အခန်း ၄၃
Vol. 5 Ch. 43
ဒွိဟချစ်သံယောဇဉ်:
Chapter 43- မင်း ငါ့ကို ထိန်းချုပ်နေတာလား?
မုန့်ကုသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ပြီး အချင်းချင်း ထိတွေ့မှု ပိုမိုနက်ရှိုင်းစေရန်နဲ့ တစ်ယောက်ရဲ့ အရသာကို တစ်ယောက်မျှဝေခံစားရန်အတွက် သူမပါးစပ်အတွင်းထဲ ထိုးဖောက်ဝင်ရောက်လိုက်သည်။
ချန်းရော့ယွီ သူမလျှာပေါ်မှာ စုပ်ယူနေသည့် ခံစားမှုကို ခံစားလိုက်ရပြီး သူမရင်ခုန်သံဟာ မမှန်မကန် ခုန်ပေါက်နေခဲ့တော့သည်။ သူမစိတ်တစ်ခုလုံး ထူပူမူးဝေသွားပြီး တုံ့ပြန်မှုအချို့ ပြခဲ့ပေမယ့်လည်း နောက်ဆုတ်ရန် သို့မဟုတ် တုံ့ဆိုင်းရန် အခွင့်အရေး တစ်စုံတစ်ရာကိုမျှ သူက မပေးခဲ့ချေ။
သူက အရမ်းအားသန်ပြီး အာဏာအပြည့် ရှိနေတာပဲ!!
ဒါဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ဩဇာအာဏာပါသည့် အနမ်းကြီး!
သူမခါးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမဦးခေါင်းနောက်ဘက်ကို ဖမ်းကိုင်ကာ သူမကို သူ့ဆီ တင်းတင်းကြပ်ကြပ် ဖိကပ်ထားလိုက်သည်။ သူ့လျှာက သူမလျှာနဲ့ ယှက်နွယ်သွားပြီး သူတို့နှစ်ယောက်ကို ရင်းနှီးမှုထဲတွင် ဝန်းရံထားလိုက်သည်။
လေနုအေးတစ်ချက် တိုက်ခတ်လာပြီး ပန်းရနံ့သည် ဘယ်ကမှန်းမသိ ပျံ့လွင့်လာသည်။ ချန်းရော့ယွီသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ခြေဖျားထောက်ကာ သူ့ကို မှီထားလိုက်သည်။
ဒီအနမ်းက သူမကို ချိုမြိန်မှုနဲ့ရှုပ်ထွေးမှုကို ခံစားရစေတယ်။
သူမ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူ့ပွေ့ဖက်မှုကို သူမ သဘောကျတယ်။ သူ့ရဲ့ အာဏာရှင်ဆန်ဆန် နမ်းရှိုက်ပုံကို သဘောကျတယ်။ သူ့ရဲ့အားကောင်းတဲ့ လက်မောင်းတွေကို သဘောကျပြီး သူ့ရဲ့သန့်ရှင်း လတ်ဆတ်တဲ့အရသာကိုလည်း သဘောကျတယ်။
သူမ သူ့ကို သဘောကျတယ်!
ရုတ်တရက် ချန်းရော့ယွီ၏ ရင်ထဲတွင် ခုန်ပေါက်သွားသည်။
သူမ သူ့ကို သဘောကျနေခဲ့တယ်!
သူမသည် သူ့လက်မောင်းများကို တွန်းဖယ်လိုက်ပြီး သူ့မျက်လုံးများကို ကြည့်လိုက်သည်။ သူ့အကြည့်က နက်ရှိုင်းပြီး သူ့အမူအရာက နူးညံ့နေသည်။ သူမက သူမရဲ့မျက်နှာပူလောင်နေပြီး ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည်ကိုသာ ခံစားနိုင်သည်။
ဒါ အရှုပ်အထွေးတစ်ခုပဲ!
သူ ဘယ်လိုလုပ် သူမကို နမ်းရဲတာလဲ၊ ပြီးတော့ သူမကရော ဘယ်လိုလုပ် သူ့အနမ်းကို ပျော်ရွှင်နေရတာလဲ!
ရုတ်တရက် သူမ သူ့ကိုလည်း စိတ်ဆိုးသလို ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ဆိုးလာခဲ့သည်။
သူမ သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်တော့ မုန့်ကုရဲ့မျက်နှာသည် ဖြူဖျော့သွားသည်။
“ချန်းရော့ယွီ၊ ငါ့အနမ်းက အဲဒီလောက်တောင် ဆိုးရွားနေလို့လား"
သူက သူမကို ကျယ်လောင်စွာ အော်ဟစ်မေးလိုက်သည်။
သူမအဖြေကတော့ သူ့ကို ကန်လိုက်ခြင်းဖြစ်ပြီး၊ အဲ့ဒီနောက် လျင်မြန်စွာ ပြေးထွက်သွားခဲ့လေတော့သည်။
သူမက အရမ်းမြန်မြန် ပြေးသွားခဲ့ပြီး သူမနောက်က မုန့်ကုရဲ့ ကျယ်လောင်သည့် အော်ဟစ်သံများကို လျစ်လျူရှုထားလိုက်သည်။ တကယ်တော့ သူ အော်ခေါ်လေလေ၊ သူမ ပိုမြန်မြန် ပြေးလေလေပဲ။
ချန်းရော့ယွီသည် လမ်းမပေါ်သို့ တစ်ထိုင်တည်း ပြေးဆင်းသွားခဲ့ပြီး တက္ကစီတစ်စီးကို မြင်သည်ြအခါ လက်ပြတားကာ ထိုကားထဲတွင် ခိုလှုံထွက်ပြေးခဲ့သည်။ တက္ကစီသည် ခရီးတစ်ဝက်သို့ ရောက်ရှိသောအခါမှ သူမ စိတ်မကောင်းဖြစ်လာပြီး သူမကိုယ်သူမ အရူးဟု ဆဲဆိုလိုက်သည်။ ဘတ်စ်ကားစီးတာက ပိုကောင်းတာကို ဘာလို့ တက္ကစီငှားလိုက်ရတာလဲ?
ဒါပေမဲ့လည်း အခုအချိန်က တက္ကစီခကို တွေးနေရမယ့် အချိန်မဟုတ်သေးချေ။ သူမရင်ခုန်သံက ပြင်းထန်နေဆဲဖြစ်ပြီး သူမ စိတ်ရှုပ်ထွေးနေသည်။ သူမ ဒုက္ခရောက်နေတယ်... မဟုတ်သေးဘူး၊ ဒါ မှားတယ်။ သူ ဒုက္ခရောက်နေသးတာ... မဟုတ်သေး၊ ဒါလည်း မှားတယ်။ ဒါကို ဒုက္ခရောက်တယ်လို့ မယူဆနိုင်ဘူး။
အတိုချုပ်ပြောရရင် သူတို့ရဲ့လှပတဲ့ခင်မင်ရင်းနှီးမှုက ပျက်စီးသွားခဲ့ပြီ။
ဒါပေမဲ့လည်း သူမ ဒီလိုဖြစ်သွားတာကို မလိုချင်ခဲ့ချေ။ သူမက အဲ့ဒီခင်မင်ရင်းနှီးမှုကို အရမ်းတန်ဖိုးထားတယ်။ သူမ စိတ်မကောင်းဖြစ်သွား၏။ သူမသည် သူနှင့်ထားရှိသည့် ဒီခင်မင်ရင်းနှီးမှုအပေါ် မှီခိုပြီး အသက်ရှင်နေတာပင်။ အခု ဘာလုပ်ရမလဲ။ သူမရဲ့စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ခံမှုက အရှုပ်အထွေးဖြစ်သွားပြီ။
သူမက သင်ခန်းစာကို တစ်ခါ ရရှိပြီးသားပင်။ သူမသာ စည်းကို တစ်ဖန် ကျော်လွန်မိလိုက်တာနဲ့ သူမ ပျက်စီးဆုံးရှုံးတော့မှာ!
သူတို့ အရင်ကလိုပဲ လွယ်လွယ်ကူကူ ပေါင်းသင်းဆက်ဆံနိုင်ကြပါဦးမလား? ရင်တွင်းစကားတွေကို ပွင့်ပွင့်လင်းလင်း၊ အတင်းအဖျင်းတွေကိုလည်း စိတ်ရှိလက်ရှိ မကွယ်မဝှက် ပြောဆိုနိုင်ကြပါဦးမလား?
ဒီနေ့တော့ သူက စိတ်ဖိစီးမှုတွေ အများကြီး ပြည့်နှက်နေခဲ့ပြီး သူမက အမှန်တကယ် သူ့နောက်လိုက်ပြီး အရူးတစ်ယောက်လို ပြုမူခဲ့တယ်တဲ့!
မဟုတ်ဘူး! ဒီနေ့ သူက သားရိုင်းတစ်ကောင်လို ရန်ပြုခဲ့တာ၊ သူမအပေါ်ကို လက်ပါဖို့တောင် ရဲခဲ့တာလို့ ပြောရမှာ။ ယုတ်မာလိုက်တဲ့ ဒီလူ!
ကံဆိုးချင်တော့ သူမရဲ့ အပြုအမူက သူ့ထက်တောင် ပိုဆိုးနေခဲ့တာပဲ။ မကောင်းတဲ့မိန်းမလိုမျိုး!
ဒါဟာ တကယ့်ကို ရှုပ်ထွေးပွေလီနေတဲ့ အခြေအနေတစ်ခုပဲ!
ချန်းရော့ယွီမှာ မျက်ရည်ပင် မကျနိုင်ဘဲ ငိုကြွေးနေမိတော့သည်။
သူမလက်ကိုင်ဖုန်းက ဆက်တိုက်ဆိုသလို မြည်နေပြီး အဲ့ဒီအသံက သူမရင်ကို ကြောက်ရွံ့ထိတ်လန့်စေသည်။
သူမ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့... မုန့်ကုတဲ့။ နောက်တစ်ကြိမ် ဖုန်းမြည်ပြန်တော့လည်း ကြည့်လိုက်ပြန်ရာ မုန့်ကုပင် ဖြစ်နေပြန်သည်။
နောက်ဆုံးတွင်တော့ မတတ်သာသည့်အဆုံး လက်ကိုင်ဖုန်းရဲ့မြည်သံကို တုန်ခါမှုအဖြစ် ပြောင်းလိုက်ပြီး ဖုန်းကိုတော့ ပြန်မကိုင်ဝံ့ပေ။
အိမ်ပြန်ရောက်တဲ့အချိန်မှာလည်း လျန်စီးစီးကို ခပ်မြန်မြန် နှုတ်ဆက်လိုက်ပြီး အိမ်ပြန်ခရီးအကြောင်း စကားတောင် မပြောဖြစ်ဘဲ ခပ်သွက်သွက် သူမအခန်းထဲသို့ ဝင်ပြီး ပုန်းနေလိုက်သည်။
အခန်းထဲမှာ တစ်နာရီကျော်လောက် ကြာသွားသည့်အခါ သူမလက်ကိုင်ဖုန်းမှာ လွဲချော်သွားသော ဖုန်းခေါ်ဆိုမှု (၁၉) ကြိမ်ကို ပြသနေလေတော့သည်။
ချန်းရော့ယွီမှာ တစ်ကိုယ်လုံး ကြောက်လန့်တုန်လှုပ်နေမိပြီး အတွေးတစ်ခုကို မတွေးဘဲ မနေနိုင်တော့ပေ။
တစ်စုံတစ်ယောက်က ဖုန်း မကိုင်လိုက်ရတဲ့ ခေါ်ဆိုမှုများစွာကို မြင်ရရင် ပျော်ရွှင်နေတတ်သော်လည်း သူမက ဘာလို့ ကြောက်ရွံ့နေရတာလဲ?
သူကတော့ တကယ်ကို ပုံမှန်မဟုတ်ပေ...
ဒါဆို သူမကော... လုံလောက်အောင် ပုံမှန်မဖြစ်သေးလို့လား...
သူမသည် အခန်းထဲ၌ ဟိုဘက်ဒီဘက် လျှောက်သွားနေရင်း ဒီအကြောင်းကို တစ်ယောက်ယောက်နှင့် ပြောဆိုဆွေးနွေးလိုစိတ် ပြင်းပြနေသည်။
ဒီလိုဆက်ဆံရေးမျိုးကို ဘယ်လိုများ ပြန်လည်ပြုပြင်ရပါ့မလဲ။စီးစီးကိုတော့ ဒီအကြောင်း ထပ်မမေးတော့တာပဲ ကောင်းတယ်။ သူမ၏ ကျိုးကြောင်းဆင်ခြင်မှုက အရင်းအမြစ် 口 ကနေပဲ ပြန်စတော့မှာ သေချာနေတယ်!
ဒါပေမဲ့ ချန်းရော့ယွီက ဒီလိုမျိုးဖြစ်တာကို မလိုချင်ပေ။
သူမက မုန့်ကုကို အရင်က လိုက်ခဲ့ဖူးပြီး သူတို့နှစ်ယောက် အတူတူရှိဖို့ဆိုတာ မဖြစ်နိုင်ကြောင်း သိသည်။
၎င်းက ချစ်ခြင်းမုန်းခြင်း ပြဿနာတစ်ခုတည်းသာ မဟုတ်ဘဲ သူတို့နှစ်ယောက်ရှေ့က ရက်စက်တဲ့ လက်တွေ့ဘဝလည်း ရှိနေသည်။ ချီယောင် အမည်ရှိတဲ့ သူ့ရည်းစားဟောင်းက သက်သေပင်။ ချီယောင်ရဲ့အရည်အချင်းမျိုးနှင့်ပင် စင်ဒရဲလားနှင့် မင်းသား၏ အချစ်ဇာတ်လမ်းကတောင် အရှုံးပေးပြီး ဆုတ်ခွာခဲ့ရ၏။ဒါဆိုရင် “မီးမလောင် မြက်မသေ၊ နွေဦးလေအဝှေ့ မြက်မကလေး ပြန်ရှင်သန်” ဆိုသကဲ့သို့ နှိမ့်ကျပြီး ခက်ခက်ခဲခဲ ရပ်တည်နေရသည့် သူမလိုလူမျိုးကဆိုရင်တော့ ပြောဖွယ်ရာပင် မရှိတော့ပေ။
(T/N-"မီးမလောင် မြက်မသေ၊ နွေဦးလေအဝှေ့ ပြန်ရှင်သန်" ဆိုတာက မြက်ပင်က ဘယ်လောက်ပဲ မီးရှို့ဖျက်ဆီးခံရပါစေ၊ ခံနိုင်ရည်ရှိပြီး နွေဦးလေအေး တိုက်ခတ်လာတာနဲ့ ပြန်လည်ရှင်သန်ကြီးထွားနိုင်သော သဘောကို ဖော်ပြပါတယ်။ဒီနေရာမှာ ချန်းရော့ယွီသည် သူမကိုယ်သူမ လူ့အသိုင်းအဝိုင်းမှာ နိမ့်ကျတဲ့ အဆင့်အတန်းရှိသူ၊ ဒုက္ခနဲါ အခက်အခဲများကို ဘယ်လောက်ပဲ ကြုံတွေ့ရပါစေ ခါးစည်းခံကာ ရှင်သန်နိုင်တဲ့သူအဖြစ် ရည်ညွှန်းနေခြင်းဖြစ်သည်။မုန့်ကုက ချမ်းသာတဲ့ မိသားစုမှ ဆင်းသက်လာသည့် အဆင့်အတန်းမြင့်သူဖြစ်ပြီး၊ ချန်းရော့ယွီက သူမကိုယ်သူမ အဆင့်အတန်းနိမ့်ပါးသူအဖြစ် နိမ့်ချပြောဆိုနေခြင်း ဖြစ်သည်။
ဆိုလိုတာကတော့ သူမလို မြက်ပင်တစ်မျှ နိမ့်ကျသူက မင်းသားနှင့် စင်ဒရဲလား ပုံပြင်လိုမျိုးပင် အဆင့်အတန်းမြင့်သူများနှင့် အတူရှိရန် မဖြစ်နိုင်ကြောင်း လက်တွေ့ကျကျ တွေးတောနေခြင်း ဖြစ်သည်။)
ဒါအပြင် မစ္စတာ တိုင်ရန်နိုဆောရပ်စ်က "မြင်းကောင်းတစ်စီးက စားပြီးသား မြက်ခင်းကို ပြန်မစား" ဆိုတဲ့အတိုင်း သူကလည်း စားပြီးသား မြက်ခင်းကို ပြန်လှည့်စားတဲ့ အကျင့်မရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့တယ် မဟုတ်ဘူးလား!
(T/N-ဆိုလိုတာက လူတစ်ဦးက အချစ်ဟောင်း ဒါမှမဟုတ် အလုပ်ဟောင်းကို ပြန်မသွားခြင်း ဒါမှမဟုတ် အရာတစ်ခုကို ပြန်လည် ထပ်ခါတလဲလဲ မလုပ်ခြင်း ဖြစ်ပါတယ်)
ကံဆိုးချင်တော့ သူမက အဲ့ဒီမြက်ခင်းတွေထဲက တစ်ခု ဖြစ်နေတယ်။... အဲ့ဒါသာမက မအောင်မြင်တဲ့ မြက်ခင်းတစ်ကွက်လေ!!!
အဲ့ဒီအကြောင်းတွေကထားလိုက်ဦး၊ သူမကိုယ်တိုင်လည်း ဦးတည်ချက်တစ်ခု သတ်မှတ်ထားပြီးပြီ။။ သူမ ရှာဖွေရမယ့် လက်တွဲဖော်က သူ့လိုမျိုး မဖြစ်ရပေ။ တကယ်ဆိုရင် မစ္စတာ ကျိုးကျယ်ဆိုတဲ့ စိတ်ရင်းကောင်းတဲ့ လမ်းသွားလမ်းလာလေးက သူမနှင့် အတော်လေး လိုက်ဖက်ပုံရတယ်...
တော်တော့! ရပ်!
ချန်းရော့ယွီက သူမကိုယ်သူမ သတိပေးလိုက်သည်။ သူမအာရုံကို လွဲချော်ခွင့် မပြုနိုင်သေးပေ။ မုန့်ကုနဲ့ ပတ်သက်သည့် အကြောင်းအရာကိုသာ အာရုံစိုက်ပြီး ရှင်းရှင်းလင်းလင်း စဉ်းစားရမှာဖြစ်၏။
ပြောရရင်တော့ အခုအခြေအနေက ရှုပ်ထွေးပြီး မရှင်းမလင်း ဖြစ်နေသည်။ သူတို့နှစ်ယောက်ရဲ့ ခံစားချက်နှင့် သဘောထားများကပင် ဘဝခရီးကို အတူတူ လျှောက်လှမ်းရန် မဖြစ်နိုင်တာကို ဖော်ပြနေ၏။ ဒါ့အပြင် မိသားစုနှစ်ဘက်သာ တွေ့ဆုံပါကလည်း ဝမ်းနည်းစရာ ကံကြမ္မာပင် ဖြစ်သွားလိမ့်မည်။
သူမက အရမ်း ဝေးလွန်းတဲ့ အနာဂတ်ကို စဉ်းစားတွေးတောနေမိတယ်... အရမ်းဝေးလွန်းလှတယ်!
ဒီဘဝမှာတော့ မိသားစုနှစ်ဘက် တွေ့ဆုံချင်ကြဖို့ဆိုတာ ဖြစ်နိုင်ခြေ လုံးဝမရှိနိုင်ပေ။
ဘာပဲဖြစ်ဖြစ်၊ ဒီအနမ်းကို ရိုးသားတဲ့ မိတ်ဆွေသဘောအရပဲလို့ ပြောဖို့ကတော့ အခုအချိန်မှာ နည်းနည်း ဟာသဆန်နေပြီ။
ဒါပေမဲ့လည်း သူမ သူ့ကို တကယ်မဆုံးရှုံးချင်ပေ။
သူမသည် ခုတင်အစွန်းတွင် ထိုင်ရင်း ဝမ်းနည်းနေမိသည်။ မုန့်ကုကို ဆွဲယူလှုပ်ယမ်းပြီး မေးလိုက်ချင်တယ်... သူ ဘာလို့ သူမကို နမ်းခဲ့တာလဲ? ဘာလို့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖျက်ဆီးပစ်ခဲ့တာလဲ?
သူ့ကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းပစ်ချင်တယ်။ သူ့ခေါင်းကို အားရပါးရ လှုပ်ယမ်းပြီး ဘာလို့ဒီလောက် ဖျက်ဆီးတတ်ရတာလဲဆိုပြီး မေးချင်တယ်။
ကောင်းပြီ၊ ခန္ဓာကိုယ်ချင်း ကွာခြားမှုကြောင့် သူ့ကို လှုပ်ယမ်းနိုင်မှာ မဟုတ်ပေမယ့် ခြေထောက်နဲ့ ထပ်ကန်ဖို့ကတော့ အမြဲတမ်း ဖြစ်နိုင်တယ်။ ခုနတုန်းက တစ်ချက်တည်း ကန်လိုက်ရတာ နှမြောစရာပဲ။
သူမ အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေတဲ့အချိန်မှာပဲ ရုတ်တရက် ခုတင်ပေါ်ရှိ ဖုန်းက ကျယ်လောင်စွာ မြည်လာပြန်သည်။ သူမ ထိတ်လန့်တကြား ခုန်သွားမိပြီး နှလုံးခုန်နှုန်း မြန်လာခဲ့သည်။ သူမ မကြည့်ရဲသော်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ပေ ကံကောင်းစွာဖြင့် ဒီတစ်ကြိမ် ကြည့်လိုက်သည့်အခါ ကောင်းယွီလန်ဆီက ခေါ်ဆိုမှု ဖြစ်နေသည်။
ချန်းရော့ယွီသည် ဖုန်းကို အမြန်ဖြေလိုက်၏။ အခုအချိန်မှာ သူမသူငယ်ချင်းတစ်ယောက်ရဲ့ နှစ်သိမ့်မှုကို တကယ်ပင် လိုအပ်နေသည်။
“ချန်းရော့ယွီ နင် မုန့်ကုကို ဘာလုပ်ပြီး ဒေါသထွက်အောင် လုပ်လိုက်တာလဲ?”
ကောင်းယွီလန်ထံမှ ပထမဆုံး ထွက်လာသည့် စကားမှာ ဒါပင်။
ချန်းရော့ယွီ ကြောင်သွား၏။
“ဘာ? မုန့်ကု ဘာဖြစ်လဲ?”
“သူ ရင်းဇယ်ကို ဖုန်းခေါ်ပြီး နာရီဝက်လောက် အော်နေတာ။ ငါ သေသေချာချာ မကြားလိုက်ရဘူး၊ နင့်နာမည်ပဲ ကြားလိုက်ရတယ်”
အိုး၊ ဒီကောင်စုတ်က သူမအကြောင်းကို ရင်းဇယ်ဆီ ဖုန်းဆက်ပြီး တိုင်တောနေတာပေါ့လေ?
“ငါ့ကို ကူညီပါဦးဟာ။ နင် ရင်းဇယ်ကို ဖုန်းဆက်ပြီး မုန့်ကု ဘာတွေပြောလဲဆိုတာ မေးပေးပါလား?”
“အခုတော့ မရဘူး၊ သူ အပြင်သွားနေတယ်။ မုန့်ကုက သူ့ကို အရက်သောက်ဖို့ ချိန်းတယ်တဲ့။ သူ မရှိတော့ နင်နဲ့ပဲ အတင်း ပြောဖို့ ဖုန်းဆက်လိုက်တာ။ ဒေါက်တာမုန့်ကုကို နင် ဘာတွေများ လုပ်ခဲ့လို့လဲ?”
“ငါက သူ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ? သူ ငါ့ကို ဘာလုပ်ခဲ့လဲလို့ နင်က ဘာလို့ မမေးတာလဲ?”
“ကောင်းပြီလေ... ဒါဆို သူက နင့်ကို ဘာလုပ်ခဲ့တာလဲ?”
ကောင်းယွီလန်၏ အတင်းပြောချင်စိတ်မှာ ထိုအချိန်တွင် ပြင်းပြစွာ တောက်လောင်နေသည်။
“ငါက..ငါ......”
ချန်းရော့ယွီ ခဏလောက် စကားလုံးများ ပျောက်ဆုံးသွား၏။ တကယ်တော့ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သူမကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်း မရှိပေ။ ဖြစ်ခဲ့တာက အနမ်းတစ်ခုကို ခံစားလိုက်ရပြီး အဲ့ဒီနောက် ခေါင်းတွေရှုပ်ထွေး၊ စိတ်မတည်မငြိမ်နဲ့ ဗလုံးဗထွေး ဖြစ်ကုန်ခြင်းသာ။
“ဝိုး... ဒီလို တုံ့ပြန်ပုံအရဆိုရင်... တကယ်တမ်း ဘာကိစ္စများလဲ? အမြန်ပြောပါဦး!”
ချန်းရော့ယွီ ခေါင်းထဲမူးဝေလာသလို ခံစားလိုက်ရသည်။
“ငါ အခုထိ သေချာ မစဉ်းစားရသေးဘူး။ ငါ သေသေချာချာ စဉ်းစားပြီးရင် နင့်ကို ပြန်ပြောပြမယ်”
“တကယ်လား? ဘာ လျှို့ဝှက်ချက်မှ ဖုံးကွယ်မထားရဘူးနော်”
ကောင်းယွီလန်၏ လေသံကြောင့် ရင်းဇယ်သည် သူမအပေါ် မကောင်းတဲ့ လွှမ်းမိုးမှု ပေးနေသည်ဟု ချန်းရော့ယွီ ခံစားလိုက်ရသည်။
“အိုကေပါ၊ ငါ ဘာလျှို့ဝှက်ချက်မှ ဖုံးကွယ်မထားပါဘူး။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတာ ငါ အမြန်ဆုံး သိရအောင် ဒေါက်တာမုန့်က သူ့ကို ဘာတွေ ပြောသွားလဲဆိုတာ ရင်းဇယ်ဆီကနေ နင် ကူပြီး စုံစမ်းပေးရမယ်”
“နင် ပြောစရာတောင် မလိုပါဘူး၊ ငါကလည်း သိချင်လွန်းလို့ သေချာပေါက် မေးမှာပါ။ ရော့ယွီ၊ နင်က တကယ် အတော်ဆုံးပဲ! အဲ့ဒါ မုန့်ကုနော်! သူ နာရီဝက်လောက် အော်နေတာကို ငါ အချိန်မှတ်ထားတယ်။ တကယ်တမ်း နာရီဝက်ထက်တောင် ပိုကြာသွားသေးတယ်၊ လျော့မသွားဘူး!”
ချန်းရော့ယွီ၏ မျက်နှာတွင် အနက်ရောင်မျဉ်းကြောင်းများ ပြည့်နှက်သွားသည်။ သူမရဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေးက ပျောက်ကွယ်သွားပြီ။ စိတ်ပျက်အားငယ်စွာဖြင့် သူမရဲ့ သူငယ်ချင်းမလေးက ရင်းဇယ်၏ မိန်းမပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီဟု ခံစားလိုက်ရသည်။
(T/N- ရင်းဇယ်ရဲ့ဇာတ်ကောင်အကြောင်းကို နားလည်ဖို့ဆိုရင် သူနဲ့ကောင်းယွီလန်ရဲ့ဇာတ်လမ်း Hey,Don't Act Unruly!မှာ ဖတ်ရမှာပါ။ရင်းဇယ်က အဲ့ဒီမှာ လူရမ်းကား၊လူဆိုးတစ်ယောက်လို ပြုမူပြောဆိုပြီး ရွှေနှလုံးသားရှိတဲ့လူမျိုးပါ။သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကို အက်မင်တို့ဘာသာပြန်ဖို့ ရွေးထားပါတယ်။အညွှန်းလည်းတင်ပေးထားပါတယ်။စိတ်ဝင်စားရင် ဖတ်ကြည့်ပါဦးနော်)
ချန်းရော့ယွီသည် ဖုန်းချလိုက်ပေမယ့် ပိုမို ရှုပ်ထွေးသွားရုံမက ကြောက်ရွံ့စိတ်ပါ လွှမ်းမိုးလာသည်။ မစ္စတာတိုင်ရန်နိုဆောရပ်စ် တစ်ယောက် နာရီဝက်ကျော်ကြာအောင် မီးတောက်မီးလျှံတွေ မှုတ်ထုတ်နေတာက တကယ့်ကို ကြည့်ကောင်းမယ့် မြင်ကွင်း ဖြစ်နိုင်တယ်။
ကံကောင်းတာက သူမ ဖုန်းမကိုင်မိခြင်းပင်။ မဟုတ်ရင် အသက်စွန့်ရမယ့် အခြေအနေ ရောက်သွားနိုင်တယ်။
နေဦး... နေဦး... ချန်းရော့ယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
သူမ ကောင်းယွီလန်ကို အမြန်ဆုံး ဖုန်းပြန်ခေါ်လိုက်၏။
"လန်လန်၊ နင် အမြန်ဆုံး နင့်ရင်းဇယ်ကို ဖုန်းဆက်လိုက်ပါဦး။ ဒီည ဒေါက်တာမုန့်က အလုပ်ဆင်းပြီး ညစာ မစားရသေးဘူးလို့ ပြောလိုက်။ သူ ဘာစားခဲ့သေးလဲလို့ မေးခိုင်းလိုက်။ ဒေါက်တာမုန့်က ဗိုက်ထဲ နည်းနည်းနာသလို ခံစားရတယ်လို့လည်း ပြောလိုက်ဦး။ ဒီလိုအခြေအနေနဲ့ဆို အရက်မသောက်သင့်ဘူး။ သူ့ကို အရက်အများကြီး မသောက်ခိုင်းဖို့ ရင်းဇယ်ကို မှာလိုက်ပါဦး"
ကောင်းယွီလန်သည် ရင်းဇယ်ကို ဖုန်းခေါ်ရန် ညွှန်ကြားချက် ရလိုက်သည့်အတွက် အလွန် စိတ်လှုပ်ရှားသွားဟ။ ခဏကြာတော့ သူမက ချန်းရော့ယွီဆီ ပြန်လည် ဖုန်းခေါ်ဆိုလာသည်။
"ရင်းဇယ် ပြောတာတော့ သူ ပြောလိုက်ပြီတဲ့... သူ ပြောလိုက်တာကတော့ နင်ပြောတယ်လို့ မပြောခဲ့ဘူးတဲ့။ ဒါပေမဲ့ မုန့်ကုက သူ့ကို ဘယ်လိုပဲ ပြန်ပြောလဲဆိုတော့~ အဲ့ဒီ မိန်းမကို ငါ့ဆီ လာပြီး သူ့ဘာသာ ပြောခိုင်းလိုက်! တဲ့"
ချန်းရော့ယွီ၏ စိတ်ထဲတွင် ရင်းဇယ်နှင့် ကောင်းယွီလန် နှစ်ယောက်လုံးရဲ့ အတင်းအဖျင်းကို တပ်မက်၊ စိတ်လှုပ်ရှား နေသည့် မျက်နှာများကို မြင်ယောင်နေပေမယ့် မကြာမီမှာပဲ ထိုပုံရိပ်များနေရာတွင် မီးတောက်မီးလျှံများ မှုတ်ထုတ်နေသော မစ္စတာတိုင်ရန်နိုဆောရပ်စ်၏ ပုံရိပ်က အစားထိုး ဝင်ရောက်လာသည်။
သူမ သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ မစ္စတာမက်မွန်ပွင့်တောအုပ် ပုံကို ပွတ်သပ်ကြည့်လိုက်သည်။ ဒီလို စိတ်နေစိတ်ထားမျိုးပဲ ရှိသင့်တယ်လေ။
ဒါပေမဲ့ ဒီကောင်စုတ်က မစားဘဲ အရက်သောက်နေတယ်... တကယ့်ကို သူ ဘာလုပ်ချင်နေတာလဲ?
သူမ တွေးလေလေ စိုးရိမ်စိတ် ပိုလာလေလေ ဖြစ်ကာ ကောင်းယွီလန်ကို နောက်တစ်ကြိမ် ဖုန်းပြန်ခေါ်လိုက်သည်။
“လန်လန်၊ ဒေါက်တာမုန့်က ဘယ်လိုသွားလဲဆိုတာ နင် သိလား? သူ ကိုယ်တိုင် ကားမောင်းသွားတာလား? ရင်းဇယ်ကို ဖုန်းဆက်ပြီး အရက်သောက်ပြီးရင် ကားမမောင်းဖို့ ဒေါက်တာမုန့်ကို သတိပေးခိုင်းပါဦး”
“ငါ သိပါတယ်။ ရင်းဇယ် အပြင်ထွက်တုန်းက ကားမမောင်းဖို့ မှာလိုက်တယ်။ သူတို့ သောက်နေကြတာဆိုတော့ ဘာလုပ်နေလဲဆိုတာကိုတော့ သတိထားသင့်တယ်မို့လား”
“ဒေါက်တာမုန့်က ဘာကိုမှ သတိမထားဘူး။ သူ အရက်သောက်ပြီး ကားမောင်းတဲ့ မှတ်တမ်းဟောင်းရှိတယ်။ ဒီအကြောင်းကို ရင်းဇယ်ကို ပြောပေးဖို့ ငါ့ကို ကူညီပါဦး”
ခဏကြာပြီးနောက် ကောင်းယွီလန်က သူမဆီ ဖုန်းပြန်ခေါ်လာသည်။
“ရင်းဇယ် ပြောတာကတော့ မုန့်ကုက သူ့ကို ထပ်ပြောတယ်တဲ့ ~ အဲ့ဒီ မိန်းမကို သူ့ဘာသာ လာပြီး ပြောခိုင်းလိုက်! တဲ့”
ချန်းရော့ယွီ နှုတ်ခမ်းကို မဲ့လိုက်ပြီး ဒေါသထွက်လာ၏။ ဒီလူက တကယ်ကို မုန်းစရာကောင်းလိုက်တာ!
သူမ နောက်ထပ် ဆယ်မိနစ်လောက် ထိုင်နေပေမယ့်လည တကယ်တမ်း ဆက်ထိုင်၍ မရနိုင်တော့ပေ။ ရင်းဇယ်ဆိုတဲ့လူကလည်း ပြဿနာရှာချင်သူဖြစ်ပြီး အားကိုးမရသူ ဖြစ်၏။ မုန့်ကုကို အရက်သောက်ခြင်းမှ တားဆီးရန် သူ့ကို အကူအညီတောင်းတာက မုန့်ကုကို တကယ်တားဆီးနိုင်ပါ့မလား?
သူမ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘဲ မုန့်ကု၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ရလဒ်ကတော့ မုန့်ကုက ဖုန်းမကိုင်ပေ။
အဲ့ဒါကြောင့် ရင်းဇယ်ရဲ့ဖုန်းနံပါတ်ကို ခေါ်လိုက်ပြီး ရင်းဇယ်က ဖုန်းကိုင်သည်။
ဖုန်းတစ်ဖက်မှ ရင်းဇယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ချန်းရော့ယွီ၊ မင်း ငါ့ကို သတိရနေတာလား? ဘာလို့ ငါ့ကို ဖုန်းခေါ်တာလဲ? ငါတို့နဲ့အတူတူ လာပြီး အရက်သောက်ချင်လို့လား?”
ချန်းရော့ယွီသည် သူ့စကားတွေက ရည်ရွယ်ချက်ရှိရှိ ပြောနေတယ်ဆိုတာ သိ၏။ သူမ အသံသွင်းပြီး ကောင်းယွီလန်ကို နားထောင်ခိုင်းချင်စိတ် ပြင်းပြနေမိသည်။... ရင်းဇယ်ရဲ့ ကိုယ်ကျင့်တရား ကင်းမဲ့ပုံကို နားထောင်စေချင်၏။
“သူဌေးရင်း ရှင်တို့ နည်းနည်းပဲ သောက်တာ ကောင်းမယ်။ ဒီနေ့ ဒေါက်တာမုန့်က စိတ်မကောင်းဖြစ်နေတာ၊ အချိန်ပိုလည်း ဆင်းထားရသေးတယ်။ ရှင် သူ့ကို အကြံဉာဏ်ပေးတာ ပိုကောင်းတယ်။ ရှင်တို့ နှစ်ယောက် ဘယ်လောက်တောင် သောက်ထားကြပြီလဲ?”
ရင်းဇယ်သည် ရယ်မောလိုက်ပြီး အသိစိတ် ရှိပုံရသည်။
“အများကြီးတော့ မသောက်ရသေးပါဘူး၊ ငါတို့ ထိုးပွဲတောင် ဆက်နိုင်သေးတယ်။ သူ စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းပြချက်နဲ့ ကူညီပြီး ဆင်ခြေမရှာနဲ့။ ဒီည သူက အရမ်း မာနထောင်လွှားနေတာ၊ ငါ အခု သူ့ကို ထိုးပစ်တော့မလို ဖြစ်နေပြီ”
သူမ သက်ပြင်းချလိုက်သည်။ အဲ့ဒီနှစ်ယောက် တကယ် ရန်ဖြစ်ချင်ရင် အမှန်တကယ် ဖြစ်ကြလိမ့်မယ်ဆိုတာ သူမ သိသည်။ ၎င်းက သူတို့ရဲ့သူငယ်ချင်းသံယောဇဉ်ကို ဖော်ပြသည့် ထူးခြားတဲ့ နည်းလမ်းပင်။
သူမမှာ အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး မေးလိုက်ရ၏။
"သူဌေးရင်း၊ ဖုန်းကို ဒေါက်တာမုန့်ဆီ ခဏလောက် ပေးလို့ရမလား?"
ဖုန်းတစ်ဖက်မှ ရင်းဇယ်က မုန့်ကုနှင့် စကားပြောနေသည့် တိုးတိုးသံကို သူမ ကြားလိုက်ရသည်။ အဲ့ဒီနောက် မုန့်ကုရဲ့အရက်မူးနေတဲ့ အသံက ဟိန်းခနဲ ပေါ်လာသည်။
"မဟုတ်ဘူး... အဲ့ဒီ မိန်းမကို ငါ့ဆီ လာပြီး သူ့ဘာသာ ပြောခိုင်းလိုက်!"
ချီး! ဒီဝါကျကိုပဲ အကြိမ်တိုင်း ပြောနေရမှာလား?
သူမ သွားတွေကို ကျစ်ကျစ်ပါအောင် ကြိတ်လိုက်ပြီး ရင်းဇယ်ကို ယဉ်ယဉ်ကျေးကျေး မေးလိုက်၏။
"သူဌေးရင်း ရှင်တို့ ဘယ်နေရာမှာလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးလို့ ရမလား?"
ချက်ချင်းဆိုသလိုပင် ချန်းရော့ယွီသည် ထိုနေရာသို့ အမြန်ဆုံး သွားတော့သည်။
ရင်းဇယ်နှင့် မုန့်ကုတို့ အရက်သောက်နေသည့် ဘားကို ရောက်တဲ့အခါ ပထမဆုံး အကြည့်မှာပင် နှစ်ယောက်သား ဆိုဖာပေါ်မှာ ပျင်းပျင်းရိရိ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ အဲ့ဒီအချိန်မှာပဲ လှလှပပ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက မုန့်ကုကို စကားစနေတာကိုလည်း မြင်လိုက်ရသည်။
ချန်းရော့ယွီ လျှောက်သွားရင်းနှင့်ပင် ထိုအမျိုးသမီး မေးလိုက်သည့် စကားကို ကြားလိုက်ရသည်။
"ကိုလူချောလေး၊ အဖော်လိုချင်လား?"
မုန့်ကုက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဒီမေးခွန်း မမေးခင်မှာ မင်းက ငါ့ကို ကျေနပ်စေရဲ့လားဆိုတာ အရင်မေးသင့်တယ်"
ထို ခနဲ့တဲ့တဲ့ စကားကြောင့် အမျိုးသမီး၏ မျက်နှာသည် ချက်ချင်း တင်းမာသွားသည်။ ဘေးနားက ရင်းဇယ်ကတော့ ကျယ်လောင်စွာ ရယ်မောနေပြီး အော်ဟစ်လိုက်၏။
"မင်းသာ ငါ့ကို မေးခဲ့ရင် ငါ့အဖြေက ပိုပြီး ယဉ်ကျေးလိမ့်မယ်ကွ!"
အမျိုးသမီးသည် လှည့်ထွက်သွားပြီး ချန်းရော့ယွီက လျှောက်သွားရင်း သူမနှင့် ပခုံးချင်းထိမိသလောက် နီးပါးဖြစ်သွားပြီး မုန့်ကုရှေ့တွင် သူမ ရပ်တန့်လိုက်တော့သည်။
မုန့်ကုသည် သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ရုတ်တရက် ပြုံးလိုက်၏။
“ဩော်... ဒီမှာ ဘယ်သူပါလိမ့်...”
ဘေးနားရှိ ရင်းဇယ်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“မင်း တစ်ညလုံး ကြိမ်းမောင်းနေတဲ့ အဲ့ဒီ မိန်းမပေါ့”
သူမက သူတို့ရဲ့လှောင်ပြောင်မှုတွေကို လျစ်လျူရှုထားလိုက်ပြီး မုန့်ကုကို မေးလိုက်သည်။
“ရှင် ညစာ စားပြီးပြီလား?”
“မစားရသေးဘူး”
မုန့်ကုက ပြတ်သားစွာ ပြန်ဖြေလာသည်။
ဘေးနားမှာ ထိုင်နေတဲ့ ရင်းဇယ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးနေ၏။
“ရှင် ကားမောင်းပြီး လာတာလား?”
“ဟုတ်တယ်”
မုန့်ကုက ခေါင်းညိတ်လိုက်သည်။
သူမ သူ့ကို ဆွဲထူဖို့အတွက် လက်ကို ဆန့်တန်းလိုက်သည်။ သူ ရုန်းကန်လိမ့်မယ်လို့ တွေးထားပေမယ့် မထင်မှတ်ထားဘဲ သူက သူမ ဆွဲထူရာကို လိမ်လိမ်မာမာ နာခံပြီးတော့ ပါလာခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ရှင် တစ်ခုခု စားလိုက်ဦး၊ ပြီးမှ ရေချိုးပြီး အိပ်ရာဝင်။ ကားကို ဒီမှာပဲထားခဲ့၊ နောက်မှ ပြန်လာပြီး ယူပေါ့”
“မင်း ငါ့ကို ထိန်းချုပ်နေတာလား?”
မုန့်ကုက မေးလိုက်ပေမယ့်လည်း သူမလက်ကို ခါမချပေ။
သူမ လှည့်ပြီး ရင်းဇယ်ကို ကြည့်လိုက်တော့ သူက ပွဲကြည့်ပရိသတ်ဟန်ဖြင့် ပျော်ရွှင်နေပုံရပြီး သူမကြည့်တာကို မြင်တဲ့အခါ လက်နှစ်ဖက်ကို ကမန်းကတန်း ဆန့်တန်း၍ ပြောလိုက်သည်။
"ငါ သူ့ကို မထိန်းနိုင်ဘူး။ သူက အရမ်း ကြမ်းတမ်းတယ်။ ငါ အိမ်ပြန်တော့မယ်။ ငါ့လန်လန် ငါ့ကို စိတ်ပူနေလိမ့်မယ်"
သူမ ရင်းဇယ်ကို မျက်စောင်းထိုးလိုက်ပြီး သူက အားကိုးမရကြောင်း သိလိုက်ပြီး သူ့ကို လျစ်လျူရှုကာ မုန့်ကုကို ဆွဲခေါ်သွားသည်။ မုန့်ကုကလည်း မရုန်းကန်ဘဲ သူမနှင့်အတူ နာခံစွာဖြင့် အပြင်ထွက်လာသည်။
သူတို့ ဘားအပြင် ထွက်လာသည်နှင့် နားကွဲမတတ် ကျယ်လောင်သော တေးဂီတသံများ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။ ပတ်ဝန်းကျင်သည် များစွာ တိတ်ဆိတ်သွားသလို တစ်ချိန်တည်းမှာပင် လေများကလည်း ပိုမို လတ်ဆတ်လာသည်။
သူမ သက်ပြင်းချလိုက်ပြီး မုန့်ကုရဲ့လက်ကို ဆုပ်ကိုင်ကာ ခြေလှမ်းအနည်းငယ် ရှေ့သို့ လျှောက်လိုက်သည်။ သူမက သူ့ကို ခေါက်ဆွဲပြုတ် ဒါမှမဟုတ် ဆန်ပြုတ် ဘယ်ဟာစားချင်လဲဆိုတာ မေးချင်ပြီး ဒါ့အပြင် ဒီအနီးအနားမှာ ဒီဆိုင်မျိုး ဘယ်မှာရှာလို့ရမလဲဟုလည်း သိလိုသည်။
သူမ လှည့်ကြည့်လိုက်ပေမယ့် စကားမစရသေးခင်မှာပင် သူမလက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆွဲကိုင်ခံလိုက်ရပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရလေတော့သည်။
သူမ မတုံ့ပြန်နိုင်ခင်မှာပဲ သူမခန္ဓာကိုယ် လည်သွားတာကို ခံစားလိုက်ရပြီး မျက်လုံးများ ဝေဝါးသွားသည်။
သူမသည် လမ်းဘေးနံရံရဲ့ထောင့်ချိုးတစ်ခုတွင် ဖိကပ်ခံလိုက်ရသည်။ သူ့နှုတ်ခမ်းများက တင်းတင်းကြပ်ကြပ် ဖိကပ်လာပြီး သူမရဲ့ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လာသည်။
ချန်းရော့ယွီမှာ တုန်လှုပ်သွား၏။ သူမ ရုန်းကန်လိုက်ပြီး အသံတိုးတိုးဖြင့် အော်ဟစ်မိသည်။ နံရံနဲ့ ဖိကပ်ခံထားရတာကြောင့် သူ့ခန္ဓာကိုယ်က သူမကို တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားပြီး လုံးဝ လှုပ်ရှား၍ မရနိုင်တော့ပေ။
သူမ ဒေါသထွက်သွားပြီး သူ့ထိတွေ့မှုကို ရှောင်ဖို့အတွက် မျက်နှာကို အခြားတစ်ဖက် လှည့်လိုက်သည်။ သူက သူမရဲ့လက်ကောက်ဝတ်တွေကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမမေးစေ့ကို ပင့်တင်လိုက်သည်။သူက အားအနည်းငယ်အသုံးပြု၍ သူမပါးစပ်ကို ဖွင့်လာအောင် လုပ်တော့သည်
သူ့လျှာက သူမပါးစပ်ထဲကိို ထိုးသွင်းလာပြီး သူမရဲ့လျှာကို ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သည်။ သူက ပိုမိုနက်ရှိုင်းစွာ စူးစမ်းခဲ့ပြီး သူ့အနမ်းမှာ အနိုင်ယူလိုစိတ် ပြင်းပြကာ သူမနှုတ်ခမ်းတွင် ကပ်ငြိနေသည်။