← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

ဒွိဟချစ်သံယောဇဉ်:

Chapter 5-ကြုံဆုံခြင်း

တစ်ယောက်က အခြားတစ်ယောက်ကို မကောင်းကြောင်းပြောနေတဲ့အချိန် လူမိသွားရင် ဘယ်လိုတုံ့ပြန်သင့်လဲ?

ချန်းရို့ယွီမှာ အတွေ့အကြုံမရှိပေ။သူမက တောင့်တင်းသွားပြီး သတ္တိရှိစွာ ပြောလိုက်သည်။

"မစ္စတာလီက ဒေါက်တာမုန့်မှာ ပရော်ဖက်ရှင်နယ်အောင်မြင်ပြီးတော့ အလားအလာရှိတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု လုပ်နိုင်တာကို မြင်နေရတယ်ဆိုပြီး ပြောနေတာပါ"

"သူက အမြင်ထက်မြက်တဲ့လူပဲ။ငါ သူ့ကို ချစ်မိသွားပြီ"

မုန့်ကုက လီကျန်းရဲ့ဘေးနားကိုသွားကာ ထိုင်လိုက်သည်။ချန်းရို့ယွီက အမှန်တကယ်ကို သူမနဖူးကို ပွတ်လိုက်ချင်တယ်*

(အကူအညီမဲ့မှုနဲ့စိတ်ပျက်မှုကို ဖော်ပြခြင်း)

လက်စားချေခြင်း.........သူ ဒီနေရာမှာ သေချာပေါက် လက်စားချေဖို့ ရှိနေတာ!

"ငါ့ သူငယ်ချင်းက ထွက်သွားတော့ အထီးကျန်နေရတယ်"

မုန့်ကုက လီကျန့်ကို ပြုံးပြလိုက်သည်။သူ့အပြုံးက လီကျန့်ရဲ့စိတ်ထဲက ကြောက်ရွံ့မှုကို တိုးမြှင့်သွားစေသည်။

သူ(မုန့်ကု)က သူ(လီကျန့်)နဲ့ တစ်ခုခု စတင်ချင်တယ်လို့ ဆိုလိုတာလား?ဒါပေမဲ့ သူက ဒါကို မကြိုက်ပါဘူး!

လီကျန့်က ချန်းရို့ယွီကို စိုက်ကြည့်၍ သူမကို အကူအညီ လှမ်းတောင်းလိုက်သည်။

ဒါပေမဲ့ ချန်းရို့ယွီကလည်း အပြစ်ရှိသူဖြစ်တာကြောင့် လေတောင်မလည်ရဲပေ။

မုန့်ကုက လီကျန့်ကို စိုက်ကြည့်၍ ပြုံးပြလိုက်သည်။သူ့လက်တွေဖြင့် လီကျန့်၏ပေါင်ကို ပွတ်သပ်လိုက်ပြီး

"ငါ မစ္စတာလီကို ဘယ်လိုခေါ်ရမလဲ"

"လီ.....လီကျန့် ပါ"

"အားကျန့်......အာ......"

မုချန်းက သူ့နောက်ဆုံးစကားကို ဆွဲပြောသွားပြီး ချန်းရို့ယွီရဲ့နှလုံးသားကို တုန်လှုပ်သွားစေသည်။သူက သူ့ကို "အားကျန့်"လို့ ခေါ်တယ်ပေါ့လေ။သူ အဲ့လောက် ဈေးပေါဖို့ လိုလို့လား?

(လီကျန့်-"ကျန့်" ဆိုတဲ့ စကားလုံးက ကျန်းမာတယ်လို့ အဓိပ္ပာယ်ရပြီး "ဈေးပေါတယ်"ဆိုတဲ့ စကားလုံးနဲ့ အသံထွက်တူပါတယ်။ရေးပုံကတော့ မတူပါဘူး။ကွဲပြားတဲ့တရုတ်စာလုံးနှစ်ခုပါ)

"အားကျန့်.....အာ,ယောကျာ်း‌လေးတွေကြားက အချစ်ရေးကို မင်း ဘယ်လိုမြင်လဲ?"

လီကျန့်တစ်ကိုယ်လုံး ကြက်သီးထသွားပြီး ပြန်ဖြေဖို့ကို ဂရုမစိုက်နိုင်ပေ။သူ့ခြေထောက်တွေကို မုန့်ကုဆီကနေ အမြန်ဖယ်ထုတ်လိုက်သည်။မုန့်ကုက သူ့ရှေ့ကို မတိုးသွားပေ။အဲ့ဒီအစား သူ့လက်တွေကို လီကျန့်ရဲ့ပုခုံးပေါ် ညင်သာစွာ တင်လိုက်ပြီး

"မင်း ရှက်နေဖို့ မလိုပါဘူး။ဆရာဝန်တွေ‌အနေနဲ့ ငါတို့ အများကြီး မြင်ဖူးပြီးတော့ ငါတို့က အရမ်း သဘောထားကြီးပါတယ်"

ချန်းရို့ယွီက ၎င်းကို အမှန်တကယ်ပဲ ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။

"‌ဒေါက်တာမုန့်......"

သူမ ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာပဲ သူက သူမကို စိုက်ကြည့်လိုက်သည်။သူမ လျင်မြန်စွာပဲ တုန်လှုပ်သွားပြီး ပါးစပ်ပိတ်သွားသည်။

"အားကျန့် အဲ့ဒါက မင်းမှာ အတွေ့အကြုံနည်းနည်းလေးပဲရှိလို့ မင်းရဲ့ သိချင်စိတ်က ကြီးမားနေတာလား"

ဒီစကားတွေက ဘာအဓိပ္ပာယ်လဲ?လီကျန့်က ပြင်းပြင်းထန်ထန် ခေါင်းရမ်းလိုက်တယ်။သူ လုံးဝ မသိချင်ပါဘူးနော်၊ဒီလိုအတွေ့အကြုံမျိုးကို သူ မလိုအပ်ဘူး။

"မင်းက မသိချင်ဘူးဆိုမှတော့ အဲ့ဒါက မင်းရဲ့ အကျင့်စာရိတ္တမကောင်းတာပဲဖြစ်ရမယ်။မဟုတ်ရင် မင်းက ဘယ်လိုလုပ် မစဉ်းစားဘဲ ထုတ်ပြောနိုင်မှာလဲ?မဆင်မခြင် ခန့်မှန်းချက်တွေ လုပ်တယ်၊အခြားလူရဲ့အကျင့်စာရိတ္တကို ဆေးဆိုးပြီး မဟုတ်မမှန် ကောလဟာလတွေ စတင်တယ်။တခြားလူတွေရဲ့ လိင်စိတ်တိမ်းညွှတ်မှု၊ သူတို့ ဘယ်သူနဲ့ရှိပြီး သူတို့ဘာလုပ်လဲဆိုတာ......အဲ့ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ?အကယ်၍ မင်း လစ်ဟာနေတယ်လို့ခံစားရရင်၊ပျင်းနေရင်၊အထီးကျန်နေရင် ပြီးတော့ နေမထိထိုင်မထိ ဖြစ်နေတယ်ဆိုရင် အပြင်ထွက်ပြီး သူစိမ်းတွေကို ညစ်ညမ်းတဲ့အတွေးတွေ တွေးနေမယ့်အစား မင်းအိမ်ထဲမှာ ပုန်းနေပြီးတော့ romance ဒါမှမဟုတ် အက်ရှင် ဇာတ်ကားတွေ ကြည့်ရင်း အချိန်ဖြုန်းသင့်တယ်။မင်း အပြင်ထွက်လာရင်တောင်မှ တစ်ယောက်‌ယောက်ကို မတိုက်ခိုက်ခင် မင်းကိုယ်မင်း အရင်ဆုံး အိမ်က မှန်ထဲမှာ တစ်ချက် ပြန်ကြည့်သင့်တယ်။လူတွေနဲ့ မတွေ့ခင် မင်းကိုယ်မင်း သေချာ ပြင်ဆင်ရမယ်‌လေ။မင်းရဲ့ဝတ်စုံနဲ့ မင်းဆံပင်ပေါ်က ဆီတွေကို ကြည့်စမ်းပါဦး။အဲ့ဒါက အရမ်း အမြင်ဆိုးတယ်။အသက်လေးဆယ်ဝန်းကျင် ယောကျာ်းတစ်ယောက်ရဲ့မျက်နှာနဲ့ ဝက်ခြံပေါက်လုနီးပါးဖြစ်နေတာ ပြောမနေနဲ့တော့။ဒီလိုပုံစံမျိုးနဲ့ ဘလိုင်းဒိတ်လာတွေ့တာက မင်းက ဒီလူမှုအသိုင်းအဝိုင်းကို နှိမ့်ချနေတယ်လို့ မထင်ဘူးလား?"

ထိုရှည်လျားတဲ့ မိန့်ခွန်းကြီးကို ပြင်ဆင်ထားခြင်း ဒါမှမဟုတ် လေးနက်စွာ စဉ်းစားခြင်းမရှိဘဲ တစ်ပြိုင်နက်တည်း ပြောလာခဲ့သည်။သူ့လေသံက အစပိုင်းတုန်းက သူ ထိုင်တဲ့အချိန်မှာ အသုံးပြုခဲ့တဲ့ လေသံကနေ ၁၈၀ဒီဂရီ လှည့်ပြောင်းသွားပြီး လီကျန့်ကို အံ့အားသင့်သွားစေခဲ့သည်။

ချန်းရို့ယွီက ရှက်ရွံ့သွားပြီး သူ့စကားတွေက သူမမျက်နှာကို ရိုက်လိုက်သလို ခံစားရသည်။

ဒါပေမဲ့ အနာကျင်ရဆုံးလူကတော့ လီကျန့် ဖြစ်နေဆဲပင်။

"မင်း.......မင်း......."

အချိန်တော်ကြာတဲ့အထိ သူ ဘာစကားမှ ထုတ်မပြောနိုင်ခဲ့ပေ။ချန်းရို့ယွီ၏ရှေ့တွင် ဒီအရှက်ကွဲမှုကြောင့် ဒေါသတကြီး ပျံသန်းမသွားနိုင်ပေ*( ပြေးထွက်သွားတာကို တင်စားပြောခြင်း)။အရေးကြီးဆုံးအချက်က ဒေါသထွက်ပြီးတဲ့နောက် သူက ဒေါက်တာမုန့်ရဲ့ ထိုက်တန်တဲ့ ပြိုင်ဖက်ဖြစ်လိမ့်မယ်လို့ ယုံကြည်ချက်မရှိတော့ချေ။ဒေါက်တာမုန့်က တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိနေတာ မြင်ရတော့ သူ ဖိနှိပ်ခံနေရတယ်ဆိုတာ သူ သိလိုက်၏။

"အားကျန့်.......ငါမှားတယ်လို့ မင်း ထင်လား?ငါ ဘယ်နေရာမှာ မှားတာလဲ?မင်းမှာ ထင်မြင်ချက်တွေ ရှိတယ်ဆိုရင် ထုတ်ပြောလို့ရတယ်။ငါတို့ ဒါကို ဆွေးနွေးကြတာပေါ့။ငါတို့ ပိုပြီး လေးနက်သွားရင်တောင် အဆင်ပြေပါတယ်။ငါ စိတ်ထဲမထားပါဘူး"

ထိုနတ်ဆိုးက သူ့ရဲ့ပေါင်ကို နောက်တစ်ကြိမ် စတင် ထိတွေ့နေပြန်သည်။

ရုတ်တရက် မစ္စတာလီကျန့်က ထခုန်လိုက်ပြီး ဘာလုပ်ရိုးလုပ်စဉ်မှ မရှိဘဲ အမြန်ထွက်သွားသည်။သူ့မှာ ချန်းရို့ယွီကို နှုတ်ဆက်စကားပြောဖို့တောင် အချိန်မရခဲ့ချေ။

ချန်းရို့ယွီက သူ ထွက်သွားတာကို မှင်သက်စွာ ကြည့်နေပြီးတော့ ဘယ်လို တုံ့ပြန်မှုမျိုး ပေးသင့်လဲဆိုတာ မသိပေ။

လီကျန့် ထွက်သွားပြီးတဲ့နောက် မုန့်ကုက လှည့်လာ၍ ချန်းရို့ယွီနှင့် မျက်နှာချင်းဆိုင်သည်။သူမရဲ့ကျောပြင်တစ်ခုလုံး တောင့်တင်းသွားပြီး သူက နောက်ထပ် သူမကို ကိုင်တွယ်တော့မယ်ဆိုတာ သိနေသည်။

"ဒီ ပိတ်ရက်ကျရင် ရင်းဇယ်က ညစာစားပွဲတစ်ခု လုပ်မယ်ဆိုတာ မင်းကို ပြောပြဖို့ ငါ ပြန်လာခဲ့တာ။သူငယ်ချင်းအချို့ စုဝေးပွဲပေါ့။အစကတော့ ငါက မင်းကို ဖိတ်ချင်ခဲ့တာ။ဒါပေမဲ့ မင်းက ကောလဟာလတွေ လုပ်ကြံပြောဆိုပြီး မင်းသူငယ်ချင်းတွေအကြောင်းကို သူတို့နောက်ကွယ်မှာ မကောင်းပြောတဲ့ လူမျိုးဆိုတော့ မင်း မတက်တာ အကောင်းဆုံးပဲလို့ ငါ ထင်တယ်"

သူမက မှင်သက်စွာ စိုက်ကြည့်နေခဲ့ပြီး သူမရဲ့မျက်နှာတစ်ခုလုံး ပူလောင်နေသည်။

"ကောင်းယွီလန်လည်းပဲ မင်းကို ဖိတ်ဖို့ ခေါ်လိမ့်မယ်။မင်း ငြင်းပယ်မယ်လို့ မျှော်လင့်ပါတယ်။သူ(မ)ကို ငြင်းဖို့ အကြောင်းပြချက်တစ်ခု စဉ်းစားထားပြီး လူတိုင်းအပေါ် မကောင်း မမြင်စေနဲ့၊မင်း ဘာပြောဦးမလဲ?"

မုန့်ကုရဲ့စကားတွေထဲမှာ လေသံအတက်အကျ မရှိပေမယ့် ချန်းရို့ယွီအတွက်တော့ သူ့စကားတွေက ပြင်းထန်သည်။

သူ စိတ်တိုနေတယ်ဆိုတာ သူမသိတယ်။

မုန့်ကုက စကားပြောပြီးတဲ့နောက် ထွက်သွားသည်။

ချန်းရို့ယွီက တစ်နေရာတည်းမှာ ထိုင်နေခဲ့ပြီး အလွန်အမင်း ရှက်ရွံ့မှု ခံစားနေရသည်။

သူမက ဒီလိုလူမျိုး မဟုတ်ပေမယ့် ဘာလို့ ဒီလိုစကားမျိုးတွေကို ပြောခဲ့မိတာလဲ?ပြီးတော့ သူမက သူ့ဆီကနေ လက်ပူးလက်ကြပ် ဖမ်းမိခံရတာကြောင့် မငြင်းနိုင်ဖြစ်ရတယ်။သူ့ရဲ့စိတ်ထဲမှာ သူမက ကောလဟာလတွေကို အတင်းအဖျင်း စတင်ပြောဆိုပြီး ပြဿနာတွေ ဖန်တီးတဲ့ လူတစ်ယောက် ဖြစ်သွားပြီ။သူမ အရမ်း စိတ်မချမ်းမသာ ဖြစ်နေပြီနော်!

ချန်းရို့ယွီက ထိုနေရာမှာ အချိန်အကြာကြီး စိတ်ပျံ့လွင်စွာ ထိုင်နေခဲ့ပြီး အဲ့ဒီနောက် ဘေရှင်းကာ လှည့်လည်သွားလာနေတဲ့ ဝိညာဉ်တစ်ခုကဲ့သို့ ထွက်လာခဲ့သည်။သူမက လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့သည်။သူမက တက္ကစီတားတာ ဒါမှမဟုတ် ဘတ်စ်ကားစီးတာ မလုပ်ခဲ့ပေ။သူမရဲ့ အတွေးထဲမှာ အလွန်နစ်မြှုပ်နေပြီး သူမ ဘယ်နေရာကို လျှောက်နေမိမှန်းလည်း မသိချေ။သူမရဲ့ ပင်ပန်းနေတဲ့ခြေထောက်တွေ အနည်းငယ် နာကျင်လာပြီး အဲ့ဒီနောက် သူမရဲ့မျက်နှာပေါ်ကို ရေစက်အချို့ ကျလာခဲ့သည်။သူမက ခေါင်းမော့ကာ မော့ကြည့်လိုက်ပြီး မိုးရွာနေတယ်ဆိုတာ တွေ့လိုက်ရသည်။

သူမ သက်ပြင်းချလိုက်တယ်။သူမက ကံမကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ။သူမက အနီးအနားက ဘတ်စ်ကားမှတ်တိုင်တစ်ခု ရှာပြီးတော့ အိမ်ကို ဘယ်လိုပြန်ရမလဲဆိုတာ စဉ်းစားနေတုန်းမှာပဲ မိုးက ရုတ်တရက် ရွာချလာခဲ့သည်။သူမရဲ့လက်တွေကိုမြှောက်ကာ ခေါင်းကို ကာ၍ စတိုးဆိုင်တံခါးဝဆီကို အမြန်ပြေးသွားသည်။သူမ တံစက်မြိတ်ကို ရောက်တဲ့အချိန်မှာပဲ စတိုးဆိုင်တံခါး ပွင့်လာပြီး ယောကျာ်းတစ်ယောက်က ကြီးမားတဲ့ဈေးဝယ်အိတ်တစ်လုံး ကိုင်ကာ ထွက်လာတာကို မြင်လိုက်ရသည်။သူက ဖုန်းပြောရင်း တံခါးကို တွန်းဖွင့်လိုက်သည်။

"ငါ ဝယ်ခဲ့ပြီ၊ ငါ ဝယ်ခဲ့ပြီလို့။မင်း လိုချင်တဲ့ ပစ္စည်းတွေအားလုံး၊ပြည်ကြီးငါး၊အမဲသား၊အာလူးကြော်၊ဘီယာ၊ပဲခြောက်......ဘာလဲ?မင်းက spicy စွပ်ပြုတ်လည်း လိုချင်သေးတာလား?သောက်ကျိုးနည်း?မာကျောက်ကစားနေရင်း မင်းမှာ တောင်းဆိုချက်တွေ အများကြီး ရှိနေသေးတယ်၊အခု မိုးရွာနေတယ်ဆိုတာ သိရဲ့လား?အဲ့မှာရှိတာ ဘာပဲဖြစ်ဖြစ် စားလိုက်။ဇီဇာကြောင်မနေနဲ့။မင်း အလကား........"

ထို‌ယောကျာ်းက စကားပြောနေရင်း ခေါင်းလှည့်လိုက်တဲ့အခါ ချန်းရို့ယွီ၏ မျက်ဝန်းများနှင့် ဆုံသွားသည်၊

အရမ်းကောင်းတယ်!ထပ်ပြီးတော့ သူပဲ ဖြစ်ပြန်ပြီ!

ဒေါက်..တာ....မုန့်.....ကု

ဘဝမှာ အမှတ်မထင် တွေ့ဆုံမှုတွေ အမြဲတမ်း ရှိနေပြီးတော့ တစ်ယောက်‌ယောက်ကို တွေ့ရတာ ကောင်းပါတယ် ဒါပေမဲ့ အဲ့ဒါက ဘာလို့ သူ ဖြစ်နေရတာလဲ?

ချန်းရို့ယွီက သူမရဲ့ စိတ်ထဲ စိတ်ပျက်သွားတယ်။သူမ တွေ့ပြီးသားလူတစ်ယောက်နဲ့ ဘာလို့ ဆုံတွေ့နေရတာလဲလို့?သူသာ မဟုတ်ဘူးဆိုရင် အဲ့ဒါက အရမ်းကောင်းမှာပဲ။

သူမရဲ့ ဦးနှောက်က ရှုပ်ထွေးနေပြီး မုန့်ကုရဲ့ အံ့ဩတဲ့အကြည့်အောက်တွင် သူမက လှည့်သွားကာ မိုးရေထဲကို အမြန်ပြေးထွက်သွားသည်။အရှက်ကွဲမှာထက် မိုးရေအစိုခံလိုက်တာ ပိုကောင်းတယ်။

သူမက သူ့နောက်ကို လိုက်နေတယ်လို့တော့ သူ မထင်လောက်ပါဘူးနော် ဟုတ်တယ်မလား?

သူမက သူ့ကို မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ မတွေးလောက်ပါဘူးနော် ဟုတ်တယ်မလား?

သူမက သူ့ကို ဂရုစိုက်နေတုန်းပဲလို့ မထင်လောက်ပါဘူးနော်?

ချန်းရို့ယွီက မိုးသည်းထန်စွာ ရွာသွန်းတဲ့အထဲကို ပြေးသွားခဲ့ပြီး အဲ့ဒီနောက်မှာပဲ ဘတ်စ်ကားတစ်စီး ရောက်လာခဲ့သည်။သူမက ဘတ်စ်ကား ဘယ်နေရာကို သွားမှာလဲဆိုတာ ဂရုစိုက်မနေဘဲ တံခါးပွင့်တာနဲ့ ပြေးတက်သွားသည်။အဆုံးတွင် သူမက ဘတ်စ်ကား၏နောက်ဆုံးခုံတန်းတွင် ရှက်ရွံ့စွာ ထိုင်လိုက်သည်။

သူမ ထိုင်ပြီးတဲ့နောက် မုန့်ကုရဲ့ပုံရိပ်ကို အလိုလိုလှည့်၍ ရှာဖွေကြည့်မိသည်။သူက လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးထဲသို့ ဝင်သွားသည်။ထိုကားက သူပိုင်တယ်ဆိုတာ သူမ မှတ်မိသည်။

သူမက ပြန်လှည့်ပြီးတော့ ထိုင်ခုံကို မှီကာ သက်ပြင်းချလိုက်သည်၊သူမတို့နှစ်‌ယောက်......သူမကတော့ အများသုံးဘတ်စ်ကား စီးနေပြီး သူကတော့ ကိုယ်ပိုင်ကား မောင်းနှင်နေကာ သူမတို့နှစ်ယောက်က မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေဖြစ်တယ်ဆိုတဲ့အချက်ကို အတည်ပြုပေးလိုက်သည်။

ခဏနေပါဦး......အရေးကြီးဆုံးအချက်က သူမ အခု ဘယ်လို အရှုပ်အယှက်ဖြစ်နေလဲဆိုတာ မဟုတ်ဘူး။အရေးကြီးဆုံးအချက်က သူက သူမရဲ့နောက်ကွယ်မှာ သူမကို မကောင်းပြောခဲ့တဲ့ ဗီလိန်ပဲ။ဒါပေမဲ့ အခု သူမက တကယ်ကြီး သူ့စိတ်ထဲမှာ ဗီလိန်တစ်ယောက် ဖြစ်သွားပြီ။ဒါက အမှန်တကယ်ကို ကမ္ဘာနှစ်ခုပဲ။

သူတို့က တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်သေးကြပြီး နောက်ထပ် အပြန်အလှန်ဆက်သွယ်တာမျိုး ရှိမှာမဟုတ်တော့ချေ။

ဒါက ရလဒ်ပင်။

ချန်းရို့ယွီက ကံဆိုးစွာဖြင့် ဘတ်စ်ကား မှားစီးမိကာ မိုးရွာကြီးထဲ အိမ်မပြန်ခင် ဘတ်စ်ကားသုံးစီး ပြောင်းစီးခဲ့ရသည်။

လျန်းစီးစီးက သူမကို အိမ်ထဲမှာ စောင့်နေပြီး သူမဘလိုင်းဒိတ်ရဲ့ ရလဒ်ကို သိရဖို့ အလွန်စိတ်လှုပ်ရှားနေသည်။

"ဘယ်လိုနေလဲ?နင့်ရဲ့ ဘလိုင်းဒိတ်ပါတနာက နင့်အကြိုက်မဟုတ်ဘူးဆိုတာ မှန်တယ်မလား"

သူမ ခေါင်းညိတ်ပြလိုက်တယ်။

"နင့်ကို စိတ်လှုပ်ရှားပြီး နှလုံးခုန်မြန်စေတဲ့ လူတစ်‌ယောက်ကိုရော မတော်တဆ ဆုံခဲ့သေးလား"

သူမ ထပ်၍ ခေါင်းညိတ်ပြလိုက်တယ်။အဲ့ဒါက ဘယ်လိုလုပ် စိတ်လှုပ်ရှားလို့ ခုန်တာ ဖြစ်ရမှာလဲ?အဲ့ဒါက သေတော့မတတ် ခုန်နေတာလေ!

"ဝိုး! ငါပြောသလိုပဲ အဲ့ဒါက အရမ်း မှန်ပါတယ်လို့။အဲ့နောက်ရော အဲ့ဒီနောက် မိုးလည်းရွာနေတယ်။ရင်ခုန်စရာကောင်းတာ‌လေးဘာလေး ဖြစ်ခဲ့သေးလား"

ချန်းရို့ယွီက သူမရဲ့ခေါင်းကို လှည့်လိုက်ပြီး သူမရဲ့ဆံပင်ရှည်က ရေတွေစက်လက်ကျနေသည်၊သူမက တိတ်ဆိတ်စွာ ပြောလိုက်သည်။

"စီးစီး....အာ.....ဒီတွေ့ဆုံတာက ကောင်းတယ်ဆိုရင် အဲ့ဒါကို ရင်ခုန်စရာကောင်းတယ်လို့ ပြောလို့ရတယ် ဒါပေမဲ့ အဲ့ဒါက မကောင်းဘူးဆိုရင်တော့ အိပ်မက်ဆိုးလို့ ပြောရမယ်"

ဒီအိပ်မက်ဆိုးက သူမရဲ့ကျန်းမာရေးအတွက် အရမ်းထိခိုက်စေတယ်။သူမက ရေချိုးပြီးတဲ့နောက် အိပ်ရာဝင်၍ အိပ်မက်ကို ပြောင်းလဲရန် လုပ်ခဲ့သည်၊

ပြီးနောက် သူမ တကယ်ကြီး အိပ်မက်မက်ခဲ့တယ်။

သူမရဲ့အိပ်မက်ထဲမှာ မုန့်ကုက စမတ်ကျတဲ့ အဖြူရောက်ကုတ်အင်္ကျီ ဝတ်ထားပြီး သူမကို နူးညံ့စွာ ပြောလိုက်တယ်။

"ကိုယ် တောင်းပန်ပါတယ်၊ကိုယ့်ရဲ့ သူနာပြုတွေကို မင်းက မကောင်းဘူးဆိုပြီး မပြောခဲ့သင့်ဘူး။အဲ့ဒါတွေအကုန်လုံး ကိုယ့်ရဲ့ မကောင်းတဲ့ပါးစပ်‌ကြောင့်ပါ၊မင်း ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်လွှတ်ပေးပါနော်"

အား.......ဒါ အံ့ဩစရာပဲ!သူ သူမကို တကယ်ကြီး တောင်းပန်တယ်!

ပိုပြီးတော့ အံ့ဩဖို့ကောင်းတာက သူမ အရှက်မရှိ ပြန်ဖြေခဲ့တာပဲ။

"ကိစ္စမရှိပါဘူး။ကျွန်မ အဲ့ဒါကို စိတ်ထဲမထားပါဘူး"

မဟုတ်ဘူး....မဟုတ်ဘူး.....မဟုတ်ဘူး.....သူမ စိတ်ထဲမထားဘူးလို့ ဘယ်သူပြောလဲ?သိသိသာသာပဲ သူမ အရမ်းဂရုစိုက်ပြီး အရမ်းလည်း နာကျင်ရတယ်။

ဒါပေမဲ့ မုန့်ကုက သူမရဲ့စိတ်ထဲက အော်ဟစ်နေတာကို မကြားဘဲ ဆက်လက်ပြီးတော့ ညင်သာစွာ ပြောနေခဲ့သည်။

"မင်း စိတ်ထဲမထားဘူးဆိုမှတော့ ကိုယ့်ကို တစ်ခုခု ပြောသင့်တယ် မဟုတ်ဘူးလား"

သူမ ဘာပြောသင့်လဲ?သူမ မျက်တောင်ခတ်ပြီးတော့ ရှက်သွေးဖြာသွားတယ်။မကြာခင်မှာပဲ သူမ သူ့ကို ကြိုက်တယ်ဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောစေချင်တာလား?

ခဏနေကြပါဦး.......သူမက သူ့ကို ကြိုက်လို့လား?

သူက တကယ်ကြီး သူမရဲ့ ဖွင့်ဟဝန်ခံချက်ကို စောင့်နေတာလား?

ဖွင့်ဟဝန်ခံချက်? ဘာ ဖွင့်ဟဝန်ခံချက်လဲ? သိသိသာသာပဲ သူမတို့နှစ်ယောက်က အတူတူတောင် မရှိနေဘူးလေ။

သူမက မဆီမဆိုင်သောအတွေးများဖြင့် အိပ်မက်ထဲမှာ ရုန်းကန်နေခဲ့ရသည်။ရုတ်တရက် မုန့်ကုရဲ့မျက်နှာက ရက်စက်ကြမ်းကြုတ်လာပြီး စတင် အော်ဟစ်တော့တယ်

"ငါက မင်းကို မှန်တဲ့စကားအနည်းငယ်ပဲ ပြောပြီး ငါတောင်းပန်ပြီးသွားပြီ။မင်းက အခြား ညစ်ပတ်တဲ့ ယောကျာ်းတစ်ယောက်နဲ့ အတူတူ ငါ့ကို အသရေဖျက်ပြီးတော့ အခြောက်ဆိုပြီး စွပ်စွဲခဲ့တယ်။မင်း ငါ့ကို အကြိမ်တစ်ရာလောက် သေချာတောင်းပန်သင့်တယ်လို့ မထင်ဘူးလား?ငါ ယောကျာ်းတွေကို ချစ်တယ်ဆိုတာ မင်း ဘယ်အချိန်ကသိလဲ?ငါထားခဲ့တဲ့ ကောင်မလေး အရေအတွက်က ဆေးရုံတံခါးရှေ့ကနေ မင်း

အိမ်တံခါးရှေ့အထိ စီတန်းပြီး ထားလို့ရတယ်၊မင်း သူတို့ကို အင်တာဗျူးပြီး ငါက အမှန်တကယ်ပဲ ယောကျာ်းချင်းသဘောကျတာလားဆိုတာ မေးကြည့်ချင်သေးလား?မင်း ငါ့ကို တောင်းပန်တာ ပိုကောင်းမယ် မဟုတ်ရင် ဒါက လုံးဝ အဆုံးမသတ်ဘူး!"

ရုတ်တရက် ချန်းရို့ယွီ မျက်လုံးပွင့်ပြီး နိုးလာခဲ့တယ်။

ချီးပဲ!!!ဒါက တကယ့်ကို အိပ်မက်ဆိုးကြီးဟ!!

################################

All Chapters