက လီကျန့် ဟု ခေါ်သည်။သူ့ကို သူမရဲ့ လုပ်ဖော်ကိုင်ဖက်က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး သူငယ်ချင်းရဲ့သူငယ်ချင်းဖြစ်ကာ ဆက်ဆံရေးအလွှာနှစ်ခု ကွာဝေး၏။ထိုလူက အလှကုန်စီးပွားရေး ကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေတာဖြစ်သည်။လျန်စီးစီး ပြောတာမှန်တယ်။ဘလိုင်းဒိတ်မသွားခင်တုန်းက ချန်းရို့ယွီမှာ မျှော်မှန်းချက်တွေ၊အတွေးတွေနဲ့ စိတ်ကူးယဉ်ထားတာတွေ ရှိတယ်၊ဒါကြောင့် ဒီ‌ယောကျာ်းကို သူမ အမှန်တကယ်ပဲ ဘာမှမခံစားရပေ။သူတို့‌တွေ တွေ့ပြီဆိုမှတော့လည်း အလဟာသဖြစ်သွားတာ မကောင်းပေ။

ဒါကြောင့် ချန်းရို့ယွီက သူ့ကို အာမခံအကြောင်း ပြောပြသည်။ဒီ လီကျန့် ကလည်း လိမ္မာပါးနပ်တဲ့သူဖြစ်ပြီး သူမနဲ့ပူးပေါင်းကာ ချန်းရို့ယွီကို အလှကုန်ပစ္စည်းတွေကို ရောင်းတော့သည်။

ဘလိုင်းဒိတ်က ထုတ်ကုန်ဈေးကွက်ရှာဖွေရေးအစည်းအဝေးတစ်ခု ဖြစ်လာခဲ့သည်။အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးက စိတ်ဝင်စားစရာ အသက်ဝင်တဲ့ စကားဝိုင်းကို ပြောဆိုနေကြပြီး နောက်ဆုံးမှာတော့ သူတို့တွေ စောစော မဆုံခဲ့တာကို နောင်တရနေကြသည်။

"ကျွန်တော် မင်းနဲ့ စောစောတွေ့ခဲ့ရင် ကောင်းမယ်။မင်းရဲ့ကုမ္ပဏီမှာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေ အများကြီးရှိတာ သေချာတယ်။ကျွန်တော်ရဲ့ပစ္စည်းတွေကို ညွှန်းပေးဖို့ ကူညီပေးရမယ်နော်၊ကျွန်တော် နောက်ကျမှ မင်းကို နမူနာပစ္စည်းတွေ လက်ဆောင်ပေးမယ်"

"ဒါဆိုရင် ရှင်လည်း ကျွန်မအတွက် လူရှာပေးပြီးတော့ ကူညီရမယ်နော်။ရှင့်ရဲ့မိတ်‌ဆွေတွေထဲမှာ အာမခံလိုအပ်တဲ့လူရှိရင် သူတို့ကို ကျွန်မနဲ့ သေချာမိတ်ဆက်ပေး"

သူတို့နှစ်ယောက်က တစ်‌ယောက်နဲ့တစ်ယောက် ကတိပေးလိုက်ကြပြီး စိတ်ခံစားချက်ကောင်းနေသည်။ချန်းရို့ယွီက အထူးပျော်ရွှင်နေပြီး ရုတ်တရက် သူမရဲ့ဘေးနားက အသာအယာ ချောင်းဆိုးသံနှင့် ယောကျာ်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်၊

"မင်းနဲ့ဒီနေရာမှာ ဆုံတာ ‌တိုက်ဆိုင်တာပဲ"

အဲ့ဒါ မုန့်ကု ဖြစ်၏။

ချန်းရို့ယွီ၏မျက်နှာ အနည်းငယ် တောင့်တင်းသွားသည်။လျန်စီးစီးရဲ့သီအိုရီက သူမနားထဲ အသံမြည်လာသည်။

ဒါပေမဲ့ ၎င်းက စိတ်မကောင်းစရာပင်။ဒီတွေ့ဆုံမှုက အချစ်တွေ့ဆုံမှုမဟုတ်ဘဲ ရန်သူတစ်ယောက်နှင့် တွေ့ဆုံမှုသာ ဖြစ်သည်။

"ဒိတ်နေတာလား?"

ရန်သူက မေးလိုက်သည်။

ချန်းရို့ယွီက ပြုံးပြလိုက်ပြီး စကားမပြောချေ၊

"အာ.......ဒါက အဲ့လိုပုံမပေါက်ဘူး။ဘလိုင်းဒိတ်လား"

လီကျန့်က ချန်းရို့ယွီကို ကြည့်၍ သူမကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

မုန့်ကု လည်းပဲ ပြုံးလိုက်တယ်။သူက စားပွဲပေါ်မှာချထားတဲ့ အလှကုန် နမူနာပစ္စည်းတွေနဲ့ အာမခံအချက်အလက်တွေကို ကြည့်ပြီးတော့

"မင်း ဒိတ်လုပ်တဲ့ပုံစံက တော်တော်လေး ထူးခြားတာပဲ"

ဒီလူရဲ့စကားပြောတဲ့ပုံစံက ဘာလို့အရမ်းမုန်းစရာကောင်းနေတာလဲ?ချန်းရို့ယွီက သူမ အရင်တုန်းက ဒီလူကို လိုက်ပိုးပန်းခဲ့ဖူးတယ်ဆိုတာ သတိရတော့ နောင်တရမိတယ်။

"ယောကျာ်းလေးတွေက ဘေရှင်းဖို့ သတိရသင့်တယ်"

မုန့်ကုက ချန်းရို့ယွီ၏ အမူအရာကို သတိထားမိပုံမရဘဲ လီကျန့်ရဲ့ပုခုံးကိုပုတ်ကာ သတိပေးလိုက်သည်။သူက လက်ဝှေ့ရမ်းပြပြီးတော့ သူ့ရဲ့ယောကျာ်း‌လေးသူငယ်ချင်းဖြင့် ထွက်သွားသည်။

ပုခုံးအပုတ်ခံလိုက်ရတဲ့ လီကျန့်က ဘာပြောရမှန်းမသိဖြစ်နေပြီး ဘာဖြစ်သွားတာလဲဆိုတာ မဖော်ထုတ်နိုင်ပေ။သူက မတတ်နိုင်ဘဲ မေးလိုက်၏။

"မိန်းကလေးချန်း အဲ့ဒီလူက ဘယ်သူလဲ"

"သူငယ်ချင်းတစ်ယောက်ရဲ့သူငယ်ချင်းပါ၊သူနဲ့ မရင်းနှီးဘူး"

ချန်းရို့ယွီက သူမ ဘလိုင်းဒိတ်တွေ့နေတုန်း သူမရဲ့ပါတနာကို အာမခံရောင်းနေတဲ့အကြောင်း မုန့်ကုသိသွားတာကို ရှက်ရွံ့နေဆဲဖြစ်သည်။အစပိုင်းတော့ သူမက အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှမခံစားရပေမယ့် မုန့်ကု သိသွားပြီးတဲ့နောက် သူမအတွက် အရှက်ရစရာပင်။

"သူ့ကြည့်ရတာ အရည်အချင်းကောင်းတွေ ရှိတဲ့ပုံပဲ"

လီကျန့်က ဘာကြောင့်မှန်းမသိ ထိုစကားပြောနေတဲ့အချိန် သူ့လေသံက အနည်းငယ် ချဉ်နေသည်။

ချန်းရို့ယွီက ခေါင်းညိတ်လိုက်သည်။

"အင်း ရှင်ပြောတာ မှန်တယ်"

သူမက ခဏလောက် စဉ်းစားပြီးတော့ အဲ့ဒီနောက် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ညီးတွားလိုက်သည်။

"အဲ့ဒါ စိတ်ရှုပ်စရာကောင်းတယ်။သူ ချိန်းတွေ့ဖို့သွားရင် အဆင်ပြေတယ်။ဒါပေမဲ့ ဘာလို့ အခြားလူတွေကို နှောင့်ယှက်ရတာလဲ"

ချိန်းတွေ့တာ?လီကျန့်က မုန့်ကုနဲ့ထွက်သွားတဲ့ အမျိုးသားကို သတိရသွားတယ်၊ရုတ်တရက် သူ သဘောပေါက်သွားပြီး

"အား!"ဟု ကျယ်‌လောင်စွာ အော်လိုက်သည်။

"အဲ့တော့ ဒီလိုဖြစ်နေတာကိုး"

အဲ့ဒါဘာလဲ?ချန်းရို့ယွီက သူ့ရဲ့အမူအရာကို ကြည့်၍ လျင်မြန်စွာ သဘောပေါက်သွားတယ်။ဘာတွေဖြစ်နေလဲဆိုတာ သူမ အမှန်တကယ်မသိဘူးလို့ သူမ ကျိန်တယ်။တစ်‌ယောက်‌ယောက်ကို ဒီလိုပုံစံ နှိမ့်ချတာမျိုး သူမ အရင်တုန်းက တကယ် မလုပ်ခဲ့ဖူးဘူး။အမှန်တော့ သူမက ဒီလို အပြုအမူပုံစံမျိုးကို မုန်းတယ်၊ဒါပေမဲ့ အခု သူမကိုယ်တိုင် မကောင်းဆိုးဝါးနဲ့ပေါင်းစည်းသွားပြီး မတတ်နိုင်ဘဲ ထိုအမျိုးသားကို နာကျင်စေခဲ့တယ်။

"သူက မင်းဆီကနေ ရှာတွေ့ခံလိုက်ရပြီ။အမှန်တကယ် ဖြစ်နေတာပဲ"

လီကျန့်က ခေါင်းညိတ်၍ အတင်းအဖျင်းကြားရန် စိတ်အားထက်သန်နေသည်။

"အဲ့ဒါကို မြင်နိုင်တယ်။မြင်နိုင်ပါတယ်"

"ဘာကိုမြင်နိုင်ဝာာလဲ"

ချန်းရို့ယွီရဲ့ဘေးနားက ညှို့ဓာတ်ရှိတဲ့အသံ ထွက်ပေါ်လာပြီး သူမရဲ့ကျောပြင်ကို အေးစက်သွားစေတယ်။

ထပ်ပြီးတော့ သူပဲဟ!!!!

ဒေါက်တာမုန့်ကုက တကယ်ကြီး ပြန်ရောက်လာတယ်။

#################################

All Chapters