← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

ဒွိဟချစ်သံယောဇဉ်:

Chapter 42- ရှင်က ဆရာဝန်တစ်ယောက်ပဲလေ

ချန်းရော့ယွီ စိတ်ထဲမှာတော့ အိမ်ပြန်ချင်စိတ်တို့က အရှိန်အဟုန်ပြင်းသည့် မြှားတစ်စင်းလိုပင်။

သူမမှာ မုန့်ကုကို ပြောစရာ စကားပေါင်းများစွာ ရှိ၏။သူမစိတ်ထဲက ပင်ပန်းဆင်းရဲမှု‌တွေ၊မရေရာတဲ့ အနာဂတ်၊ သူမရဲ့ အလုပ်အကိုင် ကိစ္စများနှင့် အချစ်ရေး ကိစ္စများကိုပင် ပြောပြချင်နေသည်။ မုန်ကု၏ အကြံပြုချက်ကို သူမ လိုချင်၏။ သူ့ စကားများက နားထောင်လို့ မကောင်းပေမယ့် မုန့်ကုက တည်ငြိမ်ပြီး ဘက်မလိုက်သူတစ်ယောက်ပင်။

ဒါပေမဲ့လည်း ကံမကောင်းစွာဖြင့် အိမ်အပြန်ခရီးမှာ အဆင်မပြေခဲ့ချေ။ အဝေးပြေးလမ်းမကြီးထဲ ဝင်ရောက်လိုက်တာနှင့် ရှေ့မှာ ကားတိုက်မှုတစ်ခုကြောင့် ကြီးမားသည့် ယာဉ်ကြောပိတ်ဆို့မှုကို သူတို့ ကြုံတွေ့လိုက်ရသည်။

ကားက ရပ်နေသည်မှာ နာရီဝက်ပင် ရှိနေပြီဖြစ်၏။ သူမ စိတ်ပူပန်လာသဖြင့် မုန့်ကုအား ဖုန်းခေါ်သော်လည်း ဖုန်းကိုင်သူ မရှိပေ။

ကျိုးကျယ်က သူမကို စိတ်မပူရန် နှစ်သိမ့်ပေးပြီး နောက်ပြောင်လိုက်သေးသည်။

"ကျွန်တော်တို့နှစ်ယောက် အတူတူရှိတဲ့အခါတိုင်း ကားမတော်တဆမှုတွေနဲ့ပဲ ကြုံရတတ်တာလား မသိဘူးနော်”

သူမမှာ တကယ်ပင် ရယ်၍မရချေ။ ထို့ပြင် ကားမတော်တဆမှုတစ်ခု၌ သူမနှင့်အတူ ရှိခဲ့ဖူးသော အခြားသူတစ်ယောက်ကို သတိရမိသည်။ ထိုသူသည် ပထမဆုံး လုပ်ခဲ့သည်မှာ လူများကို ကယ်ဆယ်ရန် အလျင်စလို ပြေးထွက်သွားခြင်းဖြစ်ပြီး၊ သူ့ကားနောက်ဖုံးတွင် ဆေးသေတ္တာအိတ်တစ်လုံးပါရှိခဲ့သည်ကိုလည်း သူမ မှတ်မိနေသည်။

ကျိုးကျယ်သည် မတော်တဆမှု သတင်းကို စုံစမ်းရန် ရှေ့သို့ ထွက်သွားသည်။ ခဏအကြာတွင် သူ ပြန်လာပြီး ပြောပြ၏။

“ယာဉ်ထိန်းရဲတွေက လမ်းပိတ်ဆို့မှုတွေကို ရှင်းလင်းနေပြီ၊ ကျွန်တော်တို့ သိပ်ကြာကြာ စောင့်ရတော့မှာ မဟုတ်ပါဘူး”

ချန်းရော့ယွီ ခေါင်းညိတ်ပြပြီး အဲ့ဒီနောက် မုန့်ကုကို ထပ်မံ ဖုန်းခေါ်ဆိုသော်လည်း ယခုတစ်ကြိမ်လည်း ဖုန်းကိုင်သူ မရှိပေ။ ကျိုးကျယ်သည် ကားရေဒီယိုကို ဖွင့်လိုက်ရာ အမြန်လမ်းမကြီးပေါ်တွင် နောက်မှဝင်တိုက်သည့် ကားရှစ်စီးတိုက်မှုနှင့် ဘတ်စ်ကားနှစ်စီး ပါဝင်သည့် မတော်တဆမှုအကြောင်းကို သတင်းအချက်အလက်သတိပေးချက်က အစီရင်ခံနေသည်နှင့် အချိန်ကိုက် ဖြစ်နေသည်။ ဒဏ်ရာရရှိသူများစွာရှိပြီး ၎င်းတို့ကို ဆေးရုံသုံးရုံသို့ ပို့ဆောင်ထားသည်။ သေဆုံးသူ အရေအတွက်ကိုလည်း ရေတွက်ဆဲ ဖြစ်သည်။

သတင်းတွင် ဖော်ပြခဲ့သော ဆေးရုံများထဲမှ တစ်ခုမှာ မုန့်ကု တာဝန်ထမ်းဆောင်နေသော ဆေးရုံဖြစ်သည်။

သတင်းအစီရင်ခံစာကို နားထောင်ပြီးတဲ့နောက် ချန်းရော့ယွီသည် အလွန်အမင်း စိတ်ပူပန်သွား၏။

အတော်ကြာကြာစောင့်ဆိုင်းပြီးတဲ့နောက် လမ်းက နောက်ဆုံးတော့ သွားလာနိုင်သွားသည်။

ကျိုးကျယ်သည် ယာဉ်လမ်း‌ကြောင်းအတိုင်း မတော်တဆဖြစ်ပွားရာ နေရာကို ဖြည်းညှင်းစွာ မောင်းနှင်ခဲ့သည်။ ချန်းရော့ယွီမှာ သွေးကြောက်သည့် ရောဂါရှိတာကို သူ သတိရသွားပြီး သူမကို သတိပေးလိုက်၏။

“မကြည့်နဲ့နော်။ ဟိုဘက်မှာ သွေးကွက်တွေ အများကြီးပဲ”

သူမက ခေါင်းညိတ်လိုက်သော်လည်း သူ့ သတိပေးမှုကို ကျေးဇူးတင်စကား ပြောဖို့ စိတ်အခြေအနေ မရှိခဲ့ချေ။ ရုတ်တရက် သူမ ပြောလိုက်၏။

“ကျွန်မ အရင် အိမ်မပြန်ချင်ဘူး။ ဆေးရုံမှာ ချပေးလို့ရမလား”

သူမက ဆေးရုံနာမည်ကို ကျိုးကျယ်အား ပြောလိုက်သည်။

ကျိုးကျယ် ခဏလောက် ကြောင်သွားပြီး အဲ့ဒီနောက် ရုတ်တရက် သတိရသွားသည်။

“မင်း အဲဒီဆရာဝန်ကို သွားတွေ့မလို့လား။ သူက မင်းသူငယ်ချင်းလား”

“ဟုတ်တယ်”

“မင်းတို့ နှစ်ယောက်က...”

ကျိုးကျယ်က သိချင်စွာဖြင့် မေးလိုက်သည်။

“သူက မင်းရဲ့ ရည်းစားလား။ မင်းမိသားစုက ဒီအကြောင်းကို မသိဘူး မဟုတ်လား”

“မဟုတ်ပါဘူး။ သူက ဒီအတိုင်း သူငယ်ချင်းကောင်းတစ်ယောက်ပဲ”

ချန်းရော့ယွီသည် ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သူမ အပြစ်ရှိသလို ခံစားနေစရာ အကြောင်းမရှိဟု တွေးလိုက်သည်။ ဒီကမ္ဘာပေါ်မှာ စုံတွဲဖြစ်နိုင်ခြေ အနည်းဆုံးသူများထဲတွင် ဘယ်သူတွေပါလဲလို့ ပြောရရင် သူမနဲ့မုန့်ကုပဲ ဖြစ်မှာပင်။

ကျိုးကျယ်သည် ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။ မတော်တဆဖြစ်ပွားရာ နေရာကို ကျော်လွန်မောင်းနှင်ပြီးနောက် ကားသည် အရှိန်ပြန်တက်လာသည်။ ထိုအချိန်မှစ၍ ခရီးစဉ်သည် ချောမွေ့သွားပြီး သူက သူမကို ဆေးရုံသို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့သည်။

ဆေးရုံ အရေးပေါ်ဌာနသည် လူများဖြင့် ပြည့်နှက်နေသည်။ ထိခိုက်ဒဏ်ရာရသူများစွာကို ထိုနေရာသို့ ပို့ဆောင်နေပုံရ၏။ ကျိုးကျယ်သည် သူ့ကားကို ရပ်နားပြီး ချန်းရော့ယွီနှင့်အတူ လိုက်ချင်ပေမယ့် သူမက ငြင်းပယ်လိုက်သည်။ သူမသည် ကျိုးကျယ်ကို ကျေးဇူးတင်စကား ပြောကြားပြီး အရင်ပြန်ရန် ပြောလိုက်၏။ အဲ့ဒီနောက် အရေးပေါ်ခန်းမထဲသို့ တိတ်ဆိတ်စွာပင် တိုးဝှေ့ဝင်ရောက်သွားတော့သည်။

သတင်းထောက်များ၊ ရဲအရာရှိများ၊ မိသားစုဝင်များ၊ ဒဏ်ရာရရှိသူများနှင့် အခြားသာမန်လူနာများအားလုံး အဲ့ဒီနေရာတွင် ပြုံတိုးနေကြသည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းများမှာ အလျင်စလို ပြေးလွှားနေကြပြီး လူတိုင်းဟာ ကြီးမားသည့် လူအုပ်ကြီးထဲတွင် ရောယှက်နေကြသည်။

သူမ မုန့်ကု ထပ်ပြီး ဖုန်းခေါ်ပေမယ့် ယခုတစ်ကြိမ်လည်း ဖုန်းကိုင်သူ မရှိပြန်ချေ။

ဒါကြောင့် သူမ မက်ဆေ့ခ်ျ ပို့လိုက်၏။

~ကျွန်မ ပြန်ရောက်ပြီ။ကားမတော်တဆမှု သတင်းတွေကို တွေ့တယ်။ရှင် အလုပ်များနေလား?ရှင် ကျွန်မစာကို မြင်တဲ့အချိန်ကျ ဖုန်းခေါ်လိုက်နော်။ကျွန်မ ဆေးရုံဉယျာဉ်ထဲမှာ ရှင့်ကို စောင့်နေမယ်"

သူမသည် ဆေးရုံဉယျာဉ်သို့သွား၍ ခဏလောက် ထိုင်နေလိုက်သည်။ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာ၏။သူမ ဗိုက်ဆာလာပြီးတော့ အနီးနားက ပေါင်မုန့်ဆိုင်ဆီသွားကာ ပေါင်မုန့်အနည်းငယ် ဝယ်လိုက်ပြီး အဲ့ဒီနောက် ဈေးဆိုင်အသေးလေးသို့သွားကာ ရေသန့်တစ်ဘူး ဝယ်လိုက်သည်။သူမက မုန့်ကု သူမနဲ့လွဲသွားမှာ စိုးရိမ်တာကြောင့် အလျင်စလို ပြန်သွားသည်။

အရေးပေါ်ဌာနထဲမှလူများ လျော့နည်းသွားပြီဖြစ်ပြီး ချန်းရော့ယွီသည် မုန့်ကုအား ထပ်ပြီး ဖုန်းခေါ်လိုက်သော်လည်း ဘယ်သူမှ မကိုင်ချေ။ အဲ့ဒီနောက် သူမက မက်ဆေ့ချ်ထပ်မံ ပို့လိုက်သည်။ သူမသည် ဆေးရုံဉယျာဉ်ရှိ ထိုင်ခုံတန်းဆီသို့ ပြန်သွားပြီး ထိုင်နေလိုက်၏။

ပုံမှန်အတိုင်း သူမ ပေါင်မုန့်ဖြူကင်ကို ရေသန့်ဘူးနှင့်အတူ စားနေသည်။ ဒီတစ်ကြိမ်မှာတော့ သူမကို စကားလာပြောရန် ဘယ်သူမှ ရုတ်တရက် ပေါ်မလာသလို မုန့်ကုလည်း ပေါ်မလာချေ။ သူမသည် ခေါင်းကိုမော့ကာ လနှင့် ကြယ်များကို ကြည့်လိုက်သည်။

သူမ ဆေးရုံပန်းခြံထဲတွင် ညဘက် ထိုင်နေတာ ဒါ ပထမဆုံးအကြိမ်ပင်။ ကဗျာထဲမှာဆိုရင်... 'ခေါင်းမော့လို့ လကိုကြည့်၊ ခေါင်းငုံ့လို့ ဇာတိကို သတိရ' ဟု ဆိုထားသည်။ ဒါပေမဲ့ သူမကတော့ သူမဇာတိကို သတိရရန် ကြောက်ရွံ့နေသည်။ ဇာတိကို တွေးလိုက်ရုံနှင့် စိတ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။ အခု အေမြို့မှာ ရှိနေချိန်တွင် သူမအလွန်အမင်း စိတ်လက်ပေါ့ပါးသည်ဟု ခံစားရသည်။ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်နှင့် အလွန် နီးစပ်နေတာကြောင့် စိုးရိမ်ပူပန်မှုများမှာ အဝေး ပျော်ဝင်သွားပြီဟု သူမ ခံစားလိုက်ရသည်။

ခဏလေး... မှားတယ်... သူက သူမရဲ့လူ မဟုတ်ဘူး။

သူမသည် ပေါင်မုန့်ကို နောက်တစ်ဖဲ့ ကိုက်စားလိုက်သည်။ သူက မက်မွန်ပွင့်တောအုပ်ကြီးဖြစ်ပြီး မစ္စတာမက်မွန်ပွင့်ပုပ် ဖြစ်သည်။

သူမရဲ့ဖုန်းကို ထုတ်ယူပြီး ထပ်ကြည့်လိုက်သည်။ မျက်နှာပြင်ပေါ်ရှိ မစ္စတာမက်မွန်ပွင့်တောအုပ်သည် အမြဲလိုပင် ချောမောနေသေးသော်လည်း ကံမကောင်းစွာဖြင့် သူ့ထံမှ မက်ဆေ့ခ်ျ သို့မဟုတ် ဖုန်းခေါ်ဆိုမှု တစ်စုံတစ်ရာမှ မရှိသေးချေ။

ချန်းရော့ယွီသည် စိတ်ရှည်လက်ရှည် ဆက်လက် စောင့်ဆိုင်းနေ၏။

တကယ်တမ်းတော့ ကျိုးကျယ်က ယောက်ျားကောင်းတစ်ယောက်ပင်။ သူက တော်တယ်၊ကြင်နာတယ်၊နွေးထွေးတယ် အလုပ်အကိုင်ကို ဂရုစိုက်ပြီး မိဘကို လုပ်ကျွေးနေတဲ့သူပင်။ သူနဲ့ အတူတူရှိရတာက သာယာ၏။ သူ့ရဲ့ စီမြို့ကို ပြန်သွားမယ်ဆိုတဲ့ အကြောင်းရင်းသာ မရှိခဲ့ရင် သူမက သူ့နဲ့ ဆက်ဆံရေးကို ပိုမို တိုးတက်အောင် လုပ်ဆောင်လိုစိတ် ရှိပါ့မလား?

ဒါပေမဲ့လည်း လျန်စီးစီး ဖော်ပြဖူးသည့်အတိုင်း ရင်ထဲ၌ လှုပ်ရှားတုန်လှုပ်ခြင်းမျိုးကို သူမ မခံစားရချေ။ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံပြီးနောက် သင်းကွဲသမင်ငယ်ကလေးတစ်ကောင်လို ရည်ရွယ်ချက်မဲ့ ပြေးလွှားနေရသည့် ခံစားချက်မျိုးမရချေ။မုန့်ကုကို သူမ တကယ် သဘောကျကြောင်း ပထမဆုံး သိလိုက်ရတဲ့အချိန်က ခံစားခဲ့ရသည့် ထိတ်လန့်တကြားဖြစ်မှုမျိုးနှင့်တူပြီး အဲ့လိုခံစားချက်မျိုးက.......

“ဒီတော့ မင်း နောက်ဆုံးတော့ ပြန်လာဖို့ ဆန္ဒရှိသွားပြီလား”

မေးခွန်းတစ်ခုဟာ ချန်းရော့ယွီ၏ အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။

သူမ လှည့်ကြည့်လိုက်သည့်အခါ မုန့်ကုကို တွေ့လိုက်ရသည်။ သူက ပေါ့ပေါ့ပါးပါး အဝတ်အစားများကို လဲလှယ်ထားပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။ ထိုမေးခွန်းကို မေးလိုက်တဲ့ သူ့အသံကတောင် အရမ်းနွမ်းနယ်နေဆဲဖြစ်၏။

သူမ နှုတ်ခမ်းကို မဲ့လိုက်ပြီး သူ့ရဲ့ဆိုးရွားတဲ့သဘောထားကို လျစ်လျူရှုလိုက်သည်။

မုန့်ကုသည် သူမနားရောက်လာပြီး ဘေးမှာ ဒုန်းခနဲ ထိုင်ချလိုက်သည်။

သူမ ရေသန့်ဗူးတစ်ဗူးကို သူ့ဆီကမ်းပေးသော်လည်း သူက ခေါင်းယမ်းပြသည်။

“ရှင် စားပြီးပြီလား။ ဗိုက်ဆာလား”

သူက ခေါင်းယမ်းလိုက်ပြီးမှ ပြန်ညိတ်လိုက်သည်။ သူမက သူပြောချင်တာကို တကယ်နားလည်လိုက်ပြီး သူမရဲ့ပေါင်မုန့်ကို ထုတ်လိုက်သည်။

“ရော့၊ ဒါက ကြက်သွန်ဖြူပါတာ။ အရသာရှိတယ်”

“အရမ်း ခြောက်တယ်၊ မစားချင်ဘူး”

သူက ရေသောက်ချင်စိတ် မရှိသလို ပေါင်မုန့်ကိုလည်း ခြောက်တယ်ပြောပြီး ငြင်းပယ်နေသည်။ သူမသည် သူ့ကို လျစ်လျူရှုကာ ပေါင်မုန့်ကို ပြန်သိမ်းလိုက်ပြီး သူ့ဘေးတွင် ထိုင်နေလိုက်သည်။

သူတို့နှစ်ဦးစလုံး ခဏလောက် တိတ်ဆိတ်စွာ ထိုင်နေကြပြီးနောက် မုန့်ကုက ရုတ်တရက် ပြောလာသည်။

“ချန်းရော့ယွီ မင်းက ပုံမှန်ဆို စကားအရမ်းများတာ၊ ပြောလို့ရပြီ၊ ငါ နားထောင်ချင်တယ်”

“ဘယ်သူက ပြောလဲ”

ချန်းရော့ယွီ မကျေမနပ်ဖြစ်သွားသည်။

“ရှင် မေ့သွားပြီလား။ ကျွန်မ စကားနည်းလွန်းလို့ အရင်က စွန့်ပစ်ခံခဲ့ရဖူးတယ်”

“မင်း စကားပြောမကောင်းရင် အာမခံ ဘယ်လို ရောင်းနိုင်မှာလဲ”

“ကျွန်မက အာမခံလုပ်ငန်းနဲ့ ရင်းနှီးတယ်။ ဖောက်သည်ရဲ့ အခြေအနေတိတိကျကျကို နားလည်ပြီး အလုပ်လုပ်လိုက်တာနဲ့ ရောင်းလို့ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စွမ်းဆောင်ရည်က ပျမ်းမျှပဲ ရှိပါတယ်”

သူမ ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မရဲ့ ဖောက်သည်တွေကတော့ အတည်ငြိမ်ဆုံးပဲ။ ကျွန်မက တည်ကြည်ပြီး တာဝန်ယူမှုရှိတာကြောင့် ကျွန်မရဲ့ ဖောက်သည်ဟောင်းတွေက ဖောက်သည်အသစ်တွေကို အများကြီး မိတ်ဆက်ပေးတယ်လေ"

“အင်း...”

မုန့်ကုသည် ခုံတန်းပေါ်သို့ မှီချလိုက်ပြီး သူမ၏ အောင်မြင်မှုများကို စိတ်မဝင်စားပုံရသည်။

သိသာစွာဖြင့် သူက အရမ်းပင်ပန်းနေပုံရပြီး သူမက ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ အဲ့ဒီနောက် သူမ ထပ်ပြီးတော့ တိတ်ဆိတ်သွား၏။

ရုတ်တရက် မုန့်ကုက ပြောလာသည်။

“ချန်းရော့ယွီ ငါ စိတ်အခြေအနေမကောင်းဘူး။ ငါ့စိတ်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ တစ်ခုခု ပြောပြနိုင်မလား”

“ဒီလို အခြေအနေမျိုးမှာ ပူပူနွေးနွေး ခေါက်ဆွဲဟင်းချိုတစ်ပန်းကန် စားပြီး အိမ်ပြန်အိပ်တာက ပိုမသင့်တော်ဘူးလား”

“ငါ အရမ်း ပင်ပန်းနေတယ်၊ မလှုပ်ချင်ဘူး”

ဒါ ဘာအကြောင်းပြချက်လဲ! ချန်းရော့ယွီ မျက်မှောင်ကြုတ်လိုက်သည်။

“ရှင် စိတ်အခြေအနေမကောင်းရင် သကြားဓာတ်နည်းနည်း ဖြည့်သင့်တယ်။ ဒါပေမဲ့ ကျွန်မ ဒူးရင်းချိုချဉ် မယူလာခဲ့မိဘူး”

“ငါ ဒူးရင်းသီးအရသာကို မုန်းတယ်”

မုန့်ကုရဲ့ မယဉ်ကျေးတဲ့ အဖြေက ထိုအရသာအပေါ် သူ့ရဲ့မနှစ်သက်မှုကို ပြသနေသည်။

သူမ သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး ပြောလိုက်၏။

“ဒါဆို ရှင့်စိတ်ကို ဘယ်လို ပေါ့ပါးစေရမလဲဆိုတာ ကျွန်မ မသိတော့ဘူး။ ရှင် ညစာ သွားစားပြီး အိမ်ပြန်နားသင့်တယ်”

မုန့်ကုသည် သူမကို လှည့်ကြည့်လိုက်ပြီး သူမရဲ့ မျက်ခုံးနှစ်ခုကြားနေရာကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။

“ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးတာ မင်းက အကောင်းဆုံး မဟုတ်ဘူးလား”

ချန်းရော့ယွီ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားပြီး မေးလိုက်သည်။

“ဒီလို စွမ်းရည် ကျွန်မမှာ ဘယ်တုန်းက ရှိခဲ့တာလဲ”

“ငါ ခွဲစိတ်ခန်းက ထွက်လာတော့ စိတ်ဓာတ်ကျပြီး အရမ်းပင်ပန်းနေတယ်။ ဒါပေမဲ့ ငါ့ဖုန်းကို ကြည့်လိုက်တော့ လွတ်သွားတဲ့ ဖုန်းခေါ်ဆိုမှု လေးခုနဲ့ မဖတ်ရသေးတဲ့ မက်ဆေ့ချ်နှစ်စောင်ကို တွေ့လိုက်ရတော့ ရုတ်တရက် ငါ့စိတ်အခြေအနေ ပိုကောင်းသွားတယ်”

တကယ့်ကို ပုံမှန်မဟုတ်ဘူး! သူမ သူ့ကို စိုက်ကြည့်လိုက်တယ်.. ဒီလူက သူမရဲ့စိုးရိမ်ပူပန်မှုကို ဖျော်ဖြေရေးတစ်ခုအဖြစ် အမြဲ သဘောထားတာပဲ။

“ရှင် ဒါကို ပြောရဲသေးတာလား!ဒီနေ့ ရှင် ကျွန်မကို လာကြိုမယ်လို့ ကတိပေးထားတာ၊ ဘာလို့ ဖုန်းမဆက်တာလဲ”

“မင်းကို လိုက်ပို့ပေးမယ့်သူ ရှိနေပြီလေ။ အိမ်ရှေ့အထိတောင် လိုက်ပို့ပေးသေးတယ်။ အဲဒီနောက် မင်းက သူ့ကိုလက်တွဲပြီး အိမ်ပြန်မှာ။ ငါ့ရဲ့ နွေးထွေးတဲ့ မျက်နှာကို ဘာလို့ အေးစက်တဲ့ တင်ပါးမှာ သွားကပ်ရမှာလဲ။ ပြီးတော့ မနေ့ကလည်း မင်း ငါ့ကို ဖုန်းချသွားသေးတယ်”

ဒီအကြောင်းကို ပြောလိုက်တော့ သူ စိတ်တိုလာသည်။

“မင်း ငါ့ကို ဖုန်းချသွားပြီး ပြန်လည်းမခေါ်ဘူး။ ဒါကြောင့် ငါ အရင် ဖုန်းမဆက်ဘူးဆိုတာ သေချာတယ်”

(T/N-နွေးထွေးသော မျက်နှာကို အေးစက်သော တင်ပါးတွင် ကပ်ခြင်း၏ အဓိပ္ပါယ်မှာ တစ်စုံတစ်ဦးကို နွေးထွေးသော ခံစားချက်ပြသသော်လည်း အေးစက်သော ငြင်းပယ်မှုနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။)

သူ စိတ်တိုနေတာလား။ ဒီလူက တကယ်ကို စိတ်ပျက်စရာကောင်းပြီး သူမက သူ့ကို ရိုက်ချင်စိတ် ပေါက်သွားတယ်။

“မြန်မြန်၊ သွားညစာစားရအောင်”

သူမသည် သူ့ကို လျစ်လျူရှုချင်ပေမယ့် သူ့ကို ပစ်ထားခဲ့ရန်လည်း စိတ်မချနိုင်ပေ။

“စားချင်စိတ် မရှိဘူး”

“ရှင််ကို ကျွန်မ ဖုန်းထပ်ခေါ်လိုက်မယ်၊ ဒါပေမဲ့ မကိုင်နဲ့။ အဲဒီအခါ ရှင် လွတ်သွားတဲ့ ခေါ်ဆိုမှုတွေကို ကြည့်လိုက်ရင် စိတ်အခြေအနေပိုကောင်းသွားပြီး အစာစားချင်စိတ်လည်း ရှိလာလိမ့်မယ်”

မုန့်ကုသည် ရယ်လိုက်ပြီး သူရဲ့ရှည်လျားသော ခြေထောက်များကို ဆန့်ထုတ်လိုက်သည်။

“ပြောသားပဲ၊ ငါ့ကို ပျော်အောင် လုပ်ပေးတဲ့နေရာမှာ မင်းက အကောင်းဆုံးပဲ။ ငါ့စိတ်ကို ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့ ဒီလိုမျိုး အရူးထဖြေရှင်းနည်းကိုတောင် မင်း စဥ်းစားနိုင်သေးတယ်”

ဖြန်း!

ချန်းရော့ယွီသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သူ့ကို ရိုက်ချလိုက်လေတော့သည်။

မုန်ကူးသည် သူ့လက်မောင်းကို ပွတ်သပ်ရင်း သူမရဲ့ရုတ်တရက် အကြမ်းဖက်မှုအတွက် တီးတိုးညည်းတွားပြီး သက်ပြင်းချလိုက်သည်။ အဲ့ဒီနောက် သူသည် ခုံတန်းပေါ်သို့ ပြန်မှီချလိုက်ကာ စကားမပြောတော့ချေ။

“ညစာ သွားစားမှာလား၊ မစားဘူးလား”

ချန်းရော့ယွီ စိတ်မရှည်တော့ပေ။ သူ့ကို ကန်ထုတ်လိုက်ချင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားပြီး မေးလိုက်သည်။

“ရှင် ဗိုက်နာနေတာလား”

“နည်းနည်း”

သူက ပြန်ဖြေပြီး ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ဆန်ပြုတ်ဆိုင် ဒါမှမဟုတ် ခေါက်ဆွဲဆိုင် သွားရှာရအောင်။ ပူပူနွေးနွေး ဟင်းရည် သောက်တာက ဗိုက်ကို ပိုသက်သာစေမှာ”

သူမသည် သူ့ကို ဆွဲထူရန် ပြင်လိုက်သည်။ ရုတ်တရက် သူသည် လက်နှစ်ဖက်စလုံးကို မြှောက်လိုက်ပြီး ပြောလာ၏။

“ချန်းရော့ယွီ ခုနလေးတင် အသက်နှစ်ချောင်း ငါ့လက်ထဲကနေ လွတ်ထွက်သွားခဲ့ပြီ။ ငါ သူတို့ကို မကယ်နိုင်ခဲ့ဘူး...”

သူ့အသံမှာ တိုးလျပြီး လေးလံနေသည်။

ချန်းရော့ယွီသည် အံ့အားသင့်သွားပြီး သူ့မျက်လုံးများကို စိုက်ကြည့်လိုက်သော်လည်း ထိုနေရာတွင် ပျော်ရွှင်မှု အရိပ်အယောင်ကို မတွေ့ရချေ။ လှောင်ပြောင်မှုလုံးဝမရှိဘဲ၊ ဝမ်းနည်းခြင်းသာ ရှိနေပြီး သူမ သူ့ရဲ့ကူကယ်ရာမဲ့မှုကို မြင်ကာ စိတ်မကောင်းဖြစ်သွားသည်။

“ချန်းရော့ယွီ၊ ငါ မင်းကို ပြောပြချင်တာတွေ အများကြီးရှိတယ်။ မင်း ပြန်လာရင် ပြောပြဖို့ အစက စီစဉ်ထားတာ၊ ဒါပေမဲ့ အခုတော့ ငါ တကယ်ကို စိတ်မကောင်းဘူး”

သူသည် ခေါင်းငုံ့ကာ သူ့လက်နှစ်ဖက်ကို ကြည့်နေသည်။ သူမ ကြက်သေသေသွားပြီး သူ့ကို ဘယ်လို နှစ်သိမ့်ရမှန်း မသိတော့ချေ။

“ငါ ဆရာဝန်ဖြစ်လာတာ ဒီလောက်ကြာပြီဆိုတော့ ဒီကိစ္စတွေမှာ စိတ်ပွင့်လင်းသွားပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ငါ့အတွက်တော့ မလုံလောက်သေးဘူး။ ငါ ခွဲစိတ်ခန်းက ထွက်လာတော့ အဲဒီမိသားစုတွေရဲ့ မျက်လုံးထဲက မျှော်လင့်ချက်မဲ့မှုနဲ့ သူတို့ရဲ့ ကျယ်လောင်တဲ့ ဝမ်းနည်းကြေကွဲသံတွေက ငါ့ကို ဝမ်းနည်းစေတယ်”

သူက သူ့ကိုယ်သူ တီးတိုးရေရွတ်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။

“ငါ့လက်တွေက သူတို့ကို မကယ်တင်နိုင်ခဲ့ဘူး”

သူမသည် သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ရန် ကြိုးစားသော်လည်း စကားလုံးများက သူမ လည်ချောင်းထဲတွင် ပိတ်မိနေဆဲပင်။ သူမ ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် သူမ၏ အိတ်ဘက်သို့ လှည့်လိုက်၏။

သူမက လက်လိမ်းခရင်မ်တစ်ဗူးကို ထုတ်ယူပြီးအဲ့ဒီနောက် မုန့်ကု၏ လက်ကို ဆွဲယူလိုက်သည်။ သူမသည် သူ့လက်ကို ပွတ်သပ်ပြီးမှ ခရင်မ် အနည်းငယ်ကို သူ့လက်ပေါ် ညှစ်ချလိုက်သည်။ မုန့်ကုသည် ကြည့်နေရုံမှလွဲ၍ မခုခံပေ။ သူမသည် လက်လိမ်းခရင်မ်ကို သူ့လက်ပေါ်သို့ ညင်သာစွာ သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးရာ ခရင်မ်သည် သူ့အရေပြားထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။

“ပိုးသတ်ဆေး သုံးပြီးရင် လက်လိမ်းခရင်မ် မလိမ်းဘူးလား။ ရှင့်ရဲ့လက်က အရမ်းခြောက်သွေ့နေတယ်။ ဆရာဝန်တစ်ယောက်ရဲ့ လက်က အရမ်းအရေးကြီးတယ်ဆိုတာ ရှင် သိသင့်တယ်။ ရှင်က ဆရာဝန်တစ်ယောက်ပဲလေ။ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လို့ ထင်နေတာလား။ ရှင်က ငယ်သေးတယ်၊ သင်ယူရဦးမယ့် ဆေးပညာကျွမ်းကျင်မှုတွေ အများကြီး ရှိသေးတယ်။ ရှင် အကောင်းဆုံး ကြိုးစားခဲ့တာကို သူတို့ သိပါတယ်။ အသက်နှစ်ချောင်းကို မကယ်နိုင်ခဲ့ပေမဲ့ အခြားသူတွေ အများကြီးကိုရော ကယ်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား"

မုန့်ကုသည် စကားမပြောဘဲ သူမမျက်နှာကို မော့ကြည့်လိုက်ပြီး အဲ့ဒီနောက် ခရင်မ်လိမ်းနေသည့် သူမလက်များကို ပြန်ငုံ့ကြည့်လိုက်သည်။

“ဆရာဝန်တစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် ဒီလောက် ထိလွယ်ရှလွယ်ဖြစ်နေရတာလဲ။ ဒီလောက် စိတ်ဖိစီးမှုလေးကို မခံနိုင်ရင် နောက်ပိုင်းကျ လူနာတွေကို ဘယ်လို ခွဲစိတ်မှုတွေ ထပ်လုပ်တော့မလဲ။ ကျွန်မတို့လို အာမခံရောင်းတဲ့သူတွေက အမြဲတမ်း ပယ်ချခံရတာ၊ ဖုန်းချခံရတာမျိုးတွေ ကြုံရတယ်။ ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ဆဲဆိုတဲ့သူတွေလည်း ရှိသေးတယ်၊ ကျွန်မသာ ဒီလောက် ထိလွယ်ရှလွယ်ဖြစ်နေရင် အဲဒီဖုန်းတွေကို ခေါ်ဖြစ်မှာတောင် မဟုတ်ဘူး”

“မင်းက ထိလွယ်ရှလွယ်မဟုတ်ဘူး။ မင်းရဲ့ အကြောတွေက ဆင်ခြေထောက်လို ထူနေတာ”

မုန့်ကုက ဖြတ်ပြောလိုက်ပြီး သူ့အသံသည် အလွန်တိုးတာကြောင့် ချန်းရော့ယွီ ကောင်းကောင်း မကြားလိုက်ရချေ။

“ဘာတွေ တိုးတိုးပြောနေတာလဲ”

လက်တစ်ဖက်ကို ပွတ်ပြီးသွားတော့ သူ့လက်နောက်တစ်ဖက်ကို ပြောင်းလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်။စားချင်စိတ်မရှိဘူးလို့ ပြောပြီး မစားချင်ဘူး၊ ပြီးတော့ စိတ်အခြေအနေမကောင်းဘူးလို့ ပြောပြီး ရှက်ရမှန်းမသိ အိမ်မပြန်ဘဲနေတာက ဘာသဘောလဲ။ ရှင် ဒီလိုမျိုး နောက်ထပ်မလုပ်ရဘူး၊ နားလည်လား။ လူနာတွေကို မပြုစုခင် ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်။ ဆရာဝန်ရဲ့ လစာက အရမ်းများတယ်၊ ဒါကြောင့် နည်းနည်းပိုကြိုးစားတာကလည်း မှန်တယ်။ စိတ်ဖိစီးမှုရှိတာက ပုံမှန်ပါပဲ။ရှင် အဲဒါကို ကျော်လွှားတတ်အောင် သင်ယူရမယ်”

သူမ စကားများများပြောလေလေ၊ လမ်းကြောင်းပိုလွဲလေလေဖြစ်ပြီး သူ့ရဲ့မြင့်မားသောလစာကိုပါ ထည့်ပြောလာခဲ့သည်။ မုန့်ကုသည် သူမ ပြောတာများကို နားထောင်ရင်း တစ်ခါတစ်ရံ မျက်ခုံးပင့်လိုက်၊ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်လိုက် လုပ်နေခဲ့သည်။

နောက်ဆုံးမှာတော့ လက်နှစ်ဖက်စလုံးကို နှိပ်နယ်ပြီးသည့်နောက် ချန်းရော့ယွီသည် ၎င်းတို့ကို ကြည့်ကာ စိတ်ကျေနပ်မှုရသွားသည်။

“ပြီးပြီ။ ကြည့်ပါဦး၊ ဈေးပေါတဲ့ လက်လိမ်းခရင်မ်ကလည်း အလုပ်ဖြစ်တယ်။ ရှင့်ရဲ့လက်တွေက အရမ်းကြီးတော့ ခရင်မ်တွေ အလကား ကုန်တာပဲလက်ကို အကုန်လုံး ဖုံးဖို့ အနည်းဆုံး သုံးဆ လိုတယ်”

ဒီအကြောင်း ပြောရတာ တကယ့်ကို ရင်နာစရာပင်။ထို အမှတ်တံဆိပ်ခရင်မ်က သူမရဲ့ပိုက်ဆံအိတ်ကို တကယ်ပင် ဒဏ်ဖြစ်စေခဲ့တယ်လေ။

သူမသည် ပစ္စည်းများကို သိမ်းဆည်းပြီး သူ့ကို ဆွဲထူလိုက်သည်။ အာဏာရှင်ဆန်သည့် လေသံဖြင့် သူမက ပြောလိုက်၏။

“လာ၊ ညစာ သွားစားရအောင်။ ညစာစားပြီးရင် အိမ်ပြန်ရေချိုး၊ ပြီးမှ အိပ်။ နိုးလာရင် ရှင်က ချောမောပြီး တက်ကြွတဲ့ ဆရာဝန်တစ်ယောက် ပြန်ဖြစ်နေလိမ့်မယ်”

သူမသည် သူ့ကို ရှေ့နည်းနည်း ဆွဲခေါ်လိုက်ချိန်တွင် သူမလက်ကောက်ဝတ် တင်းကျပ်သွားသည်ကို ခံစားလိုက်ရပြီး ဆန့်ကျင်ဘက် အားတစ်ခုက သူမကို ဆွဲလှန်လိုက်သည်။

သူမ နောက်ပြန်ကြည့်လိုက်၏။ မုန့်ကုက ပြင်းထန်စွာ ဆွဲယူလိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ သူမရဲ့ အမြင်အာရုံ မှောင်မိုက်သွားပြီး သူက ခေါင်းငုံ့ကာ သူမရဲ့နှုတ်ခမ်းကို နမ်းလိုက်၏။

ချန်းရော့ယွီ မျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့နူးညံ့တဲ့ နှုတ်ခမ်းကို ခံစားလိုက်ရသည်။ သူက အရင်တစ်ကြိမ်ကလို နှုတ်ခမ်းကို အမြန် ပြန်မခွာသွားဘဲ သူ့အနမ်းရဲ့ဖိအားကို တိုးမြှင့်လိုက်ပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် ရစ်ဝဲနေသည်။

သူမ ဘာကို တွေးနေလဲဆိုတာ သူမ ကိုယ်တိုင်လည်း မသိချေ။ မသိစိတ်နှင့် အလိုအလျောက်ပင် သူမသည် လက်များကို မြှောက်ကာ သူ့လည်ပင်းကို သိုင်းဖက်လိုက်၏။ သူမနှုတ်ခမ်းများကိုလည်း ဟလိုက်သည်........

All Chapters