← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

ဒွိဟချစ်သံယောဇဉ်:

Chapter 37- အမေ နေမကောင်းဘူး

မုန့်ကုရဲ့ဘက်မှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်၏။ရုတ်တရက် သူ သက်ပြင်းချလိုက်သည်။

"မင်း သေချာနိုင်ပါ့မလားဆိုတာ မသေချာဘူး"

အဲ့ဒါ ဘာအဓိပ္ပာယ်လဲ?စကားထာလား?

"ရှင်က ကျွန်မကို ဘာကိုသေချာစေချင်တာလဲ"

သူမ မေးလိုက်သည်။

"သေချာဖို့......." သူ ရပ်တန့်သွားပြန်သည်။

"မင်းရဲ့သတ္တိကို ‌သေချာဖို့ပေါ့"

"ကျွန်မကို မခြောက်နဲ့။ကျွန်မက အရမ်းကြောက်တတ်တယ်"

ချန်းရော့ယွီက မ‌တိုက်ခိုက်ဘဲနဲ့ သူမက အသုံးမဝင်ကြောင်း ဝန်ခံလိုက်သည်။

မုန့်ကု နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်၏။

"ဟေး......ဒေါက်တာမုန့် ကျွန်မရဲ့သတ္တိကို သေချာစေဖို့ ဘာလို့ လိုအပ်တာလဲ"

"မင်းဆင်းလာရင် ငါ မင်းကို ပြောပြမယ်"

"ရှင် ကျွန်မကို ထပ်ပြီး ဟာသလုပ်နေပြန်တာလား"

မုန့်ကု နောက်တစ်ကြိမ် သက်ပြင်းချလိုက်၏။

"မင်း အောက်ဆင်းလာမှာလား"

"ရှင် အခုထိ မတောင်းပန်ရသေးဘူး"

"ဟေ့"

"တွေ့လား?ရှင့်ရဲ့စိတ်က အခုထိ ဒေါသကြီးနေတုန်းပဲ"

"ချန်းရော့ယွီ"

"ဘာလဲ"

"အောက်ဆင်းခဲ့။တွေ့ကြရအောင်"

"ဟင့်အင်း။ကျွန်မ ရှင် တောင်းပန်တာကို အရင်ဆုံး ကြားချင်တယ်"

အခြားတစ်ဖက်က ထပ်ပြီး တိတ်ဆိတ်သွားပြန်၏။သူမရဲ့နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေသည်။သူမက သရဲတစ်ကောင်ဝင်အစီးခံလိုက်ရတဲ့အတိုင်း ဘာလို့ အရမ်းအငြိုးကြီးစွာ ပြုမူနေတာလဲဆိုတာ မသိချေ။

ခဏလောက် စောင့်ပြီးတဲ့နောက် သူမ နောက်ဆုံးတော့ မုန့်ကု ပြောတာ ကြားလိုက်ရသည်။

"ထားလိုက်ပါတော့။ဒီတစ်ခေါက်တော့ ငါ မင်းကို အနိုင်ပေးလိုက်မယ်။ယောကျာ်းတစ်‌‌ယောက်က ကွေးညွတ်နိုင်သလို မတ်မတ်လည်း ရပ်နိုင်ရမယ်*။ငါ တောင်းပန်ပါတယ် မိန်းကလေးချန်းရော့ယွီ..ငါ မင်းကို မယဉ်ကျေးဘဲနဲ့ အမှားလုပ်ခဲ့မိတယ်။အဲ့ဒါ အလုပ်ဖြစ်ရဲ့လား"

(T/N-ယောကျာ်းတစ်ယောက်က ကွေးညွှတ်နိုင်သလို မတ်မတ်လည်း ရပ်နိုင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်က ပေးကမ်းပြီးတော့ လိုက်လျောညီထွေရှိရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။)

"နောင်ကျရင် ရှင် ကျွန်မကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ်"

"ကောင်းပြီ"

"ရှင့်မှာ အပြုအမူကောင်းတွေ ရှိရမယ်"

"ကောင်းပြီ"

"တကယ်လား?"

"ချန်းရော့ယွီ!"

သူမ စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်၏။အဲ့ဒီနောက် သူမ ပြောလိုက်သည်။

"ကျွန်မ အခုထိ ညစာမစားရသေးဘူး"

"ငါ မင်းကို ညစာလိုက်ကျွေးမယ် အဲ့ဒါဆို အဆင်ပြေပြီလား"

"အိုခေ"

သူမရဲ့လေသံက အနည်းငယ် တွန့်ဆုတ်နေပေမယ့် သူမမျက်နှာထက်‌တွင်တော့ အပြုံးကြီးတစ်ခု ရှိနေသည်။သူမက မုန့်ကု ကားတံခါးဖွင့်ပြီး အောက်ဆင်းလာတာ မြင်ရသည်။သူက သူ့ခေါင်းကိုမော့ပြီးတော့ သူမကို တွေ့တဲ့အခါ လက်ရမ်းပြလာသည်။

"ခဏစောင့်ဦး။ကျွန်မ အဝတ်အစား လဲလိုက်ဦးမယ်"

သူမ ဖုန်းကို အမြန်ချပြီးတော့ အဝတ်ဘီဒိုဆီ အပြေးသွားတော့သည်။

အပြာရောင်?....ဟင့်အင်း မကောင်းဘူး..အနက်ရောင်?ဟင့်အင်း မကောင်းဘူး.......မက်မွန်ပန်းရောင်......အမ်း...မစ္စတာ မက်မွန်ပန်းforrest,နဲ့ လိုက်ဖက်ညီသလိုပဲ။အိုက်ယား......သူမမှာ လိုက်ဖက်ဖို့အတွက် သင့်တော်တဲ့ ဘောင်းဘီမရှိဘူး။

သူမ ထပ်ပြီး ရွေးချင်သေးပေမယ့် မုန့်ကုကို အရမ်းအကြာကြီး စောင့်ခိုင်းထားရမှာ စိုးရိမ်မိသည်။အဆုံးမှာတော့ သူမ အနက်ရောင်တစ်ခုကို ရွေးချယ်ခဲ့ပြီး အဲ့ဒီဘောင်းဘီနဲ့ဆိုရင် ပိန်သွယ်တယ်လို့ ခံစားရကာ ဖိနပ်တွေနဲ့ ကွက်တိ လိုက်ဖက်သည်။

ချန်းရော့ယွီ အဆင်သင့်ဖြစ်ပြီးတဲ့နောက် သူမရဲ့အိတ်ကို‌ကောက်ယူ၍ အောက်ထပ်ကို နောက်တစ်ကြိမ် ချောင်းကြည့်လိုက်သည်။

မုန့်ကုသည် သူ့ကားကို သက်သောင့်သက်သာ မှီထားပြီး သူ့အတွေးတွေထဲ နစ်မြှုပ်နေပုံရ၏။သူမ ရယ်‌ပြီးတော့ တံခါးဆီ အမြန်သွားသည်။သူမ တံခါးဖွင့်ပြီးတော့ ပြန်ပိတ်ကာ သော့ခတ်၍ ဓာတ်လှေကားဆီ အမြန်ပြေးသွားသည်။

ဓာတ်လှေကားက ဖြည်းဖြည်းချင်း တက်လာပြီး သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောင်းလဲနေတဲ့ နံပါတ်တွေကို စိုက်ကြည့်နေသည်။သူမရဲ့ ဆဲလ်ဖုန်း မြည်လာခဲ့ပြီး မုန့်ကုဆီကလို့ ထင်လိုက်ပေမယ့် သူမ ကြည့်လိုက်တဲ့အခါ သူမမိဘတွေရဲ့အိမ်က ဖြစ်နေသည်။သူမ လျင်မြန်စွာပဲ ဖုန်းကိုင်လိုက်၏။

ဖုန်းခေါ်လာသည့်လူက အဖေချန်းဖြစ်သည်။သူက မေးလာ၏။

"ရော့ယွီ ဒီနေ့ပိတ်ရက် သမီး အလုပ်များနေလား"

"မများပါဘူး။သမီး အလုပ်ဆင်းနေပြီ"

"ညစာရော စားပြီးပြီလား"

"မစားရသေးဘူး။အခု စားတော့မလို့"

ချန်းရော့ယွီသည် အနည်းငယ် သတိကြီးနေ၏။သူမက သူမ မိဘတွေကို သူမရဲ့သူငယ်ချင်းနဲ့ အပြင်ထွက်စားမယ်ဆိုတာ မသိစေချင်ပေ။သူတို့ရဲ့ များပြားလှတဲ့ မေးခွန်းတွေကို ရှောင်ရှားရန်ဖြစ်သည်။သူမရဲ့မိဘတွေကို မုန့်ကုအကြောင်း အသိမပေးတာက ပိုကောင်းတယ်လို့ ခံစားရသည်။

"အော်...အဲ့ဒါဆို သမီး ဆက်စားလေ။အဖေက သမီးကို ပြောစရာရှိလို့"

ဓာတ်လှေကား ရောက်ရှိလာပြီး သူမ အထဲဝင်သွားကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ? ဘာကိစ္စရှိလို့လဲ"

အဖေချန်းသည် ခဏလောက် တွန့်ဆုတ်သွားပုံပေါက်ပေမယ့် သူက ပြောလာသည်။

"မနက်ဖြန်နဲ့သဘက်ခါ ပိတ်ရက်ကို သမီး အလုပ်လုပ်ရဦးမှာလား?သမီးအမေ နေမကောင်းဘူး။သူ(မ)က သမီးကို အိမ်ပြန်လာပြီးတော့ သူ(မ)နဲ့ တွေ့စေချင်နေတာ"

"နေမကောင်းဘူးလား!"

သူမ ထိတ်လန့်တကြား ဖြစ်သွားသည်။

"အမေ ဘာဖြစ်တာလဲ?ဘယ်နေရာက မသက်မသာ ခံစားရတာတဲ့လဲ?"

သူမကို အိမ်ပြန်လာဖို့ တောင်းဆိုတယ်ဆိုတော့ အဲ့ဒါက အရမ်းပြင်းထန်ပြီးတော့ သူမအမေက အရမ်းနေမကောင်းဖြစ်နေတာပဲ ဖြစ်ရမည်။

"သူ(မ)နှလုံးက သိပ်မကောင်းဘူး။သမီး အိမ်ပြန်လာတာ ပိုကောင်းတယ်"

ချန်းရော့ယွီ ရုတ်တရက် သဘောပေါက်သွားသည်။

"အမေ သမီးကို စိတ်ဆိုးနေတုန်းပဲလား"

ဒီတစ်လျှောက်လုံး အမေချန်း၏နှလုံးက အမြဲတမ်း အသေးအမွှား ပြဿနာလေးတွေ ရှိသည်။ဆရာဝန်က ၎င်းဟာ ပြဿနာမရှိဘူးလို့ ပြောထား၏။သူမကို စိတ်ချမ်းသာအောင်ထားဖို့နဲ့ အလွန်အကျွံ့ပင်ပန်းတာတွေ မလုပ်စေရန်လည်း ဆရာဝန်က အကြံပြုထားသည်။ဒီနှစ်တွေမှာ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပေ။အခု သူမ ရုတ်တရက် နေမကောင်းဖြစ်သွားသည်။ချန်းရော့ယွီသည် မိသားစုနဲ့ လက်တလော အငြင်းပွားမှုနှင့် မပျော်ရွှင်မှုများကို မတွေးဘဲမနေနိုင်ပေ။

အမေက စိတ်ဆိုးလွန်းလို့ နေမကောင်းဖြစ်သွားတာလား?

"အဲ့ဒါကို စဉ်းစားမနေနဲ့။သမီး အမေက သမီးကို လွမ်းနေတာ အဲ့ဒါကြောင့် အိမ်ပြန်လာခဲ့"

"အင်းပါ။အဲ့ဒါဆိုရင် သမီး မနက်ဖြန် မနက်ကားနဲ့ လာခဲ့မယ်"

သူမ အရမ်းစိုးရိမ်နေပြီးတော့ အဆင်သင့်ပဲ သဘောတူလိုက်သည်။သူမ ထပ်မေးလိုက်၏။

"အဖေ..အမေ့ကို ဆေးရုံခေါ်သွားပြီးပြီလား?ဆရာဝန်က ဘာပြောလဲ"

"စိတ်မပူပါနဲ့။ပြန်သာပြန်လာခဲ့...ပြီးမှ အဖေတို့ စကားပြောကြမယ်။အရင်ဆုံး သမီးအမေ ပျော်သွားအောင်လို့ အဖေ သူ(မ)ကို ပြောပြလိုက်ဦးမယ်။အဖေ ဖုန်းချပြီနော်"

အဖေချန်းသည် စကားပြောပြီးတာနှင့် ဖုန်းချသွား၏။

ချန်းရော့ယွီ စိတ်ထဲမှာ စိုးရိမ်ပူပန်နေပြီး ဓာတ်လှေကား မြေညီထပ်ကို ရောက်သည့်အချိန်တွင် သူမ စိတ်ပျံ့လွင့်နေသည်။သူမ အဆောက်အဦးထဲက ထွက်လာတဲ့အချိန် မုန့်ကုရဲ့ မျက်နှာထားကို မြင်သွားပြီး အဲ့ဒီအခါကျမှသာလျှင် သူမရဲ့မျက်နှာထက်က စိုးရိမ်ထိတ်လန့်မှုက သူ့ကို အံ့ဩသွားစေတယ်ဆိုတာ သူမ သဘောပေါက်သွားသည်။

"မင်း ဘာဖြစ်လို့လဲ" မုန့်ကုသည် သူမကို မေးလာ၏။

"ဒေါက်တာမုန့် ကျွန်မ ရှင်နဲ့ညစာမစားနိုင်တော့ဘူး။ကျွန်မအမေ နေမကောင်းလို့ ကျွန်မ အိမ်ပြန်ချင်တယ်"

"နေမကောင်းတာလား?ဘယ်လိုအခြေအနေရှိလဲ"

"ကျွန်မလည်း မသိဘူး။သူ(မ)နှလုံးက သိပ်မကောင်းဘူးလို့ ကြားတယ်။ဒါပေမဲ့ သူတို့တွေက ကျွန်မကို တကူးတက ဖုန်းခေါ်ပြီးတော့ အိမ်ပြန်လာဖို့ ပြောတာဆိုတော့ အရမ်းပြင်းထန်လို့ပဲ ဖြစ်ရမယ်။ဒီအချိန်အတောအတွင်း ကျွန်မနဲ့ကျွန်မမိသားစုကြားက ဆက်ဆံရေးက အတော်လေး အဆင်မပြေဘူး။ကျွန်မက သူတို့ကို လိမ်ခဲ့တယ်လေ။သူတို့တွေ ကျွန်မကို ရှာ‌မတွေ့အောင် ဖုန်းနံပါတ်ကိုလည်း ဖျောက်ပစ်လိုက်တော့ အမေက အရမ်းစိတ်ဆိုးနေတာ။သူ(မ)က ကျွန်မအလုပ်ကို မကြိုက်လို့ ကျွန်မတို့ ဖုန်းထဲကနေ စကားများကြတယ်။သူ(မ)က ကျွန်မကြောင့် နေမကောင်းဖြစ်သွားတာပဲ ဖြစ်ရမယ်"

သူမ စကားပြောနိုင်တဲ့ လူတစ်ယောက်ကို တွေ့တဲ့အခါ မတတ်နိုင်ဘဲ သူမအကြောင်းကို ညည်းညူမိသည်။

"စိတ်မပူပါနဲ့။မင်း စိုးရိမ်စိတ်ကြီးနေလို့ မရဘူး။အရင်ဆုံး မင်း ရှင်းရှင်းလင်းလင်း မေးရမယ်။နှလုံးပြဿနာတွေက မသေချာဘူး ပြီးတော့ မင်း ထင်ထားသလောက်လည်း မပြင်းထန်နိုင်ပါဘူး။ဆေးစစ်ချက်အဖြေက ဘာတဲ့လဲ?ဆရာဝန်က ဘာပြောလဲ?အရင်တုန်းက ဘာစစ်ဆေးမှုတွေ လုပ်ဖူးလဲ?"

အရမ်းလျင်မြန်စွာဖြင့် မုန့်ကုသည် ဆရာဝန်တစ်ယောက်၏ကဏ္ဌကို ကူးပြောင်းသွား၏။

"ကျွန်မအဖေက ဘာမှမပြောသွားဘူး။သူက ကျွန်မကို ပြန်လာဖို့ပဲ ပြောတာ အဲ့ဒီအခါကျမှ ပြောပြမယ်တဲ့။ရှုပ်ထွေးမှုတွေ ရှိနေလို့လား မသိဘူး။ဖုန်းထဲကနေ ပြောလို့ အဆင်မပြေတာနဲ့တူတယ်။ဒေါက်တာမုန့် ကျွန်မအမေ တစ်ခုခု ဖြစ်နေတာလား?ကျွန်မ......ကျွန်မ.....

မနက်ဖြန်မနက်အထိ မစောင့်ချင်တော့ဘူး။အခုပဲ ပြန်သွားချင်တယ်"

"အခုလား"

မုန့်ကု မျက်မှောင်ကြုတ်သွားသည်။

"အဲ့မှာ ညကားရှိတယ်။ညကားနဲ့ဆိုရင် Cမြို့ကို လေးနာရီလောက်နဲ့ရောက်တယ်.....ကျွန်မ.....ကျွန်မ အရမ်း စိတ်ပူနေပြီ။ကျွန်မ ဒီည ဒီမှာနေရင်တောင် အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။အဲ့ဒါကြောင့် ကျွန်မ အခု ပြန်သွားရမယ်"

"အခုက အရမ်းနောက်ကျနေပြီလေ။မိန်းကလေးတစ်ယောက်တည်း ညကားနဲ့ခရီးသွားရင် ဘယ်လိုလုပ် လုံခြုံနိုင်မှာလဲ"

"ကိစ္စမရှိဘူး။ကားကုမ္ပဏီက လျှို့ဝှက်ဒုစရိုက်ဂိုဏ်းတွေ မဟုတ်သလို လူဆိုးတွေလည်း မရှိဘူး"

"အဲ့ဒါ အသုံးမဝင်တဲ့စကားပဲ"

မုန့်ကု၏မျက်ခုံးတွေ ထပ်မံတွန့်ချိုးသွားသည်။သူ နောက်တစ်ကြိမ် ဒေါသထွက်နေတာကို သူမ ခံစားမိ၏။

"ကျွန်မက စကားကို ဘယ်လိုသေချာပြောရမလဲဆိုတာ မသိဘူး။အဲ့တော့ အဲ့ဒါက အရေးမကြီးဘူး။ဘတ်စ်ကားက အရမ်းလုံခြုံပြီးတော့ ကျွန်မ အရင်က အဲ့ဒါနဲ့ခရီးသွားဖူးတယ်။ဘာမှကိစ္စမရှိဘူး။ကျွန်မ ဒီနေ့ညသွားချင်ဝာာ။ကျွန်မ အရမ်းစိုးရိမ်နေပြီ။"

မုန့်ကု မျက်မှောင်ကြုတ်သွားပြီးတော့ ခဏလောက် စဉ်းစားနေသည်။

"ငါ မင်းကို လိုက်ပို့ပေးမယ်"

"ဘာ!"

ချန်းရော့ယွီ အော်မိသွားသည်။

"ရှင်က ဘယ်လိုလုပ် ဒါကိုလုပ်မှာလဲ?ရှင် မနက်ဖြန် ဂျူတီမရှိဘူးလား"

"အင်း"

"ဒီကနေ ဟိုအထိ အသွားအပြန်ခရီးက ရှစ်နာရီလောက်ကြာတယ်။ရှင်က အလုပ်လုပ်ရဦးမှာလေ။ရှင် ရူးနေပြီလား.......?မဟုတ်ဘူး.....ကျွန်မ ရှင့်ကို လိုက်မပို့စေချင်ဘူး"

"ငါ နေ့ဆိုင်းညဆိုင်းတွေ တောက်လျှောက်ယူတဲ့နေ့ဆိုရင် တစ်ခါတစ်လေ မအိပ်ဘူး"

"အဲ့ဒါက ညဆိုင်းလေ။သူငယ်ချင်းကို အိမ်လိုက်ပို့တာမှ မဟုတ်တာ။ညဘက် ကားမောင်းတာက အရမ်းအန္တရာယ်များတယ် ပြီးတော့ ရှင်က အလွယ်လေး မတော်တဆမှုထဲ ပါပါသွားတာကို။ကျွန်မကို ဒီလိုမခြောက်စမ်းပါနဲ့။မဟုတ်ရင် ကျွန်မ အိမ်ပြန်ရောက်တဲ့အခါကျ ရှင့်ရဲ့လုံခြုံရေးကိုပဲ စဉ်းစားနေမိပြီး အိပ်ပျော်မှာ မဟုတ်ဘူး"

မုန့်ကုသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်ခုံးတွေက ဆက်လက်တွန့်ချိုးခြင်း မရှိတော့ကာ ပါးစပ်ထောင့်တွေက အနည်းငယ် ကွေးတက်သွားသည်။

ဒီတစ်ကြိမ်မှာတော့ မျက်မှောင်ကြုတ်နေတာ ချန်းရော့ယွီဖြစ်ပြီး သူမက ဆက်ပြောလာသည်။

"ရှင်က ဆရာဝန်လေ။ရှင့်မှာ သတိထားစိတ် မရှိရင် ရှင့်လူနာတွေကို ဘယ်လိုကုသတော့မှာလဲ?အကယ်၍ ရှင်က ဆေးညွှန်းမှားပေးမိပြီးတော့ ဆေးစစ်ချက်အမှားတွေ လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ?အကယ်၍ ကျွန်မသာ ကျွန်မအမေကို ကုပေးနေတဲ့ဆရာဝန်က တစ်ညလုံး မအိပ်ဘဲ ကားမောင်းလာပြီး ဆေးညွှန်းမှားပေးမိတယ်ဆိုတာသာသိရင် ကျွန်မ သူ့ကို သေတဲ့အထိ ရိုက်ပစ်မှာ"

မုန့်ကုသည် ရယ်မောလိုက်ပြီး ချန်းရော့ယွီက သူ့လက်မောင်းကို အသာလေး ဖြတ်ခနဲ ရိုက်လိုက်သည်။

"မရယ်နဲ့။ကျွန်မ အတည်ပြောနေတာ။ရှင်က ဆရာဝန်လေ ကျွန်မလိုမျိုး အာမခံကိုယ်စားလှယ် မဟုတ်ဘူး။ကျွန်မ အနားမယူဘဲ မအိပ်တာက အဆင်ပြေပေမယ့် ရှင်ကတော့ မရဘူး"

"ကောင်းပြီ။ငါ သိပါပြီ။မင်းက တကယ် ကြမ်းတမ်းတာပဲကွာ"

သူမက ဘာလို့ အမြဲတမ်း သူ့ကို ရိုက်ရတာကို သဘောကျနေတာလဲ?

ချန်းရော့ယွီရဲ့ပါးစပ်ထောင့်တွေ တွန့်ချိုးသွားပြီး သူမ အနည်းငယ် တွန့်ဆုတ်သွားသည်။

"ကျွန်မ ပြန်လာရင် ရှင် ကျွန်မကို ထမင်းလိုက်ကျွေးဦးမှာလား"

"အင်း"

မုန့်ကုသည် သူမကို အကူအညီမဲ့စွာ ကြည့်လိုက်၏။

ချန်းရော့ယွီ ပြုံးလိုက်ပြီးတော့ သူမ သူ့ကို အခွင့်ကောင်းယူလိုက်ရသလိုမျိုး ပျော်ရွှင်မှု ခံစားရသည်။

"ရှင် အရင်ဆုံး ပြန်သွားလိုက်တော့လေ။ကျွန်မ အပေါ်တက်ပြီးတော့ ကားဂိတ်မသွားခင် နည်းနည်းပါးပါး ထုပ်ပိုးလိုက်ဦးမယ်"

"ငါ မင်းကို ကားဂိတ် လိုက်ပို့ပေးမယ်"

မုန့်ကု ပြောလိုက်ပြီးတော့ ချန်းရော့ယွီ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။သူက သူ့လက်တွေကို ဖြန့်ပြီးတော့ ပြောလာ၏။

"မင်းကို ကားဂိတ်လိုက်ပို့ပေးတာကတော့ ပင်ပန်းတဲ့ကားမောင်းမှုလို့ ယူဆလို့မရဘူး။ဟုတ်တယ်မလား"

သူမ နှုတ်ခမ်းကိုက်ပြီးတော့ ပျော်ရွှင်သွားသည်။သူမ ခေါင်းညိတ်ပြီးတော့ ပြောလိုက်သည်။

"အိုခေ"

မုန့်ကုသည် သက်ပြင်းချ၍ သူမနဲ့အတူ အပေါ်လိုက်လာသည်။သူမက သူ့ကို ဧည့်ခန်းထဲ ထိုင်နေဖို့ ပြောပြီး အမြန်ပဲ သူမအခန်းထဲသွားကာ အိတ်အသေးတစ်အိတ် ထုပ်ပိုးလိုက်သည်။အဲ့ဒီနောက် သူမ လျန်စီးစီးကို ဖုန်းခေါ်၍ အိမ်ကိုပြန်မယ့်အကြောင်း ပြောလိုက်သည်။သူမ တနင်္ဂနွေနေ့ည ပြန်လာမယ်လို့လည်း ပြောလိုက်ပြီး သူမ ဒါကိုပြောတဲ့အချိန် မုန့်ကုက သူမကို စိုက်ကြည့်လာသည်။

"ထပ်ပြီး ညဘက်ပဲလား?ဘာကိစ္စမှမရှိဘူးဆိုရင် မင်း တနင်္ဂနွေနေ့ကျရင် နေ့ကားနဲ့ ပြန်လာသင့်တယ်။တစ်ခုခုရှိတယ်ဆိုရင်လည်း မင်း ခွင့်ယူပြီးတော့ တစ်ရက်နှစ်ရက်နေပြီးမှ နေ့ခင်းဘက်ကို ပြန်လာခဲ့။မင်းက တကယ်ပဲ ညဘက်ခရီးထွက်ရတာကို အရမ်းလုံခြုံတယ်လို့ ထင်နေတာလား"

"အင်းပါ။ကျွန်မ နောက်ပြီးကျရင် ဆုံးဖြတ်လိုက်မယ်"

"နေ့ကားစီးရမယ်"

မုန့်ကုသည် အတင်းအကြပ် တိုက်တွန်းနေ၏။

"ကောင်းပါပြီ။ကျွန်မ နေ့ကားစီးပါ့မယ်"

ဒီလူ ရုတ်တရက်ကြီး အကျိုးအကြောင်းကင်းမဲ့ကာ သူမကို ဒီည သွားမရအောင် တားဆီးမှာ စိုးရိမ်တာကြောင့် သူမ အမြန်ပဲ ကတိပေးလိုက်သည်။

သူတို့်နှစ်ယောက် ကားဂိတ်ကို ရောက်တာနဲ့ အရင်တုန်းက တစ်ခါမှ ဘတ်စ်ကား မစီးဖူးတဲ့ မုန့်ကုဟာ ကားပေါ်တက်ကြည့်ပြီး ဘတ်စ်ကားက သန့်ရှင်းတာကို တွေ့တဲ့အခါမှ သူ့အမူအရာက အနည်းငယ် ကောင်းမွန်လာသည်။ချန်းရော့ယွီ လက်မှတ်ဝယ်ပြီးတဲ့နောက် အချိန်ရှိသေးတာကို မြင်ရတော့ သူမကို ညစာစားရန်အတွက် အနီးနားက McDonald's ဆီ ခေါ်သွားသည်။

သူမသည် သူမအမေရဲ့နှလုံးပြဿနှာနှင့်ပတ်သက်၍ အရမ်းစိတ်ပူနေပြီး မုန့်ကုသည် သူမကို ဗဟုသုတအချို့ ပြောပြပေးသည်။သူမအမေရဲ့အခြေအနေက ပြင်းထန်ရင် သူ့ကိုဖုန်းခေါ်ဖို့လည်း သူက ပြော၏။သူက သူမအမေကို Aမြို့သို့ ပြောင်းရွှေ့ကုသရန်အတွက် စီစဉ်ပေးနိုင်သည်။အတိုချုပ်ပြောရရင် သူမ ‌နေမကောင်းမှုကို စိုးရိမ်စရာမလိုဘဲ သူ အရာအားလုံး လုပ်ပေးမည် ဖြစ်သည်။

ချန်းရော့ယွီသည် သူ့ဆီကနေ နှစ်သိမ့်ခံရပြီးတဲ့နောက် သူမစိတ်ခံစားချက်တွေ ပိုပြီးကြည်လင်လာသည်။သူမက မုန့်ကုကို မိသားစုရဲ့အခြေအနေအကြောင်း ပြောပြပြီး သူမရဲ့ပြဿနာတွေကိုလည်း ပြောပြခဲ့သည်။သူမရဲ့အမှားတွေနဲ့သူမမိသားစုရဲ့မျှော်လင့်ချက်တွေအကြောင်း ပြောတဲ့အချိန် သူမ ပြန်ပြီးတော့ အနည်းငယ် စိတ်ဆိုးလာသည်။သူမက သူ့ကို သူမပြဿနာတွေရဲ့ တစ်ဝက်ကိုသာ ပြောပြရသေးပြီး ဆက်ပြောချင်သေးပေမယ့် ထွက်သွားဖို့ အချိန်ရောက်ပြီဖြစ်သည်။

မုန့်ကုသည် သူမကို ကားဆီ လိုက်ပို့ပေးပြီး သူမခေါင်းကို ပုတ်လိုက်၏။

"ဘယ်လောက်နောက်ကျလဲဆိုတာက အရေးမကြီးဘူး။မင်း အိမ်ရောက်ပြီဆိုရင် ငါ့ကို ဖုန်းခေါ်လိုက်"

"အင်း"

"စိတ်မပူနဲ့။နေမကောင်းဖြစ်တာကို မကြောက်နဲ့။ဆရာဝန်က အမြဲတမ်းရှိတယ်"

"အင်း"

"မင်း စိတ်လှုပ်ရှားပြီးတော့ ခရီးသွားရင်း ဝမ်းနည်းလာတယ်ဆိုရင် ငါ့ကို ဖုန်းခေါ်လို့ရတယ်"

"အင်း"

"မိသားစုတိုင်းမှာတော့ ပြဿနာဆိုတာ ရှိကြတာပဲ။ဘာပဲဖြစ်ဖြစ် အဲ့ဒါကို ဆွေးနွေးပြောတာ အကောင်းဆုံးပဲ။ဘာပဲဖြစ်ဖြစ် သူတို့က မင်းမိဘတွေ၊မဖြေရှင်းနိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူး။ဖြည်းဖြည်းနဲ့ သူတို့ကို နည်းနည်းစိတ်ရှည်ပေးလိုက်ရင် သူတို့ မင်းကို နားလည်လာလိမ့်မယ်"

သူမ ခေါင်းညိတ်လိုက်ပြီး သူမလည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသလို ခံစားရကာ စကားမပြောနိုင်ပေ။

"အထဲဝင်တော့။ခရီးမှာ သတိထားဦး။ကားပေါ်မှာ အိပ်ပျော်မသွားစေနဲ့။မင်းရဲ့လုံခြုံရေးကို အာရုံစိုက်ထား"

သူမ ထပ်ပြီး ခေါင်းညိတ်လိုက်၏။သူမ အိတ်ကိုသယ်၍ ဘတ်စ်ကားဆီ လျှောက်သွားသည်။ရုတ်တရက် သူမ အရမ်းစိတ်လှုပ်ရှားလာသည်......သူမ အိမ်ပြန်နေတာ။သူမအမေက သူမကို စိတ်ဆိုးနေဆဲဖြစ်ပြီး လျစ်လျှူရှုထားမှာလား?သူမအမေက သူမကို အပြစ်တင်မှာလား?အကယ်၍ သူမအမေသာ တကယ်နေမကောင်းဖြစ်နေတာဆိုရင် သူမ ဘာလုပ်သင့်လဲ?

သူမရဲ့အတွေးတွေ ရှုပ်ထွေးလာပြီး ခြေလှမ်းများက အလွန်လေးလံလာသည်။

"ချန်းရော့ယွီ"

ရုတ်တရက် မုန့်ကုသည် သူမကို ခေါ်လိုက်၏။

သူမ နောက်လှည့်ကြည့်လိုက်ပြီး မုန့်ကုက သူမကို မျက်နှာချင်းဆိုင်ရင် သူ့လက်မောင်းတွေကို ဆန့်တန်းထားတာ တွေ့လိုက်ရသည်။သူက ပြောလာ၏။

"ဒီလာခဲ့!"

သူမ မျက်တောင်တဖျတ်ဖျတ်ခပ်ပြီးတော့ မျက်ခမ်းသားတွေ ပူနွေးလာသည်။သူမ သူ့ဆီပြေးသွားပြီး သူ့လက်မောင်းတွေထဲ ပစ်ဝင်လိုက်သည်။

၎င်းဟာ အားပေးမှုနှင့်နှစ်သိမ့်ခြင်း ပွေ့ဖက်မှုဖြစ်သည်။ချန်းရော့ယွီ စိတ်ထဲခံစားသွားရ၏။

"အများကြီး မတွေးနဲ့"

သူက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူမခေါင်းကို ပုတ်ပေးလိုက်၏။

"မင်း ဖြည်းဖြည်းချင်း ဆုံးဖြတ်ချက်ချဖို့ ငါ စောင့်နေမယ်"

ဘာကို ဆုံးဖြတ်ရမှာလဲ?သူမ မမေးခဲ့ပေ။ဘတ်စ်ကားက ထွက်တော့မှာ ဖြစ်သည်။ချန်းရော့ယွီ လှည့်ကြည့်၍ ဘတ်စ်ကားဆီ ပြေးသွားကာ သူ့ကို လက်ဝှေ့ယမ်းပြ၍ ပြောလိုက်သည်။

"ကျေးဇူးပါ ဒေါက်တာမုန့်!"

မုန့်ကုသည် ချက်ချင်းဆိုသလို မှုန်ကုပ်သွားတဲ့အမူအရာဖြင့် မျက်မှောင်ကြုတ်သွားတာကို မြင်ရတော့ သူမ ဘာလို့ ပိုပြီး စိတ်သက်သောင့်သက်သာရှိသွားလဲဆိုတာ မသိပေ။

သူမ ကားပေါ်တက်ပြီး သူမထိုင်ခုံတွင်ထိုင်ကာ ဘတ်စ်ကားက ကားဂိတ်ကနေ လျင်မြန်စွာ ထွက်ခွာလာသည်။သူမ ခေါင်းကိုလှည့်ကြည့်လိုက်ပြီး မုန့်ကုကို မမြင်ရတော့ သူမ သက်ပြင်းချလိုက်၏။

သူမ အိမ်ပြန်နေပြီ။

###################

(ဒီအပိုင်းမှာ မြှုပ်ကွက်တွေအများကြီး ထည့်ထားပါတယ်။တချို့စာဖတ်သူလေးတွေတော့ အဖြေကို သိနေလောက်ပါပြီ)

All Chapters