← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

ဒွိဟချစ်သံယောဇဉ်:

Chapter 16-သွေးကြောက်သောရောဂါ

ချန်းရို့ယွီတစ်ယောက် ဆေးရုံထပ်တတ်ရပြန်သည်။

သူမ ဒေါက်တာမုန့်ကုနဲ့ တွေ့တဲ့အချိန်ကစပြီး ဆေးရုံ ခဏခဏတတ်နေရခြင်းမှာ ပုံမှန်ကိစ္စလိုပင်ဖြစ်နေ၏။ချန်းရို့ယွီတစ်ယောက် သက်ပြင်းချလိုက်ပြီး အတိတ်ကအကြောင်းအရာများကို စဥ်စားနေမိသည်။သူမရဲ့ကျန်းမာရေးက အလွန်ကောင်းမွန်နေခဲ့ပြီး အဖျားရောဂါကိုပင် မခံစားခဲ့ရပေ။

ဒီတစ်ခါမှာ ချန်းရို့ယွီရဲ့ သွေးကြောက်တတ်သောရောဂါမှာ အလွန်ဆိုးဝါးခဲ့ပြီး သူမ မေ့လဲတဲ့အထိတောင် ဖြစ်ခဲ့ရတယ်။သူမ ဆေးရုံမှာ သတိရလာတဲ့အချိန် အရမ်း ရှက်သွားတယ်။အမှန်‌တော့ သူမမှာ ငယ်ငယ်လေးထဲက ဒီသွေးကြောက်တဲ့‌ရောဂါရှိ‌ပေမယ့် အဲ့ဒါက ကြက်တွေ၊ဘဲတွေ အသတ်ခံရတာကို တွေ့တဲ့အချိန်မှသာ ဖျားနာပြီးတော့ မအီမသာ ဖြစ်လာတာမျိုးသာ ဖြစ်တယ်။ခဏ‌လောက် အနားယူပြီးရင် သူမ နေလို့ကောင်းသွားပြီ။အဲ့ဒီနောက် သူမဆေးရုံတက်နေတဲ့အချိန်တုန်းက သူနာပြုတွေ သူမကို သွေးဖောက်ဖို့လာတဲ့အချိန် ဒါမှမဟုတ် သူမရဲ့ ဒဏ်ရာတွေ သွေးထွက်တဲ့အချိန်တုန်းက သူမက အဝေးလှည့်ပြီးတော့ မကြည့်ချေ။သူမ နည်းနည်းခေါင်းမူးပေမယ့် မပြင်းထန်ပေ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘာလို့လဲဆိုတာ သူမ မသိဘူး။ဖြစ်နိုင်တာကတော့ သူမက အရင်တုန်းက ဒီလိုမျိုး ပြင်းထန်တဲ့ထိခိုက်မှုများနှင့် ကားအက်ဆီးဒန့်ကို မတွေ့ခဲ့ဘူးတာကြောင့်လား ဒါမှမဟုတ် သူမရဲ့ စိတ်ပိုင်းဆိုင်ရာက အရမ်းစိတ်ဖိစီးနေတာကြောင့်လား။အတိုချုံးအားဖြင့် သူမက လူနာ၏ဒဏ်ရာကို ဖိပေးခဲ့ပြီး အရေးပေါ်ကုသမှုလုပ်နေတဲ့ ဒေါက်တာမုန့်ကုရဲ့ ရှေ့မှာတင် မေ့လဲသွားခဲ့တယ်။

အဲ့ဒါကလည်း စိတ်ကောင်းရှိတဲ့ လမ်းသွားလမ်းလာလူမှ ပြောပြခဲ့ခြင်းပင် ဖြစ်သည်။သူမ သတိရလာတဲ့အချိန်မှာ လမ်းသွားလမ်းလာက သူမနားမှာရှိနေပေးခဲ့ပြီး သူမအား အရေးပေါ်ကားလာနေပြီဟု ပြောပေးခဲ့သည်။သူက သူမကိုကူညီပေးခဲ့ပြီး ဆေးရုံသို့လည်း အတူလိုက်ပါလာပေးခဲ့သည်။ရဲများရောက်လာသည့်အချိန်တွင်လည်း ဖြစ်ပျက်ခဲ့ပုံများကို ပြောပြပေးခဲ့သည်။

"ရဲတွေလား?"

ချန်ရို့ယွီ အနည်းငယ် အံ့သြမိသွား၏။ရဲတွေရဲ့သက်ရောက်မှုက အတော်ပင်ကြီးမားသည်။

"ငါ ရဲခေါ်လိုက်တာ"

အဖြူရောင်ကုတ်အင်္ကျီကြီး ဝတ်ဆင်ထားတဲ့ ဒေါက်တာမုန့်ကု အထဲဝင်လာသည်။

သူမ မှင်သက်သွားပြီး သဘောကောင်းတဲ့ ဖြတ်သွားဖြတ်လာ ပြောပြတဲ့ သူမ မေ့လဲသွားတဲ့အချိန်တုန်းက မြင်ကွင်းကို သတိရသွားပြီး သက်ပြင်းချလိုက်၏။ထားလိုက်ပါတော့လေ..... ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒေါက်တာမုန့်ကုကို ဘယ်တုန်းကမှ အထင်အမြင်ကောင်း ပေးခဲ့တာမှ မဟုတ်တာ။ရှင်းပြဖို့လည်း ကြိုးစားမနေတော့ဘူး။

"သူတို့က မူးရင်းနဲ့ ကားမောင်းနေကြတာလေ ပြီးတော့ အဲ့ဒါကလည်း ပြစ်မှုတစ်ခုပဲ။ ကံကောင်းတာက သူတို့ ဘယ်သူ့ကိုမှ မထိခိုက်‌စေခဲ့ဘူး မဟုတ်ရင် ငါ......."

"ဒေါက်တာမုန့်!"

သူမ ချက်ချင်းဆိုသလို သူ့ကို စကားဖြတ် ပြောလိုက်တယ်။အဲ့ဒီယောကျာ်းရဲ့ပါးစပ်က အဆိပ်ပြင်းပြီး သူက ဘယ်တော့မှ သူရဲ့အဆိပ်ပြင်းရဲ့စကားလုံးတွေကို ချုပ်ထိန်းခြင်းမရှိဘူး ။ဒါ့အပြင် ဒီနေရာမှာ အခြားလူရှိနေသေးတယ်လေ။တကယ်လို့ သူက လူတွေကို ကြောက်လန့်စေနိုင်တဲ့ ထိတ်လန့်စရာကောင်းတဲ့ စကားတွေကို ပြောပြီးတော့ သူ့ရဲ့ ဆရာဝန်ဂုဏ်သိက္ခာ ပျက်ဆီးသွားရင် ဘယ်လိုလုပ်မလဲ?

မုန့်ကုသည် စကားပြောတာကိုရပ်၍ သူမအားစိုက်ကြည့်လိုက်သည်။

သူမက အလျှင်အမြန်ပြုံးလိုက်ပြီး

"ကျွန်မ ကျေးဇူးတင်စရာ လူတွေရှိသေးတာ မေ့နေတာ" ဟူ၍ပြောလိုက်သည်။

သူမရဲ့ ခေါင်းကိုလှည့်ကာ မွန်ဂိုဆရာဝန်ရဲ့အကြည့်‌တွေကို ရှောင်လိုက်ပြီး လမ်းသွားလမ်းလာအားပြောလိုက်သည်။

"ကျွန်မကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။"

ထိုလူက ရှက်သွားပြီး သူ့လက်ကို ထပ်ခါတလဲလဲ ဝှေ့ရမ်းပြလိုက်သည်။

"ရပါတယ် ရပါတယ် ကျွန်တော်ကဒီတိုင်းဖြတ်သွားယုံပါ။မိန်းကလေး ရေသောက်ချင်သေးလား? ဆရာဝန်ပြောတာ ရေများများသောက်ပြီး အနားယူသင့်တယ်တဲ့။တကယ်လို့မင်း ခံစားရတာအဆင်မပြေရင် သူတို့(ဆရာဝန်)ကိုခေါ်လိုက်ပါ။"

"ကျေးဇူးပါတယ်။ ရပါတယ် ကျွန်မအဆင်ပြေတယ်"

ထိုလူက အရမ်း စိတ်နှလုံးနွေးထွေးလွန်းတာကြောင့် ချန်းရို့ယွီ ၎င်းကို သည်းမခံနိုင်ပေ"

"ဒါဆိုရင်....."

မစ္စတာ လမ်းသွားလမ်းလာမှ စကားဆက်ပြောရန်ကြံနေခိုက် တစ်ဖက်က မုန့်ကု၏ ချောင်းဆိုးသံကိုကြားလိုက်ရသည်။

ချန်းရို့ယွီနဲ့ လမ်းလားလမ်းလာလူ နှစ်ယောက်လုံးက မျက်ခုံးတစ်ဖက်ပင့်ပြီး စကားပြောလာတဲ့ မုန့်ကုကို ကြည့်လိုက်ကြသည်။

"ကျွန်တော်က ဆရာဝန်တစ်ယောက်ဆိုတာ ခင်ဗျားကို သတိပေးချင်ပါတယ်။အဲ့ဒါကြောင့် သူ(မ)ကို ဆရာဝန်ရဲ့အကြံပြုချက်ပေးဖို့က ကျွန်တော်က ပိုပြီးသင့်တော်တယ်။ဒီက လူကြီးမင်း ဒုက္ခများသွားရပါပြီ။ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။အခု အတော်လေး နောက်ကျနေပြီဆိုတော့ ခင်ဗျား မြန်မြန်အိမ်ပြန်သင့်ပြီ။ဒါကို ကျွန်တော်နဲ့ ထားခဲ့လိုက်ပါ"

ထိုလူက ခဏလောက် စဉ်းစားနေခဲ့ပြီး အဲ့ဒါကို ကြည့်ရတာ အဓိကဆွဲဆောင်သူရောက်လာလို့ လမ်းဖယ်ပေးလိုက်ရတဲ့ အသေးစားဇာတ်ကောင်လေးနှင့်တူသည်။သူ အနည်းငယ် ရှက်ရွံ့သွားပြီးတော့ ချန်းရို့ယွီနှင့်မုန့်ကုကို နှုတ်ဆက်စကားပြောပြီးတဲ့နောက် ထွက်သွားသည်။

"အဲ့ဒီလူက တကယ် စိတ်သဘောထားကောင်းတယ်။နွေးနွေးထွေးထွေးရှိတယ်"

ချန်းရို့ယွီက စကားပြောရန်အတွက် အ‌ကြောင်းအရာ ရှာလိုက်သည်။

မုန့်ကုက ဘာမှပြန်မပြောဘဲ သူမဆီ လျှောက်လာကာ ရေတစ်ခွက်လောင်းထည့်၍

"ဒါကို သောက်"

ရေက အရမ်းမပူဘဲ အသင့်အတင့်ဖြစ်သည်။သူမက ရေခွက်ကိုယူ၍ ပါးစပ်အပြည့် အနည်းငယ်မျှသောက်လိုက်သည်။

"ဘယ်နေရာ နေမကောင်းသလိုခံစားရလဲ?"

သူ့ရဲ့ အသံနေအသံထားဟာ ပုံမှန် ဆရာဝန်တွေလိုသာဖြစ်တာကြောင့် သူမ စိတ်သက်သာရာ ရသွားတယ်။သူမက ခေါင်းခါလိုက်ပြီးတော့

"အဆင်ပြေပါတယ် နည်းနည်းအားနည်းနေသလိုပဲခံစားရတာ"

"မင်းရဲ့ရင်ဘတ်ထဲ ဟာတာတာဖြစ်နေလား ပြီးတော့ ချွေးအေးတွေ ထွက်နေသေးလား"

"အမ်း.....ရင်ဘတ်ထဲမှာတော့ နည်းနည်း ဟာတာတာ ဖြစ်နေတုန်းပဲ။ ချွေးတော့မပြန်တော့ဘူး"

"ခေါင်းမူးပြီးမအီမသာဖြစ်နေလား?"

"အခုတော့မခံစားရဘူး"

"ဒီလိုမျိုး လက္ခဏာတွေက အရင်ကတည်းကရှိတာလား"

"ကျွန်မက နည်းနည်းတော့ သွေးကြောက်တတ်တယ်"

"မဟုတ်ဘူး" ချန်းရို့ယွီရဲ့ မသိစိတ်က‌နေ ဖြေမိသွားပြီးတော့ အဲ့ဒီနောက် ဒီမွန်ဂို‌ဆရာဝန်က ဒီအခွင့်အရေးကို အသုံးချပြီး သူမကို အမိန့်တွေပေးနေမှာ စိုးရိမ်တာကြောင့် အလျင်အမြန်ပြောလိုက်သည်။

"ဒေါက်တာမုန့် ကျွန်မအဆင်ပြေပါတယ်။သွေးကြောက်တဲ့ရောဂါက အရမ်းစိုးရိမ်စရာမှ မဟုတ်တာ။ကျွန်မ နားပြီးတဲ့အချိန်ကြရင် အဆင်ပြေသွားလိမ့်မယ်။တကယ်‌တော့ အရင်တုန်းကလည်း ကျွန်မ မသက်မသာခံစားခဲ့ရပေမယ့် သိပ်မကြာခင် သက်သာသွားတာပဲ။ဒီတစ်ခေါက်က ကျွန်မက ကားတိုက်တာကို မြင်ဖူးတဲ့ အတွေ့အကြုံမရှိဘူးလေ။အဲ့ဒါကြောင့် ကျွန်မ ကြောက်ပြီးတော့ မေ့လဲသွားတာ။ရှင် စစ်ဆေးဖို့ ဆေးစာမရေးရင်ကောင်းမယ်‌နော်။ကျွန်မမှာ တကယ်ပိုက်ဆံမရှိဘူး"

မုန့်ကုက မျက်ခုံးတွေတောင် မပင့်သွားဘဲ ထင်ရှားစွာဖြင့် သူမနဲ့ သဘောမတူချေ။

ချန်းရို့ယွီ ခဏလောက် စဉ်းစားလိုက်တယ်။သူမမှာ အရင်တုန်းက ကားတိုက်မှု အတွေ့အကြုံမရှိလို့ မေ့လဲသွားတယ်လို့ ပြောရတာ ရှက်စရာကောင်းတယ်။ဘာပဲဖြစ်ဖြစ်လေ သူမမှာ ပိုက်ဆံမရှိဘူးဆိုတာ သူ သိနေတာပဲ။ဘယ်လိုပဲဖြစ်ဖြစ် သူမက ပိုက်ဆံသုံးဖို့ ရည်ရွယ်ချက်မရှိတာကြောင့် တိတ်တိတ်လေးပဲ ဆက်နေ,နေလိုက်တယ်။

ဒီအချိန်မှာဘဲ မုန့်ကုက သွေးချိန်စက်ယူလာပြီး သူမရဲ့ လက်ကိုဆန့်ထုတ်ရန် အမူအရာပြသည်။

"ဒါက မင်းရဲ့ နှလုံးခုန်နှုန်းနဲ့သွေးပေါင်ချိန်ကိုတိုင်းဖို့ပဲ"

အဲ့ဒီ‌နောက် ချန်းရို့ယွီသည် သူမက လူနာအင်္ကျီဝတ်ထားကြောင်း သတိထားမိသွားသည်။မုန့်ကုကသူမ၏အင်္ကျီကို မလိုက်ပြီးပြောသည်။

"မင်းရဲ့အင်္ကျီက သွေးတွေပေနေတာနဲ့ မင်းအတွက် လဲပေးဖို့ သူနာပြုကို ငါ ပြောလိုက်တာ"

သူမက သူ့ကို အသံတိုးတိုးလေးဖြင့်သာကျေးဇူးတင်လိုက်ပြီး မုန့်ကု၏လက်ချောင်းများမှ အပူချိန်ကို သူမ ခံစားရသည်။သူမ ငုံ့ကြည့်လိုက်တဲ့အခါ မုန့်ကုရဲ့ လက်ချောင်းတွေက ရှည်လျားပြီးတော့ လက်သည်းတွေက သန့်ရှင်း‌နေတာကို သတိပြုမိလိုက်သည်။သူ့ရဲ့ သွေးပေါင်ချိန်စက်နဲ့ လှုပ်ရှားမှုတွေက ကျွမ်းကျင်ပြီးတော့ ပညာသားပါသည်။သူမက သူ့လက်တွေကို မှင်သက်စွာ စိုက်ကြည့်နေခဲ့ပြီး နှလုံးခုန်နှုန်းတွေ မြန်လာခဲ့သည်။

လျှပ်စစ်သွေးပေါင်ချိန်စက်သည် ၎င်းရဲ့အလုပ်ကို လျင်မြန်စွာ လုပ်ဆောင်၍ နှစ်ခါမြည်ခဲ့သည်။

ချန်းရို့ယွီက ငေးမောနေရာမှ သတိပြန်ဝင်လာပြီး မုန့်ကုက ဖန်သားပြင်ပေါ်က ပုံရိပ်တွေကို မျက်မှောင်ကြုတ်၍ ကြည့်နေတာ တွေ့လိုက်ရသည်။

"အဖြေ မကောင်းလို့လား?"

"သွေးပေါင်ချိန်ကတော့ ကောင်းတယ် နှလုံးခုန်နှုန်းက တအားမြန်နေတယ်"

မု့န်ကုက သူမ၏လက်မောင်းမှ သွေးပေါင်ချိန်လက်ပတ်ကိုဖြုတ်လိုက်သည်။သူ့ရဲ့ လက်

ကောက်ဝတ်ကို လှည့်လိုက်ကာ နာရီကိုကြည့်လိုက်ပြီး အဲ့ဒီနောက် သူ့လက်ကို သူမဆီ ဆန့်တန်းကာ

"ငါ့ကို မင်းလက်ပေး"

သူမရဲ့ နှလုံးခုန်သံ‌တွေ ပိုပြီး‌တော့ မြန်လာတာကို သူမ ကြားရတဲ့အချိန် မတတ်နိုင်ဘဲ စိုးရိမ်သွား၏။အခု သူက သူမလက်ကို တောင်းနေတဲ့အချိန် အလိုအလျောက် နောက်ဆုတ်မိသွားသည်။

"ဘာလို့လဲ?"

"မင်းရဲ့နှလုံးခုန်နှုန်းက အရမ်းမြန်နေတယ်။ ငါ အဲ့ဒါကို နောက်တစ်ခါ ပြန်စစ်ဖို့လိုတယ်"

"အိုးးးး"

သူမအများကြီး စဥ်းစားမိသွားတာပဲ။ ချန်းရို့ယွီက တွန့်ဆုတ်စွာဖြင့် သူမရဲ့လက်ကို ဆန့်ထုတ်ပေးလိုက်သည်။

သူ့ရဲ့ သွယ်လျသန်မာတဲ့ လက်ချောင်းတွေက သူမရဲ့လက်ကောက်ဝတ်ကို ထိလာခဲ့သည်။သူ့လက်က အရမ်းကြီးတယ်.....အရမ်းကြီးလွန်းလို့ သူမရဲ့ လက်သီးဆုပ်တစ်ခုလုံးကိုတောင် ဖုံးအုပ်ဆုပ်ကိုင်နိုင်တယ်။သူမက သူ့လက်ကို စိုက်ကြည့်‌နေခဲ့ပြီး သူ အရေးပေါ်ကုသမှုလုပ်နေတဲ့အချိန် သူ့ရဲ့ ချောမောပြီး မိမိုက်တဲ့ ပုံရိပ်ကို သတိရသွား၏။သူက ဒီလက်တွေကို အသုံးပြုပြီးတော့ ထိုယောကျာ်းနှစ်‌ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့တယ်။

"ဟို....... driverခုံပေါ်ကလူကဘာဖြစ်တာလဲ ရှင်ကဘာလို့သူ့ကို ထိုးလိုက်တာလဲ?"

"အဆုတ်လေဝင်တာ"

"အဲ့ဒါဘာဆိုလိုတာလဲ?"

သူမအမှန်တကယ်သိချင်မိတယ်။

"ယာဥ်တိုက်မှုက သူ့ရဲ့အဆုတ်ကိုထိခိုက်ပြီး လေဝင်သွားတဲ့ အဆုတ်တစ်ရှုးတွေက ဂတ်စ်တွေပြုလုပ်ပြီး သူရဲ့ရင်ဘတ်ထဲကို ဝင်သွားတာ။လေတွေက သူရဲ့အဆုတ်ထဲမှာ ဖိအားဖျားပြီး ပုံမှန်လှုပ်ဆောင်မှုမရှိတော့ဘူး။သူအသက်ရှုလို့မရတာက အရမ်းအန္တာရယ်ရှိတယ်။အဲ့တော့ ရင်ဘတ်အတွင်းထဲမှာရှိတဲ့ ဖိအားတွေကအပြင်ကို ရောက်ဖို့လိုတယ်။"

သူရဲ့ရှင်းပြချက်ပြီးတဲ့အချိန်မှာ သူကထပ်ပြောသည်။

"မင်းနားလည်လား?"

"အိုး"

အမှန်တိုင်းပြောရရင်တော့ သူမ သေချာနားမလည်ဘူး။သူ အဲ့လောက်အထိ ထေ့ငေါ့ပြောဖို့ လိုလို့လား?

"သွေးတွေအများကြီးဆုံးရှုံးသွားတဲ့လူကရော?"

ဒီတစ်ခါတော့ မုန့်ကုက ပြန်မဖြေဘဲ သူရဲ့နာရီကိုသာကြည့်နေသည်။

ချန်းရို့ယွီက ထပ်မေးလိုက်၏

"အဲ့ဒီညည်းနေတဲ့တစ်ယောက်က ရှင်ရဲ့ခြေထောက််ကို ရိုက်ချိုးမယ်လို့ ပြောခဲ့တဲ့ လူပဲလေ။သူ သူ့ခြေထောက်ကို တကယ်ချိုးလိုက်လား? ကျွန်မမေ့လဲသွားတော့ သူ့အပေါ်ကို ကျသွား‌သေးလား?ကျွန်မ သူ့ကိုနာအောင် လုပ်မိလိုက်သေးလား?"

"ချန်းရို့ယွီ"

"အမ်?"

"မင်းရဲ့လက်ကို ငါ့ကို ကိုင်ထားစေချင်တာလား?"

"အာ?"

သူမက ဘယ်လိုလုပ် ဒါကို တွေးနိုင်မှာလဲ?

"မင်းက စကားတွေ မနားတမ်းပြောနေတော့ ငါကဘယ်လိုလုပ် မင်းရဲ့နှလုံးခုန်နှုန်းကို တိုင်းရမှာလဲ?"

သူမ ရှက်သွား၏။သူက တကယ်လည်း သူမလက်ကို ကိုင်ထားပြီး‌တော့ သူမက မနားတမ်း စကားတွေပြောနေတယ်ဆိုတာကလည်း အမှန်ပင်။၎င်းက သူမက ဆရာဝန်ကို သူ့ရဲ့ဂျူတီအား နှောင့်နှေးစေရန်နှင့် တချိန်တည်းမှာဘဲ သူ့အပေါ်တွင် အခွင့်ရေးယူသလို သံသယဖြစ်စရာပုံဖြစ်နေသည်။

သူမ စကားမပြောတော့ဘဲ မုန့်ကုကလည်း နာရီကိုသာ ဆက်၍ ကြည့်နေသည်။သူက သူ့စိတ်ထဲမှာ အရာအားလုံး ရှင်းရှင်းလင်းလင်း နားလည်‌နေတဲ့ပုံစံ ဖော်ပြထားပြီး

"ရှင်နဲ့ နည်းနည်းလောက် စကားပြောတာကို ရှင်က နှလုံးခုန်နှုန်း မတိုင်းနိုင်‌တော့ဘူးလား။ဒါက ရှင် လုံလုံလောက်လောက် ကျွမ်းကျင်မှုမရှိဘူးလို့ ယူဆရမှာလား?တခြားတရုတ်ဆေးပညာဆရာတွေတောင် သူတို့လက်တွေသုံးပြီး နှလုံးခုန်နှုန်းကို စမ်းတတ်သေးတယ်။"

မုန့်ကုက ခေါင်းကိုမော့၍ သူမအား လှမ်းကြည့်လိုက်ပြီး ထိုအခါမှ သူမပါးစပ်ပိတ်သွားသည်။သူက သူမအား ရယ်သလို အပြုံးယဲ့ယဲ့လေးလုပ်လိုက်သည်။ကံကောင်းစွာဖြင့် သူမစကားမပြောဘဲခေါင်းကိုသာငုံ့ထားလိုက်သည်။

ချန်းရို့ယွီ အနည်းငယ် စိတ်ရှုပ်သွားတယ်။ဒီ‌နေရာက လေထုကပဲ အရမ်းလေးလံနေတာလား ဒါမှမဟုတ် သူမကပဲ အရမ်း ခံစားလွယ်နေတာလား?ဘာပဲဖြစ်ဖြစ် သူမရဲ့ နှလုံးကတော့ လျင်လျင်မြန်မြန် ခုန်ပေါက်နေတယ်။သူမရဲ့ ခေါင်းတွေမူးနေတာကလည်း အခုလောက်ဆို ပျောက်သင့်ပြီလေ။ဟုတ်တယ်မလား?

မုန့်ကုက နောက်ဆုံးတော့ သူမရဲ့ လက်ကောက်ဝတ်ကို လွှတ်လိုက်ပြီး သူမကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။

"မင်း နောက်ဆုံးတစ်ခေါက် ဆေးရုံတက်ရတုန်းက အစာအိမ်ယောင်တာအပြင် တခြားပြသာနာတွေရှိသေးလား?"

"မရှိဘူး"

"ဆရာဝန်တွေက မင်းရဲ့နှလုံးစစ်ဆေးမှုမှာ ပြသာနာတစ်ခုခု တွေ့ခဲ့လား?"

"ဟင့်အင်း"

မုန့်ကုက စကားမပြောပေ။လျှပ်စစ်သာမိုမီတာကိုထုတ်လိုက်ပြီး သူမ၏နဖူးပေါ်ကိုတင်ကာ အပူချိန်ကို စစ်ဆေးသည်။၎င်းက ပုံမှန်ဖြစ်၏။သူကသာမိုမီတာကို စားပွဲပေါ်တင်လိုက်ပြီး သူမကိုပြောလာခဲ့သည်။

"ငါ မင်းကို နောက်ထပ်နှလုံးစစ်ဆေးမှုလုပ်စေချင်တယ်"

သူမအနည်းငယ် စိတ်လှုပ်ရှားသွားပြီး

"ကျွန်မ......ကျွန်မ ခေါင်းမူးနေတဲ့အချိန် ရင်ထဲ ဟာတာတာဖြစ်ပေမယ့် အနားယူပြီးရင် ကောင်းသွားပြီ။နောက်ဆုံးတစ်‌ခေါက် ကျွန်မဆေးရုံတက်တုန်းက ဒီဆေးရုံမှာပဲ ECGတစ်ခု လုပ်ပြီးသွားပြီ။အဖြေက ကောင်းတယ်။အဲ့နောက် ကျွန်မ နောက်ထပ်ဆေးရုံတစ်ခုတက်ပြီး ECGလုပ်တော့လည်း အဖြေက ပုံမှန်ပဲ"

"ဒါပေမဲ့ အခု မင်းရဲ့ နှလုံးခုန်နှုန်းက အရမ်းမြန်နေတယ်။ဆရာဝန်တစ်ယောက်ရဲ့ ရှုထောင့်ကနေ ပြောမယ်ဆိုရင် စိတ်ချရအောင်လို့ နောက်ထပ် ECG(နှလုံးစစ်ဆေးမှု)လုပ်ဖို့ အကြံပေးတယ်။တကယ့်ပြဿနာကို ရှာတွေ့ရင် မှန်ကန်တဲ့ကုသမှုကို ခံယူဖို့ ပိုပြီးလွယ်သွားပြီ။ငါတို့တွေ မင်းပြဿနာအတွက် ဆေးလိုအပ်ရဲ့လားဆိုတာကိုလည်း စစ်ဆေးနိုင်တယ်။ဒါမှမဟုတ် မင်းရဲ့ သွေးကြောက်တဲ့ရောဂါက တကယ်ပြင်းထန်တယ်ဆိုရင် မင်း စိတ်ရောဂါဆရာဝန်နဲ့ ကုသမှုခံယူသင့်တယ်"

"အဲ့ဒါက မပြင်းထန်ပါဘူး။ တကယ်စိုးရိမ်စရာ မလိုဘူး။ကျွန်မအရင်တုန်းကလည်း ဒီလိုမေ့မလဲဖူးဘူး။ဒါက သေချာပေါက် မတော်တဆဖြစ်သွားတာ"

"ဒါဖြင့်နောက်တစ်ခေါက်နှလုံးစစ်ဆေးမှုလုပ်ကြည့်ရင်ရော?"

သူမရှက်သွားတယ်။

"ဒေါက်တာမုန့် ကျွန်မ ECGကိုထပ်မလုပ်လို့ရမလား? တခြားပြောင်းပြောရရင် ကျွန်မရဲ့ သွေးကြောကို စမ်းတာဖြစ်ဖြစ် အဲ့လိုမျိုးပေါ့။အဲ့ဒါဆိုရင် ကျွန်မလည်း ပိုက်ဆံသုံးစရာ မလိုတော့ဘူး။

မဟုတ်လည်း ကျွန်မ အနားယူလိုက်ရင် နှလုံးခုန်နှုန်းက ပုံမှန်ဖြစ်လာမှာပဲလေ"

"ငါက မင်း သွေးခုန်နှုန်းစစ်တာအတွက် ပိုက်ဆံမယူဘူးလို့ မင်းက ဘယ်လိုသိလဲ"

"အမ်?"

ချန်းရို့ယွီကြောင်သွားတယ်။သူက တကယ်ပဲသူမကို ပိုက်ဆံမတောင်းလောက်ဘူးမလား တောင်းမှာလား??

မုန့်ကုက သူမရဲ့ အမူအရာကိုကြည့်၍ ရယ်လိုက်သည်။သူရယ်လိုက်တဲ့အချိန် ချန်းရို့ယွီက မုန့်ကုစနေကြာင်း သိလိုက်ပြီး ပြုံးမိသွား၏။ဒါက မုန့်ကု၏ ရယ်သံကို ပို၍ ကျယ်လောင်သွား‌စေသည် ။သူ ရယ်လို့ဝသွားတဲ့အချိန်မှာ‌တော့

"ကောင်းပြီ တကယ်တော့ ငါ အဲ့လိုမလုပ်ချင်ပေမယ့် မင်းက ပိုက်ဆံအရမ်းမကုန်တဲ့ နည်းလမ်းကိုသုံးမယ်ဆိုရင်တော့ ဒီတစ်လမ်းဘဲရှိမယ်"

ချန်းရို့ယွီက ခေါင်းငုံ၍

"ဘယ်လိုနည်းလမ်းဖြစ်ဖြစ် အဆင်ပြေပါတယ်"

အဲ့ဒီနောက် မုန့်ကုက သူ့ရဲ့အဖြူရောင်ကုတ်အင်္ကျီ အိတ်ကပ်ထဲက ဆေးနားကြပ်ကို ထုတ်၍ ဘေးနားရှိလိုက်ကာကို ကုတင်ဘေးပတ်ပတ်လည်ကာလိုက်သည်။အိပ်ယာပေါ်မှာ လှဲနေတဲ့ ချန်းရို့ယွီက ချက်ချင်းသဘောပေါက်သွားပြီး ရှက်သွားသည်။

သူမရဲ့ နီရဲနေတဲ့မျက်နှာက မုန့်ကုကိုပြုံးစေသည်။

"မင်းကိုယ်မင်းကြည့်ဦး။ဘယ်လိုဆရာဝန်မျိုးကဒီလိုမျိုးရောဂါရှာလို့လဲ?"

သူမရဲ့ နှုတ်ခမ်းကိုကိုက်လိုက်တယ်။သူမ မုန့်ကုကို သာမာန်ဆရာဝန်တစ်ယောက်အဖြစ်သာ တကယ်မှတ်ယူချင်ပေမယ့်လည်း သူမရဲ့ မျက်နှာက ဆက်တိုက်နီ၍ နီကာ ပို၍ပို၍နီရဲတောက်လာသည်။တကယ်လို့ သူမသာ အခုအချိန်မှာ နှလုံးခုန်နှုန်းစစ်ဆေးမယ်ဆိုရင် စက်တောင်ပျက်သွားမလား?

"အခုက အရမ်းနောက်ကျနေပြီ။အရေးပေါ်ကုသဆောင်ပဲ အားတော့မှာ။အရေးပေါ်ကုသဆောင်မှာ ဒီနေ့ဂျူတီကျတဲ့ ဆရာဝန်တွေက အကုန်ယောကျာ်းလေးတွေချည်းပဲ။နှလုံးစစ်ဆေးရေးဆောင်မှာတာဝန်ကျတဲ့ဆရာဝန်ကလည်း ယောကျာ်းလေးပဲ။ဒီတော့ မင်းဘာသာမင်းဆုံးဖြတ်ချက်ချနိုင်တယ်"

#############################

All Chapters