← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

ဒွိဟချစ်သံယောဇဉ်:

Chapter 55- လူပျိုယောကျာ်း

သူ ပြောတာ မှန်တယ်ဆိုတာ သူမ ခံစားနိုင်တယ်။

လူတစ်ယောက်က ကိုယ့်ကို ချစ်လား၊ မချစ်ဘူးလားဆိုတာကို သေချာပေါက် ခံစားသိရှိနိုင်တယ်။

ပြီးတော့ သူမ ခံစားနေရပြီ။

ကားသည် သူမ၏ အိမ်အောက်ထပ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူတို့နှစ်ဦးစလုံး ကားပေါ်မှ ဆင်းရန် ဝန်လေးနေကြသည်။ သူတို့၏ အဓိပ္ပာယ်မဲ့ စကားများက မဆုံးနိုင်အောင် ရှည်လျားနေပြီး နောက်ဆုံးတွင် တိတ်ဆိတ်သွားကာ ခဏမျှ ထိုင်နေကြသည်။

နောက်ဆုံးတွင် သမ်းဝါးပြီး အိပ်ချင်လာသူမှာ သူမပင် ဖြစ်သည်။ ထို့နောက် မုန့်ကုက သူမကို အပေါ်ထပ်သို့ အမြန်ပြန်ရန် တိုက်တွန်းသည်။ သို့သော် သူမ အဆောက်အအုံ ဝင်ပေါက်သို့ ရောက်သောအခါ သူသည် သူမနောက်ကနေ အလျင်အမြန် လိုက်လာပြီး အပေါ်ထိ လိုက်ပို့ပေးမည်ဟု ပြောလာသည်။ သူတို့လက်ချင်းတွဲကာ ဓာတ်လှေကားဖြင့် တက်လာပြီး သူမရဲ့ အခန်းတံခါးဝသို့ ရောက်သည်။ ဒီမြင်ကွင်းကို ပြန်တွေးကြည့်တဲ့အခါ သူမ အလွန်ပင် ရယ်စရာကောင်းသည်ဟု ခံစားရ၏။

"ကျွန်မ အခု ဝင်တော့မယ်"

သူမက ပြောလိုက်သည်။

မုန့်ကုက ခေါင်းညိတ်သည်။

"ဒီနေ့ စီးစီးက ပြန်မလာသေးဘူး။ ကျွန်မ အိမ်မှာ တစ်ယောက်တည်း"

သူမ စကားဆုံးသောအခါ မုန့်ကု၏ အမူအရာကို မြင်လိုက်ရပြီး ရပ်တန့်သွားသည်။ သူမ တစ်ခုခု မှားပြောလိုက်မိပြီဟု ခံစားရပြီး အလျင်အမြန် ဖြည့်စွက်လိုက်၏။

"တခြား ဘာကိုမှ ဆိုလိုတာ မဟုတ်ပါဘူး။ သူ(မ) မပြန်လာသေးလို့ ကျွန်မ အိမ်မှာ တစ်ယောက်တည်းလို့ ပြောတာပါ"

ချန်းရော့ယွီ၏ မျက်နှာ နီရဲသွားပြီး မုန့်ကုက ရယ်မောလိုက်သည်။

"ကျွန်မ ဝင်တော့မယ်"

သူ သူ့ကို မျက်စောင်းထိုးလိုက်သည်။ တကယ် မုန်းစရာကောင်းတယ်။ သူက ချစ်စရာကောင်းတော့ဘူး။

သူမ အိတ်ထဲမှာ သော့ကို ရှာဖွေနေတဲ့အချိန် သူက သူမကို စောင့်ကြည့်နေသည်။ သူမ အတော်ကြာကြာ ရှာသော်လည်း သော့ကို ရှာမတွေ့တော့ဘဲ စိုးရိမ်လာသည်။

အဲ့ဒီနောက် သူမ၏ အိတ်ကို သူ့လက်ထဲ ပေးလိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် အိတ်ထဲတွင် ထည့်ရှာတော့သည်။

"ဘာဖြစ်တာလဲ"

"ကျွန်မ သော့ ရှာမတွေ့ဘူး။ သွားပြီ... ဘယ်နေရာမှာများ ပျောက်သွားတာလဲမသိဘူး"

"စိတ်မပူနဲ့... စိတ်မပူနဲ့"

သူက သူမကို စိတ်အေးအောင် လုပ်ပေးပြီး သူမ၏ အိတ်ထဲတွင် လိုက်ရှာပေးသည်။ သူက အိတ်ထဲတွင် စမ်းလိုက်ရာ အတွင်းထဲမှာ ပစ္စည်းအမျိုးမျိုး ရှိသော်လည်း သော့ကတော့ မပါဝင်ပေ။

"ဘယ်မှာ ထားခဲ့လဲဆိုတာ ပြန်စဉ်းစားကြည့်။ ခုနက အပြင်မှာ ထုတ်သုံးခဲ့သေးလား။ စားသောက်ဆိုင်မှာလား။ ဒါမှမဟုတ် ကုမ္ပဏီမှာလား"

"အိုး! မဟုတ်ဘူး!"

နောက်ဆုံးတွင် သူမ သတိရသွားသည်။

"ဒီနေ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က လက်သည်းညှပ် ခဏငှား‌သေးတယ်။ကျွန်မရဲ့ လက်သည်းညှပ်လေးက သော့တွဲနဲ့ တွဲထားတာ။ သူ သုံးပြီးတော့ ကျွန်မစားပွဲပေါ်မှာ ထားခဲ့တာကို အိတ်ထဲ ပြန်ထည့်ဖို့ မေ့သွားတယ်"

"မင်းက တကယ် ပေါ့ဆတာပဲ"

မုန့်ကုက မျက်မှောင်ကြုတ်သွားသည်။

"ကိုယ့်သော့ကို ဒီလိုပဲ ပစ်ထားခဲ့လို့ ရမလား"

သူမ ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် တီးတိုးပြောလိုက်သည်။

"ပုံမှန်ဆိုရင် ဒီလိုမျိုးကို ကျွန်မ သတိထားပါတယ်"

ဒီနေ့တော့ သူမရဲ့ စိတ်က တကယ်ပဲ အာရုံမစိုက်နိုင်ခဲ့ဘူး။

"သွားစို့"

မုန့်ကုက သူမကို ဒီကိစ္စနဲ့ ဆက်ပြီး မဆုံးမတော့ဘဲ သူမကို ဆွဲခေါ်ကာ အောက်ထပ်သို့ ပြန်ဆင်းလာသည်။

"ဒီအချိန်ကြီး ကုမ္ပဏီထဲ ဝင်လို့ မရတော့ဘူး"

သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သော့သမား ခေါ်ရမှာကလည်း ပိုက်ဆံအကုန်အကျများဦးမယ်။

"အာ... လန်လန်ကို ဖုန်းဆက်ပြီး ဒီည ခေါ်အိပ်ဖို့ တောင်းဆိုကြည့်မယ်"

ရှေ့မှ လမ်းလျှောက်နေသော မုန့်ကုက လှည့်လာပြီး ပြောသည်။

"မင်း လုပ်ကြည့်လို့ ရတယ်။ ရင်းဇယ်က မင်းကို အကြီးအကျယ် စိတ်တိုသွားလိမ့်မယ်"

သူမက နှုတ်ခမ်းကို မဲ့လိုက်သည်။

"သူ စိတ်တိုတာက နေစရာမရှိဘဲ ကျန်ခဲ့တာထက်စာရင် ပိုကောင်းပါတယ်။ နောက်ပြီး ကျွန်မက လန်လန်ရဲ့ သူငယ်ချင်း၊ ဒါကြောင့် သူ ကျွန်မအပေါ် သိပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲမှာ မဟုတ်ပါဘူး"

"ဒါပေမဲ့ သူက ငါ့အပေါ် ရိုင်းရိုင်းစိုင်းစိုင်း လုပ်လိမ့်မယ်"

မုန့်ကုက ပြောလိုက်သည်။

"ငါတို့ရဲ့ ဆက်ဆံရေးအရ သူက ငါ့ကို အပြစ်ပုံချမှာ သေချာတယ်"

"ယောက်ျားတစ်ယောက်က စရိုက်ရှိပြီး ရဲရင့်ရမယ်လေ၊ ရှင် သူ့ကို မကြောက်သင့်ဘူး!"

ချန်းရော့ယွီသည် လက်သီးကို ဝှေ့ယမ်းကာ သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်ကို အားပေးလိုက်သည်။

"ဒေါက်တာမုန့်၊ ကျွန်မ ရှင့်ကို ယုံကြည်တယ်။ ရှင် အနိုင်ရမှာ သေချာတယ်"

"မင်းက ကောင်းယွီလန်ကို အနှောင့်အယှက်ပေးပြီး ရင်းဇယ်နဲ့ ရန်ဖြစ်အောင် လှုံ့ဆော်မယ့်အစား ငါ မင်းကို ငါ့အိမ်ခေါ်သွားပြီး ဒီဒုက္ခတွေကို ရှောင်တာက ပိုကောင်းတယ်"

မုန့်ကုသည် ချန်းရော့ယွီ၏ အိတ်ကို ကိုင်ထားဆဲဖြစ်ပြီး သူ့ကားဘေးတွင် ရပ်ကာ သူမအတွက် တံခါးဖွင့်ပေးလိုက်လေသည်။

"ဟင်?"

ချန်းရော့ယွီ စကားမပြောနိုင်ဘဲ ဖြစ်သွားသည်။

သူ့အိမ်ကို သွားရမယ်?

ညအိပ်ရမယ်?

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် နှစ်ယောက်တည်း!

"ချန်းရော့ယွီ မင်း စိတ်ထဲမှာ ဘာတွေ တွေးနေတာလဲ"

"ဘာ... ဘာကိုလဲ"

"မင်း မျက်နှာမှာ ရေးထားတယ်။ ~ အတူတူ အိပ်ယာတစ်ခုတည်း၊ ခေါင်းအုံးတစ်ခုတည်း!"

"မဟုတ်ဘူး၊ မဟုတ်ဘူး!"

သူမ စိုးရိမ်စိတ်ဖြင့် ခုန်ပေါက်မိမတတ် ဖြစ်သွားသည်။

"မတွေးပါဘူး!"

သူ(မ) ဒီလိုမျိုး မတွေးခဲ့ပါဘူး! သေချာပေါက် မတွေးခဲ့ပါဘူး!

ထို့နောက် မုန့်ကု၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရသောအခါ သူက သူမကို ထပ်ပြီးစနောက်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ဒီကောင် ဒီလူဆိုးကြီးက တကယ်ပဲ ချစ်စရာကောင်းတော့ဘူး!

သူမ နှုတ်ခမ်းဆူလိုက်ပြီး စိတ်မပါ့တပါဖြင့် ကားထဲသို့ ဝင်ထိုင်လိုက်သည်။ ဘယ်လို အစီအစဉ်ပဲ ချချ သူကတော့ သူမကို လိုက်ပို့ပေးရမှာပဲ။ ဒါကြောင့် ကားထဲမှာပဲ စကားပြောတာ ပိုကောင်းပါတယ်။ ဒီလိုမျိုး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အဆောက်အအုံရှေ့မှာ ပြောနေတာက တကယ်ပဲ မသင့်တော်ဘူး။

မုန့်ကုက ပြုံးလိုက်ပြီး ကားထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။ သူမရဲ့အိတ်ကို ပေါင်ပေါ်သို့ တင်ပေးပြီးနောက် ကားကို စက်နှိုးကာ မောင်းထွက်ရန် အသင့်ဖြစ်သွားတော့သည်။

"ကိုယ့်အိမ်ကို လိုက်ခဲ့။ မင်း အိပ်ဖို့အတွက် ဧည့်သည့်ခန်းတွေ ရှိတယ်"

"အခန်းတွေ အများကြီး၊ အိပ်ယာတွေ အများကြီး ရှိရုံနဲ့ လုံခြုံတယ်လို့ မဆိုလိုဘူး"

သူမက တမင် အပြစ်ရှာကာ ပြောလိုက်သည်။

သူမရဲ့အမူအရာက သူ့ကို ပြုံးစေပြီး မေးလာ၏။

"ချန်းရော့ယွီ ကိုယ်က ဂုဏ်သိက္ခာကို အလေးထားတဲ့သူလို့ မင်းကို မပြောခဲ့ဖူးဘူးလား"

"ရှင်က လူပျိုသန့်သန့်လေးလို့ ပြောချင်တာလား"

သူမက မထီမဲ့မြင် ပြောလိုက်ပြီး မယုံကြည်ဟန် ပြသည်။

"ကိုယ် ဆိုလိုတာက ကိုယ်က ဆက်ဆံရေးတွေနဲ့ မကစားဘူး၊ ခံစားချက်တွေနဲ့ မကစားဘူး"

"အို..."

သူမက အသံကို ဆွဲပြီး ပြောလိုက်သော်လည်း ထို မထီမဲ့မြင် အမူအရာက ရှိနေဆဲပင်။

သူက ပြန်ပြုံးလိုက်ပြီး လက်လှမ်းကာ သူမ၏ မျက်နှာကို ဖျစ်ညှစ်လိုက်သည်။

"'ဂုဏ်သိက္ခာကို အလေးထားသူ' ဆိုတဲ့ စကားလုံးက မင်းကို စိတ်သက်သာရာ မရစေဘူးဆိုရင်၊ 'သီလစောင့်ထိန်းသူ' လို့ဆိုရင်ကော"

"ရှင် ဆိုလိုတာက ဒီလို အခြေအနေမျိုး ကြုံလာရင် ရှင့်ရဲ့ သီလကို ထိန်းသိမ်းဖို့ ဆန့်ကျင်တွန်းလှန်မယ်ဆိုတဲ့ သဘောလား"

ဒီတစ်ခါတော့ သူမ၏ မျက်လုံးများ အရောင်တောက်လာသည်။

"ရှင် တကယ်ပဲ ဒီလို အခြေအနေမျိုး ကြုံခဲ့ဖူးတာလား"

သူမ၏ စိတ်ကူးစိတ်သန်းများကို လုံးဝ လျစ်လျူရှုထားပြီး သူက ပြောသည်။

"ကိုယ် ဆိုလိုတာက ကိုယ့်မှာ သွေးဆောင်မှုကို တွန်းလှန်နိုင်တဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိတယ်"

"သွေးဆောင်မှု? ဆိုလိုတာက ကျွန်မက အရမ်း ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး တစ်ယောက်လို့ ပြောချင်တာလား"

သူမသည် ဒီကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ ဖြစ်သည်။ သူက ချီးကျူးချင်ရင်တောင် သေချာအောင် လုပ်ရမယ်။

"ဆိုလိုတာက ကိုယ်တို့ရဲ့ ဆက်ဆံရေးက အဲဒီအဆင့်အထိ မရောက်သေးဘူး၊ ပြီးတော့ ကိုယ် မင်းကို ဘာမှ လုပ်မှာ မဟုတ်ဘူး"

"အို"

သူမက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။ သူက တကယ်ပဲ ချစ်စရာ မကောင်းတော့ပေ။ ဒီလိုအချိန်မျိုးမှာ သူက သူမကို နည်းနည်းလေး ချီးကျူးပေးသင့်တယ်၊ သူအတွက် ဆွဲဆောင်မှု ရှိကြောင်း အလေးထား ပြောသင့်တယ်။

"ဘာလို့ ဒီလို တုံ့ပြန်ရတာလဲ။ ဒီည ကိုယ်တို့ ဆက်ဆံရေးကို တစ်ဆင့် ထပ်မတက်ဖို့ ကိုယ်ဆုံးဖြတ်လိုက်တာကို မင်း မကျေနပ်တာလား ဒါမှမဟုတ် ကိုယ်က မင်းရဲ့ အလှနဲ့ ဟော့ (Hot) ကျပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို မချီးကျူးလို့လား"

"အမ်..."

သူမ ခေါင်းလှည့်လိုက်သည်။ သူ အကြောင်းရင်းကို သိနေရက်သားနဲ့ သူမကို လာစနေပြန်ပြီ။

မုန့်ကုက ကားကို စတင် မောင်းနှင်လိုက်ပြီး ပြောသည်။

"မင်းတို့ မိန်းမတွေက တကယ် ထူးဆန်းတယ်။ ယောက်ျားတွေက လိမ်ပြောရင် မပျော်ဘူး၊ အမှန်ပြောရင် ဒေါသထွက်တယ်"

"ရှင်တို့ ယောက်ျားတွေက ပိုပြီး ထူးဆန်းတယ်။ လိမ်သင့်တဲ့အချိန်မှာ မလိမ်ဘူး၊ မလိမ်သင့်တဲ့အချိန်မှာ လိမ်တယ်"

"ဒါက ယောက်ျားအချို့က ဦးနှောက်ကို သုံးရုံသာမကဘဲ သူတို့ရဲ့ အတွေးတွေကို ထိန်းချုပ်လို့ ဖြစ်နိုင်တယ်"

"အာ?"

သူက မသင့်လျော်တဲ့ အကြောင်းအရာတွေကို စပြောပြန်ပြီလား။ သူမ မျက်နှာ နီရဲလာသည်ကို ခံစားလိုက်ရသည်။ သူတို့ ဒီအကြောင်းအရာကို ဆက်ပြောနေရင် ပိုပြီး နက်နက်နဲနဲ ဖြစ်လာလိမ့်မယ်။ သူ့ကို လမ်းချော်မသွားဖို့ သတိပေးဖို့ ဒီအခွင့်အရေးကို ယူလိုက်ရင် မသင့်တော်ဘူးလား။

"ဟုတ်ပြီ၊ နောက်မှ အားတဲ့အခါကျရင် လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံအကြောင်း မင်းကို သင်ပေးမယ်"

သူ့စကားတွေက သူမရဲ့ မျက်နှာကို ပိုလို့တောင် နီရဲသွားစေသည်။ သူမ၏ အတွေးများကို မဖော်ပြရသေးခင်မှာပင် သူက ပိုပြီး မသင့်လျော်တဲ့ ဘက်ကို လမ်းလျှောက်သွားပြီ။

"မင်းသာ လူယုတ်မာတွေ ဒါမှမဟုတ် အလားတူလူတွေနဲ့ ကြုံလာရင်၊ ဘယ်နေရာကို ထိအောင် ထိုးရမလဲ၊ ဘယ်နေရာကို ဓားနဲ့ ထိုးရမလဲဆိုတာ သိထားသင့်တယ်။ ဒါမှ အဲ့ဒီသူကို မသေစေဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်မယ်..."

"အာ?"

ချန်းရော့ယွီ ပဟေဠိဖြစ်သွားသည်။ ဘယ်လိုလုပ် ရုတ်တရက် လူဆိုးတွေကို ထိုးကြိတ်တဲ့ အကြောင်းအရာကို ရောက်သွားရတာလဲ။

မုန့်ကုက သူမကို ကြည့်ပြီး မေးလိုက်သည်။

"ဘာများ အံ့သြစရာ ရှိလို့လဲ။ အပြင်မှာ အန္တရာယ်နဲ့ ကြုံရတဲ့ အမျိုးသမီးတွေက ရဲရင့်ရမယ်၊ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရမယ်။ မင်းက ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တာနဲ့ ကိုယ်က ငါးစက္ကန့်အတွင်း ကောင်းကင်ပေါ်ကနေ ခုန်ဆင်းလာနိုင်မယ်လို့ မျှော်လင့်နေတာ မဟုတ်ဘူးမလား"

သူမကတော့ ဒီလောက်အထိ မိုက်မဲမှာ မဟုတ်တာ သေချာတယ်။

"ရှင့်ကို အကူအညီခေါ်တာထက် တခြားလူတွေကို အကူအညီခေါ်တာက ပိုစိတ်ချရတယ်"

"ဒါကြောင့်မလို့ ကိုယ် မင်းကို သင်ပေးဖို့ အခွင့်အရေး ရှာရတော့မယ်။ မင်းက တုံးအပြီး တုံ့ပြန်မှု နှေးတယ်။ ကိုယ် မင်းဘေးမှာ မရှိတဲ့အခါ မင်း ဘာလုပ်မလဲ"

သူသည် စကားအများကြီးပြောလာပြီး ဆေးရုံသို့ ပြင်ပတိုက်ခိုက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများဖြင့် အရေးပေါ် ကုသမှုခံယူရန် ရောက်လာသည့် မိန်းကလေးအချို့အကြောင်းကို စပြောတော့သည်။ ၎င်းတို့သည် ကြောက်မက်ဖွယ် မတော်တဆမှုများ ဖြစ်သော်လည်း ချန်းရော့ယွီက နားထောင်ရင်း မရယ်ဘဲ မနေနိုင်ပေ။ သူက သူမကို တကယ် ဂရုစိုက်သည်ဟု ခံစားရ၍ သူမ ပျော်ရွှင်သွားသည်။

နောက်ဆုံးတော့ သူတို့ မုန့်ကု၏ တိုက်ခန်းသို့ ရောက်လာကြသည်။

လမ်းတွင် သူမက တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အဝတ်အစားများ ဝယ်ရန် ဆိုင်ရှာချင်သော်လည်း အချိန်နောက်ကျနေပြီဖြစ်၏။ စူပါမားကတ်များနှင့် ရှော့ပင်းမောလ်များ ပိတ်နေပြီး သက်သာသော ဆိုင်များတွင် သွားတိုက်တံနှင့် မျက်နှာသုတ်ပဝါကဲ့သို့ သေးငယ်သော ပစ္စည်းများသာ ရှိသည်။ မုန့်ကုက သူ့အိမ်တွင် ပစ္စည်းအသစ်များ ရှိကြောင်း ပြောသဖြင့် ထိုပစ္စည်းများ ဝယ်ရန် ကားကို တမင်တကာ ရပ်စရာ မလိုတော့ကြောင်း ပြောသည်။

အတိုချုပ်အားဖြင့် ချန်းရော့ယွီသည် မစ္စတာ တိုင်ရန်နိုဆောရပ်စ်၏ ဂူထဲသို့ လက်ဗလာဖြင့် လိုက်ပါလာခဲ့သည်။

သူမ အနည်းငယ် ရှက်သလို၊ အနည်းငယ် မသက်မသာလည်း ဖြစ်နေ၏။

ဒီနေရာကို တစ်ချက်တို့ကြည့်လိုက်၊ ဟိုကို တစ်ချက်ကြည့်လိုက်နှင့် သူမသည် စူးစမ်းလိုစိတ် ဖြစ်ပေါ်ကာ စိတ်လှုပ်ရှားနေသည်။

"မင်း ဒီနေရာကို မြင်ချင်လွန်းနေပြီ ထင်တယ်"

မုန့်ကုက သွယ်ဝိုက်သော အမူအရာဖြင့် အခန်းတစ်ခန်း၏ တံခါးဝတွင် ရပ်ရင်း သူမကို ပြောလိုက်သည်။

"ဟေး... ကျွန်မ မဟုတ်ဘူး"

သူမ မျက်နှာ နီရဲသွားပြီး အခြားအခန်းဆီသို့ အမြန်လှည့်ဝင်လိုက်သည်။

"ရှင် လူယုတ်မာ! နောက်ကျနေပြီ၊ ကျွန်မ အိပ်တော့မယ်"

သူမသည် မုန့်ကု၏ အိပ်ခန်းထဲသို့ ရောက်နေကြောင်း သတိပြုမိလိုက်သည့်အခါ နောက်ဆုံးစကားလုံးက လည်ချောင်းထဲတွင် နစ်မြုပ်သွားသည်။

"ဒီမှာ အိပ်တော့မလို့လား"

မုန့်ကု၏ အသံခပ်တိုးတိုး ရယ်မောသံက သူမနောက်မှ ထွက်ပေါ်လာပြီး သူမကို ဖက်လိုက်သည်။

"ချန်းရော့ယွီ မင်းက အရမ်း ရဲရင့်ပြီး စိတ်အားထက်သန်လွန်းတယ်။ ကိုယ်သာ မင်းကို မထိန်းနိုင်ရင် ဘယ်လိုလုပ်ရမလဲ"

သူက သူမကို ထပ်စနောက်နေပြန်ပြီ။ ဒီလူဆိုးကြီး! ဒီလူသေ! မုန်းစရာကောင်းတဲ့သူ!

"ဟမ်? ပြောပါဦး၊ ကိုယခ ဘာလုပ်ရမလဲ?..."

တစ်ချိန်တည်းမှာပင် သူသည် သူမကို စနောက်သည့် စွဲဆောင်မှုရှိသော ပတ်ဝန်းကျင်ကို ဖန်တီးရန် သူ့အသံကို ဆွဲပြီး ပြောနေခြင်းက တကယ် စိတ်တိုစရာကောင်းသည်။

သူမ အတော်ကြာကြာ စဉ်းစားပြီးမှ သူ့လက်မောင်းကို ပုတ်ကာ ပြောလိုက်သည်။

"ဒါက ရှင့်ရဲ့ ဂုဏ်သိက္ခာကို အလေးထားမှုနဲ့ သီလကို ထိန်းသိမ်းတာကို သက်သေပြရမယ့် အချိန်ပဲ! ဒေါက်တာမုန့်၊ ရှင် သေချာပေါက် ထိန်းထားရမယ်"

"အဲဒီ စကားလုံးတွေက ဘာကို ဆိုလိုတာလဲ"

တိုင်ရန်နိုဆောရပ်စ်က ကလေးဆန်ပြီး ရှက်စရာကောင်းသော အပြုအမူကို လုပ်ပြတယ်။ အိုဘုရားရေ! သူမရဲ့စိတ် လုံးဝ လေဟာနယ်လို ဖြစ်သွားပြီ။ အဲ့ဒီစကားလုံးတွေက တကယ်တမ်း ဘာကို ဆိုလိုတာလဲ သူမ မမှတ်မိနိုင်တော့ပေမယ့် ခန္ဓာကိုယ်ပျော့ခွေသွားသည့် ခံစားချက်ကိုတော့ သိနေတယ်။

သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းရမယ်!

"ရှင်... ရှင်သာ ဆက်ပြီး စနောက်နေရင်... ကျွန်မ... ဒေါသ... ထွက်မယ်"

သူမသည် သူမ၏ ရပ်တည်ချက်ကို ဖော်ပြရန် ထစ်အစွာ ပြောလိုက်ရာ မုန့်ကုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ ဘာကို ရယ်နေတာလဲ။ သူ... တကယ်ပဲ... ချစ်စရာ မကောင်းတော့ဘူး။

ချန်းရော့ယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို တစ်ချက် ကိုက်ချင်စိတ် ပေါက်သွားသည်။

သူက ရယ်မောတာ လုံလောက်ပြီဆိုတဲ့အခါမှ နောက်ဆုံးတွင် သူမကို သတိရှိရှိ လွှတ်ပေးလိုက်သည်။ သူက သူမကို ညဝတ်အင်္ကျီအဖြစ် ဝတ်ဆင်ရန် လက်ရှည် တီရှပ်နှင့် ချည်သား ဘောင်းဘီတစ်ထည်ကို ထုတ်ပေးသည်။

ထို့နောက် မအိပ်ခင် ကိုယ်လက်သန့်စင်ရန် သွားတိုက်တံအသစ်နှင့် မျက်နှာသုတ်ပဝါအသစ်ကိုပါ ပေးလိုက်သည်။

သူမသည် မျက်နှာနီနီဖြင့် သူ့နောက်ကိုလိုက်၍ ဧည့်သည်ခန်းသို့ ရောက်လာပြီး၊ သူက သူမအတွက် ခေါင်းအုံးစအသစ် လဲလှယ်ပေးနေသည်ကို ကြည့်နေမိသည်။ စောင်ခင်းအသစ်ကို ခင်းပြီးနောက် သူမကို ရေချိုးခန်းဆီသို့ ခေါ်သွားကာ ရေနွေးခလုတ်နှင့် သန့်စင်ခန်းသုံးပစ္စည်းများ ဘယ်နေရာတွင် ရှိလဲဆိုတာကို ပြောပြပြီးမှ သူ ထွက်သွားသည်။

သူမ တံခါးကို လော့ခ်ချလိုက်ပြီး ရေချိုးခန်းထဲတွင် တစ်ယောက်တည်း ခဏလောက် စိတ်ကို ငြိမ်သက်စေသည်။ သူမ မှန်ရှေ့တွင် ရပ်လိုက်သည့်အခါ ရောင်ပြန်ဟပ်နေသည့် မြင်ကွင်းတွင် မက်မွန်ပန်းရောင်ဆန်သော မျက်နှာနှင့် စိုစွတ်သော မျက်လုံးများရှိသည့် အမျိုးသမီးတစ်ဦးကို တွေ့ရပြီး နူးညံ့ပျော်ရွှင်သော အသွင်အပြင်ကို ပြသနေသည်။

သူမ ကြည့်လိုက်၊ ကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်၏။

"ကျားယို ချန်းရော့ယွီ!"

(T/N-ကျားယိုသည် အားပေးစကားဖြစ်ပြီး ပိုမို ကြိုးစားအားထုတ်ရန် ဆိုလိုသည်။)

ပုပ်နေသော မက်မွန်ပန်းခက်တွေတောင် ပန်းများ ဖူးပွင့်လာနိုင်တယ်!

သူမ တကယ် ပျော်ရွှင်နေသည်။

ရေနွေးကို ဖွင့်ထားလျက် သူမသည် 'ငါ ချန်းရော့ယွီကို ရှာဖို့လာခဲ့တယ် ' သီချင်းကို ညည်းရင်း မနက်ဖြန် မနက်မှာ ပြန်ဝတ်နိုင်ရန်အတွက် အတွင်းခံများကို လျှော်ဖွပ်လိုက်သည်။

အတွင်းခံများကို လျှော်ပြီးတဲ့နောက် သူမသည် ရေချိုးရန် စတင်လိုက်စ။ သူမ ခန္ဓာကိုယ်ပေါ်တွင် ကိုယ်ခန္ဓာ ဆပ်ပြာရည်လိမ်းနေစဉ် ရုတ်တရက် ဘဲလ်တီးသံကို ကြားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များ ချက်ချင်း ထောင်မတ်သွား၏။

... ဒီလို မဖြစ်နိုင်ဘူး... ဒီလောက် ညဉ့်နက်ကြီး ဘယ်သူ လာတာပါလိမ့်။

ချန်းရော့ယွီသည် အလွန်အမင်း ထိတ်လန့်နေသောကြောင့် အသက်ပင် မရှူဝံ့ဘဲ တံခါးနောက်တွင် ကပ်၍ အသံများကို နားစွင့်နေသည်။

မုန့်ကု အရှေ့တံခါးကို ဖွင့်လိုက်သည့် အသံကို သူမ ကြားလိုက်ရပြီး ခဏကြာမှ ခြေသံများကို ကြားလိုက်သည်။ ထို့နောက် မုန့်ကု၏အမေ အသံကို ကြားလိုက်ရသည်။ သူ့အမေနှင့်အဖေ သူငယ်ချင်းအိမ်သို့ ဧည့်ခံပွဲ သွားရောက်ခဲ့ရာမှ ပြန်လာခြင်းဖြစ်ပြီး အခုမှ ပြီးဆုံးသွားသည်။ သူငယ်ချင်းက ကြက်ဥတစ်ဖာ ပေးလိုက်သော်လည်း မုန့်ကုရဲ့အ‌မေအိမ်တွင် ကြက်ဥများ ရှိနေသေးတာကြောင့် မုန့်ကုကို ပေးရန် စဉ်းစားလိုက်ခြင်း ဖြစ်ကာ လမ်းကြုံလာသည်နှင့် ယူလာပေးခဲ့ခြင်း ဖြစ်သည်။

မုန့်ကုက စကားအနည်းငယ် ပြန်ပြောလိုက်သည်။ မုန့်ကုရဲ့အမေက သူ့အဖေ အောက်ထပ်မှာ စောင့်နေဆဲဖြစ်ကြောင်း၊ ပြန်ရတော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ရေချိုးခန်းထဲတွင် ချန်းရော့ယွီသည် လက်နှစ်ဖက်ကို ပူးပြီး မုန့်ကုရဲ့အမေ အမြန်ဆုံး ပြန်သွားပါစေဟု ဆုတောင်းနေမိ၏။

သို့သော် မုန့်ကုရဲ့အမေက ပြောလာသည်။

"ငါ ရေချိုးခန်းသွားချင်တယ်"

အသံကို နားထောင်ကြည့်လျှင် သူမသည် ဒီဘက်သို့ ဦးတည်လာပုံရသည်။

ချန်းရော့ယွီ ထိတ်လန့်စွာ မျက်လုံးများ ပြူးကျယ်သွားသည်!

ဒီလို မဖြစ်နိုင်ဘူး!

သူမက အခု ခန္ဓာကိုယ် တစ်ကိုယ်လုံး ဆပ်ပြာမြှုပ်တွေနဲ့ ဖုံးလွှမ်းနေပြီး အဝတ်အစားမပါဘဲ ရှိနေတာလေ! သူမကို ဘယ်လို မျက်နှာပြရမှာလဲ!

ခြေသံများ ပို၍ နီးကပ်လာနေသည်။ ချန်းရော့ယွီသည် ကြောက်ရွံ့တုန်လှုပ်နေပြီး ကိုယ့်ကိုကိုယ် သတိလစ်သွားအောင် ခေါက်ပစ်လိုက်ချင်၏။

သတိလစ်နေတာက ပိုကောင်းလိမ့်မယ်!

အခု ဘယ်လိုလုပ်ရမလဲ?

Translator -JJ

All Chapters