အခန်း ၁၅
Vol. 2 Ch. 15
ဒွိဟချစ်သံယောဇဉ်:
Chapter 15-အိမ်ကိုဖုန်းခေါ်ခြင်း
တစ်ယောက်အကြောင်းတစ်ယောက် အောက်ဖဲလှန်ကြတဲ့ ညစာစားပွဲကတော့ ည၁၀နာရီမှာပဲပြီးဆုံးသွားခဲ့တယ်။
ညစာစားပွဲရဲ့ဒုတိယအချိန်တစ်ဝက်မှာတော့ အားလုံးရဲ့အာရုံစိုက်မှုတွေက မုန့်ကုနဲ့ရင်းဇယ်ပြောပြတဲ့ လဲ့ဖုန်းရဲ့ ကလေးတုန်းကအနေအေးတဲ့အကြောင်းနဲ့ သူ ရှောင်ယွင်ကို ရအောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးပြီး လိုက်ခဲ့လဲဆိုတာကိုပြောပြကြတယ်။
ပြီးတော့ လဲ့ဖုန်း ရှောင်ယွင်မသိအောင် နောက်ကွယ်မှာလုပ်ခဲ့တဲ့အပြစ်တွေကို တစ်ခုချင်းဆီပြောပြပြီး ရန်ဖြစ်စေတဲ့အကြောင်းအရာလေးတွေပါ ထည့်ပေးပြီး ဖော်ထုတ်ကြတယ်။
တင်းရှောင်ယွင်ကတော့ ရှက်ကိုးရှက်ကန်းလေးပြုံးပြီး သူတို့ပြောသမျှကိုနားထောင်နေတယ်။သူမရဲ့မျက်နှာပေါ်မှာ ဒေါသတွေမာန်မာနတွေမရှိဘဲ တည်ကြည်နေတာလေးက ချန်းရို့ယွီကို သူမဟာ ချစ်စဖွယ်ကောင်းပြီးလှပတဲ့ကောင်မလေးလို့ခံစားရစေတယ်။
လဲ့ဖုန်းကလည်း သူရဲ့သူငယ်ချင်းနှစ်ယောက်ကို တန်ပြန်စနောက်နေပေမယ့် သူ့လက်တွေကတော့ ဇနီးလောင်း တင်းရှောင်ယွင်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားတယ်။နောက်ပြီး သူက မင်းတို့ ဘာတွေသွေးထိုးထိုး ငါကတော့ ဇနီးချောချောလေးရထားတယ်ဆိုတဲ့ ပုံရိပ်ကို မျက်နှာပေါ်မှာ သွင်းထားပြီး သူက သူတို့ပြောသမျှကို စိတ်ထဲမထားပေ။
နောက်ဆုံးပိတ် အပိတ်စကားအနေနဲ့ တင်းရှောင်ယွင်ကနေပြီးတော့
"ရန်တိုက်ပေးမနေကြနဲ့ လဲ့ဖုန်းမှာ နင်တို့ကိုမပြောဖူးတဲ့လျို့ဝှက်ချက်တွေအများကြီးရှိတယ်။"
"ငါကသူအနေအေးတယ်ပဲပြောတာလေ"
"နင်တို့သိတာအသေးအမွှားလေးပါ"ဆိုပြီး ရှောင်ယွင်က ချိုနေအောင်ပြုံးပြပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
"ဒီထက်ကြီးတဲ့လျို့ဝှက်ချက်တွေ ငါတို့ကိုမြန်မြန်ပြောပြလေရှောင်ယွင်"
"ဟင့်အင်း"
ရှောင်ယွင်က ခုနကထက် ပိုချိုအောင်ပြုံးလိုက်ပြီး
"ညဉ့်နက်နေပြီ လျို့ဝှက်ချက်ဆွေးနွေးပွဲဒီမှာပဲပြီးပြီ"
"ဘာ!"
ရင်းဇယ်ကသူ့ရင်ဘတ်ကိုဆုတ်ကိုင်လိုက်ပြီး
"ဒါအရမ်းအဆိပ်ပြင်းတာပဲ အဆိပ်အပြင်းဆုံးက မိန်းမတွေရဲ့နှလုံးသားပဲ အဲ့ဒါက ငါ့ကိုအရမ်းကြောက်လန့်စေတာပဲ တွေ့ဆုံပွဲကပြီးပြီတဲ့။ငါတို့အမှားလုပ်မိသွားပြီ။ရှောင်ယွင်က အရာအားလုံးကို နောက်ကွယ်က ချုပ်ကိုင်ထားတဲ့လူဖြစ်ပြီး ငါတို့လဲ့ဖုန်းလေးက အပြစ်ကင်းတာပဲ"
ရှောင်ယွင် အကျယ်ကြီးအော်ရီလိုက်တယ်။လဲ့ဖုန်းက သူမရဲ့ပါးလေးကိုနမ်းလိုက်ပြီး သူ့အနားကိုဆွဲခေါ်လိုက်သည်။ပြီးတော့ အကျယ်ကြီးအော်ပြောလိုက်သည်။
"ကဲ တွေ့ဆုံပွဲကတော့ပြီးပြီ။နောက်လည်းကျနေပြီ ငါ့ရှောင်ယွင်လေးလည်းပင်ပန်းနေပြီ~~"
မုန့်ကုကမဲ့ပြုံးပြုံးလိုက်ပြီး
"သူ(မ)သာမင်းရဲ့အိမ်ကိုလိုက်ရင်ပိုပြီးတောင်ပင်ပန်းသွားဦးမယ်"
မုန့်ကုပြောလိုက်တဲ့ စကားလုံးတွေက ညစ်ညမ်းတဲ့ဟာသတစ်ခုဖြစ်သွားတာကြောင့် နားထောင်နေသူတစ်ယောက်အနေနဲ့ ချန်းရို့ယွီ အနည်းငယ်ရှက်သွေးဖြာသွားသည်။
(ညစ်ညမ်းတဲ့ဟာသဆိုတာ ဆိုးဝါးတဲ့ဟာသသဘောမဟုတ်ဘဲ ကြင်စဦးဇနီးမောင်နှံတွေကိုစနှောက်တဲ့ ဟာသမျိုးကိုဆိုလိုချင်တာပါ)
လဲ့ဖုန်းကတော့ ဘာတုံပြန်မှုမှမပေးဘဲ
"အကုန်လုံးကိုယ့်အိမ်ကိုပြန်ချိန်ရောက်ပါပြီ။ကိုယ့်မှာ ဇနီးမယားရှိကြရင်လည်း အိမ်ပြန်ပြီး ဖက်နိုင်ပါပြီ။တကယ့်လို့ ဇနီးမရှိရင်လည်း ခေါင်းအုံးဖက်ပြီးအိပ်နိုင်ပါတယ်။ကောင်းသောညလေးပါ"
တကယ်ရက်စက်တာပဲ အဆိပ်ပြင်းလိုက်တာ!!အားးးး!
ရင်းဇယ်က ဘေးပတ်ဝန်းကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကောင်းယွီလန်ကိုမေးလိုက်တယ်
"ကိုယ့်မှာ ဖက်စရာဖက်လုံးမရှိဘူးလေ။ရှိတယ်လို့ထင်လား?"
ကောင်းယွီလန်က ရှက်သွားပြီး သူ့ကို လျစ်လျူရှုသွားသည်။
မုန့်ကုကတစ်ချက်မဲ့ပြုံး ပြုံးလိုက်ပြီး
"ငါအိမ်ပြန်ရောက်ရင် ဖက်လုံးတွေကိုနာမည်ပေးရမယ် တစ်ခုက ဖုန်း တစ်ခုက ယွင် ပြီးရင် အဲ့နှစ်လုံးရဲ့အလယ်မှာနေပြီး အဲ့ဒါတွေကို လက်မောင်းတစ်ဖက်တစ်ခုဆိုပြီးဖက်ထားရမယ်"
လဲ့ဖုန်းကသူ့ကိုခြေထောက်နဲ့ကန်ပြီး အကုန်လုံးကို နှုတ်ဆက်စကားပြောကာ တင်းရှောင်ယွင်နှင့်ပြန်သွားသည်။
ရင်းဇယ်ကတော့ စားသောက်ဆိုင်ထဲမှာ အကုန်လုံးကို နေရာတကျဖြစ်စေမဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သွားသည်။အစ်မဖြစ်သူရင်းနင်ကတော့ ပင်ပန်းပြီးအိပ်နေတဲ့ နျှိုနျှိုလေးကို မချီသွားသည်။ကောင်းယွီလန်ကလည်း ရင်းနင်တို့နောက် လိုက်သွားရပြီး မိသားစုကိုစောင့်ရှောက်ပေးရသည်။
ချန်းရို့ယွီ တစ်ယောက်ပဲ ကျန်ခဲ့ပေသည်။
ဒီလိုမျိုးအခြေအနေမျိုးမှာဆိုရင် သဘာဝကျစွာဖြင့် မုန့်ကုက သူမကိုအိမ်သို့ပြန်လိုက်ပို့ပေးသင့်သည်။မုန့်ကုကတော့ တွေ့ဆုံပွဲအစကနေအဆုံးအထိ မနေ့ကဖုန်းခေါ်တဲ့ကိစ္စ ဘာမှမဖြစ်ခဲ့သလိုပင်ဆက်ဟန်ဆောင်နေဆဲပင်။ချန်းရို့ယွီနဲ့သူကြောချမ်းစရာကောင်းတဲ့ စာတွေမပို့ခဲ့သလို သူမနဲ့ ဘာမျှမသက်ဆိုင်သည့်ပုံဖမ်းနေသည်။
ချန်းရို့ယွီသည် သူမစိတ်ထဲမှာတော့ အနည်းငယ်မျှ ရှက်ရွံမိပေမယ့် သူမ မုန့်ကုကို ကြည့်နေရုံသာတတ်နိုင်သည်။သူမလည်းဘာတစ်ခုမှမလွဲချော်ခဲ့သလို ဟန်ဆောင်ပြီး မုန့်ကုသွားတဲ့ နေရာကိုသာ လိုက်ပါလာခဲ့မိသည်။အမှန်တကယ်လည်း သူမက အိမ်ကိုတစ်ယောက်တည်းပြန်နိုင်ကြောင်း ပြောချင်ပေမယ့် အခုအချိန်မှာ ဘတ်စ်ကားများကလည်းမပြေးဆွဲတော့ပေ။သူမ တက္ကဆီငှား၍အိမ်ကိုပြန်ရမယ်။သို့သော် သူမရဲ့သနားစရာကောင်းတဲ့ ပိုက်ဆံအိတ်လေးကြောင့် အရဲ့စွန့်ကာ မုန်ကု၏ကားနှင့်အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်သည်။
ပုံမှန်ဆိုရင် ကားလိုက်စီးခြင်းသည်အေးအေးချမ်းချမ်းပင်။အစပိုင်းမှာတော့ ချန်းရို့ယွီ မုန့်ကုကို ကျေးဇူးတင်စကားပြောချင်ခဲ့သည်။ဒါပေမယ့် ကျေးဇူးတင်ပြီးရင် သူမဘာဆက်ပြောရမလဲ? သူမ မဆုံးဖြတ်နိုင်ခဲ့တာကြောင့် တွန့်ဆုတ်နေခဲ့ပြီး.....တွန့်ဆုတ်နေရင်း အချိန်ကြာသွားသည်။
ကားထဲမှာ အလွန်တိတ်ဆိတ်နေမှုက သူမကိုစိတ်ရှုပ်စေသည်။
အိမ်ပြန်လမ်းတစ်ဝက်ရောက်တဲ့အချိန် မုန့်ကုက ရုတ်တရက် မေးလာ၏။
"မင်းအိမ်ကို ဖုန်းခေါ်ပြီးပြီလား?"
ချန်းရို့ယွီ တစ်ယောက် ရပ်တန့်သွားပြီးစကားပြန်မပြောနိုင်ခဲ့။သူမ လိမ်ဖို့ ဝန်လေးနေသည် သို့သော် "ရှင်နဲ့ဘာဆိုင်လို့လဲ?"လို့ပြန်မေးဖို့ရန်လည်း မဝံ့မရဲဖြစ်နေသည်။
သူမတိတ်တဆိတ် မုန့်ကုကိုလှမ်းကြည့်လိုက်ပြီး သူက သူမကိုလှည့်ကြည့်နေကြောင်း မြင်လိုက်ရသည်။ချက်ချင်းဆိုသလိုသူမခေါင်းကို အောက်စိုက်လိုက်သည်။ကံကောင်းစွာဖြင့် မုန့်ကုကဘာမှမတုံ့ပြန်ဘဲ ကားကိုသာဆက်မောင်းနေလိုက်သည်။
ချန်းရို့ယွီ သက်ပြင်းချလိုက်တယ််။သူမရဲ့စိတ်ထဲမှာတော့ အခုလေးတင် သူ့ရဲ့ကြမ်းတမ်းတဲ့အင်အားကို အသုံးပြုလာတာကြောင့် ပြန်လည်အားဖြည့်နေဆဲလို့ စဉ်းစားမိတယ်။ဒါကလည်း ကောင်းတာပဲ။အချိန်တိုအတွင်း သူမ အိမ်ပြန်ရောက်မှာဖြစ်ပြီး ထွက်ပြေးနိုင်လိမ့်မယ်။
သူမအတွေးများလို့ ပြီးသွားတဲ့အချိန်မှာဘဲ မုန့်ကုကကားကို လမ်းဘေးမှာရပ်လိုက်သည်။သူသည် သူမကို ခဏစိုက်ကြည့်ပြီး ပြောလိုက်၏။
"ငါ စီးကရက်သွားဝယ်လိုက်ဦးမယ် ကားထဲမှာပဲစောင့်နေ
"
မုန့်ကုပြောလိုက်တဲ့ အချိန်မှာဘဲ ချန်းရို့ယွီက နားလည်သည့် သဘောဖြင့် 'အိုး' ဟု ရေရွတ်၍ ခေါင်းညိတ်တော့မယ့် အချိန်မှာပဲ မုန့်ကုက ပြောလာခဲ့သည်။
"ငါ စီးကရက်ဝယ်ပြီး ပြန်လာရင် မင်းနဲ့မိသားစုတွေနဲ့ ဖုန်းခေါ်ပြီးဖို့မျှော်လင့်တယ်"
"ဘာ!!"
"ငါ မင်းလို လူတွေအများကြီးမြင်ဖူးတယ်။ဘယ်သူမှ မင်းကိုအတင်းမတိုက်တွန်းဘူးဆိုရင် ပြသာနာတွေပိုဆိုးလာလိမ့်မယ်။အခုလို ညဘက်မှာ ပြောတယ်ဆိုတာ သိပ်မနောက်ကျသေးပါဘူး။မင်းမိဘတွေအိပ်နေပြီလား?။ဖုန်းပဲပြောပြီး သူတို့ကို မင်းလုံခြုံနေကြောင်းပဲပြောလိုက်။အဲ့ဒါအရမ်းမခက်ခဲပါဘူး"
ချန်းရို့ယွီက ကြောင်သွားပြီး သူ့ကိုစိုက်ကြည့်နေသည်။
"မင်းမိဘတွေနဲ့ရန်ဖြစ်ထားလို့လား?"
သူမခေါင်းခါလိုက်သည်။
"မင်းမိဘတွေကို အဆက်အသွယ်ဖြတ်ထားတာလား?"
သူမ ထပ်ခေါင်းခါသည်။
"ဒါဆိုရင် သူတို့ကို ဖုန်းခေါ်လိုက်လေ။သူတို့ကို မင်းအပြင်မှာသေသွားပြီလို့အထင်မခံစေနဲ့"ဟုပြောပြီး ကားတံခါးဖွင့်ကာ အပြင်ကိုထွက်သွားသည်။
ချန်းရိုယွီရဲ့မျက်လုံးတွေက မုန့်ကု လမ်းဘေးမှာရှိတဲ့ စတိုးဆိုင်ထဲ ဝင်သွားသည်ကို လိုက်ကြည့်မိသည်။မကြာခင်မှာဘဲ သူ့လက်ထဲမှာ ရေဘူးတစ်ဘူးကိုင်ပြီးပြန်ထွက်လာသည်။စီးကရက်တစ်ဘူးကိုလည်းကိုင်လာပုံရှိပြီး လမ်းဘေးနားက ပန်းခြံလေးတစ်ခုထဲကို လျှောက်သွားသည်။သူက သစ်ပင်တစ်ပင်ကို မှီလိုက်ပြီး ဆေးလိပ်မီးညှိလိုက်သည်။လမ်းမီးရောင်အောက်က ဆေးလိပ်မီးရောင်လေးကိုလေးကို သူမတွေ့လိုက်ရပြီး သူက လေးထိုင်းနေတဲ့စိတ်ကိုမှုတ်ထုတ်လိုက်သည်။
မုန့်ကုက အချိန်တစ်ခုအထိ ပြန်မလာမှာကို မြင်ရတော့ ချန်းရို့ယွီက ခဏလောက် စဉ်းစားပြီး နောက်ဆုံးတော့ သူမဖုန်းကို ထုတ်လာခဲ့သည်။
အမှန်တော့ ဒီအချက်မှာ သူ မမှားဘူး။သူ ပြောတာမှန်တယ်လို့တောင် သူမ စဉ်းစားမိတယ်။
တကယ်လို့ သူသာသူမကို အတင်းမတိုက်တွန်းခဲ့ရင် သူမ ဘယ်လောက်တောင် အိမ်ကိုဖုန်းခေါ်ဖို့ နှောင့်နှေးနေမလဲဆိုတာ မသိချေ။
သူမဖုန်းခေါ်လိုက်ပြီး ဖုန်းခေါ်ဆိုသံကို နားထောင်နေလိုက်သည်။ဖုန်း သုံးခါလောက်မြည်ပြီးချိန်တွင် တစ်ဖက်မှဖုန်းကိုင်လာခဲ့သည်။
ချန်းရို့ယွီ သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ဆက်ပြောဖို့သူမကိုယ်သူမတိုက်တွန်းလိုက်သည်။
"အမေ သမီးပါ"
အစပိုင်းမှာတော့ "ဝေး(ဟယ်လို)" ဆိုတဲ့ ကျယ်လောင်တဲ့အသံကိုကြားလိုက်ရပြီး သူမအသံကို ကြားပြီးတဲ့နောက် တစ်ဖက်က ခဏလောက် ငြိမ်သက်သွားသည်။
"နင် အိမ်ကိုဖုန်းခေါ်ဖို့ မှတ်မိသေးတယ်နော်"
"သမီး...သမီး အစာအိမ်ရောဂါထလာလို့ ဆေးရုံတတ်နေရတာ။ပြီးတော့သမီးရဲ့ ဖုန်းနံပါတ်ကလည်း ပြောင်းထားတော့........"
သူမ ဆက်ပြောစရာစကားရှာမရခဲ့ပေ။သူမ မိဘတွေအပေါ်မှာ လိမ်ညာထားခဲ့ပြီး အခု သူမအတွက်ဆင်ခြေ တစ်ခုရှာနေရတယ်။
"အဲ့ဒါ အမှန်ပဲလား?"
အမေချန်၏လေသံမှာ အနည်းငယ် တင်းမာနေသည်။
"အမေ သမီးတောင်းပန်ပါတယ်။အမေ့ကို မစိုးရိမ်စေချင်လို့ပါ အဲ့ဒါကြောင့် သမီး ကုန်သွယ်ရေးကုမ္ပဏီမှာအလုပ်လုပ်နေတယ်လို့ပြောခဲ့တာ"
"ပြောစရာဒါပဲမလား ဘာမှပြောစရာမရှိရင် ငါဖုန်းချလိုက်တော့မယ်။မာကျောက်ကစားနေတယ်"
အမေချန်၏အသံမှာ အလွန်အေးစက်နေပြီး ချန်းရို့ယွီ ပြန်ဖြေသံကိုမစောင့်ဘဲဖုန်းကိုချလိုက်သည်။
ချန်းရို့ယွီ ရုတ်ချင်းကြောင်ပြီး လက်ထဲက ဖုန်းချသံနားထောင်နေမိတယ်။သူမ၏စိတ်တွေ ဗလာဖြစ်သွားပြီး သူမ၏မျက်လုံးထဲမှာ စပ်ဖြန်းဖြန်းဖြစ်သွားတာကိုခံစားမိတယ်။အဲ့ဒီနောက် သူမရဲ့မျက်လုံးမှာ တစ်စုံတစ်ရာ စီးကျလာခဲ့သည်။သူမ၏နှုတ်ခမ်းကိုတင်းတင်းကိုက်ထားလိုက်ပြီးမျက်လုံးတွေကို တင်းကြပ်စွာဖွင့်လိုက်ပိတ်လိုက်လုပ်နေလိုက်တယ်။ချက်ချင်းဆိုသလိုသူမ အသက်ရှုရန်ခက်ခဲလာပြီး ကားတံခါးကိုဖွင့်ကာ အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။
မုန့်ကုကတော့ သစ်ပင်ကို ဆက်မှီနေပြီး ဆေးလိပ်ဆက်သောက်နေသည်။ချန်းရို့ယွီရဲ့ လုပ်ဆောင်ပုံတွေကို ကြည့်ပြီးတော့ စကားမပြောသလို သူမနားကိုလာလည်းမလာချေ။
ရုတ်တရက် ချန်းရို့ယွီလည်း မုန့်ကုက ထင်သလောက် စိတ်ရှုပ်စရာမကောင်းဘူးဟု၍ တွေးမိသည်။မုန့်ကု သူမကို လျစ်လျူရှုထားခြင်းသည် သူမအတွက်အသက်ရှုချောင်စေသည်။အမှန်တကယ်လည်း သူမ ကိုယ်ပိုင်အချိန် လိုအပ်ခဲ့သည်။
သူတို့နှစ်ယောက်လုံးက တစ်ဦးက ကားကိုမှီနေပြီး တစ်ဦးက သစ်ပင်ကိုမှီထားသည်။အကွာအဝေးသည် အရမ်းလည်းမဝေးသလိုအရမ်းလည်းမနီးကပ်ပေ။တစ်ယောက်ကိုတစ်ယောက် သေချာမမြင်ရပေမယ့် နှစ်ယောက်လုံးရဲ့အပြုအမူများမှာ ရီဝေအုံ့ဆိုင်းနေသည်။ အဝါရောင်လမ်းမီးရောင်လေးတွေကလည်း သူတို့ကို ဖြတ်သန်းနေပြီး ခြေသံတွေ ကားဖြတ်သွားသံတွေကြားနေရကာ သူတို့၏ကမ္ဘာငယ်လေးထဲ ရောက်နေသလိုသလိုပင်။
ချန်းရို့ယွီသည် မုန့်ကုကိုကြည့်လိုက်ပေမယ့် သူက သူမကိို မကြည့်ပေ။သူက လမ်းပေါ်ကဖြတ်သွားတဲ့ကားတွေကိုရေတွက်နေသယောင် စိုက်ကြည့်နေသည်။အဲ့လိုလုပ်ခြင်းက ချန်းရို့ယွီကို စိတ်ချမ်းမြေ့မှုရစေသည်။ သူမကမုန့်ကုကို ငေးကြည့်နေခဲ့ပြီးသူမ၏စိတ်ဟာ ဗလာဖြစ်သွားတယ်။
ချန်းရို့ယွီက သူမအိမ်ကိုဖုန်းဆက်ခေါ်ရင် အဆူခံရမယ့် ပုံရိပ်အများကြီးကို မြင်ယောင်ထားပေမယ့်လည်း သူမ ထင်သလိုဖြစ်မလာဘဲ အေးတိအေးစက်ဆက်ဆံမှုတစ်ခုသာရရှိလိုက်သည်။
ချန်းရို့ယွီက သူမအမေ သူမကို အရမ်း,အရမ်း စိတ်တိုနေတယ်ဆိုတာသိတယ်။သူမ မျက်လုံးထဲမှ စပ်ဖြန်းတဲ့အထိအတွေ့ကိုခံစားမိပြီး မျက်လုံးပိတ်လိုက်ဖွင့်လိုက်ထပ်လုပ်သည်။
မုန့်ကုသည် အချိန်တော်ကြာ ဖြတ်သွားသည့်ကားများကို ကြည့်နေပြီး သူမဆီ လျှောက်လာခဲ့သည်။
"ချောလို့လား?"
ချန်းရို့ယွီကြောင်သွားတယ်။
"မင်း ငါ့ကို ကြည့်နေတာကြာပြီ။ငါကချောလို့လား?"
နောက်ဆုံးတော့ သူဘာပြောလဲသူမသိသွားပြီ။သူမ လည်ချောင်းကိုရှင်းပြီး ခေါင်းညိတ်လိုက်တယ်။
"ချောတယ်"
"ဘယ်လောက်ချောလဲ"
မုန့်ကုက တကယ်ကြီး မေးလာခဲ့တယ်။
သူမ အနည်းငယ်မျှ မှင်တတ်မိသည် ပြီးတော့ မုန့်ကု၏မျက်နှာက သူ၏အသားအရည်နဲ့ဘယ်လောက်လိုက်ဖက်ကြောင်းလည်းသူမပြောပြချင်သည်။
ဒါပေမယ့် သူမ ပါးစပ်ဟလိုက်တဲ့အချိန်မှာဘဲ အဖြူရောင်ကားတစ်စီးက သူမရဲ့နောက်ကနေ သူတို့ဆီကိုရောက်လာသည်။၎င်းက မုန့်ကုရဲ့ကားကိုညထိခိုက်သွားပြီး ကားဘယ်ဘက်ကားမှန်ကို တိုက်သွားကာ ကျယ်လောင်စွာရပ်သွားသည်။
မုန်ကုက မျက်မှောင်ကျုတ်သွားပြီး ကားဆီ အပြေးသွားလိုက်သည်။
အဖြူရောင်ရဲ့ကားပြတင်းပေါက်တွေဟာ ဖွင့်ထားပြီး အထဲမှာ သီချင်းအကျယ်ကြီးကို ကြားရသည်။ရှေ့ကားထိုင်ခုံတွင်ထိုင်နေသော လူနှစ်ယောက်က တွေဝေနေသည့်ပုံပင်။မုန့်ကုကားကိုတိုက်ပြီးတဲ့နောက် ကားစက်ကိုပြန်နှိုး၍ မောင်းပြေးရန် အသင့်ဖြစ်နေပုံရသည်။ချန်းရို့ယွီက သူတို့တွေ မုန့်ကုအား အန္တရာယ်တစ်ခုခု ပေးမှာကိုစိုးရိမ်၍ အနောက်မှ ပြေးလိုက်သွားသည်။
ကားထဲက လူတွေက မုန်ကုကိုကြည့်၍ ဟားတိုက်ရယ်ကြသည်။သူတို့ထဲက တစ်ယောက်ဆို လယ်ခလယ် ထောင်ပြသွားသေးသည်။အရက်နံထောင်းထောင်းကို ချန်းရို့ယွီ အနံ့ခံရပြီး မုန့်ကုက သူတို့ဆီကို ဒေါသတကြီးသွား၍ ကားထဲကနေ ဆင်းလာရန် အော်နေတာကိုကြားလိုက်ရသည်။ဒါပေါ့....ထိုလူနှစ်ယောက်က နားမထောင်ဘဲ အကျယ်ကြီး ဆဲဆိုအော်ဟစ်လှောင်ရီကာ ကားအရှိန်တင်၍ထွက်သွားသည်။
အဲ့ဒီနောက် အရာအားလုံးက ဇာတ်ကားလိုဘဲ သူမ၏မျက်စိရှေ့မှာတင်ညဖြစ်ပျက်သွားသည်။အဖြူရောင်ကားလေးဟာ မီးနီကိုဖြတ်၍ အကွေ့မှာတင် တခြားကားတစ်ခုနဲ့တိုက်မိမလို ထပ်ဖြစ်သည်။အဖြူရောင်ကားလေးဟာ ဘရိတ်ကို ကြမ်းကြမ်းနင်းလိုက်သောကြောင့်ကားက တစ်ပတ်လှည်သွားပြီး တစ်ခြားတစ်ဖက်မှ ကားကို ပွတ်တိုက်သွားသည်။ထို့နောက် ချက်ချင်းပင် လမ်းလည်ခေါင်တွေရှိသော ရဲကင်းကို တိုက်မိ၍ "ဘန်း!"ဟုအသံကျယ်တစ်ခုကိုကြားလိုက်ရသည်။
မုန့်ကုက အလောတကြီး လမ်းတစ်ဘက်ကို ဖြတ်ကူးလိုက်ပြီး ချန်ရို့ယွီလည်း မဆိုင်းမတွ သူ့နောက်မှလိုက်ပါလာခဲ့ရသည်။
အဖြူရောင်ကား အရှေ့ပိုင်းသည် စခန်းတဲထဲဝင်သွားပြီး အလယ်တွင် အပေါက်ကြီးဖြစ်သွားသည်။ရှေ့ထိုင်ခုံမှလူနှစ်ယောက်ဟာ သွေးတွေရဲနေပြီဖြစ်သည်။ခရီးသည်ထိုင်ခုံမှ လူကတော့ နာကျင်တာကြောင့်အော်ဟစ်နေသည်။ကားမောင်းလာသောလူကတော့ ထိတ်လန့်၍ တုပ်တုပ်မျှမလှုပ်ပေ။
"ခင်ဗျားစကားပြောနိုင်သေးလား?!"
မုန့်ကုသည် လူနှစ်ယောက်ကိုကြည့်၍ ထို့နောက် driverကိုမေးလိုက်သည်။မျက်နှာပါပြာနေသောလူမှာ အလန့်တကြားခေါင်းခါလိုက်ပြီး ကြည့်ရတာ အသက်ကောင်းကောင်းမရှူနိုင်ပေ။ချန်းရို့ယွီရောက်သည့်အခါ ဘာတွေဖြစ်သွားမှန်းသူမလည်း သေချာမသိ ပေ။ထိုအချိန်မှာဘဲ မုန့်ကုကသူမကိုအော်ပြောလိုက်သည်။
"ကားဆီသွားပြီး ငါ့ဆေးအိတ်မြန်မြန်သွားယူပေး!!"
သူမဘယ်လိုတုံ့ပြန်ရမလဲမသိတာကြောင့် သူပြောတဲ့ ညွှန်ကြားချက်ကိုညလိုက်နာ၍ကားဆီကိုသာ ပြေးသွားမိသည်။ရူးချင်စရာကောင်းစွာ သူမ အလျင်လိုပေမယ့်လည်း နောက်ဖုံးတံခါးက ဖွင့်မရဖြစ်နေခဲ့သည်။သူမ စိုးရိမ်တကြီးဘာလုပ်လို့လုပ်ရမှန်းမသိချိန် driver ခုံမှ နောက်တံခါးဖွင့်ရသော ခလုတ်ကို သတိရသွား၏။ကားနောက်ဖုံးပွင့်သွားပြီး အရေးပေါ်ဆေးအိတ်ကို တွေ့လိုက်ရသည်။အဲ့ဒီနောက် သူမက ၎င်းကို ယူ၍ ပြေးသွားသည်။လမ်းသွားလမ်းလာတစ်ယောက်က သူမကို အော်ပြောသံကြားလိုက်ရသည်။
"မိန်းကလေး မင်း ကားကိုလော့မချခဲ့ရသေးဘူး!"
ချန်းရို့ယွီရဲ့ခေါင်း ပူထူလာခဲ့တယ်။သူမက ကားဆီကိုပြန်သွားပြီးလော့ချကာ အဲ့ဒီနောက် အရေးပေါ်ဆေးအိတ်ကို ဖက်၍ မုန်ကုဆီအမြန်ပြေးလာခဲ့သည်။သူမရောက်သည့်အချိန်တွင် မုန့်ကုက ခရီးသည်ထိုင်ခုံပေါ်မှလူအား မြေပြင်ပေါ်သို့နေရာချပြီးပြီဖြစ်သည်။ဘာမှမပြောဘဲ ဆေးအိတ်ကို မုန်ကုဆီ လက်လှမ်းလိုက်ပြီးသူကလည်းအိတ်ကိုဖွင့်၍ ပြွန်တစ်ခုကို ထုတ်ယူလိုက်သည်။မုန်ကုသည် driver ထိုင်ခုံမှ လူရဲ့အင်္ကျီကိုဆုတ်ဖြဲလိုက်ပြီး ထိုပြွန်ကို လူကြီး၏ရင်ဘတ်ထဲ စိုက်ထည့်လိုက်သည်။လူကြီးရဲ့မျက်နှာက နာသောကြောင့် ရွဲ့ပဲ့နေပြီး ခဏအကြာ သူ၏ ပြာနေသောမျက်နှာ သသည်ပုံမှန်အနေအထားပြန်ရောက်သွား၏။သူ့ရဲ့အသက်ရှုမှု ပိုကောင်းလာပြီး ခေါင်းကိုတဆက်ဆက်ငြိမ့်သည်။
"စကားမပြောနဲ့။ မလှုပ်နဲ့။ ဒီတိုင်းပဲနေပါ။ကျွန်တော်ဆရာဝန်တစ်ယောက်ဖြစ်နေတာ ခင်ဗျားကံကောင်းတယ်"
မုန်ကုက အရမ်းတည်ငြိမ်နေပြီး ချန်းရိုယွီကတော့ ကြောင်တောင်တောင်သာ ကြည့်နေမိသည်။
"ဆေးရုံကားခေါ်လိုက်"
သခင်မုန့်ကုမှ ထပ်ပြီးတော့ အမိန့်တော်ပေးလာသည်။ချန်းရို့ယွီလည်း အခုမှသာညထိုအရာကိုသတိရသွားတယ်။သူမနောက်ကနေ လိုက်လာတဲ့ လမ်းသွားလမ်းလာတစ်ယောက်က အော်ပြောလိုက်တယ်။
"ကျွန်တော်ခေါ်ပြီးပြီ ကျွန်တော်ခေါ်ပြီးပြီ"
ထိုအချိန်မှာဘဲ မုန့်ကုက ဆေးအိတ်ကိုညအမြန်ယူ၍ တခြားတစ်ဖက်မှ ဒဏ်ရာရထားတဲ့လူဆီ အမြန်သွားလိုက်သည်။သူ၏ ခြေထောက်အောက်မှာ ဒဏ်ရာဖြစ်နေသည်။တခြားနေရာမှာထိခိုက်ဒဏ်ရာများလည်းရှိပြီး သူ့ရဲ့ ဒဏ်ရာတွေကနေ သွေးများ လျံထွက်နေသည်။သွေးတွေအများကြီးမြင်ရတဲ့အခါ ချန်းရိုယွီ ခေါင်းမူးသလိုခံစားလာရတယ်။သူမက သွေးကြောက်တယ်။
ဒီအချိန်မှာဘဲ မုန့်ကုက အရေးပေါ် ကုသမှုကို စတင်သည်။ချန်းရိုယွီကို အော်လိုက်ပြီး
"လာ !!ဒီနေရာကိုဖိထားပေး!!"
သူမရဲ့ခြေထောက်နှစ်ဖက်လုံးအားနည်းနေပေမယ့်လည်း သူမ အံကြိတ်ထားလိုက်တယ်။မုန့်ကုပြောသလိုပဲ သူပြတဲ့နေရာကို ဖိထားပေးလိုက်၏။ဤသို့လုပ်ခြင်းကညသွေးထွက်နှုန်း လျော့ကျစေမယ်ဟုညသူမနားလည်သဘောပေါက်သွားသည်။သူမအသက်ကိုပြင်းပြင်းရှုလိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်ကာ ပြင်းထန်တဲ့ မသက်မသာမှုကြီးကိုသည်းခံလိုက်သည်။
ထိခိုက်ထားသောလူမှာ ချန်းရိုယွီထက်ပို၍စိတ်ဓာတ်ကျနေသယောင်ပင်။
"ငါ့ခြေထောက်ကျိုးပြီ! ငါ့ကိုချီးမှ ထိဖို့မကြံနဲ့! အားးး!!"
သူ့ရဲ့ အော်ဟစ်ငိုသံတွေက အလွန်စိတ်မချမ်းမြေ့စရာကောင်းသည်။ ချန်းရို့ယွီ သူမရဲ့မျက်လုံးကိုထပ်မှိတ်ထားတယ်။သူမပို၍ခေါင်းမူးလာသည်။
"ငါ့ခြေထောက် ငါ့ကိုမထိနဲ့ ငါပြောနေတယ်လေငါ့ကိုမထိနဲ့လို့!!!!!!"
ထိုလူ၏ရုန်းကန်မှုကြောင့် မုန့်ကုက သူ့ကို တစ်ချက်ပိတ်ရိုက်လိုက်သောအခါ ချက်ချင်း ငြိမ်သွားသည်။
သူမ ရယ်ချင်ပေမယ့် မရယ်နိုင်ပေ။သူမရဲ့မျက်လုံးများကိုပိတ်ထားပေမယ့်လည်း သွေးညှီနံ့များကိုခံစားနေရဆဲဖြစ်ပြီး စီးကပ်ကပ်ခံစားမှုကိုလည်း လက်၌ခံစား
နေရကာ သူမ မေ့လဲတော့မလို ခံစားနေရတယ်။
အခုတစ်ခါ ဒဏ်ရာရနေသောလူက ထပ်အော်လာသည်
"ချီးပဲ! မင်းစောင့်နေ....ငါ မင်းခြေထောက်ကို ချိုးမှာ စောင့်နေလိုက်"
"မင်း ကြိုးစားကြည့်ချင်လား"
မုန့်ကုရဲ့အသံက အေးစက်တည်ငြိမ်နေသည်။
"ငါက လူတွေရဲ့ ခြေထောက်ကိုတော့ မချိုးဘူးပေမယ့် ဖြတ်ပစ်လို့ရတဲ့ နည်းလမ်းတော့သိတယ်။ငါ့ရဲ့ကျွမ်းကျင်မှုက အရမ်းကောင်းတယ်နော်"
သူမထပ်ရယ်ချင်သွားပေမယ့် မရယ်နိုင်သေးပေ။သူမက နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ ဘာပြောလိုက်လဲဆိုတာ သတိမထားမိပေ။
"ဒေါက်တာမုန့် ကျွန်မမေ့လဲတော့မယ်............."
#######################