← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

ဒွိဟချစ်သံယောဇဉ်:

Chapter 28- စပရိုက်စ်(1)

နှစ်ရက်ကြာပြီးနောက် ချန်းရို့ယွီဆီကို မုန့်ကုဆီက ဖုန်းဝင်လာခဲ့သည်။ သူက ဒါရိုက်တာလျှိုနဲ့တွေ့ပြီး မှတ်စုထုတ်ခိုင်းခဲ့ကာ အဲဒါကို သူ့ရုံးခန်းမှာ လာယူဖို့ သူမကို ပြော၏။

မုန့်ကုကို ထပ်တွေ့ရတော့မယ်ဆိုတော့ ချန်းရို့ယွီက အရမ်းပျော်သွားပြီး သူမရဲ့ အလုပ်ချိန်ကို ပြန်စီစဉ်ကာ အဝတ်လဲဖို့ စောစောစီးစီး အိမ်ပြန်လာသည်။ သူမက အဝတ်အထည်အစုံလိုက် လဲပြီးတော့ မှန်ရှေ့မှာ ရပ်ပြီး ဘယ်ညာကြည့်ရင်း အဆင်ပြေတယ်လို့ ခံစားရတဲ့အထိ ကြည့်နေခဲ့၏။ သူမက အိမ်အပြင်ထွက်တဲ့အချိန် ခြေထောက်ကို ကြည့်လိုက်တော့ ဘောင်းဘီနဲ့ အဆင်မပြေဘူးလို့ ခံစားရပြီး အဲ့ဒါနဲ့ တံခါးပြန်ဖွင့်ပြီး ဖိနပ်တစ်ရံ ထပ်လဲလိုက်သည်။ နောက်ဆုံးမှာတော့ သူမက စိတ်ကျေနပ်သွားပြီး အိမ်ကနေ ထွက်လာခဲ့သည်။

ဘတ်စ်ကားမှတ်တိုင်ရောက်တဲ့အချိန် စုံတွဲတစ်တွဲကို တွေ့လိုက်ရပြီး ရုတ်တရက် သူမ တကယ်ပဲ ဖျားနေပြီလို့ ခံစားလိုက်ရတယ်။ သူမက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ? သူ့ကို မတွေ့ရတာ အတော်ကြာပြီဆိုပေမဲ့ သူက အရင်ကလိုပဲ မစ္စတာ တိုင်ရန်နိုဆောရပ်စ်ပဲ၊ သူပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာ သူမ သေချာတယ်။ သူမလည်း ဒီလောက် ထူးထူးဆန်းဆန်း ပြောင်းလဲစရာမလိုပါဘူး။

ဘတ်စ်ကားရောက်တဲ့အခါ ချန်းရို့ယွီက ကားပေါ်တက်ပြီး လက်ထဲက နေ့လယ်စာဗူးကြီးကို သေချာဂရုစိုက်ပြီး ကိုင်ထားသည်။

ဒီတစ်ခါ တွေ့ဆုံမှုအတွက် သူမ လက်ဆောင်ကို သေချာပြင်ဆင်ထားတယ်။ သူမရဲ့ လက်ဆောင်က သူ့ကို တောင်းပန်ခြင်းနဲ့ ကျေးဇူးတင်ခြင်းကို ဖော်ပြနိုင်တဲ့ သင့်တော်တဲ့လက်ဆောင်လို့ ခံစားရတယ်။အဲ့ဒါက အရမ်းကြီးမခမ်းနားဘူး ပြီးတော့ အလှအပမရှိသလို သူ့ကို ဆက်ဆံတဲ့ သူမရဲ့ ပွင့်လင်းရိုးသားတဲ့ စတိုင်လ်နဲ့လည်း ကိုက်ညီတယ်။ ချန်းရို့ယွီက မုန့်ကု ဒီလက်ဆောင်ကို ရတဲ့အချိန် သူ့မျက်နှာအမူအရာကို စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်တယ်။ ကောင်းပြီ သူမမှာ တကယ်ပဲ မကောင်းတဲ့စိတ် နည်းနည်းရှိတယ်ဆိုတာ သူမ ဝန်ခံတယ်။ သူမ သူ့လက်ကို ကိုက်ခဲ့တဲ့ကိစ္စကို မစ္စတာ တိုင်ရန်နိုဆောရပ်စ် မေ့သွားစေချင်တာ ဖြစ်တယ်။

ဘတ်စ်ကား ဆေးရုံနားရောက်ခါနီးအချိန် ချန်းရို့ယွီဆီကို မုန့်ကုဆီက ဖုန်းဝင်လာသည်။ သူက အရေးပေါ် အစည်းအဝေးတစ်ခု တက်ရမှာ ဖြစ်တာကြောင့် သူမကို သူ့ရုံးခန်းမှာ ခဏစောင့်နေဖို့ ပြောသည်။ ချန်းရို့ယွီက သူ့သူနာပြုတွေနဲ့ စကားမပြောရသေးတဲ့ နားလည်မှုလွဲမှားမှုတွေ ရှိသေးတာကြောင့် သူ့ရုံးခန်းကို မသွားချင်‌ပေ။ဒါကြောင့် ဆေးရုံဥယျာဉ်ထဲမှာပဲ သူ့ကို စောင့်မယ်လို့ ပြောလိုက်သည်။

“အဲ့ဒီ ဥယျာဉ်စားသောက်ဆိုင်လား။”

ငှက်တွေကျိုးကျိုးကျွတ်ကျွတ် မြည်တမ်းနေပြီး ပန်းပွင့်တွေရဲ့ ရနံ့သင်းပျံ့နေတဲ့ ဥယျာဉ်လေ။

သူမက ရယ်တာကို မထိန်းနိုင်‌ပေ။သူမတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ကုဒ်ပါတဲ့ ဂိမ်းတစ်ခုရှိပုံရပြီး အဲဒါက သူမကို အရမ်းပျော်စေတယ်။သူမက ပြန်ဖြေလိုက်တယ်။

“ကျေးဇူးတင်တဲ့အနေနဲ့ ရှင့်အတွက် အစားအသောက်လေး ယူလာခဲ့တယ်”

“နောက်ထပ် ချိုမြိန်တဲ့ညစာလား။”

သူ့လေသံက ချန်းရို့ယွိရဲ့ စိတ်ထဲမှာ မျက်မှောင်ကြုတ်နေတဲ့ သူ့ပုံရိပ်ကို ချက်ချင်း ပေါ်လာစေသည်။

“မချိုပါဘူး။ ဘာပဲဖြစ်ဖြစ် ရှင်က ချိုတာ မကြိုက်ဘူးလေ။”

“ဪ၊ မင်းက ဒါကို တကယ်သိတာပဲ။ ဒါဆို မင်း နောက်ဆုံးတစ်ကြိမ်တုန်းက ငါ့ကို စိတ်ဆိုးအောင် တမင်တကာ လုပ်ခဲ့တာလား”

“ရှင်ပဲ အဲ့ဒါကို တောင်းဆိုခဲ့တာလေ၊ကျွန်မက ဖိအားပေးခံခဲ့ရတာ ”

ကောင်းတယ် ဒီနေ့တော့ သူမက စကားပြောကောင်းပြီး မျက်နှာပြောင်တိုက်နေတယ်။ ချန်းရို့ယွီက သူမကိုယ်သူမ အတော်လေး ကျေနပ်နေတယ်။

“ကောင်းပြီ၊ မင်းနဲ့ဆက်မပြောတော့ဘူး။ ငါ အစည်းအဝေးသွားရဦးမယ်။ အဲ့ဒီခုံတန်းလျားမှာ ထိုင်ပြီး ငါ့ကို စောင့်နေ”

“ဟုတ်ပြီ”

ဒီနေ့ မစ္စတာ တိုင်ရန်နိုဆောရပ်စ်က အတော်လေး ဖော်ရွေပုံရ၏။ ချန်းရို့ယွီက အရမ်းပျော်သွားပြီးမုန့်ကု ဖုန်းချဖို့ အရင်စောင့်နေခဲ့သည်။

ဒါပေမဲ့ သူက ဖုန်းမချဘဲ ရုတ်တရက် မေးလာ၏။

“ဒီတစ်ခါ ငါ့အတွက် ဘာယူလာတာလဲ”

“ရှင် မြင်မှပဲ သိလိမ့်မယ်”

သူသိရင် ဆင်းလာမှာ မဟုတ်ဘူးလို့ သူမ တကယ်ကြောက်တယ်။

“စပရိုက်စ်လား။”

“ဟုတ်တယ်”

သူမကတော့ စပရိုက်စ်လို့ သတ်မှတ်လို့ရတယ်လို့ ခံစားရတယ်။

“ငါ မကြိုက်တဲ့အရာ ဒါမှမဟုတ် မုန်းတဲ့အရာပဲ ဖြစ်လိမ့်မယ်လို့ ငါစိုးရိမ်မိတယ်”

“အဲဒါ ရှင်က သဘောထားမကြီးလို့ပါ။ ရှင်က ဘာပျော်စရာမှ မတွေ့နိုင်ဘူးလေ”

“ငါ အစည်းအဝေးသွားရတော့မယ်။”

“ကောင်းပြီ။ ကျွန်မ ဘတ်စ်ကားမှတ်တိုင်နား ရောက်တော့မယ်။”

“အင်း…”

သူက ဖုန်းတစ်ဖက်မှာ ခဏရပ်ပြီး ပြောလာ၏။

“ငါ နည်းနည်းကြာနိုင်တယ်။ ငါတို့ ဒါရိုက်တာက စကား အရမ်းများတယ်။”

“ဒေါက်တာမုန့် ရှင်လည်း အရမ်းစကားများတာပဲ။ ရှင့်ဒါရိုက်တာကိုပဲ အပြစ်မတင်ပါနဲ့။”

“ငါ ဖုန်းချပြီ။”

စကားများတယ်လို့ ဝေဖန်ခံလိုက်ရတဲ့ ထိုလူက ဖုန်းကို ရုတ်တရက် ချလိုက်သည်။

ချန်းရို့ယွီက စိတ်ကြည်လင်နေတယ်။ သူမက ဖုန်းကို အိတ်ထဲ ပြန်ထည့်ပြီး ဘတ်စ်ကားရပ်ဖို့ စောင့်နေလိုက်တယ်။ ဒီမွန်ဂိုဆရာဝန်က စိတ်တိုလွယ်သားပဲ။ သူမက စကားနည်းနည်းလေး ပြောတာနဲ့တင် သူက စိတ်မကြည်မသာ ဖြစ်သွားတယ်။

မုန့်ကုက ချက်ချင်းဆင်းလာနိုင်တာ မဟုတ်လို့ သူမလည်း မစောင့်ရဲတော့ပေ။သူမက ဥယျာဉ်ထဲကို ဖြည်းဖြည်းချင်း လျှောက်သွားရင်း ပန်းပွင့်အသစ်တွေ ပွင့်နေလားလို့ ကြည့်လိုက်သည်။ သူမက ဟိုကြည့်ဒီကြည့်ဖြင့် ပန်းပင်တွေကြားထဲမှာ ပုန်းနေတဲ့ ကြောင်လေးတစ်ကောင်ကိုလည်း စလိုက်၏။ နာရီကို ကြည့်လိုက်တော့ မိနစ်နှစ်ဆယ်ပဲ ရှိသေးသည်။ သူမက အရင်တစ်ခါ ထိုင်ခဲ့တဲ့ ခုံတန်းလျားပေါ် ထိုင်ပြီး သူမရှေ့က သစ်ပင်လေးကို ငေးကြည့်နေလိုက်၏။

“ရှောင်ယွီလား?"

သူမ အတွေးလွင့်နေတုန်း တစ်ယောက်ယောက်က သူမကို ခေါ်သံကြားလိုက်ရသည်။ သူမ ခေါင်းလှည့်ကြည့်လိုက်တော့ အံ့သြသွားရ၏။ အဲဒီလူက မုန့်ကု၏ အမေ ဖြစ်နေသည်။

“အာ… အန်… အန်တီ။”

အိုး ဘုရားရေ! သူမ အခု အသက်ကြီးတဲ့လူတွေကိုကြောက်တဲ့ရောဂါ ထပ်ခံစားနေရပြန်ပြီ။

ချန်းရို့ယွီက ထရပ်လိုက်ပြီး ပြန်ဖြေလိုက်ပေမဲ့ ထစ်အသွားပြန်တယ်။

အမေမုန့်က ပြုံးပြီးတော့ လျှောက်လာသည်။

“အိုက်ယား… အန်တီ့မှတ်ဉာဏ်က တကယ်ကောင်းတာပဲ၊ အန်တီ မမှားပါဘူး။ သမီး ဆရာဝန်နဲ့ ပြဖို့လာတာလား”

“ဟင့်အင်း။ မဟုတ်ပါဘူး။”

ဒီအချိန်ဆို ဆေးရုံအပြင်လူနာဌာန ပိတ်ပြီလေ။ ဘယ်သူမဆို သူမ ဆရာဝန်နဲ့ ပြဖို့လာတာမဟုတ်ဘူးဆိုတာ သိမှာပဲ။

“သမီးရဲ့ ဆွေမျိုး၊ သူငယ်ချင်း တစ်ယောက်ယောက် ဆေးရုံတက်နေလို့လား”

“မဟုတ်..... မဟုတ်ပါဘူး။"

အမေမုန့်က ဆက်ပြီးပြုံးနေသည်။

“ဒါဆို သမီးက အန်တီတို့သား မုန့်ကုကို လာရှာတာလား”

“အာ… ဟုတ်… ဟုတ်ပါတယ်…”

သူမက ရုတ်တရက် အကြောင်းမဲ့ စိတ်မလုံမလဲ ဖြစ်သွားသည်။ ခဏစဉ်းစားပြီးတော့ သူမက ရှင်းပြလိုက်၏။

“ကျွန်မ ဒေါက်တာမုန့်ဆီက‌နေ အကူအညီတစ်ခု တောင်းထားလို့ပါ”

“ဪ၊ အဲ့လိုလား”

အမေမုန့်က သူမ ဘာအကူအညီတောင်းတယ်ဆိုတာကို စိတ်မဝင်စားပုံပင်။သူမက မုန့်ကု ဘာလို့မလာတာလဲ ပြီးတော့ ချန်းရို့ယွီ ဘာလို့ ဥယျာဉ်ထဲမှာ တစ်ယောက်တည်း ရှိနေတာလဲဆိုတာကိုလည်း မစပ်စုပေ။ သူမက

“အန်တီက သူ့အဖေ အလုပ်ဆင်းတာကို စောင့်နေတာလေ။အဲ့ဒါက အရမ်းပျင်းစရာကောင်းတာပဲ။ သမီးနဲ့ ဒီမှာ အတူထိုင်တာ စိတ်အနှောင့်အယှက် ဖြစ်လား” လို့ပဲ ပြောလာခဲ့၏။

သူမက ဘယ်လိုလုပ် စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ ပြောနိုင်မှာလဲ?သူမက လျင်မြန်စွာပဲ အပြုံးနဲ့ ခေါင်းညိတ်လိုက်တယ်။ သူမ စိတ်ထဲမှာ တော့ စိတ်ရှုပ်ထွေးသွားပြီ။

အမေမုန့်က ချန်းရို့ယွီ ဘေးနားမှာ ထိုင်လိုက်ပြီး မေးလာသည်။

“ပြီးခဲ့တဲ့ ဘလိုင်းဒိတ်ပြီးတော့ တခြားဘလိုင်းဒိတ်တွေ ထပ်သွားသေးလား”

“အာ… အဲဒါက သာမန်သူငယ်ချင်းပါ”

“‌ ရှောင်ယွီက ဘယ်လိုလက်တွဲဖော်မျိုးကို ရှာနေတာလဲ”

“အဲဒါက…လူကောင်းတစ်ယောက်ပေါ့၊ ကျွန်မကို ကောင်းကောင်းဆက်ဆံပေးမယ့်လူတစ်ယောက်ပါ”

ချန်းရို့ယွီက သူ့အမေရှေ့မှာ ဘာလို့မျက်နှာတွေ နီလာမှန်း မသိပေ။

“သမီးကို ကောင်းကောင်းဆက်ဆံပေးမယ့်လူဆိုတာ ဘာကိုဆိုလိုတာလဲ”

အမေမုန့်က ပြုံးပြီး ဆက်မေးသည်။

“ညင်သာပြီး ကြင်နာတတ်တဲ့သူမျိုးကို လိုချင်လား”

“မဟုတ်… မဟုတ်ပါဘူး။ အဆင်ပြေပြေ နေလို့ရရင် ရပါပြီ”

ချန်းရို့ယွီက သူမမျက်နှာ ပိုပူလာတာကို ခံစားလိုက်ရတယ်။ သူမက သူမရဲ့အမေနဲ့တောင် ဒီကိစ္စကို ဘယ်တုန်းကမှ မဆွေးနွေးဖူးဘူး။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ရင် သူမရဲ့တောင်းဆိုမှုက တကယ်တော့ မမြင့်ပါဘူး။

“အင်း…”

အမေမုန့်က ခေါင်းညိတ်လိုက်၏။

“တောင်းဆိုမှုမရှိတဲ့ တောင်းဆိုမှုက တကယ်ကို အကောင်းဆုံး တောင်းဆိုမှုပဲ”

ချန်းရို့ယွီရဲ့မျက်နှာက နည်းနည်း တောင့်တင်းသွားပြီး သူမက ခပ်တိုးတိုးရယ်ကာ ခေါင်းညိတ်လိုက်သည်။

အိုးးးဘုရားရေ!ဒီအန်တီက တခြားသူတွေရဲ့ စိတ်ထဲက စကားတွေကို ကြားနိုင်တာလား?! သူမ ဒီလို ခန့်မှန်းလို့မရတဲ့ အမျိုးသမီးမျိုးကို တကယ် မနိုင်ဘူး။

သူမက ပန်းတွေကို ကြည့်လိုက်၊ သစ်ပင်တွေကို ကြည့်လိုက်နဲ့ မုန့်ကု မြန်မြန်လာပါစေလို့ မျှော်လင့်နေသည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မုန့်ကု ဘလိုင်းဒိတ် သွားခဲ့တယ်”

အမေမုန့်က ရုတ်တရက် ပြောလိုက်တယ်။ ချက်ချင်းပဲ ချန်းရို့ယွီရဲ့နားတွေ ထောင်လာတယ်။

“ဒါပေမဲ့ အန်တီ အဲဒီမိန်းကလေးကို သိပ်မကြိုက်ဘူး”

အမေမုန့်ရဲ့ မျက်နှာမှာ ဝမ်းနည်းမှုနဲ့ စိုးရိမ်ပူပန်မှု အရိပ်အယောင်တွေ ပေါ်လာသည်။

“ဒါဆို အဲ့ဒါ အဆင်ပြေသွားပြီလား”

ချန်းရို့ယွီရဲ့စိတ်ထဲ တင်းကျပ်သွားပြီး သိချင်စိတ် ပြင်းပြလာသည်။

“မပြီးသေးပါဘူး။ သူ့အဖေက သူ့ကို သဘောကျပေမဲ့ အန်တီတော့ မကြိုက်ဘူး။ ဒါကြောင့် မပြီးသေးတာ။”

ချန်းရို့ယွီ ဒီအဖြေကို ဘာလုပ်ရမှန်းမသိဘူး။ ဒီမွန်ဂိုဆရာဝန်ရဲ့ မိသားစုမှာ သူ့လက်ထပ်ပွဲကို သူ့မိဘတွေက ဆုံးဖြတ်တာများလား?

သူမက မုန့်ကုအတွက် မကူညီဘဲ မနေနိုင်ခဲ့ပေ။

“ဘာလို့ ဒေါက်တာမုန့်ကို သူ့လက်ထပ်ပွဲကို သူကိုယ်တိုင်ဆုံးဖြတ်ခွင့် မပေးတာလဲ?သူကြိုက်တာက ပိုအရေးကြီးတာ မဟုတ်ဘူးလား”

အမေမုန့်က ပြန်ပြုံးလိုက်ပြီး

“ဟုတ်တယ်၊ သူကြိုက်တာက အရေးကြီးတယ်။ ဒါပေမဲ့ သူက ဘာမှ တုံ့ပြန်မှု မပြဘူးလေ။ ဒါကြောင့် အန်တီက သူ့အဖေနဲ့ အရင်ပြောရဦးမယ်။”

နောက်ဆုံးမှာတော့ သူက ဘလိုင်းဒိတ်ကို ဘာမှတုံ့ပြန်မှု မပေးခဲ့လို့ပဲလေ။ သက်ကြီးရွယ်အို ဇနီးမောင်နှံက ဒါကို သူတို့ကိုယ်တိုင် တိုက်ခိုက်ဖြေရှင်းဖို့ လိုအပ်လို့လား?

ချန်းရို့ယွီ က မုန့်ကုကို တကယ်ပဲ သနားဖို့ကောင်းတယ်လို့ ထင်တယ်။ သူ တကယ်ကြိုက်တဲ့မိန်းကလေးကို သူ့မိဘတွေက မကြိုက်ရင် ဘယ်လိုလုပ်မလဲ?

“အန်တီက အဲဒီမိန်းကလေးရဲ့ ဘယ်အချက်ကို မကြိုက်တာလဲ”

သူမက မုန့်ကုကို ကူညီဖို့အတွက် သူ့အမေရဲ့ အမြင်တွေကို မေးမြန်းဖို့ ဆုံးဖြတ်လိုက်သည်။

"သူ(မ)က အရမ်းနူးညံ့လွန်းတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ဒုက္ခတွေကို ခံနိုင်မှာမဟုတ်ဘူးဆိုတာ သိသာတယ်။"

ချန်းရို့ယွီရဲ့မျက်နှာမှာ မဲမှောင်တဲ့အရိပ်အယောင်တွေ ပေါ်လာတယ်။ သူတို့ရဲ့ မုန့်မိသားစုက နဂါးနဲ့ကျားတွေရဲ့ အသိုက်အမြုံလား?သူတို့ မိသားစုထဲကို လက်ထပ်ပြီးတာနဲ့ မိန်းကလေးက ဒုက္ခတွေကို ခံစားရမှာလား?

ဒီ အမေမုန့်ကိုယ်တိုင်ကလည်း နူးညံ့တဲ့အမျိုးသမီးတစ်ယောက်လိုပဲ ဒုက္ခတွေကို ခံနိုင်မှာမဟုတ်ဘူးလေ အခုတော့ သူမက အလားတူ အရည်အချင်းတွေနဲ့ တခြားမိန်းကလေးတစ်ယောက်ကို မထီမဲ့မြင်ပြုနေတယ်။

"အန်တီ၊ အခုခေတ်ကြီးမှာ မတူတော့ဘူး။ အိမ်မှုကိစ္စတွေ အများကြီးကို နည်းပညာမြင့်ကိရိယာတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်နိုင်တယ်။ မိန်းကလေးက မသိရင်တောင် ပြဿနာမရှိဘူး။ပြီးတော့ အိမ်အကူ ဒါမှမဟုတ် အချိန်ပိုင်းအလုပ်သမား ငှားလို့ရတယ်။ တကယ်တော့ အရေးအကြီးဆုံးက မိန်းကလေးက ဒုက္ခကို ခံနိုင်ရည်ရှိတာ မရှိတာ မဟုတ်ဘူး၊ လူနှစ်ယောက် ဘယ်လိုနေထိုင်ကြလဲဆိုတာပဲ။ အရေးအကြီးဆုံးက ဒေါက်တာမုန့်က သူ(မ)ကို သဘောကျရမှာ‌လေ။လူနှစ်ယောက် အတူတူနေတဲ့အခါ သူတို့က ဒုက္ခတွေကို အတူတူ ကျော်လွှားနိုင်မှာပါ။"

အမေမုန့်က ဘာဒေါသမှ မပြဘဲ ဆက်ပြုံးနေတယ်။

"အန်တီပြောတဲ့ ဒုက္ခဆိုတာ ပင်ပန်းတဲ့အလုပ်လုပ်ရတာကို ဆိုလိုတာ မဟုတ်ဘူး၊ ဆရာဝန်တစ်ယောက်ရဲ့ ဇနီးဖြစ်ရတဲ့ ဒုက္ခကို ပြောတာ။ မုန့်ကုက သူ့အဖေနဲ့ အရမ်းတူတယ်၊ အဲ့ဒါကြောင့် အန်တီက ဒုက္ခအကြောင်း ကောင်းကောင်းသိတယ်။ လူနှစ်ယောက် အတူပျော်ရွှင်နေရင် ဒုက္ခခံစားရတာကို ခါးသီးတယ်လို့ မခံစားရဘူး။ ဒုက္ခကို မခံနိုင်ရင်တော့ နေ့ရက်တွေက ခက်ခဲလာပြီး လူနှစ်ယောက်လုံးမှာ ဖိအားတွေ ရှိလာလိမ့်မယ်။ ဒါဆို သူတို့ ဘယ်လိုလုပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်မှာလဲ"

ချန်းရို့ယွီက ပါးစပ်ဟပြီး စကားမပြောနိုင်ဖြစ်သွားတယ်။ ဆရာဝန်တစ်ယောက်ရဲ့ ဇနီးအဖြစ် ဘယ်လောက်ခက်ခဲမယ်ဆိုတာ သူမ စိတ်ကူးမယဉ်နိုင်လို့ ဒီလို နက်နဲတဲ့အကြောင်းအရာမျိုးကို သူ့အမေနဲ့ ဆွေးနွေးနိုင်စွမ်း မရှိဘူး။ အများဆုံးဆိုရင် မုန့်ကုရဲ့ အဆိပ်ပြင်းတဲ့စကားတွေ တစ်နေကုန် ပြောနေတာကိုပဲ သူမ စိတ်ကူးနိုင်ပေမဲ့ သူ တကယ်ချစ်တဲ့မိန်းကလေးဆိုရင်တော့ ဒီလိုပြုမူမှာမဟုတ်ပါဘူး။ သူက အဆိပ်ပြင်းတဲ့စကားတွေ မပြောဘူး၊ စိတ်မတိုဘူးဆိုရင် သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ဟာသဉာဏ်ရှိတဲ့လူတစ်ယောက်ပဲ။သူက လူနာတွေကို ဂရုစိုက်ပြီး ကြင်နာတတ်တဲ့သူတစ်ယောက်အနေနဲ့ သူ့ဇနီးအပေါ် သူ့ရဲ့ဆက်ဆံရေးကလည်း ဆိုးမှာမဟုတ်ပါဘူး။

အစတုန်းက သူ့ကို ဆိုးတဲ့လူတစ်ယောက်လို့ သူမ ထင်ခဲ့တာ၊ ဒါကြောင့် အမျိုးသမီးတွေက သူ့ကို မကြိုက်ကြဘူး၊ သူ ပစ်ပယ်ခံရရင်တောင် ထူးဆန်းတာ မဟုတ်ဘူး။ ဒါပေမဲ့ သူက တော်တော်လေး ကောင်းတယ်၊ တခြားသူတွေကို ကူညီတတ်တယ်၊ တာဝန်ယူတတ်တယ်၊ ကြိုးစားလုပ်ကိုင်တတ်တယ်လို့ သူမ ခံစားရတယ်။ သူ့လူနာတွေအားလုံးက သူ့ကို အရမ်းကြိုက်ကြတယ်။ ဒါကြောင့် အခု သူ့အမေက သူ့နဲ့နေတာက ဒုက္ခပေးလိမ့်မယ်လို့ ပြောတဲ့အခါ သူမက သူ့အတွက် မတရားတာကို ကာကွယ်ပေးခဲ့တယ်။

“တကယ်တော့ အရေးအကြီးဆုံးက ဒေါက်တာမုန့်က သူ(မ)ကို ကြိုက်လားမကြိုက်လားဆိုတာကို ကြည့်ဖို့ပဲ။လူနှစ်ယောက် ချစ်ကြမယ်ဆိုရင် သူ(မ) ပိုပြီး သန်မာလာမှာ သေချာတယ်။ အန်တီ၊ ကောက်ချက်ချဖို့ မစိုးရိမ်ပါနဲ့။ သူတို့ကို အခွင့်အရေး ပိုပေးလိုက်ပါ”

အပြင်လူတစ်ယောက်အနေနဲ့ ဒီလောက်ပဲ သူမ ပြောနိုင်တယ်။

အမေမုန့်က ထပ်ပြုံးပြလိုက်၏။

“ရှောင်ယွီ သမီးက အန်တီ့ကို ချွေးမကို အနိုင်ကျင့်တဲ့ ယောက္ခမဆိုး ဖြစ်မှာကို စိုးရိမ်နေတာလား”

“မဟုတ်... မဟုတ်ပါဘူး”

ချန်းရို့ယွီသည် သူမလက်‌တွေကို အပြင်းအထန် ဝှေ့ယမ်းလိုက်၏။

“ကျွန်မ ဆိုလိုတာက ဒီလိုဆင်းရဲဒုက္ခတွေကို သူတို့အတူတူ ခံနိုင်ရည်ရှိတယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးပေးသင့်တယ်လို့ပါ"

အမေမုန့်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“သမီးပြောတာ မှန်ပါတယ်။ လူကြီးတွေအနေနဲ့ အန်တီတို့ရဲ့ အတွေးအခေါ်က လူငယ်တွေနဲ့ တကယ်ပဲ ကွာခြားတယ်။ အန်တီလည်း ရက်စက်တဲ့လူ ဖြစ်စရာမလိုပါဘူး။ သူ(မ) မုန့်ကုနဲ့ အချိန်အတော်ကြာ အတူနေတဲ့အခါကျရင် သဘာဝအတိုင်း သူ(မ) တွေ့ကြုံခံစားရမှာပါ”

မှန်တယ်။ ဒီတစ်ခါတော့ ချန်းရို့ယွီ ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ ဒါက သူမတွေးထားတဲ့အတိုင်းပဲ။ လျန်စီးစီးက မုန့်ကုကို လိုက်ချင်တယ်လို့ ပြောတုန်းကလည်း ဒီလိုပဲ သူမတွေးခဲ့တာ။

လျန်စီးစီး အကြောင်းပြောတော့ သူမ နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်သွားသည်။ စီးစီး ဘာတွေးနေလဲဆိုတာ သူမ မသိပေ။ မကြာသေးခင်က စီးစီးက မုန့်ကု အကြောင်း ဘာမှ ပြောပုံမရချေ။ အရင်တုန်းကဆိုရင် ဒေါက်တာမုန့်အကြောင်း အမြဲပြောပြပြီး ကောလဟာလတွေ အများကြီး ပြောပြတတ်ပေမဲ့ အခုတော့ ရုတ်တရက် ဘာမှမပြောတော့ပေ။ မုန့်ကုက စီးစီး ကို ဘာများပြောခဲ့လဲဟု သူမ တွေးနေမိ၏။

မုန့်ကုက အခု ဘလိုင်းဒိတ်တွေ သွားနေပြီ။သူမ စီးစီး ကို အသိပေးဖို့ လိုမလား?စီးစီးက မုန့်ကု အပေါ် တကယ်ပဲ ဘယ်လိုခံစားနေရတာလဲ?သူ့အမေက ဒုက္ခတွေကို မခံနိုင်လို့ သူမကိုပါ မထီမဲ့မြင် လုပ်ဦးမလား? တကယ်တော့ စီးစီးက ဘာမှ မလုပ်ဘူးလေ။ သူမတို့ အတူတူနေပေမဲ့ ဟင်းချက်တာ၊ သန့်ရှင်းရေးလုပ်တာ၊ အိမ်မှုကိစ္စတွေ အားလုံးကို သူမ တစ်ယောက်တည်း လုပ်ရတာ ဖြစ်တယ်။

ချန်းရို့ယွီရဲ့အတွေးတွေ လွင့်မျောနေတုန်း ရုတ်တရက် အမေမုန့်က သူမကို ပြောလာတာ ကြားလိုက်ရသည်။

"အန်တီ ဗိုက်ဆာလိုက်တာ"

ချန်းရို့ယွီ ခေါင်းလှည့်ကြည့်လိုက်တော့ အမေမုန့်က သူမအိတ်ထဲက ဘီစကစ်ထုပ်လေးတစ်ထုပ်ကို ထုတ်တာ တွေ့လိုက်ရသည်။ သူမက အိတ်ကိုဖွင့်ပြီး အထဲကို ကြည့်လိုက်ပြီးတဲ့နောက် စိတ်မကျေမနပ်နဲ့ ပြောလိုက်၏။

"ကြည့်ပါဦး၊ သူပဲ ညစာစားဖို့ ချိန်းထားတာ။ နောက်ဆုံးကျ‌တော့ အန်တီ့ကိုပဲ ဗိုက်ဆာတဲ့အထိ စောင့်ခိုင်းထားတယ်။ ကံကောင်းလို့ စားစရာတစ်ခုခု ယူလာမိလို့ပေါ့ မဟုတ်ရင် အန်တီရဲ့ အဘိုးကြီး သတိရတဲ့အထိ စောင့်ရင် ဗိုက်ဆာလို့ သေနေလောက်ပြီ"

ချန်းရို့ယွီက ဘာပြန်ဖြေရမှန်းမသိဘဲ ခေါင်းပဲညိတ်ပြီး ဘာမှမပြောတော့ပေ။အမေမုန့်က သူမရဲ့ မျက်လုံးတွေကို ချန်းရို့ယွီဆီလှည့်လာပြီး ဘေးနားက နေ့လယ်စာဗူးကို သတိထားမိလိုက်သည်။

"ရှောင်ယွီ သမီး ဘာယူလာတာလဲ"

"အာ၊ ဒါက... ဒေါက်တာမုန့်က ကျွန်မကို ကူညီပေးလို့ သူ့အတွက် စားစရာတစ်ခုခု ယူလာခဲ့တာပါ"

"သမီး ကိုယ်တိုင် ချက်ထားတာလား"

ဒီလိုထုပ်ပိုးမှုမျိုးနဲ့ဆို အစားအစာက အပြင်က ဝယ်လာတာ မဟုတ်ဘူးဆိုတာ သေချာသည်။

ချန်းရို့ယွီရဲ့ မျက်နှာနီမြန်းသွားပြီး နည်းနည်း စိတ်မလုံမလဲ ဖြစ်သွားတယ်။ ဒီအချိန်မှာ နေ့လယ်စာဗူးကို သူမနောက်မှာ ဝှက်ထားလိုက်ရင် မသင့်တော်ဘူး မဟုတ်လား။ အဲ့ဒါကြောင့် သူမက ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်" လို့ပဲ ပြောနိုင်တော့တယ်။

"အန်တီ တစ်ချက်ကြည့် ကြည့်ရအောင်။"

ဒါတော့ ဒုက္ခပါပဲ! သူမ ပေးလိုက်ရင်လည်း မသင့်တော်သလို၊ မပေးလိုက်ရင်လည်း မသင့်တော်ဘူး။ ချန်းရို့ယွီက အံကြိတ်ပြီး နေ့လယ်စာဗူးကို ဖွင့်လိုက်တယ်။

အမေမုန့်က ခေါင်းငုံ့ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

ခြေထောက်တွေ အပြည့်ပါတဲ့ နေ့လယ်စာဗူးတစ်ဗူး။

ကြက်ခြေထောက်၊ ဘဲခြေထောက် နဲ့ ဝက်ခြေထောက်။

ချန်းရို့ယွီက ရှက်လွန်းလို့ မျက်နှာကို ဘယ်နားဖွက်ရမှန်း မသိတော့ဘူး။မုန့်ကုက သူ့ကို ညစာတည်ခင်းတာ မလိုချင်ဘူးဆိုတော့ သူမက သူ့အတွက် အိမ်ပြန်ယူသွားပြီး ကိုယ်တိုင်စားဖို့ အစားအစာတချို့ ချက်ပြုတ်ပေးဖို့ ဒီလှည့်ကွက်ကို စဉ်းစားခဲ့တာ။ သူမ ပြင်ဆင်ထားတဲ့ အစားအစာကတော့ ခြေထောက် အမျိုးမျိုးကို တုံယမ်းချက်ထားတာဖြစ်ပြီး သူ့ကို ကိုက်ခဲ့တဲ့အတွက် သူမအပေါ်ထားတဲ့ ဘယ်လိုရန်လိုမှုကိုမဆို ဖြေဖျောက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်။ အတိုချုပ်ပြောရရင် ဒီနည်းလမ်းနဲ့ သူမအပေါ် ရှိတဲ့ ဘယ်လိုစိတ်ဆိုးစိတ်ညစ်မှုတွေကိုမဆို ဖြေဖျောက်နိုင်ခဲ့လို့ သူမ ကျေနပ်မိတယ်။

ဒါပေမဲ့ သူမရဲ့ 'အထူးစပရိုက်စ်" ကျေးဇူးတင်လွှာ လက်ဆောင်က ပေးပို့တောင် မပြီးသေးဘူး၊ သူ့အမေက တွေ့သွားခဲ့ပြီ။ ချန်းရို့ယွီ အရမ်းရှက်ရွံ့သွားတယ်။

"ဒါက အရမ်းစားကောင်းပုံရတယ်။ ဒါ စားလို့ရလား။ အန်တီ ဗိုက်ဆာနေပြီ။"

အမေမုန့်က ယဉ်ကျေးမှု ဘာမှမပြဘဲ တစ်ရှူးတစ်ရွက်ထုတ်ပြီး လက်ကို သန့်ရှင်းရေးလုပ်လိုက်၏။

"အာ..."

သူမ ငြင်းလို့ရမလား?

"ဒီမှာ စားတာက မသင့်တော်ဘူးလို့ မထင်ဘူးလား"

ဒုဌာနမှူးရဲ့ဇနီးက ဆေးရုံဥယျာဉ်ထဲမှာ ဝက်ခြေထောက်တုံယမ်းစားနေတာ၊ ဒါက လက်မခံနိုင်တဲ့ အပြုအမူ မဟုတ်လား?

ဒါပေမဲ့ အမေက စပြီးစားနေပြီဖြစ်သည်။သူမက ဝက်ခြေထောက်တစ်ဖက်ကို ကောက်ကိုင်ပြီး နှစ်ကိုက်စားကာ ချန်းရို့ယွီရဲ့ ချက်ပြုတ်ပုံကို ချီးကျူးလိုက်သည်။

ဘေးမှာထိုင်နေတဲ့ ချန်းရို့ယွီက သူမစားတာကို ကြည့်နေပြီး သူမစိတ်ထဲမှာတော့ မုန့်ကုရဲ့အစည်းအဝေး နည်းနည်းကြာကြာ ဆက်လုပ်ပါစေလို့ မျှော်လင့်နေတယ်။သူမက ဒီမြင်ကွင်းကို သူ့ကို မမြင်စေချင်ဘူး။

"သမီး ဒါကို ဘယ်လိုချက်ထားတာလဲ"

အမေမုန့်က ဒါကို မဝသေးပုံရပြီး ဘယ်လိုပြင်ဆင်ထားလဲလို့ မေးလာသည်။

ချန်းရို့ယွီက ချက်ပြုတ်နည်းကို ပြောပြတော့ အမေမုန့်ကလည်း သူမရဲ့ချက်ပြုတ်မှုအတွေ့အကြုံတချို့ကို ချန်းရို့ယွီကို ပြောပြသည်။ ဒီ အကြောင်းအရာကို စိတ်ဝင်စားတဲ့ ချန်းရို့ယွီဟာ နောက်ဆုံးမှာ စိတ်သက်‌သောင့်သက်သာဖြစ်သွားပြီး အမေမုန့်နဲ့ သက်သောင့်သက်သာ စကားပြောဖြစ်သွား၏။

ချက်ပြုတ်နည်း ဆယ်ခုလောက်ပြောပြီးတဲ့နောက် အမေမုန့်က အရမ်းပျော်သွားတယ်။

"ရှောင်ယွီ သမီးလည်း စားရမယ်။ သူတို့က ဆင်းလာဖို့ ဘယ်လောက်ကြာမလဲ မသိဘူး။"

ချန်းရို့ယွီက ခဏစဉ်းစားလိုက်တယ်။ ဘာပဲဖြစ်ဖြစ် အစားအသောက်တွေက တစ်ဝက်လောက် စားပြီးသားဆိုတော့ ကိစ္စမရှိလောက်ပါဘူး၊ သူမလည်း တကယ်ဗိုက်ဆာနေတာ။ အဲ့ဒါနဲ့ သူမက ဘာမှ မျက်နှာချိုသွေးမနေတော့ဘဲ ကြက်ခြေထောက်တစ်ချောင်းကို ကောက်ကိုင်ပြီး စားတော့တယ်။

လူကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်၊ နှစ်ယောက်စလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြ၏။

ရုတ်တရက် အသံတစ်ခုက အော်ခေါ်လာခဲ့သည်။

"ရှောင်သုန်!"

ချန်းရို့ယွီ ခေါင်းလှည့်ကြည့်လိုက်တယ်။ အိုးး… ဒုဌာနမှူး ရောက်လာပြီပဲ!

သူ့ဇနီးက သူ့နယ်မြေထဲက လူမြင်ကွင်းနေရာတစ်ခုမှာ သူမနဲ့အတူ ကြက်ခြေထောက် စားနေတာကို တွေ့လိုက်တော့ ပုံရိပ်အကြီးအကျယ် ထိခိုက်တာမို့ ဒါ သူမအတွက် ကြီးမားတဲ့အပြစ်တစ်ခုလို့ သတ်မှတ်လို့ရမလား။ ဒီခုံတန်းလျားက နည်းနည်းတော့ ချောင်ကျပြီး ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိပေမဲ့၊ သူမ ဦးဆောင်ခဲ့တာလို့ ရှင်းပြလို့ရပေမဲ့ သူမက နှစ်ပိုင်းပဲ စားခဲ့တာလေ…

အမေမုန့်က ဘာမှ ဂရုမစိုက်‌ပေ။ သူမက လက်ထဲက အရိုးတွေကို လှပစွာ ချထားလိုက်သည်။သူမက ပါးစပ်ကို သုတ်ပြီး လက်ကို သန့်ရှင်းရေးလုပ်ဖို့ တစ်ရှူးတစ်ရွက်ထုတ်ပြီး ပြုံးလိုက်၏။

“ရှင် ပြီးပြီလား။ ရှောင်ယွီ ချက်ထားတဲ့ အစားအသောက်ကို လာမြည်းကြည့်ပါဦး။ အရမ်းအရသာရှိတယ်”

မြည်းကြည့်ရမှာလား။ သူ တကယ် မြည်းကြည့်တော့မှာ မဟုတ်ဘူးမလား?

ချန်းရို့ယွီ စိတ်ပျက်အားငယ်နေတုန်း မုန့်ကု ပေါ်လာတယ်။

သူ့မျက်နှာမှာ အံ့အားသင့်တဲ့အမူအရာ ပေါ်လွင်နေပြီး သူ့မိဘတွေ ဒီမှာရှိနေတာကို သူ မျှော်လင့်မထားပုံပေါက်သည်။ ချန်းရို့ယွိက သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်တော့ သူမနဲ့ အမေမုန့်ကြားက နေ့လယ်စာဗူးကိုရော၊ နေ့လယ်စာဗူးဘေးက ပလတ်စတစ်အိတ်ထဲက အရိုးတွေကိုရော တွေ့လိုက်ရ၏။

ချန်းရို့ယွီရဲ့ စိတ်ပျက်အားငယ်မှုတွေဟာ သေလောက်အောင်ကို ဖြစ်သွားတယ်။ သူမနဲ့ မုန့်ဆိုတဲ့နာမည်ရှိတဲ့လူတွေဟာ ဘယ်လိုမှ သဟဇာတမဖြစ်နိုင်တဲ့ ကံကြမ္မာပဲ ရှိတာဖြစ်ရမယ်။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အမြဲတမ်း တစ်ခုခုတော့ အဆင်မပြေတာ ဖြစ်နေတာပဲ။

သူမက မုန့်မျိုးနွယ်ဝင် အဖေနဲ့သားနှစ်ယောက် လျှောက်လာပြီး သူမရဲ့နေ့လယ်စာဗူးကို ကြည့်နေတာကို စောင့်ကြည့်နေခဲ့တယ်။ ချန်းရို့ယွီက ဗူးထဲမှာ ကြက်ခြေထောက်တစ်ချောင်းနဲ့ ဘဲခြေထောက်တစ်ချောင်းပဲ ကျန်တော့တယ်ဆိုတာ သိလိုက်တယ်။

အမေမုန့်ရဲ့ အစားစားနိုင်စွမ်းက အံ့မခန်းပဲ။

ချန်းရို့ယွီ မျက်လုံးတွေကို မော့ကြည့်လိုက်တော့ မုန့်ကုရဲ့ မျက်လုံးတွေနဲ့ ဆုံမိသွားတယ်။ သူက သူမကို ပြုံးပြီးကြည့်ကာ ပြောလိုက်၏။

"ဒါက မင်းငါ့အတွက် ယူလာတဲ့ စပရိုက်စ်လား"

######################

All Chapters