အခန်း ၈
Vol. 1 Ch. 8
ဒွိဟချစ်သံယောဇဉ်:
Chapter 8-ငါတို့က သူငယ်ချင်းတွေပဲ
ဒါပေါ့ သူမ သူ့ကို တကယ်မကန်ခဲ့ပါဘူး။
ပြီးတော့ သူက သူ့အလုပ်ကို အလေးအနက်လုပ်ပြီးတော့ ဂျူနီယာဆရာဝန်တွေကို သေချာဂရုတစိုက် သင်ကြားပေးနေတဲ့ သာမန်ဆရာဝန်တစ်ဦးလိုပင်။သူက လူနာတွေကို အရမ်းစိတ်ရှည်ပြီးတော့ သူတို့ရဲ့မေးခွန်းအားလုံးကို အသေးစိတ် ဖြေပေးသည်။သူက ပျော်ပျော်နေတတ်၊ဟာသဉာဏ်ရွှင်ပြီးတော့ လူနာများကို အလွန်ပျော်ရွှင်အောင် လုပ်နိုင်သည်။
ချန်းရို့ယွီက သူ့ရဲ့ ward စစ်ဆေးရေးတစ်လျှောက်လုံး စကားမပြောပေ။ဒီလူက သူ့ရဲ့အလုပ်ကို အလေးအနက်ထားတယ်လို့ သူမ ခံစားရတယ်။သူက အမှန်တကယ် နှစ်လိုဖွယ်ကောင်းပြီးတော့ လုံးဝ စိတ်ရှုပ်စရာမကောင်းချေ။ပြီးတော့ သူက သူမကို အခြားလူတွေရှေ့မှာ ဘာပြဿနာမှ မလုပ်ခဲ့ပေမယ့် သူ သူမကို ကြည့်တဲ့အချိန် မသေချာ မရေရာတဲ့ အမူအရာမျိုး ဖော်ပြလာခဲ့သည်။
မဟုတ်ဘူး သူမ နာမ်စားမှားသုံးမိပြန်ပြီ။အဲ့ဒါက မသေချာမရေရာတာ မဟုတ်ဘူး။ဒီမကောင်းတဲ့ ယောကျာ်းက သူမကို အထင်သေးနေတာလေ။ မှားတယ်.......သူမက သူ့ကို အထင်သေးတယ်လို့ ပြောသင့်တာပေါ့
အတိုချုပ်ရမယ်ဆိုရင် ချန်းရို့ယွီက လူနာတစ်ဦးဖြစ်ပြီး မုန့်ကုက ဆရာဝန်တစ်ယောက်အနေနှင့် နောက်နှစ်ရက်အထိ တစ်ယောက်နှင့်တစ်ယောက် ဘာပြဿနာမှ မရှိကြပေ။အခြေအနေက အရမ်းရွှင်မြူးဖွယ်ကောင်းနေတာကြောင့် ချန်းရို့ယွီက သူမ ထိုလူနှစ်ယောက်ဆီကနေ အရိုက်ခံ၊အကန်ခံရပြီးတဲ့နောက် တုံးအသွားပြီလားလို့ သံသယဝင်မိတယ်။အဲ့ဒါကြောင့် အခု သူမ အထင်မှားတာတွေ ရှိနေတာ ဖြစ်ရမယ်။
ဒါပေမဲ့ တတိယမြောက်နေ့တွင် ချန်းရို့ယွီက နောက်ဆုံးတော့ သူမ တုံးအလာခဲ့တာ မဟုတ်ဘူးဆိုတာ အတည်ပြုနိုင်ခဲ့သည်။သူမက သာမန်လူတစ်ယောက် ဖြစ်နေဆဲပင်။
ထိုနေ့တွင် ချန်းရို့ယွီက စိတ်ခံစားချက်ကောင်းမွန်နေတာကြောင့် လူနာဝတ်စုံဝတ်၍ ပန်းခြံထဲ ဆင်းထိုင်နေကာ နေပူဆာလှုံနေသည်။သူမက ကျသင့်တဲ့ ဆေးရုံစရိတ်တွေကို တွက်ချက်နေပြီး တစ်ချိန်တည်းမှာပဲ သူမ ဆေးရုံဆင်းလို့ရပြီလားဆိုတာ သွားမေးချင်သည်။ဒီအခိုက်အတန့်တွင် အဖြူရောင်ကုတ်အင်္ကျီဝတ်ဆင်ထားတဲ့ ချောမောတဲ့ယောကျာ်းတစ်ဦးဟာ သူမဘေးနား ပေါ်လာခဲ့ပြီး သူမနား ထိုင်လိုက်သည်။
ချန်းရို့ယွီက အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီးတော့ အလိုလို ဘေးနားတိုးသွားလိုက်သည်။သူမက နှစ်ကြိမ်ချောင်းဆိုး၍ စိတ်ရှုပ်လာခဲ့သည်။ဒီအချိန်မှာပဲ မုန့်ကုက စတင် စကားပြောလာခဲ့သည်။
"ချန်းရို့ယွီ မင်း ဘာတွေစဉ်းစားနေလဲဆိုတာ ငါ သိတယ်"
သူမ ဘာစဉ်းစားနေလို့လဲ! သူမ ဘာမှ မစဉ်းစားပါဘူး!
အများစုမှာ သူမက ဒီမွန်ဂိုဆရာဝန်နဲ့ မတွေ့ရင်ကောင်းမယ်လို့ပဲ စဉ်းစားနိုင်တယ်။ဒါမှမဟုတ် (သူမ စဉ်းစားတာက......)သူမ ဒီဆေးရုံကနေ ထွက်သွားပြီးတဲ့နောက် သူမ သူ့ကို မသိချင်ယောင်ဆောင်လိုက်မယ်။ ဒါမှမဟုတ် အခြား( သူမရဲ့အတွေးတွေ လှုပ်ရှားသွားတယ်)....ဒီမွန်ဂိုဆရာဝန်က ဒီနှစ်ရက်အတွင်း ကောင်းကောင်းပြုမူထားပြီး အခု သူက သူမကို ကြမ်းတမ်းတဲ့စကားတွေ ထပ်ပြီး ပြောချင်နေတာလား? ဒီတစ်ကြိမ်တော့ သူမရဲ့ပါးစပ်ကို ထိန်းချုပ်ထားမှာဖြစ်ပြီး သူမကိုယ်သူမ အရှက်ရအောင် လုပ်မှာမဟုတ်ပေ။ဖြစ်နိုင်တာက (သူမ ထပ်စဉ်းစားပြန်တယ်).........သူမ သူ့ဆီကနေ ဝေးဝေးနေဖို့ စိတ်ဆုံးဖြတ်ထားတဲ့အချိန်တိုင်း အဆုံးသတ်ကျရင် ဘာလို့ သူနဲ့ပဲ ဆုံနေတာလဲ?ဒါမှမဟုတ် အခြား( သူမ ထပ်စဉ်းစားပြန်တယ်).......
"မင်းဆီလာလည်ဖို့ ကောင်းယွီလန်ကို ငါ အကြောင်းကြားပေးဖို့ လိုအပ်လား"
"အမ်!"
ချန်းရို့ယွီ လန့်သွားတယ်။သူမက အတွေးပျံ့မနေတော့ဘဲ ပစ္စုပ္ပန်ဆီသို့ ရုတ်တရက် ပြန်ရောက်လာသည်။
"ဟင့်အင်း...မလုပ်နဲ့"
သူမရဲ့ ခေါင်းနဲ့လက်တွေ တစ်ပြိုင်နက်တည်း ခါရမ်းပြီးတော့
"သူ(မ)ကို မပြောနဲ့"
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပြီး ဆေးရုံအပို့ခံလိုက်ရပြီးတဲ့နောက် ဒီလိုအရာမျိုးက အခြားလူတွေ မသိတာ ပိုကောင်းသည်။အခြားလူတွေကို သူမနဲ့ဒီမွန်ဂိုဆရာဝန်ရဲ့ ထူးဆန်းတဲ့ဆက်ဆံရေးအကြောင်းကိုလည်း သိခွင့်မပေးတာ အကောင်းဆုံးဖြစ်၏။
"ချန်းရို့ယွီ အမှန်တော့ မင်း ငါ့ကို နားမလည်ဘူး"
"ဘယ်လို!"
ချန်းရို့ယွီက သူမ အရိုက်နှက်ခံထားရတာကြောင့် သူမရဲ့အကြားအာရုံနှင့်နားလည်မှုဆိုင်ရာများတွင် ပြဿနာရှိနေသည်ဟု သံသယဝင်မိသည်။မဟုတ်ရင် သူမက ဘာလို့ မုန့်ကုရဲ့စကားတွေကို နားမလည်နိုင်တာလဲ?
သူမစဉ်းစားနေတာကနေ အဲ့ဒီနောက် ကောင်းယွီလန်ဆီ ရောက်သွားပြီး အဲ့ဒီနောက် သူ့ကို နားလည်တဲ့အကြောင်းဆီ ရောက်သွားပြန်တယ်။ဒီအလယ်မှာ အကူးအပြောင်းမရှိဘဲ ရှေ့နဲ့နောက်မှာ ဘာချိတ်ဆက်မှုမှ မရှိချေ။
ချန်းရို့ယွီက သူမရဲ့ ဆိုးဝါးစွာ ဒဏ်ရာရထားတဲ့ လက်ကို မြှောက်ကာ ဝှေ့ရမ်းပြလိုက်ပြီး
"ဒေါက်တာမုန့် ကျေးဇူးပြုပြီး စကားကို ဖြည်းဖြည်းပြောပါ"
မုန့်ကုက သွားပေါ်အောင်ရယ်၍ ပြုံးပြလိုက်သည်။
"အဲ့ဒီညတုန်းက မင်းက ငါ့လက်ကို ကိုင်ထားပြီး မလွှတ်ခဲ့ဘူး"
သူမ သူ့ကို စိုက်ကြည့်လိုက်တယ်။သူက သူမကို ထပ်ပြီးတော့ ကစားဖို့ ကြိုးစားနေပြန်ပြီ။
မုန့်ကုက ဆက်ပြုံးနေပြီးတော့
"မင်း ငါ့ကို ကိစ္စတွေအများကြီး ပြောခဲ့တယ်"
သူမ ဆက်ထိုင်မနေနိုင်တော့ဘဲ
"ဒေါက်တာမုန့် တာ့တာနော်"
မုန့်ကုက သူမရဲ့အင်္ကျီစကို ဆုပ်ကိုင်ထားခဲ့ပြီး သူမကို ပြန်ဆွဲကာ ပြောလိုက်သည်။
"ချန်းရို့ယွီ ငါက ရိုးသားတဲ့လူတစ်ယောက်ပဲ။ငါက လူတစ်ယောက်ကို ငါ သူ(မ)ကို မကြိုက်ဘူး ဒါမှမဟုတ် သူ(မ)က ငါ့မျက်စိထဲမှာ စိတ်ရှုပ်စရာဖြစ်နေတယ်ဆိုရင် တိုက်ရိုက် သူ(မ)နဲ့ မျက်နှာချင်းဆိုင်ပြီး ပြောလိုက်မှာပဲ"
ဒီလိုစကားမျိုးက နည်းနည်း အရမ်းနူးညံ့လွန်းနေတယ်။သူက သူမကို ဘယ်တုန်းကမှ မျက်နှာချင်းဆိုင် မပြောခဲ့ဘူး။သူက အဲ့ဒါကို တိုက်ရိုက်ပဲ ရှက်စရာကောင်းပြီး သိက္ခာကျအောင် လုပ်ပြီးတော့ သူမကို နောက်ဆုတ်သွားစေခဲ့တာ။ဒီမကောင်းတဲ့ယောကျာ်းက အပြုအမူကောင်းဆိုတဲ့ အဓိပ္ပာယ်ကိုတောင် သိမှာမဟုတ်ဘူ။
ချန်းရို့ယွီက ခေါင်းညိတ်၍
"ကျွန်မ အရင်တုန်းက အဲ့ဒါကို ကြုံဖူးပါတယ်"
"အဲ့ဒါကြောင့် အခြားလူတွေအကြောင်းကို သူတို့နောက်ကွယ်မှာ မကောင်းပြောတာ တကယ်ပဲ ငါ့ပုံစံ မဟုတ်ဘူး"
"ဒေါက်တာမုန့် ရှင် ကျွန်မကို ထပ်ပြီး ရွဲ့ပြောနေဖို့ မလိုအပ်ပါဘူး။ နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်မ မှားတယ်ဆိုတာ ကျွန်မသိလို့ ကျွန်မ ရှင့်ကို တောင်းပန်တယ်လေ"
"ငါ မင်းကို ရည်ရွယ်တာ မဟုတ်ဘူး"
နင် ငါ့ကို မရည်ရွယ်တာကမှ ထူးဆန်းနေလိမ့်မယ်!!
ချန်းရို့ယွီက တစ်ဖက်ကို ခေါင်းလှည့်သွားသည်။
"ငါ ပြောမယ် အစတုန်းက ငါ့ကို စိတ်ဝင်စားပုံရတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။သူ(မ)က ဆေးရုံကို သုံးရက်၊ငါးရက်လောက် ရောက်လာပြီး ငါ့ကို လာရှာတယ်။သူ(မ)မဖျားရင်တောင်မှ သူ(မ)က ငါနဲ့ဆွေးနွေးကုသဖို့ စာရင်းပေးနေတုန်းပဲ။သူ(မ)က ငါ့ကိုလည်း သူ(မ)နဲ့အတူ သူငယ်ချင်းတွေ့ဆုံပွဲ သွားဖို့ ဖိတ်ပြီးတော့ ငါ့ကို လက်ဆောင်တွေ ပို့ပေးတယ်။ဒါပေမဲ့ တစ်ရက်ကျတော့ သူ(မ)က ရုတ်တရက် လာတာ ရပ်သွားခဲ့ပြီး အဲ့ဒီနောက် ငါ သူ(မ)ကို စူပါမားကတ်တစ်ခုမှာ တွေ့ခဲ့တယ်။ငါနဲ့ဆုံတဲ့အချိန်တုန်းက သူ(မ)ရဲ့ အမူအရာက ငါကပဲ သူ(မ)ကို ဒေါ်လာ၈သန်းလောက် အကြွေးတင်ထားတဲ့ပုံနဲ့ ငါ့ကို လျစ်လျှူရှုသွားတယ်လေ"
ချန်းရို့ယွီ ကြောင်သွားတယ်။ဒီမကောင်းတဲ့ယောကျာ်းက တကယ်ပဲ သူမကို မျက်နှာသာ နည်းနည်းလေးတောင် မပေးဘူး။
"ငါ သိချင်နေခဲ့တာ။ဒီမိန်းကလေးက အကျင့်စရိုက် အများကြီးနဲ့မွေးလာတာလား ဒါမှမဟုတ် သူ(မ)က အသစ်တွေကို စိတ်ယိုင်ပြီးတော့ အဟောင်းကို အထင်သေးတာလား။ငါ့ကို သဘောမကျတော့တာနဲ့ ရန်လိုလာခဲ့တယ်ပေါ့ ဆိုပြီးတော့။ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သူ(မ)က ကောလဟာလတွေ ကြားပြီးတော့ စိတ်ထိခိုက်သွားတယ်ဆိုတာ ငါ သိလိုက်ရတယ်"
ချန်းရို့ယွီ အံကြိတ်လိုက်တယ်။သူက ရှင်းရှင်းလင်းလင်းနဲ့ ညွှန်ပြ ပြောဆိုလာပြီဆိုမှတော့ သူမကလည်း ဆက်ပြီး ယဉ်ကျေးနေဖို့ မလိုအပ်တော့ဘူး
"ဒေါက်တာမုန့် ရှင် မသိပါဘူး။ကောင်မလေးက ဝက်ဆီနဲ့ကန်းနေခဲ့ပြီး* အခြေအနေကို နားမလည်ခဲ့ဘူးလေ။သူ(မ)က ဘာမှမသိခဲ့ဘဲ ပြဿနာရှာခဲ့တာ။အခု သူ(မ)က သူ(မ)လုပ်ခဲ့တဲ့အရာကို နောင်တရနေပြီ"
(ဝက်ဆီနဲ့ကန်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်က လူတစ်ယောက်က သူမရဲ့စိတ်ထဲက ခံစားချက်ကလွဲရင် အခြားအရာတွေကို သတိမထားမိခဲ့တာကို ဆိုလိုပါတယ်)
သူမရဲ့အမူအရာက မုန့်ကုကို ထပ်ပြီးတော့ ကျယ်လောင်စွာ ရယ်မောစေသည်။
သူမ မျက်မှောင်ကြုတ်သွားတယ်။ဘာက အရမ်းရယ်စရာကောင်းနေလို့လဲ?
"ဝက်ဆီကြောင့်ကန်းတာက ပြင်းထန်တဲ့ ပြဿနာပဲ။သူ(မ)သာ ဂရုမစိုက်ဘူးဆိုရင် သူ(မ)ရဲ့မျက်လုံးတွေ ကန်းသွားလိမ့်မယ်။ဒီတစ်ခေါက်တော့ စိတ်ရောဂါဌာနမှာ ဆွေးနွေးကုသမှုခံယူရုံနဲ့ မလုံလောက်တော့ဘူး။သူ(မ) မျက်စိဌာနမှာလည်း ကုသမှုခံယူဖို့ လိုအပ်သွားပြီ။ဒီမိန်းကလေးက တကယ်သနားစရာကောင်းတာပဲ"
"နှုတ်ဆက်ပါတယ် ဒေါက်တာမုန့်"
ဒေါက်တာမုန့်က ကျယ်လောင်စွာ ရယ်မော၍ ချန်းရို့ယွီကို နောက်တစ်ကြိမ် ဆွဲထားပြန်သည်။
"ချန်းရို့ယွီ မင်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့အကဲဖြတ်မှုအကြောင်းကို ငါ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ငါ့စကားတွေက ရှင်းလင်း၊တဲ့တိုးဆန်ပြီး အထိန်းအကွပ်မရှိဘူးဆိုပေမယ့် အခြားလူတွေရဲ့အကြောင်းကို သူတို့နောက်ကွယ်မှာ တာဝန်မရှိတဲ့ မှတ်ချက်တွေလုပ်တာမျိုးကို ငါ မကြိုက်ဘူး။ငါ ပြောချင်တဲ့ စကားရှိတယ်ဆိုရင် မင်းနဲ့ တိုက်ရိုက်မျက်နှာချင်းဆိုင်ပြီး ပြောလိုက်မှာပဲ"
ရုတ်တရက် မုန့်ကုက လေးနက်လာခဲ့သည်။ချန်းရို့ယွီ မတတ်နိုင်ဘဲ သူမရဲ့နားကိုစွင့်ကာ သေသေချာချာ နားထောင်နေလိုက်သည်။
"ငါက မင်းအတွက် မသင့်တော်ဘူး ပြီးတော့ မင်းကလည်း ငါနဲ့ပတ်သက်ပြီး လေးနက်တဲ့ခံစားချက် ရှိတာမဟုတ်ဘူး။မြင်မြင်ချင်းအချစ်ဆိုတာက မဖြစ်လာမယ့် အရာတစ်ခုပဲ။ဒါ့အပြင် အစတုန်းက မင်းက ငါ့ကို ပိုးပန်းရမလား ဒါမှမဟုတ် လဲ့ဖုန်းကို ပိုးပန်းရမလားဆိုတာကိုတောင် မသိခဲ့ဘူးလေ။လဲ့ဖုန်းက စေ့စပ်ထားတဲ့သူ ရှိပြီးသားဖြစ်နေပြီ အဲ့ဒါကြောင့် မင်းက မင်းရဲ့အာရုံစိုက်မှုကို ငါ့ဆီ လှည့်လာခဲ့တာ။ဒါကြောင့် မင်းရဲ့ ငါ့အတွက် အဆုံးမရှိတဲ့ ခံစားချက်ကောင်းတွေက ငါ့အတွက် ရည်ရွယ်ထားတယ်လို့ ငါ မထင်ဘူး။ငါတို့ရဲ့ ဘဝပုံစံ၊အကျင့်စရိုက် စတာတွေက တကယ်ပဲ မလိုက်ဖက်ဘူး။ဒါပေမဲ့ မင်းက ကောင်းယွီလန်ရဲ့ သူငယ်ချင်းဖြစ်ပြီးတော့ အဲ့ဒီအချိန်တုန်းက ငါက မင်းနဲ့ မရင်းနှီးဘူး၊ဒါကြောင့် မင်းကိုယ်တိုင် ဒီကိစ္စကို နားလည်သွားတာ စောင့်တာ အကောင်းဆုံးပဲလို့ ငါ စဉ်းစားခဲ့တာ။ငါ ဒီလိုပြောတာကို မင်း နားလည်ရဲ့လား"
ချန်းရို့ယွီက မှင်သက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အဲ့ဒီနောက် မုန့်ကုက ဆက်ပြောလာခဲ့၏။
"ရုတ်တရက် မင်း နောက်ထပ် ရောက်မလာတော့တဲ့ အချိန် မင်းကိုယ်တိုင် စဉ်းစားမိသွားပြီလို့ ငါ ထင်ခဲ့တာ။ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ငါ မင်းနဲ့ စူပါမားကတ်မှာ ဆုံတဲ့အချိန် မင်းက ရန်သူတစ်ယောက်ကို မြင်ရသလိုမျိုး ငါ့ကို ရှောင်သွားခဲ့တယ်။အခြေအနေက နည်းနည်းထူးဆန်းတယ်လို့ ငါ ခံစားမိခဲ့တယ်။အဲ့ဒီနောက် ကော်ဖီဆိုင်မှာ မင်းက မင်းရဲ့ဘလိုင်းဒိတ်ပါတနာကို ငါ့အကြောင်းပြောနေတာ ကြားရတော့ ငါ တကယ် ဒေါသထွက်သွားခဲ့တာ။ဒါပေမဲ့ အခု အဲ့ဒါကို ပြန်ကြည့်မယ်ဆိုရင် ငါလည်း မင်းကို နားလည်နိုင်ပြီ။ဒါကြောင့် ငါတို့ရဲ့ အရင်တုန်းက မကျေနပ်ချက်တွေကို ဖယ်ရှားပြီးတော့ သူငယ်ချင်း ဖြစ်ကြရအောင်"
သူငယ်ချင်းလား?
သူမ မျက်တောင်ခတ်၍ ခေါင်းညိတ်လိုက်သည်။
သူက လူတစ်ယောက်လို စကားပြောတတ်တာကို သူမ ဘာလို့ အခုမှ သဘောပေါက်ရတာလဲ?ဒါဆိုရင် သူမက သူ့ကို အထင်လွဲနေခဲ့ပြီးတော့ သူ့အကြောင်း မကောင်းပြောပြီး စိတ်ဆင်းရဲနေခဲ့တာပေါ့။
"ငါတို့က အခု သူငယ်ချင်းတွေ ဖြစ်သွားပြီဆိုမှတော့ ငါ မင်းကို ပြောစရာ တစ်ခုရှိသေးတယ်"
အခြား ဘာပြောစရာ ရှိသေးလို့လဲ?
သူမ မုန့်ကုကို စိုက်ကြည့်လိုက်တယ်။ပြောစရာအများကြီးရှိတာက ယောကျာ်းတစ်ယောက်ရဲ့ ကောင်းမွန်တဲ့အကျင့် မဟုတ်ဘူးလေ၊ဟုတ်တယ်မလား?သူမရဲ့စိတ်ထဲက ဆူးကို တိတ်တဆိတ် ဖယ်ထုတ်လိုက်ပြီးတော့ ထိုပုံစံဖြင့် သူမ ပိုပြီးတော့ နေလို့ကောင်းသွားတယ်လို့ ခံစားရသည်။
"မင်းရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ဒါပေမဲ့ ကံမကောင်းစွာနဲ့ အဲ့ဒါက ဝက်ဦးနှောက်က လာတာဖြစ်နေတယ်။မင်းကိုယ်မင်း အရှုံးမရှိတဲ့ကင်းကောင် အမလို့ ထင်နေတာလား?မင်းမှာ လူတွေနဲ့ တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ထင်လို့လား?ပြီးတော့ အဲ့ဒါက ယောကျာ်းနှစ်ယောက်နော်........မင်းမှာ တကယ်ပဲ ၃.၅ယွမ် မရှိဘူးဆိုရင် ငါ့ကို ပြော"
သူမ စကားမပြောနိုင်ခင်မှာပဲ သူက သူမကို စတင် ဆူတော့သည်။
သူမ မျက်တောင်ခတ်၍ ပါးစပ်ဟကာ အံ့ဩသွားသည်။သူမနဲ့စကားပြောခဲ့တဲ့ လူကြီးလူကောင်းက ဘယ်ရောက်သွားတာတုန်း??
"မင်းကို ကယ်ဖို့အတွက် ရဲခေါ်ပေးတဲ့ စိတ်ကောင်းရှိတဲ့လူနဲ့ မဆုံခဲ့ရင် မင်း အခုထက်ပိုပြီးဆိုးသွားနိုင်တယ်ဆိုတာကိုရော မင်း သိရဲ့လား?မင်း အကျိုးဆက်တွေကိုရော စဉ်းစားခဲ့ရဲ့လား?မင်းရဲ့ဖောက်သည်က တကယ်ပဲ ပိုက်ဆံပြတ်လပ်နေလို့လား? အဲ့ဒီမှာ ရဲရှိတယ်၊တရားရုံးရှိတယ် ပြီးတော့ အဲ့ဒီဖောက်သည်မှာလည်း သူ့ဆွေမျိုးတွေ၊မိတ်ဆွေရှိတယ်။သူတို့က အသုံးမဝင်လို့လား? မင်းက သူတို့အားလုံး သေကုန်ကြတယ်လို့ ထင်လို့လား"
"အဲ့ဒီ......ကျွန်မကို ကယ်ခဲ့တဲ့ အဲ့ဒီလူလေ.....သူက ဘယ်သူလဲ"
သူမ တကယ် ပေါ့ဆတာပဲ။သူ့ကို ကျေးဇူးမတင်ရသေးဘူး။
"အဲ့ဒါက အရေးကြီးတဲ့အချက်လား? ငါ မင်းကို အားလုံးပြောပြီးတာတောင် ဒါက အရေးကြီးတဲ့အချက်ပေါ့လေ"
မုန့်ကု ဒေါသထွက်လာခဲ့တယ်။
"ရှင်က ကျွန်မကို အများကြီး ပြောခဲ့တာလေ။ဘယ်အချက်က အရေးကြီးတာလဲဆိုတာ ဘယ်သူကသိမှာလဲ"
သူ သူမကို ပြင်းပြင်းထန်ထန် ပြောလိုက်တာနဲ့ သူမလည်း ဒေါသထွက်လာတယ်။
"အဓိကအချက်က မင်းက တုံးအတဲ့မိန်းမပဲ"
"တုံးအတာက ဘာဖြစ်နေလို့လဲ? အဲ့ဒါက ရှင်နဲ့ဘာဆိုင်လို့လဲ"
သူမ စိတ်တိုလာပြီနော်။
"မင်းက အရမ်းတုံးလွန်းလို့ ငါ မင်းအတွက် စိတ်မကောင်းဖြစ်မိတယ်။သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါ မင်းကို လမ်းမှန်မပြပေးဘူးဆိုရင် ငါ အရမ်းစိတ်မကောင်းဖြစ်ရလိမ့်မယ်"
"ရှင် အခြားလူတွေကို ရွဲ့စောင်းပြီး ဆူနေတဲ့အချိန်တုန်းကတော့ စိတ်မကောင်းဖြစ်တယ်လို့ မခံစားရဘူးလား"
"မင်းရဲ့ မွေးရာပါအိုင်ကျူက မလုံလောက်ဘူးဆိုရင် ကန့်သတ်ချက်နဲ့အစားထိုးရမှာပဲ"
မုန့်ကုက သူမရဲ့ တုံ့ပြန်မှုကို လျစ်လျှူရှုပြီးတော့ ဆက်ပြောလိုက်တယ်။
"မင်း ဘာမှမလုပ်ခင် အရင်ဆုံး မင်းကိုယ်မင်း စိတ်လိုက်မာန်ပါ မလုပ်ဖို့ ပြောရမယ်။အဲ့ဒါမှသာဘဝထဲမှာ မျှော်လင့်ချက် ရှိလာတော့မှာပဲ"
ဘဝထဲကမျှော်လင့်ချက်? သူပြောတာပဲ နားထောင်နေလိုက်စမ်းပါ!!!
"ငါက မင်းကို ထိန်းချုပ်ချင်တယ်လို့ မထင်နဲ့။မင်းသာ ငါ့သူငယ်ချင်း မဟုတ်ဘူးဆိုရင် ငါ မင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှာတောင် မဟုတ်ဘူး"
မုန့်ကုက ဆက်ပြီးတော့ သူမကို နောက်ထပ်ဆယ်မိနစ်လောက် နားပူခဲ့လေသည်။
သူ သူမနဲ့ပတ်သက်ပြီး ဂရုစိုက်တယ်။ဒီသဘောပေါက်မှုက ချန်းရို့ယွီရဲ့နှလုံးခုန်နှုန်းကို မှားယွင်းစေသည်။
နှလုံးခုန်နှုန်း အရမ်းမြန်ရင် သေသွားနိုင်တယ်။
မသေဘူးဆိုရင်တောင်မှ ၎င်းက လူကို ထုံထိုင်းသွားစေပြီး စကားပြောနိုင်စွမ်း ဆုံးရှုံးစေသည်။ဒါကြောင့် သူမက ပြန်မငြင်းခဲ့ဘဲ သူ့ရဲ့ ဆယ်မိနစ်လောက် အပြစ်တင်ဆုံးမမှုကို နားထောင်ခဲ့သည်။နောက်ဆုံးတော့ ဒေါက်တာမုန့်ဆီကနေ နဖူးအတောက်ခံလိုက်ရပြီး
"ငါက မင်းကို စိတ်ရှည်ရှည်ထားပြီးတော့ စိတ်ရင်းနဲ့အကြံပေးနေတာ၊မင်းကို အကျိုးအကြောင်း ရှင်းပြနေတာကို မင်းက ဒီမှာ စိတ်မဝင်စားတဲ့အမူအရာ လုပ်နေတယ်"
ချန်းရို့ယွီက သူမရဲ့ စိတ်မဝင်စားတဲ့ အမူအရာဖြင့် ဆက်ရှိနေပြီး အဲ့ဒီနောက် သူမရဲ့နဖူးကို ပွတ်သပ်ကာ လှည့်၍ ထွက်သွားသည်။သူမရဲ့ကျိန်ဆဲမှုအလယ်တွင် ရုတ်တရက် ကြောက်လန့်ဖွယ်ကောင်းတဲ့ တစ်စုံတစ်ခုကို သူမ သတိပြုမိသွား၏။
သူမ သူ့ကို ကြိုက်တယ်!!!!
စိတ်ပျက်စရာပဲ!!!!
ဘယ်လိုတုံးအတဲ့မိန်းမမျိုးက သူမ အဆူခံနေရတဲ့အချိန် သူမရဲ့ခံစားချက်တွေကို သဘောပေါက်လို့လဲ?
ပြီးတော့ အဲ့ဒါက သူ့ဆီကနေ မျက်နှာချင်းဆိုင် ပြတ်ပြတ်သားသား အငြင်းခံရပြီးတဲ့နောက် သူမ သူ့ကို ကြိုက်တယ်ဆိုတာ သဘောပေါက်သွားတယ်!!!
တစ်ဖက်မှာ သူက တာဝန်မဲ့၊မယဉ်ကျေးတဲ့ပါးစပ်၊အရေထူတဲ့ မွန်ဂိုဆရာဝန်ဖြစ်ပြီးတော့ အခြားတစ်ဖက်မှာတော့ သူက လေးနက်၊စိတ်သဘောထားကြီးမားတဲ့ ဒေါက်တာမုန့် ဖြစ်နေတယ်။သူ့မှာ အကျင့်စရိုက်နှစ်မျိုးရှိပြီးတော့ သူမက တကယ်ပဲ သူ့ကို ကြိုက်တာလား??
သူမတို့နှစ်ယောက်ကြားက ကွာဟချက်ကို သူမ သဘောပေါက်ပြီးတဲ့နောက် သူက သူမရဲ့အပြုအမူတွေကနေတစ်ဆင့် သူမရဲ့ရည်ရွယ်ချက်ကို မြင်ပြီးတဲ့နောက် အဲ့ဒီနောက်မှသာလျှင် သူမ သူ့ကို တကယ်ကြိုက်တယ်ဆိုတာ သဘောပေါက်သွားတယ်။
သူမ တကယ် ရူးနေပြီ!!ပြင်းပြင်းထန်ထန်ကို ရူးနေပြီ!!
သူမက ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေပြီး သူမစိတ်ထဲတွင် သူမရဲ့ကံဆိုးမှုကို အော်ဟစ်နေခဲ့သည်။
လူတစ်ယောက်ရဲ့ မွေးရာပါအိုင်ကျူက မလုံလောက်ဘူးဆိုရင် ကန့်သတ်ချက်နဲ့အစားထိုးမှဖြစ်မယ်၊နောက်ထပ် ပတ်သက်ဆက်နွှယ်မှုတွေကို ရှောင်ရှားပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့မှာကနေ ရှောင်ရှားရမယ်။သတိလက်လွတ်အမှားက မရှင်းလင်းတဲ့ ရှုပ်ထွေးမှုကို ဖြစ်စေတယ်။အဲ့ဒါကြောင့် ချန်းရို့ယွီ ထွက်ပြေးခဲ့တယ်။
လျှို့ဝှက်ပြီးတော့ တိတ်တိတ်လေး သူမ ဆေးရုံကနေ ထွက်သွားသည်။
######################