← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

ဒွိဟချစ်သံယောဇဉ်:

Chapter 18- စီးစီး မုန့်ကုကို လိုက်ခြင်း

အဆုံးတွင်တော့ ချန်းရို့ယွီ ဆေးရုံတက်ရန် မလိုအပ်ခဲ့ပေ။

ဒါတွေအားလုံးက နှလုံးစစ်ဆေးစက်ရဲ့ သာမန်အဖြေတွေကို ကျေးဇူးတင်ရမယ်၊ဆရာဝန်ငယ်လေးရဲ့ သေချာတဲ့ လုပ်ဆောင်မှုကို ကျေးဇူးတင်ရမယ်၊နှလုံးခုန်မြန်တာကလွဲလို့ တခြားဘာပြဿနာမှ မရှိတဲ့ သူမရဲ့ နှလုံးလေးကို ကျေးဇူးတင်ရမယ်၊နောက်ဆုံးမှာတော့ သူမကို မညှာမတာ ကုသခြင်းမရှိခဲ့တဲ့ ဒေါက်တာမုန့်ရဲ့ အသိစိတ်လေးကို ကျေးဇူးတင်ရမယ်။

အချိန်တိုအတွင်း ဆယ်မိနစ်လောက် စောင့်ပြီးတဲ့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသားဆရာဝန်တစ်ဦး ရောက်လာခဲ့သည်။သူက မုန့်ကုအတိုင်းပြုမူ၍ ချန်းရို့ယွီကို မေးခွန်းများစွာ မေးခဲ့သည်။ဉပမာအနေဖြင့် ဟာတာတာဖြစ်ပြီး ခံစားရတာအပြင် သူမ အခြားမသက်မသာ ခံစားရတာတွေ ရှိသေးလား စသဖြင့် ဖြစ်သည်။သူမမှာ တခြား မသက်မသာဖြစ်တာတွေ မရှိဘူးဆိုတာ ဆုံးဖြတ်ပြီးတဲ့နောက် ဆရာဝန်က သူမ အိမ်ပြန်နိုင်ပြီဟု ပြောလာသည်။အကယ်၍ ဒီနေ့ည သူမရဲ့ နှလုံးခုန်နှုန်းက တိုးတက်လာခြင်း မရှိဘူးဆိုရင် မနက်ဖြန်ကျ သူမ နှလုံးရောဂါဆိုင်ရာဌာနကိုသွား၍ ဆွေးနွေးကုသမှု ခံယူသင့်တယ်ဆိုတာကိုလည်း ဆရာဝန်က သူမကို အကြံပေးခဲ့သည်။သူမကို ဖြစ်နိုင်သမျှ ပြီးပြည့်စုံတဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု ပြုလုပ်ရန်လည်း အကြုံပြုသည်။

ချန်းရို့ယွီသည် သဘောတူလက်ခံတဲ့အနေဖြင့် ခေါင်းညိတ်လိုက်၏။

သူမ ဆေးရုံနှစ်ကြိမ်တက်ခဲ့ရပြီး တစ်ကြိမ်ဆီတိုင်းမှာ စစ်ဆေးမှုအပြည့်အစုံ လုပ်ရသည်။သူမနဲ့ မိုင်တစ်ရာအကွာအဝေးအတွင်း တစ်ချိန်တည်းမှာပဲ သူမပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေထက် ပိုပြီးပြုလုပ်ရတဲ့သူ ရှိမှာမဟုတ်ဘူးလို့ သူမ ထင်မိသည်။

လျန်စီးစီးက ချန်းရို့ယွီ၏ အဝတ်အစားများ မထုတ်လာခင် ဆရာဝန်ထွက်သွားသည်အထိ စောင့်နေလိုက်သည်။

"နင်က တကယ်ကြီး ငါ့အတွက် အဝတ်တွေယူလာတာပဲ"

"အင်း ဒေါက်တာမုန့်က ငါ့ကို ဖုန်းထဲကနေ ပြောတာလေ နင့်အဝတ်တွေက သွေးတွေစွန်းနေတယ်တဲ့။သူက ငါ့ကို နင့်အတွက် အဝတ်သန့်သန့်တစ်စုံ ယူလာခိုင်းတာ။"

လျန်စီးစီးက မျက်စိတစ်ဖက်မှိတ်ပြ၍ "သူ စဉ်းစားမပေးတတ်ဘူးလား"

ချန်းရို့ယွီ ခေါင်းညိတ်လိုက်တယ်။ဒါက တကယ့်ကို သူမ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။

သူမရဲ့ အဝတ်တွေကို ယူ၍ အဝတ်လဲတော့မယ့်အချိန်တွင် လျန်စီးစီးက ပြောလာခဲ့သည်။

"ငါတို့မသွားခင် ငါ သူ့ကို နောက်တစ်ခါလောက် ထပ်သွားကြည့်လိုက်ဦးမယ်။သူနဲ့ ခဏလောက် စကားပြောရလည်း ကောင်းတာပဲလေ။နင် အရင် အဝတ်လဲထားနှင့် ငါ ခဏနေရင် ပြန်လာခဲ့မယ်"

ချန်းရို့ယွီ ‌နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြီးတော့ အရောင်စုံတဲ့ လိပ်ပြာလေး ပျံသန်းသွားသလိုမျိုး ထွက်သွားတဲ့ လျန်စီးစီးကို ကြည့်နေလိုက်သည်။

သူမ အဝတ်လဲပြီးတဲ့နောက် အချိန်အကြာကြီး စောင့်နေပေမယ့် လျန်စီးစီးက ပြန်ရောက်မလာပေ။ချန်းရို့ယွီ သူမရဲ့ဖုန်းကို ထုတ်ယူ၍ ကြည့်လိုက်သည်။ အချိန်မှာ မနက်(၁)နာရီ ထိုးလုနီးပါးဖြစ်၏။သူမ အိပ်ငိုက်နေတာ မထူးဆန်းတော့ချေ။

သူမ သမ်းဝေပြီးတော့ နောက်တစ်ကြိမ် ထပ်သမ်းပြန်တယ်။သူမရဲ့ ပါးစပ်က အကျယ်ကြီး ဟနေပြီးတော့ မျက်ရည်တွေ ထွက်လာတယ်။

ဒီအခိုက်အတန့်မှာပဲ မုန့်ကုက အထဲဝင်လာခဲ့တယ်!!!

သူမရဲ့ ပါးစပ်က အကြီးမားဆုံး ဟနေပြီးတော့

ပါးစပ်ပိတ်ချိန်မရလိုက်ပေ။သူမရဲ့ ပါးစပ်ကို လက်နဲ့ဖုံးဖို့ဆိုတာ အလွန်နောက်ကျသွားပြီ။

(ဒီနေရာရေးရင်း Kikko‌တောင် လိုက်သမ်းမိတယ်🤣)

မျက်ရည်တွေက သူမရဲ့ မျက်လုံးထောင့်မှာ ရှိနေပြီးတော့ ဖုံးကွယ်ထားဖို့ လျင်မြန်တဲ့အချိန်မရှိလောက်အောင်ကို သူမကို အလွန် မိန်းမမဆန်တဲ့ပုံပေါက်စေသည်။ချန်းရို့ယွီက ၎င်းကို ဒီအတိုင်းထားလိုက်ပြီး အေးအေးဆေးဆေး သမ်းလိုက်သည်။

လျန်စီးစီးက မုန့်ကုနောက်ကနေ လိုက်ဝင်လာခဲ့ပြီး မျက်ရည်တွေသုတ်နေတဲ့ ချန်းရို့ယွီကို ပျော်ရွှင်စွာ ပြောလိုက်သည်။

"ရို့ယွီ ဒေါက်တာမုန့်က တာဝန်ကျနေဖို့ မလိုဘူး။အားလုံးပြီးသွားရင် သူက ငါတို့ကို အိမ်ပြန်ပို့ပေးမယ်တဲ့"

"ကောင်းသားပဲ"

သူမရဲ့သမ်းဝေမှုကနေတစ်ဆင့် ချန်းရို့ယွီက ပုံရိပ်နဲ့ကြိုတင်မှာကြားချက်တွေဟာ သူမအတွက် မလိုအပ်ဘူးဆိုတာ သဘောပေါက်သွားသည်။သူမ အလွန်ပျော်ရွှင်နေပြီးတော့ လူနှစ်ယောက်က သေချောပေါက် ငြင်းပယ်ခြင်းမရှိကြပေ။သူတို့သုံးယောက် ကားထဲကိုဝင်ပြီးတော့ လျန်စီးစီးက ရှေ့တွင်ထိုင်ကာ မုန့်ကုက ကားမောင်းနေပြီး ချန်းရို့ယွီကတော့‌ နောက်ခုံတွင် ထိုင်သည်။

ကားစတင်မောင်းနှင်တဲ့အချိန် လျန်စီးစီးက မုန့်ကုနှင့် ‌စကားပြောရန်အတွက် အကြောင်းအရာများရှာဖွေ၍ သူတို့နှစ်ဦးဟာ ရယ်မောစကားပြောနေကြသည်။ချန်းရို့ယွီသည် မှင်သက်စွာ ထိုင်နေခဲ့ပြီး သူမ နောက်ကြည့်မှန်ကို လှမ်းကြည့်တဲ့အချိန် မုန့်ကုနှင့် မျက်လုံးချင်းဆုံသွားသည်။ချန်းရို့ယွီက မျက်တောင်ခတ်၍ နောက်ကိုမှီလိုက်ပြီး မျက်စိမှိတ်ကာ အိပ်နေလိုက်သည်။

အရမ်းပင်ပန်းတာပဲ။လှဲနေရတာက အရမ်းသက်သောင့်သက်သာဖြစ်ပြီးတော့ အရေထူလို့ကောင်းတယ်။

မှိန်းနေရင်းဖြင့် သူမ လျန်စီးစီးပြောတာကို ကြားနေရသည်။

"ရို့ယွီက အိပ်ပျော်သွားပြီပဲ။သူ(မ) တော်တော်လေး ပင်ပန်းသွားတာဖြစ်ရမယ်။တောင်းပန်ပါတယ်နော် ဒေါက်တာမုန့်"

"အဆင်ပြေပါတယ်။အရမ်း ယဉ်ကျေးမနေပါနဲ့။ဒီတစ်လျှောက်လုံး သူ(မ)က အမြဲတမ်း ကျွန်တော့်ကို သူ(မ)လူ‌တွေထဲက တစ်ယောက်လို ဆက်ဆံနေကြ"

[ဖွီ!!! ငါ ဘယ်တုန်းက သူ့ကို ငါ့လူတွေထဲက တစ်ယောက်လို ဆက်ဆံလိုက်လို့လဲ]

ချန်းရို့ယွီ တိတ်တဆိတ် သဘောမတူလိုက်၏။

ကားက တရွေ့ရွေ့နှင့် သွားပြီးတော့ နောက်ဆုံးမှာတော့ သူမ အိပ်ပျော်သွားသည်။

သူမက အိမ်ပြန်တဲ့ လမ်းတစ်လျှောက်လုံး အိပ်ပျော်နေခဲ့သည်။သူတို့ အိမ်ရောက်တဲ့အချိန် သူမကို လျန်စီးစီးက နှိုးလိုက်၏။လျန်စီးစီးသည် မုန့်ကုကို ယဉ်ကျေးစွာ ကျေးဇူးတင်၍ အဲ့ဒီနောက် သူမကို တွဲကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။

ချန်းရို့ယွီက သူမရဲ့မျက်လုံးတွေကိုတောင် ပင့်မကြည့်ပေ။

"သူက ငါတို့လူလေ အရမ်းယဉ်ကျေးမနေနဲ့"

မုန့်ကုက သူမကို ရယ်ပြကာ သူ့ရဲ့ နှင်းလိုဖြူဖွေးနေတဲ့သွားများကို ဖော်ပြလာခဲ့ပြီး သူမကလည်း ပြန်ရယ်ပြလိုက်သည်။အဲ့ဒီနောက် သူမ အိမ်ပြန်ရောက်တဲ့အချိန် အိမ်ထဲကို ဝင်၍ ဆက်အိပ်နေလိုက်သည်။သူမသည် မိုးလင်းတဲ့အထိ အိပ်နေခဲ့၏။

တစ်ညလုံး အိပ်မက်မမက်ခဲ့ဘူး။သူမကို နောက်ကနေ လိုက်ရိုက်နေတဲ့ အမေမရှိဘူး။သူမကို စိတ်တိုစေတဲ့ အဆိပ်လျှာနဲ့ မုန့်ကုမရှိဘူး။မျက်စိတစ်မှိတ်အတွင်း ဘဝကြီးက သူမအတွက် အရမ်းကောင်းသွားပြီ။

နေ့သစ်တစ်နေ့ စတင်လာပြီ။နှလုံးခုန်နှုန်း တိုးမြင့်တာကလည်း ပျောက်ကွယ်သွားပြီ။

ချန်းရို့ယွီက လက်သီးဆုပ်ထားပြီးတော့ အားအင်အပြည့်ဖြင့် ရှိ‌နေသည်။သူမ ပြောပြီးသားပဲ သူမရဲ့ ခေါင်းမူးတာနဲ့ မသက်မသာဖြစ်တာတွေက ယာယီပါပဲလို့။စိတ်ဓာတ်ကျမှုနဲ့ အဆင်မပြေမှုတွေကလည်း ယာယီပဲ။

သူမ အလုပ်ကြိုးစားချင်တယ်။သူမလည်းပဲ အောင်မြင်နိုင်တယ်ဆိုတာ သူမရဲ့မိသားစုကို မြင်စေချင်တယ်။သူမလည်း ဆွဲဆောင်မှုရှိတယ်ဆိုတာ မုန့်ကုကို မြင်စေချင်တယ်။

တောက်ပတဲ့ အဝတ်အစား‌တွေ ဝတ်ပြီးတော့ လျန်စီးစီးရဲ့ အံ့ဩနေတဲ့မျက်လုံးတွေအောက်မှာ ချန်းရို့ယွီ တက်ကြွစွာဖြင့် အလုပ်သွားလေသည်။

သူမရဲ့အလုပ်က သူမကို အလွန်အလုပ်များစေ၏။သူမရဲ့ ဖောက်သည်တွေကို တွေ့ဖို့ ဟိုဟိုဒီဒီ ပြေးလွှားနေရတာ ပင်ပန်းသည်။ချန်းရို့ယွီသည် အလုပ်ကြိုးစားလုပ်ရန် စိတ်ဆုံးဖြတ်ချက်ချထားပြီး ဆရာဝန်နဲ့ဆွေးနွေးဖို့ ပြန်မသွားပေ။ဒီရက်ပိုင်းအတွင်း မုန့်ကုက သူမကို ဖုန်းမခေါ်သလို သူမရဲ့ မိသားစုကလည်း မခေါ်ပေ။သူမ စိတ်သက်သာရာခံစားရ၏။သို့ပေမယ့် တစ်စုံတစ်ခု လစ်ဟာ‌နေသလို ခံစားရသည်။

မုန့်ကုက ပျောက်ဆုံးသွားတဲ့ အကြောင်းတစ်ခုဟု ယူဆထားသည်။သူမရဲ့ မိသားစုကတော့ သူမ အိမ်ကို နောက်တစ်ကြိမ် ဖုန်းပြန်မခေါ်ခင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။

သူမနဲ့ သူမရဲ့မိသားစုက မိုင်ပေါင်း 108000မိုင် ကွာဝေးပြီးတော့ သူမ ခဏလောက် ပုန်းရှောင်နေရင် သူမ ဘာမှဖြစ်မှာ မဟုတ်ပေ။ဒါပေမဲ့ ဒေါက်တာမုန့်က သူမ တိတ်တဆိတ်နေရန်အတွက် မလွယ်ကူအောင် လုပ်လေသည်။သူက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းမရှိဘဲ လျန်စီးစီးက လူသိရှင်ကြား ထိုးဖောက်ဝင်တဲ့ လက်နက်တစ်ခု ဖြစ်လာခဲ့သည်။

"ရို့ယွီ ငါ နင့်ကို ပြောပြမယ်။ဒေါက်တာမုန့်က တကယ်တော့ သကြားလုံးတွေ မကြိုက်ဘူးဟ"

"နင်က ဘယ်လိုလုပ် သိတာလဲ"

ချန်းရို့ယွီသည် သူမက မုန့်ကုရဲ့အကြိုက်တွေကို စိတ်မဝင်စားဘူးလို့ ခံစားရပေမယ့် လျန်စီးစီး ဘယ်လိုသိတာလဲဆိုတာ သိချင်မိသည်။

စီးစီးက သူမဟာ အသက်ရှင်နေတဲ့ အချစ်စာအုပ်တစ်အုပ်ဖြစ်တယ်လို့ ပြောခဲ့တယ်။သူမက တကယ်ပဲ အရမ်းအစွမ်းထက်တာလား? သူမက မုန့်ကုကြိုက်တဲ့ ပုံစံမျိုးဆိုတော့ အမှန်တကယ်ပဲ မုန့်ကုကို ဖြုတ်ချနိုင်ပါ့မလား?သူမက အမှန်တကယ်ပဲ သူ့ရဲ့ ရိုင်းစိုင်းတဲ့ပါးစပ်နဲ့ ဆိုးရွားတဲ့စိတ်ဓာတ်ကို အထင်မသေးဘူးပေါ့လေ?

"ငါ သူနာပြုတွေကို မေးလိုက်တာလေ"

လျန်စီးစီးက ဂရုတစိုက်ဖြင့် လက်သည်းနီဆိုးနေသည်။

"သူနာပြုတွေလား?"

အတင်းပြောရတာ ကြိုက်တဲ့အုပ်စု.......ဒေါက်တာမုန့်ကို သူတို့ရဲ့ အပိုင်ပစ္စည်းလို သဘောထားတဲ့အုပ်စု......အဲ့ဒီ သူနာပြုတွေပေါ့လေ?သူတို့က ဒေါက်တာမုန့်ရဲ့ အကြိုက်တွေကို အပြင်လူတွေကို ထုတ်ပြောတယ်ပေါ့လေ?

"သူတို့က နင့်ကို ဘာပြောပြတာလဲ? သူတို့တွေက နင့်ကို မကောင်းတဲ့အမူအရာတွေ ပေးသေးလား"

"ဘာလို့ သူတို့က ငါ့ကို မကောင်းတဲ့အမူအရာ ပေးရမှာလဲ? ငါက သူတို့နဲ့ အမျိုးသမီးတွေစကားဝိုင်း ပြောလိုက်တယ်လေ။ငါက သူတို့ကို အလှအပ ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ အကြောင်းတွေ၊အာဟာရဓာတ်အကြောင်းတွေ၊ရင်သားကြီးထွားအောင် လုပ်တဲ့အကြောင်းတွေ ပြီးတော့ အသားအရေကို နုပျိုအောင် လုပ်တဲ့နည်းလမ်းတွေ ပြောပြလိုက်တာ။ပြီးတော့ ငါက သူတို့ကို ဘယ်နေရာမှာ လျှော့ဈေးနဲ့အကျိုးကျေးဇူးတွေ ရနေလဲဆိုတာလည်း ပြောပြလိုက်တယ်လေ။ငါတို့က မင်းသမီးတွေရဲ့ မျက်နှာပြင်တဲ့ကိစ္စတွေကိုလည်း အတင်းတုပ်ခဲ့ကြသေးတယ်။တချို့ သရုပ်ဆောင်တွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရောပဲ။ငါက သူတို့ကို ရုပ်ရှင်လက်မှတ်တွေလည်း ပေးလိုက်တယ်လေ။အခု သူတို့က ငါ့ကို အရမ်းချစ်နေကြပြီ အဲ့ဒါကြောင့် ငါမေးသမျှကို သူတို့က င့ါကို ပြောပြတယ်"

ချန်းရို့ယွီ ဒါကို ကြားတဲ့အချိန် သူမက တုံးအတယ်လို့ ခံစားလိုက်ရပြီး လျန်စီးစီးကို အမှန်တကယ် သဘောကျသွားသည်။

"အဲ့နောက် နင်က ဒေါက်တာမုန့်ကို ရှာတာပေါ့လေ"

"အင်း ငါ သူ့ကို ရှာလိုက်တယ်။နင့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ဖို့ဆိုပြီး သူ့ကို တစ်ခေါက်သွားရှာလိုက်တယ်လေ။ပြီးတော့ သူ့ဘေးနားက သူနာပြုတွေနဲ့တွေ့ဖို့ အခွင့်အရေး ယူပစ်လိုက်တာပေါ့ဟ။အဲ့နောက်ကျ ငါက သူနာပြုတွေကိုပဲ ရှာတော့တယ်။သူကို ပိုပြီး ကောင်းကောင်းနားလည်အောင်လို့ သူ့ပတ်ဝန်းကျင်က လူတွေကို မမေးဘူး ပြီးတော့ သူ့နားက လူတွေနဲ့ မိတ်ဆွေမဖြစ်ဘူးဆိုရင် ငါ ဘယ်လိုလုပ် အောင်မြင်မှာလဲ?"

အရမ်း ဉာဏ်ကောင်းတာပဲ!!!!

"နင် အဲ့ဒီသူနာပြုထန်ကိုရော တွေ့ခဲ့သေးလား"

"တွေ့တာပေါ့။ အလှဆုံးနဲ့ အမောက်မာဆုံးတစ်ယောက်လေ"

"မှန်တယ်"

"အဲ့တော့ ဘာဖြစ်လဲ?သူ(မ)က ငါ့ထက် ပိုလှနေလို့လား?အခုထိ အချိန်မကျသေးဘူး ပြီးတော့ ငါက ဒေါက်တာမုန့်ကို လိုက်ချင်ပါတယ်လို့ မပြောထားဘူးလေ။သူ(မ) ဘာလုပ်နိုင်မှာလဲ?ငါက သူနာပြုတွေကို လက်ဆောင်သေးသေးလေးတွေအနေနဲ့ ရုပ်ရှင်လက်မှတ်တွေ ပေးထားလို့ သူတို့က အခု ငါ့ကို ကျေနပ်စေဖို့ အော်ဟစ်‌နေကြတာလေ။သူနာပြုထန် ဘာမှပြောစရာမရှိဘူး"

မှန်တယ်!ယောကျာ်းတစ်ယောက်ကို ကွေ့ကောက်နေတဲ့လမ်းအတိုင်း လိုက်တာက လှုပ်ရှားမှုကောင်းတစ်ခုပဲ။အခု ချန်းရို့ယွီ ဒါကို သဘောပေါက်သွားပြီ။သူမ မုန့်ကုကို လိုက်တဲ့အချိန်တုန်းက သူ့ဆီပဲ တိုက်ရိုက်သွားပြီး သူ့ဘေးနားက လူတွေကို လျစ်လျှူရှုထားခဲ့တယ်။

ဒါပေမဲ့ လျန်စီးစီးက သူမရဲ့ ကုမ္ပဏီမှာ ပြည်သူ့ဆက်ဆံရေးအရာရှိအဖြစ် အလုပ်လုပ်တာ ဖြစ်တယ်။ရုပ်ရှင်လက်မှတ်လက်ဆောင်လေးတွေက သူမဆီမှာ ပေါများနေတာ‌ကြောင့် အဲ့ဒါတွေက သူမအတွက် ဘာမှမဟုတ်ပေ။ချန်းရို့ယွီ သူမရဲ့ အရင်းအမြစ်တွေကို စဉ်းစားကြည့်လိုက်တော့ သူမရဲ့ အာမခံမူဝါဒတွေကို ထုတ်ပေးဖို့ မတတ်နိုင်ဘူးဆိုတာ သိတယ်။ပြီးတော့ သူမက ကွန်ဒုံးထုတ်ကုန်များအတွက် အချိန်ပိုင်း ကိုယ်စားလှယ်ဆိုပေမယ့် ကွန်ဒုံးတွေကို လက်ဆောင်အဖြစ် သူနာပြုတွေကို ပေးဖို့ဆိုတာ တကယ်မဖြစ်နိုင်ဘူးလေ။

"ဟေး......" လျန်စီးစီးက သူမကို ရုတ်တရက် ခေါ်လိုက်သည်။

"ငါ့ကို နင့်မှာရှိတဲ့ အဲ့ဒီကွန်ဒုံးတွေထဲက တစ်ဘူးပေးစမ်းပါ"

"ဘာလို့လဲ..........ဘာလို့လဲ!"

ချန်းရို့ယွီ စိုးရိမ်သွားတယ်။သူတို့တွေက အခန်းဖော်တွေ ဖြစ်တာကြောင့် လျန်စီးစီးရဲ့ အရင်အချစ်ဇာတ်လမ်းတွေတုန်းက သူမက ဒီလက်တွေ့ထုတ်ကုန်ကို လက်ဆောင်ပေးဖူးတယ်။ဒါပေမဲ့ အခု လျန်စီးစီးက တစ်ကိုယ်တည်းအချိန်မှာ ရှိနေတာ မဟုတ်ဘူးလား?သူမ(လျန်စီးစီး)က မုန့်ကုကို လိုက်နေတာ မဟုတ်ဘူးလား?

"ငါ သုံးဖို့အတွက်ပေါ့..အာ......"

လျန်စီးစီးက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ချန်းရို့ယွီ သူမရဲ့ နှုတ်ခမ်းတွေကို ကိုက်ထားတယ်။သူမ အရမ်းမေးချင်နေတဲ့ မေးခွန်းက "ဘယ်သူနဲ့သုံးမှာလဲ" ဆိုတာပဲ.....သူမ တကယ်တော့ အဲ့ဒါကို ထုတ်မပြောနိုင်ဘူး။သူမက ခဏလောက် စဉ်းစားနေခဲ့ပြီး အခြားပုံစံတစ်မျိုးဖြင့် မေးလိုက်သည်။

"နင်နဲ့ဒေါက်တာမုန့်က ဒီလောက်မြန်မြန် တိုးတက်သွားကြပြီလား"

ဒီမကောင်းတဲ့ ယောကျာ်းက တကယ့်ကို အကျင့်သိက္ခာမရှိဘူး။ပြီးတော့ စောင့်ထိန်းမှုလည်း မရှိဘူးပဲ!!!

"မဟုတ်ပါဘူးဟ.....ငါ သူနဲ့ နှစ်ကြိမ်ပဲ ဆုံရသေးတာလေ။ဘယ်လိုလုပ် ဒီလောက်မြန်မြန် အဆင့်တက်ပါ့မလဲ? နင့်ညီအစ်မ ငါ့ဆီမှာ.....စည်းမျဉ်းတွေ ရှိပါသေးတယ်"

ဪ! ငါ သူ့ကို မှားယွင်းစွပ်စွဲမိတာပဲ!

"ငါ့ဆီမှာ ပစ္စည်းကုန်သွားပြီလေ။တစ်ခုခုဖြစ်ရင် လုံခြုံရေးအတွက် အသင့်ပြင်ထားတာ။အဲ့ဒါ မမှန်ဘူးလား"

မှန်ရဲ့လား?

မှန်တာပေါ့! ကြည့်ရတာ သူမ သူ့ကို မှားယွင်းစွပ်စွဲမိတယ်လို့ ကောက်ချက်ချဖို့ စောလွန်းနေသေးတယ်။

နေပါဦး! လျန်စီးစီးက သူမကို "မမှန်ဘူးလား" လို့မေးတာ ဘာကိုဆိုလိုတာလဲ?သူမက အဲ့ဒါကို တစ်ခါမှတောင် မသုံးဖူးတာ ဘယ်လိုလုပ် သိမှာလဲလို့!သူမက သိက္ခာနဲ့ကိုယ်ကျင့်တရားရှိတဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ကောင်းမွန်တဲ့ဘဝပုံစံကို လေးလေးနက်နက် နေထိုင်ဖို့ ကြိုးစားနေတဲ့လူပါနော် ဟုတ်ပြီလား? ချစ်ခြင်းမေတ္တာရဲ့ အနှစ်သာရနောက်ကို လိုက်ပြီးတော့ အချစ်ကိစ္စမှာ ****လုပ်တာက တကယ့်ကို သူမရဲ့စတိုင်မဟုတ်ဘူး။

"ရို့ယွီ ငါ ဒေါက်တာမုန့်နဲ့ ထပ်‌တွေ့ချင်တယ်။နင် ငါ့ကို ကူညီပြီးတော့ သူ့ကို အပြင်သွားဖို့ မေးပေးပါ့လား"

အာ....သူမက ဘာလို့ သူ့ကို အပြင်သွားဖို့ မေးရမှာလဲ?

"ငါက အရမ်းကြီးလည်း သိသာအောင် မလုပ်ချင်ဘူး။အစပိုင်းမှာ အရမ်းစိတ်အားထက်သန်ပြနေရင် နင့်ကို ‌ယောကျာ်းတွေက အထင်သေးလိမ့်မယ်"

အဲ့လိုလား? မထူးဆန်းတော့ပါဘူး။အဲ့ဒီအချိန်တုန်းက သူမက အရမ်းစိတ်အားထက်သန်နေခဲ့ပြီး သူက သူမကို အထင်သေးခဲ့ရုံသာမက သူမပေါ်က‌နေလည်း တက်နင်းသွားသေးတယ်။

"အခွင့်အရေးတစ်ခုရှာပြီးတော့ သူ့ကို အပြင်ခေါ်ထုတ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ပေးလိုက်။အဲ့ဒါဆိုရင် ငါတို့တွေ နောက်တစ်ကြိမ် မတော်တဆ ဆုံတဲ့ပုံစံမျိုး စီစဉ်လို့ရပြီ။ငါတို့ နောက်ဆုံးတစ်ခေါက် ဆေးရုံမှာ ဆုံတုန်းကလိုမျိုးလေ။အဲ့ဒါက အရမ်းသဘာဝဆန်တယ်။ငါက အဲ့လိုရလဒ်မျိုးပဲ လိုချင်တာ"

အဲ့ဒီအချိန်တုန်းက အမှန်တကယ် သဘာဝကျခဲ့ပြီး တကယ်လည်း တိုက်ဆိုင်မှုတစ်ခုပင်။ဒါပေမဲ့ အစီအစဉ်တစ်ခု ပြုလုပ်တာနဲ့ အဲ့ဒါက သဘာဝမကျတော့သလို တိုက်ဆိုင်မှုလည်း မဟုတ်တော့ပေ။

ချန်းရို့ယွီ စတင်စိုးရိမ်လာပြီ။

အကယ်၍ သူမသာ ကူညီလိုက်ရင် သူမ အကြောင်းပြချက်ကောင်းတစ်ခု ရှာရတော့မယ်။သူမ မကူညီရင်လည်း အကြောင်းပြချက်ကောင်းတစ်ခုက ရှာ‌နေရဦးမယ်။မုန့်ကုအတွက် အကြောင်းပြချက်တစ်ခု၊လျန်စီးစီးအတွက် အကြောင်းပြချက်တစ်ခုပဲ။

########################

All Chapters