အခန်း ၆၅
Vol. 7 Ch. 65
Chapter 65-စီးစီးရဲ့ စိုးရိမ်ပူပန်မှု
ချန်းရော့ယွီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး မုန့်ကုကို လျစ်လျူရှုထား၏။
သူ တစ်ယောက်တည်း ရှိနေပြီး သူမရဲ့ ရူးမိုက်တဲ့ မေးခွန်းအကြောင်း အများကြီး တွေးဖို့ ပျင်းရိနေသည်။ ခဏကြာအောင် ထိုင်ပြီးတဲ့နောက် သူမ အိပ်ပျော်နေတာကို မြင်တဲ့အခါ သူ အနည်းငယ် ဒေါသထွက်သွား၏။ အခုညနေ အစောပိုင်းက သူ ရပ်ကွက်အဝင်ဝမှာ အချိန်အကြာကြီး ထိုင်နေခဲ့ပေမယ့် သူမကို ဘယ်လို တောင်းပန်ရမလဲဆိုတာ မတွေးနိုင်ခဲ့ပေ။ အခု သူတို့ အခန်းတစ်ခန်းတည်းမှာ ရှိနေပေမယ့်လည်း အချင်းချင်း သေသေချာချာ စကားပြောဖို့ အခွင့်အရေး မရပေ။
အရက်မူးပြီး ရူးသွပ်ခဲ့ပြီးတဲ့နောက် သူမ အိပ်ပျော်သွားပြီ။ ဒီမှာ ပေါကြောင်ကြောင် နေ,နေတာက အသုံးမဝင်တော့ပေ။ ခဏကြာ ထိုင်ပြီးတဲ့နောက် မုန့်ကုက ဒီနေ့တော့ ခဏလောက် ဆုတ်ခွာပြီး မနက်ဖြန်မှ ထပ်တိုက်မယ်လို့ ဆုံးဖြတ်လိုက်သည်။ သူ သူမ၏ စောင်ထောင့်များကို သပ်ရပ်စွာ ထည့်ပေးလိုက်ပြီးနောက် ထရပ်ကာ အခန်းထဲကနေ ထွက်ဖို့ ပြင်ဆင်လိုက်သည်။ တံခါးဝကို ရောက်တဲ့အခါ သူ ခဏရပ်၊ နောက်လှည့်ပြီး အိပ်ရာဘေးသို့ ပြန်လျှောက်သွားသည်။ အဲ့ဒီနောက် သူ ခါးကိုင်းပြီး သူမ၏ နှုတ်ခမ်းပေါ်သို့ အနမ်းတစ်ပွင့် ပေးလိုက်သည်။
"ကိုယ် မင်းကို မြင်တိုင်း နမ်းမယ်လို့ မင်းကို ပြောခဲ့တယ်။ ကိုယ် ကိုယ့်ကတိကို မဖျက်ဘူး၊ ချန်းရော့ယွီ"
ချန်းရော့ယွီက သူ့ကို လျစ်လျူရှုပြီး မလှုပ်မယှက်ဘဲ ဆက်လက် အိပ်ပျော်နေသည်။
မုန့်ကု သူမ၏ နှာခေါင်းကို ဖွဖွလေး ညှစ်လိုက်သော်လည်း သူမ မနိုးဘဲ သူ့လက်ကို သတိမမူဘဲ ရိုက်ထုတ်လိုက်၏။
မုန့်ကု လက်ကို ပြန်ရုပ်ပြီး သူမ၏ ပါးကို ထပ်ညှစ်လိုက်သည်။ ဒီတစ်ကြိမ်မှာ သူမက "မုန်းစရာကောင်းတဲ့သူ" ဟု တိုးတိုးလေး ရေရွတ်လိုက်ပြီး ပါးကို ပွတ်ကာ လှည့်ပြီး ပြန်အိပ်သွားသည်။
"ချန်းရော့ယွီ"
မုန့်ကု သူမကို ခေါ်လိုက်သည်။
သူမ တုံ့ပြန်ခြင်း မရှိပေ။
သူ ထပ်ခေါ်ပြီး သူမ၏ ပခုံးများကို တွန်းလိုက်သည်။ ဒါက သူမကို အနည်းငယ် သတိရလာစေသည်။ သူမက မူးဝေစွာဖြင့် မျက်လုံးတစ်ဝက်ပိတ်လျက် လှည့်လိုက်သည်။
"ဘာလဲ"
"မင်း ကိုယ့်ကို လွမ်းလား။ ချန်းရော့ယွီ......"
သူမက တိုးတိုးလေး ရေရွတ်လိုက်၏။
"အင်း..."
ပြီးတဲ့နောက် အိပ်ပျော်သွားသည်။
"ကိုယ် မင်းကို အရမ်း လွမ်းတယ်၊ ချန်းရော့ယွီ။ ဒါပေမဲ့ မင်းက ကိုယ့်ကို ချိန်းတွေ့ဖို့ မကြိုးစားခဲ့ဘူး။ မင်း နည်းနည်းလေး စိတ်ကောက်ပြီး ကိုယ့်ကို နည်းနည်းလေး ချော့ခဲ့မယ်ဆိုရင် ကိုယ်တို့ ပိုစောစော အတူတူ ဖြစ်နိုင်ခဲ့တယ် မဟုတ်လား။ မင်း ဒါကို သင်ယူရမယ်"
ချန်းရော့ယွီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့် တုံ့ပြန်ခြင်း မရှိပေ။ သူမ ခြေထောက်တစ်ချောင်းကို ကန်ထုတ်လိုက်ပြီး လှည့်လိုက်ကာ သူမ၏ စောင်ကို ဖက်ထားသည်။
မုန့်ကု သက်ပြင်းချလိုက်သည်။ သူ သူမအပေါ် စောင်ကို ဆွဲတင်ပေးဖို့ လက်များ ဆန့်ထုတ်လိုက်သည်။
"မကြာသေးခင်တုန်းက ကိုယ် တုံးအလာတယ်။ ကိုယ် မင်းကြောင့် ကူးစက်ခံရတာ ဖြစ်ရမယ်၊ ဒါကြောင့် မင်း အပြည့်အဝ တာဝန်ယူရမယ်"
ဘယ်သူမှ သူ့ကို အာရုံမစိုက်ပေ။ ခဏကြာ ထိုင်ပြီးနောက် သူ ပျင်းလာသည်ဟု ခံစားရ၏။
"ကိုယ် မနက်ဖြန် ထပ်လာခဲ့မယ်"
သူ သူမ၏ ပါးကို နမ်းလိုက်ပြီးတဲ့နောက် ထရပ်ပြီး အခန်းထဲကနေ ထွက်သွားသည်။ သူ တံခါးကို ညင်သာစွာနှင့် တိုးတိုးလေး ပိတ်လိုက်၏။ သူ ထွက်သွားတော့မည် အချိန်တွင် လျန်စီးစီးက သူမ၏ အိပ်ခန်းထဲကနေ ခေါင်းထုတ်လာတာကို တွေ့လိုက်ရသည်။ သူမက မုန့်ကုကို မြင်တဲ့အခါ ပြုံးပြီး မေးလိုက်၏။
"သူ(မ) အိပ်ပျော်သွားပြီလား"
မုန့်ကု ခေါင်းငြိမ့်လိုက်သည်။
လျန်စီးစီးက ထပ်ပြောလာသည်။
"စကားပြောကြရအောင်"
စကားပြောရအောင်?
မုန့်ကု တွေးလိုက်ပြီး ထပ်ခေါင်းငြိမ့်လိုက်သည်။
လူနှစ်ယောက်ဟာ ဧည့်ခန်းထဲတွင် ထိုင်လိုက်ကြသည်။
"ဒေါက်တာမုန့်၊ ရှင် ရော့ယွီရဲ့ ဘာကို သဘောကျတာလဲ"
သူ ဘာကို သဘောကျတာလဲ။ မုန့်ကု မျက်လုံးအောက်ချလိုက်ပြီး စကားမပြောပေ။ သူက လျန်စီးစီးနှင့် ရင်းနှီးခြင်း မရှိသလို သူမကို လျှို့ဝှက်ချက် ဖွင့်ပြောဖို့လည်း စိတ်မဝင်စားပေ။
လျန်စီးစီးက ဂရုမစိုက်ဘဲ ထပ်မေး၏။
"ဒေါက်တာမုန့်၊ ရှင် ကျွန်မကို မကြိုက်ဘူး၊ ဒါပေမဲ့ ရော့ယွီကို ကြိုက်တယ်။ ကျွန်မက သူ(မ)ထက် ဘာလို့ မကောင်းဘူးလို့ ထင်တာလဲ"
"ဘာလို့လဲ။ မင်း ငါ့ကို ထပ်စမ်းသပ်နေတာလား"
ဒါဆို သူ တကယ်ပဲ သိတာပေါ့။ လျန်စီးစီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒေါက်တာမုန့် ကျွန်မ ရော့ယွီနဲ့ တစ်နှစ်ကျော် အတူတူနေခဲ့ဖူးပြီး ကျွန်မတို့ စကားတွေ အများကြီး ပြောခဲ့ကြတယ်။ သူ(မ) ဘယ်လို ယောက်ျားမျိုးကို ကြိုက်လဲဆိုတာကို အရင်က မေးဖူးတယ်။ အဲဒီတုန်းက အချိန်အကြာကြီး စဉ်းစားပြီးမှ သူ(မ)က သူ(မ)ရဲ့ လိုအပ်ချက်က မမြင့်ဘူးလို့ ကျွန်မကို ပြောခဲ့တယ်။ သူ(မ) ချစ်နိုင်တဲ့လူတစ်ယောက်ကိုပဲ လိုချင်ပြီး အဲဒီလူကလည်း သူ(မ)ကို ပြန်ချစ်ပြီး တစ်ချိန်တည်းမှာ သူ(မ)အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ဖို့ပဲ လိုချင်တယ်လို့ ပြောခဲ့တယ်"
မုန့်ကု စကားမပြောပေ။
"ဒေါက်တာမုန့် တကယ်တော့ သူ(မ)ရဲ့ လိုအပ်ချက်က ယောက်ျားတွေအတွက် ကျွန်(မ)ရဲ့ လိုအပ်ချက်ထက် အများကြီး ပိုမြင့်တယ်ဆိုတာ ရှင် သိလား"
"ဟုတ်လား?"
မုန့်ကုက သူမရဲ့ စကားလုံးများကို သဘောမကျဘူးလို့ ခံစားရသည်။ တကယ်တော့ သူ့ရဲ့ ချန်းရော့ယွီမှာ ပိုလျှံတဲ့ လိုအပ်ချက်တွေ မရှိပါဘူး၊ သူမက လောဘမကြီးဘူး၊ သူ သူမကို အရမ်း ကျေနပ်တယ်။
"သူ(မ)ရဲ့ လိုအပ်ချက်က မများဘူးလို့ ထင်ရတာက သူ(မ)က ဘာကို တောင်းဆိုရမလဲဆိုတာ မသိလို့၊ ပြီးတော့ သူ(မ)က စိတ်ကူးယဉ်သမား တစ်ယောက် ဖြစ်နေလို့ပဲ။ တကယ်တော့ သူ(မ)ရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်တယ်... မြင့်ပေမယ့်လည်း သီးခြား မရှိဘူး။ ရလဒ်က ဘာလဲဆိုတာ ရှင် သိလား။ နောက်ဆုံးမှာတော့ သူ(မ) ဘာလိုချင်လဲဆိုတာကို သူ(မ) မသိခဲ့ပေမဲ့ သူ(မ) မရခဲ့ဘူးဆိုတာကိုတော့ သိတယ်။ သူ(မ)က ထိလွယ်ရှလွယ်ရှိတယ်၊ လွယ်လွယ်နဲ့ စိတ်ရှုပ်ထွေးတတ်တယ်၊ ဘာလို့ ဝမ်းနည်းနေမှန်းတောင် မသိဘူး။ ဒီတစ်ကြိမ်လိုပဲ၊ ရှင် သူ(မ)ကို စိတ်ဆိုးတဲ့အခါ ဘာဖြစ်ခဲ့လဲဆိုတာ သူ(မ) မသိဘဲ ရှင့်အတွက် ဆင်ခြေတွေ ရှာဖို့ ကြိုးစားခဲ့တယ်။ တကယ်တော့ သူ(မ) အရမ်း စိတ်မသက်မသာ ခံစားရပေမဲ့ ဒီခံစားချက်အကြောင်း ဘယ်လို ပြောရမှန်း မသိခဲ့ဘူး။ ရှင်က သူ(မ)ကို ခေါင်းငုံ့ပြီး ရှင်းပြဖို့ စောင့်နေတဲ့အချိန်မှာ သူ(မ)က ရှင် ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့ စောင့်နေခဲ့တယ်"
မုန့်ကုက သူမ ပြောတာ မှန်တယ်ဆိုတာ သိတယ်။ သူ့ရဲ့ ချန်းရော့ယွီက တကယ်ပဲ အများကြီး တွေးတတ်ပေမယ့် ကံမကောင်းစွာပဲ သူမ တွေးခဲ့တဲ့ အာရုံစူးစိုက်မှုက သူ့နဲ့ အမြဲ ကွဲပြားနေတယ်။
"ဒေါက်တာမုန့်၊ ကျွန်မ အရင်တုန်းက ရှင်က ရှင့်ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး အရမ်း ဆင်ခြင်တုံတရားရှိပြီး ထိုးထွင်းသိမြင်တတ်တယ်လို့ ထင်ခဲ့တယ်။ ရှင့်လို လူမျိုးနဲ့ ပေါင်းသင်းရတာ ခက်တယ်၊ ဒါပေမဲ့ တကယ်တော့ ကျွန်မလည်း ပေါင်းသင်းရတာ မလွယ်တဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ ရော့ယွီက ကျွန်မနဲ့ အဆင်ပြေတယ်။ သူ(မ)မှာ သူ(မ)ရဲ့ ဆွဲဆောင်မှုတွေ ရှိပြီး ကျွန်မသာ ယောက်ျားတစ်ယောက်ဆိုရင် သူ(မ)ကို ကြိုက်မယ်လို့ ထင်တယ်။အိုက်ယား....ပြောနေရင်း ကျွန်မ နည်းနည်း လမ်းလွဲသွားပြီ ထင်တယ်။ တကယ်တော့ ကျွန်မ ပြောချင်တာက... ဒေါက်တာမုန့်၊ ဒီတစ်ခါ ရှင် အရမ်း လွန်လွန်မင်းမင်း တုံ့ပြန်ခဲ့ပြီးတော့ မိုက်မိုက်မဲမဲ ပြုမူခဲ့တယ်။ ကျွန်မ ထင်တာကတော့ ဖြစ်ကောင်းဖြစ်နိုင်တာက ရှင်တို့ တကယ်ပဲ အတူတူ ဖြစ်နိုင်ပါတယ်"
ဒါ ဘယ် သီအိုရီလဲ။ မုန့်ကု နောက်ဆုံးတွင် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်သည်။
"ငါတို့ အချင်းချင်း ခံစားချက်တွေ ရှိကြတာ၊ သေချာတာပေါ့၊ ငါတို့ အတူတူ ဖြစ်နိုင်တယ်"
"တစ်ယောက်နဲ့တစ်ယောက် ခံစားချက် ရှိရုံနဲ့ ရှင်တို့နှစ်ယောက် အတူတူ ဖြစ်နိုင်တယ်ဆိုတာ မှန်လို့လား"
လျန်စီးစီးက ပြုံးပြီး ပြောလိုက်သည်။
"ဒေါက်တာမုန့်၊ ရှင်တို့နှစ်ယောက်ကြားက ကွာဟချက်ကို ရှင် စဉ်းစားဖူးလား။ သူ(မ)ရဲ့ ဘဝသဘောတရားက ရှင့်ရဲ့ သဘောတရားနဲ့ လုံးဝ ကွဲပြားတယ်။ သူ(မ)က တေးသံစုံကို သဘောပေါက်နိုင်မှာ မဟုတ်ဘူး၊ သူ(မ)က ကာတွန်းတွေကို ကြိုက်တာ။ ရှင်က လက်ရှိသတင်းတွေ ကြည့်ချင်တဲ့အခါ သူ(မ) အကြိုက်ဆုံး ဉာဏ်ရည်နည်းတဲ့ ရှိုးအမျိုးမျိုးတွေ ထုတ်လွှင့်တဲ့အချိန် ဖြစ်နေလိမ့်မယ်။ ပိုက်ဆံ နည်းနည်း ချွေတာဖို့အတွက် သူ(မ) စျေးသွားတဲ့အခါ ပစ္စည်းတွေရဲ့ ဈေးနှုန်းအားလုံးကို ဆိုင်တိုင်းမှာ လိုက်မေးလိမ့်မယ်။ ရှင် ဒီလိုမျိုး လိုက်လည်ဖို့ ဆန္ဒရှိလား။ ရှင်က ဇိမ်ခံအမှတ်တံဆိပ် ပစ္စည်းတွေ ဝယ်တဲ့အခါ သူ(မ) စိတ်မချမ်းမသာ ဖြစ်လိမ့်မယ်၊ ပြီးတော့ သူ(မ)က ဈေးပေါတဲ့ ပစ္စည်းတွေ ဝယ်တဲ့အခါ ရှင်က အဲဒီပစ္စည်းတွေကို အထင်သေးလိမ့်မယ်။ ဒီကွာခြားချက်နဲ့အတူ နေထိုင်ဖို့ ရှင် ဆန္ဒရှိလား"
လျန်စီးစီးက မုန့်ကုကို ကြည့်ပြီး ဆက်ပြောသည်။
"သူ(မ)ရဲ့ မိဘတွေက နှိုင်းယှဉ်ရတာ ကြိုက်တယ်။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ သူတို့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေအားလုံးကို ရှင့်အိမ်ကို လာလည်ပြီး ကြွားလုံးထုတ်ဖို့ ခေါ်လာလိမ့်မယ်။ သူတို့က ရှင့်ကို လက်ဆောင်တွေ ဝယ်ခိုင်းလိမ့်မယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ ဒီပစ္စည်းတွေ မလိုအပ်ဘူး။ ဒါက သူတို့ ပိုက်ဆံကို လောဘကြီးလို့လည်း မဟုတ်ဘူး၊ သူတို့ မျက်နှာလိုချင်လို့ပဲ။ ရှင် ဒါကို သည်းခံနိုင်လား"
မုန့်ကု မျက်မှောင်ကြုတ်ပြီး ပြောဖို့ ပြင်လိုက်ချိန်မှာ လျန်စီးစီးက ထပ်ပြောလာသည်။
"ဒေါက်တာမုန့်၊ ရှင် သူ(မ)ကို ရှင့်ရဲ့ လူမှုအသိုင်းအဝိုင်း၊ ဆွေမျိုးတွေ၊ လူကြီးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ ခေါ်သွားတဲ့အခါ သူတို့က မေးလိမ့်မယ်... သူ(မ) ဘာလုပ်လဲ။ ရှင်က လုံးဝ ဂရုမစိုက်ဘဲ သူ(မ) အာမခံ ရောင်းတယ်လို့ တိုက်ရိုက် ပြောလိုက်မှာလား။ ဟုတ်ပါတယ်၊ အာမခံ ရောင်းတာက မတင်ပြသင့်တဲ့ အလုပ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူ(မ)ရဲ့ စွမ်းဆောင်ရည် ပမာဏအတွက် ဖြစ်နိုင်တာကတော့ သူ(မ)က ရှင့်ရဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် နာမည်ကြီး သူငယ်ချင်းတွေကို အာမခံ ရောင်းဖို့ ချဉ်းကပ်လိမ့်မယ်။ ရှင် ဒါကို လက်ခံနိုင်လား"
မုန့်ကုသည် လက်ကို မြှောက်၍ လျန်စီးစီးကို ဆက်မပြောဖို့ တားလိုက်သည်။
"မစ္စလျန်၊ ခင်ဗျား သိတဲ့ သတင်းတွေကို ကြွားစရာ မလိုပါဘူး။ ခင်ဗျား ပြောချင်တာကို ကျွန်တော် နားလည်ပါတယ်။ တချို့အရာတွေက ကျွန်တော် ဆန္ဒရှိသလို ချောချောမွေ့မွေ့ ဒါမှမဟုတ် သဟဇာတဖြစ်ပြီး တိုးတက်လာမှာ မဟုတ်ပေမဲ့ ချန်းရော့ယွီနဲ့ အတူတူ နေထိုင်တာက စိတ်လိုက်မာန်ပါ လုပ်ဆောင်ချက် မဟုတ်ဘူး။ ကျွန်တော် မလုပ်ဆောင်ခင်မှာ ဒီအကြောင်းကို အလေးအနက် စဉ်းစားခဲ့ပြီးသားပါ"
"ကျွန်မ သိပါတယ်။ ကျွန်မ ပြောခဲ့သလိုပဲ၊ အရင်ကတော့ ရှင့်ရဲ့ ယောက်ျားနဲ့ မိန်းမအပေါ် ခံစားချက်တွေက အရမ်း ထိုးထွင်းသိမြင်လွန်းတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒေါက်တာမုန့်၊ သူတို့ရဲ့ စိတ်ခံစားမှုတွေနဲ့ ပတ်သက်ပြီး ထိုးထွင်းသိမြင်တတ်တဲ့ ယောက်ျားတွေကလေ တကယ်တော့ လုံးဝ ထိုးထွင်းသိမြင်တတ်တာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ ဂရုမစိုက်လို့ပဲ။ ရှင် တကယ် ချစ်မိသွားတဲ့အခါ၊ ပြဿနာအားလုံးကို ဆင်ခြင်တုံတရားနဲ့ ခွဲခြမ်းစိတ်ဖြာတော့မှာလား"
"ချစ်မိသွားတဲ့အခါ ခွဲခြမ်းစိတ်ဖြာဖို့ ဘာပြဿနာတွေ ရှိလဲ။ မစ္စလျန်၊ ခင်ဗျား အရမ်း တွေးနေတာပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အရမ်း ဉာဏ်မကောင်းတာက ပိုကောင်းပါတယ်။ တစ်ခါတစ်လေ ကျွန်တော့် မိသားစုက ချန်းရော့ယွီလို တုံးအနေတာက ပိုပြီး ချစ်စရာကောင်းတယ်"
လျန်စီးစီးက ရယ်လိုက်သည်။
"ဒေါက်တာမုန့်၊ ရော့ယွီကို တုံးအတယ်လို့ မထင်ပါနဲ့။ တကယ်တော့ မိန်းမတွေဆိုတာ ခံစားချက်တွေနဲ့ ပတ်သက်ပြီး အသိဉာဏ်အရှိဆုံးသူတွေပဲ။ သူတို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သူတို့ သိတယ်။ သူတို့ တုံးအရမယ်လို့ ခံစားရလို့ တုံးအနေကြတာ။ သူတို့ ဆုံးရှုံးမှာ ကြောက်တဲ့အတွက် တချို့အရာတွေကို မမြင်ချင်ယောင် ဆောင်ကြတယ်။ သူတို့ ထိခိုက်မှာ ကြောက်တဲ့အတွက် တချို့အရာတွေကို နားမလည်နိုင်ယောင် ဆောင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ အရာအားလုံးကို သိတယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ဟာ သူ့လောက် အသိဉာဏ် မရှိဘူးလို့ ထင်ပြီး သူ့ကိုယ်သူ အတိုင်းအဆမဲ့ ကျေနပ်နေတဲ့အခါ အဲဒီအချိန်မှာ တကယ်တမ်း မိုက်မဲတုံးအနေတဲ့သူက သူကိုယ်တိုင် ဖြစ်နေတယ်ဆိုတာ သူ မသိဘူး"
"မစ္စလျန်၊ ခင်ဗျား ကျွန်တော့်ကို ယောက်ျားနဲ့ မိန်းမ ဆက်ဆံရေးအကြောင်း သင်ခန်းစာ ပေးဖို့ ရည်ရွယ်ချက် ရှိနေတာလား"
"မဟုတ်ပါဘူး၊ ဒေါက်တာမုန့်၊ ယောက်ျားနဲ့ မိန်းမ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လူတိုင်းရဲ့ နှလုံးသားထဲမှာ သင်ခန်းစာစာအုပ် ရှိပါတယ်။ လူတစ်ယောက်ဟာ အချစ်ရေး ဆက်ဆံမှု မရှိဖူးရင်တောင် သူ နားလည်နိုင်မယ်လို့ ခံစားနေရတုန်းပဲ။ ဒါ့အပြင် ဒေါက်တာမုန့်က ဒီမတိုင်ခင်တုန်းကက မက်မွန်ပန်းပွင့်တွေနဲ့ အများကြီး ပတ်သက်ဖူးပြီး ဒီလောက် အတွေ့အကြုံရှိတဲ့အတွက် ကျွန်မ ရှင့်ကို ဘာသင်ခန်းစာမှ ပေးစရာ မလိုပါဘူး"
"ခင်ဗျား ကျွန်တော့်ကို ချီးကျူးလွန်းနေပြီ။ ကျွန်တော် မက်မွန်ပန်းပွင့်တွေနဲ့ မပတ်သက်ပါဘူး"
သူမ ပြက်ရယ်ပြုနေတာ ဖြစ်ရမယ်။ အခု သူက ချန်းရော့ယွီရဲ့ ချစ်သူဆိုတဲ့ တံဆိပ်နဲ့ အမှတ်အသား ပြုခံထားရပြီးသား... မက်မွန်ပန်းပွင့်တွေ အများကြီးနဲ့ ပတ်သက်တယ်ဆိုတာ ဘာစကားလဲ။ ဒါက ရိုးရိုးရှင်းရှင်း အပုပ်ချတာပဲ!
လျန်စီးစီးက ပြုံးလိုက်ပြီး သူ့ကို မငြင်းခုံတော့ပေ။ သူမက-
"ကျွန်မ ရှင့်ကို ပြောချင်တာက ချန်းရော့ယွီ အကြောင်းသက်သက်ပါ။ ရော့ယွီကို ပထမဆုံးအကြိမ် ကျွန်မတို့ ကုမ္ပဏီမှာ အင်တာဗျူး လာတုန်းက တွေ့ခဲ့တာ။ ကျွန်မတို့ ကုမ္ပဏီရဲ့ ပေါကြောင်ကြောင် အင်တာဗျူးတဲ့သူက အလုပ်လျှောက်တဲ့သူတွေကို အလုပ်နဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို ထင်လဲဆိုတာ မေးတတ်တာကို ကြိုက်ကြတယ်။ တခြားသူတွေ အားလုံးက ကောင်းမွန်တဲ့ အဖြေတွေ ပေးခဲ့ကြပြီး ရော့ယွီဆိုနဲ့ အရူးမလေးပဲ အဲဒီမှာ ထိုင်ပြီး ကြောင်နေခဲ့တာ။ နောက်ပိုင်းကျတော့ အင်တာဗျူးတဲ့သူက အရမ်း စိတ်တိုသွားပြီး ဘာလို့ အဖြေစဉ်းစားဖို့ ဒီလောက် အချိန်ယူရတာလဲလို့ သူ(မ)ကို မေးခဲ့တယ်။ သူ(မ)က တကယ်တော့ အလုပ်ရှာဖို့ လာတာဖြစ်ပြီး အရင်က တကယ် အလုပ်မလုပ်ဖူးဘူးလို့ သူ့ကို ပြောပြခဲ့တယ်။ ဒါကြောင့် သူ(မ)မှာ ဘာအကြံဉာဏ်မှ မရှိခဲ့ဘူး။ အကြံဉာဏ်မရှိဘဲ ပြောရင် ဘယ်သူ့ကိုမှ စိတ်ကျေနပ်စေမှာ မဟုတ်ဘူးလို့ သူ(မ) ခံစားရတဲ့အတွက်၊ အဲဒီအစား ဘာမှ မပြောဖို့ ရွေးချယ်ခဲ့တယ်တဲ့။ ရလဒ်အနေနဲ့တော့ သေချာတာပေါ့၊ သူ(မ) အလုပ်မရခဲ့ဘူး။ အင်တာဗျူးတဲ့သူက သူ(မ)က အရမ်း ပွင့်လင်းလွန်းတယ်၊ အခြေအနေနဲ့ ဘယ်လို လိုက်လျောညီထွေ နေရမယ်ဆိုတာ မသိဘူး၊ ပြီးတော့ သူ(မ)က ထူးခြားတဲ့ အောင်မြင်မှုတွေနဲ့ အလုပ်ကို သေချာပေါက် ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်"
မုန့်ကု ခေါင်းငြိမ့်လိုက်သည်။ ဒီလို အဆင်မပြေတဲ့ အခြေအနေမျိုးက ချန်းရော့ယွီ လုပ်နိုင်တဲ့ ကိစ္စမျိုးနဲ့ တကယ်တမ်းတူနေတယ်။
"ဒါဆို ရှင် မြင်တယ်နော်။ သူ(မ) ဘာက နားထောင်လို့ မကောင်းဘူးဆိုတာကို တကယ် သိခဲ့တယ်၊ ဒါပေမဲ့ သူ(မ) တခြား နားထောင်လို့ ကောင်းတဲ့ စကားလုံးတွေကို မတွေးနိုင်ခဲ့ဘူး။ သူ(မ)မှာ ကိုယ်ပိုင် အကြံဉာဏ်တွေ ရှိတယ်၊ သူ(မ)က လွတ်လပ်ပေမဲ့ သူ(မ)မှာ ပင်ကိုစရိုက်မရှိဘူး။ သူ(မ) မတုံးပါဘူး၊ ဒါပေမဲ့ သူ(မ)က လှည့်ပတ်ကြံစည်တာမျိုး မလုပ်ဘူး။ ဒါကြောင့် ရှင် သူ(မ)ကို စိတ်ဆိုးရင် ရှင် ဘာလို့ စိတ်ဆိုးနေလဲဆိုတာ သူ(မ)ကို သိစေရမယ်။ ရှင် စိတ်ကောက်ချင်ရင် ဒါမှမဟုတ် သူ(မ)က ရှင့်ကို စိတ်ကောက်စေချင်ရင် အေးစက်စက် ပြုမူနေတာက အသုံးမဝင်ဘူး။ ရှင် ပိုပြီး တိုက်ရိုက်ကျတဲ့ နည်းလမ်းနဲ့ အရမ်း ထင်ရှားတဲ့ နည်းလမ်းကို အသုံးပြုရမယ်"
"သေချာတာပေါ့၊ ကျွန်တော် သိပါတယ်"
မုန့်ကု သူမရဲ့ မှတ်ချက်တွေကို လက်ခံခြင်း မရှိပေ။ သေချာတာပေါ့၊ ချန်းရော့ယွီက ဘယ်လိုလူလဲဆိုတာ သူ သိပြီး သူမနဲ့ အတူနေဖို့ မဆုံးဖြတ်ခင်မှာ ဒီအကြောင်းကို အလေးအနက် စဉ်းစားခဲ့ပြီးသားပါ။ လျန်စီးစီးက ဒီကိစ္စကို ဒီလောက်အထိ အသေးစိတ် ပြောဖို့ မလိုအပ်ဘူး။
"ဖြစ်နိုင်တာကတော့ ရှင် သိပါတယ်"
လျန်စီးစီး ပခုံးတွန့်လိုက်ပြီး သူ့စကားတွေကို သဘောမတူပေ။
"ယောက်ျားတွေက အမြဲတမ်း သိတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့ ဒီကိစ္စကို သူတို့ရဲ့ နှလုံးသားထဲမှာ ဘယ်တော့မှ မထားဘူး။ သိတာနဲ့ မသိတာကြားမှာ ကြီးမားတဲ့ ကွာခြားချက် မရှိကြဘူး"
"မစ္စလျန်၊ ခင်ဗျား မသေချာတဲ့ ကိစ္စတွေနဲ့ပဲ ထပ်ခါတလဲလဲ အလေးပေး ပြောနေတာ။ ခင်ဗျား ယောက်ျားတွေကို နားလည်တယ်လို့ ဘာလို့ အမြဲတမ်း ပြောနေရတာလဲ"
လျန်စီးစီး ကြောင်သွားသည်။ သူမ ခဏရပ်သွားပြီးတဲ့နောက် အနည်းငယ် ရှက်ရွံ့စွာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စွာ ပြောလိုက်သည်။
"ကောင်းပြီ၊ ရှင် ပြောတာ မှန်ပါတယ်။ ကျွန်မ ယောက်ျားတွေအကြောင်း မသေချာဘူး"
မုန့်ကု မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး စကားမပြောပေ။
"ဒေါက်တာမုန့် တကယ်တော့ လူတွေ ရှင့်ကို မကြိုက်တဲ့ ဒီအထူး မနှစ်မြို့စရာ အချက်တစ်ခု ရှိတယ်။ ချန်းရော့ယွီ ပြောတာ မှန်တယ်။ ရှင်နဲ့ အချိန်အကြာကြီးနေတဲ့ အမျိုးသမီးက ရှင့်ရဲ့ စရိုက်ကြောင့် လန့်ပြီး ထွက်ပြေးသွားနိုင်ခြေ ရှိတယ်"
"ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်စရာ မလိုပါဘူး။ ကျွန်တော်နဲ့ ချန်းရော့ယွီ အတူတူ အရမ်း ပျော်ရွှင်ကြလိမ့်မယ်"
လျန်စီးစီး ခေါင်းငြိမ့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
"ဒါဆို ရှင် အဲဒါကို အောင်မြင်အောင် လုပ်ရမယ်၊ ပြီးတော့ ရော့ယွီကို ကောင်းမွန်တဲ့ ဘဝတစ်ခု ပေးရမယ်"
မုန့်ကု အံ့အားသင့်သွားသည်။ သူ သတိမမူဘဲ ခေါင်းငြိမ့်လိုက်ပြီး လျန်စီးစီး၏ စကားများဟာ သူမ၏ နှလုံးသားထဲကနေ တကယ် ပြောခဲ့တာဖြစ်ပြီး သူမက ချန်းရော့ယွီအတွက် တကယ် စိုးရိမ်ပူပန်ကြောင်း နားလည်လိုက်သည်။မုန့်ကုက သူမကို ပြောခဲ့တဲ့ အဆိပ်အတောက် ဖြစ်စေသည့် စကားများအတွက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ ခေါင်းစဉ် ပြောင်းလိုက်ပြီး မေးလိုက်၏။
"မနက်ဖြန် ခင်ဗျား ဘယ်သွားမှာလဲ"
"H-မြို့"
"ပြန်မလာတော့ဘူးလား"
မဟုတ်ရင် ချန်းရော့ယွီ ဒီကိစ္စကြောင့် ငိုမှာ မဟုတ်ပေ။
"မှန်တယ်"
မုန့်ကု မျက်မှောင်ကြုတ်လိုက်၏။
"ဒီအိမ်ကို ဘယ်လို စီမံမှာလဲ။ ဒါကို အငှားချတော့မှာလား"
သူ့ရဲ့ ချန်းရော့ယွီရဲ့ ငွေကြေး အခြေအနေ ဆိုးရွားမှုအရဆိုရင် သူမ ဒီအိမ်လခကို မတတ်နိုင်ပေ။
"ကောင်းပြီ၊ ဒါက မေးခွန်းကောင်းပဲ"
လျန်စီးစီးက ပြုံးလိုက်သည်။
"ဒေါက်တာမုန့်၊ ကျွန်မတို့ အိမ်လခကို လက်ရှိမှာ နွေဦးပွဲတော်နောက်ပိုင်းအထိ ပေးထားပြီးသား။ ဒါက ရော့ယွီ ဒီမှာ နောက်ထပ် လအနည်းငယ် နေနိုင်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။။ ဒီလအနည်းငယ်ပြီးတဲ့နောက် ရှင်တို့နှစ်ယောက် အဆင်ပြေပြေ ပေါင်းသင်းနိုင်ရင် ဖြစ်ကောင်းဖြစ်နိုင်တာကတော့ သူ(မ) နောက်နှစ်မှာ အိမ်ငှားစရာ မလိုတော့ဘူး။ ရှင်တို့နှစ်ယောက် အဆင်မပြေဘူးဆိုရင်တော့ သူ(မ) အိမ်ငယ်လေးကို ပြောင်းရမယ်၊ ချွေတာသုံးစွဲရမယ်၊ ဒါမှမဟုတ် A-မြို့မှာ နေဖို့ မတတ်နိုင်တော့ရင် C-မြို့ကို ပြန်သွားနိုင်တယ်"
သူမ သူ့ကို ထပ်ပြီး ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား။ မုန့်ကု မျက်မှောင်ကြုတ်လိုက်ပြီး ချန်းရော့ယွီ C-မြို့ကို ပြန်သွားနိုင်ခြေအပေါ် စိတ်မချမ်းမသာ ခံစားရ၏။
"ဒေါက်တာမုန့် ဒါကို အချိန်ကန့်သတ်ချက်ပါတဲ့ စိန်ခေါ်မှုအဖြစ် စဉ်းစားသင့်တယ်"
ဒါက တကယ်ကို စိန်ခေါ်မှုတစ်ခုပဲ!
အထူးသဖြင့် အခုဆို သူက ရိုးအပြီးတော့ အဆင့်နိမ့်တဲ့ အမှားကို ကျူးလွန်ခဲ့ပြီး ချန်းရော့ယွီစ အကဲဖြတ်ကာလအောက်တွင် ရှိနေဆဲဖြစ်သည်။ အခက်ခဲဆုံးအပိုင်းက သူတို့ရဲ့ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း ပြောပြီးတဲ့နောက် ချန်းရော့ယွီအပေါ် အရင်က အသုံးပြုခဲ့တဲ့ လှည့်ကွက်တွေက အခုဆိုရင် မကောင်းတော့ဘူးလို့ ထင်ရခြင်းပင်။
မုန့်ကု မျက်မှောင်ကြုတ်လိုက်သည်။
မဟုတ်ဘူး... ဖြစ်နိုင်တာက သူ တကယ်ပဲ ကြိုးစားအားထုတ်ပြီး အချိန်တိုအတွင်း ဒါကို ဖြေရှင်းရတော့မယ်လို့ ထင်တယ်!
Translator -JJ