← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

ဒွိဟချစ်သံယောဇဉ်:

Chapter 21-လက်ဆောင်

ချန်းရို့ယွီသည် အချိန်အတော်ကြာ ငိုနေခဲ့၏။သူမ ငိုလို့ပြီးသွားတဲ့နောက် မတ်မတ်ထိုင်ပြီး သူမမျက်လုံးများကို ပွတ်သပ်လိုက်သည်။တစ်ရှူးအချို့ ထုတ်ယူပြီး သူမရဲ့ နှာခေါင်းနဲ့မျက်နှာကို သုတ်ပြီးတဲ့နောက် အနည်းငယ် ရှက်သွားသည်။

မုန့်ကုက စကားမပြောပေ၊မလှောင်ပြောင်ပေ၊သူက မနှစ်သိမ့်ပေးသလို ဘာမေးခွန်းမှလည်း မမေးချေ။သူမက သူက အတော်‌လေး ကောင်းမွန်တယ်လို့ ခံစားရပြီး အရမ်း သက်သောင့်သက်သာ ရှိသွားတယ်။ဒါပေမဲ့ သူ့အင်္ကျီတွေကို ငုံ့ကြည့်နေတာက ဘာအဓိပ္ပာယ်လဲ?ချန်းရို့ယွီက သူ့ကို တိတ်တိတ်လေး ခိုးကြည့်လိုက်ပြီး သူ ဘာလုပ်ချင်တာလဲဆိုတာ သိချင်မိတယ်။

ရုတ်တရက် မုန့်ကုက မတ်တပ်ရပ်၍ သူမကို ဆွဲခေါ်ကာ ကုန်တိုက်ဆီ လျှောက်သွားသည်။

(ဒီနေရာက ကုန်တိုက်က ရှော့ပင်းမောလ်တွေလို အကြီးကြီးမဟုတ်ပါဘူး။ကုန်စုံဆိုင်ကြီးတစ်ခုအရွယ်ပေါ့)

ချန်းရို့ယွီသည် မမေးရဲတာကြောင့် တိတ်တိတ်လေး နေနေလိုက်သည်။ကြည့်ရတာ မုန့်ကုက ဒီကုန်တိုက်နဲ့ ရင်းနှီးတဲ့ပုံပဲ။သူက လှည့်ပတ်ကြည့်‌မနေဘဲ အဲ့ဒီအစား အပေါ်ထပ်ကို စက်လှေကားဖြင့် တက်သွားကာ အမျိုးသားအဝတ်အထည်တွေ ရောင်းတဲ့ဘက်ကို တိုက်ရိုက်သွားပြီး အထူးသဖြင့် အမျိုးသားဝတ်အမှတ်တံဆိပ်ရောင်းတဲ့ဆိုင်ကို သွားသည်။

အရောင်းမိန်းကလေးက သူတို့ကို ပြုံးရွှင်နေတဲ့မျက်နှာဖြင့် နှုတ်ဆက်လာ၏။မုန့်ကုက သူ့လက်ကို ဝှေ့ရမ်း၍ ရှပ်အင်္ကျီအတန်းဘက်သို့သွားကာ ရှပ်အင်္ကျီအချို့ကို ကြည့်၍ အင်္ကျီဒီဇိုင်းအချို့ကို ကြည့်လေသည်။သူက တစ်ထည်ရွေးချယ်လိုက်ပြီး အရောင်းမိန်းကလေးကို အရွယ်အစားဆိုဒ်နံပါတ်ပြောပြလိုက်ပြီး အဲ့ဒီနောက် "ဒီတစ်ထည်ယူမယ်" ဟု ပြောလိုက်၏။

အရောင်းမိန်းကလေးက လျင်မြန်စွာဖြင့် သူလိုချင်တဲ့ဆိုဒ်ကို ရှာပေးလိုက်ပြီး မုန့်ကုက သူ့ရဲ့ ခရက်ဒစ်ကတ်ကို ထုတ်ကာ ငွေပေးချေလိုက်သည်။ဈေးဆိုင်ထဲ ဝင်တဲ့အချိန်ကစလို့ ငွေရှင်းပြီးတဲ့အချိန်အထိ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်ဖို့ အချိန်တစ်မိနစ်ခန့်လောက်သာ ကြာလိုက်သည်။

ချန်းရို့ယွီက ကိုထရန်နာဒိုင်နိုဆောရဲ့ သူ့ရဲ့ အဆိပ်ပြင်းတဲ့လျှာနဲ့ စကားပြောနိုင်စွမ်းဖြင့် ဆင်တူတဲ့ လျင်မြန်တဲ့ဈေးဝယ်စွမ်းရည်ကို ကြောင်အစွာ ကြည့်နေမိသည်။

ဒါပေမဲ့ သူက ဘာလို့ ရုတ်တရက် ရှပ်အင်္ကျီတစ်ထည် ဝယ်တာလဲ?

မုန့်ကုသည် အဝတ်လဲခန်းကို သွား၍ သူ့ရဲ့ အသစ်ဝယ်ထားတဲ့ အင်္ကျီကို လဲဝတ်ပြီး အဲ့ဒီနောက် သူ အခုလေးတင် ဝတ်ထားခဲ့တဲ့ အင်္ကျီကို အရောင်းမိန်းကလေးပေးလာတဲ့ ဈေးဝယ်အိတ်ထဲသို့ ထည့်လိုက်သည်။သူက အိတ်ကိုယူ၍ ချန်းရို့ယွီကို ‌ဆွဲခေါ်လာခဲ့သည်။

သူမက ‌ကြောင်အစွာဖြင့် နောက်ကလိုက်သွားပြီး မနေနိုင်တာ‌ကြောင့် မေးလိုက်၏။

"ရှင်က ဘာလို့ ရုတ်တရက်ကြီး အင်္ကျီတစ်ထည် ဝယ်လိုက်တာလဲ"

"အဲ့ဒါက ညစ်ပတ်သွားပြီလေ။ငါအဲ့ဒါကိုလဲရမယ်"

ညစ်ပတ်သွားတာလား? သူမ ခဏလောက် စဉ်းစားနေခဲ့ပြီး အဲ့ဒီ‌နောက် တုံ့ပြန်နိုင်သွားတယ်။

ဘာလဲ! သူမ သူ့အင်္ကျီကို နှပ်ချေးတွေပေအောင် မလုပ်လိုက်ပါဘူး!

"အဲ့ဒါ ချဲ့ကားနေတာ မဟုတ်ဘူးလား"

မုန့်ကုက သူမကို ပြန်ကြည့်၍ သူ့အင်္ကျီထည့်ထားတဲ့ ဈေးဝယ်အိတ်ကို သူမဆီပေးကာ

"မင်းဘာသာမင်း ကြည့်လိုက်"

"ကျွန်မ ကြည့်ပါဦးမယ်"

သူမ အနည်းငယ် စိတ်မကြည်လင်ဖြစ်သွားတယ်။သူ့ရှပ်အင်္ကျီကို ထုတ်၍ ဘယ်ပြန်ညာပြန် လှန်ကြည့်လိုက်သည်။

"အင်္ကျီက သန့်ရှင်းနေပါသေးတယ်။ဒါက လဲဖို့ မလိုအပ်ပါဘူး"

"ဒီနေရာမှာလေ။ ကြည့်......ဒီနေရာမှာ အစွန်းတွေရှိနေတယ်"

"ဒါက သေချာပေါက် ကျွန်မဆီကနေ ဖြစ်တာမဟုတ်ဘူး။ရှင့်ကိုယ်ရှင်တောင် ဒါ ဘယ်ကနေ စွန်းလာလဲဆိုတာ သေချာမသိဘူးဆိုတာ ကျွန်မ သေချာတယ်"

"အိုင်း......ဒီမိန်းမက‌တော့။မင်းက တကယ့်ကို ဖြူကောင်ပဲ။ငါက မင်းကို ရှပ်အင်္ကျီဖိုး ပေးဖို့တောင် မပြောတာကို မင်းကဘာလို့ အဲ့ဒါကိုငြင်းနေတာလဲ"

"ကျွန်မ........"

ဒါက သူမရဲ့မျက်နှာကို ကယ်တင်ခြင်းဖြစ်ပြီး မသိစိတ်ကနေအလိုလို သူမရဲ့ပုံရိပ်ကိုလည်း ကယ်တင်လိုက်တာဖြစ်သည်။

သူမ တစ်ခုခု ပြောတော့မယ့်အချိန်မှာပဲ ရုတ်တရက် သူမဘေးနားကနေ အမျိုးသမီးတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာသည်။

"မိန်းကလေး မင်းရဲ့ကောင်လေးက ဒီမှာလား?မင်းစောနတုန်းက ကြည့်နေတဲ့ မျက်နှာလိမ်းခရင်မ်ကို သူ့ကို ဘာလို့ မစမ်းကြည့်ခိုင်းရမှာလဲ"

သူမ ခေါင်းမော့ကြည့်လိုက်တယ်။ဒါ အတော်လေး မကောင်းဘူး!!ဒါက စောနလေးကတင် သူမဝင်ကြည့်ခဲ့တဲ့ စကင်းကဲကောင်တာ မဟုတ်ဘူးလား?ကောင်တာက အရောင်းမိန်းကလေးက သူမကိုတောင် မှတ်မိနေတယ်!ထင်ရှားစွာဖြင့် ကောင်တာအရောင်းမိန်းက‌လေးက အထင်မှားပြီး သူမနဲ့မုန့်ကုကို ဈေးဝယ်ထွက်နေတဲ့ စုံတွဲအဖြစ် ယူဆလိုက်တယ်။

ချန်းရို့ယွီသည် အရောင်းမိန်းကလေးကို ပြုံးပြ၍ လက်ရမ်းပြလိုက်သည်။သူမက မုန့်ကုကို အဝေးဆွဲခေါ်သွားပေမယ့် အရောင်းမိန်းကလေးက အမြန်ရောက်လာသည်။

"လူကြီးမင်း တစ်ချက်လောက် လာကြည့်,ကြည့်ပါဦး။စောနတုန်းက ရှင့်ရဲ့ကောင်မလေးက ကျွန်မတို့ရဲ့ စကင်းကဲပစ္စည်းတွေကို ရှင့်အတွက် အထူးတလှယ် လာကြည့်သွားတာ။ကျွန်မတို့ဘရန်းရဲ့ စကင်းကဲပစ္စည်းတွေက တကယ်ကောင်းတယ်နော်။ကျွန်မတို့ပစ္စည်းတွေထဲက တချို့ကို ရှင့်ကို အစမ်းပြပါမယ်"

အမျိုးသမီးက စိတ်ဝင်စားပုံမပေါက်တာကို မြင်ရတော့ အရောင်းမိန်းကလေးက အမျိုးသားကို ဆွဲဆောင်နိုင်ရန် အကောင်းဆုံး ကြိုးစားတော့သည်။အတိုချုပ်ရမယ်ဆိုရင် သူမ အမှန်တကယ်ကို ဒီအမျိုးသားကို ရောင်းရမှဖြစ်မယ်။

ချန်းရို့ယွီရဲ့မျက်နှာ ပူလောင်သွားပြီး မုန့်ကုကို အရောင်းမိန်းကလေးက ဆွဲခေါ်သွားခြင်းအား ရှက်ရွံ့စွာဖြင့် ကြည့်‌‌နေလိုက်သည်။ပုံမှန်ဆိုရင် ဒီလူက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတတ်တာကို ဒီတစ်ခေါက်တော့ ဘာလို့ လုံးဝ မငြင်းဆိုရတာလဲ?

ချန်းရို့ယွီ သူမရဲ့စိတ်ထဲကနေ သက်ပြင်းချလိုက်၏။သူမကိုယ်သူမ အားတင်း၍ မုန့်ကုကို ခေါ်ထုတ်သွားရန် လုပ်ပေမယ့် အရောင်းမိန်းကလေးက သူ စမ်းသပ်နိုင်ရန်အတွက် သူ့လက်ပေါ်တွင် ခရင်မ်အပုံလိုက် လိမ်းထားပြီးသား ဖြစ်နေသည်။သူက အမှန်ပဲ သူ့လက်ပေါ်က ခရင်မ်ကို ပွတ်လိမ်းကြည့်၍ အနံ့မကြိုက်ကြောင်း ပြောလိုက်သည်။အဲ့ဒီနောက် သူ့ခေါင်းကိုလှည့်၍ ချန်းရို့ယွီကို မေးလိုက်သည်။

"မင်း စောနကကြည့်တဲ့ ပစ္စည်းက ဘာလဲ"

ချန်းရို့ယွီရဲ့မျက်နှာ အစိမ်းရောင်ပြောင်းလုနီးပါး ဖြစ်သွားတယ်။

သူ့သရုပ်ဆောင်မှုက ဘာလို့ ဒီလောက်မြန်ရတာလဲ?သူ ဒီလောက် သဘာဝကျရမှာလား?သူတို့က အမှန်တကယ် ရှော့ပင်းထွက်လာတဲ့ စုံတွဲတွေလို့ ထင်နေတာလား?

အရောင်းမိန်းကလေးက လျင်မြန်စွာပဲ သူ့ကို ဖြေလိုက်သည်။

"အာ.....စောနတုန်းက မိန်းကလေးက ဒီဘရန်းရဲ့လက်လိမ်းခရင်မ်ကို ကြည့်နေတာပါ။လူကြီးမင်းက ပုံမှန်ဆိုရင် လက်လိမ်းခရင်မ် သုံးတာလား?လာပါ......လူကြီးမင်း ဒါကို စမ်းကြည့်သင့်တယ်။ဒီလက်လိမ်းခရင်မ်က သဘာဝအနံ့ပဲရှိတာ...အဲ့ဒါက ရေဓာတ်ဖြည့်ပေးပြီးတော့ အသားထဲကို အလွယ်တကူ စိမ့်ဝင်နိုင်တယ်။ဒီခရင်မ်ကလေ အမျိုးသားတွေရဲ့အသားအရည်အတွက် အထူးထုတ်ထားတာ"

"ဪ....အဲ့လိုလား......"

မုန့်ကုက စကားလုံးတွေကို ဆွဲပြောပြီး တစ်ချိန်တည်းမှာပဲ ချန်းရို့ယွီကို ကြည့်လိုက်သည်။သူ့မျက်လုံးထဲက အမူအရာက ချန်းရို့ယွီကို အမှန်တကယ်ပဲ တွင်းတစ်တွင်းတူးပြီး သူမကိုယ်သူမ မြှုပ်ပစ်ချင်စိတ် ပေါက်သွားစေ၏။

သူမက အပြစ်ကင်းဝာယ်!သူ့အပေါ် ဘာရည်ရွယ်ချက်မှ မရှိဘူး!

ချန်းရို့ယွီသည် လျင်မြန်စွာပဲ မုန့်ကုရဲ့လက်ကိုဆွဲ၍ အရောင်းမိန်းကလေးကို ပြောလိုက်သည်။

"တောင်းပန်ပါတယ်။ကျွန်မတို့ အလျင်လိုနေလို့။ကျွန်မတို့ နောက်တစ်ခေါက်မှပဲ လာကြည့်ပါ့မယ်"

သူမက မုန့်ကုကို အတင်းဆွဲခေါ်လာခဲ့သည်။

သူမရဲ့အပြုအမူက မုန့်ကုကို ရယ်‌သွားစေပြီး သူက ပြောလာခဲ့၏။

"နောက်တစ်ခေါက်ပေါ့လေ"

"ဒါက ဖောက်သည်တွေ ပြောတဲ့ပုံစံလေ။ရှင် နားလည်လား" ချန်းရို့ယွီ အံကြိတ်ထား၏။

"မင်းက ဘာလို့ ယောကျာ်းလေးလက်လိမ်းခရင်မ်ကို ကြည့်တာလဲ"

"ရှင့်ကို စောင့်နေတုန်းက ကျွန်မမှာ ဘာမှလုပ်စရာမရှိဘူးလေ...အဲ့ဒါနဲ့ လျှောက်ပတ်ကြည့်နေလိုက်တာ"

"မင်းက ဘာလို့မိန်းကလေး လက်လိမ်းခရင်မ်ကျ မကြည့်တာလဲ"

"ကျွန်မ မကြည့်ဘူးလို့ ရှင်ဘယ်လိုသိလဲ!ကျွန်မက ကောင်တာတိုင်းကို ကြည့်ပါတယ်နော်"

သူမ နောက်တစ်ကြိမ် ရှက်သွားတယ်။

"အဲ့လိုလား......"

သူ့မျက်လုံးတွေက ပြုံးနေပြီး သိသာစွာဖြင့် သူ သူမကို မယုံဘူးဆိုတာ ဖော်ပြနေသည်။

ချန်းရို့ယွီဟာ ချောင်ပိတ်ခံနေရပြီးတော့ ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။

"စီးစီးက ရှင့်ကို လက်ဆောင်အနေနဲ့ လက်လိမ်းခရင်မ်ဝယ်ပေးချင်တယ်လို့ ပြောတယ်လေ။အဲ့ဒါကြောင့် ကျွန်မက ဖြတ်သွားရင်း ကြည့်လိုက်တာ။အဲ့အကြောင်းကို ကျွန်မ စဉ်းတောင်မစဉ်းစားမိဘူး"

"သူ(မ)က ငါ့ကို လက်လိမ်းခရင်မ်ပေးမလို့လား"

မုန့်ကုက လမ်းလျှောက်‌နေတာ ရပ်လိုက်ပြီး "သူ(မ)က တကယ်အံ့ဩဖို့ကောင်းတာပဲ။ပုံမှန်ဆိုရင် လူတွေက ဒါကို လက်ဆောင်အဖြစ် မစဉ်းစားကြဘူး"

သူမက သူ့ကို အချက်အလက် ထုတ်ပြောမိတာကြောင့် နောင်တရသလို ခံစားရပြီး အမြန်ဖြေရှင်းရန် ကြိုးစားတော့သည်။

"ဒေါက်တာမုန့် ရှင် ဒီအကြောင်းကို မသိသလိုဟန်ဆောင်‌နေနော်။သူ(မ)ကို မပြောနဲ့ ပြီးတော့ ရှင့်သူနာပြုတွေကိုလည်း မပြောနဲ့။စီးစီးက အရမ်းလေးနက်နေတာ။ပြီးတော့ ဒါကို စဉ်းစားဖို့ တော်တော်ဒုက္ခများခဲ့တာ။သူ(မ)ကို စကားကြမ်းကြမ်းတွေ သွားမပြောနဲ့"

မုန့်ကုက ခေါင်းညိတ်လိုက်ပြီး

"အိုခေ။ ငါ ဒီအကြောင်းကို မသိသလို ဟန်ဆောင်ပေးမယ်"

သူက အရမ်းလွယ်လွယ် သဘောတူလိုက်တာ‌ကြောင့် သူမ အနည်းငယ် အံ့အားသင့်သွားတယ်။ဒါက သေချာပေါက် သူ့ပုံစံမဟုတ်ဘူး။သူမ ပြန်အတည်ပြုမလို့ လုပ်နေတုန်းမှာပဲ မုန့်ကုဆီကနေ ဆွဲခေါ်ခံလိုက်ရတယ်။

"ပြန်သွားကြမယ်။အဲ့ဒီလက်လိမ်းခရင်မ်ကို မင်းဆီကနေ လက်ဆောင်အဖြစ် ဝယ်တာပေါ့"

ဘယ်လို...ဘယ်လို? သူမ အရမ်း‌ကြောက်သွားပြီး ခြေထောက်တွေက နေရာမှာတင် အမြစ်တွယ်နေကာ ရွေ့ဖို့ငြင်းဆန်နေသည်။

"ကျွန်မက ရှင့်ကို ဘာလို့ လက်ဆောင်ပေးရမှာလဲ"

"ဘာလို့လဲဆိုတော့ လျန်စီးစီးက လက်လိမ်းခရင်မ်ကို လက်ဆောင်အဖြစ် ငါ့ကို ပေးတဲ့အချိန်ကျရင် ငါက မင်းဆီက လက်ဆောင်ကို သူ(မ)ကို ထုတ်ပြပြီးတော့ ရို့ယွီက ငါ့ကို ပေးပြီးတာကြောင့် ငါ သူ(မ)ဟာကို လက်မခံနိုင်ဘူးလို့ ပြောလိုက်မယ်။ကြည့်လေ....ဒီနည်းလမ်းနဲ့ဆိုရင် ငါက သူ(မ) ငါ့ကို ဘာပေးမလဲဆိုတာ ကြိုမသိဘူးဆိုတာ ပြနိုင်ပြီးတော့ အဲ့ဒါက သူ(မ)ကို ငြင်းဖို့လည်း အရမ်းကောင်းတဲ့ အကြောင်းပြချက်ကောင်းတစ်ခုပဲလေ။ဒါဆိုရင် မင်းကျေနပ်သင့်တယ်"

ကျေနပ်ရမယ်?? ရှင့်သရဲပဲ!!!!

ချန်းရို့ယွီက အသည်းအသန် ခေါင်းရမ်းလိုက်သည်။

ဒါက အရှင်းကြီးကို ဖြူစင်အပြစ်ကင်းတဲ့လူကို လုပ်ကြံပြီး သဘောထားကွဲလွဲမှုတွေ ဖန်တီးကာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးကို ဖျက်ဆီးတာပဲ!!!

"ဒါမှမဟုတ် ဒီလိုမဖြစ်ရအောင် မိန်းကလေးလျန်စီးစီးက ငါ့အတွက် လက်ဆောင်အဖြစ် လက်လိမ်းခရင်မ် ဝယ်ပေးတာကို မင်းစောင့်စရာမလိုဘူး။မင်း အခု သူ(မ)ကို တားမယ့်နည်းလမ်းတွေကို စဉ်းစားနိုင်ပြီး ငါ့ကို စိတ်အနှောင့်အယှက်ပေးနေတာကို ရပ်ဖို့လည်း သူ(မ)ကို အကြံ‌ပေးလိုက်လေ"

မုန့်ကုက သူ့ရဲ့သွားဖြူဖြူတွေ ပေါ်တဲ့အထိ ရယ်ပြလိုက်ပြီး ၎င်းက သူမကို အရမ်းဒေါသထွက်သွားစေတယ်။သူမ တကယ်ပဲ သူ့မျက်နှာကို တစ်ချက်လောက် ထိုးပစ်လိုက်ချင်တယ်။

ဒီယောကျာ်းက ဘာလို့အရမ်းယုတ်မာတာလဲ?

"ကျွန်မ စီးစီးကို ပြောပြီးတော့ ရှင့်အတွက် လက်လိမ်းခရင်မ် မဝယ်‌ပေးဖို့ ပြောလိုက်မယ်။သူ(မ)ကို သိမ်းသွင်းဖို့ သေချာကြိုးစားပေးမယ်လို့ ကျွန်မ ကတိပေးတယ်"

သူမတို့ရဲ့ သူငယ်ချင်းရှုထောင့်ကနေဆိုရင် သူမ စီးစီးကို ရှင်းရှင်းလင်းလင်း စကားပြောပြီးတော့ ကိုထရန်နာဒိုင်နိုဆောရဲ့ အစစ်အမှန် အချက်တွေကို သိအောင်ပြောပြရမယ်။ဒီယောကျာ်းက တကယ်ပဲ အရမ်းကြောက်ဖို့ကောင်းတယ်။သူ့အသက်အရွယ်မှာ ဒီလိုအရည်အသွေးကောင်းတွေရှိပြီး အခုထိ လက်တွဲဖော်မရှာနိုင်သေးတာ သေချာပေါက် သူ့မှာ တစ်ခုခု မှားယွင်းနေတာ ရှိရမယ်။

"ကောင်းပြီလေ အဲ့ဒါဆိုရင်လည်း ကျေးဇူးပဲ။မင်း မိန်းကလေး လျန်စီးစီးရဲ့ သဘောတရားပရောဂျက်မှာ ကောင်းကောင်းလုပ်နော်"

"အိုခေ...အိုခေ ကျွန်မလုပ်ပါ့မယ်"

"ဒါဆိုရင် အဲ့ဒီလက်လိမ်းခရင်မ် သွားဝယ်ကြရအောင်"

ဘာ? ဝယ်ချင်နေသေးတာလား......

"ငါ တကယ်လက်လိမ်းခရင်မ်တစ်ခု ဝယ်ဖို့လိုနေတာ။ငါ့ရဲ့လက်ရှိတစ်ခုက ကုန်တော့မယ်"

ဒါ အစစ်လား အတုလား?ချန်းရို့ယွီ အနည်းငယ် မှင်သက်နေတယ်။

မုန့်ကုက သူမကိုကြည့်၍ နောက်တစ်ကြိမ် ရယ်မောလိုက်ပြီး

"စောနလေးကတင် မင်းငါ့ကို အခွင့်ကောင်းယူသွားတာလေ။ဒီလက်လိမ်းခရင်မ်ကို ငါ့အတွက် လျော်ကြေးလို့ သဘောထားလိုက်ပေါ့"

သူ့ကို အခွင့်အရေးယူတာလား? သူ့အတွက် လျော်ကြေးပေါ့လေ?

ချန်းရို့ယွီက နောက်တစ်ကြိမ် ခေါင်းရမ်းလိုက်ပြီး

"ကျွန်မမှာ ပိုက်ဆံမရှိဘူး"

"ငါ့မှာရှိတယ်။အရင်ဆုံး ငါပေးထားလိုက်မယ်"

မုန့်ကုက သူ့ရဲ့ရက်ရောမှုကို ဖော်ပြလာသည်။

"အဲ့ဒီဘရန်းက မကောင်းဘူး။ရှင်ပဲ စောနတုန်းက ခရင်မ်က နံတယ်လို့ မပြောခဲ့ဘူးလား။ကျွန်မတို့ နောက်ထပ် ဘရန်းတစ်ခု ပြောင်းတာပေါ့။အခုက နောက်ကျနေပြီ ကျွန်မလည်း ဗိုက်ဆာနေပြီ။နောက်မှ ကျွန်မရှင့်အတွက် တစ်ခုဝယ်‌ပြီးတော့ ရှင့်ဆီပို့ပေးမယ်"

သူမက သူ့ကို ယွမ်အနည်းငယ်ပဲ ကျသင့်တဲ့လက်လိမ်းခရင်မ်မျိုးပဲ ဝယ်ပေးချင်တယ်။

"အဲ့ဒီစကင်းကဲအနံ့က မကောင်းဘူး ဒါပေမဲ့ လက်လိမ်းခရင်မ်က ‌ကောင်းတယ်။ငါ အမြဲတမ်း ဒီဘရန်းကို သုံးလာတာ"

စကားအနည်းငယ်ဖြင့် ချန်းရို့ယွီတစ်ယောက်ကောင်တာကို ပြန်ဆွဲခေါ်ခံသွားရတယ်။ ဒါက မဆင်မခြင် ဖြုန်းတီးတာပဲ!!!! သူ တကယ်ပဲ ဒီလောက်ဈေးကြီးတဲ့ လက်လိမ်းခရင်မ်ကို သုံးဖို့လိုအပ်လို့လား?သူမ ဆန့်ကျင်တယ်ဆိုပေမယ့် ၎င်းက အသုံးမဝင်ဘဲ ဖြည်းဖြည်းချင်း မုန့်ကုက သူမကို ဆွဲခေါ်သွားတယ်။

လက်လိမ်းခရင်မ် ဝယ်ခဲ့လိုက်ပြီ။ချန်းရို့ယွီရဲ့မျက်နှာက တစ်လျှောက်လုံး အမူအရာကင်းမဲ့နေပြီး ဘယ်လိုပဲဖြစ်ဖြစ် သူမက အဲ့ဒါကို ပေးခဲ့တာ မဟုတ်ပေ။ သူမက မုန့်ကုကို ဒီပိုက်ဆံအကြွေးတင်‌‌‌နေတယ်ဆိုတာ ဝန်မခံဖို့လည်း ‌ဆုံးဖြတ်ထားတယ်။မုန့်ကုကလည်းပဲ သူမကို မကြည့်ပဲ ပြုံးနေပြီး သူမကို ကားဆီခေါ်သွား၏။

"ကောင်းပြီ နောက်တစ်ခု ငါတို့ညစာစားဖို့ သွားကြမယ်။မင်းပြောတဲ့ အဲ့ဒီဉယျာဉ်က ဘယ်မှာရှိတာလဲ"

သူက ကားစက်နှိုး၍ ထွက်ခွာရန် အသင့်ဖြစ်နေသည်။

ချန်းရို့ယွီ သူ့ကို ကြည့်လိုက်ပြီး သူကလည်း သူမကို တိုက်ရိုက်ပြန်ကြည့်လာသည်။

"ဒေါက်တာမုန့် ကျွန်မ ရှင့်ကို ညစာအကြွေးတင်နေတာနော် ဟုတ်တယ်မလား"

သူမရဲ့ လက်ညိုးကိုမြှောက်၍ နံပါတ်ဖော်ပြလိုက်သည်။

သူက သဘောတူတဲ့အနေဖြင့် ခေါင်းညိတ်လိုက်၏။

"ရှင်က ကျွန်မ အရင်တစ်ခေါက်တုန်းကပြောတဲ့ ဉယျာဉ်စားသောက်ဆိုင်မှာ ချိုမြိန်တဲ့ညစာစားချင်တာနော် ဟုတ်တယ်မလား"

သူက နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်၏။

"ကောင်းတယ်" ချန်းရို့ယွီက ခေါင်းညိတ်လိုက်ပြီး "သွားကြမယ်"

သူမက မုန့်ကုကို ဆေးရုံအနီးက ပေါင်မုန့်ဆိုင်ကို ခေါ်သွားပြီး ပျားရည်ထောပတ်ပဲနီပေါင်မုန့်တစ်ခုနှင့် ပေါင်မုန့်ဖြူတစ်ထုပ် ဝယ်ခဲ့သည်။အဲ့ဒီနောက် သူမက ဘေးနားက စတိုးဆိုင်ကို သွား၍ တွင်းထွက်ရေဘူးနှစ်ဘူး ဝယ်ယူခဲ့၏။

မုန့်ကုက သူမနောက်ကနေ လိုက်သွားခဲ့ပြီး တဖြည်းဖြည်းနှင့် ဆေးရုံပန်းခြံထဲက ခုံတန်းတစ်ခုဆီ ရောက်သွားသည်။သူတို့က ခုံတန်းပေါ်တွင် ထိုင်လိုက်ကြပြီး ပျားရည်ထောပတ်ပဲနီပေါင်မုန့်တစ်လုံးဟာ သူ့လက်ထဲသို့ ထိုးထည့်ခံလိုက်ရသည်။နောက်ဆုံးမှာတော့ သူ့မျက်နှာအမူအရာ ပြောင်းလဲသွား၏။

"ဒါက ငှက်တွေသီချင်းဆိုပြီး ပန်းနံ့မွှေးမွှေးလေးနဲ့ ချစ်စရာကောင်းတဲ့ ဉယျာဉ်စားသောက်ဆိုင်ပေါ့လေ"

"မှန်တယ်"

သူ့လက်ထဲက ပေါင်မုန့်ကို ကြည့်လိုက်ပြီး

"ချိုမြန်တဲ့ညစာပေါ့လေ?"

"မှန်တယ်"

သူမက သူ့ကို တွင်းထွက်ရေတစ်ဘူး လှမ်းပေးလိုက်ပြီး

"ဒီရေကလည်း အရမ်း‌ကျန်းမာရေးနဲ့ညီညွှတ်တယ်"

မုန့်ကုက သူမကို စိုက်ကြည့်နေပြီးတော့ အဲ့ဒီနောက် သူမဆီကနေ တွင်းထွက်ရေဘူးကို ယူလိုက်သည်။

"ဘာလို့ ငါ့ဟာကပဲနီပေါင်မုန့်ဖြစ်နေပြီး မင်းက ပေါင်မုန့်ဖြူဖြစ်နေတာလဲ"

"ကျွန်မ ဒေါက်တာမုန့်ကိုပေးတဲ့ ပေါင်မုန့်က ချိုမြိန်မှုကို ကိုယ်စားပြုတယ်။ပြီးတော့ အဲ့ဒီပေါင်မုန့်သေးသေးလေးက ၅ယွမ်တောင်ကျတယ်လေ အရမ်းဈေးကြီးပြီး ဒေါက်တာမုန့်နဲ့တန်တယ်။ဒီပေါင်မုန့်ဖြူတစ်အိတ်က ကျွန်မအတွက် လုံလောက်တဲ့စိတ်ကျေနပ်မှုရရှိအောင် ကြီးတယ် ပြီးတော့ ကျွန်မနဲ့ တန်တယ်လေ။တကယ်တော့ မန်ထို*တစ်ခုက ပိုပြီး လက်တွေ့ကျတယ်။ဒါပေမဲ့ ဒေါက်တာမုန့်က ကျွန်မကို မကျေနပ်တဲ့အမူအရာပေးမှာ ကြောက်လို့လေ"

သူမက ပြောပြီးတာနဲ့ ပေါင်မုန့်ဖြူအိတ်ကိုဖွင့်၍ စတင်စားတော့သည်။

(မန်ထိုဆိုတာက ကြမ်းတမ်းပြီးတော့ အထဲမှာဘာမှမပါတဲ့ ပေါင်မုန့်အမျိုးအစားပါ)

(Kikko: E-trans မှာအဲ့လိုပြောထားပေမယ့် Kikko ရှာတွေ့တဲ့ မန်ထိုကတော့ နူးညံ့တယ်တဲ့။ပြီးတော့ E-trans ပြတဲ့ပုံနဲ့မတူဘူးရယ် ပုံကိုအောက်ဆုံးမှာ ထည့်ထားပါတယ်)

မုန့်ကုက ရယ်မောလိုက်ပြီး

"ချန်းရို့ယွီ ငါ တကယ်မင်းကိုချီးကျူးရမယ်"

"ကြိုဆိုပါတယ်။ယဉ်ကျေးမနေပါနဲ့"

မုန့်ကုက သူ့ရဲ့သွားဖြူဖြူတွေပေါ်တဲ့အထိ ပြုံးရယ်လိုက်ပြီး

"မင်းက သဘောထားသေးတဲ့အချိန်ဆိုရင် တကယ်ချစ်ဖို့ကောင်းတယ်။ငါ ဘာလုပ်သင့်လဲ"

ဘာလုပ်မှာလဲ? သူ့မှာ သူမကိုထပ်ပြီးတော့ ပစ်သွင်းစရာ အဆိပ်ရှိတဲ့စကားတွေ မရှိတော့ဘူးလား?နှုတ်ခမ်းမှာချိတ်ဆွဲထားတဲ့ ပေါင်မုန့်တစ်ဖဲ့နဲ့အတူ ချန်းရို့ယွီ သူ့ကို စိုက်ကြည့်လိုက်တယ်။

မုန့်ကုက ရယ်နေဆဲဖြစ်ပြီး ပျားရည်ထောပတ်‌ပဲနီပေါင်မုန့်ကိုဖြည်ကာ စားလိုက်သည်။

သူက နောက်ထပ် စကားမပြောတော့ပေ။ချန်းရို့ယွီက သတိကြီးကြီးဖြင့် သူ့ကို အနည်းငယ် ခိုးကြည့်နေသည်။

အိုက်ယား.......သူက တကယ်ကြီး နှစ်နှစ်ခြိုက်ခြိုက် စားနေတာပဲ။သူက ချိုတဲ့အရာတွေမကြိုက်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား?

#######################

All Chapters