← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

ဒွိဟချစ်သံယောဇဉ်:

Chapter 34- The Bite

သူမ အိမ်ထဲဝင်လာတဲ့အချိန် ချန်းရော့ယွီ မောဟိုက်နေလေသည်။မုန့်ကု သူမနောက်ကနေလိုက်လာမှာကို ကြောက်ရွံ့သည်။

သူမ တံခါးနောက်မှာ အချိန်အကြာကြီး စောင့်နေ၏။ဘယ်သူမှ တံခါးမခေါက်လာသလို ဘယ်သူမှလည်း ဖုန်းမခေါ်ပေ။ဘာမှမဖြစ်ခဲ့ဘူး။သူမ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူမအခန်းထဲ ပုန်းနေလိုက်သည်။အိပ်ရာထဲမှာ ခဏလောက် လှဲနေပြီးတဲ့နောက် ရုတ်တရက် သူမ ပြတင်းပေါက်ကနေ ချောင်းကြည့်နိုင်တယ်ဆိုတာ သဘောပေါက်သွားသည်။သူမ အိပ်ရာကနေထပြီးတော့ ပြတင်းပေါက်နားကို ရွှေ့ကာ တိတ်တိတ်လေး လှမ်းကြည့်လိုက်သည်။မုန့်ကု၏ကားက ပျောက်ကွယ်သွားပြီဖြစ်၏။

အိုး......မဟုတ်‌သေးပါဘူး!

ဒဏ်ရာရထားတဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်က တိတ်တိတ်လေး ဆုတ်ခွာသွားတာလား?ဒါက သေချာပေါက် သူ့ပုံစံ မဟုတ်ဘူး!

သူက သူမကို မဆူသလို လက်စားလည်းမချေဘူး။ဒါ ကြောက်ဖို့ကောင်းတယ်နော်။ဒီကိစ္စက ကိစ္စကြီးအဆင့်ကို ရောက်သွားပြီ။

ချန်းရော့ယွီ ပိုပြီးတော့တောင် သတိကပ်လာ၏။

ဒါက ရိုးရှင်းစွာဖြင့် မုန်တိုင်းမလာခင် ငြိမ်သက်နေတာပင်။

ဒါ မစ္စတာတိုင်ရန်နိုဆောရပ်စ်က ဒေါသထွက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်လား?သူမက လွန်လွန်းပြီးတော့ မကောင်းတဲ့အရာ လုပ်မိသွားတယ်။အစပိုင်းမှာ မှားတဲ့လူက သူဆိုပေမယ့် အဆုံးကျတော့ ယုတ်မာလိုက်တဲ့လူက သူမဖြစ်နေတယ်။သူမက သူ့ကို နာကျင်စေခဲ့ပြီး မြင်လွယ်တဲ့နေရာမျိုးကြီးမှာလေ။အဲ့ဒါက သူ့ရဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုကို ထိခိုက်သွားစေပြီး သူ့ကို မျက်နှာဆုံးရှုံးသွားစေမှာပဲ။

ဘုရားရေ!!!ချန်းရော့ယွီ ဗျာများနေပြီ။

မနက်ဖြန် သူ အလုပ်သွားတဲ့အချိန်ကျရင် အခြားလူ‌တွေ သူ့ကို မေးခွန်းထုတ်တာခံရမှာလား?သူက သူ့မိဘတွေနဲ့ နေတာလား ဒါမှမဟုတ် သူ တစ်ယောက်တည်း နေတာလား?အကယ်၍ သူ့မိဘတွေ သူ့ကိုမြင်သွားရင် သူတို့က သူ့ဒဏ်ရာအကြောင်း မေးကြဦးမှာလား?

ချန်းရော့ယွီ သူမ အိပ်ရာပေါ် လှဲချလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

'ဒေါက်တာမုန့် ရှင့်ပါးစပ်က ဘာဖြစ်တာလဲ?'-တစ်ယောက်ယောက်က သူ့ကို ဒီမေးခွန်းမေးလာရင် သူ ဘယ်လိုခံစားရမလဲ?

သူမ ညည်းတွားပြီးတော့ သူမ လုပ်ခဲ့မိတဲ့အရာကို နောင်တရနေသည်။သူမက ဘာလို့ ဒီလိုပြစ်မှုမျိုးကို ကျူးလွန်ရတဲ့အထိ အရမ်းစိတ်လိုက်မာန်ပါရှိရတာလဲ?သေချာပေါက်ကို လူတွေကြားထဲမှာ ကွာခြားချက်ရှိတယ်။သူ့ရဲ့ ကျီစယ်တဲ့အနမ်းက ညင်သာတယ်။ဘယ်လိုလုပ် သူမရဲ့ လက်တုံ့ပြန်တဲ့အနမ်းက သူ့ကို ဒဏ်ရာရစေတာလဲ?သေချာတာကတော့ လူတွေက သူတို့ရဲ့ဘ‌ဝတွေကို ပြီးမြောက်ပြည့်စုံအောင် လုပ်ဖို့အတွက် ချုပ်တည်းမှုအပေါ်မှာ မှီခိုရတယ်။သူမရဲ့ချုပ်တည်းမှုက 'မစ္စတာတိုင်ရန်နိုဆောရပ်စ်ဆိုတဲ့ သေခြင်းလက္ခဏာကို တွေ့ရခြင်း' ဖြစ်ပုံပေါက်ပြီး ဒါက တကယ့်ကို ဆိုးရွားလှ၏။

ချန်းရော့ယွီ အချိန်တော်ကြာ စဉ်းစားနေခဲ့ပေမယ့် ဘာလုပ်ရမလဲဆိုတာ မဆုံးဖြတ်နိုင်ချေ။သူမ ပထမဆုံးလှုပ်ရှားပြီးတော့ အညံ့ခံတောင်းပန်ပြီး သူမရဲ့အမှားကိုဝန်ခံ၊ပြီးရင် သက်ညှာမှု တောင်းဆိုသင့်လား? ဒါမှမဟုတ် သူမ တကယ်ပဲ ဒီပြဿနာကို ဖြေရှင်းချင်ရင် သူ့ကို ဘာပြောသင့်လဲ?သိသိသာသာကိုပဲ သူလည်း မှားတဲ့အရာလုပ်ခဲ့ပြီး အဲ့ဒါကို သူ အရင်စခဲ့တာလေ။

သူမ ရှုပ်ထွေးနေပြီ။သူမ ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး။

ဒီအချိန်မှာပဲ သူမအခန်းရဲ့အပြင်ဘက်ကနေ တံခါးဖွင့်သံ ထွက်ပေါ်လာသည်။လျန်စီးစီး အိမ်ပြန်ရောက်ပြီ။ရုတ်တရက် ချန်းရော့ယွီက သူမရဲ့ကယ်တင်ရှင် ရောက်လာသလို ခံစားရပြီး အပြင်ကိုအမြန် ပြေးထွက်သွားသည်။

"စီးစီး..စီးစီး.....ငါ နင့်ကို မေးစရာတစ်ခု ရှိတယ်"

"ပြောလေ"

လျန်စီးစီးသည် သူမ လက်ကိုင်အိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး ရေခဲသေတ္တာဖွင့်၍ သောက်စရာတစ်ခု ထုတ်ယူလိုက်သည်။

"သူငယ်ချင်းနှစ်ယောက် ရှိတယ်ဟာ...သူတို့ထဲကတစ်ယောက်က အခြားတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်မိသွားတယ်။ဒဏ်ရာရသွားတဲ့တစ်ယောက်က ဒေါသထွက်သွားပြီးတော့ သူ့ကို ဒဏ်ရာရအောင်လုပ်တဲ့တစ်ယောက်ကို တောင်းပန်စေချင်တယ်။သူ(မ) ဘာလုပ်သင့်လဲ?"

"နင် ဘယ်သူ့ကို ထိခိုက်အောင် လုပ်လိုက်လို့လဲ"

လျန်စီးစီးက လိုရင်းကို တိုက်ရိုက်မေးလိုက်ပြီး သူမရဲ့ဝေ့လည်ကြောင်ပတ်စကားတွေကို နားထောင်မနေတော့ပေ။

"ဟမ်......အဲ့ဒါ အရေးမကြီးဘူး"

"ဒါဆိုရင် ဒဏ်ရာက ဘယ်နားမှာလဲ"

"အာ......အဲ့ဒါလည်း အရေးမကြီးဘူး"

"အဲ့ဒါက အရေးမကြီးဘူးဆိုမှတော့ တောင်းပန်စရာမလိုဘူးလေ။ဘာလို့ အားထုတ်ပြီး ကြိုးစားရမှာလဲ?မလိုဘူး"

"မဟုတ်ဘူး.....မဟုတ်ဘူး....ဒဏ်ရာရတဲ့လူက ဘယ်သူပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်နေရာ ဒဏ်ရာရသွားတာလဲဆိုတာက အရေးမကြီးပေမယ့် တောင်းပန်ဖို့ကတော့ အရေးကြီးနေသေးတယ်လေဟာ"

ချန်းရော့ယွီ အလောတကြီး ပြောလိုက်၏။

လျန်စီးစီးသည် သူမရဲ့အမူအရာကို မြင်တဲ့အခါ စိတ်ဝင်စားမှုနှိုးကြွလာသည်။

"အဲ့ဒါက နင် ငါ့ကိုပြောဖို့အတွက် အရမ်းခက်ခဲနေတယ်ဆိုရင် အဲ့ဒါက ယောကျာ်းလေးသူငယ်ချင်းပဲ ဖြစ်ရမယ်။ဒဏ်ရာက ဘယ်နေရာမှာလဲဆိုတာ ငါ့ကို ပြောပြဖို့ အရမ်းခက်နေတာဆိုတော့ အဲ့ဒါက လျှို့ဝှက်နေရာပဲ ဖြစ်ရမယ်"

လျန်စီးစီးသည် သူမရဲ့မျက်ခုံးတွေပင့်ကာ ရယ်မောလိုက်သည်။

"ရော့ယွီ နင် သူ့ကို ဒဏ်ရာရအောင်လုပ်မိတဲ့အထိ အရမ်းစိတ်လှုပ်ရှားနေခဲ့တာလား"

"စီးစီး!"

ချန်းရော့ယွီ စိုးရိမ်တကြီး ခုန်ပေါက်လိုက်၏။

"ငါ နင့်ကို အရမ်းအရေးကြီးတဲ့မေးခွန်း မေးနေတာ"

"အိုခေပါ....အရမ်းအရေးကြီးတဲ့မေးခွန်းပေါ့နော်...."

လျန်စီးစီးသည် ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် သူမက အကောင်းမြင်တဲ့အမူအရာကို ထိန်းသိမ်းထားဆဲဖြစ်ပြီး အလေးအနက် ပြောသည့်ပုံစံဖြင့်

"နင် ဒီလိုအခြေအနေမျိုးမှာ တောင်းပန်စရာ မလိုဘူး။နည်းနည်းလောက် အနှောင့်အယှက်ရှိတာက ဆက်ဆံရေးတစ်ခုရဲ့ အဆီအနှစ်ပဲ။ဒဏ်ရာက နင်တို့တွေ တစ်ယောက်ကိုတစ်ယောက် ရူးသွပ်တာကို ကိုယ်စားပြုတယ်ဆိုမှတော့ နင်က ဘာလို့ စိုးရိမ်နေတာလဲ?"

"အဲ့ဒါ ရူးသွပ်တာမဟုတ်ဘူး။ပြီးတော့ အဲ့လိုဆက်ဆံရေးမျိုး တကယ် မဟုတ်ဘူး"

"အဲ့လို ဆက်ဆံရေးမျိုး မဟုတ်ဘူးဆိုရင် နင် စိုးရိမ်နေစရာတောင် မလိုဘူး။နင်က သူ့နဲ့တွဲဖို့ ရည်ရွယ်ချက်မရှိမှတော့ ဘာလို့ အများကြီး စဉ်းစားနေမှာလဲ?"

လျန်စီးစီးက သူမကို ကြည့်၍ ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ နင့်ကို ကြည့်ရတာတော့ နင်က သူနဲ့ ဘာဆက်ဆံရေးမှ မရှိတဲ့ပုံ မပေါက်ဘူးနော်။အိုင်း.....နင် ဘာလို့ ငါ့ကို ဘာတွေဖြစ်နေတာလဲဆိုတာ မပြောပြတာလဲ?"

"ဘာမှမဟုတ်ပါဘူး။သူက ရိုးရိုးသူငယ်ချင်းကောင်းတစ်‌ယောက်ပဲ။"

ချန်းရော့ယွီ စကားဆုံးအောင် မပြောရသေးခင်မှာပဲ လျန်စီးစီးက ဖြတ်ပြောလာသည်။

"ရိုးရိုးသူငယ်ချင်းတွေနဲ့ သူငယ်ချင်းကောင်းတွေဆိုတာက မတူညီတဲ့ အဓိပ္ပာယ်နှစ်ခုပဲ။ရိုးရိုးသူငယ်ချင်းကောင်းတွေဆိုတာ မရှိဘူး"

"စီးစီး ဒီကိစ္စကို မရှုပ်ပါနဲ့ဟာ"

"ငါ မလုပ်ပါဘူး။ငါက နင့်ကို စိစစ်ပိုင်းခြားနိုင်ဖို့ ကူညီပေးနေတာ"

ဘယ်နေရာမှာ စိစစ်ပိုင်းခြားရမှာလဲ?သူမက အကြံဉာဏ်ပဲ ‌တောင်းတာလေ..စိစစ်ချက် တောင်းတာမဟုတ်ဘူး။ချန်းရော့ယွီ အသက်ပြင်းပြင်းရှူပြီးတော့ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဲ့ဒါက သူငယ်ချင်းကောင်းကို ငါ ဂရုမစိုက်မိလိုက်ဘူး။ငါက သူ့ကို ဝင်ဆောင့်မိပြီးတော့ သူ့ကို ဒဏ်ရာရသွားစေတယ်။ငါ အရမ်းရှက်ပေမယ့် သူ့ကို တိုက်ရိုက်တောင်းပန်ဖို့က အတော်လေးနေရခက်တယ်ဟ။အဲ့ဒါကြောင့် ငါက နင့်ကို မေးချင်တာ...နင့်မှာ အကြံကောင်းလေးဘာလေး ရှိလား?"

"သူ့ကို ဆောင့်မိတာပေါ့လေ.......?"

တစ်ချက်ကြည့်ရုံဖြင့် လျန်စီးစီးရဲ့အတွေးတွေ လမ်းလွဲသွားတာကို မြင်နိုင်သည်။

"အောက်ပိုင်းကိုမဟုတ်ဘူး!"

ချန်းရော့ယွီ နောက်တစ်ကြိမ် စိုးရိမ်ပူပန်လာတယ်။ခဏလောက် စဉ်းစားပြီးတဲ့နောက် သူမ စိတ်ဓာတ်ကျသွားပြီး ပြောလိုက်၏။

"ထားလိုက်တော့။င့ါဘာသာငါပဲ စဉ်းစားတော့မယ်"

"အိုင်း.......ပြန်လာခဲ့ ပြန်လာခဲ့။အဲ့ဒါက အောက်ပိုင်းမဟုတ်ဘူးဆိုတော့လည်း အောက်ပိုင်း မဟုတ်ဘူးပေါ့။ငါလည်း နင်က အဲ့လောက်ကြီး ထိန်းမနိုင်သိမ်းမရဖြစ်တဲ့လူမျိုးလို့ မထင်ပါဘူး"

လျန်စီးစီး၏အတင်းအဖျင်း ပြောဆိုမှုအပေါ် စိတ်ဝင်စားမှုက အလွန်အမင်း မြှင့်တက်လာသည်။ဒီကိစ္စက သူမ(ချန်းရော့ယွီ)အတွက် ထုတ်ပြောဖို့ အရမ်းခက်ခဲနေတယ်၊အရမ်းလျှို့ဝှက်နေပြီးတော့ အရမ်းစိတ်လှုပ်တရှားနဲ့ခြိမ်းခြောက်နေတာဆိုတော့........ဒါကအရမ်းအထင်ကြီးလောက်တဲ့ ဆက်ဆံရေးပဲ ဖြစ်ရမယ်........

"ရော့ယွီ...အာ....ရော့ယွီ တကယ်ပဲ ဘာဖြစ်ခဲ့လဲဆိုတာ နင် ဘာလို့ ငါ့ကို ရှင်းရှင်းလင်းလင်း မပြောပြတာလဲ"

"ဘာမှမဖြစ်ခဲ့ဘူး။ငါ အခန်းထဲ သွားတော့မယ်"

"အိုင်း....အိုင်း....မသွားပါနဲ့ဦး။အဲ့ဒါက သမီးရည်းစားဆက်ဆံရေး မဟုတ်ဘူးဆိုရင် နင်က သမီးရည်းစားဆက်ဆံရေးဆီ ဦးတည်နေတာလား?"

"မဟုတ်ဘူး။အဲ့ဒါ မဖြစ်နိုင်ဘူး။ငါတို့က ဒီအတိုင်း ဖြူစင်သန့်ရှင်းတဲ့ သူငယ်ချင်းတွေ"

"ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်က အရမ်းရင်းနှီးနေပြီးတော့ အချင်းချင်းလည်း ဝင်တိုက်မိသေးတယ်။ပြီးတော့ ဒီလိုမျိုး လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆက်ဆံ‌ရေးလေ........အဲ့ဒါက ဘယ်လိုမှ ဖြူစင်သန့်ရှင်းတဲ့ သူငယ်ချင်းဆက်ဆံရေး မဖြစ်နိုင်ဘူး"

"ဘယ်သူက အဲ့လိုပြောတာလဲ?ငါတို့က သူငယ်ချင်းကောင်းတွေ........အချင်းချင်း ရင်ဖွင့်ပြီးစကားပြောလို့ရတဲ့ သူငယ်ချင်းကောင်းတွေပဲ"

သေချာတာပေါ့....အဲ့ဒီမှာ အနမ်းလိုအရာမျိုးရှိတာကတော့ အလိုလို လျစ်လျှူရှုထားလိုက်တယ်။

"ကောင်းပြီ...နင်တို့က အရမ်းရင်းနှီးတယ်......

အချင်းချင်းရင်ဖွင့်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဝင်ဆောင့်မိတဲ့အထိ အရမ်းရင်းနှီးတာပေါ့နော်။လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်လှုပ်ရှားစရာကောင်းပေမယ့် ရည်းစားတွေ မဟုတ်ဘူး.....နင်က အဲ့ဒါကို မဖြစ်နိုင်ဘူးလို့ ပြောနေသေးတာလား?ဒီလို သူငယ်ချင်းတွေမျိုးကလေ ဆက်ဆံရေးတစ်ခုပဲရှိတယ်"

လျန်စီးစီးက ဆိုဖာပေါ်မှာ လှဲနေပြီးတော့ မှောက်လျက်အိပ်နေကာ လက်ညှိုးထောင်ပြလိုက်သည်။

ချန်းရော့ယွီသည် သူမ ဘာပြောမလဲဆိုတာ သိချင်စိတ်ပြင်းပြသွားကာ မေးလိုက်သည်။

"အဲ့ဒါဘာလဲ"

"口"

(T/N- ဒါက စာရိုက်မှားတာ မဟုတ်ပါဘူး။ဒါက။မူရင်းစာရေးသူရေးထားတဲ့အတိုင်း အတိအကျပါပဲ။ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားကြည့်ပါတဲ့😂)

ချန်းရော့ယွီ ကြက်သေသေသွားတယ်။

သူမ မှားတာ!သူမက သူငယ်ချင်းပြဿနာတွေကို ဆွေးနွေးဖို့အတွက် ဒီလိုမျိုး အချစ်ဝတ္ထုတွေပဲဖတ်ပြီး ခေါင်းထဲမှာ ယောကျာ်း၊မိန်းမဆက်ဆံရေးကိစ္စတွေပဲ ပြည့်နှက်နေတဲ့လူကို မရှာခဲ့သင့်ဘူး။

ချန်းရော့ယွီ သူမအခန်းထဲကို စိတ်ဓာတ်ကျစွာ ပြန်လာခဲ့ပြီး အိပ်ရာပေါ်ကို စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။

သူမတို့နှစ်ယောက်လုံးက အမှန်တကယ်ပဲ သူငယ်ချင်းကောင်းတွေသာဖြစ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ကောင်းလေးတွေ ရှိယုံပဲ။ပြီးတော့ သူတို့က သာမန်သူငယ်ချင်းတွေထက် ပိုကောင်းတဲ့သူငယ်ချင်းတွေလေ......အဲ့လို သူငယ်ချင်းကောင်းမျိုးပဲ။

ပြီးတော့ သူတို့က သူငယ်ချင်းတွေလေ.......လိုက်ပိုးပန်းပြီးတော့ အငြင်းခံခဲ့ရတဲ့ သူငယ်ချင်းမျိုးပေါ့။နှစ်ယောက်လုံးက သူတို့ရဲ့ ခံစားချက်တိုးတက်မှုအတွက် အောက်ဆုံးမျဉ်းကို သိကြတယ်။ဒါကြောင့် သူတို့မှာ ဘယ်လိုစ‌နိုးစနောင့်ဖြစ်တာမျိုးမှ မရှိဘဲနဲ့ ဒါကြောင့်ပဲ သူတို့က တစ်ယောက်နဲ့တစ်‌ယောက် သက်သောင့်သက်သာရှိတာပင်။

口!! ဘယ်လိုလုပ် ဒီလိုစကားမျိုးက ပေါ်လာရတာလဲ!!!!

စီးစီးက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို စော်ကားလိုက်တာပဲ။

သူမ ဘာလုပ်သင့်လဲ?ဒါမှမဟုတ် သူ့ကို ဒီအတိုင်း လျစ်လျှူရှုထားပြီးတော့ သူ သူမကို လာရှာတဲ့အထိ စောင့်နေလိုက်ရမလား?အဲ့ဒီအခါကျမှ အခြေအနေကိုလိုက်ပြီးတော့ တုံ့ပြန်မယ်လေ။ဒါပေမဲ့ ဒီနည်းလမ်းနဲ့ဆိုရင် သူ ပိုပြီးဒေါသထွက်ပြီးတော့ သူမက သူမရဲ့အမှားကနေ မသုံးသပ်ဘူးလို့ ခံစားသွားရမှာလား?

ဒါမှမဟုတ် သူမ သူ့ကို လက်ဆောင်တစ်ခုလောက် ပေးလိုက်သင့်လား?မဟုတ်ဘူး.......သူမ သူ့ကို လက်ဆောင်ပေးလို့ မဖြစ်ဘူး။သူက မှားနေသေးတာပဲလေ။ပထမဆုံးစမှားတဲ့လူက သူပဲ။သူမက အရမ်းစိတ်ထားကောင်းပြီးတော့ သူ့အတွက် ဝက်ပုခုံးသားပေါင်းချက်ပေးတယ်၊ပီကေဝယ်ပေးတယ်၊သူ့အတွက် တစ်ရှူးတွေတောင် ဝယ်ပေးသေးတာကို..........

ခဏလေး! ဝက်ပုခုံး!

ရုတ်တရက် သူမ မှတ်မိသွားပြီ! မဖြစ်ဘူး.....မဖြစ်ဘူး...ဒါက အချိန်နှောင့်နှေးလို့မကောင်းဘူး။သူမ မုန့်ကုကို အမြန်ပဲ ဖုန်းခေါ်လိုက်၏။

"ဒေါက်တာမုန့်......ဒေါက်တာမုန့်....ကျွန်မ ရှင့်ကားထဲမှာ ထားခဲ့တဲ့ နေ့လယ်စာထမင်းဘူးက လတ်လတ်ဆတ်ဆတ် ပြင်ဆင်ပေးထားတဲ့ ဝက်ပုခုံးသားပေါင်းနော်။မနေ့ကကျန်တဲ့ ကြက်ခြေထောက်တွေ မဟုတ်ဘူး။ရှင် အဲ့ဒါကို ယူပြီးတော့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ဦး မဟုတ်ရင် မကောင်းပဲနေလိမ့်မယ်"

သူမက တစ်ရှိုက်တည်း စကားပြောတာ ပြီးဆုံးသွားပြီး ဖုန်းရဲ့အခြားတစ်ဖက်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေသည်။အဲ့ဒီနောက် မုန့်ကုရဲ့ခပ်တိုးတိုးအသံ ထွက်ပေါ်လာ၏။

"ချန်းရော့ယွီ။မင်း ငါ့ကို ဒီကိစ္စအတွက်ပဲ ဖုန်းခေါ်လိုက်တာလား"

"ဟုတ်တယ်လေ။ဒါ အရမ်းအရေးကြီးတယ်။အခြားကိစ္စတွေက နောက်မှပြောလို့ရတယ်။ဒီအစားအစာက ညချန်ထားလို့ မရဘူး။ဒီနေ့လယ်တုန်းက ကျွန်မ ဒါကိုချက်ဖို့ အလုပ်ကနေ သီးသန့်အချိန်ယူထားရတာနော်။ရှင် အခု အိမ်ရောက်ပြီလား?ကားထဲကနေရော ထုတ်ပြီးသွားပြီလား?ရှင် အဲ့ဒါကို ရေခဲသေတ္တာထဲ ထည့်ထားမှရမှာနော်"

'တူ.......' မုန့်ကု ဖုန်းချသွားပြီ။

ချန်းရော့ယွီ ကြောင်အသွားပြီး ဒေါသထွက်သွားတယ်။ဒီ သေသင့်တဲ့ မွန်ဂိုဆရာဝန်ကတော့! ဆိုးဝါးလိုက်တဲ့ အပြုအမူတွေ!

အကျင့်စရိုက်မကောင်းဘူး! စိတ်ထားက ဆိုးတယ်!

နဂိုတုန်းကတော့ သူမ အပြစ်ရှိစိတ်ခံစားနေရပေမယ့် အခုတော့ သူမရဲ့ အပြစ်ရှိစိတ်ခံစားချက်တွေ အကုန်လုံး အရိပ်အယောင်တောင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီ။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူ သူမကို အရင်ဆုံး တောင်းပန်ရမယ် မဟုတ်ရင်တော့ သူမ သူ့ကို ဂရုမစိုက်ဘဲ လျစ်လျှူရှုထားမယ်!

နောက်တစ်ရက်တွင် ချန်းရော့ယွီ စိတ်အခြေအနေ မကောင်းပေ။

သူမ တစ်ညလုံး အိပ်မပျော်ခဲ့ဘဲ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းရ၏။ထန်ကျင်းချိုင် ဖုန်းခေါ်ပြီးတော့ မှတ်စုအကြောင်း မေးတဲ့အချိန်မှသာလျှင် သူမ သတိရသွားပြီးတော့ သူ့ကို မှတ်စုပေးရန်အတွက် သူမတို့‌တွေ့ဖို့ နေရာတစ်နေရာ စီစဉ်လိုက်သည်။

ထန်ကျင်းချိုင်က သူမကို ကျေးဇူးပြီးတော့ သူမရယ်၊မုန့်ကုရယ်နဲ့အတူ ထမင်းတစ်နပ် အတူတူစားချင်ကြောင်း ပြောလာခဲ့သည်။ချန်းရော့ယွီ သူမခေါင်းကို ဆက်တိုက်ရမ်းနေခဲ့၏။သူ နောက်နေတာပဲ ဖြစ်ရမယ်! သူမက အခု မစ္စတာတိုင်ရန်နိုဆောရပ်စ်နဲ့ စစ်အေးတိုက်ပွဲ ဆင်နွှဲနေတာလေ...ဘယ်လိုလုပ် သူတို့အတူတူ ထမင်းစားနိုင်မှာလဲ?

ဒီနှလုံးသားမရှိတဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်က တကယ်ပဲ သူမကို တစ်နေ့လုံး လျစ်လျှူရှုထားခဲ့တယ်။သူ့ဆီကနေ ဖုန်းတစ်ကောလ်မှ မဝင်လာသလို မက်ဆေ့ခ်ျတစ်စောင်မှလည်း ရောက်မလာဘူး။သူလည်းပဲ သူမရဲ့ထမင်းဘူးကို ပြန်မပေးဖို့ စီစဉ်နေတာလား?

နုံးခွေစွာဖြင့် သူမ အလုပ်ဆင်းတဲ့အချိန်ထိ စိတ်မပါလက်မပါ အလုပ်လုပ်နေခဲ့ရသည်။သူမက ဘတ်စ်ကားဂိတ်ကို မှုန်ကုပ်ပြီးတော့ လမ်းလျှောက်သွားသည်။ဒီအခိုက်အတန့်မှာပဲ သူမ ဖုန်းမြည်လာပြီးတော့ ထုတ်ကြည့်လိုက်၏။

မုန့်ကု!

ချန်းရော့ယွီရဲ့ စိတ်ဓာတ်များ တက်ကြွလာပြီး နှလုံးခုန်နှုန်းတွေ မြန်လာသည်။သူမ စိတ်တည်ငြိမ်အောင်လုပ်ပြီးတော့ အနည်းငယ် ချောင်းဆိုးကာ အဲ့ဒီနောက်မှသာလျှင် ဖုန်းကိုင်လိုက်သည်။

"မင်း အလုပ်ဆင်းပြီလား"

"အင်း"

မေးတစ်ခွန်း၊ဖြေတစ်ခွန်းတုံ့ပြန်မှုက မိမိုက်ပြီးတော့ ခန့်ညားသည်။ချန်းရော့ယွီက သူမရဲ့ဆောင်ရွက်မှုကို စိတ်ကျေနပ်နေသည်။

"မင်းရဲ့အဲ့ဒီဝက်ပုခုံးသားကို ဘယ်လိုစားရမှာလဲ?ငါ အဲ့ဒါကို မိုက်ခရိုဝေ့ဖ်ထဲ တန်းထည့်ပြီးတော့ ‌‌နွှေးရမှာလား"

"အိုးတစ်လုံးသုံးပြီး အဲ့ဒါကိုနွှေးလိုက်။အထဲထဲမှာ နှပ်ထားတဲ့ဆော့စ်ရှိတယ်။အားလုံးကို အိုးထဲထည့်ပြီးတော့ ဆော့စ်ထည့်ပြီး နွှေးလိုက်ရင်ရတယ်။မိုက်ခရိုဝေ့ဖ်မသုံးနဲ့"

"အဲ့ဒါ အရမ်းဒုက္ခများတာပဲ"

သူက တကယ်ကြီး အထွန့်တက်လာသည်။

ချန်းရော့ယွီ အရမ်းမပျော်မရွှင် ဖြစ်သွားတယ်။သူ့အတွက် စားစရာရှိနေတာကို သူက ဒုက္ခများတယ်ဆိုပြီး အထွန့်တက်နေသေးတယ်။တကယ်လို့ သူမသာ သူ့ကို ထပ်ပြီးတော့ စားစရာပေးမိရင် သူမက ဝက်ပဲ!!!

"အဲ့ဒါက အကြီးကြီးပဲ။ငါ ကုန်အောင်မစားနိုင်ဘူး"

သူက အမှားတောင် ရှာလိုက်သေးတယ်။

"ရှင် အဲ့ဒါကို လွှင့်ပစ်ခွင့် မရှိဘူးနော်။အဲ့ဒါက အရမ်းဈေးကြီးတယ်။ကျွန်မ အဲ့ဒါကို နှပ်ဖို့ အချိန်အများကြီးပေးထားရတာ။ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်နော်....ရှင် အစားအစာကို ဖြုန်းတီးခွင့် မရှိဘူး"

"အိုခေ။ငါ မနက်ဖြန်ကျရင် အဲ့ဒါကို ဆေးရုံခွဲယူသွားပြီး ငါ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျှစားလိုက်မယ်"

ချန်းရော့ယွီ ဆက်ပြီးတော့ မပျော်မရွှင် ဖြစ်သွားတယ်။သူမက အဲ့ဒါကို နှပ်ဖို့အတွက် အများကြီး ကြိုးစားထားခဲ့ရတာကို သူက တခြားလူတွေကို ပေးချင်နေတယ်။သူမ နောက်တစ်ကြိမ် စဉ်းစားလိုက်ပြန်တယ်။သူမ သူ့အတွက် ထပ်ပြီးချက်ပေးရင် သူမက ဝက်ပဲ!!!

"ဪ ဟုတ်သားပဲ။ဒီနေ့ သူနာပြုထန်က ငါ့ကို နှုတ်ခမ်းပေါ်က ဒဏ်ရာအကြောင်း မေးသေးတယ်"

ချန်းရော့ယွီ ချက်ချင်းပဲ နားထောင်ဖို့အတွက် နားစွင့်လိုက်၏။

"အဲ့တော့ ရှင် သူ(မ)ကို ဘာပြောလိုက်လဲ?"

သူမ သိတယ်!သူမ သိနေတယ်! တစ်ယောက်ယောက်က သေချာပေါက် မေးလိမ့်မယ်ဆိုတာ သူမ သိနေတယ်!

"သူ(မ)က ငါ့ဘာသာငါ ခိုက်မိတာ ဟုတ်မဟုတ်မေးတယ်လေ။ငါက မင်း မနေ့ကငါ့ကို ကိုက်လိုက်တာလို့ ပြောလိုက်တယ်"

ချန်းရော့ယွီ ကြောင်အသွား၏။

"ရှင် ဘာပြောလိုက်တယ်!!!"

"မင်း ငါ့ကို ကိုက်ထားတာလို့ ပြောလိုက်တာ"

"ဒေါက်တာမုန့်!!!"

"မင်း အဲ့လောက်အကျယ်ကြီး အော်ဖို့မလိုပါဘူး။ငါ ကြားပါတယ်"

ချန်းရော့ယွီ တစ်ချက်လောက် အသက်ပြင်းပြင်း ရှူလိုက်တယ်။စိတ်လျှော့.........စိတ်လျှော့!!

"ဒေါက်တာမုန့် ရှင်ကတကယ် တဲ့တိုးဆန်တာပဲနော်"

"ငါက အမှန်တရားကို ပြောလိုက်ယုံပဲ"

"ရှင့်စကားတွေကို နည်းနည်းလောက် ပိုပြီးတော့ ကျွမ်းကျင်အောင် မပြင်နိုင်ဘူးလား"

"မလိုအပ်ဘူး။ငါ့ကို သူနာပြုထန်က စိတ်ဝင်စားနေတယ်လို့ မင်းပဲ သတိပေးထားတာ မဟုတ်ဘူးလား?အဲ့တော့ ဒီနည်းလမ်းနဲ့ဆိုရင် သူ(မ)ကို ရှင်းရှင်းလင်းလင်း တိုက်ရိုက်ပြောပြီးသား ဖြစ်သွားပြီ"

"နဂိုကတည်းက သူနာပြုထန်က ကျွန်မကို မုန်းနေတာ။အခု ပိုပြီးတော့တောင် မုန်းနေတော့မှာ သေချာတယ်"

"မင်းက သူ(မ)နဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့လူမဟုတ်ဘဲနဲ့ သူ(မ)မုန်းတာကို ဘာလို့ ဂရုစိုက်နေမှာလဲ"

"ဒါပေမဲ့ ကျွန်မက ဘာလို့ လူတွေကျွန်မကို မုန်းအောင်လုပ်ရမှာလဲ?ကျွန်မ တကယ်တော့ ဘာမှမလုပ်ခဲ့ဘူးလေ။ဒီကိစ္စမှာဆိုရင် ရှင်လည်း မှားတာပဲ။ဒါကို စခဲ့တဲ့လူက ရှင်ပဲကို။ကျွန်မရှင့်ကို ဝင်ဆောင့်မိတာက ဒီအတိုင်း မတော်တဆလေးပဲ။ရှင်က သူ(မ)ကို ဒီလိုမျိုးကြီး ပြောလိုက်တော့ သူ(မ)က ကျွန်မ ရှင့်ကို ဘာလုပ်လိုက်တာလဲဆိုပြီး ထူးဆန်းနေတော့မှာပေါ့။ကျွန်မရဲ့ ဂုဏ်သိက္ခာတော့ ပျက်ဆီးပါပြီ။ကျွန်မ နေထိုင်သွားဖို့ လိုသေးတယ် ကျွန်မ..............."

"ချန်းရော့ယွီ"

သူမ စကားမဆုံးခင် ဖြတ်ပြောခံလိုက်ရ၏။

"ဘာလဲ!"

သူမ ပြင်းပြင်းထန်ထန် ပြန်ဖြေလိုက်ပြီး ဒေါသတွေ ပြည့်နှက်နေသည်။

"မနက်ဖြန်ကျရင် ငါ ဝက်ပုခုံးကို ဆေးရုံ ယူသွားလိုက်မယ်။သူတို့က သေချာပေါက် ငါ ဘယ်ကနေ ဝက်ပုခုံးသားပေါင်းရလာတာလဲလို့ မေးကြမှာပဲ။ငါက အမြဲတမ်း ရိုးသားတဲ့လူတစ်‌ယောက်ဆိုတော့ ‌ငါ့အဖြေက သေချာပေါက်.........မင်းက နေ့လယ်ခင်းအလုပ်ခွင့်ယူပြီးတော့ အဲ့ဒါကို ငါ့အတွက် အထူးသီးသန့် ချက်ပေးတယ်လို့ဖြစ်မှာပဲ"

ချန်းရော့ယွီ ပါးစပ်အကျယ်ကြီး ဟသွားတယ်။ဒါ မဖြစ်နိုင်ဘူး.......သူ့ကလဲ့စားက အရမ်းရက်စက်နေတာ မဟုတ်ဘူးလား?

"ဒါပေမဲ့ ဒီဝက်ပုခုံးကို ဒီနေ့အပြီးသတ်နိုင်တယ်ဆိုရင်တော့ ငါ မနက်ဖြန် ဆေးရုံယူသွားစရာ မလိုတော့ဘူး။မင်း လာပြီးတော့ အဲ့ဒါကို ငါနဲ့ ကုန်အောင် စားပေးချင်လား?"

"လာမယ်!!"

###############

All Chapters