← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

ဒွိဟချစ်သံယောဇဉ်:

Chapter 11-ချိန်းဆိုမှု

ထိုညတွင် ချန်းရို့ယွီ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။

သူမကို စိုးရိမ်ပူပန်အောင်လုပ်တာ မုန့်ကုတစ်ယောက်တည်းမဟုတ်ဘဲ သူမရဲ့မိသားစုကလည်း သူမကို စိုးရိမ်ပူပန်စေခဲ့သည်။သူမရဲ့ဖုန်းကို ဆုပ်ကိုင်ပြီးတော့ တစ်ညလုံး စဉ်းစားနေခဲ့ပေမယ့် အဆုံးမှာတော့ သူမရဲ့အိမ်ကို ဖုန်းမခေါ်ရဲပေ။နောက်ရက်ကျရင် မုန့်ကုနဲ့ ရင်ဆိုင်ရမယ့် ပြဿနာရှိသေးတယ်ဆိုပြီး သူမကိုယ်သူမ ပြောလေသည်။၎င်းက သူ့ကို အစားအသောက်ဝယ်ကျွေးဖို့ ပိုက်ဆံမရှိတဲ့ ပြဿနာတင်မကဘဲ သူ့ရဲ့သဘောထားလည်း ဖြစ်သည်။

သူက ဘာလို့ သူမကို စိတ်အနှောင့်အယှက် ပေးနေရတာလဲ? သူသာ စိတ်အနှောင့်အယှက်မပေးရင် ကောင်းမယ်။သူမ စိတ်ရှုပ်နေပြီးတော့ သူမရဲ့မိသားစုကို ဘယ်လိုစကားပြောရမလဲဆိုတာ မသိချေ။သူမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်တည်ဆောက်ဖို့ ရည်ရွယ်ချက်မရှိတာကြောင့် လွယ်ကူ‌စေရန်ပဲ ဆုံးဖြတ်ခဲ့၏။

သူမ တစ်ညလုံး အိပ်မက်,မက်နေခဲ့ပြီး ကြက်သေ,သေနေခဲ့လေသည်။သူမရဲ့ အိပ်မက်ထဲတွင် သူမအမေက ခေါက်တံဖြင့် လိုက်ဖမ်းနေခဲ့သည်။သူမအမေက သူမကို ခေါက်တံဖြင့် ရိုက်၍ တစ်ချိန်တည်းမှာပဲ အော်လာခဲ့သည်။

"နင် မျက်နှာမလိုချင်ဘူးလား? နင်က ဒီလို အလိမ်အညာမျိုးတွေကိုတောင် ပြောရဲတယ်။ငါတို့ရဲ့ အသက်ကြီးတဲ့မျက်နှာတွေက နင့်ကြောင့် အရှက်ရနေပြီ။နင်က အိမ်ကို ပြန်လာဖို့ မျက်နှာရှိသေးတယ်ပေါ့လေ"

ချန်းရို့ယွီက လေကဲ့သို့ အလျင်အမြန် ပြေးနေခဲ့သည်။နှစ်ဖက်လုံးတွင် သစ်ပင်များစွာ ရှိပြီးတော့ အနီးကပ်ကြည့်မယ်ဆိုရင် ၎င်းက သစ်ပင်တွေ မဟုတ်ဘဲ လူများဖြစ်သည်။သူမက သူတို့ကို လျစ်လျှူရှုခဲ့ပြီး သူမအမေရဲ့အသံကို နောက်ထပ် မကြားနိုင်တော့ချေ။သူမ ပြန်လှည့်ကြည့်တဲ့အချိန် သူမအမေက မရှိတော့ပေ။၎င်းက ထူးဆန်းတယ်လို့ သူမ ခံစားရပြီး ရုတ်တရက် ခလုတ်တိုက်ကာ လဲကျသွားသည်။သူမက ခွေးရွှံ့ပေါ်တွင် လဲကျသွားခဲ့သည်။သူမရဲ့ပါးစပ်ထဲက ရွှံတွေကို ထွေးထုတ်ပြီးတော့ လှည့်ကြည့်လိုက်တဲ့အခါ သူမကို ခြေထိုးခံတဲ့လူက ချီနာဖြစ်တယ်ဆိုတာကို တွေ့လိုက်ရသည်။သူမစိတ်ထဲတွင် မီးတောက်သွား၏။ဒီအရှက်မရှိတဲ့လူက သူမကို ခြေထိုးရဲတယ်!သူမ ဒေါသတကြီး ထရပ်လိုက်ပြီးတော့ ချီနာ့အပေါ်ကို ခုန်အုပ်ကာ သူမ(ချီနာ)ကို မြေကြီးဆီ ချုပ်ထားပြီး အပေါ်ကနေ ထိုင်နေလိုက်၏။ချီနာက ရုန်းကန်ပြီးတော့ အော်ဟစ်နေခဲ့သည်။သူမက ချီနာကို မျက်နှာနှစ်ချက် ရိုက်လိုက်ပြီး အဲ့ဒီနောက် မြေကြီးပေါ်က ရွှံ့တွေကို ယူကာ သူမ(ချီနာ)ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

သူမ ဆက်တိုက်ထိုးထည့်နေခဲ့ပြီး အဲ့ဒီနောက် တစ်ခုခု မူမမှန်ဘူးလို့ ခံစားလိုက်ရတယ်။သူမရဲ့ မျက်လုံးတွေပြူးကာ ကြည့်လိုက်၏။သူမကိုယ်သူမ မုန့်ကုအပေါ်တွင် ထိုင်နေတာ တွေ့လိုက်ရသည်။သူမက သူ့အပေါ်တွင် ထိုင်ရုံတင်ထိုင်နေတာ မဟုတ်ဘဲ သူ့ရဲ့အင်္ကျီကော်လံကိုလည်း ဆုပ်ကိုင်ထားကာ သူ့အဝတ်အစားများက ဆွဲဖြဲခံထားရသည်။သူ့ရဲ့တောင့်တင်းတဲ့ရင်ဘတ်ကို သူမ ရေးရေးလေး မြင်နိုင်၏။

Yi.........သူ့ခန္ဓာကိုယ်က မဆိုးဘူးဟ^^

ချန်းရို့ယွီ၏မျက်နှာ ပူလာခဲ့ပြီးတော့ နီရဲလာခဲ့သည်။သူ့ရင်ဘတ်ကို မကြည့်ရဲတာကြောင့် သူမရဲ့မျက်လုံးတွေကို သူ့မျက်နှာဆီ ရွှေ့လိုက်သည်။မုန့်ကုက သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတာ မြင်လိုက်ရတော့ သူမ ထိတ်လန့်သွား၏။သူမ အရမ်းကြောက်သွားပြီးတော့ သူမရဲ့လက်ထဲက ရွှံ့တွေကို လွှင့်ပစ်လိုက်သည်။သူမ စကားမပြောနိုင်ခင်မှာပဲ အမျိုးသမီးအုပ်စုလိုက်ကြီး ပြေးလာကြသည်။

"ချန်းရို့ယွီ နင်က ဒေါက်တာမုန့်ကို လူယုတ်မာလို လုပ်ရဲတယ်ပေါ့လေ။နင် သေချင်နေတာပဲ!"

ချန်းရို့ယွီ အံ့ဩတုန်လှုပ်သွားတယ်။အိုး.....အမေရေ!!! လူအရေအတွက်ကို ကြည့်လိုက်ရင် အမှန်တကယ်ပဲ ဆေးရုံတံခါးပေါက်ကနေ သူမအိမ်အထိ တန်းစီလို့ရတယ်ဟ......သူမ အမြန်ထခုန်လိုက်ပြီးတော့ ပြေးထွက်လာခဲ့တယ်။

"ငါ လူယုတ်မာတစ်ယောက်လို မလုပ်ပါဘူး! ငါက ဘယ်လိုလုပ် လူယုတ်မာကို ယုတ်မာရမှာလဲ"

ရုတ်တရက် ချီနာက ထပ်ပေါ်လာပြန်သည်။ဒီတစ်ခေါက်တော့ သူမ(ချီနာ)က တောက်ပနေပြီးတော့ လူလိုသူလို လှပနေကာ ပြုံးရယ်နေလေသည်။

"ရို့ယွီ နင့်ကိုယ်နင် အထင်ကြီးမနေနဲ့။နင် လူယုတ်မာတစ်ယောက် ဖြစ်ချင်ရင်တောင်မှ နင့်မှာ အခွင့်အရေးရှိလို့လား? တခြားလူတွေက ဆန္ဒရှိတယ်လို့ နင် ထင်လို့လား? နင်က အရမ်းအရှက်မဲ့တာပဲ"

ရုတ်တရက် လူတွေအများကြီး ပေါ်လာပြီးတော့ အားလုံးက ချန်းရို့ယွီရဲ့မျက်နှာရှိကြကာ

"မှန်တယ်။သူ(မ)မှာ ပိုက်ဆံမရှိ၊အလုပ်မရှိ၊ယောကျာ်းမရှိ အရမ်းသနားစရာကောင်းတာပဲ........

ပိုက်ဆံမရှိ၊အလုပ်မရှိ၊ယောကျာ်းမရှိ အရမ်းသနားစရာကောင်းတာပဲ.....

ပိုက်ဆံမရှိ၊အလုပ်မရှိ၊ယောကျာ်းမရှိ အရမ်းသနားစရာကောင်းတာပဲ......."

သောက်ကျိုးနည်း! ဒါက တကယ်ပဲ ဒီလိုပုံစံနဲ့ ဆက်တိုက်အသံလွှင့်ဖို့ လိုအပ်လို့လား!?

ချန်းရို့ယွီ သူမရဲ့ ဦးရေပြား ထုံလာတယ်လို့ ခံစားရ၏။သူမကို နစ်ချတော့မယ့် ထူထဲလှတဲ့ လူအုပ်ကြီးကို ကြည့်လိုက်သည်။သူမရဲ့အမေက ရုတ်တရက် ပြုံးနေတဲ့မျက်နှာဖြင့် ပေါ်လာပြန်သည်။သူမရဲ့အမေက မုန့်ကုရဲ့လက်ကို ညင်သာစွာ ဆုပ်ကိုင်၍ ပြောလိုက်သည်။

"ငါ့သမီးက မင်းကို ဒီလိုလုပ်ခဲ့မှတော့ သူ(မ)ကို တာဝန်ယူခိုင်းလိုက်ပါ"

ဘာ!! သူမ မလိုချင်ဘူး!!!

ချန်းရို့ယွီ မကန့်ကွက်နိုင်ခင်မှာပဲ မုန့်ကုရဲ့မျက်နှာ ဖြူဖျော့သွားတာကို သူမ မြင်လိုက်ရသည်။သူက သူမကို တစ်ချက်ကြည့်ပြီးတော့ အထိတ်တလန့် ထွက်ပြေးသွားခဲ့သည်။

ခဏစောင့်ပါဦး.......ရှင်က ဘာလို့ ပြေးနေတာလဲ?သူမ သူ့ကို ကပ်တွယ်နေချင်တယ်လို့ မပြောခဲ့ဘူးလေ။အဲ့ဒါကို လုပ်ခဲ့ရင်တောင် ဒီကိစ္စက ဆွေးနွေးလို့ရပါသေးတယ်။

ချန်းရို့ယွီက သူ့ရဲ့ထွက်ခွာသွားတဲ့ မြင်ကွင်းကိုကြည့်ကာ အရူးအမူးပြေးပြီးတော့ လန့်နိုးလာခဲ့သည်။

နိုးလာပြီးတဲ့နောက် ခဏလောက်ကြာတဲ့အထိ သူမ ဟောဟဲလိုက်နေဆဲဖြစ်ပြီး သူမရဲ့နှလုံးသားက အပြင်းအထန် ခုန်ပေါက်နေဆဲပင်။တစ်ညလုံး ပြေးရတာက တကယ့်ကို ပင်ပန်းလှ၏။သူမရဲ့စိတ်ထဲ စွဲကျန်နေတဲ့ ကြောက်ရွံ့မှုကို ခံစားရ၏။အချိန်တော်ကြာ စဉ်းစားပြီးတဲ့နောက် သူမရဲ့စောင်ကို ဆွဲယူကာ ခေါင်းကိုဖုံးလိုက်သည်။သူမ အမှန်တကယ်ပဲ သူမကိုယ်သူမ မြှုပ်နှံပစ်ချင်တယ်။

ဒါပေမဲ့ ရုတ်တရက် အလင်းရောင်တစ်ခု ဖြတ်သန်းသွားတယ်။သူမရဲ့ခေါင်းကို စောင်ထဲက‌နေ ထုတ်လာလိုက်တယ်။သူမက မုန့်ကုရဲ့ထွက်ခွာသွားတဲ့ပုံရိပ်ကို စဉ်းစားမိပြီးတော့.......ဟုတ်တယ်......အခု သူ့ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူမ နည်းလမ်းတစ်ခု စဉ်းစားမိပြီ။

သူက သူမ သူ့ကို ကပ်တွယ်နေမှာကို စိုးရိမ်တယ်။သူက သူငယ်ချင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်။သူမက အရမ်းသိမ်မွေ့နေခဲ့ပြီးတော့ အဲ့ဒီနောက် သူ့ဆီကနေ ပုန်းခဲ့တယ်။ဒါကြောင့် သူက သူမကို မာနကြီးပြီးတော့ ဆက်ဆံခဲ့တယ်။အကယ်၍ သူမကလည်း စိတ်ကြီးဝင်စွာနဲ့ သူ့ကို ကပ်တွယ်နေမယ်ဆိုရင် သူ သေချာပေါက် ကြောက်သွားမှာပဲ။သူကြောက်ရွံ့မှုကို ခံစားရသရွေ့ သူမဆီကနေ သူ ပုန်းရှောင်ရမယ့် အလှည့်ဖြစ်သွားပြီ။အဲ့ဒါဆိုရင် သူမ ငြိမ်းငြိမ်းချမ်းချမ်းရှိပြီဆိုတဲ့ အဓိပ္ပာယ်ပဲလေ ဟုတ်တယ်မလား?

အရေထူတာက အရမ်းအင်အားကြီးတယ်။ဘဝမှာ မျှော်လင့်ချက်ရှိပြီ။

ဟုတ်တယ်! အဲ့ဒါကို ဒီနည်းလမ်းနဲ့ လုပ်ဆောင်ရမယ်!

★★★★★★★★★★

နောက်တစ်နေ့ ညနေ၅နာရီ၅၈မိနစ်တွင် ချန်းရို့ယွီ ဆေးရုံသို့ ရောက်လာခဲ့သည်။သူမက သူ့ရဲ့ရုံးခန်းဆီ သွားပြီးတော့ စောင့်ကြည့်ပြောဆိုခံရဖို့အထိတော့ မတုံးအပေ။ဒါကြောင့် သူမ ဆေးရုံထဲက ပန်းခြံအ‌ဆောက်အဦးထဲသို့ သွားလိုက်သည်။ပန်းခြံကို မြင်ကွင်းကောင်းကောင်းဖြင့် ကြည့်နိုင်မယ့် ခုံတန်းရှည်တစ်ခုကို သူမ ရှာတွေ့ခဲ့ပြီး ထိုင်လိုက်ကာ မုန့်ကုဆီ မက်ဆေ့ခ်ျပို့လိုက်သည်။

~ဒေါက်တာမုန့် ကျွန်မရောက်နေပြီနော်။ရှင်နဲ့ ချိုမြိန်ပြီး ရင်ခုန်စရာကောင်းတဲ့ ညစာလေးစားဖို့အတွက် ငှက်သံလေးတွေ၊ပန်းနံ့မွှေးမွှေးလေးတွေရှိတဲ့ ပန်းခြံပုံစံစားသောက်ဆိုင်ဆီ ခေါ်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီ။မြန်မြန် ဆင်းလာခဲ့နော်။ကျွန်မ ပန်းခြံအဆောက်အဦးထဲမှာ စောင့်နေတယ်~

ခဏလောက် စဉ်းစားပြီးတဲ့နောက် သူမ နောက်ထပ်စာကြောင်းတစ်ကြောင်း ပေါင်းထည့်လိုက်သည်။

~ကျွန်မတို့ မတွေ့ဘူးဆိုရင် ကျွန်မ ထွက်မသွားဘူးနော်!!!!!~

ပြင်းထန်တဲ့ အာမေဋိတ်သင်္ကေတ(!)တွေက သူမရဲ့ ညုတုတုလေသံကို အသားပေးထားသည်။

ဒါဆိုရင် လုံလောက်အောင် ရွံဖို့ကောင်းသွားပြီ။နင့်ကို တုန်လှုပ်အောင် မလုပ်နိုင်ဘူးလို့ ငါ မယုံဘူး!

သူမက ထိုမက်ဆေ့ခ်ျကို သုံးကြိမ်သုံးခါ စစ်ဆေးပြီးတဲ့နောက် အံကြိတ်၍ မုန့်ကုဆီ ပို့လိုက်သည်။

မုန့်ကုက သူမရဲ့မက်ဆေ့ခ်ျကို စာမပြန်ချေ။ချန်းရို့ယွီက သူမရဲ့ဖုန်းကို ကြည့်ပြီးတော့ မက်ဆေ့ခ်ျကို ဖတ်နေရင်း မျက်မှောင်ကြုတ်နေမယ့် သူ့ရဲ့အံ့ဩနေတဲ့မျက်နှာကို စိတ်ကူးကြည့်မိသည်။သူမ ပြုံးလိုက်၏။

ဟားဟား.....ဒါ နင့်ကို ရူးသွားစေမှာပဲ.......နင်က ငါ့ကို အတင်းဖိအားပေးပြီးတော့ နင့်ကို ညစာကျွေးခိုင်းတယ်လေ။အခု ငါ နင့်ကို သတ်ပစ်မယ်..........

အချိန်တော်ကြာ‌ စောင့်ပြီးတဲ့နောက် မုန့်ကုက မဆင်းလာပေ။ချန်းရို့ယွီက နာရီကို ကြည့်၍ ၆နာရီခွဲအထိ စောင့်မယ်ဟု ဆုံးဖြတ်လိုက်သည်။သူ မပေါ်လာသေးဘူးဆိုရင် သူမက နောက်ထပ် အချစ်တွေနဲ့ပြည့်နေတဲ့ နှုတ်ဆက်စာကို သူ့ဆီပို့ပြီး ထွက်သွားတော့မယ်။

အဆောက်အဦးထဲတွင် ပြေးလွှားဆော့ကစားနေသည့် ကလေးများ ရှိသည်။ချန်းရို့ယွီက သူတို့ကို ပျော်ရွှင်စွာ ကြည့်၍ ကလေးတွေကိုလည်း စနောက်နေလေသည်။သူမ ကလေးတွေရဲ့ ကလေးသံလေးတွေကို လိုက်တုပပြီးတော့ ကလေးတွေနဲ့ စကားပြောနေတဲ့အချိန်မှာပဲ မိန်းမတစ်ယောက်ရဲ့ အော်သံကို ကြားလိုက်ရသည်။

"ချန်းရို့ယွီ!"

ချန်းရို့ယွီ သူမရဲ့ခေါင်းကို လှည့်ကြည့်လိုက်ပြီးတော့ သူနာပြုထန်ကို တွေ့လိုက်ရသည်။

လှပတယ်၊ကိုယ်ဟန်အနေအထားကောင်းတယ်၊နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ရှိတယ်၊ကြော့ရှင်းရည်မွန်ပြီးတော့ ပြေပြစ်သွယ်လျတဲ့ သူနာပြုထန်ပဲ။ဒေါက်တာမုန့်က သူမနဲ့ အမြဲတမ်း ရယ်မောပြီးတော့ စကားပြောလေ့ရှိကာ ဒီသူနာပြုထန်အတွက် ပုံမှန်မဟုတ်တဲ့ နှစ်သက်မှုရှိတယ်လို့ ပြောလို့ရတယ်။

ချန်းရို့ယွီ မတ်တပ်ရပ်ပြီးတော့ သတိအပြည့်ဖြစ်သွား၏။

သူနာပြုထန်က သူမကို ခေါင်းအစခြေအဆုံးကြည့်၍ အမူအရာက ဖော်ရွေခြင်းမရှိပေ။သူမ(သူနာပြုထန်)ရဲ့အသံကလည်း အေးစက်နေသည်။

"ဒေါက်တာမုန့် မအားဘူး။နင့်ရဲ့ ချိုမြိန်ပြီးရင်ခုန်စရာကောင်းတဲ့ ညစာက ပျက်သွားပြီ။သူက ငါ့ကို နင် သိအောင် ပြောခိုင်းလိုက်လို့"

ထိုးနှက်ချက်တစ်ချက်တည်းဖြင့် သူမကို ဖြုတ်ချတယ်။အရမ်းကောင်းတယ်..........ဒီမကောင်းတဲ့ကောင်က သူမကို ကြိမ်းမောင်းဖို့ ဒေါသထွက်နေတဲ့ မိန်းမတစ်ယောက်ကို လွှတ်လိုက်တယ်ပေါ့လေ။သူမက တကယ်ပဲ အဲ့လောက်အနိုင်ကျင့်ဖို့ လွယ်နေလို့လား?

ချိုမြိန်ပြီး ရင်ခုန်စရာကောင်းတဲ့ညစာ.........ကြည့်ရတာတော့ သူမက မက်ဆေ့ခ်ျကို မြင်သွားပုံပဲ။ချန်းရို့ယွီ ဒေါသထွက်နေပြီ။အဲ့ဒီ လူသေမွန်ဂိုဆရာဝန်က တကယ်ကြီး သူမပို့တဲ့စာကို သူမ(သူနာပြုထန်)ကို ဖတ်ခိုင်းပြီးတော့ သူမကို မောင်းထုတ်ဖို့တောင် ဒီမိန်းမကို လွှတ်လိုက်သေးတယ်။

ဒါ ဘာအဓိပ္ပာယ်လဲ? အချက်ပေးနေတာပေါ့လေ......နင်လာရမယ်....နှုတ်ဆက်.....ပြီးရင် ထွက်သွားရမှာလား?

ချန်းရို့ယွီက တိတ်တဆိတ် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ဆရာဝန်တစ်ယောက်ဖြစ်ရတာက အမြဲတမ်း အရမ်းအလုပ်များနေတာပဲလေ။ငါ နားလည်ပါတယ်။သူ ထပ်ပြီးတော့ အရေးပေါ်ခွဲစိတ်မှု လုပ်နေလို့လား?ဒါက ညစာလေးတစ်ခုပဲလေ။ဘာမှ မဟုတ်ဘူး။တစ်ညတုန်းကဆိုရင် သူ အရေးပေါ်ခွဲစိတ်မှုပြီးတဲ့အချိန် မနက်၄နာရီလောက်ကြီးကို သူက ငါ့ကို ဖုန်းခေါ်ပြီးတော့ အိပ်ရေးပျက်အောင်တောင် လုပ်ခဲ့သေးတယ်လေ။ဒါပေမဲ့ ငါ သူ့ကို အပြစ်မတင်ပါဘူးဟယ်"

သူမက ပြုံးပြီးတော့ သဘောထားကြီးကာ သည်းခံနိုင်တဲ့ပုံစံ နေလိုက်သည်။တကယ်တော့ သူမရဲ့စိတ်ထဲမှာ အံကြိတ်နေတာဖြစ်သည်။

အဲ့ဒါ ဘယ်လိုလဲ? သူမ လုံလောက်အောင် ဒွိဟဖြစ်စေရဲ့လား? အဲ့ဒါက သူမ(သူနာပြု)ထန်ကို စိတ်အနှောင့်အယှက်ဖြစ်စေရဲ့လား?

သူနာပြုထန်ရဲ့မျက်နှာ တောင့်တင်းသွား၏။

ချန်းရို့ယွီ အနည်းငယ် ကျေနပ်သွားသည်။သူမက ပြုံးကာ ဆက်ပြောလိုက်သည်။

"သူ အလုပ်များနေတယ်ဆိုမှတော့ ငါ မတက်သွားတော့ဘူး။နင် ငါ့ကို ကူပြီးတော့ သူ့ကို ပြောပေးဦးနော်။နောက်တစ်ခါ သူ ငါနဲ့ ချိန်းချင်တယ်ဆိုရင် သူ အားတဲ့အချိန်ဖြစ်အောင် သေချာလုပ်ပါလို့။ဒါဆိုရင် အချိန်ကုန်သက်သာတယ်လေ။ငါက အမြဲတမ်း အားနေတာ မဟုတ်လို့"

'နောက်တစ်ခါ သူ ငါနဲ့ ချိန်းချင်တယ်ဆိုရင်...'ထိုစကားတွေကို အလေးပေး ပြောခဲ့သည်။သူမ လိမ်တာ မဟုတ်ပေ။အမှန်ပဲ အဲ့ဒီလူသေမွန်ဂိုဆရာဝန်က သူမကို လာ‌စေချင်တာဖြစ်၏။သူမက လာချင်တာ မဟုတ်ပေ။

သူနာပြုထန်ရဲ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူမရဲ့ပါးစပ်ကိုဖွင့်ကာ တစ်ခုခု ပြောချင်ပေမယ့် သူမ တိတ်နေလိုက်သည်။သူမက ချန်းရို့ယွီကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့၍ အဝေးလှည့်ထွက်သွားသည်။

"သူနာပြုထန်"

ချန်းရို့ယွီက သူမကို ခေါ်၍ ပြောလိုက်သည်။

"ငါ တကယ်တောင်းပန်ပါတယ်နော်။ငါတို့ကြားမှာ စကားပါးပေးဖို့ နင့်ကို ဒုက္ခပေးနေရပြီ။ငါ နောက်မှ သူနဲ့ စကားပြောလိုက်ပါမယ်"

သူမက ပြုံးပြီးတော့ ပိုမိုဆိုးရွားသွားတဲ့ သူနာပြုထန်ရဲ့မျက်နှာကို ကြည့်ကာ အလွန်ကျေနပ်သွားသည်။

သူနာပြုထန် ဒေါသတကြီးဖြင့် ထွက်သွားသည်။ချန်းရို့ယွီက ခုံတန်းပေါ်ထိုင်၍ မုန့်ကုဆီ နောက်ထပ်မက်ဆေ့ခ်ျတစ်စောင် ပို့ရန် ရည်ရွယ်ချက်ဖြင့် သူမရဲ့ဖုန်းကို ထုတ်ယူလိုက်သည်။

အခြားလူတွေကို မြင်စေတယ်ပေါ့လေ? သူမကို တမင်တကာ အရှက်ခွဲတာပေါ့ ဟုတ်လား? သူမက တွန့်ဆုတ်နေမှာ မဟုတ်ဘူး။

~ကျွန်မရဲ့အချစ်လေးရေ......ရှင့်အလုပ်ကို ဆက်လုပ်ပြီးတော့ ကျန်းမာရေးကို ဂရုစိုက်နော်။လှပသိမ်မွေ့တဲ့ သူနာပြုထန်က ကျွန်မဆီကို ရှင်ပြောခိုင်းတာ ပြောပြီးသွားပြီ။ရှင် ဘာလို့ သူ(မ)ကို ဒုက္ခပေးရတာလဲနော်။ရှင် သူ(မ)ကို သေချာကျေးဇူးတင်ရမယ်နော်။ညစာအတွက် ပန်းခြံစားသောက်ဆိုင်ကိုတော့ ကျွန်မဘာသာပဲ သွားလိုက်ပါ့မယ်။ဗိုက်အဆာမခံနဲ့နော်။ကျွန်မကိုလည်း အများကြီး တွေးမနေနဲ့ဦး~

ဒီတစ်ခေါက်တော့ သူမက စာကို ပြန်မဖတ်တော့ဘဲ ပျော်ပျော်ကြီးပဲ ပို့လိုက်သည်။

အဲ့ဒီနောက် သူမရဲ့အိတ်ထဲကနေ ဓာတ်ဆားရေဘူးတစ်ဘူး ထုတ်ပြီးတော့ ပေါင်မုန့်နှစ်လုံးထုတ်ကာ စားလိုက်သည်။

သူမက စားနေရင်းဖြင့် စဉ်းစားလိုက်တယ်။အကယ်၍ သူမသာ ဒီလိုဖြစ်လိမ့်မယ်ဆိုတာ သိခဲ့ရင် ဒါအစား မန်ထိုပဲ ဝယ်လာပါတယ်။မန်ထိုတစ်ခုမှ ၀.၅၀ယွမ်ပဲကျတာ။ပေါင်မုန့်က ၅ယွမ်တောင် ကျတယ်။

သူမ အမှန်တကယ်ကို ဆုံးရှုံးနစ်နာမှုကြီး ခံစားရတာပဲ!!

####################

All Chapters