အခန်း ၉
Vol. 1 Ch. 9
ဒွိဟချစ်သံယောဇဉ်:
Chapter 9-ကံဆိုးမှုများ
ဒါပြီးတဲ့နောက် အချိန်တော်ကြာတဲ့အထိ ချန်းရို့ယွီက မုန့်ကု နှင့် နောက်တစ်ကြိမ် မတွေ့ခဲ့ပေ။လျန်းစီးစီးက သူမရဲ့ ဆေးရုံငွေပေးချေမှုများကို ကူညီပေးသည်။မုန့်ကုရဲ့စိတ်ခံစားချက်မကောင်းဘူးလို့ သူမ ကြားတဲ့အချိန် သူမ အရမ်းကြောက်သွားပြီးတော့ အိမ်တံခါးအပြင်တောင် မထွက်ရဲပေ။
ခဏလောက် ပုန်းနေတာက အကျိုးကျေးဇူးတွေ ရရှိခဲ့ပြီး သူမ နောက်တစ်ကြိမ် အပြင်ထွက်တဲ့အခါ ရင်ခုန်စရာကောင်းတဲ့ဆုံတွေ့မှုများကို မကြုံတွေ့တော့ပေ။သူမက ဆေးရုံ၊စူပါမားကတ်၊ကော်ဖီဆိုင်တို့ကို နောက်ထပ်မသွားတော့ချေ။
အမှန်တော့ ချန်းရို့ယွီက မုန့်ကု ပြောတာ မှန်တယ်လို့ ခံစားမိသည်။သူတို့တွေက အမှန်တကယ်ပဲ တစ်ယောက်အတွက်တစ်ယောက် မသင့်တော်ကြပေ။
သူက အေးဆေးတည်ငြိမ်ပြီး အခြေအနေကို အကြာကြီး နားလည်နိုင်သည်။
သူမကတော့ မျက်ကန်းတစ်ယောက်ဖြစ်ပြီး တွေဝေနေကာ နံရံကို တိုက်ပြီးတော့မှ နာကျင်မှုကို ခံစားမိတာဖြစ်သည်။
သူမတို့ကြားထဲက အကွာအဝေးက ပင်လယ်တစ်ခု ခြားနားထားသလိုပင်။သူတို့ရဲ့ ဘဝကျင်လည်မှုတွေတင် ကွာခြားတာ မဟုတ်ဘဲ သူတို့ရဲ့ အကျင့်စရိုက်တွေကလည်း မတူညီပေ။သူ့ရှေ့မှာ ပြုမူခဲ့တဲ့ အမျိုးမျိုးသော အရှက်ရဖွယ် သိက္ခာကျစရာ အပြုအမူများကြောင့်လည်း သူတို့ ကွာခြားသွားတာ ဖြစ်နိုင်သည်။
သူမ သူ့ကို ပိုးပန်းခဲ့တာက သူ့ကို ကြိုက်လို့မဟုတ်ဘူးဆိုတာ သူက အရမ်းရှင်းနေပြီး သူမက သူနဲ့လဲ့ဖုန်းကြားထဲမှာ ရွေးချယ်ခဲ့တယ်ဆိုတာကိုတောင် သူ သိနေသည်။လဲ့ဖုန်းမှာ စေ့စပ်ထားတဲ့သူ ရှိနေတာကြောင့် အဲ့ဒီနောက် သူမက သူ့ကို ရွေးချယ်ခဲ့၏။၎င်းက သူမက ခံစားချက်တွေကို ဂရုမစိုက်ဘဲ လက်တွေ့ကျမှုကိုသာ ဂရုစိုက်တဲ့ မိန်းမတစ်ယောက်လိုပင်။ဒါက ချန်းရို့ယွီကို လွန်စွာ အရှက်ရစေသည်။
သူမက စိတ်မပိုင်းဖြတ်နိုင်တဲ့ မြင့်မားတဲ့အဆင့်အတန်းရှိတဲ့ မိန်းမတစ်ယောက်မဟုတ်ဘဲ လုပ်နိုင်စွမ်းနည်းနည်းဖြင့် အချစ်ရေးကိစ္စတွေမှာ ပြောင်းလဲလွယ်တဲ့လူမဟုတ်ကြောင်း ပြောချင်သည်။သူမက အရည်အချင်းကောင်းကောင်းရှိတဲ့ ယောကျာ်းတစ်ယောက်ကို ရှာပြီးတော့ အတူတူ အေးချမ်းတဲ့ဘဝကို နေသွားနိုင်ဖို့သာ မျှော်လင့်သည်။ဒီလိုမျှော်လင့်ချက်မျိုးရှိတာက ဘာမှ မမှားပေ။လူတစ်ယောက်က အရည်အချင်းကောင်းကောင်းရှိတဲ့ ယောကျာ်းတစ်ယောက်ကို အမြဲတမ်း မတွေ့နိုင်ပေ။ဒါကြောင့် ကောင်းမွန်တဲ့တစ်စုံတစ်ယောက်ကို တွေ့ရင် အရင် အစပျိုးတာက မမှားချေ။
ဒါက ဘလိုင်းဒိတ်သွားတာနှင့် ဆင်တူသည်။ပထမတွေ့ဆုံမှုတွင် တစ်ယောက်က မချစ်နိုင်ပေမယ့်လည်း တစ်ဖက်လူက အရည်အချင်းကောင်းတွေ ရှိပြီးတော့ သူက လက်တွဲဖော်ဖြစ်ဖို့ ဆန္ဒရှိကာ အတူတူရှိဖို့ ကြိုးစားတယ်ဆိုရင်လည်း ဒါက တူညီတဲ့အရာပဲ မဟုတ်ဘူးလား?
ခံစားချက်တွေက ဖြည်းဖြည်းချင်း ပျိုးထောင်နိုင်သည်။
ကောင်းပြီ ချန်းရို့ယွီလည်း ဒီစကားများမှုက အနည်းငယ် အကျိုးအကြောင်းသင့်တယ်ဆိုတာ ဝန်ခံရမယ်။၎င်းက အားနည်းသည်ကိုလည်း ဝန်ခံရမည်။သူမ မုန့်ကုရဲ့အကြောင်းကို အခြားတစ်ယောက်နဲ့ မကောင်းပြောနေတဲ့အချိန် လက်ပူးလက်ကြပ်မိခဲ့တဲ့အချိန်လိုမျိုးပင်။ငြင်းလို့မရနိုင်တဲ့ အကူအညီမဲ့တဲ့ ခံစားချက်မျိုး ရှိခဲ့သည်။
တိုတိုပြောရရင် သူမဟာ အလွန်မနှစ်မြို့စရာကောင်းတဲ့လူဆိုတဲ့ ပုံရိပ်ကို သူ့အား ပေးစွမ်းပြီးလေပြီ။
ဒါကြောင့် သူက သူမကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး သူတို့တွေ သူငယ်ချင်းပဲ ဖြစ်လို့ရမယ်ဆိုပြီး ပြောခဲ့တာပင်။
ဒါပေမဲ့ သူမက သူနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလေ။သူမ သူ့ကို ကြိုက်တယ် ဒါကြောင့် သူနဲ့ သူငယ်ချင်းလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။သူမလည်းပဲ ဒါကို မလုပ်ချင်ဘူး။သူမရဲ့ပုံရိပ်ကို လုံးဝပျက်ဆီးအောင်လုပ်ပြီးတဲ့နောက် အဲ့ဒီအခါမှသာ သူမ ဒီလူကို တကယ်ကြိုက်နေတာပါ့လားဆိုတာ သိသွားတယ်။သူမ အမှန်တကယ်ပဲ ဒီလိုရူးမိုက်တဲ့အရာမျိုး မလုပ်ချင်ဘူး။
ဒီလိုမျိုး ဖြစ်သွားပြီဆိုမှတော့ သူမ အဲ့ဒါကို ရင်ဆိုင်ရမှာပဲ။သူမက သူမရဲ့ ခံစားချက်တွေအားလုံးကို ဖြတ်တောက်ပြီး လောင်ကျွမ်းနေတဲ့ အချစ်မီးတောက်လေးကို တိတ်တဆိတ် ငြှိမ်းသတ်ချင်သည်။
ဒါကြောင့် သူမ သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ရန် ရည်ရွယ်ချက် မရှိပေ။သူမရဲ့ သာမန်အတိုင်း ဖရိုဖရဲဖြစ်နေတဲ့ ဘဝမှာပဲ ဆက်နေချင်တယ်။နောင်ကျရင် သူမအတွက် သင့်တော်တဲ့လက်တွဲဖော်တစ်ယောက် ရှာတွေ့ပြီး၊အချစ်အကြောင်းတွေပြောပြီး လက်ထပ်ဖို့ စီစဉ်တဲ့အထိလည်း ဖြစ်သွားနိုင်တယ်။
ဒါပေမဲ့ ပထမဆုံးအနေဖြင့် သူမကိုယ်သူမ အားတင်းထားပြီး သူမရှေ့မှာဖြစ်နေတဲ့ ကံဆိုးတဲ့အရာတွေကို ဖြတ်ကျော်ရလိမ့်မည်။
လက်တလော ချန်းရို့ယွီရဲ့ကံက အမှန်တကယ်ကို ဆိုးနေခဲ့သည်။ဒါကြောင့် ၎င်းထက်ပို၍ ကံဆိုးစရာ မရှိတော့ချေ။
ပထမဆုံး ကံဆိုးတဲ့အရာက သူမကို ရိုက်နှက်ခဲ့တဲ့ မကောင်းတဲ့ယောကျာ်းနှစ်ယောက်က သူမရဲ့ဆေးရုံစရိတ်တွေကို ပေးဆောင်ဖို့ ငြင်းပယ်တာဖြစ်သည်။၎င်းမတိုင်ခင်က သူတို့က လျော်ကြေးပေးဖို့ သဘောတူထားကြပေမယ့် အခု သူတို့က ပေးဖို့ဆန္ဒမရှိကြချေ။ချန်းရို့ယွီက အပျင်းခိုသူတစ်ဦးဖြစ်ပြီး ဒုက္ခရောက်မှာ ကြောက်ရွံ့ပေမယ့်လည်း ဒီကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုရရှိရန်အတွက် သူမရဲ့စိတ်ကို တင်းထားခဲ့သည်။ဒဏ်ရာတွေပြည့်နှက်နေတဲ့ ခန္ဓာကိုယ်ဖြင့် သူမက ရဲစခန်းကို ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေပြီး
ရှေ့နေဖြင့်တောင်
ဆွေးနွေးတိုင်ပင်လိုက်သေး၏။လိုအပ်ပါက သူမက ထိုမကောင်းတဲ့ယောကျာ်းနှစ်ယောက်ဖြင့် တရားရုံးသွားရန် စီစဉ်ထားသည်။
သူမက လျန်စီးစီးကို ကြည့်၍ လက်တွေကို ဆုပ်ကိုင်ကာ
"ငါ တစ်ခုခု ဖြစ်ခဲ့ရင် ငါ့အတွက် ကိစ္စတွေ ဖြေရှင်းပေးဖို့ နင့်ကိုပဲ ငါ အားကိုးရမှာ။ငါ့မိသားစုကို ကူပြီး အကြောင်းကြားပေးနော်။ငါ ငါ့အတွက် အာမခံဝယ်ထားတာရှိတယ်။အကျိုးခံစားခွင့်ရှိတဲ့သူက ငါ့အမေပဲ။ငါ့ရဲ့ဘဏ်အကောင့်ကတော့ အထဲမှာ ပိုက်ဆံအများကြီး မရှိဘူး။ငါ့ရဲ့ သူငယ်ချင်းကောင်း ကောင်းယွီလန်လည်း ရှိသေးတယ်။အကယ်၍ ငါ ကံဆိုးမိုးမှောင်ကျခဲ့ရင် နင် သူ(မ)ကို နောက်ဆုံးအချိန်ကျမှပဲ ပြောရမယ်နော်"
"အိုခေ အိုခေ"
လျန်းစီးစီးက သူမကို စကားဖြတ်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ကို ဒီလို လေးလံတဲ့တာဝန်မျိုးနဲ့ မအပ်ပါနဲ့။နင့်ကိုယ်နင် သေချာဂရုစိုက်ရမယ်လေ။တကယ်ပဲ နင် တစ်ခုခု ဖြစ်ခဲ့ရင် နောင်ကျ နင် လူမှားပြီး အပ်နှံခဲ့တယ်ဆိုတာ သိသွားရင် နင် ငြိမ်းငြိမ်းချမ်းချမ်း အနားမယူနိုင်မှာတောင် စိုးရိမ်တယ်"
"ငါ နင့်ရဲ့ပြောင်မြောက်တဲ့ လုပ်ဆောင်မှုကို မျှော်လင့်တယ်"
"နင်ရဲ့ပြောင်မြောက်တဲ့ လုပ်ဆောင်မှုကိုသာ လျှော့သင့်တယ်။နင် အကောင်းဆုံး လုပ်ပြီးပြီပဲလေ။အဲ့ဒီလူနှစ်ယောက်က လူကောင်းတွေနဲ့ မတူဘူးနော်"
ချန်းရို့ယွီ ခေါင်းညိတ်လိုက်တယ်။သူမ ကြောက်ရွံ့ပေမယ့်လည်း နောက်ဆုတ်ဖို့ကို တွန့်ဆုတ်နေမိတယ်။ဒီဘဝမှာ သူမက အမြဲတမ်း ကြောက်တတ်ပြီးတော့ ပြဿနာတက်မှာကို ကြောက်ရွံ့လေ့ရှိတယ်။ဒီကိစ္စမှသာလျှင် သူမ တစ်ကြိမ်လောက် သတ္တိရှိတာ ဖြစ်၏။၎င်းက အခြားဘယ်သူနဲ့မှ မသက်ဆိုင်ဘဲ သူမရဲ့အကျိုးအတွက် လုပ်နေတာ ဖြစ်တာကြောင့် မလျှော့တမ်း လုပ်နေတာ ဖြစ်၏။
ကံကောင်းစွာဖြင့် သူမရဲ့ဖောက်သည်က နောက်ဆုံးတော့ သူ့ရဲ့ အာမခံကြေးအပြည့်အဝ ရရှိခဲ့ပြီး သူမကို အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားစေသည်။
ဒါပေမဲ့ ဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက အဆုံးမသတ်ပေ။ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူမရဲ့ လုပ်ရပ်တွေကို သူမရဲ့ကုမ္ပဏီက သဘောမကျပေ။ကုမ္ပဏီထဲက ခေါင်းဆောင်အချို့က သူမရဲ့ လုပ်ရပ်တွေဟာ ကုမ္ပဏီအတွက် အနှောင့်အယှက်ဖြစ်စေခဲ့တာပင်။သူမက ကုမ္ပဏီအတွက် ပြဿနာ ဖန်တီးခြင်းသာမက ကုမ္ပဏီရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားခြင်း မရှိချေ။ကံကောင်းစွာဖြင့် ချန်းရို့ယွီအတွက် သူမရဲ့ ကြီးကြပ်ရေးမှူးက ချက်ချင်း ကူညီပေးခဲ့ပေမယ့် နောက်ရက်များတွင် အစည်းအဝေးတွေ ဆက်တိုက်သွားရပြီး မျက်နှာချင်းဆိုင် ပြစ်တင်ရှုံ့ချမှုများ ခံရသည်။ရလဒ်အနေဖြင့် သူမ စိတ်ရော၊ကိုယ်ရော နှစ်ခုစလုံး အလွန်ပင်ပန်းနေပြီဖြစ်၏။
ဒီအချိန်အတောအတွင်း မုန့်ကုက သူမကို နှစ်ကြိမ် ဖုန်းခေါ်လာခဲ့ပေမယ့် သူမက ဖြေဖို့ ကြောက်ရွံ့နေခဲ့သည်။သူမက ဖုန်းမှန်သားပြင်ထက်မှာ ပြသနေတဲ့ မုန့်ကုရဲ့နာမည်ကို စိုက်ကြည့်နေခဲ့တာ မှန်သားပြင် ပိတ်သွားပြီး ဖုန်းမြည်သံရပ်သွားတဲ့အထိ ဖြစ်သည်။
ချန်းရို့ယွီ၏ မိသားစုကလည်း သူမဆီကို ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သည်။သူမရဲ့ဆွေမျိုးတစ်ယောက်က Aမြို့ကို လာမှာဖြစ်ပြီး ထိုဆွေမျိုးကို ကောင်းကောင်းဧည့်ခံရန်အတွက် သူမ မိသားစုက ပြောခဲ့သည်။သူတို့က သူမအနေဖြင့် ထိုလူကို သူမနှင့်ရက်အနည်းငယ် နေခိုင်းပြီးတော့ ဆွေမျိုးကို သူမရဲ့ကုမ္ပဏီဆီ အလည်ခေါ်သွားဖို့ ဖြစ်နိုင်လားဆိုပြီးတော့လည်း မေးခဲ့သည်။
ဒါက ရိုးရှင်းစွာဖြင့် သူမရဲ့ အသက်ကို ယူနေတာပင်။သူမရဲ့ငှားရမ်းထားတဲ့ တိုက်ခန်းက အရမ်းသေးငယ်ပြီးတော့ သူ နေထိုင်ရန်အတွက် လုံလောက်တဲ့အခန်းမရှိချေ။လုံလောက်တဲ့အခန်းရှိရင်တောင် သူမက သူ့ကို လုံးဝ နေခွင့်ပြုမှာ မဟုတ်ပေ။သူမရဲ့ မိန်းကလေးနှစ်ယောက် မျှနေရတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲကို ဘယ်လိုလုပ် ယောကျာ်းလေးဆွေမျိုးကို ဝင်လာခွင့်ပြုရမှာလဲ?တစ်ခါတစ်ရံ ချန်းရို့ယွီက သူမရဲ့မိသားစု ဘာတွေစဉ်းစားနေလဲဆိုတာ တကယ်ပဲ နားမလည်တော့ဘူး။ပြီးတော့ အဲ့ဒီဆွေမျိုးကို သူမရဲ့ကုမ္ပဏီကိုလည်း အလည်ခေါ်သွားရဦးမယ်။ဒီလိုသာမန်လူတွေရဲ့ ဖြူစင်တဲ့အမူအရာက သူမကို တကယ်ပဲ အရှက်ရစေတယ်။သူမရဲ့ မိသားစုကို သူမက အာမခံရောင်းနေရတယ်ဆိုတာ ဘယ်လိုပြောရမလဲ?
ချန်းရို့ယွီက သူမမိသားစုရဲ့ဆွေမျိုးကို ဧည့်ခံဖို့ တောင်းဆိုချက်ကို ဆင်ခြေများစွာဖြင့် ငြင်းပယ်ခဲ့သည်။သူမ စီးပွားရေးခရီးသွားစရာရှိတယ်လို့တောင် လိမ်ခဲ့ပေမယ့် သူမရဲ့ အာမခံအရောင်းသမားတစ်ဦးအဖြစ် အလုပ်က ဖော်ထုတ်ခံလိုက်ရလိမ့်မယ်လို့ မထင်မှတ်ထားချေ။
ထိုနေ့တုန်းက သူမက သူမရဲ့မန်နေဂျာရယ် ဖောက်သည်တစ်ယောက်ဖြင့် ကော်ဖီဆိုင်မှာ အစည်းအဝေး လုပ်နေတာ ဖြစ်သည်။ဖောက်သည်ထွက်သွားပြီးတဲ့နောက် မန်နေဂျာက ထိုနေရာမှာ ထိုင်နေပြီးတော့ စိတ်ရှည်စွာဖြင့် သူမကို တစ်နာရီလောက် အကြံဉာဏ်များ ပေးနေခဲ့သည်။သူက သူမကို ဖောက်သည်များနှင့် ဘယ်လို နားလည်စွာ ပြုမူဆက်ဆံရမယ်ဆိုတာကို သင်ကြားပေးခဲ့သည်။သူမနောက်ဆုံး ဝန်ဆောင်မှုပေးခဲ့တဲ့ နောက်ဆုံးဖောက်သည်ကိစ္စမှာဆိုရင် သူမက အနည်းငယ် အဆင်အခြင်မဲ့လွန်းတယ် စသဖြင့် ဖြစ်သည်။သူမက ပြန်လည်ပြောဆိုခြင်းမပြုဘဲ ခေါင်းငုံ့၍ နားထောင်နေခဲ့သည်။သူမတို့ ထွက်သွားတော့မယ့် အချိန်မှာပဲ သူမရဲ့မွေးရပ်မြေက ပြိုင်ဘက်ဖြစ်တဲ့ ချီနာရဲ့ သူငယ်ချင်းတစ်ယောက်က နောက်စားပွဲမှာ
ထိုင်နေတာ
တွေ့လိုက်ရသည်။သူမ သူ့ကို မှတ်မိတယ် ဒါပေါ့ သူကလည်း သူမ ဘယ်သူဆိုတာ သိသည်။သူ့မျက်နှာက စိတ်ဝင်စားမှုအပြည့် အမူအရာကို ဖော်ပြနေပြီး သူမရဲ့ အထက်လူကြီးဆီကနေ အပြစ်တင်ခံရတာကို သက်သေအဖြစ် အတင်းအဖျင်းပြောလို့ အရမ်းပျော်နေတယ်ဆိုတာ သူမ သိသည်။
ချန်းရို့ယွီ အမြန် ထွက်လာခဲ့ပေမယ့် သူမစိတ်ထဲမှာတော့ လေးလံတဲ့ကျောက်တုံးကြီးတစ်ခုက သူမအပေါ် ဖိနှိပ်ထားသလိုပင်။သူမကို မွန်းကြပ်တဲ့ ခံစားချက်ရစေသည်။
ဒီလူက ချီနာကို သေချာပေါက် ဒီအကြောင်း ပြောပြမှာပဲ။ပြီးတော့ ချီနာက သူမကို အရမ်းမကျေမနပ်ဖြစ်နေတာဆိုတော့ သေချာပေါက် ဒီသတင်းကို ဖြန့်ပြီးတော့ သူမ(ချီနာ)ရဲ့ နောက်ထပ် အရည်ရွှမ်းတဲ့အချက်အလက်တွေ ပေါင်းထည့်ပြီး ကောလဟာလကို ပိုမိုပြင်းထန်အောင် လုပ်လိမ့်မယ်။ချီနာက သူမရဲ့အိမ်ကို အထူးသီးသန့်သွားပြီးတော့ သူမရဲ့အမေနဲ့ဆွေမျိုးတွေကို သူမ(ချန်းရို့ယွီ)ရဲ့ သနားကြင်နာမှုဖော်ပြကာ ချန်းရို့ယွီရဲ့သမီးတစ်ယောက်အဖြစ် ကျရှုံးမှုကို စိတ်မကောင်းဖြစ်သလို သွားပြောမလားဆိုတာတောင် သူမ သိချင်မိတယ်။
ကံဆိုးတဲ့အရာတွေအားလုံး အတူတကွ စုစည်းလာတဲ့အချိန် ချန်းရို့ယွီ ရှုံးနိမ့်သွားသလို ခံစားရသည်။
သူမရဲ့အချစ်ကို ဆုံးရှုံးလိုက်ရတယ်။သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေကို ရှောင်ရှားခဲ့ပြီး သူမ သဘောကျတဲ့လူကို စော်ကားမိခဲ့သေးတယ်။သူမရဲ့မိသားစုကို လှည့်ဖြားခဲ့ပြီး အချိန်မရွေး ဖော်ထုတ်ခံရတော့မယ်။သူမ မုန်းတဲ့လူဆီကနေ ဟာသအလုပ်ခံရတော့မယ်။မကြာခင်မှာပဲ သူမက ထိုမြို့ငယ်လေးထဲက လူမှုအသိုင်းအဝိုင်းတွင် ဟာသပြက်လုံးတစ်ခု ဖြစ်လာတော့မယ်။သူမ ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရပေမယ့် တရားခံတွေကို တရားမစွဲနိုင်သေးဘူး။သူမရဲ့အသက်က အန္တရာယ်ရှိနေတုန်းပဲ။သူမရဲ့ အလုပ်မှာလည်း ချိန်ခွင်လျှာပေါ်မှာရှိနေပြီး အထက်လူကြီးတွေက သူမကို အနီးကပ်စောင့်ကြည့်နေကြတယ်........
ဒီရက်တွေမှာ ချန်းရို့ယွီ သက်ပြင်းချဖို့တောင် စိတ်ခွန်အားမရှိတော့ချေ။
သူမရဲ့ဖုန်းက အဆက်မပြတ် မြည်နေခဲ့တယ်။ထိုဆိုးယုတ်တဲ့ ယောကျာ်းနှစ်ဦးက ခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နေခဲ့ပြီး သူမကို အောက်တန်းကျတဲ့ စကားလုံးများဖြင့် ဆဲရေးတိုင်းထွာကာ သူမကို သတိထားနေဆိုပြီး သတိပေးခဲ့သည်။သူမရဲ့အမေကလည်း သူမကို ဖုန်းခေါ်ပြီးတော့ သူမ ခရီးသွားပြီလား၊Aမြို့ကို ဘယ်အချိန် ပြန်ရောက်မှာလဲ မေးမြန်းခဲ့ပြီး သူမရဲ့ဆွေမျိုးက Aမြို့ကို လာတော့မယ့်အကြောင်း ပြောသည်။သူမနဲ့အဆက်အသွယ်ရှိနေဆဲဖြစ်တဲ့ သူငယ်ချင်းအနည်းငယ်ထဲက တစ်ယောက်ဖြစ်တဲ့ ရန်ရန်က လက်တလော ချီနာက သူမအကြောင်း မကောင်းသတင်း ကောလဟာလတွေ ဖွနေတယ်ဆိုတဲ့အကြောင်း ပြောပြသည်။ရန်ရန်က သူမကို ပြင်ဆင်ထားရန် ပြောခဲ့၏။
ပြင်ဆင်ရမယ်?သူမက ဘာကို ပြင်ဆင်သင့်တာလဲ?
သူမရဲ့ဖုန်း မြည်လာတဲ့အချိန်တိုင်း သူမ တုန်လှုပ်ကြောက်ရွံ့နေရသည်။
နောက်ဆုံးမှာတော့ သူမ နောက်ထပ် ဂရုမစိုက်တော့ဘူးလို့ စိတ်ဆုံးဖြတ်လိုက်သည်။သူမရဲ့ မိုဘိုင်းခရက်ဒစ်ကို အသုံးပြုပြီးဖြစ်တာကြောင့် သူမက ခရက်ဒစ်ကို ဖြည့်သွင်းဖို့ ရည်ရွယ်ချက်မရှိဘဲ ဖုန်းလိုင်းကို ရပ်ဆိုင်းခံလိုက်သည်။ရက်အနည်းငယ်လောက် သေချင်ယောင်ဆောင်ပြီးတဲ့နောက် သူမ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု လုပ်ခဲ့ပြီး ရိုးရှင်းစွာဖြင့် သူမရဲ့လိုင်းကို စာရင်းပယ်ဖျက်ခဲ့သည်။သူမက သူမကိုယ်သူမ ဒီဒုက္ခပြဿနာတွေအားလုံးရဲ့ အဝေးမှာ နေပြီးတော့ လတ်ဆက်တဲ့စတင်မှုအသစ်တစ်ခု ပြုလုပ်ချင်သည်။
သူမ ဆက်ပြီးတော့ အရမ်းကံဆိုးနေလိမ့်မယ်ဆိုတာ မယုံဘူး။သူမ ဒါတွေအားလုံးထက်ပိုပြီးတော့ ကံဆိုးတဲ့အရာ ကြုံရလိမ့်မယ်ဆိုတာ မယုံဘူ၊။
ဒါပေမဲ့ သူမ မှားသွားခဲ့တယ်။
သူမ အမှန်တကယ်ပဲ ပိုပြီးတော့ ကံဆိုးတဲ့ ကိစ္စတစ်ခု ကြုံတွေ့ခဲ့တယ်!!!!
သူမ ပြင်းထန်တဲ့အစာအိမ်ရောဂါရှိလို့ ဆေးရုံထပ်တက်ရပြန်တယ်!!!
သူမရဲ့ စိတ်အခြေအနေ မကောင်းမွန်ပေ။သူမ ဘီယာတစ်ဘူးသောက်ပြီး spicyစွပ်ပြုတ်တစ်ပွဲသောက်လိုက်တာက သူမကို ပြင်းထန်တဲ့အစာအိမ်ရောဂါ ခံစားစေပြီးတော့ ဆေးရုံတက်စေခဲ့တယ်။ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့ ချန်းရို့ယွီက ငိုချင်နေပြီ။
တစ်ခုတည်းသော သတင်းကောင်းကတော့ သူမက သူမတက်ရောက်မယ့်ဆေးရုံကို ရွေးချယ်ဖို့ လုံလောက်တဲ့ သတိရှိနေခဲ့တာပဲ။ဆေးရုံက မုန့်ကု အလုပ်လုပ်နေတဲ့ဆေးရုံနှင့် အတော်လေး ကွာဝေးတဲ့နေရာမှာ တည်ရှိပြီး သူမသိတဲ့ လူတွေနှင့် အဝေးမှာ ရှိသည်။
သူမ တစ်ကိုယ်တည်းဖြစ်ဖို့ လိုအပ်တယ်။
ဒါပေမဲ့ တစ်ကိုယ်တည်းဖြစ်တာက သူမရဲ့ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာစေခြင်း မရှိပေ။သူမ ပိုပြီးတော့တောင် အားနည်းလာခဲ့ပြီး အရမ်းဝမ်းနည်းနေတယ်။သူမ အမှန်တကယ်ပဲ သူမကို ဘယ်သူမှ မသိတဲ့နေရာတစ်ခုမှာ ပုန်းနေချင်တယ်။
ချန်းရို့ယွီ မသိခဲ့တာက သူမ ဆေးရုံတက်နေတဲ့အချိန် သူမရဲ့သူငယ်ချင်းတွေက သူမကို အရူးအမူး လိုက်ရှာနေတယ်ဆိုတာပင်။
###########################