← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

ဒွိဟချစ်သံယောဇဉ်:

Chapter 25-စိတ်ဝေဒနာရှင်

သူ့စကားတွေက ဘာလို့ သူမက ထွက်ပြေးသွားတဲ့ စိတ်ဝေဒနာရှင်တစ်ဦးပုံစံ ပေါက်နေရတာလဲ?

သူမက ကြောင်တောင်တောင်နဲ့ ထိုင်ခုံမှာ ထိုင်‌နေမိတယ်။သူမရဲ့ စိတ်ကူးထဲမှာတောင် မုန့်ကုက သူမကို ဒီလိုစကားမျိုးပြောပြီး ရောက်လာလိမ့်မယ်လို့ လုံးဝ စိတ်ကူးမထားခဲ့ဘူး။

သူက တကယ် အရည်အချင်းရှိတာပဲ!

သူမ နောင်တရသွားပြီ။သူမကိုယ်သူမ ပြန်သုံးသပ်ရမယ်။သူမ တကယ် အမှတ်မှားသွားခဲ့တာပဲ။သူမ ဒေါက်တာမုန့်နဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှား မဖြစ်သင့်ဘူး။ဘာ အသိတရားလဲ? ဘာ သနားကြင်နာတာလဲ? ဒီစကားတွေအကုန်လုံးက သူ့ကို ပိုကဲပြီး‌ချီးကျူးနေတာပဲ။

ထန်ကျင်းချိုင်သည် အံ့ဩသွားပုံရပြီး အမေထန်၏ အမူအရာက ပြောင်းလဲသွားကာ ပိုပြီးတော့တောင် ခန့်မှန်း၍မရပေ။

"ရှောင်ယွီ နင့်မှာ ဘာနေမကောင်းတာ ရှိလို့လဲ"

သူမ ဒီလူကို ကြည့်လိုက်တယ် အဲ့ဒီနောက် အခြားလူကို ကြည့်လိုက်တယ် သူမရဲ့ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ဆွံ့အနေခဲ့တယ်။တည်ငြိမ်ပြီး အေးအေးဆေးဆေး ဖြစ်‌နေတာကတော့ မစ္စတာ မုန့်ကုပင်။

"သူ(မ)မှာ Hemophobia(သွေး‌ကြောက်ခြင်းရောဂါ) ရှိပြီးတော့ စိတ်ပိုင်းဆိုင်ရာ ကုသဆွေးနွေးဖို့ လိုအပ်တယ်။တောင်းပန်ပါတယ်......ဒါရိုက်တာလျှိုနဲ့ ရက်ချိန်းယူဖို့က ခက်ခဲပြီးတော့ ချိန်းထားတဲ့အချိန်ကို ကြိုရောက်နေဖို့ လိုအပ်တယ်။သူ(မ)က သူ(မ)ရဲ့ ချိန်းဆိုမှုအတွက် အ‌ရမ်းနောက်ကျနေပြီမလို့ ကျွန်တော် သူ(မ)ကို ဆေးရုံ ခေါ်သွားရမယ်"

အမေထန်ရဲ့အမူအရာက အလွန်အမင်း ဆိုးရွားသွားတယ်။ချန်းရို့ယွီ စိတ်ထဲမှာ သိနေတယ်........လူကြီးတွေက Hemophobia ဆိုတဲ့ စကားလုံးကို မသိပေမယ့် စိတ်ပိုင်းဆိုင်ရာဆွေးနွေးကုသမှုက ဘာလဲဆိုတာ သိထားကြတယ်။ဒါကြောင့် အမေထန်ရဲ့စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ချန်းရို့ယွီ အလွယ်လေး ခန့်မှန်းနိုင်တယ်။

ဒါ့အပြင် ခုနက သူမ အိမ်သာကို အကြိမ်ကြိမ်သွားတယ်၊ ပြီးတော့ စကားတွေထစ်အပြီး စိုးရိမ်တကြီး ဖြစ်နေပုံရတယ်။ နောက်ဆုံးတော့ သူမက ရုတ်တရက် အလုပ်တစ်ခု ရှိကြောင်း သတိရတယ်လို့လည်း ပြောခဲ့တယ်။ ဟုတ်တယ်၊ သူမ အလုပ်ရှိတယ်လို့ ပြောတဲ့အခါ ဆေးရုံမှာ ချိန်းထားတာကို သွားဖို့ စဉ်းစားနေတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား?

အတိုချုပ်ပြောရရင် ဒါတွေအားလုံး ပေါင်းလိုက်တော့ ဘယ်သူမဆို အရိုင်းဆန်တဲ့ စိတ်ကူးတွေ အမျိုးမျိုး တွေးမိဖို့ လုံလောက်တယ်။

တကယ်ပဲ အမေထန်က အေးစက်စွာ ပြောလာ၏

"မိန်းကလေးချန်း မင်းရဲ့ မှတ်ဉာဏ်က ဆရာဝန်နဲ့ ပြဖို့တောင် မေ့သွားနိုင်လောက်အောင် ဆိုးရွားတာပဲ။ ဒါဆို ငါတို့ မင်းကို မနှောင့်ယှက်တော့ဘူး။ အားချိုင် သွားကြမယ်"

အကယ်၍ သူတို့သာ ဒီကိစ္စ မဖြစ်ခင် တစ်မိနစ်အလိုလောက်က ထွက်သွားခဲ့ရင် ချန်းရို့ယွီက ဝမ်းသာအားရ လက်ခုပ်တီးမိမှာ။ ဒါပေမဲ့ အခုတော့ အမေထန်က ထန်ကျင်းချိုင်ကို ခေါ်သွားတာကို ကြည့်ရင်း သူမ တကယ့်ကိုပဲ သူတို့ကို ပြန်ဆွဲခေါ်ပြီး အမေနဲ့သားနှစ်ယောက်စလုံးကို သွေးကြောက်ရောဂါက စိတ်ရောဂါမဟုတ်ကြောင်း၊ စိတ်ရောဂါကုသဆောင်ဟာလည်း စိတ်ကျန်းမာရေးမကောင်းတဲ့ လူနာတွေပဲ ကုသမှုခံယူတဲ့နေရာ မဟုတ်ကြောင်း အလေးအနက် ရှင်းပြလိုက်ချင်တယ်။

ဒါပေမဲ့ အမေနဲ့သားတို့ရဲ့ ကျောပြင်တွေ သူမ မျက်စိအောက်ကနေ ပျောက်ကွယ်သွားတာကို ကြည့်ရင်း သူမ ဘာမှ ပြောလို့မရခဲ့ဘူး။

"ပြီးပြီ။ မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်"

မုန့်ကုက သူ့လုပ်ရပ်အတွက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။

ချန်းရို့ယွီက မုန့်ကုရဲ့ လက်မောင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

"ကျွန်မတို့ ကြိုစီစဉ်ထားတာက တစ်ယောက်ယောက် သေတော့မယ်၊ အဲဒီလူ မသေခင် နောက်ဆုံးတစ်ကြိမ် သွားကြည့်ဖို့ အမြန်သွားမှရမယ်ဆိုတာ မဟုတ်ဘူးလား။ ဘာလို့ အကြောင်းပြချက်က ဒါဖြစ်သွားတာလဲ"

မုန့်ကုက မျက်မှောင်ကြုတ်ပြီး သူမရိုက်လိုက်တဲ့ လက်မောင်းကို ပွတ်လိုက်တယ်။ သူက ချန်းရို့ယွီနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး

"မင်းရဲ့ 'တစ်ယောက်ယောက် သေတော့မယ်' ဆိုတဲ့ ကျိန်စာက အရမ်းကို ယုတ်မာတယ်" လို့ ပြောလိုက်၏။

"ကျွန်မရဲ့ကျိန်စာက ရှင့်ကျိန်စာထက်ပဲ ပိုယုတ်မာနိုင်သေးလား"

ချန်းရို့ယွီက သူ့ကို လက်သီးနဲ့ အကြိမ်အနည်းငယ် ထိုးပြီး နောက်ထပ် အကြိမ်အနည်းငယ် ကိုက်ချင်စိတ် ပေါက်သွားတယ်။

"ရှင်က ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ဖျက်ဆီးခဲ့တယ်။ ရှင်က တကယ့်ကို မကောင်းဆိုးဝါးတွေရဲ့ ဘုရင်ပဲ!"

"ဒါရိုက်တာလျိုနဲ့ ဆရာဝန်ချိန်းထားတယ်ဆိုတဲ့ အတုအယောင်ကလွဲလို့ ကျန်တာတွေအားလုံးက အမှန်တရားတွေပဲလေ။ငါက မူရင်းအချက်အလက်တွေမှာ အနုပညာဆန်တဲ့ အလှည့်အပြောင်းလေးတွေပဲ ထပ်ဖြည့်လိုက်တာပါ။ မင်းမှာ သွေးကြောက်ရောဂါရှိနေတာဆိုတော့ တကယ်ပဲ ဆရာဝန်နဲ့ သွားပြသင့်တယ်။ ပုံမှန်မဟုတ်တဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့အောင် မင်း သင်ယူသင့်တယ်။ မင်းရဲ့ အသက်ကြီးတဲ့သူတွေကိုကြောက်တဲ့ရောဂါအကြောင်းကို အဲဒီအဖွားကြီးကို ငါ မပြောရသေးဘူး။ သူ့နဲ့ စကားပြောနေတုန်းမှာ မင်း နှလုံးတုန်တာ၊ ဗိုက်နာတာ၊ ချွေးအေးတွေထွက်တာ၊ လက်တွေခြေထောက်တွေအေးစက်ပြီး မျက်နှာတွေ ထုံကျဉ်တာတွေလို လက္ခဏာတွေ ခံစားခဲ့ရတယ်။ ကြည့်လေ ဒါတွေအားလုံးက အမှန်တရားတွေ မဟုတ်ဘူးလား? ဒါ့အပြင် မင်း တကယ်ပဲ ဒါရိုက်တာလျိုနဲ့ ပြချင်တယ်ဆိုရင် တန်းစီစရာမလိုဘဲ

စာရင်းသွင်းပေးဖို့ ငါ ကူညီပေးနိုင်တယ်။"

ချန်းရို့ယွီက ဒေါသတကြီး အော်ဟစ်ပြီး စားပွဲကို မှောက်ပစ်ချင်စိတ် ပေါက်သွားတယ်။

"ဒေါက်တာမုန့် ရှင်က ဘယ်လိုလုပ်ပြီး တခြားသူတွေကို ကူညီပေးနိုင်တဲ့အပြင် တစ်ချိန်တည်းမှာပဲ တခြားသူတွေက ရှင့်ကို ရိုက်နှက်ချင်စိတ် ပေါက်အောင် လုပ်နိုင်တဲ့ အရည်အချင်းမျိုးကို မွေးမြူခဲ့တာလဲ။"

"ကောင်းတာပေါ့၊ ငါ ကူညီခဲ့တယ်ဆိုတာ မင်းသိရင် ပြီးတာပဲ"

မုန့်ကုက တည်ငြိမ်စွာ ပြောလိုက်၏။

"ကြည့်လေ စကားနည်းနည်းနဲ့တင် အားလုံး ပြေလည်သွားပြီ။ မင်း အလောတကြီး ထွက်သွားစရာတောင် မလိုတော့ဘူး။ သူ့အမေက သူ့ကို ဆွဲခေါ်ပြီး ဆုတ်ခွာသွားပြီ။ သူတို့ မင်းကို ဘာမှ မှားယွင်းလုပ်ဆောင်တယ်လို့ စွပ်စွဲလို့မရသလို မင်းရဲ့သူငယ်ချင်းအတွက်လည်း ပြဿနာရှာနိုင်တော့မှာ မဟုတ်ဘူး။"

ချန်ရို့ယွီ ပါးစပ်ဖွင့်လိုက်၊ ပြီးတော့ ပြန်ပိတ်လိုက်တယ်။ ပါးစပ်ပြန်ဖွင့်ပေမဲ့ ဘာပြောရမှန်းမသိတာနဲ့ ပြန်ပိတ်လိုက်တယ်။ သူမက ကိုယ့်ကိုကိုယ် အေးဆေးဖြစ်အောင် ရေသောက်လိုက်တယ်။

"ရှင်က စိတ်ရောဂါကုဆရာဝန်ဆီ သွားပြတယ်လို့ ပြောလိုက်တော့ ကျွန်မက စိတ်ရောဂါသည်လို ဖြစ်သွားတာပေါ့။ သူ(မ)က သူ(မ)သားအတွက် စိတ်ရောဂါသည် မိန်းမတစ်ယောက်ကို မိတ်ဆက်ပေးတယ်ဆိုပြီး ကျွန်မသူငယ်ချင်းကို အပြစ်တင်ရင် ဘယ်လိုလုပ်မလဲ"

မုန့်ကုက ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေလိုက်၏။

"အဲဒါ လွယ်ပါတယ်။ မင်းသူငယ်ချင်းက စိတ်ရောဂါကုသရေးနဲ့ ပတ်သက်တဲ့ သံသယတွေကို ရှင်းပြပေးလိမ့်မယ်။ ပြီးရင် သူတို့က သွေးကြောက်ရောဂါရဲ့ အဓိပ္ပာယ်ကို နားလည်သွားလိမ့်မယ်။ အဲဒီနောက် မင်းက သူတို့ကို မင်းကို ဒီလိုထားခဲ့တာ ရိုင်းတယ်ဆိုတာကို ပြောပြနိုင်တယ်။ ဒါဆို နောက်ကျရင် မင်းသူငယ်ချင်းက တခြားသူငယ်ချင်းတွေကို မင်းနဲ့ မိတ်ဆက်ပေးဖို့ ဘယ်တော့မှ မရဲတော့ဘူး။"

ချန်းရို့ယွီ သူ့ကို မျက်စိစွေကြည့်ပြီး ဘာမှ မပြောနိုင်အောင် ဖြစ်သွားတယ်။ နောက်ဆုံးတော့ သူမ ပြောနိုင်ခဲ့တာက

"ဒေါက်တာမုန့် လူတစ်ယောက်က ရှင့်နဲ့ အကြာကြီး အတူနေရင် နောက်ဆုံးမှာ အဲ့ဒီလူက တဖြည်းဖြည်းနဲ့ စိတ်ရောဂါ ဖြစ်လာနိုင်တယ်ဆိုတာ ရှင် သိလား?"

ဒါက ရိုလာကိုစတာစီးရတာနဲ့ တူတူပဲ။ တစ်ခဏတာမှာ မင်း သူ့ကို အရမ်းချစ်နေလိမ့်မယ်၊ ပြီးရင် နောက်တစ်ခဏမှာတော့ မင်း သူ့ကို အရမ်းမုန်းတီးသွားလိမ့်မယ်။ တစ်ခဏတာမှာ မင်း သူ့ကို ဂရုမစိုက်ချင်ဘူး၊ ပြီးရင် နောက်တစ်ခဏမှာတော့ မင်းက သူ့နဲ့စကားပြောရတာ အရမ်းပျော်နေလိမ့်မယ်။ တစ်ခဏတာမှာ မင်းက သူဟာ ဉာဏ်ပညာရှိတယ်လို့ ထင်လိမ့်မယ်၊ နောက်တစ်ခဏမှာတော့ မင်းက သူဟာ လူအတစ်ယောက်လို့ ထင်လိမ့်မယ်၊ ပြီးတော့ နောက်တစ်ခဏမှာ သူက လူကောင်းတစ်ယောက်လို့ မင်း ထင်လိမ့်မယ်၊ ပြီးရင် နောက်တစ်ခဏမှာတော့ သူက မုန်းစရာကောင်းတယ်လို့ မင်း ထင်လိမ့်မယ်...

"မင်းမှာ တကယ်ပဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတယ်။ သွေးကြောက်ရောဂါနဲ့ အဲဒီ အသက်ကြီးတဲ့သူ‌တွေကိုကြောက်တဲ့ရောဂါတွေက အတူတူပဲ။အမျိုးအစားတစ်ခုတည်း အောက်မှာရှိတယ်။"

မုန့်ကုက လက်ဆန့်ထုတ်ပြီး ချန်းရို့ယွီရှေ့က ပြောင်းဖူးပေါက်ပေါက်တွေကို ကောက်စားလိုက်သည်။

"ငါတို့ရဲ့ အတိတ်က သဘောထားကွဲလွဲမှုတွေကို လျစ်လျူရှုပြီး မင်းကို လာကယ်ဖို့ ကိစ္စအားလုံးကို ပစ်ချခဲ့တာ။ အခု တာဝန်က အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီလေ။မင်းက ဘာကို မကျေမနပ် ဖြစ်နေတာလဲ။"

အဲ့ဒါက အမှန်တကယ်ပဲ အတိတ်က သဘောထားကွဲလွဲမှုတွေကို လျစ်လျူရှုတာလား? ချန်းရို့ယွီက‌တော့က သူ့ဆီက‌နေ အကိုက်ခံရတာက ပိုကောင်းတယ်လို့ ထင်ခဲ့ပြီး စိတ်ရောဂါသည်တစ်ယောက်အဖြစ် သတ်မှတ်ခံရတာကို မလိုချင်ပေ!

"ရှင့်ရဲ့ တာဝန်က ပြီးသွားပြီ။ရှင်က ကျွန်မကို တစ်ချိန်တည်းမှာပဲ ထောင်ချောက်ဆင်ခဲ့တာ၊ ဒါက လက်စားချေတာ သေချာတယ်။"

ချန်းရို့ယွီက ရင်ဘတ်စည်တီးချင်စိတ် ပေါက်သွားတယ်။

"ရှင့်ရဲ့ 'အခြေခံအချက်အလက်တွေမှာ အနုပညာဆန်တဲ့ အလှည့်အပြောင်းလေးတွေပဲ ထပ်ဖြည့်လိုက်တာ' ဆိုတဲ့ဟာကလေ ကျွန်မကို တကယ် အရှက်ရစေတယ်။"

"မင်း ငါ့ကို ဖုန်းခေါ်ပြီး အကူအညီတောင်းတုန်းက အခြေအနေကို ပြန်စဉ်းစားကြည့်။ အဲဒါဆို မင်း ပိုပြီး စဉ်းစားချင့်ချိန်နိုင်လိမ့်မယ်။ ငါ့အမြင်အရဆို အဲဒီတုန်းက မင်း ပိုရှက်နေခဲ့တာ။ မင်း ဘယ်လိုလုပ်ပြီး 'အသက်ကြီးတဲ့သူ‌တွေကိုကြောက်တဲ့ရောဂါ' ဆိုတဲ့ စကားလုံးတွေကို ထုတ်ပြောနိုင်ခဲ့လဲ ဆိုတာ ငါ အံ့ဩမိတယ်"

ချန်းရို့ယွီ အံကြိတ်ပြီး သူ့ကို ကြည့်လိုက်သည်။ သူမ လက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်၏။

"ကျွန်မလက်ကို ပြန်ကိုက်ခွင့်ပြုမယ်၊ ဒါပြီးရင် ကျွန်မ ရှင့်ကို ဘာမှ အကြွေးမတင်တော့ဘူး"

"လူမြင်ကွင်းမှာ ဒီလိုလုပ်တာ မသင့်တော်ဘူး"

မုန့်ကုရဲ့ စကားသံက ချန်းရို့ယွီကို သူ့ကို ထပ်ကိုက်ချင်စိတ် ပေါက်စေတယ်။ သူမရဲ့ မျက်နှာအမူအရာကို မမြင်ချင်ယောင်ဆောင်ထားပြီး သူက ဆက်ပြောတယ်။

"ဘာပဲဖြစ်ဖြစ်၊ ငါ မင်းကို ပြန်ကိုက်ရင်တောင် နောက်ဆုံး အကြွေးပဲ ကျေမယ်၊ ဒီကယ်တင်မှုအတွက် ကျေးဇူးကြွေးကတော့ မပါသေးဘူး။"

သူမရဲ့ လက်ကို ပြန်ရုပ်လိုက်ပြီး မျက်နှာပြောင်တိုက်လိုက်တယ်။

"ရှင် ကျွန်မကို ကယ်တင်ခဲ့တဲ့ ဒီကျေးဇူးကြွေးက အရမ်းများလွန်းလို့ ပြန်မဆပ်နိုင်တော့ဘူး၊ ဒါကြောင့် ကျွန်မ ကိုယ်တိုင်ပဲ ပြန်ဆပ်လို့ရတော့မယ်။ ရှင် လက်ခံမလား? ရက်စ်လား နိုးလား? မဟုတ်ဘူးလား?"

သူမ နည်းနည်း ဂုဏ်ယူသလို ခံစားလိုက်ရတယ်။

"ရှင် လက်မခံဘူးဆိုရင် ကျွန်မ အကြွေးတွေ အားလုံး ကျေသွားပြီ အဲ့ဒါဆိုရင် ကျွန်မတို့ ကျေပြီနော်"

"မင်းက မင်းကိုယ်မင်း ပေးအပ်ပြီး အငြင်းခံရတာကို ဘာလို့ ဒီလောက် ဂုဏ်ယူနေရတာလဲ။ တကယ်ဆိုရင် မင်း ရှက်သင့်တာပေါ့။"

မုန့်ကုက ပြုံးလိုက်ပြီး သူမရဲ့ လှည့်စားမှုလေးတွေကို ဂရုမစိုက်‌ပေ။ ချန်းရို့ယွီရဲ့ မျက်နှာရဲတက်လာပြီး သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာ သိတာနဲ့ ပြောင်းဖူးပေါက်ပေါက်တချို့ကို ကောက်ယူပြီး သူ့ဘက်ကို ပစ်ပေါက်လိုက်တယ်။

"ဟေး၊ ကစားမနေနဲ့! ငါ့အဝတ်တွေ ညစ်ပတ်ကုန်လိမ့်မယ်!"

အဲ့ဒီနောက် သူမက သူ "အမေ" လို့ ခေါ်တာကို ကြားလိုက်ရတယ်။

ချန်းရို့ယွီ အံ့အားသင့်ပြီး လှည့်ကြည့်လိုက်၏။၎င်းက သူမ အိမ်သာထဲမှာ အကူအညီတောင်းတာကို ကြားခဲ့တဲ့ အမျိုးသမီး၊ ပြီးတော့ သူမရဲ့နောက်မှာ တည့်တည့်ထိုင်ခဲ့တဲ့ အမျိုးသမီး ဖြစ်နေလေသည်။‌

သူမက တကယ်ပဲ မုန့်ကုရဲ့အမေလား?! ဘယ်လိုဖြစ်နိုင်မှာလဲ? ဒီလောက် ငယ်ရွယ်တဲ့ မိခင်တစ်ယောက်ပေါ့လေ!

သူမ မျက်လုံးပြူးသွားပြီး ကြောက်လန့်တကြားနဲ့ မုန့်ကုကို လှည့်ကြည့်လိုက်သည်။ သူက နှုတ်ခမ်းကို စေ့ထားပြီး

"မင်းရဲ့ အသက်ကြီးတဲ့သူ‌တွေကြောက်တဲ့ရောဂါကို ထိန်းချုပ်ထား" ဟု ပြောလိုက်သည်။

ထိန်းချုပ်ရမယ် ဟုတ်လား? ဒီလို ရောဂါမျိုးကို ဘယ်လိုများ ထိန်းချုပ်နိုင်မှာလဲ?

အိုး ဘုရားရေ! အခုတော့ သူမ စိတ်ခံစားချက် မကောင်းတော့ပြန်ဘူး!

ဒီအမျိုးသမီးရှေ့မှာ သူမက ဒီအမျိုးသမီးရဲ့သားကို သူမနဲ့အတူ သရုပ်ဆောင်ဖို့၊ လိမ်ညာဖို့ ကူညီခိုင်းခဲ့တယ် ဟုတ်တယ်မလား? ခုနက သူမရဲ့လက်ကို မုန့်ကုကိုက်ဖို့ ကမ်းခဲ့တယ် ဟုတ်တယ်မလား? အကြွေးတွေ ဆပ်ဖို့ သူမကိုယ်သူမ ပေးအပ်ခဲ့တယ် ဟုတ်တယ်မလား?

တခြား ဘာတွေများ သူမ ပြောခဲ့သေးလဲ?တခြား ဘယ်လို ရှက်စရာကောင်းတဲ့ အခြေအနေတွေမှာ ကိုယ့်ကိုယ်ကိုယ် ထားခဲ့မိတာလဲ။

သူမ ဘာမှ မမှတ်မိတော့ဘဲ သူမရဲ့စိတ်တွေက လုံးဝ ဗလာဖြစ်နေခဲ့တယ်။

################

All Chapters