← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

ဒွိဟချစ်သံယောဇဉ်:

Chapter 40-ခရိုင်တူအချစ်

ဘဝထဲက ဘယ်နေရာမှာ ငါတို့မတွေ့ကြလို့လဲ?

(T/N- အဓိပ္ပာယ်က လူတွေက သူတို့ ဘယ်နေရာမှာပဲသွားသွား တွေ့ဆုံဖို့ အခွင့်အရေးရှိနေတာပါ)

ဒီတိုက်ဆိုင်မှုက ချန်းရော့ယွီကို အံ့အားသင့်သွားစေပြီး သူမ ပျော်ရွှင်သွားသည်။

ဒီနွေးထွေးကြင်နာတဲ့ မစ္စတာဖြတ်သွားဖြတ်လာ ပေါ်လာတာက အခြားသူစိမ်းတစ်‌‌‌ယောက်ထက် ပိုကောင်းပြီး သူမကို အလွန်အမင်း စိတ်သက်သာရာရစေသည်။ကြည့်ရတာတော့ ကျိုးကျယ်လည်း အရမ်းအံ့အားသင့်သွား၏။သူ့ခေါင်းကိုကုတ်ပြီးတော့ ပြုံးပြလာသည်။

"ဒါ တိုက်ဆိုင်တာပဲနော်"

အမေနှစ်ယောက်က သူတို့ရဲ့တုံ့ပြန်မှုတွေကို အရမ်းဂရုစိုက်ကြသည်။သူတို့နှစ်ယောက်က အေမြို့မှာ အချင်းချင်း သိနေပြီးသားဖြစ်ပြီး တစ်ခရိုင်တည်းအတူတူ‌နေတယ်ဆိုတာ သိသွားတာနဲ့ အလွန်ပျော်ရွှင်သွားကြသည်။ဒီလိုပျော်ရွှင်မှုမျိုးက သူတို့ရဲ့မျှော်မှန်းချက်ကို ကျော်လွန်ပြီး မင်္ဂလာပွဲကို အရေးတကြီး ပြင်ဆင်ဖို့ လိုအပ်လာတဲ့အထိ သူတို့ရဲ့စိတ်အားထက်သန်မှုက ချန်းရော့ယွီကို ထိတ်လန့်သွားစေသည်။

ကံကောင်းစွာဖြင့် ကျိုးကျယ်က တည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်သည်။ သူမရဲ့ လူကြီးတွေကြောက်တဲ့ရောဂါ ပြန်စတင်လာတဲ့အချိန်မှာ သူမ စကားတွေ ထစ်လာပြီးတော့ ဘာပြောမရလဲ မသိတော့ချေ။ကျိုးကျယ်က ရှေ့ထွက်လာပြီးတော့ အခြေအနေကို ထိန်းချုပ်ပေးလိုက်သည်။

သူက အမေနှစ်ယောက်ကို တည်ခင်းထားပြီဖြစ်သည့် အစားအသောက်များကို စားဖို့ တိုက်တွန်းပြီး အဲ့ဒီနောက် အစားအသောက်အကြောင်း ပြောကြကာ သူတို့ကို ကျန်းမာရေးကိစ္စဆီ ဆွဲခေါ်သွားလိုက်သည်။ကျန်းမာရေးကနေ သူက လူကြီးတွေရဲ့ ဝါသနာတွေအကြောင်း ပြောကြပြီး လက်ဖက်ရည်သောက်တာ၊ကျားကစားတာ၊သိုးမွှေးထိုးတာ၊မာကျောက်ကစားတာနဲ့ နာမည်ကြီး တီဗွီဇာတ်လမ်းတွဲများအကြောင်းတောင် ပြောကြသည်။သူဟာ တကယ်တော့ ကိစ္စများစွာကို ပြောဆိုနိုင်၏။

အမေနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောတာကို စောင့်ပြီးတဲ့နောက် သူတို့ရဲ့ခံစားချက်တွေ တည်ငြိမ်လာသည့်အချိန် သူက စတင်ပြီးတော့ သူနဲ့ချန်းရော့ယွီအကြောင်းကို ဟာသနှောပြောတော့သည်။သူတို့က အခုမှ တွေ့ခါစဖြစ်ပြီး အမေနှစ်‌ယောက်က ရှေ့ကိုကြိုပြီး အရမ်းဦးဆောင်နေတာက သူတို့အတွက် ရင်းနှီးဖို့ ခက်ခဲတယ်လို့ ပြောပြလိုက်သည်။

ပြောလိုက်သည့်စကားများဟာ ကျိုးကြောင်းဆီလျော်မှုရှိပြီး သူဟာ သူတို့ရဲ့စကားဝိုင်းကိုလည်း ထိန်းချုပ်နိုင်သည်။အဆုံးမှာတော့ အမေနှစ်ယောက်ဟာ သူ ပြောတာမှန်တယ်လို့ သဘောတူလက်ခံပြီး အဲ့ဒီနောက် ညစာစားခြင်း၏ ဒုတိယတစ်ဝက်တွင် သူတို့က မင်္ဂလာပွဲနှင့်ပတ်သက်သည့်ကိစ္စ၊အိမ်ထောင်ရေးကိစ္စများကို မပြောကြတော့ပေ။ဂရုစိုက်သည့်အချက်က အလုပ်နှင့် လူငယ်နှစ်ယောက်၏ အေမြို့က ဘဝကို အာရုံစိုက်ထားကြသည်။

ချန်းရော့ယွီသည် ဒီလိုစကားမျိုးတွင် မတော်တာကြောင့် ထိုနေရာမှာပဲ မသက်မသာဖြစ်စွာ ထိုင်နေရသည်။ကံကောင်းစွာဖြင့် ကျိုးကျယ်ဟာ အရမ်းစိတ်ရှည်ပြီး အမေချန်းကလည်း သူနဲ့ပတ်သက်သည့်ကိစ္စများကို အလွန်စိတ်ဝင်စားနေသည်။အမေကျိုးကလည်း သူမသားအတွက် ဂုဏ်ယူပြီး စကားပြောရတာကို နှစ်ခြိုက်နေသည်။ဒါကြောင့် အခြေခံအားဖြင့် သူတို့က သူ့အကြောင်းကို အဓိကထားပြောကြပြီး ချန်းရော့ယွီက တိတ်တိတ်လေး ထိုင်နေတာဖြစ်သည်။ညစာဟာ အနှောင့်အယှက်မရှိဘဲ ချောချောမွေ့မွေ့ ဖြစ်သွား၏။

ညစာ အဆုံးသတ်ပြီးသည့်နောက် အမေနှစ်ယောက်က အလျှော့ပေးချင်စိတ်မရှိကြသေးဘဲ သူတို့ရဲ့ကလေးနှစ်ယောက်ဟာ ကံပါလာတဲ့စုံတွဲဖြစ်ကြောင်း ပြောဆိုနေကြသည်။သားဖြစ်သူ ကျိုးကျယ်ကို ချန်းရော့ယွီအား လမ်းလျှောက်ဖို့ခေါ်သွားစေကာ နောက်ကျမှပြန်လာဖို့ တိုက်တွန်းကြ၏။

လူတိုင်းအတွက် အနေရခက်တဲ့အခြေအနေမျိုးမဖြစ်စေချင်တာကြောင့် ကျိုးကျယ်ရော ချန်းရော့ယွီပါ သဘောတူခဲ့ကြသည်။ နောက်ဆုံးမှာတော့ အမေနှစ်ယောက်ရဲ့ ပျော်ရွှင်ပြီးအကဲခတ်တဲ့အကြည့်တွေအောက်မှာ သူတို့နှစ်ယောက်သား လမ်းမပေါ်ဆင်းခဲ့ကြသည်။

"ဟို... တကယ်တောင်းပန်ပါတယ်"

စားသောက်ဆိုင်ကနေ ထွက်လာပြီးနောက်မှာ ချန်းရော့ယွီဟာ သက်တောင့်သက်သာမဖြစ်သေးပေ။

"ကျွန်မရဲ့အမေက နည်းနည်းလေး... စိတ်ထဲမထားပါနဲ့လို့ မျှော်လင့်ပါတယ်"

ကျိုးကျယ်က ပြုံးလိုက်ပြီး ပြန်ပြောလာ၏။

"ကျွန်တော့်အမေလည်း ဒီအတိုင်းပါပဲ။ ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း မင်းစိတ်ထဲမထားပါနဲ့လို့ မျှော်လင့်ပါတယ်"

"ဪ"

သူမသည် ပိုပြီးစိတ်ပေါ့ပါးသွားကာ သက်ပြင်းချလိုက်မိတော့သည်။

"မင်း ဘာလို့ ဘလိုင်းဒိတ်တွေ့ဖို့ ပြန်လာတာလဲ"

"အာ... ကျွန်မ အလှည့်စားခံလိုက်ရတာ။ ကျွန်မအမေက ကျွန်မကို ပြန်လာပြီး ဒီမှာ အလုပ်လုပ်၊ ဒီမှာ လက်ထပ်စေချင်တာလေ။ ဒါပေမဲ့ ကျွန်မက မပြန်လာချင်ဘူး။"

ချန်းရော့ယွီ ပြောပြီးသွားပြီ။ ဒါက သူ့ကို ငြင်းပယ်လိုက်တာလို့ သတ်မှတ်လို့ရလား? သူမ ကျိုးကျယ်ကို ကြည့်လိုက်သည်။

သူလည်း သူမကို ပြန်ကြည့်ပြီး ပြောလိုက်၏။

"ဒီလောက်တောင် သန္နိဋ္ဌာန်ချထားတာလား။ တကယ်တော့ စီမြို့ က အခုဆို တော်တော်လေး တိုးတက်နေပြီ။"

"ဒီအကြောင်းကြောင့် မဟုတ်ပါဘူး။"

သူမ ဘယ်လို ရှင်းပြရမှန်း မသိပေ။

"ကျွန်တော် အေမြို့ မှာ နှစ်အတော်ကြာ နေခဲ့တာ။ အဲဒီနေရာက တကယ်ကောင်းတယ်။ အဆောက်အအုံတွေက ကြီးမားပြီးတော့ညလုပ်ငန်းအခွင့်အလမ်းတွေ၊ အလုပ်အကိုင်တွေလည်း ပေါများသလို ဝင်ငွေလည်း ပိုကောင်းတယ်။ ဒါပေမဲ့ ကိုယ့်ဇာတိမြို့ကိုပဲ ပြန်ချင်တယ်။ မိဘတွေလည်း အသက်ကြီးလာပြီ၊ ကျွန်တော်ကလည်း တစ်ဦးတည်းသော သားဆိုတော့ သူတို့ကို စိတ်ပူတယ်"

သူမ မျက်လုံးချင်းဆုံပြီး ကြည့်လိုက်တဲ့အခါ ကျိုးကျယ်ရဲ့ မျက်လုံးထဲမှာ ရိုးသားမှုကို တွေ့ရတာကြောင့် ရုတ်တရက် ရင်ထဲမှာ ထိမိသွားသည်။ အခုလို ခေတ်ကြီးထဲမှာ မိဘအပေါ် သိတတ်ပြီး တာဝန်ယူတတ်တဲ့ ယောကျာ်းကောင်းတစ်ယောက်ဆိုတာ ရှားပါး၏။

“ကျွန်မ အမေရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး”

သူမက ကျိုးကျယ်နဲ့ သူမကိုယ်သူမ ပြန်နှိုင်းယှဉ်ရင်း သူမတို့နှစ်ယောက်ကြားက ကွာခြားချက်တွေဟာ အများကြီးဆိုတာကို ခံစားမိလိုက်သည်။

“မင်းမှာ မောင်လေးတစ်ယောက် ရှိတယ် မဟုတ်ဘူးလား”

ညစာစားပွဲတုန်းက အမေချန်းက ထိုအကြောင်း ပြောတာကို သူ မှတ်မိသည်။

"သူက တခြားမြို့မှာ စာသင်နေတာလေ။ဘွဲ့ရပြီးရင်တော့ သူ ဘာလုပ်ဖို့ရည်ရွယ်ထားလဲဆိုတာ ကျွန်မ မသိဘူး"

ကျိုးကျယ်သည် ခေါင်းညိတ်၍ သူ ဘာပြောသင့်လဲဆိုတာ မသိပုံပင်။နောက်ဆုံးမှာတော့ တစ်ယောက်က အေမြို့မှာ နေချင်ပြီး အခြားတစ်ယောက်က စီမြို့ကို ဖြည်းဖြည်းချင်း ပြန်သွားမှာဖြစ်သည်။ဒီ အကြိုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ကြားမှာ တိုးတက်မှု ဖြစ်လာနိုင်စွမ်း အခြေအနေ မရှိချေ။

သူမ အနည်းငယ် ရှက်ရွံ့သွား၏။

သူမက ဒီလိုအခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိဘဲ မုန့်ကုသာ ဒီနေရာမှာ ရှိရင် ကောင်းမယ်ဟု ခံစားမိသည်။

"ဒါပေမဲ့ အဲ့ဒါ တကယ်တိုက်ဆိုင်မှုပဲနော်။ကျွန်တော့်အမေက တွဲကြည့်ဖို့ အသည်းအသန် တိုက်တွန်းနေတဲ့လူက မင်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ကျိုးကျယ်သည် ရုတ်တရက် ရယ်မောလိုက်၏။

"ရှင်လည်း ရှင့်အမေဆီကနေ ပြန်အခေါ်ခံထားရတာလား"

"မဟုတ်ဘူး။ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတစ်ခုရှိနေတာ။ ကျွန်တော့်သူငယ်ချင်းတွေက လူတစ်‌ယောက်နဲ့ မိတ်ဆက်ပေးမယ် ပြောတယ်လေ။အဲ့ဒါက ဒီနေ့ချိန်းထားတာဖြစ်နေတာ။ဒါနဲ့ ကျွန်တော်လည်း မိသားစုကို ပြန်လာမယ်လို့ ပြောထားလိုက်တာ။သူတို့က ဒါကို အခွင့်အရေးယူပြီးတော့ ညစာဒိတ် စီစဉ်ပေးလိုက်မယ်လို့ မထင်ထားဘူး"

သူက အလုပ်များနေပေမယ့်လည်း ဘလိုင်းဒိတ်‌တွေ့ဖို့ အဖမ်းခံရတာကို သူမ တွေးမိသွားသည်။သူမနဲ့ နှိုင်းယှဉ်ရင် သူက ပိုပြီးတော့တောင် ဆိုးဝါးနေတာကြောင့် သူမ အလိုလို ရယ်မောမိသွားသည်။

သူတို့နှစ်ယောက်ဟာ လမ်းလျှောက်ရင်း စကားစမြည်ပြောကြပြီး သူတို့တွေဟာ သူငယ်ချင်းဘောင်အတွင်းမှာ ရှိနေသည်ဟု ယူဆလို့ရသည်။ချန်းရော့ယွီသည် ဖြည်းဖြည်းချင်း စိတ်သက်သာလာပြီး သူမက စတင်ပြီးတော့ စကားတွေ ပိုပြောလာသည်။ကျိုးကျယ် သူမကို အိမ်ပြန်လိုက်ပို့တဲ့အချိန် သူမ ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။

"မစ္စတာကျိုး.....ကျွန်မ တကယ်တော့ ဘလိုင်းဒိတ်တွေ့ဖို့အတွက် ပြန်မလာချင်ဘူး။ကျွန်မ အမေဆီကနေ လှည့်စားခံလိုက်ရတာ ပြီးတော့ လောလောဆယ် ကျွန်မ စီမြို့ကို ပြန်လာဖို့ ရည်ရွယ်ချက်မရှိဘူး"

"ကျွန်တော် နားလည်ပါတယ်။မင်း ကျွန်တော့်ကို အရင်က ပြောဖူးတယ်"

ကျိုးကျယ်သည် ခေါင်းညိတ်၍ သဘောကောင်းစွာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲလေ။ဒီအကြောင်းပြောတော့မှ ကျွန်တော်တို့က တကယ့်ကို တွေ့ဖို့ကံပါလာကြတာပဲ။မင်း ဒီဘလိုင်းဒိတ်ကြောင့် မထိတ်လန့်သွားဖို့ မျှော်လင့်ပါတယ်။ပြီးတော့ ကျွန်တော် ကျွန်တော့်အ‌မေနဲ့ စကားပြောလိုက်ပါ့မယ်။ဒါဆိုရင် သူတို့ ဒီကိစ္စကို စိတ်ပူတော့မှာ မဟုတ်ဘူး"

"ရှင့်ကို ကျေးဇူးတင်ပါတယ်။ကျွန်မလည်း ကျွန်မမိသားစုကို စကားပြောလိုက်ပါ့မယ်။ကျွန်မ ရှင့်ကို ဒုက္ခမပေးမိဘူးလို့ မျှော်လင့်ပါတယ်နော်"

"မဟုတ်ပါဘူး။မင်း မလုပ်ပါဘူး"

ကျိုးကျယ်သည် ပြုံး၍ သူ့ရဲ့သွားဖွေးဖွေးတွေကို ဖော်ပြလာသည်။ချန်းရော့ယွီဟာ ထပ်ပြီးတော့ သူ့အပြုံးက မုန့်ကုနှင့်ဆင်တူသည်ဟု ခံစားမိ၏။

"မနက်ဖြန် နေ့လယ်ခင်းကျရင် ကျွန်တော် စီမြို့ကို ပြန်မှာ။မင်း ကျွန်တော်နဲ့အတူတူ ပြန်မလား?ဘာပဲဖြစ်ဖြစ် တစ်လမ်းတည်းပဲဆိုတော့ ကျွန်တော် မင်းကို မင်းအိမ်တံခါးဝအထိတောင် ပြန်လိုက်ပို့ပေးလို့ရတယ်"

ဒါ တကယ်မှန်တယ်။၎င်းက တကယ်ပဲ တစ်လမ်းတည်းဖြစ်ပြီး သူမ အိမ်တံခါးဝအထိတောင် လိုက်ပို့ခံရလိမ့်မယ်။

သူမ ပြုံး၍ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ချန်းရော့ယွီ အိမ်ပြန်ရောက်သည့်အချိန် အဖေချန်းက အမေချန်းကို ဆေးတိုက်နေတာ သူမ တွေ့လိုက်ရသည်။

"ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ဘူး။ဒါက အရင်အပတ်တုန်းက ဆရာဝန် ညွှန်ပေးလိုက်တဲ့ ဆေးတွေ"

"သမီးအမေက အရမ်းပျော်နေတာ။သူ(မ)က အရမ်းစိတ်လှုပ်ရှားတာနဲ့ သူ(မ)နှလုံးက မသက်မသာ ဖြစ်လာရော"

အဖေချန်းဟာ သူ့မိန်းမ နေမကောင်းဘူးလို့ ပြောပေမယ့်လည်း အဖေချန်းသည် အရမ်းပျော်ရွှင်နေပုံပေါက်၏။

"ရှောင်ယွီ သမီး ဒီနေ့ တွေ့ခဲ့တဲ့ လူငယ်လေးကို စိတ်ကျေနပ်ရဲ့လား?သမီးတို့က အချင်းချင်း သိနေပြီးသားဆို ပြီးတော့ ခရိုင်တစ်ခုတည်းနေတယ်လို့ အဖေ ကြားတယ်။ဒါ ဖူးစာပဲ မဟုတ်ဘူးလား?အဖေတော့ ဒါကအရမ်းကောင်းတယ်လို့ ထင်တယ်။သမီးအမေကလည်းပြောတယ် တစ်ဖက်မိသားစုက သမီးကိုအရမ်းစိတ်ကျေနပ်တယ်တဲ့"

"သူက အဆင်ပြေပါတယ်။ဒါပေမဲ့ အချိန်အတောအတွင်းတော့ သမီးတို့အတွက် မဖြစ်နိုင်သေးဘူး။သမီး သူနဲ့ စကားပြောခဲ့ပြီးပြီ"

"မဖြစ်နိုင်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ"

အမေချန်းသည် ၎င်းကို ကြားရသည့်အခါ စိတ်ပူပန်သွား၏။

"သူက နင့်ကို မကြိုက်ဘူးလို့ ပြောလိုက်လို့လား ဒါမှမဟုတ် သူ့မှာ တခြားအမြင်တွေ ရှိနေတာလား?"

"မဟုတ်ပါဘူး။အဲ့လိုမျိုး မဟုတ်ဘူး........"

ချန်းရော့ယွီသည် သူမ ဆက်ပြောတော့မယ့်အချိန်မှာပဲ အမေချန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားတာ မြင်လိုက်ရသည်။သူမက သူမအမေထိုင်ရန်အတွက် အမြန်‌သွားကူပေးလိုက်သည်။

"အမေ မသက်မသာဖြစ်လို့လား?ဆေးရုံသွားပြီး ဆေးစစ်ကြည့်ချင်လား?"

"ဘာမှမဖြစ်ဘူး.......ငါ အဆင်ပြေတယ်"

အမေချန်းသည် သူမလက်ကို ဝှေ့ရမ်းပြလိုက်၏။

"နင် ငါ့ကို စိတ်ပူရအောင် မလုပ်သရွေ့ အဆင်ပြေတယ်။ငါ့ကို ပြောစမ်းပါဦး....အခုအခြေအနေက ဘာလဲ?ဘာလို့ မဖြစ်နိုင်တာလဲ?အခြေအနေတွေအားလုံးက နင်တို့နှစ်ယောက်လုံးအတွက် အတော်လေး ကောင်းနေပြီ မဟုတ်ဘူးလား။သူ့မိသားစုက ချမ်းသာပြီး အထက်တန်းလွှာက မိသားစု မဟုတ်ဘူး။သူကလည်း သူ့ရဲ့ယာဉ်မောင်းသင်တန်းကို စတင်နေပြီး သူ့မှာ ချေးငွေရှိနေတုန်းပဲ။ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် နင် သူနဲ့လက်ထပ်လိုက်ရင် သူနဲ့အတူ ချေးငွေကို တစ်ယောက်တစ်ဝက် ဆပ်နေရဦးမှာ။သူ့မှာ ကောင်းတဲ့အရာက အိမ်တစ်လုံးပိုင်တာပဲ။သူက တစ်ဦးတည်းသောသားဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီးလည်း နင် စိုးရိမ်စရာ မလိုတော့ဘူး။အနာဂတ်ကျရင် အမွေခွဲတာနဲ့ပတ်သက်ပြီး ပြဿနာတက်စရာမရှိတော့ဘူး။နင်လည်း အငယ်တွေရဲ့တာဝန်ကိုထမ်းစရာမလိုတော့ဘူး။ဒါတွေအားလုံးက နင့်အတွက် ကောင်းတာပဲလေ။ပြောရမယ်ဆိုရင် ငါတို့မိသားစုနှစ်စုက လူမှုအဆင့်အတန်းမှာ ကောင်းကောင်းလိုက်ဖက်တယ်။နင်တို့တွေ တစ်ယောက်နဲ့တစ်ယောက် မကောင်းတဲ့အချက်တွေ မကြည့်သင့်ဘူး။သူက နင့်ကို ဘာပြောတာလဲ?သူက နင့်ရဲ့ဘယ်အချက်ကို မ‌ကောင်းဘူးလို့ ထင်တာတဲ့လဲ?"

"မဟုတ်ဘူး......အဲ့ဒါက သမီးပါ......."

ချန်းရော့ယွီသည် သူမအမေရဲ့ ဖြူဖျော့နေတဲ့မျက်နှာကိုကြည့်ကာ ချက်ချင်းဆိုသလို ၎င်းကို သည်းမခံနိုင်တော့ပေ။သူမရဲ့အသံက ပိုပြီးတော့ နူးညံ့သွား၏။

"သမီး အေမြို့မှာပဲ နေချင်သေးတယ်"

အမေချန်း၏အမူအရာ ပြောင်းလဲသွားပြီး သူမက ချန်းရော့ယွီကို စိုက်ကြည့်လာသည်။အဲ့ဒီနောက် ချန်းရော့ယွီကို လက်ညှိုးထိုးလိုက်ပေမယ့် စကားတစ်လုံးမှ သူမပါးစပ်ကနေ ထွက်မလာပေ။အဖေချန်းလည်း ဘေးနားတွင် တိတ်တဆိတ်ရပ်နေပြီး စကားမပြောချေ။

ခဏလောက် ကြာပြီးသည့်နောက် အမေချန်းသည် ခေါင်းရမ်း၍ မတ်တပ်ရပ်ကာ သူမအခန်းထဲ ဝင်သွားသည်။အဲ့ဒီနောက် သူမက တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်သည်။အဖေချန်းသည် သူ့မိန်းမနောက်ကို ပြေးလိုက်သွားပြီး အဲ့ဒီနောက် သူ့သမီးကို ပြန်လှည့်ကြည့်ကာ နောက်ဆုံးမှာတော့ ဘာစကားမှမပြောဘဲ အခန်းထဲဝင်သွားသည်။

ချန်းရော့ယွီကတော့ ထိုနေရာတွင် တစ်‌ယောက်တည်းရပ်နေပြီး သူမစိတ်ထဲတွင် ပြောမပြနိုင်သည့် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။

*******

ဒီနေ့ညမှာ သူမအခန်းထဲပုန်းနေပြီး မုန့်ကုကို ဖုန်းခေါ်လိုက်သည်။

"ဒေါက်တာမုန့် ရှင် စကားပြောလို့ အဆင်ပြေရဲ့လား?"

"ဆယ်နာရီတောင်ကျော်နေပြီလေ။ဘာလို့ အဆင်မပြေရမှာလဲ?"

"ကျွန်မက ရှင် ဘလိုင်းဒိတ်ညစာစားတာ မပြီးသေးမှာ စိုးရိမ်လို့ပါ"

မုန့်ကု၏အသံက မပျော်ရွှင်တော့ပေ။

"ငါ ပြောပြီးပြီလေ။အဲ့ဒါ ဘလိုင်းဒိတ် မဟုတ်ဘူးလို့"

"အင်းပါ ဒါဆိုလည်း.....အဲ့ဒါက ဘလိုင်းဒိတ် မဟုတ်ဘူးပေါ့"

သူမမှာ သူနဲ့ရန်ဖြစ်ရန်စိတ်ခံစားချက် မရှိပေ။သို့သော်လည်း သူမ အမြန်ပဲ ထပ်ပြောလိုက်၏။

"ရှင့်အခြေအနေကို စုစည်းပြီးခိုင်မာတဲ့တွေ့ဆုံမှုလို့ ခေါ်သင့်တယ်။ပထမအကြိမ်က ဘလိုင်းဒိတ်။ဒုတိယအကြိမ်က အချင်းချင်းရင်းနှီးလာအောင် စကားပြောတာ"

မုန့်ကုသည် မပျော်ရွှင်တော့ဘဲ မာဆတ်ဆတ် ပြောလာ၏။

"ချန်းရော့ယွီ မင်း ထပ်ပြီး ယားနေပြန်ပြီလား?"

"ဟင့်အင်း ...ဟင့်အင်း"

သူမရဲ့လက်ညှိုးဖြင့် စောင်ပေါ်တွင် ပုံဆွဲနေလိုက်သည်။

"ဒေါက်တာမုန့် ကျွန်မ ရှင့်ကို ပြောစရာတစ်ခုရှိတယ်"

"အင်း?"

"ကျွန်မ ဒီနေ့ ဘယ်သူနဲ့တွေ့ခဲ့လဲဆိုတာ ရှင် ခန့်မှန်းကြည့်ပါ့လား?"

"ဘယ်သူလဲ"

"ကျွန်မတို့ နောက်ဆုံးတစ်ခေါက် ယာဉ်တိုက်မှုဖြစ်တာကို မျက်မြင်ကြုံပြီး ကျွန်မ မေ့လဲသွားတာကို မှတ်မိလား?အဲ့မှာ ကျွန်မတို့ကို ကူညီပေးခဲ့တဲ့ ကြင်နာတတ်တဲ့ယောကျာ်းတစ်ယောက် ရှိတယ်လေ။အခုတလောမှ သူက ကျွန်မနဲ့ ခရိုင်တစ်ခုတည်းအတူတူနေတယ်ဆိုတာ သိလိုက်ရတယ်။သူက အိမ်နီးနားချင်း ဖြစ်နေတယ်။အဲ့ဒါနဲ့ ကျွန်မ ဒီနေ့ သူ့ကို ထပ်တွေ့ပြန်ရော။သူက တကယ်တော့ ကျွန်မရဲ့ဘလိုင်းဒိတ်ပါတနာ ဖြစ်နေတယ်တဲ့လေ!"

ဖုန်းဟာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွား၏။အဲ့ဒီနောက် မုန့်ကု၏အသံ ထွက်ပေါ်လာသည်။

"ချန်းရော့ယွီ မင်းဘယ်အချိန်ပြန်လာဖို့ စီစဉ်ထားလဲ"

"ရှင်က ဘာလို့ ကျွန်မရဲ့အတင်းကို စိတ်မဝင်စားတာလဲ?ကျွန်မ ရှင့်ကို တကယ်ပြောပြချင်လို့ပါဆို။ဒီနေ့ ကျွန်မ တကယ်အံ့ဩသွားတာ။သူ ဖြစ်နေလိမ့်မယ်လို့ လုံးဝမထင်ထားဘူး"

"မင်း သူ့ကို ငြင်းလိုက်လား"

"အင်း ဒါပေမဲ့ ကျွန်မအမေက အရမ်းစိတ်ဆိုးသွားလို့ ကျွန်မ စိတ်မကောင်းဖြစ်နေတယ်"

မုန့်ကုသည် သူ့အသံကိုနူးညံ့၍ သူမကို နှစ်သိမ့်လိုက်၏။

"ဒါပေမဲ့ မင်းအမေကို ပျော်အောင် လုပ်ပေးချင်တာနဲ့ပဲ မင်းမကြိုက်တဲ့လူတစ်ယောက်ကို လက်ခံလိုက်လို့မရဘူးလေ ဟုတ်တယ်မလား?"

"တကယ်တော့ ကျိုးကျယ်က အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။သူ့နာမည်က ရှင့်ဟာနဲ့ပုံစံအတူတူပဲ။သူက စီမြို့မှာ နေချင်ပြီးတော့ ကျွန်မက အေမြို့မှာ နေချင်တာကြောင့်သာ။အဲ့ဒါကြောင့် ကျွန်မတို့ဆက်ဆံရေးက တိုးတက်မယ့်ပုံမပေါ်ဘူး"

"အဲ့ဒါဆို သူက အေမြို့မှာ မင်းနဲ့အတူတူ ဆက်နေချင်တယ်ဆိုရင် မင်းက ဒီဆက်ဆံရေးကို အများကြီး တိုးတက်ခွင့်ပြုလိုက်မှာလား"

မုန့်ကု၏အသံက တစ်ဖန်ပြန်ပြီးတော့ ဒေါသကြီးလာပြန်သည်။

"ဟမ်...?"

သူမ ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားကြည့်လိုက်တယ်။တကယ်ဖြစ်လာမှာလား?

"ချန်းရော့ယွီ မင်း တကယ်ပဲ ဘယ်အချိန် ပြန်လာမှာလဲ?"

မစ္စတာတိုင်ရန်နိုဆောရပ်စ်က ထပ်ပြီးပေါ်လာပြန်တာလား?ချန်းရောယွီ မျက်နှာအောက်သိုးသိုးဖြစ်သွားသည်။

"ကျွန်မ မနက်ဖြန်ပြန်လာမှာ။တနင်္လာနေ့ကျ အလုပ်ရှိသေးတယ်"

"မင်းဘတ်စ်ကားက ဘယ်အချိန်ရောက်မှာလဲ?ငါ မင်းကို ကားဂိတ်လာကြိုမယ်"

ဒီစကားက လေးနက်ပြီး ဩဇာအပြည့်ဖြစ်နေကာ သူ့လေသံက ခိုင်မာနေသည်။

"မလိုဘူး။ကျိုးကျယ်က သူလည်း မနက်ဖြန် အေမြို့ပြန်မှာလို့ ပြောတယ်။သူက ကားမောင်းပြီးတော့ ကျွန်မကို လိုက်ပို့ပေးမယ်တဲ့။ကျွန်မတို့က ဧရိယာတစ်ခုတည်းနေတာဆိုတော့ သူက ကျွန်မကို အိမ်တံခါးဝအထိ လိုက်ပို့ပေးလို့ ရတယ်လေ"

"သူကလည်း အေမြို့မှာ အလုပ်လုပ်နေတာလား?မင်းပြောတဲ့ ခရိုင်တစ်ခုတည်းဆိုတာက မင်းမိဘတွေနေတာကို ပြောတာမဟုတ်ဘဲ မင်းနေတာကို ပြောတာလား?"

"ဟုတ်တယ်။သူလည်း အေမြို့မှာ အလုပ်လုပ်နေတာ။ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ သူက စီမြို့ကိုပြန်ပြီး သူ့ကိုယ်ပိုင်ယာဉ်မောင်းသင်တန်းဖွင့်ဖို့ စီစဉ်ထားတယ်။ကျွန်မအမေက ကျွန်မ စီမြို့ကို ပြန်လာလိမ့်မယ်လို့ မျှော်လင့်နေသေးတာလေ အဲ့ဒါကြောင့် သူ(မ)က ကျိုးကျယ်က ကျွန်မအတွက် လိုက်ဖက်တယ်လို့ တွေးထားတာ"

မုန့်ကုသည် ထပ်ပြီးတော့ တိတ်ဆိတ်သွားပြန်ကာ ခဏလောက်အကြာမှာတော့ သူက ပြောလိုက်၏။

"မင်းတို့နှစ်‌ယောက်လုံးက အေမြို့မှာ အလုပ်လုပ်ပြီး ဘလိုင်းဒိတ်တွေ့ဖို့ စီမြို့ကို ပြန်သွားကြတယ်။အဲ့နောက် အေမြို့ကို ပြန်လာပြီး တစ်ယောက်နဲ့တစ်‌ယောက် ချစ်သွားကြ၊ပြီးရင် လက်ထပ်ဖို့အတွက် စီမြို့ကို ပြန်သွား၊ အဲ့ဒါပြီးတော့ စီးပွားရေးစလုပ်တော့မှာပေါ့လေ။တကယ့်ကိုပဲ...ဒါက ဘယ်လိုဖြစ်တာလဲ?"

"ကျွန်မအမေရဲ့ဇာတ်ညွှန်းအရဆိုရင် ကိစ္စတွေက ဒီလိုပဲဖြစ်သင့်တယ်။သူ(မ) ဒီလိုလူမျိုးရှာတွေ့တယ်ဆိုတာ အရမ်းအရည်အချင်းရှိလို့ပဲနော် မဟုတ်ဘူးလား"

မုန့်ကု တိတ်ဆိတ်နေသည်။

သူမက တစ်ခုခု မှားယွင်းနေတာ သတိထားမိသွားပြီး စကားပြောတာ ရပ်လိုက်သည်။

"ဒေါက်တာမုန့် ရှင် စိတ်ခံစားချက် မကောင်းဘူးလား?ရှင့်ရဲ့ဘလိုင်းဒိတ်ကြောင့် ပြဿနာဖြစ်လို့လား?ရှင် သူ(မ)ကို မကြိုက်တာတောင် ရှင့်အဖေက အတင်းဖိအားပေးနေလို့လား?"

"မဟုတ်ဘူး။သူ ငါ့ကို ဖိအားပေးလို့ မရဘူး"

သူက ခဏရပ်တန့်သွားပြီး ထပ်မေးလာ၏။

"တကယ်တော့ မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"

"ကျွန်မအမေကလည်း ကျွန်မကို ဖိအားမပေးဘူး ဒါပေမဲ့ ကျွန်မ အေမြို့ကို ပြန်ချင်တယ်လို့ သူ(မ)ကို ပြောလိုက်တော့ သူ(မ)အရမ်း စိတ်ဆိုးသွားတယ်။သူ(မ)ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး။ဒီနေ့ဆိ ဆေးသောက်နေရတုန်းပဲ။ဒေါက်တာမုန့် ကျွန်မ သူ(မ)ကို စိတ်ဆိုးပေမယ့် သူ(မ)က ကျွန်မအမေလေ။ကျွန်မနှလုံးသားက သူ(မ)အတွက် နာကျင်ရတယ်"

မုန့်ကုသည် စကားမပြောတာကြောင့် သူမ ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

"ဒေါက်တာမုန့် ကျွန်မ စီမြို့ကို မကြိုက်ဘူး။အေမြို့မှာ ကျွန်မ အများကြီး မအောင်မြင်ပေမယ့် ကျွန်မမှာ သာမန်အလုပ်တစ်ခုရှိတယ်။ကျွန်မမှာ အိမ်မရှိဘူး။ရည်းစားမရှိဘူး။ဒါပေမဲ့ ကျွန်မမှာရှိတဲ့လွတ်လပ်မှုကို ကျွန်မ ချစ်တယ်။ဒါပေမဲ့လေ ကျွန်မ အိမ်ပြန်လာတဲ့အခါကျရင် ကျွန်မမိဘတွေရဲ့မျက်နှာအမူအရာနဲ့ ကျွန်မ မကြာခင်ပြန်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို မြင်ရင် ကျွန်မ ပြန်ပြီး စိတ်မကောင်းဖြစ်သွားပြန်ရော။ကျွန်မကို ပြောပါဦး။ကျွန်မ ဘာလုပ်သင့်လဲ"

"ချန်းရော့ယွီ မင်း ဒီကျိုးကျယ်နဲ့ မပတ်သက်ခင်တုန်းက စီမြို့ကနေ ထွက်ခွာဖို့ ဘာမှ မရည်ရွယ်ခဲ့ဘူးဆိုတာ အမှန်ပဲလား။ အခု သူနဲ့တွေ့ပြီးတော့ မင်းမှာ အခွင့်အရေး ရှိပြီလို့ ခံစားနေရပြီလား။ မင်းအတွက် သူက မှန်တယ်လို့လည်း တွေးနေတာ ဟုတ်တယ်မဟုတ်လား”

မုန့်ကုက ပြန်ပြီးတော့ ပြင်းထန်လာသည်။

"ဒါက ကျိုးကျယ်နဲ့ ဘာဆိုင်လို့လဲ။ အခု ကျွန်မမိဘတွေအကြောင်း ပြောနေတာ။ ကျွန်မ သူတို့နဲ့ လွန်ခဲ့တဲ့နှစ်နှစ်လုံး စကားများခဲ့ပေမယ့် အရမ်းပင်ပန်းတယ်လို့ ခံစားရပေမယ့် အေမြို့ကိုပဲ ပိုကြိုက်တယ်ဆိုပေမယ့်......

သူတို့ အသက်ကြီးလာကြပြီ၊ အမေ့ကျန်းမာရေးလည်း မကောင်းတော့ဘူး။ ဒီတစ်ခါ အိမ်ပြန်လာပြီး သူတို့ရဲ့ရုပ်ရည်တွေကို မြင်လိုက်ရတော့ ကျွန်မ စိတ်မကောင်းဘူး။ ဒေါက်တာမုန့်၊ အဲ့ဒီနှစ်တုန်းက ရှင် အိမ်ကနေ ထွက်ပြေးခဲ့တုန်းက ရှင့်အမေ နေမကောင်းလို့ နောက်ဆုံးတော့ အိမ်ပြန်မလာခဲ့ဘူးလား။ ဒေါက်တာမုန့် အဲ့ဒီတုန်းက ကျွန်မမိသားစုနဲ့ အဆက်အသွယ်ပြတ်သွားတဲ့အချိန်၊ ရှင်က စိတ်အတိုဆုံးလူ မဟုတ်ခဲ့ဘူးလား။ ရှင် ကျွန်မကို နားလည်ပေးလိမ့်မယ်လို့ ထင်ထားတာ"

အခြားတစ်ဖက်သည် တိတ်ဆိတ်ငြိမ်သက်သွားပြီး သူမက ဖုန်းကိုကိုင်ထားကာ နှုတ်ခမ်းကိုက်၍ သူ ပြန်ပြောတာ စောင့်နေသည်။

"ချန်းရော့ယွီ ငါ မင်းကို ပြောလိုက်မယ်........မင်းက အဲ့ဒီကျိုးကျယ်အတွက် မသင့်တော်ဘူး"

"ဘာလို့လဲ?"

သူက ဘာလို့ ကျိုးကျယ်အပေါ်မှာ ထပ်တလဲလဲ ပြောနေတာလဲ?အသိသာကြီးကို သူမက သူမရဲ့မိဘတွေအကြောင်း ပြောနေတာပါ။

"မင်းရည်းစားဟောင်းကလည်း မင်းနဲ့ခရိုင်တစ်ခုတည်း နေခဲ့တာ မဟုတ်ဘူးလား?ဒီကျိုးကျယ်ကလည်း မင်းနဲ့ ခရိုင်တစ်ခုတည်းပဲ။မင်းမှာ ခရိုင်တူအချစ်ရဲ့ ရောဂါရှိတယ်။အဲ့ဒါကြောင့် မင်း ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး"

သူမ ပါးစပ်ကြီးဟပြီး အံ့အားသင့်သွားသည်။သူက ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ?

"သူ့အပေါ်မှာ အချိန်ဖြုန်းမနေနဲ့!မြန်မြန် ပြန်လာခဲ့တော့!"

ချန်းရော့ယွီ ဒေါသထွက်လာပြီ။

သူက ဘယ်လိုလုပ် သူမကို ဒီလိုမျိုး ဆူပူကြိမ်းမောင်းနိုင်ရတာလဲ?ခရိုင်တူအချစ်ရောဂါပေါ့လေ! ထွီ!!!

သူမ ဖုန်းချပစ်လိုက်သည်။

######################

Kikko's Note- ကျောက်တုံးကသိတယ် $တုံးကမသိဘူးဆိုတာ တို့မမလေးရော့ယွီပါရှင်🥹

All Chapters