← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

ဒွိဟချစ်သံယောဇဉ်:

Chapter 19- My People

သူမ အကြောင်းပြချက်တစ်ခု စဉ်းစားဖို့တောင် အချိန်မရှိခဲ့ဘဲ မုန့်ကုက သူမကို ဖုန်းခေါ်လာခဲ့သည်။

"ချန်းရို့ယွီ မင်းသူငယ်ချင်း လျန်စီးစီးကို ငါ့သူနာပြုတွေကို မနှောင့်ယှက်ဖို့ ပြောထား။သူတို့က တစ်နေ့လုံး ငါ့နားမှာဝိုင်းပြီးတော့ သူ(မ)အတွက် ငါ့အကြောင်းတွေသိအောင် မေးနေကြတာ။အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်!"

ချန်းရို့ယွီ အလွန်အံ့ဩစွာဖြင့် ပါးစပ်ဟသွားတယ်။အဲ့တော့ ယောကျာ်းတစ်ယောက်ကို ကွေ့ကောက်တဲ့နည်းလမ်းနဲ့ လိုက်တာကလည်း အသုံးဝင်တဲ့နည်းလမ်း မဟုတ်ဘူးပေါ့လေ။

"ဒီ....ဒီကိစ္စက ရှင်တို့နှစ်ယောက်ကြားထဲက ကိစ္စလေ။ကျွန်မ ဝင်စွက်ဖက်ခွင့်မရှိဘူး"

ချန်းရို့ယွီက သူမရဲ့ငြင်းပယ်မှုအတွက် စတင်ပြီးတော့ အကြောင်းပြချက်ရှာတော့သည်။

"ရှင်တို့နှစ်ယောက်ဆိုတာ ဘယ်သူနဲ့ဘယ်သူလဲ!"

မုန့်ကု၏ အသံက စိတ်ကြည်လင်‌‌နေပုံမပေါက်ပေ။

"အဲ့ဒါက......."

ချန်းရို့ယွီ သူ့ကို အနည်းငယ် ကြောက်နေပေမယ့် အံကြိတ်၍ ပြောလိုက်သည်။

"အဲ့ဒါ......ဒီကိစ္စက ရှင်နဲ့စီးစီးကြားထဲက ကိစ္စလေ"

ဖုန်း၏အခြားတဖက်က နှစ်စက္ကန့်လောက် တိတ်သွားသည်။

"ချန်းရို့ယွီ မင်း အခုတလော အရမ်းသက်သောင့်သက်သာရှိတဲ့ နေ့ရက်‌တွေ ရှိနေမှာပေါ့ ဟုတ်တယ်မလား"

ချန်းရို့ယွီ နှစ်စက္ကန့်လောက် တိတ်သွား၏။

"ဒေါက်တာမုန့် ရှင့်ရဲ့အလုပ်အကိုင်က ဆရာဝန်နော် အနိုင်ကျင့်တဲ့သူ မဟုတ်ဘူး"

"ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးပဲ။မင်းက ငါ့ကို လေးလေးနက်နက် နားလည်တယ်ဆိုမှ‌တော့ ကျေးဇူးပြုပြီးတော့ မင်းရဲ့ သူငယ်ချင်းကို သူ(မ)ရဲ့အပြုအမူနဲ့ နှောင့်ယှက်မှုတွေက ငါ့ကို အတော်လေး စိတ်မချမ်း‌မြေ့ဖြစ်စေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုက်"

ချန်းရို့ယွီ စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။ဒီယောကျာ်းက ဘယ်တုန်းက စိတ်ပျော်ရွှင်‌ဘူးလို့လဲ?

"စကားပြောလေ!"

"ကျွန်မ စဉ်းစားနေတာ"

"ဘာကိစ္စကိုလဲ? ငါ့အကြောင်းလား"

"ဟုတ်တယ်။ကျွန်မကတော့ ဒေါက်တာမုန့်က အရင်ကတည်းက စိတ်ပျော်နေတတ်တဲ့လူမဟုတ်ဘူးလို့ မြင်မိတယ်။အဲ့ဒါကြောင့် ဒီလိုသာမန်အကျင့်ကို အလေးထားနေဖို့ မလိုပါဘူး"

"ငါက အရင်ကတည်းက တစ်ခါမှ စိတ်ပျော်တဲ့လူ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ?ငါ့လူဆီကနေ ပို့လာတဲ့ ငါက ချိုမြိန်တဲ့ညစာစားပွဲကို အဖိတ်ခံရတယ်ဆိုတာ ဖတ်လိုက်ရတဲ့အချိန်တုန်းက ငါအရမ်းပျော်သွားတာ"

ချန်းရို့ယွီ တောင့်တင်းသွားတယ်။သူက ဒီကိစ္စကိုတောင် ထုတ်ပြောရဲတယ်။ဒါကိုတွေးမိတော့ သူမ ဒေါသထွက်လာတယ်။

"ဒေါက်တာမုန့်က ပျော်‌တဲ့အချိန်ဆိုရင် မိန်းမလှလေးတစ်ယောက်ကို လွှတ်ပြီး သူ့လူကို နှင်ထုတ်ခိုင်းတာလား?အာ.......ဟုတ်သားပဲ အဲ့တော့ ဒီကိစ္စကို ပြောတော့မှပဲ ဒေါက်တာမုန့်က မိန်းမတစ်ယောက်ကို ငြင်းဖို့ အခြားမိန်းမတစ်ယောက်က သူ့ကိုကူညီတာကို တကယ်သဘောကျတဲ့ပုံပဲနော်"

"မင်း ဘာပြောလိုက်တာလဲ"

မုန့်ကု၏အသံက တိုးနေပြီးတော့ စကားတစ်လုံးချင်းဆီတိုင်းကို ဖြည်းဖြည်းချင်း ထုတ်ပြောလာသည်။ ချက်ချင်းဆိုသလိုပဲ အခြေအနေက အန္တရာယ်ရှိသည့်ဘက် ပြောင်းသွားတယ်ဆိုတာ ချန်းရို့ယွီ ခံစားမိ၏။

သူမ ချက်ချင်း မတုံ့ပြန်ရဲပေ။

"သူနာပြုထန်က ငါ့ကို ကူညီပြီးတော့ ငါမအားဘူးဆိုတဲ့အ‌ကြောင်း မင်းကို ပြောပေးဖို့ အောက်ဆင်းသွားတဲ့အချိန်တုန်းက ငါ မင်းစာကို မမြင်သေးဘူး"

သူသာ စာကို မမြင်ဘူးဆိုရင် ဘာလို့ သူနာပြုထန်ကို သူမကို နှင်ထုတ်ခိုင်းလိုက်တာလဲ?သူသာ စာကိုမမြင်ဘူးဆိုရင် ဘာလို့ သူနာပြုထန်ကို မက်ဆေ့ခ်ျဖတ်ခွင့်ပြုတာလဲ?

ချန်းရို့ယွီ နောက်တစ်ကြိမ် ဒေါသထွက်လာတယ်။သူမရဲ့ နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး မတတ်နိုင်ဘဲ သူ့ကို ထပ်ပြီးတော့ နောက်တစ်ကြိမ် အပြစ်တင်ဝေဖန်လိုက်တယ်။

"ဟုတ်တာပေါ့ ဒေါက်တာမုန့်က သန်းနဲ့ချီတဲ့ကိစ္စတွေကို ကြည့်ပေးနေရပြီး အရမ်းအလုပ်များတဲ့လူလေ။အဲ့တော့ လက်ထောက်သူနာပြုတွေက ရှင့်ကို ကူညီပြီးတော့ ဖုန်းမက်ဆေ့ခ်ျတွေ ကိုင်တွယ်ပေးဖို့ လိုတာပေါ့"

"ငါက သန်းနဲ့ချီတဲ့ကိစ္စတွေနဲ့ အလုပ်များနေတယ်လို့ ပြောလို့မရပေမယ့် တကယ့်ကို ငါ့မှာ အရေးပေါ်ကိစ္စတွေ အများကြီးရှိတယ်"

မုန့်ကုရဲ့စကားတွေက အလွန်အေးစက်ပြီး တင်းမာနေသည်။

"ကျွန်မလည်း နားလည်ပေးလို့ရပါတယ်။ဒေါက်တာမုန့် အလုပ်ရှုပ်တယ်ဆိုတာ"

ချန်းရို့ယွီရဲ့အသံမှာလည်း သိပ်မကောင်းချေ။သိသိသာသာ သူကမှားတဲ့ဘက်က ဖြစ်နေတာကို ဆက်ပြီးတော့ မောက်မာပြနေသေးတယ်။

"ငါအလုပ်ရှုပ်နေခဲ့တာ။အဲ့နေ့ နေ့လည်ခင်းတုန်းက ဆောက်လုပ်ရေးက ငြမ်းပြိုကျမှုဖြစ်တယ်။မင်းငါ့ကိုအောက်ထပ်မှာ စောင့်နေတဲ့အချိန်တုန်းက ဆောက်လုပ်ရေးအလုပ်သမားရဲ့ဝမ်းဗိုက်မှာ စတီးပိုက်ဖောက်ထွက်သွားတာကို သူအသက်ရှင်အောင်ဘယ်လိုလုပ်ရမလဲ စဥ်းစားရင်းအလုပ်ရှုပ်နေတာ"

ချန်းရို့ယွီ တစ်ခဏမျှငြိမ်သက်သွားသည်။ထို့နောက် မုန့်ကုမှဆက်၍ စကားပြောသည်ကို ကြားလိုက်ရသည်။

"ငါ နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ငါတို့ရဲ့ ချိန်းထားတဲ့အချိန်က လွန်သွားပြီ။အဲ့တော့ ငါက ဂျူနီယာသူနာပြုကို သူနာပြုထန်ကို မင်းရောက်ပြီလား ဒါမှမဟုတ် မင်းဆီကလွှတ်သွားတဲ့ ဖုန်းရှိလားဆိုတာ စစ်ခိုင်းလိုက်တာ။သူ(မ)ကို ငါက အလုပ်ရှုပ်ပြီး မင်းနဲ့ ညစာစားဖို့ မလိုက်နိုင်တော့ဘူးဆိုတာကိုပြောခိုင်းလိုက်တာ။ဘာလို့လဲဆိုတော့ သူနာပြုထန်ကမင်းကို မှတ်မိတယ်လေ။အဲ့တော့ သူနာပြုထန်ကို အကူအညီ

တောင်းလိုက်တာ။တစ်ခုခုပြသာနာရှိလို့လား?ဒါမှမဟုတ် ငါက မင်း ရိုးရိုးလေး လျစ်လျူရှုပြီးတော့ မင်း ငါ့ကို အဲ့နေရာမှာ စောင့်နေခွင့်ပြုလိုက်တာက ပိုကောင်းတယ်လို့ ထင်လို့လား?"

ချန်းရို့ယွီရဲ့ဒေါသမှာ ပျောက်ကွယ်သွားပြီး အပြစ်ရှိစိတ်ဖြစ်သွားသည်။

နှစ်ဖက်လုံး၏ ဖုန်းများမှာ တိတ်ဆိတ်သွားသည်။ပြီးနောက် အဆုံးတွင် သူမ မကူညီနိုင်ပေမယ့် မေးလိုက်သည်။

"ရှင် ကျွန်မစာကို ဘယ်အချိန်မှာမြင်တာလဲ?"

"ညလယ်လောက်မှာ"

အခုသူမနားလည်သွားပြီ။သူ သူမကို သင်ခန်းစာပေးဖို့ ဖုန်းခေါ်တဲ့အချိန်တုန်းက သူက တကယ်ကြီး နေ့လယ်ကနေ မနက်အစောထိ အလုပ်လုပ်နေခဲ့ရတာပဲ။

သူမကိုယ်သူမ မတားနိုင်ဘဲ နောက်ထပ် မေးလိုက်တယ်။

"ခွဲစိတ်မှုကအောင်မြင်လား?"

"အင်း"

ချန်းရို့ယွီ သက်ပြင်း ချလိုက်သည်။ပြီးနောက် သူမ မုန့်ကု၏ တိုးကာလေးလံနေတဲ့ အသံကို ကြားလိုက်ရသည်။

"ဒါပေမယ့် သူ အိုင်စီယူ(အရေးပေါ်အခန်း)ထဲမှာ ၅ရက်ထက်ပိုပြီး အသက်မရှင်နိုင်ခဲ့ဘူး"

သူမ ငြိမ်သက်သွားပြီး သူ့ကို ဘာပြောရမယ် မသိချေ။

တဒင်္ဂမျှကြာသော် သူမပါးစပ်ကိုဖွင့်ကာစကားပြောရန် ကြံရွယ်လိုက်သည်။

"ဒါ........"

သူမ၏ ပထမစကားလုံးကိုတောင် ပြီးအောင် မပြောနိုင်ပေ။မုန့်ကုက သူ့ရဲ့ရက်စက်အနိုင်ကျင့်တတ်သော ပုံမှန်ပုံစံကို ပြန်ရောက်နေပြီဖြစ်သည်။

"လျန်စီးစီးကို ရှင်းရှင်းလင်းလင်းပြောဖို့ သတိရ။တကယ်လို့ သူ(မ)လိုက် နှောင့်ယှက်ဦးမယ်ဆိုရင် မင်းနဲ့ရှင်းရလိမ့်မယ်"

ဘာ?အဲ့ဒါကြီးက ယုတ္တိရှိလို့လား?

ချန်းရို့ယွီက ဒီအချိန်မှာ အနည်းငယ်ဝမ်းနည်းပေမယ့်လည်း သူမက ဆက်ပြီးတော့ ဖိနှိပ်ခြင်းကို ချေပနေသည်။

"သူ(မ)ကို ကျွန်မက ဘာပြောရမှာလဲ?သူ(မ)ကို ဘယ်လိုပြောရမလဲ ကျွန်မ မသိဘူး!"

"သူ(မ)ကို ဒဲ့သာပြောလိုက်"

သူမက ဘယ်လိုတိုက်ရိုက်ပြောရမှာလဲ? သူမ(လျန်စီးစီး)ကို သူနာပြုတွေကို မနှောင့်ယှက်ဖို့ ပြောရမှာလား ဘာလို့လဲဆိုရင် သူနာပြုတွေက သူ့ကို နှောင့်ယှက်မှာမလို့ပေါ့။ပြီးတော့ သူကလည်း စိတ်ရှုပ်မယ်ပေါ့?

"သူ(မ)ကို ရှင်ကိုယ်တိုင် ဘာလို့ တိုက်ရိုက်မပြောတာလဲ?ကျွန်မ ရှင့်ကို သူ(မ)ရဲ့ဖုန်းနံပါတ်ပေးမယ်။မဟုတ်ဘူး မှားလို့.......ရှင့်မှာ သူ(မ)ရဲ့ ဖုန်းနံပါတ်ရှိသားပဲ။ရှင့်ဘာသာ ဒဲ့သွားပြောလိုက်လေ"

"သူ(မ)က မင်းရဲ့ သူငယ်ချင်းလေ။တကယ်လို့ ငါက သူ(မ)ကို တိုက်ရိုက်ပြောလိုက်ရင် မင်းကို မျက်နှာသာမပေးသလို ဖြစ်မှာပေါ့"

"အဲ့ဒါဆို အဲ့ဒီအချိန်တုန်းက ရှင်က ဘာလို့ လန်လန်ကို ကျွန်မဆီ တိုက်ရိုက်မပြောခိုင်းတာလဲ?"

အဲ့ဒါကသူမကိုအရူးတစ်ယောက်ဖြစ်စေပြီး သူနာပြုတွေကြားမှာ ဟာသဖြစ်စေခဲ့တယ်။

"လန်လန်က ရင်းဇယ်ရဲ့ကောင်မလေးလေ။ငါ သူ(မ)နဲ့ မရင်းနှီးဘူး"

"ဒါပေမယ့် ကျွန်မက လန်လန်ရဲ့သူငယ်ချင်းလေပြီးတော့ ရင်းဇယ်ရဲ့ကောင်မလေးရဲ့ သူငယ်ချင်းလည်းဖြစ်နေသေးတယ်။ပြီးတော့ အဲ့ဒါဆိုရင် ကျွန်မတို့က ပိုပြီးမရင်းနှီးသေးတယ်။ကျွန်မရှင့်စကားကိုပါးပေးဖို့ မကူညီနိုင်ဘူး"

"မင်းက ဖြူကောင်လား? မင်းပြောတဲ့ပုံအရဆို လျန်စီးစီးက ရင်းဇယ်ရဲ့ကောင်မလေးရဲ့ သူငယ်ချင်းရဲ့သူငယ်ချင်းပေါ့။အဲ့ဒါက အရမ်း မရင်းနှီးတာပဲလေ။ဒါကြောင့် ငါ သူ့ကို တိုက်ရိုက်မပြောနိုင်ဘူး။ မင်းကိုခေါ်ပြီးတော့ပဲ သူ(မ)ကို ပြောခိုင်းရတယ်။မင်းကငါနဲ့ပိုရင်းနှီးတယ်လေ"

"ရှင်က ထရန်နာဒိုင်နိုဆောလား? ကျွန်မ ဂရုမစိုက်ဘူး"

သူမ သူရဲ့ကိစ္စမှာဝင်ပါမှာ မဟုတ်ဘူး။

"ချန်းရို့ယွီ ငါတို့ကြားမှာ ဖြေရှင်းစရာကိစ္စတွေရှိသေးတယ်ဆိုတာ မေ့နေပြီလား?"

"ရှိလို့လား?ဘာရှင်းစရာလဲ?"

"ငါ မင်းကို တစ်ခုပြီးတစ်ခု ရေပြရမှာလား? ခံစားချက်တွေပြောင်းလဲတာ၊ စိတ်အခြေအနေပြောင်းလဲတာ ၊ညသန်းခေါင်မှာ နှောင့်ယှက်တာတွေ၊ ငါ့ဖုန်းကိုချပစ်တာတွေ၊ညစာအတွက် အကြွေးတင်တာတွေ၊မအီမသာစာတွေပို့ပြီး ငါ့ကို စက်ဆုပ်စေတာ၊ငါ့ကိုလိမ်တာ၊မင်း ငါ့ကို လိုက်မယ်ပြောတာ၊အမြဲတမ်း ငါ့ကို ဒုက္ခတွေပေးပြီး ငါ့ကို စရဲတယ်။"

ချန်းရို့ယွီ ထိတ်လန့်သွားတယ်။သူကဘယ်လိုလူမျိုးလဲ?မှန်လားမှားလားဆိုတာကို မှတ်ချတ်မချနိုင်ဘူး။အကုန်လုံးကို တစ်ခါတည်း ပြောပြရမယ်ဆိုရင် သူရဲ့စိတ်ထဲမှာ မကျေနပ်ချက်တွေကို သိမ်းထားတာများကြောင်း ရှင်းနေသည်မလား?သူ သူမကို ဘယ်လောက်တောင် မုန်းနေလဲ? ဒါမှမဟုတ် သူ့ရဲ့အိုင်ကျူက အရမ်းမြင့်နေပြီး သူရဲ့ဦးနှောက်သိုလှောင်မှုနေရာက အတော်လေးကြီးမားပြီး ဒါကြောင့် သူ တထူးတခြား မှတ်မိနေစရာမလိုတာ ဖြစ်ရမယ်။ အဲ့ဒါနဲ့ အကြောင်းအရာအားလုံးကို အလိုအလျောက် ပေါင်းပြီး အကြောင်းပြချက်လုပ်ပစ်တာ။

"မင်း ငါ့ကို လိုက်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မင်းလိုက်နေတဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ ငါ့မှာ မင်းရဲ့ပိုးပန်းမှုကို ကာကွယ်ဖို့ မေးခွင့်ရှိတယ်"

"အာ"

ချန်းရို့ယွီ ကြောင်သွားတယ်။

ခေါင်းစဥ်က ဘယ်လိုတောင် မြန်မြန်ပြောင်းသွားရတာလဲ? သူမ လိုက်နေတဲ့ ပစ်မှတ်အဖြစ် သူ့ကို ကာကွယ်ဖို့လည်း သူမကို တောင်းဆိုတယ်ပေါ့လေ?သူက သူမကို လေးစာသမှုပြုပြနေတာလား ဒါမှမဟုတ် သူရဲ့မျက်နှာကို ရွှေတွေကပ်နေတာလား?

[မျက်နှာပေါ်ရွှေကပ်ခြင်းဆိုသည်မှာ သူကိုယ်သူ တန်ဖိုးမြင့်ပြောခြင်းကိုဆိုလိုသည်]

"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လျန်စီးစီးကမင်းရဲ့ အချစ်ပြိုင်ဘက်အဖြစ် ယူဆလို့ရတယ်။မင်း သူ(မ) ငါ့ကို လိုက်တာကို တားသင့်တယ်။"

သူက ဆက်ပြီးတော့ သူ့စကားတွေကို မလိမ့်တပတ် ပြောလာတယ်။

"ငါ မင်းအပေါ်မှာ ယုံကြည်တယ်"

ချန်းရို့ယွီ နောက်ဆုံး သူမရဲ့စိတ်ကို စုစည်းလိုက်ပြီး သူမသာ ကဲ့ရဲ့တဲ့မှတ်ချက်တွေ မပေးခဲ့ရင် သူမ ဒီလောက် ကြာကြာခံနိုင်မည် မထင်ပေ။ထို့ကြောင့် သူမအမှန်ကိုပြောလိုက်သည်။

"စီးစီး ရှင့်ရဲ့အကြောင်းကို ဒီထက်ပိုသိတဲ့ အချိန်ကျရင် သူ(မ) အရှုံးပေးသွားလိမ့်မယ်။ဒေါက်တာမုန့် ရှင်က တကယ်ကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူး။ရှင့်ကိုယ်ရှင် ရှင်းရှင်းလင်းလင်း နားလည်သင့်တယ်။"

"မလိုပါဘူး။ငါ့မှာမင်းရှိတယ်။မင်း ကောင်းကောင်းနားလည်နေရင် အဆင်ပြေတယ်"

"......"

သူက စွေ့စွေ့လေးနှင့်ဉာဏ်ကောင်းပြီးတော့ အရမ်းကို အားပြင်းတယ်။သူ့ရဲ့ခံနိုင်ရည်ကို အထင်သေးလို့မရချေ။

ချန်းရို့ယွီ သူမရဲ့စကားများကို အစီအစဥ်ကျရန် ကြိုးစားနေသည်။ထို့နောက် သူနဲ့ အကြိမ် ၃၀၀ကျော်ရန်ပွဲဖြစ်ရန် ပြင်ဆင်နေပြီး အကွာအဝေးအတွင်းပင် တစ်စုံတစ်ယောက်က သူ့ကိုခေါ်သံကြားလိုက်ရသည်။

"ဒေါက်တာမုန့်......."

သူမက သူ့ကို စကားပြောသံ ကြားနေရပေမယ့် သူတို့ ဘာအကြောင်းပြောနေကြမှန်း မကြားရပေ။မုန့်ကုက တစ်ဖက်ယောကျာ်းအား ပြန်ဖြေ၍ သူမဘက်ကို စကားပြောရန် လှည့်လာသည်။

"ငါအလုပ်များနေတယ်။သွားရတော့မယ်။"

သူမ ပြန်မဖြေနိုင်ခင်မှာပဲ ဖုန်းချသွားသံ ကြားလိုက်ရ၏။သူ သူမကို ဖုန်းချသွားပြီ။

ချန်းရို့ယွီ အံ့သြသွားတယ်။သူမ အမှန်တကယ်ပဲ ဖုန်းထဲကနေ သူမလက်ကို ဆန့်ပြီး သူ့ကို ပြန်ဆွဲထားလိုက်ချင်တယ်။အမှန်ဆိုရင် သူမက သူ့ဖုန်းကို ချသင့်တာပါ။

သူမ ထိုနေရာမှာတင် တခဏ ငြိမ်သက်စွာ ထိုင်နေမိသည်။သူမ သူနာပြုထန်အကြောင်း စဥ်းစားနေမိပြီး အဲ့ဒီနောက် သူမ နားလည်သွားသည်မှာ သူက ရည်ရွယ်ချက်ရှိရှိ သူမကို ရုပ်ပျက်ဆင်းပျက် လုပ်ခဲ့တာမဟုတ်ပေ။ပြီးတော့ သူမ ထပ်၍ မှားသွားပြန်ပုံပေါက်သည်။

အမှန်တော့ သူက သူမ ထင်သလောက် မဆိုးပေ။‌နောက်ဆုံးမှာတော့ သူ့ပါးစပ်က အဆိပ်ပြင်း၊သူ့ဒေါသ ဆိုးဝါး၊ ပြီးနောက် သူ့ကိုယ့်ကျင့်တရား မကောင်းတာကလွဲလို့ သူ့ရဲ့ အခြားအရာအားလုံးမှာ အရမ်းမဆိုးချေ။

သူ့လူနာ ဆုံးပါးသွားတာကြောင့် သူ့စိတ်ထဲမှာ စိတ်မကောင်း ဖြစ်နေသင့်သည်။သူမက သူ့ကို ရပ်စောင့်ခိုင်းတာကို အပြစ်တင်ခဲ့ပြီး အဲ့ဒီအရာက သူမရဲ့အမှား ဖြစ်ပုံရသည်။

*#*#*#*#*#*#*#*#*#**

"ချန်းရို့ယွီ မင်းရဲ့ ဖောက်သည်ရဲ့စာရင်းတွေကို အမျိုးအစား ခွဲပြီးပြီလား?မင်း အလုပ်မဆင်းခင် မင်းရဲ့ လစဥ်အစီရင်ခံစာကို ပေးရမယ်!"

မန်နေဂျာမှာ ကျယ်လောင်စွာ အော်လိုက်ပြီး ချန်းရို့ယွီလန့်သွားသည်။သူမ၏အတွေးများသည် ပစ္စုပန်သို့ ပြန်ရောက်လာသည်။မှန်တယ် သူမက သူမ မှားမှားမှန်မှန် စိတ်ညစ်စရာမလိုပေ။သူမှားသည်ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုပေ။သူမဂရုစိုက်ရမှာက အလုပ်ကြိုးစားကာ ပိုက်ဆံရှာရန်ဖြစ်သည်။

မနေ့က သူမအိမ်ကို ပိုက်ဆံ ပို့သင့်‌ပေမယ့် သူမမှာ ပိုက်ဆံမရှိ‌‌ချေ။သူမ ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ပေ။နဂိုတုန်းက ဒီကိစ္စကို အကြောင်းပြချက်တစ်ခုအနေနဲ့သုံးပြီး အိမ်ကို ဖုန်းထပ်ခေါ်ချင်ပေမယ့်‌ နောက်ဆုံးဖုန်းခေါ်မှုက သူမကို စိတ်ထိခိုက်စေခဲ့တယ်။သူမ အရမ်းကြောက်မိတာက အကယ်၍ သူမက ဒီလ အိမ်ကို ပိုက်ဆံမပို့နိုင်တဲ့အကြောင်း သူတို့ကို ပြောပြလိုက်ရင် သူမပိုပြီး စိတ်ထိခိုက်ရမှာကိုပဲ။အဲ့ဒါကြောင့် သူမ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ပြီး အိမ်ကို ပိုက်ဆံမပို့ခင် အနည်းငယ် အချိန်ဆွဲထားချင်တယ်။ သူမ အိမ်ကို ပိုက်ဆံပို့နိုင်တဲ့အချိန်မှသာ အိမ်ကို ဖုန်းထပ်ခေါ်ချင်တယ်။

ချန်းရို့ယွီသည် အလုပ်အပေါ် စတင်၍ အာရုံစိုက်လိုက်သည်။စာတမ်းအလုပ်မှာ ရှုပ်ထွေးပြီး ဆက်၍လုပ်ရန် လိုအပ်သည်။သူမ မန်နေဂျာက အာရုံမစိုက်တာကို မြင်ရတဲ့အခါ သူမ လျို့ဝှက်စွာဖုန်းခေါ်လိုက်သည်။သူမက သူမနဲ့ ကွန်ဒုံးလုပ်ငန်းကိစ္စကို အချိတ်အဆက် ပိုများရန် သူမနာမည်ကိုသုံးကာ ပူးတွဲလုပ်နေတဲ့ သူငယ်ချင်းကို ခေါ်လိုက်သည်။သူမ ပြောသည်မှာ သူမ ငွေအရေးကြီးလိုနေသည်နှင့် သူမ၏ သူငယ်ချင်းများက အချိတ်အဆက် ပိုလုပ်ပေးမယ်ဟုပြောသည်။သူမ၏ သူငယ်ချင်း ကတိပြုထားပေမယ့် သူမရဲ့ အချိန်ပိုင်းအလုပ်မှာ အမြင့်ဆုံးစွမ်းဆောင်ရည်ရောင်းအားကို ဒီလတွင် ပြနိုင်ပေမယ့်လည်း သူမ ချက်ချင်း ထိုပိုက်ဆံများကို မရနိုင်ပေ။

ထိုသူငယ်ချင်းမှ သူမအား အရေးတကြီးဆိုလျှင် ချေးငှားရန်ပြောသော်လည်း သူမ ငြင်းဆန်ခဲ့သည်။

အလုပ်များတဲ့နေ့တစ်ဝက်မှာ မြန်မြန်ဆန်ဆန်ပြီးဆုံးသွားပြီး သူမလည်း အလုပ်ဆင်းတော့မယ့် အချိန်မှာပဲ ချန်းရို့ယွီကို ပျော်ရွှင်စေတဲ့ ဖုန်းခေါ်ဆိုမှုကိုရရှိသည်။ဖုန်းခေါ်ဆိုမှုသည် ရဲစခန်းမှဖြစ်ကာ သူမကို မတော်မတရား လုပ်ခဲ့သော ယောကျာ်းကြီးနှစ်ယောက်ကိစ္စကို အကြောင်းပြန်ခြင်းဖြစ်သည်။ရဲမှ ပြောကြားသည်မှာ ထိုလူနှစ်ယောက်က သူမကို မလျော်ကြေးပေးမည်ဖြစ်ပြီး ထို့နောက် သူမက ရဲစခန်းသို့ မနက်ဖြန် သွားကာ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လုပ်ရန်ပြောသည်။

ချန်းရို့ယွီက သူမ ဒီလောက်ကံကောင်းမယ်လို့ မထင်ထားခဲ့ချေ။ထိုလူနှစ်ယောက်မှာ အရှက်မဲ့စွာ လျှော်ကြေးပေးရန် တွန့်ဆုတ်နေကြပြီး သူမ ဘာမျှမတတ်နိုင်ခဲ့ပေ။ရဲစခန်းက ထိုအမှုကို လျစ်လျူရှုထားခဲ့ပြီး ထိုလူများ စိတ်ကြိုက်လုပ်စေခဲ့သည်။သို့ပေမယ့် အခု ဘာလို့ ထိုလူများက ချက်ချင်းဆိုသလို အကြင်နာတရားရှိသွားရတာလဲ?

ဘယ်လိုပဲဖြစ်ဖြစ် သူမငွေလက်ခံရရှိမည်ဖြစ်၍ ဤအရာမှာ ချန်းရို့ယွီအတွက် ကောင်းသည်။ထို့နေ့တွင် သူမ အချိန်ပိုဆင်းကာ အလုပ်များကို အမြန်အပြီးသတ်သည်။နောက်နေ့တွင် သူမရဲစခန်းသွားရန် အချိန်ရှာခြင်း ဖြစ်သည်။

မတော်တဆမှုမှာ အံ့သြစွာ အဆင်ပြေချောမွေ့ခဲ့ပြီး သူမကို မချေမငံဆက်ဆံခဲ့တဲ့ ရဲများ၏ အပြုအမူတွေက အလွန်ယဥ်ကျေးနေသည်။ချန်းရို့ယွီ အလွန် ပျော်ရွှင်မိ၊ အံ့သြမိ၊သံသယဝင်မိသည်။နောက်ဆုံးတွင် ရဲတစ်ယောက်က သူမရဲ့ ပဟေဠိကို ရှာတွေ့ရန်ကူညီလိုက်သည်။

"မိန်းကလေးချန်း မင်းက အရာရှိလဲ့ရဲ့သူငယ်ချင်းပဲဆိုတာ ဘာလို့ စောစောကမပြောတာလဲ? အရာရှိလဲ့ရဲ့သူငယ်ချင်းအနေနဲ့ ကျွန်တော်တို့က ဒီကိစ္စကိုဖော်ထုတ်ဖို့ အမြန်ဆုံးအကောင်းဆုံး ကြိုးစားပေးမှာပေါ့။မင်းမြင်တဲ့အတိုင်းပဲ ကျွန်တော်တို့မှာ ကိုင်တွယ်စရာတွေ များ နေတယ်လေ ပြီးတော့ ကျွန်တော်တို့က အကုန်လုံးကိုတော့ ဂရုမစိုက်နိုင်ဘူးလေ ဟုတ်တယ်မလား? ပြီးတော့ ကျွန်တော် မင်းကို ရှေ့ပိုင်းက ပြောခဲ့တာတွေ ဉပေက္ခာပြုထားလိုက်ပါ။လျော်ကြေးပေးခံရတယ်ဆိုတာ ဒီကိစ္စကို ဖြေရှင်းဖို့ မလှည့်စားနိုင်ဘူး။ဒါပေမယ့်ဒီလိုမျိုး လမ်းဘေးရန်ပွဲတွေက အစအနမပါဘဲ ပြီးသွားတတ်တယ်။တကယ်လို့ သူတို့ကို ထောင်ချမယ်ဆိုရင်တောင် ၂ရက်၃ရက်နေပြီးနောက်ကျ ပြန်လွှတ်လာမှာပဲ။အဲ့တော့ မင်းအရမ်းမတွေးပါနဲ့။အနည်းဆုံး မင်း ပိုက်ဆံတချို့တော့ရတယ်လေ ပြီးတော့ အဲ့ဒါက ဘာမှမရတာထက် ပိုကောင်းတယ် ဟုတ်တယ်မလား?"

ချန်းရို့ယွီ သဘောပေါက်သွားသည်မှာ သူမချက်ချင်း ဂရုစိုက်မှုနှင့် အာရုံစိုက်မှုရတာက လဲ့ဖုန်းကြောင့်ပင် ဖြစ်သည်။ဒါ‌ပေမဲ့ သူမ လဲ့ဖုန်းနဲ့တစ်ခါမျှ စကားမပြောဖူးတာကြောင့် လဲ့ဖုန်းကို အဲ့ဒီအကြောင်းလည်း မပြောမိပေ။

သူမ ခဏလောက် စဥ်းစားပြီး ကောင်းယွီလန်ကို ဖုန်းခေါ်လိုက်သည်။ကောင်းယွီလန်နှင့်ရင်းဇယ်မှာ ထိုအကြောင်းကို သိသူများ ဖြစ်သည်။အကယ်၍ သူတို့သာ လဲ့ဖုန်းကို မပြောလျှင် မုန့်ကုကပဲ သူ့ကိုပြောတာဖြစ်ရမယ်။သူမ သိချင်မိတယ်။

"လဲ့ဖုန်း?ဟင့်အင်း....ငါမသိဘူး နင်အဲ့ပြသာနာကို အခုထိ မဖြေရှင်းရသေးဘူးလား?"

ထိုသည်မှာ ကောင်းယွီလန်က သတင်းကြားသောအခါ တုံ့ပြန်ချက်ဖြစ်သည်။ချန်းရို့ယွီ စိတ်ထဲတွင်သိနေပြီးသားဖြစ်သည်။အကယ်၍ ရင်းဇယ်သာ ကူညီခဲ့မယ်ဆိုလျှင် ကောင်းယွီလန်ကိုသေချာပေါက် ပြောလိမ့်မည်။တကယ်၍ သူသာ တစ်စုံတစ်ယောက်၏ အကူအညီကို ယူရမည်ဆိုလျှင် သူသေချာပေါက် ရှက်ရွံလိမ့်မည်။

ဒီတော့ မုန့်ကုပဲ ဖြစ်ရမယ်။

ချန်းရို့ယွီ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။သူမ တကယ်ပဲ စိမ့်စမ်းရေကန်မှ နှောင့်ယှက်တာခံရသည်။သူမ ကောင်းယွီလန်ကို လဲ့ဖုန်း ဖုန်းနံပါတ်တောင်းသော်လည်း ကောင်းယွီလန်ထံတွင် မရှိချေ။သို့ဖြင့် သူမ(ကောင်းယွီလန်) ရင်းဇယ်ကို မေးလိုက်၏။ထို့နောက် လဲ့ဖုန်း၏ဖုန်းနံပါတ်ကို ချန်းရို့ယွီအား ပေးလိုက်သည်။

"ဘာလို့ သူ့နံပါတ်ကိုလိုချင်တာလဲ?"

"သူ ငါ့ကို ကူညီထားတယ်ဆိုတော့ သူတို့ကို ကျေးဇူးတင်ချင်လို့လေ။အဲ့တော့ ငါ သူတို့ကို ညစာစားဖို့ဖိတ်မလို့"

#####################

All Chapters