← Chapters

အခန်း ၅၁

Vol. 5 Ch. 51

အခန်း ၅၁

Vol. 5 Ch. 51

ဒွိဟချစ်သံယောဇဉ်:

Chapter 51- အဖြေရှာခြင်း

အဓိပ္ပာယ်ရှိတယ်။

ချန်းရော့ယွီသည် သူမ မုန့်ကုရဲ့ စိတ်တိုဒေါသနဲ့ မနှစ်မြို့စရာစကားလုံးများကို ဝေဖန်ခဲ့ဖူးတာကို သတိရလိုက်၏။ အဲဒီတုန်းကလည်း သူက အလားတူ စကားမျိုးကို ပြောခဲ့သေးတယ်၊ သူ မှန်ကန်တဲ့သူနဲ့တွေ့ရင် စိတ်မပါလည်း ပြောင်းလဲလိမ့်မယ်တဲ့။

ရုတ်တရက် သူမ သူမသူငယ်ချင်းတွေရဲ့ အတွေ့အကြုံများကို ပိုပြီး နားလည်အောင် လုပ်သင့်သည်ဟု ခံစားလိုက်ရသည်။

ညနေပိုင်းမှာတော့ ချန်းရော့ယွီသည် ကောင်းယွီလန်ကို ဖုန်းခေါ်ပြီး သူမကို တိုက်ရိုက် မေးလိုက်၏။

“လန်လန်၊ နင် ဘာလို့ သူဌေးရင်းနဲ့ ကျန်တဲ့ဘဝတစ်သက်လုံးကို ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့တာလဲ?”

ဖုန်းတစ်ဖက်မှာ ကောင်းယွီလန် တိတ်ဆိတ်သွားပြီး အဲ့ဒီနောက် ရင်းဇယ်က တမင်တကာ သူ့အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ရော့ယွီ၊ အာ... မင်းရဲ့ ပွင့်လင်းတဲ့ ပြောဆိုပုံကို ငါ တကယ် သဘောကျတယ်။ သူ(မ) ရေချိုးခန်းထဲမှာ။ အဲ... သူ(မ) ထွက်လာပြီ။ ဖုန်း သူ(မ)ကို ပေးလိုက်မယ်။ မင်း အဖြေရရင် ငါ့ကို သေချာပေါက် ပြောပြရမယ်”

ချန်းရော့ယွီမျက်နှာ မည်းနက်သွားသည်။

အဲ့ဒီနောက် သူမသည် ရင်းဇယ်က ကောင်းယွီလန်ကို ဖုန်းလာကြောင်း ပြောနေတာကို ကြားလိုက်ရသည်။ သူ အလုပ်များနေတဲ့အတွက် သူတို့ ကောင်းကောင်း စကားပြောနိုင်ကြတယ်လို့လည်း ပြောခဲ့သည်။ ချန်းရော့ယွီ သူမရဲ့နဖူးကို မသိစိတ်က ပွတ်လိုက်စ။ သူတို့ရဲ့ ‘ကောင်းကောင်း စကားပြော’ ပြီးရင် လန်လန် သူ့ကို ဘာလို့ သဘောကျလဲဆိုတာကို သူ တကယ် မေးလိမ့်မယ် မဟုတ်လား?

လျင်မြန်စွာဖြင့် ကောင်းယွီလန် ပြန်ဖြေလာသည်။ ချန်းရော့ယွီသည် မေးခွန်းကို မေးပြီးသား ဖြစ်တာကြောင့် နောက်ဆုတ်လို့ မရတော့ပေ၊ ဒါကြောင့် သူမ မေးခွန်းကို ထပ်မံ မေးလိုက်၏။

“ရင်းဇယ််က နင့်ကို ငါ့ကို မေးခိုင်းလိုက်တာလား?”

သူတို့က တကယ့်ကို စုံတွဲပဲ!

ချန်းရော့ယွီသည် ‘မဟုတ်ဘူး’ ဟု ပြန်ဖြေပြီး ခဏလောက် စဉ်းစားလိုက်သည်။ အဲ့ဒီနောက် ဒီလေထုက ဒီလို ဆွေးနွေးမှုမျိုးအတွက် အထောက်အကူ မဖြစ်ဘူးလို့ ဆုံးဖြတ်ကာ ကောင်းယွီလန်နှင့် အပြင်မှာ တွေ့ဖို့ စီစဉ်လိုက်သည်။ ကောင်းယွီလန်က သဘောတူခဲ့ပြီး ခဏအကြာမှာတော့ သူမက ထပ်ပြီးဖုန်းခေါ်ကာ ချိန်းဆိုမှုအတွက် အပြင်ထွက်တော့မှာဖြစ်ကြောင်း ရင်းဇယ်ကို ပြောလိုက်တဲ့အကြောင်း ပြောပြသည်။ အဲ့ဒီနောက် ရင်းဇယ်က သူတို့ သူ့ရဲ့ စားသောက်ဆိုင်ကို သွားပြီး စကားပြောနိုင်ကြောင်း၊ သူက သူတို့အတွက် နေရာ၊ အချိုရည်နှင့် ညစာကိုပါ ထောက်ပံ့ပေးမည်ဟု ပြောလာသည်။

ချန်းရော့ယွီ သူမနဖူးကို ပွတ်လိုက်၏။ သူဌေးရင်းက အရာအားလုံးကို ထောက်ပံ့ပေးဖို့ အရမ်း စေတနာရှိတာပဲ။ ဒါက သူ သူမဆီကနေ အချက်အလက်တွေ ရနိုင်လို့များလား?

ဒါပေမဲ့လည်း ချန်းရော့ယွီသည် သဘောတူလိုက်၏။ အကြောင်းပြချက်က အရမ်း ရိုးရှင်းသည်။

အားလုံး အခမဲ့ပဲ!

အမျိုးသမီးကောင်းတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် ချွေတာနိုင်ရင် ချွေတာသင့်ပြီး ဒါက အမြင့်ဆုံး စည်းကမ်းပဲ။

ဒါကြောင့် ချန်းရော့ယွီနဲ့ ကောင်းယွီလန်တို့သည် ရင်းဇယ်ရဲ့ စားသောက်ဆိုင်၏ အလွန်ကြီးမားတဲ့မီးဖိုချောင်မှာ တွေ့ဆုံခဲ့ကြသည်။ သူငယ်ချင်းများနှင့် ဆွေမျိုးများအတွက် အထူးသီးသန့်ထားသည့် စားပွဲငယ်လေးတစ်လုံး ရှိပြီး သူတို့ စားနေရင်း စကားပြောကြသည်။

ကောင်းယွီလန်က သူခိုးတစ်ယောက်လို ပြုမူနေပြီး ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အနီးကပ် လေ့လာနေသည်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူးဆိုတာ သေချာသွားပြီးနောက်မှ သူမက သူမရဲ့ဆုံးဖြတ်ချက်ကို ချန်းရော့ယွီအား တိုးတိုးလေး ပြောလိုက်သည် ~ ရင်းဇယ်က သူမကို စိတ်လှုပ်ရှားအောင် မကြာခဏ လုပ်ဆောင်တတ်တယ် ။

စိတ်လှုပ်ရှားသွားတယ်? ဒါက ဘာလို့ ထပ်ပြီး ကွာခြားနေရတာလဲ? သူမက သူမချစ်သူရဲ့ အရည်အသွေးတွေကောင်းပြီး သူမနဲ့ သင့်တော်တယ်လို့ ခံစားရလို့ မဟုတ်ဘူးလား? ဒါက လျန်စီးစီး ပြောခဲ့တဲ့ စကား မဟုတ်ဘူး... လိုက်လျောညီထွေမှုနဲ့ ပြောင်းလဲခြင်း သီအိုရီ မဟုတ်ဘဲ ရိုးရိုးလေးပဲ... စိတ်လှုပ်ရှားသွားတယ်?

ဒါဆို တနည်းအားဖြင့် အမျိုးသမီးတိုင်းရဲ့ နှလုံးသားက သူ့မှာ ကိုယ်ပိုင်မတူညီတဲ့စံနှုန်းရှိနေတာပေါ့။

ကောင်းယွီလန် ခေါင်းညိတ်လိုက်ပြီး သူမရဲ့ အမြင်တွေကို ပြောပြသည်။

“ရင်းဇယ်က ငါ့ကို နေရာတိုင်းမှာ အရမ်း ကောင်းကောင်း ဆက်ဆံတယ်၊ ပြီးတော့ ငါတို့ အဆင်ပြေတယ်။ သူ ငါ့ကို စေ့စပ်ဖို့လည်း ကမ်းလှမ်းခဲ့ဖူးတယ်၊ ဒါပေမဲ့ ဘာ မှားနေလဲဆိုတာကို ငါ မသိဘူး။ လှုံ့ဆော်မှုတစ်ခု မရှိဘူးလို့ ငါ ခံစားရတယ်”

“လှုံ့ဆော်မှု?”

“ဘယ်လို ဖော်ပြရမလဲဆိုတာ ငါ မသိဘူးဟာ။ ဒါက ရေနွေးအိုးတစ်လုံးကို ကြည့်နေရသလိုပဲ၊ ရေက ဆူတော့မယ်ဆိုတာကို နင် သိနေတယ်။ အိုးအောက်ခြေကနေ ပူဖောင်းလေးတွေ တက်နေပြီ၊ ပြီးတော့ မကြာခင် ဆူတော့မယ်လို့ နင် ထင်တယ်။ အပေါ်ပိုင်းကနေလည်း အပူငွေ့တွေ ထွက်နေပြီ။ ဒါပေမဲ့ နင် စောင့်လိုက်၊ စောင့်လိုက်ပေမဲ့ မဆူဘူး။ နင် ထားခဲ့ရင်တောင်မှ မဆူသေးဘူးဆိုရင် နင် ဘာလုပ်သင့်သလဲ? ဒီအချိန်မှာ နင် စိတ်ပူပန်နေတယ်လို့ ခံစားရတဲ့အခါ ဆား နည်းနည်း ထည့်လိုက်တယ်၊ ချက်ချင်းပဲ ရေက ဆူပွက်သွားတယ်။ အခု ငါ ဒီလို ခံစားချက်မျိုး နည်းနည်း ရှိနေတယ်၊ နည်းနည်း စိတ်ပူပန်နေတယ်၊ ပြီးတော့ ဗိုက်ထဲမှာ ဖောင်းနေသလို ခံစားရတယ်။ ငါ တကယ်ပဲ

ဆားတစ်ဆုပ်ကို ပစ်ထည့်ပြီး ဆူပွက်စေချင်တယ်"

ချန်းရော့ယွီ ကြောင်သွားသည်။ ဒီလို ဥပမာမျိုးကို ထုတ်ပြဖို့၊ သူမက တကယ်ပဲ စားဖိုမှူးရဲ့ ဇနီးဖြစ်တော့မှာလား? ဒါပေမဲ့လည်း ဒါက ဖြစ်နိုင်ခြေ

ရှိပုံပဲ။

သူမက မုန့်ကုကို အရမ်း သဘောကျသလို မုန့်ကုကလည်း သူမကို သဘောကျတယ်လို့ ပြောခဲ့တာပဲ။ ပုံမှန်အားဖြင့် ဒါက အရာအားလုံး အဆင်ပြေသွားပြီ၊ ဒီကိစ္စ ဆုံးဖြတ်ပြီး ပြေလည်သွားပြီလို့ ယူဆသင့်တယ်။ ဒါပေမဲ့ သူမ ကိစ္စတွေက နည်းနည်း မသေချာဘူးလို့ ခံစားနေရတယ်။

"ရော့ယွီ၊ ငါ ဘာကိုဆိုလိုတာလဲ နင် သိရဲ့လား?”

“ငါ သိတယ်။ ဒါက ရေအပူချိန်က ဆူမှတ်ကို ရောက်လုနီးပါး ဖြစ်နေပြီ၊ အခု အသားကို ထည့်နိုင်ဖို့အတွက် ရေပွက်ပွက်ဆူတာကို စောင့်နေရသလိုပဲ”

ကောင်းယွီလန် ကြောင်သွားပြီးမှ သူမ မျက်နှာနီသွားသည်။

"ရော့ယွီ၊ ဒီလို ရိုင်းရိုင်းစိုင်းစိုင်း မဖြစ်ပါနဲ့”

“ငါ ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ဘူး”

ချန်းရော့ယွီသည် အလွန် အားနာသလို ခံစားရ၏။

“ဟော့ပေါ့ ချက်ရင်လည်း အတူတူပဲလေ။ ဪ ဟုတ်သားပဲ၊ တကယ်တော့ ဟော့ပေါ့ထဲမှာ အသားက အချိန်အကြာကြီးကတည်းက ကျက်နေပြီ။ ဒါပေမဲ့ အသားက သေချာမကျက်သေးမှာကို နင် စိုးရိမ်နေတယ်၊ ပြီးတော့ အိုးထဲမှာ ကြာကြာ ထားဖို့ အမြဲတမ်း စဉ်းစားနေတယ်။ ကြာကြာ ထားလွန်းရင် အရသာ မကောင်းမှာကိုလည်း နင် စိုးရိမ်နေတယ်”

“အာ၊ မှန်တယ်၊ နင် မှန်တယ်။ ငါ့မှာ တကယ်ကို ဒီလို ဆန့်ကျင်ဘက် ခံစားချက်တွေ ရှိနေတယ်”

အမျိုးသမီးနှစ်ယောက်လုံး သဘောတူညီမှု ရရှိပြီးနောက် သူတို့ အလေးအနက် ဆက်လက်ပြောဆိုနေကြသည်။

သူတို့ မသိလိုက်တာကတောအ ဘေးနားမှာရှိတဲ့ ရင်းဇယ်ဟာ ဖြတ်လျှောက်သွားတဲ့ မီးဖိုချောင် ဝန်ထမ်းတစ်ဦးကို ဖမ်းဆွဲပြီး မေးလိုက်သည်။

“သူတို့ ဘာတွေ ပြောနေကြတယ်ဆိုတာ မင်း ကြားလိုက်လား?”

“သူတို့ ဟော့ပေါ့အကြောင်း ပြောနေကြတာ”

ဟော့ပေါ့? ရင်းဇယ် တွေဝေသွားတယ်။ သူတို့ ယောက်ျားတွေအကြောင်း ပြောနေတာ မဟုတ်ဘူးလား? ဘာလို့ သူတို့ရဲ့ စကားပြောတာ ဟော့ပေါ့ကို ပြောင်းသွားရတာလဲ?

"ရော့ယွီ၊ အဲဒီနှစ်က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ နင် သိပြီးသားပါ။ ငါ့ရဲ့ ခုနစ်နှစ်တာ ပထမဆုံး အချစ်ကတောင် ဒီလောက် လွယ်လွယ်ကူကူ ပြတ်သွားနိုင်တယ်။ ဖြစ်ခဲ့တာတွေက... လူတိုင်းရဲ့ အမြင်မှာ ငါ့အတွက် တကယ် အဆင်မပြေပေမဲ့ ခုနစ်နှစ်... ခုနစ်နှစ်ကြာပြီးတဲ့နောက်မှာတောင် ငါ ယုံကြည်မှုဆိုတဲ့ ခံစားချက်ကို မတည်ဆောက်နိုင်ခဲ့ဘူး။ အဲဒီ ခုနစ်နှစ်တာကာလက နားလည်မှု လွဲမှားခြင်းကိုတောင် မကျော်လွှားနိုင်ခဲ့ဘူး၊ ပြီးတော့ ငါနဲ့ ရင်းဇယ်ရဲ့ ဆက်ဆံရေးက ဘယ်လောက်ကြာပြီလဲ? ပြီးတော့ သူ ငါ့ကို ချစ်မိသွားရတဲ့ အကြောင်းရင်းက တကယ်တမ်းကျတော့ လွန်ခဲ့တဲ့သုံးနှစ်အရင်က ဖြစ်ခဲ့တဲ့ ပထမဆုံးတွေ့ဆုံမှုမှာ မြင်မြင်ချင်း ချစ်မိသွားတဲ့ အခွင့်အရေးပဲ။ ရော့ယွီ၊ ရိုးရိုးသားသား ပြောရရင် ငါ စိတ်မချဘူး၊ ဒါပေမဲ့ ဒီလို စိတ်မချတဲ့ ခံစားချက်မျိုးက သူ့အတွက်တော့ လုံးဝ ပြဿနာ မဟုတ်ဘူးလို့ ထင်ရတယ်။ သူက ငါတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုနောက်ပိုင်း ငါ့ကို မမေ့နိုင်တာက ပုံမှန်ပဲလို့ ခံစားရတယ်။ နှစ်အတော်ကြာပြီးတဲ့နောက် ပြန်တွေ့ပြီး ချစ်မိသွားတာက ပုံမှန်ပဲ၊ ပြီးတော့ ငါတို့ နှစ်ယောက်စလုံးမှာ အပြန်အလှန် ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိရင် လက်ထပ်သင့်တယ်။ ဒီအရာတွေအားလုံးကလည်း သဘာဝအတိုင်း ပြေလည်သွားသင့်တယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်တစ်ခုလုံးက အရမ်းယုံကြည်စိတ်ချလို့ မရဘူးလို့ နင် မထင်ဘူးလား?”

“ဒါဆို ဒီအရာတွေထဲက ဘယ်အပိုင်းက ယုံကြည်စိတ်ချလို့မရဘူးလို့ နင် ထင်တာလဲ?”

ကောင်းယွီလန် စကားနင်သွားခဲ့သည်။ သူမ ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်ဖြစ်နေသည်။ အချိန်အကြာကြီး စဉ်းစားပြီးမှ သူမ နောက်ဆုံးတွင် ပြောလိုက်သည်။

“ငါ သူ့ကို ချစ်တယ်ဆိုတာ သေချာတယ်၊ ပြီးတော့ သူ ငါ့ကို ချစ်တယ်ဆိုတာလည်း သေချာတယ်။ ငါတို့ မိသားစုနှစ်ခုမှာလည်း ပြဿနာ တစ်စုံတစ်ရာ ရှိသင့်တယ်လို့ မထင်ဘူး။ ဒါပေမဲ့ ငါ တကယ်ပဲ တွေဝေနေတာ၊ လှုံ့ဆော်မှု နည်းနည်းလေး လိုအပ်တယ်။ ရော့ယွီ၊ ငါက အားနည်းတဲ့ စရိုက်ရှိတယ်ဆိုတာ နင် သိပါတယ်။ ငါက အခက်အခဲနဲ့ တွေ့တဲ့အခါ ပုန်းချင်တယ်။ ဒါပေမဲ့ ရင်းဇယ်က လုံးဝ မတူဘူး။ သူက ငါ့ကို တကယ် ပျော်ရွှင်စေတယ်၊ ဒါပေမဲ့ အရာအားလုံးက အရမ်း လွယ်လွယ်ကူကူနဲ့ အရမ်း မြန်မြန် ရောက်လာတယ်”

သူမက ချန်းရော့ယွီရဲ့ တွေဝေနေတဲ့အမူအရာကို ကြည့်လိုက်ပြီး ရုတ်တရက် ပြေပြစ်သည့်လေသံဖြင့် ပြောလိုက်သည်။

“ငါ ရှင်းရှင်းလင်းလင်း မပြောခဲ့မိတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဒါက ငါ့ရဲ့ စိတ်မလုံခြုံမှု ခံစားချက်သက်သက်ပဲ ဖြစ်နိုင်တယ်။ ငါ လှုံ့ဆော်မှု လိုအပ်တယ်၊ စိတ်လှုပ်ရှားဖို့ လိုအပ်တယ်လို့ ပြောခဲ့တာက ငါ့ရဲ့ အကြောင်းပြချက်ပဲ ဖြစ်နိုင်တယ်”

ချန်းရော့ယွီမှာလည်း ပြောစရာ စကားမရှိတော့ဘဲ လက်ဖြင့် မေးစေ့ကို ထောက်ကာ စဉ်းစားနေသည်။ သူတို့လို ရှင်းပြမရတဲ့ ခံစားချက်မျိုးနဲ့ အမျိုးသမီး ဘယ်နှစ်ယောက်များ ရှိပါလိမ့်? ရှင်းပြမရတဲ့ မကျေနပ်မှု၊ ရှင်းပြမရတဲ့ မလုံခြုံမှုနဲ့ ရှင်းပြမရတဲ့ ကျိုးကြောင်းဆီလျော်မှု မရှိခြင်း။ သူတို့က တကယ့်ကို စိတ်ရှုပ်ထွေးနေကြတာပဲ။

“လန်လန်၊ သူ နင့်ကို ချစ်တယ်လို့ ပြောတယ်၊ အဲဒါ လှုံ့ဆော်မှု မဟုတ်ဘူးလား? သူ နင့်ကို ချစ်တယ်လို့ ပြောတဲ့အခါ နင် စိတ်လှုပ်ရှားမှု မခံစားရဘူးလား? ပြီးတော့ သူ နင့်ကို တကယ်ချစ်တယ်ဆိုတာကို နင် မဆုံးဖြတ်ခဲ့ဘူးလား?”

ကောင်းယွီလန် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အချိန်အကြာကြီး စဉ်းစားတော့သည်။

“ယောက်ျားတွေက ငါတို့လို စိတ်မနှံ့တဲ့ မိန်းမတွေကို တကယ် မုန်းမှာပဲ”

“ဒီနေ့ စီးစီးက ပုံမှန်အမျိုးသမီးတွေက စိတ်မနှံ့ကြဘူးလို့ ငါ့ကို ပြောခဲ့သေးတယ်”

ကောင်းယွီလန်သည် ဒီအကြောင်းကို စဉ်းစားလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ငါ့ရဲ့ တိုက်ခိုက်မှုက အများကြီး ပိုပေါ့ပါးတယ်”

သူမက ချန်းရော့ယွီ၏ လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ရော့ယွီ၊ ကျေးဇူးတင်ပါတယ်”

ကျေးဇူးတင်တယ်? လန်လန်က သူမကို ဘာအတွက် ကျေးဇူးတင်တာလဲ? ချန်းရော့ယွီ သူမကို ကြည့်လိုက်တဲ့အခါ လန်လန်ရဲ့စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတစ်ခု ကျသွားသလိုမျိုး ပျော်ရွှင်နေတဲ့အမူအရာကို မြင်လိုက်ရပြီး ရုတ်တရက် သူမလည်း ဒီစကားပြောဆိုမှုကနေ အကျိုးကျေးဇူး အများကြီးရခဲ့တယ်လို့ ခံစားလိုက်ရသည်။

ရက်အတော်ကြာသည်အထိ ချန်းရော့ယွီ မုန့်ကုကို မတွေ့ရပေ။

မုန့်ကုသည် ခွင့်ယူပြီးတဲ့နောက် အလုပ်ကို ပြန်လည် စတင်ခဲ့သည်။ သူက တစ်ပတ်စာ ဖျားနာခွင့် ယူခဲ့ပြီး အလုပ်ကို ပြန်ရောက်တဲ့အခါ သူ့ရဲ့အလုပ်များက တောင်ပုံရာပုံ ဖြစ်နေတာကို တွေ့လိုက်ရသည်။ ဒါ့အပြင် သူ ခွင့်ယူထားတဲ့အချိန်တုန်းက အစားထိုးပေးခဲ့ကြတဲ့ ဆရာဝန်များအတွက်လည်း သူ့အချိန်ကို ပြန်လည် ချိန်ညှိပေးရ၏။ ဒါကြောင့် သူ အရမ်း အလုပ်များနေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမလည်း အရမ်း အလုပ်များနေခဲ့သည်။ အချစ်နှင့် ဘဝအကြောင်း စဉ်းစားရတာအပြင် သူမရဲ့အလုပ်ကလည်း ရုတ်တရက် အလုပ်များတဲ့ကာလကို ရောက်ရှိလာသည်။

ကျောက်ရှသည် ထောက်ပံ့ရေးလိုင်း အသစ်များအတွက် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ကွန်ဒုံးထုတ်ကုန်များရဲ့ အရသာ အသစ်များစွာကိုလည်း ဈေးကွက်ထဲ မိတ်ဆက်တော့မှာ ဖြစ်သည်။

ချန်းရော့ယွီသည် အချိန်ပိုင်းအလုပ်ပဲ လုပ်နေပေမယ့် ကျောက်ရှက သူမကို အမြဲတမ်း ဂရုစိုက်ပြီး ထောက်ပံ့သူအချို့နှင့်အတူ တွဲဖက် အလုပ်လုပ်ရန် ခွင့်ပြုခဲ့သည်။ ဒီရက်ပိုင်းမှာ ထုတ်ကုန်အသစ်များကို ဈေးကွက်ထဲသို့ မိတ်ဆက်ခဲ့ပြီး ချန်းရော့ယွီသည် ဖောက်သည်များနှင့် တွေ့ဆုံချိန်နှင့် ညအချိန်များကို အသုံးပြုကာ ထုတ်ကုန်များရဲ့ ဈေးကွက်ရောင်းအားကို စစ်ဆေးရန် လက်လီဆိုင်အမျိုးမျိုးကို လှည့်လည်သွားလာရသည်။ သူမက သူမရဲ့လက်အောက်မှာ ရှိတဲ့ လက်လီဆိုင်ဟောင်းများမှာ ထုတ်ကုန်အသစ်များကို ရောင်းချရန်အတွက်လည်း ဆွေးနွေးခဲ့၏။ ဒီအချိန်တစ်လျှောက်လုံး နေ့ဘက်ရော ညဘက်ပါ သူမ အဆက်မပြတ် အလုပ်လုပ်ခဲ့ရပြီး သူမရဲ့ အချိန်ဇယားဟာ မုန့်ကုရဲ့အချိန်ဇယားနှင့် ဘယ်တော့မှ မတိုက်ဆိုင်တော့ပေ။

ဒီနေ့ ချန်းရော့ယွီသည် သူမရဲ့ဖောက်သည်များနှင့် တွေ့ဆုံရန် သတ်မှတ်ထားတဲ့အချိန်ကို အသုံးချကာ ကျောက်ရှ၏ ရုံးခန်းကို သွားလိုက်သည်။

ကျောက်ရှကို စောင့်နေတဲ့အချိန်အတွင်း ရောင်းချမှုကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနေစဉ် အဖေချန်းက သူမကို ဖုန်းခေါ်လာသည်။ သူက ကျိုးကျယ်နှင့် သူမကြားရှိ တိုးတက်မှုအကြောင်းကို မေးလာ၏။

ချန်းရော့ယွီသည် သူ့ကို အမှန်အတိုင်း ပြောပြလိုက်သည်။ သူတို့ တွေ့ဖို့ ချိန်းဆိုခဲ့ကြပေမဲ့ တွေ့လို့ မရခဲ့ဘူး။ သူတို့ နှစ်ယောက်စလုံး သူငယ်ချင်း ဖြစ်ဖို့ သဘောတူခဲ့ကြပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက အချစ်အဖြစ်ကို တိုးတက်လာဖို့ ဖြစ်နိုင်ခြေ မရှိဘူး။

ဖုန်းတစ်ဖက်မှာ အဖေချန်း ခဏတာ ရပ်တန့်သွားပြီး သူ့ရဲ့စိတ်ပျက်မှုကို ဖုန်းလိုင်းမှတစ်ဆင့် ခံစားနိုင်သည်။ ချန်းရော့ယွီသည် သက်ပြင်းချချင်ပေမယ့်လည်း ထိန်းချုပ်ထားလိုက်၏။ သူမ ဒီ မိသားစုအတားအဆီးကို ကျော်လွှားရမယ်ဆိုတာကို သိတယ်။ သူမရဲ့အချစ်ဘဝ ဘယ်လိုပဲ တိုးတက်ပါစေ၊ သူမ နေထိုင်ရမယ့် ဘဝပုံစံကို ရွေးချယ်ချင်တယ်။ အနာဂတ်မှာ A-မြို့မှာ သူမရဲ့ ဘဝက ဘယ်လို ဖြစ်လာမလဲဆိုတာကို သူမ မသိပေမဲ့ အခုဒီအချိန်မှာတော့ သူမ ကိုယ့်နှလုံးသားကိုပဲ လိုက်နာချင်နေဆဲဖြစ်တယ်။

နောက်ဆုံးမှာတော့ အဖေချန်းက အရင် စကားများကိုပဲ ထပ်မံ ပြောလာသည်။

“နင်က အရွယ်ရောက်လာပြီ၊ လက်တွေ ခြေထောက်တွေလည်း ရှိနေပြီ။ အမေနဲ့ အဖေက နင့်ကို အတင်းအကျပ် လုပ်လို့ မရဘူး၊ နင်လည်း ကိုယ့်ရဲ့ အမြင် ရှိနေပြီ။ ဒါပေမဲ့ အမေနဲ့ ပဖေက နင်ထက် တစ်သက်တာ အတွေ့အကြုံ ပိုများတယ်။ အမေနဲ့ အဖေကလည်း ဘဝကို ဘယ်လို နေထိုင်ရမလဲဆိုတဲ့ အဓိပ္ပာယ်ကို သိတယ်။ ဟိုမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ကျိုးကျယ်နဲ့ အဆင်ပြေအောင် ကြိုးစား။ နှစ်သစ်ကူးက မဝေးတော့ဘူး၊ အချိန်ရောက်တဲ့အခါ ကျိုးကျယ်နဲ့ အတူတူ အိမ်ပြန်လာခဲ့။ ဘာပဲဖြစ်ဖြစ် အိမ်ပြန်လာပြီးမှ ငါတို့ ဆွေးနွေးကြတာပေါ့”

ချန်းရော့ယွီ အကူအညီမဲ့သလို ခံစားရသည်။ ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမယ့်လည်း သူမရဲ့ဖခင်က နားမလည်ဟန်ဆောင်ရန် ဒါမှမဟုတ် မကြားဟန်ဆောင်ရန် နည်းလမ်းကို ရှာဖွေနိုင်ဆဲဖြစ်ပြီး သူ ပြောချင်တာကို ဆက်ပြောနေဆဲဖြစ်သည်။ ဟုတ်တယ်၊ သူ့ရဲ့ စကားနဲ့ သူမအမေရဲ့ စကားက အတူတူပဲ ဖြစ်လိမ့်မယ်။ သူမရဲ့ အိမ်မှာ သူမရဲ့အမေက အားကောင်းတယ်၊ ရိုင်းစိုင်းတယ်၊ စိတ်တိုဒေါသ

ကြီးတယ်၊ သူမရဲ့အဖေ ကတော့ နူးညံ့ပြီး နာခံတတ်တယ်။ ဒီသက်ကြီးရွယ်အိုနှစ်ယောက်ကတော့ အမြဲတမ်း သဘောထား တိုက်ဆိုင်ပြီး သူတို့ရဲ့ အမြင်တွေက တညီတညွတ်တည်း ဖြစ်နေကြ၏။

“ဘဝကို နေထိုင်ခြင်း” ဆိုတာ ဒါကိုပဲ ဆိုလိုတာ။ မိသားစုထဲမှာ တစ်ယောက်က သခင်ဖြစ်ပြီး နောက်တစ်ယောက်က နာခံကာ သည်းခံပေးရတယ်။ ဒါကို သည်းခံခြင်းလို့ ရည်ညွှန်းဖို့ မသင့်ဘူး၊ ဘာလို့လဲဆိုတော့ သူမရဲ့အဖေအတွက် ဒါက ဘဝရဲ့ ပျော်ရွှင်မှုရဲ့ အစိတ်အပိုင်းပဲလေ။

ချန်းရော့ယွီသည် ဖုန်းချပြီးတဲ့နောက် နောက်ဆုံးမှာတော့ သက်ပြင်းကို ချနိုင်ခဲ့သည်။ ထိုအချိန်မှာပဲ ကျောက်ရှသည် အထဲဝင်လာပြီး သူမရဲ့ သက်ပြင်းချသံကို ကြားလိုက်ရသည်။ သူမက ပြုံးလိုက်ပြီး အကြောင်းရင်းကို မေးလိုက်သည်။ ချန်းရော့ယွီသည် မိဘများက သူမကို အိမ်ပြန်ရန် ဖိအားပေးနေတဲ့ကိစ္စကို ပြောပြလိုက်သည်။

အဲ့ဒီနောက် ကျောက်ရှက သူမကို ကုမ္ပဏီမှာ အချိန်ပြည့် အရောင်းဝန်ထမ်းအဖြစ် ပူးပေါင်းဖို့ ဆန္ဒရှိလားဆိုတာကို ပြောချင်သေးကြောင်း ပြောလိုက်သည်။ ချန်းရော့ယွီသည် သူမနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကိုင်တွယ်ခဲ့တဲ့ ထောက်ပံ့သူများအားလုံးက ချန်းရော့ယွီ၏ စွမ်းဆောင်ရည်ကို အလွန်ကောင်းမွန်သည့်အကဲဖြတ်မှုများ ပေးခဲ့ကြသည်။ ထုတ်ကုန်တွေ ဘယ်လိုပဲ ဖြစ်နေပါစေ၊ လူတိုင်းက ချန်းရော့ယွီကို ချီးကျူးကြ၏။ သူမင စကားပြောရ လွယ်ကူပြီး တာဝန်ယူမှု ရှိကာ အော်ဒါမှာတဲ့အခါ အမှားအယွင်း မလုပ်တတ်ဟု သူတို့ ခံစားရသည်။

ချန်းရော့ယွီသည် သူတို့ရဲ့ချီးမွမ်းစကားများအတွက် အရမ်းကျေးဇူးတင်မိပြီး ကျိုးနွံစွာ ပြောလိုက်သည်။

“ငါ ကိုင်တွယ်နေတဲ့ ထောက်ပံ့သူတွေ အားလုံးက သေးငယ်ပြီး ပမာဏကလည်း နည်းတော့ ပြဿနာ နည်းတာပေါ့”

“နင် C-မြို့ကို ပြန်ဖို့ စဉ်းစားနေတာလား? ဒီအကြောင်း ပြောရမယ်ဆိုရင် ငါ့မှာ စီးပွားရေး အစီအစဉ်တစ်ခုလည်း ရှိတယ်။ C-မြို့မှာရှိတဲ့ တစ်ဦးတည်း ကိုယ်စားလှယ်က နုတ်ထွက်တော့မယ်။ ငါ သူတို့ရဲ့ ဒေတာကို ကြည့်ပြီးပြီ၊ ဈေးကွက်က ကောင်းတယ်။ ငါ သူ့ဆီကနေ လွှဲပြောင်းယူချင်တယ်၊ ဒါပေမဲ့ ငါ မစီမံနိုင်ဘူး၊ ပြီးတော့ ငါ ယုံကြည်စိတ်ချရတဲ့သူလည်း မရှိဘူး။ နင် C-မြို့ကို ပြန်ဖို့ စီစဉ်ထားရင် ငါ့ကို ကြိုပြောပြနော်။ ငါတို့ C-မြို့ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ကို ယူနိုင်တယ်။ ငါက ငွေကြေး ရင်းနှီးမြှုပ်နှံမယ်၊ ပြီးတော့ နင်က စီးပွားရေးကို လည်ပတ်နိုင်တယ်။ နင် ဘယ်လို ထင်လဲ?”

ချန်းရော့ယွီ အံ့သြသွားပြီး တကယ်ပဲ မြှောက်ပင့်ခံလိုက်ရသလို ခံစားရသည်။ သူမ ဘယ်တုန်းက ဒီလို ကံကောင်းခဲ့တာလဲ?

အဲဒီညမှာ ချန်းရော့ယွီ အိမ်ကို အရမ်း နောက်ကျမှ ပြန်ရောက်လာသည်။ သူမ တံခါးဖွင့်လိုက်တဲ့အချိန် အိမ်က မှောင်မဲနေပြီး ဘယ်သူမှ မရှိပေ။ လျန်စီးစီးက တစ်ပတ်ကြာ ခရီးထွက်သွားတာဖြစ်ပြီး ပြန်မလာသေးချေ။ ဒါက ချန်းရော့ယွီကို အနည်းငယ် အထီးကျန်သလို ခံစားစေသည်။

သူမက သူမအတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်လိုက်သည်။ သူမ ချက်နေရင်း စဉ်းစားနေမိသည်။ သူမ မုန့်ကုနဲ့ လက်ထပ်ခဲ့ရင်နဲ့ အမြဲတမ်း ဒီလို အချိန်ပို အလုပ်လုပ်နေရရင် အိမ်မှာ ဘယ်သူ ချက်မှာလဲ? မုန့်ကု ချက်တတ်မလားလို့ သူမ တွေးနေမိပြီး သူ့ရဲ့ အချိန်ပို အလုပ်လုပ်ရတာက ဒီထက်တောင် ပိုများပုံရတယ်။

ခေါက်ဆွဲက နောက်ဆုံးတော့ အဆင်သင့် ဖြစ်သွားသည်။ သူမ စားနေရင်း ကိုယ့်ကိုကိုယ် ပြောလိုက်သည်... သူမ တကယ်ပဲ အများကြီး တွေးနေတာပဲ။

ဒီအချိန်မှာ မက်ဆေ့ခ်ျအကြောင်းကြားသံ ထွက်ပေါ်လာပြီး သူမ ဖုန်းကို ကောက်ယူကြည့်လိုက်တဲ့အခါ မုန့်ကုဆီက ဖြစ်သည်။ မက်ဆေ့ခ်ျထဲမှာ သူက ဒီနေ့အထိ သူမရဲ့ ဦးဆောင်ချိန်းဆိုမှုကို မရသေးကြောင်း၊ ဒါကြောင့် သူ လက်ရှိမှာ ထိန်းချုပ်ထားတဲ့ အခြေအနေမှာ ရှိနေကြောင်း ပြောထားသည်။

ချန်းရော့ယွီသည် အဲ့ဒီမက်ဆေ့ခ်ျကို မြင်တဲ့အခါ ကျယ်လောင်စွာ ရယ်မောလိုက်၏။

သူမ သူ့ကို ဖုန်းခေါ်လိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ?”

“ခွဲစိတ်မှု လုပ်ပြီး ခုမှ ထွက်လာတာ။ ထမင်းဘူးနဲ့ စားနေတယ်။ မင်းရော?”

“ခုမှ အိမ်ပြန်ရောက်တာ။ ခေါက်ဆွဲ စားနေတယ်”

“အရမ်း နောက်ကျပြီးမှ ပြန်ရောက်တာလား?”

“ဟုတ်တယ်။ ကျွန်မလည်း အလုပ်လုပ်ရတာကိုး။ ရှင် စားပြီးရင် အလုပ်ဆင်းပြီး အိမ်ပြန်တော့မှာလား?”

“ဟုတ်တယ်။ ချိန်းထားတာ မရှိတော့ အိမ်ပြန်တော့မယ်”

“အရမ်း နောက်ကျနေပြီ၊ အပြင် မသွားနဲ့တော့လေ။ စောစော အိမ်ပြန်ပြီး အနားယူပေါ့။ မနက်ဖြန် အလုပ်မသွားရဘူးမလား?”

“ကောင်းပြီ”

မုန့်ကု သက်ပြင်းချလိုက်သည်။ တကယ်တော့ သူ တကယ် ပင်ပန်းနေပြီ။

“ခေါက်ဆွဲ စားပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ?”

“ကောင်းပြီ၊ ကျွန်မရဲ့ ဘဝအကြောင်းကို သေချာ စဉ်းစားဖို့ ရည်ရွယ်ထားတယ်”

“ဘာလို့ ပိုပြီး အလေးအနက်ထားတဲ့ အရာတွေအကြောင်း မစဉ်းစားတာလဲ?”

“ကျွန်မရဲ့ ဘဝက ဘာလို့ အလေးအနက် မဖြစ်ရတာလဲ? ဒါဆို ရှင်က အလေးအနက်ထားတဲ့ အရာတွေဆိုတာကို ပြောပါဦး”

“ဥပမာအားဖြင့် ထူးချွန်ပြီး ရုပ်ချောတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်နဲ့ ချိန်းတွေ့ဖို့ စီစဉ်တာ၊ ခံစားချက်တွေကို တည်ဆောက်တာနဲ့ အချစ်အကြောင်း ဒါမှမဟုတ် အဲဒီလို အရာတွေအကြောင်း ပြောတာပေါ့”

ချန်းရော့ယွီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရိုးရိုးလေး ပြောလိုက်သည်။

“မလုပ်ဘူး”

“ဒါဆို မင်းက ဘာအကြောင်းကို စဉ်းစားချင်တာလဲ?”

“ကျွန်မရဲ့အဖေက ဒီနေ့ ထပ်ဖုန်းခေါ်ပြီး အိမ်ပြန်ဖို့ ကိစ္စကို သတိပေးတယ်၊ ပြီးတော့ ကျိုးကျယ်နဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကြိုးစားဖို့ ပြောခဲ့တယ်"

“...”

ဖုန်းတစ်ဖက်မှာ ခဏတာ တိတ်ဆိတ်သွားပြီးမှ မုန့်ကုရဲ့ လေသံက ပြင်းထန်လာသည်။

“ချန်းရော့ယွီ၊ မင်း ဒါကို စဉ်းစားဖို့ လိုနေသေးတာလား?”

“ဟုတ်တာပေါ့၊ စဉ်းစားရမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်မရဲ့ မိဘတွေပဲလေ၊ သူတို့ ဝမ်းနည်းတာကို ကျွန်မ မလိုချင်ဘူး။ ဒီနေ့ ကျွန်မ သတင်းကောင်းတချို့ရခဲ့လို့ ဒီကိစ္စအတွက် ဖြေရှင်းနည်းရှိနေတယ်”

“ဘာ ဖြေရှင်းနည်းလဲ? သူတို့ကို လှည့်စားဖို့ ကျိုးကျယ်နဲ့ ချစ်ဟန်ဆောင်မယ်လို့ ပြောရဲရင် ငါ့ကို ရင်ဆိုင်ဖို့ စောင့်နေလိုက်”

“ဒေါက်တာမုန့်၊ ဆရာဝန်တစ်ယောက်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတစ်ယောက်က ဒီလောက် အကြမ်းဖက်တာ မှန်တယ်လို့ ထင်လား?”

“စိတ်မပူနဲ့၊ ငါ့ရဲ့ ပညာရှင် ဆေးဘက်ဆိုင်ရာ အသိပညာနဲ့ဆိုရင် မင်း သိပ်နာကျင်မှာ မဟုတ်ဘူး”

ချန်းရော့ယွီ မျက်မှောင်ကြုတ်လိုက်သည်။ သူ့စကားတွေမှာ ရိုင်းစိုင်းတဲ့ အဓိပ္ပာယ် တစ်စုံတစ်ရာရှိမရှိ သူမ မသေချာပေ။

“မင်းရဲ့ ဖြေရှင်းနည်းက အတိအကျ ဘာလဲ?”

မုန့်ကု အနည်းငယ် စိုးရိမ်နေသံ ပေါက်နေသည်။

“ကျွန်မ အချိန်ပိုင်း အလုပ်လည်း လုပ်နေတယ်လို့ ရှင့်ကို ပြောဖူးလား? ကျွန်မက လူကြီးပစ္စည်း ဈေးကွက်တင်တဲ့ အမှတ်တံဆိပ်တစ်ခုရဲ့ အချိန်ပိုင်း အရောင်းဝန်ထမ်းလုပ်နေတယ်"

“မင်း ပြောချင်တာက... ငါတို့ အနာဂတ်မှာ ဒီပစ္စည်းတွေကို ကိုယ့်အိမ်အတွက် ဝယ်စရာ မလိုတော့ဘူးလို့လား?”

သူမက ဒီဝါကျဟာ ရိုင်းစိုင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတယ်ဆိုတာ သေချာတယ်။ သူမ မကြားဟန်ဆောင်ပြီး ဆက်ပြောလိုက်သည်။

“ဒီနေ့ ကျွန်မ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ သူဌေးလည်းဖြစ် ပြီးတော့ သူငယ်ချင်းကောင်းလည်း ဖြစ်တဲ့သူက C-မြို့မှာ တစ်ယောက်တည်း ကိုယ်စားလှယ်နေရာ လစ်လပ်နေတယ်လို့ ပြောတယ်။ သူ(မ)က အဲ့ဒါ ယူချင်တယ်။ ကျွန်မ C-မြို့ကို ပြန်ရင် သူ(မ)က ကျွန်မနဲ့ ပူးပေါင်းချင်တယ်။ သူ(မ)က ငွေကြေး ရင်းနှီးမြှုပ်နှံမယ်၊ ပြီးတော့ ကျွန်မက စီးပွားရေးကို လည်ပတ်မယ်”

“...”

ချန်းရော့ယွီသည် သူ့ရဲ့တုံ့ပြန်မှုကို စောင့်နေပေမယ့် သူက တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူမ မေးလိုက်၏။

“ဒေါက်တာမုန့် ရှင် ရှိနေသေးလား?”

“ငါ စားချင်စိတ် မရှိတော့ဘူး”

“ကျွန်မ မအီမသာဖြစ်စေတဲ့ စကားတွေတောင် မပြောရသေးပါဘူး။ ကျွန်မ ပြောချင်တာက ကျွန်မရဲ့ မိဘတွေက ကျွန်မကို အိမ်ပြန်ဖို့ အတင်းအကြပ် လုပ်ချင်ရင် ကျွန်မ သူတို့ကို ပြောမယ်... ကျွန်မ A-မြို့မှာ အာမခံ မရောင်းချင်တော့ဘူး၊ C-မြို့ကို ပြန်ပြီး ကွန်ဒုံးရောင်းမယ်။ C-မြို့ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ် ဖြစ်တာကလည်း စီးပွားရေးတစ်ခုပဲလေ။ ကျွန်မ သူတို့အကြောင်းကို အရမ်း ကောင်းကောင်းသိတယ်။ သူတို့က သူတို့ရဲ့ မျက်နှာကို အရမ်းအလေးထားတာ ဒါကြောင့် ကွန်ဒုံးရောင်းတာနဲ့ အာမခံရောင်းတာကို ရွေးရမယ်ဆိုရင် သူတို့ ကျွန်မကို ဒီမှာပဲ နေပြီး အာမခံ ရောင်းစေလိမ့်မယ်။ မျက်စိက မမြင်ရင် နှလုံးသားက မနာဘူးလေ။ ကျွန်မ မှန်တယ် မဟုတ်လား?”

“...”

“ဒေါက်တာမုန့်၊ရှင် ဘာလို့ ထပ်ပြီး စကားမပြောတော့တာလဲ?”

“ချန်းရော့ယွီ၊ တစ်ခါတလေ မင်း အရမ်း အတာ ငါ့ကို အံ့သြစေတယ်”

“ကျွန်မ ဘာလုပ်လို့လဲ?”

“ငါက ကွန်ဒုံးထက် ပိုပြီး အသုံးဝင်တာ မဟုတ်ဘူးလား? မင်းက သူတို့ကို ကွန်ဒုံးတွေအကြောင်း မီးမောင်းထိုးပြတော့မှာဆိုရင် သူတို့ကို ငါ့အကြောင်း မီးမောင်းထိုးပြတာက ပိုကောင်းတယ်!”

ချန်းရော့ယွီ ကြောင်သွားပြီး အချိန်အကြာကြီး သည်းခံပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်။

“ဒေါက်တာမုန့်၊ ရှင် ဥပမာပေးပုံက တကယ်ကို အံ့ဩစရာပဲ။ ကျွန်မ ပြောစရာ စကားပျောက်သွားပြီ။

“...”

မုန့်ကုသည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီး ရုတ်တရက် သူ ဖုန်းချလိုက်၏။

သူ ရှက်သွားတာ!

ချန်းရော့ယွီ ခဏလောက် စဉ်းစားလိုက်ပြီး မှားနေတယ်လို့ ခံစားလိုက်ရသည်။ ဖြစ်သင့်တာက... ရှက်ပြီး ဒေါသထွက်သွားတာ။

သူမ တခစ်ခစ် ရယ်လိုက်ပြီး ရုတ်တရက် မစ္စတာ တိုင်ရန်နိုဆောရပ်စ်ရဲ့ ဉာဏ်ရည်က ကျဆင်းသွားပြီး သူ့ရဲ့တိုက်ခိုက်ရေး စွမ်းအားက မလုံလောက်ဘူးလို့ တွေးလိုက်မိသည်။ ဒါကို သူ ပြောင်းလဲသွားတယ်လို့ ယူဆနိုင်မလား?

Translator -JJ

All Chapters