အခန်း ၆၀
Vol. 6 Ch. 60
ဒွိဟချစ်သံယောဇဉ်:
Chapter 60-မုန့်ကုဘက်မှရှုထောင့်(၁)(Version 1)
-မူရင်းစာရေးသူက ဗားရှင်းနှစ်မျိုးနဲ့ဒီအခန်းတွေကိုရေးထားတာပါ။ပထမဗားရှင်းမှာတော့ ဝတ္ထုအတိုင်းရေးထားပြီးတော့၊ဒုတိယဗားရှင်းမှာတော့ 1st person povနဲ့ရေးထားတာပါ။
မုန့်ကု ချန်းရော့ယွီကို ပထမဆုံးအကြိမ် တွေ့တဲ့အချိန်တုန်းက သူမအပေါ် ဘယ်လို ပထမဆုံး ခံစားချက်မျိုး ရှိခဲ့လဲဆိုတာ တကယ်တမ်း မမှတ်မိပေ။
သူ မှတ်မိတာကတော့ သူမက ကောင်းယွီလန်နဲ့ နျို့နျို့တို့နဲ့အတူ ရောက်လာတာကိုသာ ဖြစ်သည်။ ထိုအချိန်က သူက ကလေးမလေးကို နောက်ပြောင်နေပြီးတော့ ကောင်းယွီလန်ကို စနောက်နေရတာနဲ့ အလုပ်များနေခဲ့သည်။ ကောင်းယွီလန်ဆိုတဲ့ အမျိုးသမီး—ရင်းဇယ်ကို အရက်မူးပြီး ဆူပူကာ သုံးနှစ်လုံး မမေ့နိုင်အောင် လုပ်နိုင်ခဲ့တဲ့ မိန်းကလေးက ဘယ်လို မိန်းကလေးမျိုးလဲဆိုတာကို သူ အရမ်း သိချင်နေခဲ့တာ။
အရေးကြီးဆုံးအချက်က... ကံကြမ္မာက အံ့ဩစရာကောင်းတာပဲ!
ရင်းဇယ် သူမကို တကယ် ရှာတွေ့နိုင်ခဲ့တယ်။ မဟုတ်ဘူး၊ ဒါက... ရင်းဇယ်က သူမကို စောင့်နေခဲ့တာ ဖြစ်သင့်တယ်။ ဒါကြောင့် သူဟာ သူမက ဘယ်လို မိန်းကလေးမျိုးလဲဆိုတာကို အမြဲ တွေ့ချင်နေတာဖြစ်သည်။
သူ ကောင်းယွီလန်ကို အာရုံစိုက်နေခဲ့တာကြောင့် ချန်းရော့ယွီကို သတိမထားမိတာက ပုံမှန်ပင်။ သူမက ကောင်းယွီလန်ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုသာ သူ မှတ်မိ၏။
နောက်ပိုင်းမှာတော့ ရင်းဇယ်က သူ့ဆီ လာပြီး လက်ရှိ ချိန်းတွေ့နေတဲ့သူ ရှိမရှိ မေးတဲ့အခါမှ သူမ၏ နာမည်ကို ထပ်မံ ကြားလိုက်ရသည်။
ရင်းဇယ်သည် သူ့အကြောင်းကိစ္စများကို သိ၏။ သူ ချစ်သူထားခဲ့တာ အချိန်အတော်ကြာပြီ။ သူ မလိုချင်လို့ မဟုတ်ဘဲ အခွင့်အရေး မရခဲ့၍ ဖြစ်သည်။ ဟုတ်တယ်၊ သူ့မှာ အခွင့်အရေးတွေ မနည်းဘူး၊ များလည်း များတယ်။ သူ့ရဲ့ အခြေအနေတွေ ကောင်းမွန်ပြီး မိန်းမတွေ အများကြီးက သူ့ကို သဘောကျတယ်ဆိုတာ သူ သိတယ်။ ဒါပေမဲ့ သူ့ရဲ့ ကောင်းမွန်တဲ့ အခြေအနေတွေကြောင့် သဘောကျတာနဲ့ သူ့ကို သူ့အတိုင်း သဘောကျတာမှာ ခြားနားမှု ရှိသည်။
တကယ်တော့ သူလည်း ဘာကြောင့်မှန်း မသိပေမဲ့ ချီယောင် ပေးခဲ့တဲ့ နာကျင်မှုကနေ သူ ထွက်လာခဲ့ပြီးပြီလို့ ခံစားရတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆက်တိုက် အချစ်ရေး ရှုံးနိမ့်မှု နှစ်ခုကြောင့် အရင်က ချစ်ခြင်းရဲ့ အရိပ်တွေအောက်မှာပဲ သူ ပိတ်မိနေတုန်းပဲလို့ ခံစားခဲ့ရသည်။ သူ အသက် ၃၀ ရှိပြီ၊ သူလည်း ချစ်ချင်တယ်။ သူ့ကို အရမ်း ချစ်မယ့် မိန်းမတစ်ယောက်ကို လိုချင်ပြီး သူလည်း အရမ်း ချစ်နိုင်မယ့် မိန်းမတစ်ယောက်နဲ့ ဆက်ဆံရေးကို လိုချင်တယ်။
ဒီလို တွေးခေါ်မှုကို တခြားသူတွေက လှောင်ပြောင်ကောင်း လှောင်ပြောင်လိမ့်မယ်။
အချစ်ဆိုတာ ဘာလဲ။ ယောက်ျားတစ်ယောက်အတွက် ဒီလို လက်တွေ့မကျတဲ့ ရိုးသားတဲ့ အတွေးအခေါ်မျိုး ရှိတာက အပြစ်ကင်းလွန်းတာလား။
သူတော့ ဒီလို မထင်ပေ။
သူ့ပတ်ဝန်းကျင်မှာ ဒီလို ဥပမာတွေ အများကြီး ရှိသည်။ သူ့မိဘများဟာ ကောင်းမွန်သည့် ဥပမာတစ်ခုပင်။ သူတို့က တကယ့်ကို ချစ်မြတ်နိုးတဲ့ စုံတွဲဖြစ်၏။ ချိုမြိန်ပြီး ကပ်တွယ်သည့် ချစ်ခြင်းမျိုး မဟုတ်ဘဲ၊ တစ်ဦးနှင့်တစ်ဦးအတွက် ဖန်ဆင်းထားပြီး အတူတူ နေထိုင်ရန် ကံပါလာသည်ဟု ထင်ရသော ချစ်ခြင်းမျိုး ဖြစ်သည်။ သူ အသက်ငယ်တဲ့အချိန်တုန်းက ပုန်ကန်တတ်သည်။ အခု အသက် ၃၀ ရှိပြီဖြစ်တဲ့အခါ သူ့အမေလို ချစ်စရာကောင်းတဲ့ အမျိုးသမီးကို ရှာဖွေတွေ့ရှိနိုင်ခဲ့တဲ့ သူ့အဖေရဲ့ ကံကောင်းမှုကို သူ တကယ်ပဲ မနာလို ဖြစ်မိ၏။
နောက်ထပ် ဥပမာတစ်ခုကတော့ သူ့ရဲ့ သူငယ်ချင်းကောင်း လဲ့ဖုန်း ဖြစ်သည်။ ထိုလူငယ်လေးက ငယ်ငယ်ကတည်းက ချစ်ခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း ၂၀ ကြာခဲ့ပြီ။ သူက လူတစ်ယောက်တည်းကိုသာ ချစ်ခဲ့ပြီး ဒါက တခြားသူများကို မနာလိုစိတ်နှင့် မနှစ်မြို့မှု ဖြစ်စေသည်။
ရင်းဇယ်! ဒီလူက သူ့လိုပဲ တစ်ချိန်က စွန့်ပစ်ခံခဲ့ရဖူးတယ်။ ဒါပေမဲ့ ရင်းဇယ် စွန့်ပစ်ခံရတာက ရင်းဇယ်ရဲ့ အခြေအနေ မကောင်းလို့ ဖြစ်ပြီး သူကတော့ သူ့ရဲ့ အခြေအနေတွေ အရမ်း ကောင်းလွန်းလို့ မမျှော်လင့်ဘဲ စွန့်ပစ်ခံခဲ့ရတာပင်။ သေချာတာပေါ့၊ ဒါက သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့တယ်။ ပြီးတော့ ဘုရားသခင်က ရင်းဇယ်ကို သူ့ထက် ပိုပြီး ကောင်းမွန်စွာ ဆက်ဆံခဲ့တယ်။ ရင်းဇယ်ကို သူ့စိတ်ထဲက မိန်းကလေးကို သူ့ဘေးနား ပို့ပေးခဲ့သည်
ဒါကြောင့် သူ ဒီအချက်ကို လက်မခံချင်ခဲ့တာ။ လူတိုင်းမှာ ချစ်ရသူ ရှိတယ်၊ ဒါပေမဲ့ ဘာလို့ သူမှာ ဘယ်သူမှ မရှိရတာလဲ။
ကောင်းပြီ၊ ဖြစ်ကောင်းဖြစ်နိုင်တာက လူတိုင်းနဲ့ နှိုင်းယှဉ်ရင် သူက အလိုအပ်ဆုံး ရွေးချယ်သူ ဖြစ်နေတာ ဖြစ်နိုင်တယ်။ လူတိုင်းနဲ့ နှိုင်းယှဉ်ရင် သူက နှစ်သက်ဖို့ အခက်ခဲဆုံးသူ ဖြစ်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ ချစ်နိုင်ဖို့ အခွင့်အရေးလည်း ရသင့်တယ်လို့ သူ တကယ် ထင်တယ်။
ဒါပေမဲ့ သူ့အတွက် ဖြစ်သင့်တဲ့ မိန်းကလေး ဘယ်မှာလဲ?
ရင်းဇယ်က သူ့ရဲ့ လက်ရှိ အခြေအနေကို စုံစမ်းနေတာဟာ တစ်ယောက်ယောက်ကို ကူညီပေးနေတာ ဖြစ်ကြောင်း သူ့ကို ပြောပြခဲ့သည်။
"အဓိပ္ပာယ်မရှိတာ! မင်း တစ်ယောက်ယောက်ကို မကူညီဘူးဆိုရင် မင်း ရုတ်တရက် ကောင်းယွီလန်ကို မကြိုက်တော့တာ ဖြစ်နိုင်လား၊ ပြီးတော့ အခု မင်း ချစ်တဲ့သူက ငါလား"
"အိုက်ယား..."
ရင်းဇယ်သည် အလွန်အမင်း မျက်လုံးပြူးကျယ်သွားသည်။
"ငါ့ကို မင်း တွေ့သွားပြီပဲ။ မုန်းစရာ ကောင်းလိုက်တာ"
"ဒီကိစ္စက စက္ကူလွှာကို ဖြတ်ကျော်သွားပြီမလို့ ငါ့မိသားစုကို အသိပေးရမယ်"
မုန့်ကုက ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ငါ အမေ့ကို ဖုန်းဆက်ပြီး မင်း ငါ့ကို ချစ်တယ်လို့ ပြောတော့မယ်။ သူ မင်းကို ဖုန်းဆက်ပြီး ဒီကိစ္စ ဆွေးနွေးဖို့နဲ့ ညစာ ဖိတ်တဲ့အခါ မင်း ပုန်းမနေသင့်ဘူး"
"သေချင်းဆိုး! မင်း ငါ့ကို စစချင်း တွေ့တွေ့ချင်း ဒီလို သေစေနိုင်တဲ့ လက်နက်ကို ဘာလို့ သုံးရတာလဲ"
ရင်းဇယ်က မထီမဲ့မြင် ပြောလိုက်သည်။
သူက ခြေထောက်ကို ဆန့်တန်းလိုက်ပြီး ပြောလိုက်၏
"မင်းကို မျက်စိကျနေတဲ့ ဘယ်မိသားစုက ကောင်းမွန်တဲ့ မိန်းကလေးက ဒီလောက် မျက်စိတိုတာလဲဆိုတာ ဘာလို့ မမေးတာလဲ"
"မမေးဘူး။ ငါ မင်းကို လည်ပင်းညှစ်သတ်ပစ်မယ်"
ရင်းဇယ်က မကြားချင်ယောင် ဆောင်ပြီး ကိုယ့်ဘာသာကိုယ် ပြောသည်။
"အဲဒါ ချန်းရော့ယွီ မင်း မှတ်မိလား"
"ဘယ်သူလဲ"
"လန်လန်ရဲ့ ကျောင်းနေဖက်ဟောင်းနဲ့ သူငယ်ချင်းကောင်း။ အရင်တစ်ခါက သူ(မ) နျှို့နျှို့ကို မင်းရဲ့ ဆေးရုံကို ခေါ်လာဖူးတယ်။ မင်း သူ(မ)ကို မြင်ဖူးပါတယ်"
"အို?"
မုန့်ကုမှာ တကယ်တမ်း ဘာ အထင်အမြင်မှ မရှိပေ။ သေချာတာပေါ့၊ ရင်းဇယ်က တမင်တကာ ပွဲစားလုပ်ဖို့ လာတာ မဟုတ်တဲ့အတွက် မုန့်ကုကို စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ခေါင်းစဉ်က နောက်ဆုံးတွင် ပြီးဆုံးသွားသည်။
ထို့နောက် မုန့်ကုသည် ဆေးရုံတွင် သူမကို မကြာခဏ တွေ့သောကြောင့် ချန်းရော့ယွီကို အထင်အမြင် စတင် ရှိလာသည်။
ပထမဆုံးအကြိမ်ကတော့ အလုပ်ဆင်းပြီး ဆေးရုံအဝင်ဝမှာ တွေ့ဆုံခြင်း ဖြစ်သည်။ သူမက 'မင်္ဂလာပါ' ဟု နှုတ်ဆက်ပြီး သူက ခပ်ဖျော့ဖျော့ ပြန်ဖြေလိုက်သည်။ တကယ်တမ်းမှာတော့ သူက ဘယ်သူလဲဆိုတာ မမှတ်မိဘဲ သူ့ကို မှတ်မိတဲ့ လူနာတစ်ဦးဟု ထင်ခဲ့တာဖြစ်သည်။ သို့သော် သူမက အရမ်း စိတ်လှုပ်ရှားနေပုံရပြီး သူ မနေနိုင်ဘဲ သူမကို အကြိမ်အနည်းငယ် ထပ်ကြည့်ပြီးနောက် သူ လျှောက်သွားခဲ့သည်။
ဒုတိယအကြိမ်ကတော့ အတွင်းလူနာဌာနမှာ ဖြစ်သည်။ သူက ရုံးခန်းထဲမှာ လူနာတစ်ဦးနှင့် လာမည့် ခွဲစိတ်မှုအပေါ် မေးခွန်းများ ဖြေကြားရန်နှင့် စာရွက်စာတမ်းများ လက်မှတ်ထိုးရန်အတွက် ခွဲစိတ်မှုမတိုင်မီ အသိပေးချက်ကို လုပ်ဆောင်နေသည်။ သူ ခေါင်းမော့လိုက်တဲ့အခါ သူမက တံခါးဝမှာ ဟိုကြည့်ဒီကြည့် လုပ်နေတာကို တွေ့လိုက်ရသည်။ ထိုအချိန်က သူ ဆေးရုံအဝင်ဝမှာ တွေ့ခဲ့သူအဖြစ် မှတ်မိပြီး လူနာတစ်ဦး၏ မိသားစုဝင်ဟု ထင်ခဲ့သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူမ၏ မိသားစုဝင် ဖျားနာမှုကြောင့် ထိုသို့ ပြုမူနေခြင်း ဖြစ်နိုင်သည်။ ထို့နောက် သူလည်း ခွဲစိတ်မှုစာရွက်များ ဖတ်နေသည့် လူနာကို ခဏ စောင့်ရန် ပြောပြီး သူမက ဘယ်လူနာရဲ့ မိသားစုလဲ၊ဘာပြဿနာရှိလဲဆိုတာကို မေးရန် ရည်ရွယ်ချက်ဖြင့် ရုံးခန်းထဲမှ ထွက်လာလိုက်သည်။ နောက်ဆုံးမှာတော့ သူ ရုံးခန်းထဲမှ ထွက်လာသည်နှင့် သူမ ထွက်ပြေးသွားပြီး လျင်မြန်စွာ ခြေရာလက်ရာ မရှိဘဘဲ ပျောက်ကွယ်သွားသည်။
သူ ကြောင်အသွား၏။
မုန့်ကုသည် သူ့ရုံးခန်းသို့ ပြန်လာပြီး အာရုံစိုက်ကာ အလုပ်လုပ်ရင်း ထို ထူးဆန်းသည့် မိန်းကလေးငယ်ကို သူ့စိတ်ထဲမှ နောက်သို့ တွန်းပို့လိုက်သည်။
တတိယအကြိမ် သူမကို ထပ်မံတွေ့တဲ့အခါ သူမက တကယ်တမ်း ဆေးလာကုသခြင်း ဖြစ်နေသည်။
သူမ ဘယ်လို ဖျားနာနေတာလဲ?
စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်နေတာ! ဘာလို့လဲဆိုတော့ သူမ လုံးဝ မဖျားမနာနေလို့ပဲ!
သူမက စိတ်လှုပ်ရှားနေဆဲ ဖြစ်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလညသည်။ သူမက ကောင်းယွီလန်၏ သူငယ်ချင်း၊ ကောင်းယွီလန်က ရင်းဇယ်၏ သူငယ်ချင်းဖြစ်ကြောင်း သူ့ကို ပြောပြသည်။
ဒီလိုမျိုး လက်မရွံ့တဲ့ ကိုယ့်ကိုကိုယ် မိတ်ဆက်မှုက မုန့်ကုကို ကမ္ဘာကြီး ပြောင်းလဲသွားပြီဟု တကယ် ခံစားရစေသည်။
တကယ်တော့ မုန့်ကုက ကွန်ပျူတာပေါ်က နံပါတ်တစ်ခုကို နှိပ်ပြီး ချန်းရော့ယွီဆိုတဲ့ နာမည်ကို မြင်လိုက်တဲ့အခါ ရင်းဇယ် ပြောခဲ့တာကို သတိရသွားတယ်။ သူက နာမည်တူ၊ လူကွဲ ဖြစ်မလားလို့ တွေးခဲ့ပေမဲ့ သူမ လျှောက်ဝင်လာတာကို မြင်လိုက်တဲ့အခါ သူ နားလည်သွားသည်။
ယောက်ျားတစ်ယောက်ကို လိုက်နေတာဟာ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေကို ဖြုန်းတီးခြင်း ဖြစ်ပြီး ဒါက သူ့ကို တကယ်ပဲ စိတ်မချမ်းမသာ ဖြစ်စေခဲ့သည်။
သူမက ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များကို ဖြုန်းတီးရုံသာမက အမျိုးသမီး နိုင်ငံသားများအားလုံးရဲ့ ဉာဏ်ရည်ကိုပါ လျှော့ချပစ်တယ်။
သူမက သူ့ကို ပန်းစည်းပေးပြီး သူမကို ကုသပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလာခဲ့သည်။
ဟာ! ကုသပေးတာက သူမ မှတ်ပုံတင်ကြေး ပေးထားလို့ ဖြစ်ပြီး သူမ မဖျားတောင် မဖျားဘူးလေ!
သူမကို ထိတ်လန့်သွားအောင် လုပ်ဖို့အတွက် သူက ဆေးစစ်ချက်များစွာ လုပ်ဆောင်ဖို့ စာရင်းကို တမင်တကာ ရေးချပေးခဲ့တယ်။ နောက်ဆုံးတော့ အဲ့ဒီအမျိုးသမီးက စစ်ဆေးမှုများအတွက် ငွေပေးချေရန် ဆန္ဒမရှိခဲ့ပေ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမ ထပ်လာခဲ့တယ်! ဆေးမှတ်တမ်းတွေထဲမှာ အကုန်လုံး ရေးထားပြီးပြီလေ၊ သိရဲ့လား။
အရူးမ!
ယေဘုယျအားဖြင့်၊ တစ်စုံတစ်ဦးက ဆရာဝန်များကို ပန်းပေးတဲ့အခါ ၎င်းတို့က ဆရာဝန်များ၏ မြင့်မားသည့် ဆေးပညာကျွမ်းကျင်မှုကို ချီးမွမ်းခြင်း ဖြစ်ပြီး အများစုမှာ လူနာများ ဖြစ်ကြသည်။
အတိတ်တုန်းက သူ ပန်းစည်းများစွာ လက်ခံရရှိခဲ့ဖူးသော်လည်း ၎င်းတို့ဟာ ခွဲစိတ်မှု အောင်မြင်ခဲ့သော လူနာများနှင့် ၎င်းတို့၏ မိသားစုဝင်များထံမှ ဖြစ်သည်။ ဆေးစစ်ချက် စာရင်းကို ရရှိပြီးနောက် ပန်းများ ပေးပို့ခဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။
ဆေးစစ်ချက် စာရင်းကိုသာ ရေးတတ်တဲ့ ဆရာဝန်က ဆရာဝန်ကောင်းတစ်ယောက် မဟုတ်ပေ။ သူမ ဒါကို နားလည်ရဲ့လား။
နောက်တစ်ကြိမ်မှာတော့ သူမက သူ့ကို ပြောလာခဲ့သည်။ သူမနှင့် ကောင်းယွီလန် ညစာ စားပွဲ ချိန်းထားကြောင်း၊ ရင်းဇယ်လည်း လာမည်ဖြစ်ကြောင်း ပြောပြသည်။ သူမက လိုက်ခဲ့ချင်လားဟု သူ့ကို မေးလာခဲ့သည်။ သူ တကယ်ပဲ ပြန်ဖြေချင်ခဲ့တယ်။
မိန်းကလေး မင်းက ငါနဲ့ငါ့သူငယ်ချင်း ရင်းဇယ်ကြားက ဆက်ဆံရေး ဘယ်လောက် ခိုင်မာလဲဆိုတာ မင်း သိရဲ့လား။ သူ တကယ် ငါနဲ့ ညစာစားချင်ရင် မင်းကို ကူညီခိုင်းဖို့ မလိုဘူး၊ သိလား။
နောက်တစ်ကြိမ်၌ သူမက သူ့ကို ဒူးရင်းသီးသကြားလုံး ပါကင်တစ်ထုပ် ပေးခဲ့သည်။ သူ သူ့မျက်နှာပေါ်က အမူအရာများကို ထိန်းချုပ်ဖို့ အားထုတ်မှုတွေ အများကြီး သုံးခဲ့ရမယ်လို့ ခံစားလိုက်ရသည်။
ဒီလိုမျိုး စိတ်ကူးမျိုး ဘယ်လို ဦးနှောက်မျိုးက တွေးနိုင်တာလဲ။ ဒီလိုမျိုး ကြောက်စရာကောင်းလောက်အောင် ချိုတဲ့ အနံ့အသက်ဆိုးတဲ့ သကြားလုံးတွေကို ယောက်ျားတစ်ယောက်ကို လိုက်ဖို့ ပေးရတာလား?
မုန့်ကု တကယ်ပဲ သူမနဲ့ စကားပြောချင်ခဲ့တယ်
မိန်းကလေး၊ မင်း တကယ်ပဲ ယောက်ျားတစ်ယောက်ကို လိုက်ဖူးလား။ ဒီလို နည်းလမ်းမျိုးတောင် တွေးနိုင်ရဲတာလား။ ဒီလို လက်ဆောင်မျိုးက ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ထိမိစေလိမ့်မယ်လို့ မင်း တကယ် ထင်တာလား။
ဟုတ်ပါတယ်၊ သူ တကယ်တမ်း သူမကို မပြောခဲ့ချေ။
တကယ်တော့ သူက မသိချင်ယောင် ဆောင်ခဲ့ပြီး သတိမထားမိယောင် ဟန်ဆောင်ခဲ့သည်။ တခြားသူ တစ်ယောက်ယောက်ဆိုရင် သူမရဲ့ အတွေးများကို ဖယ်ရှားပစ်ရန်၊ ရှုခင်းကောင်းတဲ့နေရာ ဘယ်နေရာကိုမဆို သွားသင့်ကြောင်း တိုက်ရိုက် ပြတ်ပြတ်သားသား ပြောပြလိုက်မှာ ဖြစ်ပေမဲ့ ဒီလူက ရင်းဇယ်ရဲ့ ဇနီးရဲ့ ကျောင်းနေဖက်ဟောင်းနဲ့ သူငယ်ချင်းကောင်း ဖြစ်နေသည်။ သူ ရင်းဇယ်ကို မျက်နှာပေးဖို့ လိုနေသေး၏။
သူ တွေးလိုက်တာက မိန်းမတစ်ယောက် ဘယ်လောက်ပဲ မိုက်မဲပါစေ၊ သူ ဆိုလိုတာကို နားလည်နိုင်လိမ့်မယ်။ မိန်းမတစ်ယောက် ဘယ်လောက်ပဲ နှေးကွေးပါစေ၊ သူ ယဉ်ကျေးစွာ ငြင်းပယ်နေတာကို သိလိမ့်မယ်ဆိုပြီး ဖြစ်သည်။
သို့သော် ချန်းရော့ယွီသည် နားလည်မှု၏ လက္ခဏာ တစ်စုံတစ်ရာမှ မပြပေ။ သူမက ဆက်လက်ပြီးတော့ အကြောင်းပြချက် အမျိုးမျိုး ရှာကာ လာခဲ့သည်။ ရှုံးနိမ့်ပြီးတိုင်း ပိုရဲရင့်လာသည့် စိတ်ဓာတ်ဖြင့် ရဲရင့်တဲ့ အမူအရာဖြင့် လာခဲ့သည်။ ဒါက သူ့ကို တကယ်ပဲ မေးချင်စိတ် ဖြစ်စေတယ်
—မိန်းကလေး၊ မင်း ငါ့မှာ ဘယ်လို ကောင်းတာတွေ တကယ် မြင်တာလဲ။ မင်း အရှုံးမပေးခင် ငါ ဘာလုပ်ပေးရမလဲ။
မုန့်ကုသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဟု ခံစားရပြီး သူမနှင့် အရှင်းအလင်း ပြောဆိုဖို့ လိုချင်ခဲ့သော်လည်း ချန်းရော့ယွီက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
အမှတ်အသားမရှိ၊ သတိပေးချက်မရှိ၊ နှုတ်ဆက်ခြင်းမရှိဘဲ သူမ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်... သူမ နောက်ထပ် ဘယ်တော့မှ ပေါ်မလာတော့ပေ။
မုန့်ကု သက်ပြင်းချလိုက်ပြီး သက်သာရာရသွားသော်လည်း သူသည် စိတ်ဝင်စားမှုကြောင့် လှုံ့ဆော်ခံခဲ့ရသည်။
ဒီ ကောက်ကျစ်တဲ့မိန်းမ... ဘာတွေ လုပ်နေတာလဲ။
Translator -JJ