← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

ဒွိဟချစ်သံယောဇဉ်:

Chapter 14-မက်မွန်ပွင့်ပုပ်

အဆုံးတွင် အားလုံးမသောက်ကြတော့ပေမယ့် လေထုက ပိုပြီးတော့ ဆူညံလာသည်။ယောကျာ်းတွေ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဖော်ပြတဲ့ပုံစံက နည်းနည်းတော့ ထူးဆန်းတယ်။သူတို့‌တွေက တစ်ဖက်လူကို နှိမ့်ချရန်ရည်ရွယ်ချက်ဖြင့် အတိတ်ကဖြစ်ခဲ့တဲ့ အရှက်တကွဲဖြစ်ရပ်များအကြောင်း ပြောဆိုကြသည်။

"လဲ့ဖုန်းက တစ်လောကလုံးမှာ အအေးဆုံးနဲ့အငြိမ်ဆုံးလူသားပဲ"

ရင်းဇယ်က ကောက်ချက်ချလိုက်သည်။

"ရှောင်ယွင် နင် သူ့ကို သတိထားရမယ်။သူ့မှာ မကောင်းတဲ့လှည့်ကွက်တွေ အပြည့်ရှိတယ်"

"မင်းရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးပဲ။ဒါပေမဲ့ သွေးထိုးပေးဖို့ မလိုအပ်ဘူး"

လဲ့ဖုန်းက စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိချေ။

"ရှောင်ယွင်က ငါတို့ရဲ့ အဓိကအချက်ကို ရှင်းရှင်းလင်းလင်းသိတယ်။ငါတို့သုံးယောက်ထဲမှာ ငါတစ်ယောက်တည်းကပဲ ငါ့အချစ်ဦးကို ငါ့ရဲ့တစ်ဦးတည်းအချစ်အဖြစ် ပိုင်ဆိုင်ထားတာလေ။ငါ့မှာ တစ်ယောက်တည်းကိုပဲ အထူးသီးသန့်ချစ်တတ်တဲ့အချစ်ရှိပြီး မင်းတို့ လူယုတ်မာနှစ်ကောင်ကို မယှဉ်နိုင်ပါဘူးကွာ"

"သောက်ကျိုးနည်း! မင်းကမှ တကယ်သွေးထိုးနေတဲ့ကောင်ပဲ"

ရင်းဇယ်က ကောင်းယွီလန်ကို လှည့်ကြည့်၍ ရိုးသားတဲ့ပုံစံဖြင့်

"သူ ပြောတာ နားမထောင်နဲ့နော်။ကိုယ့်မှာ အစစ်မှန်ဆုံး နှလုံးသားရှိတာပါ။တကယ်တော့ အောက်တန်းအကျဆုံးက မုန့်ကုပဲ။သူ့မိန်းမတွေက မရေတွက်နိုင်ဘူး"

"ထွက်သွားစမ်း!"

မုန့်ကုက စားပွဲပေါ်တင်ထားတဲ့ ပဲပိစပ်ကို လက်တစ်ဆုပ်စာယူ၍ ရင်းဇယ်ဆီ ပစ်လိုက်သည်။

ရင်းဇယ်က သူ့လက်တွေမြှောက်ပြီးတော့ လက်ချောင်းတွေချိုးကာ ရေတွက်သည်။

"လျန်းရှရှ၊ရန်မိန့်ဟွား၊ဝမ်ဖန်း၊လျှို့ရင်း........ငါ သိတဲ့ မိန်းမတွေကိုက ဆယ်ယောက်လောက်ရှိတယ်။ငါ မသိတဲ့လူတွေကရော?"

ချန်းရို့ယွီက နားစွင့်ကာ နားထောင်နေခဲ့သည်။ဒီမုန်လာဉပွင့်ကြီး*......အမှန်ကို စက်ဆုပ်စရာပဲ။သူက တကယ့်ကို မယုံကြည်ရဘူး။ကံကောင်းလို့ပေါ့ သူမက အချိန်မီ ပြန်လှည့်လာလိုက်ပြီး ဒုက္ခကြီးကြီး မရောက်ခဲ့ဘူး။

(မုန်လာဉပွင့်ဆိုတဲ့အဓိပ္ပာယ်က အချစ်ရေးမှာ ပွေရှုပ်ပြီးတော့ သစ္စာမရှိတဲ့ယောကျာ်းကို ဆိုလိုပါတယ်။ဒီနေရာမှာကိုယ်ရေးထားတာ တမျိုးဖြစ်နေရင် သည်းခံပေးပါနော်။ဒီအသုံးအနှုန်းက အခုမှ မြင်ဖူးတာမလို့ပါ)

ဒီတစ်ကြိမ်မှာတော့ တင်းရှောင်ယွင်က မုန့်ကုဘက်ကနေ ရပ်တည်ပြီး ပြောလိုက်သည်။

"အဲ့ဒီလူတွေက မုန့်ကုရဲ့ကောင်မလေးတွေလို့ သတ်မှတ်လို့မရဘူးလေ။သူတို့က သူ့ကို လိုက်ကြတဲ့လူတွေပဲ။အဆုံးကျတော့ သူတို့တွေ သူ့ကို မရနိုင်တဲ့အချိန်ကျ သူတို့က သူ့အကြောင်း မ‌ကောင်းသတင်းတွေ ပြောကြတော့တာပဲ။ငါကတော့ မုန့်ကုက နစ်နာသူလို့ ထင်တယ်"

"မှန်တယ်"

မုန့်ကုက ပြုံးလိုက်ပြီးတော့

"ရှောင်ယွင်တစ်ယောက်ပဲ ငါ့ကို နားလည်တယ်။အဲ့ဒါကြောင့် ဒီဘဝမှာ ငါအချစ်ဆုံးက နင်ဖြစ်နေတာ"

ချန်းရို့ယွီရဲ့နှလုံးသား ခုန်ပေါက်သွားပြီးတော့ သူမရဲ့ခေါင်းကိုမော့ကာ တင်းရှောင်ယွင်ကို အလေးအနက် ကြည့်လိုက်တယ်။နူးညံ့သိမ်မွေ့ပြီးတော့ ချစ်စရာကောင်းတယ်၊လှပပြီးတော့ ကိုယ်ဟန်အနေအထားကောင်းတယ်၊ဒီအရည်အချင်းတွေအားလုံးကို သူနာပြုထန်နဲ့လျန်စီးစီးတို့ဆီမှာ ရှာတွေ့တယ်။သူတို့အားလုံးက တူညီတဲ့ အမျိုးအစားတွေပဲ။

တစ်ဖက်တွင်တော့ လဲ့ဖုန်းက မုန့်ကုကို စိုက်ကြည့်၍

"မင်း သေချင်နေတာလား"

"တစ်ယောက်ချင်းလား"

မုန့်ကုက မျက်ခုံးပင့်၍ သူ့ကို စိန်ခေါ်လိုက်သည်။

"သောက်ကျိုးနည်း! အဲ့ဒီအချိန်တုန်းက ငါ မင်းကို မကူညီခဲ့သင့်ဘူး။ဒီလူယုတ်မာကို သေတဲ့အထိ ထားခဲ့သင့်တာ"

လဲ့ဖုန်းက ပြန်ပြောလိုက်၏။

"အဲ့အချိန်တုန်းက ငါ့ကို ရှာတွေ့တာ ရှောင်ယွင်လေ။မင်းနဲ့ ဘာဆိုင်လို့လဲ"

"ရှောင်ယွင် မင်းကို လိုက်ရှာတာက မင်းက ငါ့သူငယ်ချင်းဖြစ်နေလို့လေ။အားလုံး ငါ့ကြောင့်ပဲ"

လဲ့ဖုန်းက ပြောလိုက်၏။

"ဒါဆို မင်းက တကယ်ပဲ ငါ့ကို ချစ်နေတာပေါ့လေ?ရှောင်ယွင်က ဒိုင်းကာတစ်ခုပဲလား?"

အရှက်မဲ့စွာဖြင့် မုန့်ကုက ရှေ့မှီပြီးတော့ လဲ့ဖုန်းကို ဖက်လိုက်သည်။

"ငါ့အချစ်လေး မင်း ငါ့ကို စောစော ပြောသင့်တာပေါ့။ငါ့မှာလည်း မင်းအတွက် တူညီတဲ့ ခံစားချက်တွေ ရှိပါတယ်"

"ငါရောပဲ။ငါ မင်းကို တကယ်ချစ်တယ် အစ်ကိုဖုန်း"

ရင်းဇယ်က လဲ့ဖုန်းရဲ့လက်ကို သူ့ရင်ဘတ်နားထားလိုက်ပြီး

"ငါ့နှလုံးခုန်သံကို နားထောင်ကြည့်ပါဦး"

"သောက်ကျိုးနည်း!"

လဲ့ဖုန်းက ၎င်းကို ဆက်ပြီးတော့ သည်းမခံနိုင်တော့ပေ။သူက ထခုန်လိုက်ပြီးတော့ သူတို့တစ်ယောက်ချင်းဆီကို အနည်းငယ် ထိုးပေးလိုက်သည်။

ယောက်ျားကြီးသုံး‌ယောက်က ‌ဘေးတစ်ဖက်ကို သွားကာ ၎င်းကို ရင်ဆိုင်ဖြေရှင်းနေကြသည်။ရှောင်ယွင်နှင့်ရင်းနင်က ရှုပ်ထွေး‌မှုတွေကို ရှင်းသွားစေရန်အတွက် အခြားအမျိုးသမီးနှစ်ဦးကို ရှင်းပြပေးခဲ့သည်။

မုန့်ကု ငယ်ငယ်တုန်းက ဒေါသအရမ်းကြီး၏။သူ့ရဲ့ ပုန်ကန်တဲ့အဆင့်က အနည်းငယ်စောရောက်လာခဲ့ပြီး အထူးသဖြင့် အချိန်ရှည်ကြာသည်။သူက အမြဲတမ်း သူ့မိသားစုနှင့် ထိပ်တိုက်တွေ့နေခဲ့သည်။သူ့အဖေက ဆေးရုံရဲ့ လက်ထောက်ဌာနမှူးဖြစ်တာကြောင့် မုန့်ကုက သူ့အဖေရဲ့နေရာကို ဆက်ခံလိမ့်မယ်လို့ မျှော်လင့်ထားခဲ့၏။မုန့်ကု ငယ်ငယ်လေးကတည်းက အနာဂတ်တွင် ဆရာဝန်ဖြစ်လာဖို့က သူ့အဖေရဲ့ဆန္ဒဖြစ်ပေမယ့် မုန့်ကုအဖေရဲ့ သင်ကြားမှုနည်းလမ်းတွေက အနည်းငယ် ကြမ်းတမ်းလွန်းသည်။မုန့်ကုနဲ့သူ့အဖေရဲ့ဆက်ဆံရေးက

ကောင်းမွန်ခြင်းမရှိတာကြောင့် သူက ဆန့်ကျင်ဘက် ပြုလုပ်ခဲ့သည်။သူက စာကောင်းကောင်း လေ့လာသင်ယူခြင်းမရှိဘဲ ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမှာမဟုတ်ကြောင်း အခိုင်အမာ ပြောခဲ့သည်။နောက်ပိုင်းတွင် သူတို့ ကြီးကြီးမားမား ရန်ဖြစ်ခဲ့ကြပြီး သူ အိမ်ကနေ ထွက်လာခဲ့သည်။

သူ အိမ်ကနေ ထွက်သွားတဲ့အချိန်တုန်းက သူ့မိသားစုကို ဗြောင်းဆန်စေခဲ့သည်။သူ့မိဘတွေက သူ ဒုစရိုက်အဖွဲ့တွေနဲ့ ပေါင်းမိသွားပြီး ဒုက္ခရောက်မှာ စိုးရိမ်ကြသည်။ဒါကြောင့် လူတိုင်းက သူ့ကို နေရာအနှံ့ ရှာဖွေခဲ့ကြပေမယ့် သူတို့တွေ သူ့ကို လုံးဝ ရှာမတွေ့ခဲ့ကြပေ။နောက်ဆုံးမှာတော့ ရှောင်ယွင်ရဲ့သူငယ်ချင်းတစ်ယောက်က သူမဆီကို ဓာတ်ပုံတစ်ပုံ ပို့လာခဲ့ပြီး တိုက်ဆိုင်စွာဖြင့် ထိုဓာတ်ပုံ၏ နောက်ခံတွင် မုန့်ကုရဲ့ မြင်ကွင်းကို ပြသထားသည်။ဒါ‌ကြောင့် လူတိုင်းက သူ့ကို သွားရှာပြီးတော့ ပြန်ခေါ်ခဲ့ကြသည်။

အစပိုင်းတွင် မုန့်ကုသည် အိမ်ပြန်ဖို့ ဆန္ဒမရှိပေမယ့် သူ့အမေက အပြင်းအထန် ဖျားနာလာခဲ့သည်။သူ့အမေက သူနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့ကာ တဖြည်းဖြည်းနှင့် အပြင်းအထန် နေမကောင်းဖြစ်သွားပြီး ဆေးရုံတင်လိုက်ရသည်။သူ သိတာနဲ့ သူက ချက်ချင်း အိမ်ပြန်သွားခဲ့သည်။သူ့အမေ အပြင်းအထန် နေမကောင်းဖြစ်ပြီးတော့ သေလုနီးပါး ဖြစ်တာ‌ကြောင့်သာ အဲ့ဒီနောက်မှသာလျှင် မုန့်ကုက နောင်တရခဲ့၏။အဲ့ဒီနောက် သူက တာဝန်သိတတ်ပြီး တည်ငြိမ်လာခဲ့သည်။သူ့အဖေကလည်း သူ့ရဲ့ကလေးတွေအပေါ်ဆက်ဆံတဲ့ပုံစံကို ပြန်သုံးသပ်ပြီး သူတို့မိသားစုက သဟဇာတဖြစ်လာခဲ့သည်။မုန့်ကုက သူ့မိသားစုရဲ့ စီစဉ်မှုတွေကိုလည်း နာခံခဲ့သည်။သူသည် ဆေးတက္ကသိုလ်တက်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ဆရာဝန်တစ်ဦး ဖြစ်လာခဲ့သည်။

မုန့်ကုက ဉာဏ်ကောင်းပြီးတော့ စာကြိုးစားခဲ့သည်။ထိုနှစ်တွင် သူ ပထမအဆင့်ရရှိပြီးတဲ့နောက်ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး နာမည်ကောင်းနှင့် တစ်ချိန်လုံး ရလဒ်ကောင်းများလည်း ရရှိခဲ့သည်။သူက အသက်ငယ်ငယ်လေးမှာတင် များလှစွာ‌သော သုတေသနပရောဂျက်များကို ပါဝင်ခဲ့ရုံသာမက ဆေးရုံပေါင်းများစွာကလည်း သူတို့ရဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်းကို ခံခဲ့ရသည်။ဒါက သူ့အဖေကို အလွန်ဂုဏ်ယူစေပြီးတော့ သူ့အဖေရဲ့မျက်နှာကို ဂုဏ်ကျက်သရေ ထွန်းကားစေခဲ့သည်။ဒါဟာ အရင်တုန်းက သူ ငယ်ရွယ်ပြီး‌ ခေါင်းမာတဲ့အချိန်က အတိတ်မှာ လုပ်ခဲ့တဲ့ အမှားတွေအတွက် ပြင်ဆင်တာလည်း ဖြစ်တယ်ဟု ယူဆလို့ရသည်။

ချန်းရို့ယွီက နားထောင်ပြီးတော့ သူမ မိသားစုနဲ့ အဆက်အသွယ်ဖြတ်တဲ့အပေါ် သူ ဘာကြောင့် အလွန်ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့လဲဆိုတာ သူမ နောက်ဆုံးတော့ သဘောပေါက်သွားပြီ။သူမဘာသာ စဉ်းစားလိုက်တဲ့အချိန် သူမရဲ့မိသားစုကို အပြစ်ရှိတယ်လို့ ခံစားရ၏။

ရင်းဇယ်နဲ့ သူ့သူငယ်ချင်းတွေ မြင်းတွေကဲ့သို့ ပြေးပတ်ပြီးတဲ့နောက် စားပွဲကို ပြန်လာတဲ့အချိန် တင်းရှောင်ယွင်နှင့်ရင်းနင်က မုန့်ကုကို ချီးမွမ်းနေတာ ကြားလိုက်ရသည်။သူ မကျေမနပ် ဖြစ်သွား၏။

"နင်တို့က ဘာလို့ သူ့ကို ချီးမွမ်းနေကြတာလဲ?ဒီကောင်က သူ မောက်မောက်မာမာ နေတာကလွဲရင် ချီးကျူးစရာမရှိဘူး။သူ ဘယ်လောက် အောက်တန်းကျလဲဆိုတာ နင်တို့ ပြောသင့်တယ်။ငါတို့ကို အဖွဲ့လိုက်ရန်ပွဲတွေထဲပါခိုင်းတယ်။ပြီးရင် သူ့ပါးစပ်နဲ့ ‌စော်ကားခဲ့တဲ့လူတွေက ဘယ်နှ‌ယောက်ရှိနေမှန်းတောင် မသိဘူး။ဒါကို စဉ်းစားတော့မှ ငါ့မှာ သူ့အတွက် သူငယ်ချင်းအနေနဲ့ နက်နက်ရှိုင်းရှိုင်း ခံစားချက်တွေ မရှိဘူး။သူ့ရဲ့မကောင်းတဲ့ပါးစပ်က အနိုင်ကျင့်တဲ့သူတွေကို စော်ကားမိလို့ ရန်ပွဲတွေအများကြီး လှုံ့ဆော်ခဲ့တာလေ"

"လစ်တော့!အများကြီး ပိုပြီး ပြဿနာရှာတဲ့တစ်ယောက်က မင်းပဲ"

"မင်းတို့နှစ်ယောက် ပါးစပ်ပိတ်ထားကြစမ်းပါ။ငါတစ်‌ယောက်ပဲ ဒါကိုပြောဖို့ အရည်အချင်းပြည့်မှီတယ်"

လဲ့ဖုန်းက သူတို့နှစ်ယောက်ကို လက်ညှိုးထိုး၍

"ဒီနှစ်‌ယောက်က ပြဿနာကောင်တွေ။ငါတို့တွေ မုန့်ကုကျောင်းကိုသွားပြီးတော့ သူ့ကိုရှာတဲ့အချိန်ကို မှတ်မိသေးလား?အဲ့မှာ အဆောက်အဦးပေါ်ကနေ ခုန်ချပြီးတော့ သတ်သေချင်တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်လေ။ဒီလူယုတ်မာနှစ်ကောင်က အချင်းချင်း စကားတွေပြော၊သံယောင်လိုက်ပြီးတော့ ကောင်မလေးကို လှောင်နေကြတာ။အဲ့ဒီအချိန်တုန်းက ငါ အရမ်းရှက်တာပဲ"

"ဖွီ! မင်းက အဲ့နေရာမှာ အာလူးကြော်စား၊ကိုလာသောက်ပြီးတော့ မတ်တပ်လေးရပ်ပြီး ပွဲကြည့်နေခဲ့တာလေ။ငါတို့က မျက်နှာပျက်သွားရတဲ့ လူတွေ"

"မှန်တယ်။ပြီးတော့ တကယ်ဆိုရင် အားလုံးက ငါတို့ရဲ့ ကျေးဇူးတွေပဲ။မင်းမမြင်ဘူးလား အဆုံးကျတော့ သူ(မ)က မသေချင်တော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်လေ"

"ဟုတ်တယ် သူ(မ) မသေချင်တော့ဘူးလေ။သူ(မ)က သူ(မ) မ‌သေခင် မင်းတို့နှစ်ယောက်ကို အရင်ဆုံး သတ်ချင်သွားတာလေ"

ရင်းဇယ်က ထိုအဖြစ်အပျက်အ‌ကြောင်းကို တွေးမိတဲ့အချိန် ရယ်လိုက်သည်။

"အဲ့ဒီကောင်မလေးနာမည်က ဘာပါလိမ့်?သူ(မ)က နေ့တိုင်း လက်စားချေဖို့ ရောက်,ရောက်လာတာ။ဒါပေမဲ့ ငါက အဲ့နေရာမှာ မရှိဘူး။နောက်ဆုံးကျတော့ သူ(မ)က မုန့်ကုကို ချစ်မိသွားတာပဲ။အဲ့ဒီကိစ္စက တကယ့်ကို ကောင်းကင်နဲ့မြေကြီးကို လှုပ်စေခဲ့တာနော်။ဟားဟား....ဟားဟား....ငါ အဲ့ဒါကို စဉ်းစားမိတိုင်း ရယ်ချင်တယ်။သူ(မ)အမေကလည်း မုန့်ကုကို သဘောကျပြီးတော့ မုန့်ကုက သူ(မ)သမီးကို ကယ်ခဲ့တာဆိုပြီး ပြောနေခဲ့တာ။သူ(မ)က

မုန့်ကု သူ(မ)ရဲ့ သမက်ဖြစ်လာဖို့ အတင်းမရမက တောင်းဆိုခဲ့တာလေ။အဲ့အချိန်တုန်းက မုန့်ကုကကျောင်းမှာ တကယ် နာမည်ကြီးပဲ"

လဲ့ဖုန်းလည်း ဒီအဖြစ်အပျက်ကို စဉ်းစားပြီးတော့ သူလည်း ရယ်နေလေသည်။မုန့်ကုရဲ့မျက်နှာကသာ မည်းနက်‌နေတာ ဖြစ်၏။

ရင်းဇယ်က မုန့်ကုရဲ့ပုခုံးကိုပုတ်၍ ပြောလိုက်သည်။

"ညီအစ်ကို အမှန်တော့ မင်းရဲ့ဘဝက မလွယ်ကူပါဘူးကွာ။မင်းနဲ့မိန်းမတွေရဲ့ ဆက်ဆံရေးက အရမ်းကောင်းပြီးတော့ မင်းက အမြဲတမ်း မက်မွန်ပွင့်ပုပ်ဆက်ဆံရေးတွေကို ဆွဲဆောင်နေမိတာ သနားစရာပဲ။မင်းက နောက်‌ယောင်လိုက်ခံရပြီးတော့ ယောကျာ်းတွေကို ပိုးပန်းတဲ့ လှည့်ကွက်မျိုးစုံကို ကြုံတွေ့ခဲ့ရပေမယ့် မင်းက အရမ်းအသက်ကြီးနေပြီလေ။မင်းမှာ အချစ်စစ်ကို ခံစားနိုင်မယ့် အတွေ့အကြုံရှိရဲ့လား?ငါ မင်းကို တကယ် ကိုယ်ချင်းစာပါတယ်"

ထိုလူက မရည်ရွယ်ဘဲ အဲ့ဒီစကားတွေ ပြောခဲ့ပေမယ့် စကားဝိုင်းကို နားထောင်နေတဲ့ ချန်းရို့ယွီက ချက်ချင်းပဲ သူမကိုယ်သူမ ထိုအခြေ‌အနေမှာ ထားလိုက်သည်။သူမက မုန့်ကုကို လိုက်ခဲ့တဲ့ မိန်းမတွေထဲက တစ်ယောက် မဟုတ်ဘူးလား?သူမရဲ့ အခြေအနေတွေအရ သူမက မက်မွန်ပွင့်ပုပ်နဲ့ မနှိုင်းယှဉ်နိုင်ဘူး။အများဆုံးအနေနဲ့ သူမက မက်မွန်ပွင့်ပုပ်ရဲ့ ပင်စည်သာ ဖြစ်နိုင်တယ်။

ထိုအချိန်တွင် တင်းရှောင်ယွင်မေးတာကို သူမ ကြားလိုက်ရ၏။

"ငါက ဘယ်လိုလုပ် ဒီအကြောင်း မသိရတာလဲ?နင်တို့က ကောင်မလေး သေဖို့စိတ်ကူးမရှိတော့အောင် ဘာပြောလိုက်တာလဲ?"

"ငါ ဘာမှမ‌ပြောခဲ့ပါဘူး"

ရင်းဇယ်က အပြစ်ကင်းစင်တဲ့ မျက်နှာကို ဖော်ပြထားသည်။

"ငါက အရင်တုန်းက ခုန်ချပြီး သေတဲ့လူ မတွေ့ဖူးဘူးလို့ပဲ ပြောခဲ့တာ။အခု ငါအဲ့ဒါကို မြင်ရဖို့ အခွင့်အရေးရတာ ကံကောင်းတာပဲဆိုပြီး ပြောခဲ့ရုံလေးတင်"

တကယ် အောက်တန်းကျတာပဲ!!!!

ချန်းရိုယွီက တိတ်တိတ်လေး ခေါင်းငုံ့၍ ရေသောက်ကာ သူမအသံကို တိုးထားလိုက်သည်။

"ဒါဆို မုန့်ကုက ဘာပြောခဲ့တာလဲ"

မုန့်ကုက ခဏလောက် စဉ်းစားနေခဲ့ပြီး အဲ့ဒီနောက် သတိရသွားသည်။

"ငါ ပြောခဲ့တာက မင်း သေချင်တယ်ဆိုမှတော့ ဘာလို့ အရင်ဆုံး ခန္ဓာကိုယ်လှူဒါန်းကြောင်း လက်မှတ်မထိုးတာလဲ။ဒါဆို ငါတို့တွေ ခန္ဓာဗေဒ လေ့ကျင့်လို့ရတယ်လို့ ပြောလိုက်တာ"

ဒါက ပိုတောင်ဆိုးသေးတယ်!!!!!

ချန်းရို့ယွီ သီးသွားပြီး အနည်းငယ် ချောင်းဆိုးလိုက်သည်။

"အဲ့နောက် သူ(မ)က မခုန်ချဘူးလေ။ငါကနေ......ငါ အကြာကြီး စောင့်ပြီးသွားပြီ။အခု ငါ မင်းအလောင်းကို မလိုချင်တော့ဘူးဆိုပြီး ပြောခဲ့လိုက်တာ။အဲ့ဒီနောက် ငါ ထွက်သွားတယ်လေ"

အောက်တန်းအကျဆုံးရဲ့ အောက်တန်းအကျဆုံးပဲ!!!!

ချန်းရို့ယွီက သူမကိုယ်သူမ မထိန်းထားနိုင်ဘဲ ဆက်တိုက် ချောင်းဆိုးလေသည်။သူမအ‌ပေါ် သူ့ရဲ့အပြုအမူက တော်သေးတာပေါ့။တကယ်ပဲ လူတစ်‌ယောက်က အသက်ကြီးလာပြီးတော့ နှစ်တွေက သူ့ကို စည်းကမ်းတွေ သင်ပေးလို့ ပိုပြီး ရင့်ကျက်လာခဲ့တာလား?

"ချန်းရို့ယွီ မင်း ဘာလို့ ဆက်တိုက်ချောင်းဆိုးနေတာလဲ?ငါ့အာရုံကို ဆွဲဆောင်နေတာလား"

မေ့လိုက်တော့! သူမ ဒီအတွေးတွေ မရှိခဲ့ဘူးလို့ ယူဆလိုက်မယ်။သူ အမှန်ပဲ ရင့်ကျက်ရဲ့လား?

ဒီအချိန်တွင် ရင်းဇယ်က သူမကို ‌ထောက်ခံပြီး ပြောလိုက်သည်။

"ချန်းရို့ယွီ သူ့ကို လျစ်လျှူရှုထားလိုက်။သူက သူသေတဲ့အထိ သူ့ရဲ့ ပုပ်ပွနေတဲ့ ပုန်ကန်တတ်တဲ့အကျင့်ကို ပြောင်းမှာ မဟုတ်ဘူး။သူ့အတွက် မက်မွန်ပွင့်ပုပ်‌တွေ ဆွဲဆောင်ဖို့ တာဝန်လေ။မိန်းမကောင်း‌လေးတစ်ယောက်က သူ့ကို ဘယ်လိုလုပ် ကြိုက်နိုင်မှာလဲ? ပုံမှန်မဟုတ်တဲ့သူကသာ သူ့လို ပုံမှန်မဟုတ်တဲ့သူကို ရွေးချယ်မှာပဲ။ကြည့်လေ လန်လန်က ငါ့ကို ကြိုက်တယ်။ရှောင်ယွင်က လဲ့ဖုန်းကို ကြိုက်တယ်။သူ့ဟာက ဘယ်မှာလဲ?"

ရင်းဇယ်က အရှက်မရှိ ပြောလိုက်ပြီးတော့ ကောင်းယွီလန်ဆီကနေ စိုက်ကြည့်ခံလိုက်ရသည်။

ချန်းရိုယွီသည် သူမခေါင်းကို ဆက်ငုံ့ထားပြီးတော့ ပိုပြီးတော့တောင် ချောင်းဆိုးတော့သည်။

သူမကရော?သူမက ရွေးချယ်ခဲ့တယ်လေ....

သူမက မက်မွန်ပွင့်ပုပ်ပင်စည်သာမကဘဲနဲ့ ပုံမှန်မဟုတ်တဲ့သူလည်း ဖြစ်နေတာပဲ။

သူမ မှားသွားတယ်။

အောက်တန်းအကျဆုံးရဲ့ အောက်တန်းအကျဆုံးက မုန့်ကု မဟုတ်ဘူး။အဲ့ဒါ သေချာပေါက် ရင်းဇယ်ပဲ!

####################

All Chapters