← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

ဒွိဟချစ်သံယောဇဉ်:

Chapter 6-ချန်းရို့ယွီ

နေ့ဘက်က အတွေးတွေက ညဘက်မှာ အိပ်မက်ဖြစ်လာတယ်*

(အဓိပ္ပာယ်က နေ့ခင်းဘက်မှာ ကိစ္စတစ်ခုကို တွေးတာများသွားရင် ညကျ အဲ့ဒီကိစ္စကိုပဲ အိပ်မက်အဖြစ်မက်တယ်လို့ ဆိုလိုတာပါ)

ချန်းရို့ယွီက ဒီကိစ္စကို အလေးအနက်ထားပြီး အကျဉ်းချုံးလိုက်တယ်။သူမက မုန့်ကုကို မကောင်းပြောမိတာအတွက် အရမ်းအားတုံ့အားနာ ဖြစ်နေတာကြောင့် ဒီလိုအိပ်မက်မျိုးကို မက်တာပဲ ဖြစ်ရမယ်။ဒါပေမဲ့ အိပ်ရာနိုးလာပြီးတဲ့နောက် သူမက အဲ့ဒီအကြောင်းကို ဘာလို့ တွေးနေမိတာလဲ?

မုန့်ကု ပြောလိုက်တဲ့ အဲ့ဒီစကားလေ

'ငါထားခဲ့တဲ့ ကောင်မလေး အရေအတွက်က ဆေးရုံတံခါးရှေ့ကနေ မင်း အိမ်တံခါးရှေ့အထိ စီတန်းပြီး ထားလို့ရတယ်၊''

သူ့မှာ တကယ်ပဲ ရည်းစားတွေအများကြီး ရှိခဲ့တာလား?

ချန်းရို့ယွီက သူ သူမနောက်ကွယ်မှာ မကောင်းပြောတာကို အထင်သေးပေမယ့်လည်း သူမက မတတ်နိုင်ဘဲ ထိုအကြောင်းကို ထပ်ခါတလဲလဲ တွေးနေမိသည်။ဒီအချိန်မှာ သူမ သဘောပေါက်သွားတာက သူမက ဟိုးအရင်ကတည်းက မုန့်ကုကို ပစ်မှတ်အနေနဲ့ထားခဲ့ပေမယ့် သူ့ကို ပိုးပန်းတဲ့အချိန်ကစလို့ လက်လျှော့ခဲ့တဲ့ အချိန်အထိ အဲ့ဒါတွေအားလုံး ဖြတ်ကျော်ပြီးတာတောင် သူမ ဒီယောကျာ်းကို နားမလည်သေးဘူး ဆိုတာပဲ။

မုန့်ကုက ဘယ်လို လူမျိုးလဲ?

ရိုင်းစိုင်းတဲ့ပါးစပ်၊ အရေထူတယ်.......ဒါပေါ့ သူ့ သူငယ်ချင်းတစ်အုပ်စုလုံးလည်း အဲ့ဒါကို သိတယ်။

ဒါပေမဲ့ သူ ဆေးရုံမှာ ရှိတဲ့အချိန်ဆိုရင် သူ့ရဲ့သူနာပြုတွေနဲ့လူနာတွေကို ပြတဲ့ မျက်နှာက နောက်ထပ် မတူညီတဲ့ မျက်နှာတစ်ခုပင်။အနည်းဆုံးတော့ သူမ မြင်ရသလောက်ဆိုရင် အဲ့ဒီလူက ဂျူတီကုတ်အဖြူရောင် ဝတ်ပြီးတာနဲ့ လူသားဆန်တဲ့ လူတစ်ယောက်ပုံစံ ဖြစ်သွားသည်။သူ့ရဲ့စကားပြောတဲ့ပုံစံက သက်သောင့်သက်သာဖြစ်စေပြီးတော့ ရယ်မောဖွယ်ကောင်းတာကြောင့် လူတွေကို နွေဦးလေ တိုက်ခတ်ခံရသလို ခံစားရစေသည်။သူ့ရဲ့ဆေးပညာအရည်အချင်းက ကောင်းမွန်ပုံရတာကြောင့် သူနဲ့ ဆွေးနွေးကုသဖို့ စာရင်းသွင်းထားတဲ့ လူနာအရေအတွက်က အတော်လေး မြင့်မားသည်။အတွင်းလူနာဌာနတွင် သူက အတော်လေး ကျော်ကြားတဲ့လူတစ်ယောက်လည်း ဖြစ်သည်။

ဒါကလွဲပြီးတော့ သူမ သူ့အကြောင်း တခြား ဘာသိသေးလို့လဲ?သူမ တမင်တကာမေးလိုက်လို့ ရည်းစားမရှိဘူးဆိုတာ သိရတာကလွဲပြီး တကယ်ပဲ သူ့အကြောင်းကို ဘာမှမသိဘူး။သူ့မိသားစုအ‌ခြေအနေ၊သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံ၊သူ့ရဲ့အကြိုက်တွေ စသဖြင့် သူမ ဘာမှကို လုံးဝ မသိဘူး။

မိန်းမ......အာ.........သူမတစ်ယောက်တည်းကပဲ ဒီလိုမျိုး မျက်ကန်းပုံစံနဲ့ မလုံလောက်တဲ့ မယုံကြည်ရတဲ့ စိတ်နေစိတ်ထားနဲ့ ယောကျာ်းတစ်ယောက်ကို အရူးလိုမျိုး ပိုးပန်းခဲ့တာပဲ။သူ့အကြောင်း နည်းနည်းလေးတောင် မသိဘဲနဲ့လေ။ရလဒ်အနေနဲ့ သူမက သူမအတွက် ပြဿနာတွေ အစုလိုက်အပြုံလိုက် ဖန်တီးမိခဲ့တယ်။

သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေအားလုံးကို အကျဉ်းချုံးလိုက်မယ်ဆိုရင် အဲ့ဒါက ဒီလို ရူးမိုက်တဲ့အပြုအမူတွေ လုံးဝ ထပ်လုပ်လို့မဖြစ်ဘူးဆိုပြီး သတိပေးချက်တစ်ခုပဲ။

ထပ်ပေါင်းပြောရရင် စိတ်တည်ငြိမ်အေးချမ်းဖို့အတွက် သူနဲ့သူမကြားက ကိစ္စကို ရှင်းမှရမယ်။

ထို့ကြောင့် သောကြာနေ့ညတွင် ချန်းရို့ယွီက သူမရဲ့ နှိုးစက်နာရီကို မနက်(၄)နာရီ သတ်မှတ်ထားလိုက်ပြီး နောက်တစ်နေ့မနက်တွင် အိပ်ရာထဲကနေ ကုန်းထကာ မုန့်ကုကို ဖုန်းခေါ်လိုက်သည်။ဖုန်းခေါ်နေတဲ့ "တူ....တူ...." အသံကို နားထောင်နေရင်း သူမရဲ့ နှလုံးသားကလည်း စိတ်လှုပ်ရှားစွာ ခုန်‌ပေါက်နေသည်။

အချိန်တော်ကြာ စောင့်ပြီးတဲ့နောက် အခြားတစ်ဖက်ကနေ ဖုန်းကိုင်လာခဲ့ပြီး

"ချန်းရို့ယွီ အခုက ဘယ်အချိန်လဲဆိုတာ သိလား!! ဒါက အရေးကြီးလို့ခေါ်တာဆိုရင် မင်းအတွက် အကောင်းဆုံးပဲ!"

မုန့်ကုရဲ့အသံက ကွဲအက်နေပြီးတော့ အလွန်ကျယ်လောင်သည်။၎င်းက သူ အိပ်ရာနိုးလာပြီးတော့ ခံစားချက်ဆိုးဝါးနေတယ်ဆိုတာ သိသာထင်ရှားသည်။

အရမ်းပြင်းထန်တာပဲ! သူမရဲ့ ဦးရေပြားတစ်ခုလုံး ထုံလာပြီးတော့ ဖိအားအောက်မှာ သူမရဲ့ သတ္တိတွေကို နှိုးဆွပေးနေတယ်လို့ ခံစားရသည်။

"ဒါ...ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။ရှင့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို မကောင်းပြောပြီး ထိခိုက်စေခဲ့တဲ့အတွက် ကျွန်မ စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ကျွန်မ အဲ့လိုစကားတွေပြောတာ မှားတယ်ဆိုတာ အမှန်ပဲ။တကယ်တော့ အဲ့ဒီစကားတွေရဲ့ မူရင်းအဓိပ္ပာယ်က အဲ့လိုမဟုတ်ပေမယ့် ဘာလို့ အဲ့လိုပုံစံ ဖြစ်သွားတာလဲဆိုတာ ကျွန်မ မသိဘူး။ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မအမှားပါ။ကျွန်မက လုပ်ရဲမှတော့ တာဝန်ယူပြီး ရှင့်ကို တောင်းပန်ပါတယ်"

"မင်းက တောင်းပန်ဖို့အတွက် ဒီအချိန်ကို ရွေးလိုက်တယ်ပေါ့လေ"

မုန့်ကုရဲ့အသံက ပိုမိုကျယ်လောင်လာခဲ့တယ်။သူ ကစားခံနေရတာ မဟုတ်ဘူးလား?

"ဟုတ်တယ် ဒီအချိန်ကို အထူးရွေးချယ်ထားတာ။ရှင့်ကို နှိုးလိုက်ရတာ ကောင်းတယ်လို့ ခံစားရတယ်လေ။ဒါက ကျွန်မကို လုပ်ခဲ့တဲ့ အမှားအတွက် လက်စားချေတယ်လို့လည်း ယူဆလို့ရတယ်။တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ရှင်က ကျွန်မကို မကြင်နာခဲ့ဘူးလေ။ကျွန်မတို့ရဲ့ ကိစ္စတွေက ခွဲခြားထားရမယ်။ရှုပ်ထွေးသွားလို့ မဖြစ်ဘူး။ရှင်ဘာပဲလုပ်လုပ် တူညီတဲ့ ဝဋ်လည်တာကို ခံရမှာပဲ။ရှင် ကျွန်မကို တွေ့တဲ့အခါကျရင် မပျော်ရွှင်တဲ့ပုံလုပ်ဖို့ မလိုအပ်ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်မလည်း ရှင့်ကို တွေ့ရတာ ပျော်မနေဘူး။ဒါကြောင့် အကယ်၍ ကံမကောင်းလို့

ကျွန်မတို့တွေ နောက်ပိုင်းကျ ဆုံခဲ့ရင် ကျေးဇူးပြုပြီး ရှင့်ခေါင်းကို အဝေးလှည့်သွားပြီး ကျွန်မကို မကြည့်ဘဲနေလိုက်ပါ၊ပြီးရင် ကျွန်မကို မသိချင်ယောင်ဆောင်နေလိုက်"

"ချန်း....ရို့.....ယွီ!!"

မုန့်ကုကိုကြည့်ရတာ ဒီတစ်ခေါက်တော့ လုံးဝ နိုးသွားပုံရပြီးတော့ သူ့အသံက အံ့ဩပြီး ဒေါသထွက်နေသည်။

"မင်းမှာ တကယ်ပဲ ဆရာဝန်ပြဖို့ ၃.၅၀ ယွမ် မရှိဘူးနဲ့တူတယ်?မင်း မနက်ဖြန်မနက် စောစောလာခဲ့လို့ရတယ်၊ငါ မင်းကို စာရင်းသွင်းကောင်တာမှာ လူကျော်ပြီး တန်းစီဖို့ ကူညီပေးမယ်။မင်း မြန်မြန်လုပ်မှ ရမှာပဲ စိတ်ရောဂါဆိုတာက အသေးအဖွဲကိစ္စ မဟုတ်ဘူးနော်။မင်း ကုသမှုကို စောစောခံယူမယ်ဆိုရင် မင်းဘဝက မျှော်လင့်ချက်ရှိသေးတယ်"

"အရမ်းပျူငှာမနေပါနဲ့။မနက်ဖြန်က စနေနေ့ဆိုတော့ ကျွန်မ အလုပ်သွားစရာမရှိဘူး။ကျွန်မ အိပ်တော့မယ်နော်။ဒေါက်တာမုန့် အလုပ်ကြိုးစားလိုက်ပါဦး။မနက်ဖြန်ကျရင် ရှင် အလုပ်ရှိသေးတယ်လေ။ ရှင် အလုပ်ကြိုးစားပြီး ပိုက်ဆံတွေအများကြီးရှာပါ"

"ငါ မနက်ဖြန်ကျရင် အလုပ်ရှိရုံတင်မကဘူး ဒီနေ့လည်း စောနတုန်းကမှ အရေးကြီးတဲ့ ခွဲစိတ်မှုတစ်ခု ပြီးသွားတာ။ငါ နာရီဝက်‌လောက်တောင် မအိပ်ရသေးဘူး။မင်းရဲ့စိတ်ရောဂါကြောင့် နိုးလာခဲ့တယ်။မင်း ငါ့ကို ဖုန်းဆက်တာ‌လေ။ မင်း စောင့်နေလိုက်! ငါ့ကို ဒီလိုပုံစံ ဆက်ဆံရဲတဲ့လူ အခုထိ မမွေးသေးဘူး!"

အာ....သူက တကယ်တော့ ညလယ်ခေါင်ကြီးမှာ အရေးကြီးတဲ့ခွဲစိတ်မှုလုပ်ပြီးတော့ နောက်နေ့မနက်ကျရင်လည်း roundလှည့်ဖို့ ရှိနေသေးတာပဲ။အိုက်ယား.......အိုက်ယား...... သူ့အတွက် တကယ်ခက်ခဲတာပဲ။

ချန်းရို့ယွီက အံကြိတ်၍ သူမစိတ်ထဲက သူ့အတွက် ခံစားရတဲ့ နာကျင်မှုအားလုံးကို ဖယ်ထုတ်ပစ်လိုက်ပြီး

"ဒေါက်တာမုန့် သိသိသာသာကိုပဲ ရှင်က လူသားမွေးဖွားမှုပြဿနာကို လေ့လာခဲ့ပုံမရဘူး။ဘာပဲဖြစ်ဖြစ်ပါ ကျွန်မက ရှင်နဲ့ ရှင်းလင်းသွားအောင်ပြောချင်တာ။အခု ပြောပြီးသွားပြီ။အတိုချုပ်ရမယ်ဆိုရင် ရှင့်ကိုယ်ရှင် ပြန်သုံးသပ်ကြည့်သင့်တယ်။ကျွန်မတို့ ထပ်မတွေ့ကြတော့ဘူး!"

အဲ့လိုပြောပြီးတာနဲ့ သူမ ဖုန်းချပစ်လိုက်တယ်။

မုန့်ကုက ချက်ချင်း ဖုန်းပြန်ခေါ်လာသည်။ဖုန်းringtoneသံက ချန်းရို့ယွီရဲ့ နှလုံးသားကို ခုန်ပေါက်သွားစေသည်။သူမက ဖုန်းချလိုက်ပေမယ့် သူက နောက်တစ်ကြိမ် ထပ်ခေါ်ပြန်သည်။

အိုင်းယား......အိုင်းယား..... သူ့ရဲ့ တိုက်ခိုက်ချင်စိတ်က အရမ်းပြင်းထန်နေတာလား?ခွဲစိတ်မှုပြီးသွားရင် အိပ်နေလိုက်တော့လေ။သူမနောက်ကိုလိုက်နေတာ ဘာရမှာလဲ?

သူမရဲ့ဖုန်းကို ပိတ်ထားလိုက်ပြီး ၎င်းကို ခေါင်းအုံးအောက် ထိုးထည့်ထားလိုက်သည်။အဲ့ဒီနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူမစောင်အောက် ပြန်လှဲချလိုက်သည်။

တော်တယ်.......မိန်းမတွေမှာလည်း သိက္ခာရှိတယ်။သူမက မတောက်ပတဲ့ သာမန်မိန်းမတစ်ယောက်ဆိုရင်တောင်မှ တခါတရံမှာ သူမရဲ့ ဂုဏ်သိက္ခာက တောက်ပနေဆဲပဲ။

ထို့နောက် အချိန်တစ်ခုကြာတဲ့အထိ ချန်းရို့ယွီ မုန့်ကုကို မတွေ့ခဲ့ပေ။သူမရဲ့ဘဝက လှိုင်းတွေမရှိဘဲ ရေလိုဘဲ တည်ငြိမ်အေးချမ်းနေသည် ။နေ့ရက်တိုင်းမှာ သူမက ပြေးလွှားပြီးတော့ အာမခံရောင်းရန်အတွက် ဖောက်သည်တွေ ရှာသည်။ပြီးနောက် ကိရိယာမျိုးစုံရောင်းချတဲ့ အေးဂျင့်တစ်ဦးအဖြစ် အလုပ်ကြိုးစားသည်။

သူမ ပိုက်ဆံရှာဖို့ လိုအပ်တယ်။သူမရဲ့မိသားစုက သူမရဲ့ထောက်ပံ့မှုကို မလိုအပ်ပေမယ့်လည်း သူမက လတိုင်း အိမ်ကို ပိုက်ဆံပို့ရန် လိုအပ်နေဆဲပင်။

ဒါလုပ်ရတာက အခြား ဘာအတွက်မှမဟုတ်ဘဲ မျက်နှာရရန်အတွက်ဖြစ်သည်။

သူမ မိသားစု၏ မျက်နှာနှင့် သူမရဲ့ မျက်နှာဖြစ်သည်။*

(တရုတ်ဝတ္ထုတွေ ဖတ်တဲ့အခါ မျက်နှာဆိုတဲ့ စကားလုံးက မကြာခဏ ပေါ်လာလေ့ရှိပါတယ်။ထိုစကားလုံးက အဓိပ္ပာယ်တွေ အများကြီး ရှိပေမယ့်အခြေခံအားဖြင့် ၎င်းက လူတစ်ယောက်ရဲ့ သိက္ခာ၊ဂုဏ်၊မာန၊ဂုဏ်သတင်း၊လေးစားမှု စသဖြင့် ဖြစ်သည်)

ချန်းရို့ယွီက ဘဝင်မြင့်တဲ့ လူတစ်ယောက် မဟုတ်ပေမယ့် သူမ နေထိုင်ရာ မွေးရပ်ဇာတိဖြစ်တဲ့ Cမြို့က သူမရဲ့ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေအားလုံးက တစ်ယောက်နဲ့တစ်‌‌ယောက် ပြိုင်‌ဆိုင်လိုကြသည်။

သေးငယ်တဲ့နေရာမှာ နေထိုင်ကြတဲ့လူတွေက အတင်းအဖျင်းတွေ ပိုပြီး မြန်မြန်ပျံ့လွယ်သည်။အိမ်တိုင်း၊ရပ်ကွက်တိုင်း၊နီးနီးနားနား နေထိုင်ကြသူတိုင်း၊လူတိုင်းက တစ်ယောက်ကိုတစ်ယောက် သိကြသည်။မူလတုန်းက သူမက ဒီလိုယှဉ်ပြိုင်မှုတွေက သူမရဲ့ကိစ္စမဟုတ်တာကြောင့် စိတ်မဝင်စားခဲ့ပဲ ပါဝင်ပတ်သက်တာမျိုး မလုပ်ချင်ခဲ့ပေ။ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။သူမရဲ့သူငယ်ချင်းကောင်း ကောင်းယွီလန်က သူမ(ကောင်းယွီလန်)ရဲ့ ရင်းနှီးတဲ့ မိန်းကလေးသူငယ်ချင်း ချီနာ ဆီကနေ သူမရဲ့ကောင်လေးကို လုယူပြီး သစ္စာဖောက်တယ်လို့ စွပ်စွဲခံခဲ့ရပြီး ချီနာက ပွဲကောင်းတစ်ခုကို ဇာတ်တိုက်ထားခဲ့ကာ ကောင်းယွီလန်ကို လက်ပူးလက်ကြပ် ဖမ်းပြခဲ့သည်။ဒီအကြောင်းရင်းကြောင့် ကောင်းယွီလန်က သူမရဲ့ သူငယ်ချင်းတွေဆီကနေ စွန့်ပစ်၊ငြင်းပယ်ခံခဲ့ရသည်။အဲ့ဒီနောက် သူမရဲ့ကောင်‌လေး ကျန်းထောင်က သူမရဲ့သစ္စာဖောက်မှုအတွက် သူမကို ဝမ်းနည်းစွာ စွန့်ပစ်ခြင်းခံခဲ့ရသည်။

နေရာငယ်လေးတစ်ခုတွင် မိန်းကလေးတစ်ယောက်က သူမရဲ့လက်တွဲဖော်ကို သစ္စာဖောက်တာက ပြင်းထန်ပြီး ကောင်းယွီလန်ကလည်း လူအများရှေ့တွင် လက်ပူးလက်ကြပ်မိခဲ့သည်။ထို့အပြင် ချီနာ၏ ကောင်းမွန်လှတဲ့ ပြစ်တင်ရှုံ့ချသံနှင့် ကျန်းထောင်ရဲ့ အလွန်ထိခိုက်နာကျင်ပြီး ရူးသွပ်မလိုဖြစ်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံရိပ်တို့ဖြင့် လူတွေအားလုံးက ထိုအချိန်တုန်းက ကောင်းယွီလန်ကို ပြင်းထန်စွာ အပြစ်တင်ခဲ့ကြသည်။သူမကို အပြစ်မတင်တဲ့လူတွေက သူတို့ကိုယ်သူတို့ သူမဆီကနေ ကွာဝေးတဲ့မျဉ်းတစ်ခု တားဆီးပြီးတော့ သူမကို ဘယ်လိုအကူအညီမှ မပေးခဲ့ပေ။

ချန်းရို့ယွီက ကောင်းယွီလန်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ထို့အတူ ချီနာကလည်း ကောင်းယွီလန်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး ချန်းရို့ယွီရဲ့ ရင်းနှီးတဲ့သူငယ်ချင်းလို့လည်း သတ်မှတ်နိုင်သည်။ကောင်းယွီလန်ကို ငြင်းပယ်ခဲ့ကြတဲ့ လူတွေကလည်း သူမရဲ့ သူငယ်ချင်း၊မိတ်ဆွေများပင် ဖြစ်သည်။ထိုအဖြစ်အပျက် ဖြစ်ခဲ့တဲ့ အချိန်တုန်းက ချန်းရို့ယွီလည်း ရှိနေခဲ့တာကြောင့် အရာအားလုံးကို သူမ မျက်မြင်တွေ့ခဲ့သည်။

ကောင်းယွီလန်က သူမဟာ သူမရဲ့ကောင်လေးကို သစ္စာမဖောက်ခဲ့ဘဲ ၎င်းက အထင်လွဲမှုတစ်ခုသာဖြစ်ကြောင်း ပြောခဲ့သည်။ဒါပေမဲ့ သူမကို ဘယ်သူမှ မယုံကြပေ။သူမရဲ့စိတ်ထဲတွင် ချန်းရို့ယွီက သူမ(ကောင်းယွီလန်)ကို ယုံကြည်ပေမယ့် ထိုအချိန်တုန်းက အဲ့ဒီလိုအခြေအနေတွေအောက်မှာ သူမ(ချန်းရို့ယွီ)က သူမရဲ့ သူငယ်ချင်းကောင်းအတွက် ရပ်တည်ပေးပြီး ပြောဆိုပေးတာမျိုး မလုပ်ခဲ့ဘဲ အဲ့ဒီအစား တိတ်ဆိတ်နေခဲ့ပြီး စကားတစ်လုံးမှ မပြောခဲ့ပေ။

သူမ မလုပ်ရဲခဲ့ဘူး။ထိုနေရာငယ်လေးထဲက ကြီးမားတဲ့ သူငယ်ချင်းအသိုင်းအဝိုင်းမှာ သူမ ငြင်းပယ်ခံရမှာ စွန့်ပစ်ခံရမှာ ကြောက်နေခဲ့တယ်။

ထိုအချိန်တုန်းက သူမ တွန့်ဆုတ်နေခဲ့ပြီး နောက်ကျတော့ ၎င်းကို နောင်တရခဲ့သည်။

သူမက ထိုဖြောင့်မတ်ပါတယ်ဆိုတဲ့ လူတွေဘက်မှာ ရပ်တည်ခဲ့ပြီး အဆုံးမှာတော့ သူမရဲ့သူငယ်ချင်းကောင်း ကောင်းယွီလန်ကို ဆုံးရှုံးခဲ့ရသည်။နောက်ဆုံးတွင် ကောင်းယွီလန်က Cမြို့ကနေ ထွက်သွားခဲ့ပြီး ဒီလူတွေကို ထားခဲ့ကာ Aမြို့သို့ သွားခဲ့သည်။

ဒီဆူးက ချန်းရို့ယွီရဲ့ စိတ်ထဲတွင် နက်ရှိုင်းစွာ နစ်ဝင်နေခဲ့သည်။ကောင်းယွီလန်က ထွက်သွားဖို့ ဖိအားပေးခံရတယ်လို့ သူမ ခံစားရပြီး သူမက ကြံရာပါတစ်ယောက်ပင်။ဒီဆူးက သူမရဲ့စိတ်ထဲမှာ နာကျင်စွာ စိုက်ဝင်နေခဲ့ပြီး ဖယ်ရှားရခက်စွာဖြင့် သူမရဲ့အသိစိတ်ထဲမှာ နေရာယူနေခဲ့သည်။

နေ့ကောင်းတစ်နေ့မှာတော့ သူမက နာကျင်မှုကို ဆက်လက်သည်းမခံနိုင်တော့ဘဲ သူမရဲ့အတိတ်တုန်းက မကောင်းမှုနှင့် ရင်ဆိုင်ခဲ့သည်။သူမက လူတိုင်းကို ကောင်းယွီလန်က ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ သူမ ယုံတယ်ဆိုတဲ့အကြောင်း ပြောခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်၍ အထင်လွဲမှုရှိနေရမယ်ဆိုပြီး ပြောခဲ့သည်။

ဒီကိစ္စသာ အမှန်တကယ် အထင်လွဲခဲ့တာဆိုရင် ထို ချီနာ နှင့် ကျန်းထောင် တို့က တရားခံတွေပင်။သေချာစွာပဲ ချီနာက ဒီကိစ္စအပေါ်မှာ ဘယ်သူမှ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဖော်ပြခွင့် မပြုခဲ့ပေ။နစ်နာသူများအနေဖြင့် ချီနာ နှင့် ကျန်းထောင် တို့က သနားကြင်နာမှုများစွာ ရရှိခဲ့ကြပြီး လူတိုင်းဆီကနေ ထောက်ခံမှု ရရှိခဲ့ကြသည်။ဒါကြောင့် တစ်ဦးတည်း ကန့်ကွက်ငြင်းပယ်နေခဲ့တဲ့ ချန်းရို့ယွီကို သူငယ်ချင်း အသိုင်းအဝိုင်းကနေ ထုတ်ပယ်ခဲ့ကြသည်။

ဒီ ထုတ်ပစ်ခြင်းရဲ့ ရလဒ်အနေဖြင့် သူမရဲ့ အပြုအမူတွေအားလုံးနှင့် သူမပြောတဲ့အရာအားလုံးကို ဒီလူတွေက ဆွေးနွေးပြောဆိုခဲ့ကြသည်။သူမ ဝလာတယ်၊သူမက အဝတ်ဟောင်းတွေ ဝတ်‌နေတယ်၊သူမ ကောင်းကောင်း အလုပ်မလုပ်ဘူး၊သူမက ရည်းစားတစ်ယောက်တောင် မရှာနိုင်ဘူး............

လူတွေရဲ့စကားတွေက အဆိပ်ရှိတဲ့လျှာတစ်ခုလိုပင်။ချန်းရို့ယွီက တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သူမလည်း ကောင်းယွီလန်လိုမျိုး ထွက်ပြေးလာခဲ့သည်.......ကောင်းယွီလန်သွားခဲ့တဲ့နေရာ Aမြို့ကို ဖြစ်သည်။

သူမ နဲ့ ကောင်းယွီလန်က သူတို့ကြားထဲက နားလည်မှုလွဲနေတာတွေကို ဖြေရှင်းပြီးတော့ သူငယ်ချင်းကောင်းတွေ ပြန်ဖြစ်ခဲ့ကြသည်။ဒါပေမဲ့ သူမရဲ့အိမ်က မလိုမုန်းတီးခြင်းတွေက သူမ Aမြို့ကို ထွက်ပြေးခဲ့တာနဲ့ပဲ ပြေလျော့မသွားပေ။သူမက အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ သူမရဲ့ ကိုယ်ရေးအချက်အလက်ကို သေချာ ဖုံးကွယ်ခဲ့သည်။သူမရဲ့အလုပ်၊သူမရဲ့ဝင်ငွေ ဒါမှမဟုတ် သူမရဲ့သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပတ်သက်ပြီးအခြားလူတွေ ဘာပြောနေကြလဲဆိုတာ သူမ မတွေးချင်ပေ။

အာမခံရောင်းချခြင်းက သူမရဲ့ဇာတိ Cမြို့လိုမျိုး နေရာသေးသေး‌လေးအတွက် ဂုဏ်ရှိတဲ့အရာ မဟုတ်ပေ။သူမ Aမြို့ကို လာတဲ့အချိန်တုန်းက သူမရဲ့ အလုပ်ရှာဖွေမှုက အဆင်မပြေခဲ့ချေ။နောက်ပိုင်း သူမက အာမခံစီးပွားရေးကို ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့ပေမယ့် နှစ်သစ်ကူးအတွက် အိမ်ပြန်တဲ့ခရီးတွင် အတင်းအဖျင်းစိတ်ဝင်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ သူမရဲ့ ဆွေမျိုးတစ်သိုက်နဲ့သူငယ်ချင်းတွေက မေးမြန်းခဲ့ကြသည်။သူမက 'အာမခံရောင်းချခြင်း' ဆိုတဲ့ စကားလုံးတွေကို အတင်းပြန်မျိုချခဲ့ရပြီး အဲ့ဒီအစား သူမက ကုန်သွယ်ရေးကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့အကြောင်း ပြောခဲ့လိုက်သည်။

အဲ့ဒီနောက် သူမရဲ့မိဘတွေက ကျေနပ်တဲ့အမူအရာ ထုတ်ဖော်ပြသခဲ့ကြပြီး သူမရဲ့ဆွေမျိူးတွေက သူမအကြောင်း အတင်းပြောစရာ၊ပြစ်ချက်တွေ ရှာမတွေ့ခဲ့ပေ။သူမနဲ့ဝေးကွာသွားတဲ့ သူငယ်ချင်းတွေဆီကနေ သူမ အတင်းအဖျင်း မကြားရပေ။ထိုအချိန်တုန်းက ချန်းရို့ယွီ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။ဒါပေမဲ့ လိမ်ညာမှုတစ်ခုကို နောက်ထပ်လိမ်ညာမှုတွေဖြင့်သာ ဖုံးကွယ်နိုင်ပြီး အဲ့ဒါကြောင့် ချန်းရို့ယွီက C မြို့က အိမ်ကို ပြန်လေ့မရှိတော့ဘဲ သူမရဲ့မိသားစုနဲ့ ဆက်သွယ်မှု ရှားပါးခဲ့သည်။

အမှန်တော့ ချန်းရို့ယွီက သူမရဲ့အလုပ်ကို အလွန်စိတ်ကျေနပ်ပြီး သူမရဲ့အချိန်ဟာ လိုက်လျောညီထွေမှု ရှိသည်။သူမ လုပ်ချင်တာကို လွတ်လပ်စွာ လုပ်နိုင်ပြီး အတိုင်းအတာတစ်ခုအထိ အခြားသူများကိုလည်း သူမ ကူညီနိုင်သည်။သူမ ပိုက်ဆံရှာနိုင်ပြီး‌တော့ သက်သောင့်သက်သာ ဘဝတစ်ခု နေရ၏။

ဒါက သူမကို စိတ်ကျေနပ်စေတယ်။သူမက အာမခံရောင်းတာတင်မကဘဲ သူမရဲ့ ဖောက်သည်တွေကိုလည်း ဝန်ဆောင်မှုပေးရန်အတွက် အမှန်တကယ် ကြိုးစားသည်။

ဒီနေ့ သူမရဲ့ဖောက်သည်တွေထဲက တစ်ယောက်က ကားအက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံတင်ထားရသည်။သူမကို ဖုန်းဆက်လာခဲ့ပြီးတော့ ချန်းရို့ယွီက ဆေးရုံကို အလျင်အမြန် သွားရသည်။သူမက မတော်တဆမှုရဲ့ အသေးစိတ်အချက်အလက်များကို မေးမြန်းပြီး သူမဖောက်သည်ရဲ့ အာမခံကြေးတွေ ပြုလုပ်ရန် အသင့်ဖြစ်နေခဲ့သည်။

ကံဆိုးစွာဖြင့် ဒေါက်တာမုန့်ကုက အဲ့ဒီဆေးရုံမှာ ရှိနေခဲ့ပြီး ပိုပြီး ကံဆိုးစွာဖြင့် သူက သူမရဲ့ဖောက်သည်နေရတဲ့ ဝါ့ဒ်က တာဝန်ရှိတဲ့ ဆရာဝန်ဖြစ်နေသေးတယ်။

သူမက ဆေးရုံသွားတဲ့အချိန် သူနဲ့ အလွယ်တကူ မဆုံနိုင်မယ့် အချိန်ကို ရွေးချယ် သွားခဲ့ပေမယ့် လက်ဖက်ရည်ခန်းထဲမှာ မုန့်ကုဆီကနေ ချုပ်နှောင်ခံထားလိုက်ရတယ်။

"ချန်းရို့ယွီ မင်းက ဒီနေရာကို လာရဲသေးတယ်ပေါ့"

"‌ဆေးရုံက ပြည်သူပိုင်နေရာလေ။ကျွန်မက ဘာလို့ လာလို့မရရမှာလဲ?ပြီးတော့ ဒီအခန်းက ချောင်ကျတယ်။ယောကျာ်းနဲ့မိန်းမ နှစ်ယောက်တည်း ဒီနေရာမှာ ရှိနေတာ ကျွန်မတို့အတွက် မသင့်တော်ဘူး၊ဒေါက်တာမုန့် အရမ်း အလုပ်များနေမှတော့ ရှင်က သေလုနီးပါး ဒဏ်ရာရထားတဲ့လူတွေကို သွားပြီး ကုသပေးလိုက်တာ အကောင်းဆုံးပဲ။ကမ္ဘာကြီးက ရှင့်ကို လိုအပ်နေတယ်"

"မင်းမှာ ဘယ်လိုစိတ်ရောဂါမျိုးရှိနေလို့ ငါ့ကို ညလယ်ခေါင်ကြီး ကြိမ်းမောင်းသွားတာလဲ? မင်း ငါ့ကို ဘာလို့ ဖုန်းခေါ်ခဲ့တာလဲ"

"ကျွန်မ ရှင့်ကို မကြိမ်းမောင်းပါဘူး၊သိသိသာသာပဲ ကျွန်မ ရှင့်ကို တောင်းပန်ဖို့ ဖုန်းဆက်ခဲ့တာလေ"

"အဲ့လိုလား"

မုန့်ကုက လက်ပိုက်ပြီးတော့ "မင်းဆက်လိမ်နိုင်တယ်" ဆိုတဲ့ အမူအရာဖြင့် ပြောလိုက်သည်။

သူက သူမနဲ့ အချိန်ဖြုန်းဖို့ ကြံစည်နေတာလား?ချန်းရို့ယွီ မျက်မှောင်ကြုတ်သွားပြီး သူမလက်ထဲက ရေနွေးဘူးကို ချထားလိုက်သည်။သူမက လက်ပိုက်ပြီးတော့ "ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲဆိုတဲ့ " အမူအရာဖြင့် ကြည့်လိုက်သည်။

မုန့်ကုက မျက်ခုံးပင့်သွားပြီး သူမကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"အိုး....မင်းက တိုးတက်လာပြီပဲ။ငါ မင်းကို ပြောဖို့ အခွင့်အရေးတစ်ခု ပေးမယ်။မှားတဲ့လူက မင်းလေ အဲ့ဒါကို မင်းက ဘာလို့ ဒီလောက် သတ္တိရှိနေတာလဲ"

သူမ စကားမပြောခဲ့ဘူး။သူမ လျှာစောင်းထက်တဲ့စကား‌လုံးတွေကို မစဉ်းစားနိုင်ဘူး။သူမ ဒီစကားရည်လုပွဲမှာ အနိုင်မရနိုင်ဘူးဆိုမှတော့ တိတ်တိတ်လေးပဲ နေလိုက်တော့တယ်။သူ သေတဲ့အထိ အသက်ရှုကြပ်သွားရင်တောင် သူမ နိုင်တယ်လို့ ယူဆနိုင်တယ်။

မျှော်လင့်ထားသလိုပဲ မုန့်ကုက မပျော်မရွှင်ဖြစ်ပြီးတော့ ပြောလာခဲ့သည်။

"ငါက မကြင်နာဘူးလို့ပြောတာ မင်း ဘာကို ဆိုလိုတာလဲ?ငါက မင်းကို တွေ့ဆုံပွဲ တက်ခွင့်မပေးဘဲနဲ့ မင်းကို ကောင်းယွီလန်ရဲ့ ဖိတ်တာ ငြင်းခိုင်းလိုက်တာကြောင့်လား။မင်း အဲ့ဒီအချိန်တုန်းက ဘာလုပ်ခဲ့လဲဆိုတာ မင်း သိသင့်တယ်။မင်းက ဘာလဲ ငါက မင်းကို ပြုံးပြနေပြီးတော့ ငါ့ကို မကောင်းပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောစေချင်တာလား?ငါက ယောကျာ်းတစ်ယောက်၊ငါ့ကို မကောင်းပြောတဲ့ ဘယ်သူ့ကိုမှ သည်းမခံဘူး။တစ်ခြားလူတွေ ဘာလုပ်လဲဆိုတာ ငါ မထိန်းချုပ်နိုင်ဘူး၊အဲ့ဒါက သူတို့ရဲ့ လွတ်လပ်ခွင့်ပဲ ဒါပေမဲ့ မင်းက ငါ့ရဲ့ ယောကျာ်းသိက္ခာကို ထိပါးခဲ့တယ်။ဒါက အရမ်းလေးနက်ပြင်းထန်တဲ့ ကိစ္စပဲ"

အဲ့တော့ ဘာဖြစ်လဲ?သူမမှာလည်း မိန်းမသိက္ခာရှိပါတယ်နော်။သူက သူမကို သူ့ရဲ့သူနာပြုမတွေရှေ့မှာ မကောင်းကြောင်းပြောခဲ့တယ်လေ၊သူမလည်း နာကျင်ရတာပဲ။

"မင်းက မင်းရဲ့မကောင်းတာကို ပြန်မသုံးသပ်ဘဲနဲ့ ငါ့ကို ညလယ်ကြီး နှိပ်စက်လိုက်သေးတယ်၊ဘာလို့လဲ? မင်းက ငါ့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား"

သူ့ကို ပြင်းထန်တဲ့အကြည့်တစ်ချက် ပစ်သွင်းလာခဲ့သည်။

"ဘာလဲ,.....ငါ ပြောတာ မမှန်ဘူးလား?ဒါဆိုရင် မင်းက ဘာလို့ အဲ့ဒီအချိန်တုန်းက တစ်နေ့လုံး ဆေးရုံနားမှာ ‌ပြေးလွှားနေခဲ့တာလဲ"

သူမရဲ့ဒဏ်ရာတွေ ဖော်ထုတ်ခံလိုက်ရပြီ။ချန်းရို့ယွီ ရှက်သွားပြီး စိတ်အဆင်မပြေ ဖြစ်လာခဲ့တယ်။

မုန့်ကုက ဂရုမစိုက်ဘဲနဲ့ သူမကို ဆက်လက် ဆူပူနေသည်။

"မင်းက အရမ်းအပြောင်းအလဲမြန်တဲ့ မိန်းမပဲ။ပြီးတော့ မင်း ဘာအကြောင်းစဉ်းစားနေလဲဆိုတာ သေချာမသိဘူး။မင်း လာနေတာကို ရုတ်တရက် ရပ်လိုက်တာ အဆင်ပြေတယ်။ဆေးရုံရဲ့ အရင်းအမြစ်တွေကို မဖြုန်းတီးတာကလည်း ကိစ္စကောင်းတစ်ခုပဲလေ။ဒါပေမဲ့ မင်းက ဘာလို့ ငါ့ကို ရန်သူတစ်ယောက်လို ဆက်ဆံနေတာလဲ?ရုတ်တရက်ကြီး မင်းက ငါ့ကို လျစ်လျှူရှုတယ်၊ငါ့ကို စော်ကားတယ်။မင်း ငါနဲ့ ကစားနေတာလား?ငါ မင်းကို ပြောလိုက်မယ် ဒီကိစ္စမှာ မင်းက မှားတဲ့လူပဲ။ယောကျာ်းတစ်ယောက်ရဲ့သိက္ခာက စနောက်လို့မရတဲ့ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လိုပဲ"

သူမမှားတယ်လို့ သူက ပြောနေတုန်းပဲလား?သူမက အပြောင်းအလဲ မြန်တဲ့ လူပေါ့လေ?အခြားလူတွေရဲ့နောက်ကွယ်မှာ အတင်းအဖျင်းပြောတာ သူ့အတွက်ကျ မှန်တယ်ပေါ့? သူ့ကိုယ်သူ ယောကျာ်းတစ်ယောက်လို့တောင် ခေါ်လိုက်သေးတယ်။

ချန်းရို့ယွီက အလွန်စိတ်တိုလာတာကြောင့် ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။

"ဒေါက်တာမုန့်ရဲ့အဓိပ္ပာယ်က ယောကျာ်းလေးတစ်‌ယောက်ရဲ့ခန္ဓာကိုယ်က ပေါ့ပါ့ပါးပါး စနောက်လို့မရဘူးပေါ့ ဟုတ်တယ်မလား?ဒါက မကောင်းတာပဲ။ ယောကျာ်းတစ်ယောက်ဖြစ်တာ ဘာတွေ ကြီးမြတ်နေလို့လဲ?ရှင်က ယောကျာ်းတွေမှာပဲ သိက္ခာရှိပြီး မိန်းမတွေမှာ မရှိဘူးလို့ ထင်နေတာလား? ဒေါက်တာမုန့်က သူ့ကိုယ်သူ အရမ်းအမြင့်ကြီး တန်ဖိုးထားပြီး အခြားလူတွေကိုတော့ အတော်‌လေး နှိမ့်ချဆက်ဆံတာပဲ။ 'မင်းကိုယ်မင်း အဲ့လိုပြုမူခံရတာ မကြိုက်ရင် အခြားလူတွေကိုလည်း မလုပ်ပါနဲ့" တဲ့။ ဒေါက်တာမုန့် ဒါကို အရင်တုန်းက သင်ဖူးရဲ့လား?ရှင် ဒီအဓိပ္ပာယ်ကို နားလည်သင့်တယ်။ကျွန်မ မှားတာလုပ်ခဲ့တယ် အဲ့ဒါကြောင့် ကျွန်မ တောင်းပန်ရဲတယ်။‌‌ဒေါက်တာမုန့် လုပ်ရဲလား?ဘာလို့ ယောကျာ်းတွေရဲ့သိက္ခာက မိန်းမတွေထက် ပိုပြီး အရေးကြီးတာလဲ?ကျွန်မ ရှင့်ကို ပြောလိုက်မယ် မိန်းမတစ်‌ယောက်ရဲ့ သိက္ခာကလည်း ယောကျာ်းတစ်ယောက်ရဲ့ ****နဲ့ အတူတူပဲ။အားနည်းမှုက နာကျင်မှုပဲဖြစ်စေပြီး တင်းမာခက်ထန်မှုက ဂုဏ်သိက္ခာပဲ"

(***ဟုတ်ပါတယ် အကုန်လုံး ထင်လိုက်တဲ့ဟာပါပဲရှင်)

သူမက စကားအရှည်ကြီးကို မရပ်ဘဲ ပြောပစ်လိုက်သည်။မုန့်ကုက အံ့ဩသွားပြီး အဲ့ဒီနောက် ရယ်မောကာ တုံ့ပြန်ခဲ့သည်။

ရယ်တာလား? ဘာရယ်စရာ ရှိလို့လဲ? အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။

"မင်း တကယ်သတ္တိရှိတာပဲ ချန်းရို့ယွီ။မင်း အံ့ဩဖို့ကောင်းတယ် ပြီးတော့ သတ္တိတွေ ရှိနေတာပဲ?

ဘယ်လို?ဘယ်လို? မကောင်းတဲ့‌ကောင်!

###########################

All Chapters