← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

Chapter 69-လစာကတ်

မုန့်ကုသည် ချန်းရော့ယွီကို ကားပါကင်ဆီ ခေါ်သွားပြီး သူ့ကားကို ယူရင်း ခုနက အခြေအနေကို တွေးပြီး ရယ်မောလိုက်သည်။

"ချန်းရော့ယွီ၊ မင်း ကိုယ့်ရဲ့ ချစ်သူ ဖြစ်လာပြီးကတည်းက မင်းရဲ့ အရှိန်အဝါ တိုးတက်လာပြီနော်"

"ကျွန်မရဲ့ အရှိန်အဝါ တိုးတက်လာတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ကျွန်မ အမြဲတမ်း ကျွန်မရဲ့ အရှိန်အဝါကို ထိန်းသိမ်းထားပါတယ်"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ မင်း ကိုယ့်ရဲ့ ချစ်သူ ဖြစ်လာပြီးကတည်းက မင်းရဲ့ အရှိန်အဝါ ပိုပြီး ထင်ရှားလာတယ်ဆိုတာပဲ"

"ရှင် သူ(မ)ရဲ့ ပုံစံကို မမြင်ဘူးလား။ သူ(မ)မှာ ဘယ်လို ကိုယ်ကျင့်တရားမျိုး ရှိလို့လဲ။ ဒေါက်တာမုန့်၊ ရှင့်ရဲ့ အမြင်က တကယ် ဆိုးတယ်။ မဟုတ်ဘူး... ရှင့်ရဲ့ အရင်တုန်းက အမြင်က တကယ် ဆိုးခဲ့ပေမဲ့ အခုတော့ ရှင့်မှာ အရမ်း ကောင်းတဲ့ အမြင်ရှိတယ်"

ချန်းရော့ယွီ ခဏလောက် စဉ်းစားပြီး စိတ်မချမ်းမသာ ဖြစ်မိသည်။

"ပြောပါဦး၊ ရှင် သူ(မ)နဲ့ ရင်းနှီးခဲ့ပြီး ကျွန်မရှေ့မှာ မာနကြီးပြီး မောက်မာလို့ရတယ်လို့ သူ(မ) တွေးဖို့ အရိပ်အမြွက် ပေးခဲ့တာလား"

"မင်းက ဘယ်လို ထင်လို့လဲကွာ"

မုန့်ကုက လေသံပြေပြေဖြင့် ပြောသည်။

"ကောင်းပြီ၊ ခဏတော့ ရှင့်ကို ယုံလိုက်မယ်"

သူမ မုန့်ကုကို ကြည့်ပြီး ပြောလိုက်သည်။

"ဒေါက်တာမုန့်၊ ရှင့်ရဲ့ ရည်းစားဟောင်းကို ရင်ဆိုင်ရတဲ့အခါ ရှင့်ရဲ့ သဘောထားသေးသိမ်တာ၊ အဆိပ်ပြင်းတဲ့ လျှာနဲ့ မုန်းစရာကောင်းတဲ့ စရိုက်ကို ထုတ်ပြသင့်တယ်။ တစ်ချိန်တည်းမှာပဲ ရှင့်ရဲ့ သန့်ရှင်းဖြူစင်တဲ့ ပုံရိပ်ကို ထိန်းသိမ်းပြီး ဂရုစိုက်နေပါ"

"မင်း ကိုယ့်အပေါ် ဒီလောက် မြင့်မားတဲ့ အကဲဖြတ်မှု ရှိတာပဲ"

မုန့်ကုသည် သူမ၏ ပါးကို ညှစ်လိုက်သည်။

"နောက်တစ်ခါ မင်း သူ(မ)နဲ့ တွေ့တဲ့အခါ သူ(မ)ကို ဂရုမစိုက်နဲ့၊ သူ(မ) မေးခွန်းတွေနဲ့ ကိုယ့်ဆီ လာပါစေ"

"ဘာလို့လဲ"

"ဘာလို့လဲ ဆိုတာ ဘာလဲ"

မုန့်ကုက ပြောသည်။

"သေချာတာပေါ့၊ ဒီလိုကိစ္စမျိုးကို ယောက်ျားတွေက ကိုင်တွယ်ရမယ်။ တကယ်တော့ ကိုယ် သူ(မ)ကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ၊ သူ(မ) ကိုယ့်ကို ထပ်ပြီး မနှောင့်ယှက်တော့ဘူး။ ဖြစ်နိုင်တာကတော့ သူ(မ) မင်းကို ဒီနေ့ တွေ့လိုက်ရတော့ စိတ်မချမ်းမသာ ဖြစ်ပြီး ပြဿနာ ရှာဖို့ ရောက်လာတာ ဖြစ်နိုင်တယ်။ ကိုယ် သူ(မ)ကို ထပ်ပြောပြီး မင်းကို မနှောင့်ယှက်ဖို့ တားလိုက်မယ်"

"မလုပ်နဲ့"

ချန်းရော့ယွီ သူမ၏ ပါးစပ်ကို တွန့်လိုက်သည်။

"ဘာလို့ ရှင် သူ(မ)ကို နောက်တစ်ကြိမ် ထပ်တွေ့ဖို့ ဆင်ခြေပေးရမှာလဲ"

"ဟေး၊ ဒါက ဆင်ခြေ မဟုတ်ဘူးနော်"

"ဖြစ်နိုင်တာက သူ(မ) မလွှတ်နိုင်သေးလို့ပါ။ သူ(မ) ရှင့်ကို စိတ်အနှောင့်အယှက်ပေးတိုင်း ရှင် သူ(မ)ကို သွားရှာရင် သူ(မ)က အမြဲတမ်း ရှင့်ကို အချိန်နဲ့အမျှ စိတ်အနှောင့်အယှက် ပေးနေလိမ့်မယ်။ရှင် သူ(မ)ကို လျစ်လျူရှုလိုက်ရင် သူ(မ) ဒီလို လုပ်ဖို့ ဆင်ခြေ ရှိတော့မှာ မဟုတ်ဘူး"

"ဒါဆို သူ(မ) လာပြီး ကိုယ့်ကို ရှာရင်တောင် မင်း ကိုယ့်ကို စိတ်မဆိုးရဘူး၊ ဘာလို့လဲဆိုတော့ ကိုယ် သူ(မ)ရဲ့ ခြေထောက်ကို ချည်ထားလို့ မရဘူးလေ"

"ရှင် သူ(မ)ခြေထောက်ကို ချည်ရင် သူ(မ)က ရှင် သူ(မ)ကို အာရုံစိုက်နေတယ်လို့ ထင်လိမ့်မယ်။ ရှင် သူ(မ)ကို မထိရဘူး၊ လက်ချောင်းတစ်ချောင်းနဲ့တောင် မထိရဘူး"

ချန်းရော့ယွီသည် သူမ၏ လက်ညှိုးကို မြှောက်ပြီး သူ့ကို ခါပြသည်။

"စိတ်ချပါ၊ ကျွန်မ စိတ်ဆိုးရင် သူ(မ)ကိုပဲ ဦးတည်မှာ။ ကျွန်မ သူ(မ)ကို စကားလုံးနဲ့ မနိုင်ရင်တောင် သူ(မ) လည်ပင်းကျပ်တဲ့အထိ စကားမပြောဘဲ စိုက်ကြည့်နေနိုင်သေးတယ်"

သူမ လက်သီးဆုပ်လိုက်ပြီး လည်ပင်းကျပ်နေတဲ့ မျက်နှာအမူအရာလည်း လုပ်ပြလိုက်သည်။

သူမက မုန့်ကုကို အကျယ်ကြီး ရယ်မောစေတော့သည်။

"ချန်းရော့ယွီ၊ ကိုယ် မင်းကို အရင်တုန်းက တကယ် အထင်သေးခဲ့မိတာပဲ"

"သေချာတာပေါ့"

သူမက ဝင့်ကြွားစွာဖြင့် မေးစေ့ကို မော့လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ရှိရမယ်။ ရှင့်ရဲ့ စကားလုံးနဲ့ လုပ်ရပ်တွေက ကိုယ်ပိုင်စည်းကမ်း ရှိရမယ်၊ ပြီးတော့ သူ(မ)ကို ဘယ်မျှော်လင့်ချက်မှ မပေးရဘူး။ရှင် ဒါကို လုပ်နိုင်ရင် ကျွန်မ ရှင့်ကို ကျွန်မရဲ့ ချစ်သူဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ယူဆမယ်။ သူ(မ)ရဲ့ ကိုယ်ပိုင်အပြုအမူအတွက် ရှင့်ကို အပြစ်တင်မှာ မဟုတ်ဘူး"

မုန့်ကုသည် ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေ၏။ သူ့အကြည့်အောက်မှာ သူမ မျက်နှာ နီရဲသွားပြီး ပြောလိုက်သည်။

"ဘာဖြစ်တာလဲ။ အမြန်၊ ကား စထွက်တော့လေ"

မုန့်ကု သူမ၏ ခေါင်းကို ဆွဲယူပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။ အဲ့ဒီနောက် သူ ကားစတင်မောင်းနှင်ပြီး သူမကို မေးသည်။

"ဘယ်သွားချင်လဲ"

သူမ ပတ်ပတ်လည် ကြည့်လိုက်ပြီးတော့ သူတို့ နမ်းနေတာကို ဘယ်သူမှ မမြင်ရကြောင်း သေချာသွားမှ ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

"အပြင်သွားရင် ပိုက်ဆံ ကုန်မယ်။ ရှင့်အိမ်သွားရင် နောက်မှ ကျွန်မကို ပြန်ပို့ရမယ်၊ ခရီးနှစ်ခေါက် သွားရလိမ့်မယ်။ဒါဆို ကျွန်မအိမ်ကို သွားတာ ပိုကောင်းတယ်"

"ဒါဆို ဘာလို့ ကိုယ့်ကို လာကြိုတာလဲ။ ကိုယ် အလုပ်ပြီးတဲ့အချိန် တိုက်ရိုက် မင်းနေရာကို သွားရင် ပိုကောင်းမှာ မဟုတ်ဘူးလား"

"ဒါပေမဲ့ ကျွန်မ ရှင့်ကို လာကြိုချင်တာလေ။ ဒီလောက် ပင်ပန်းတကြီး အလုပ်လုပ်ပြီးတဲ့နောက် ရှင် ဆင်းလာတာနဲ့ ကျွန်မကို ချက်ချင်း မြင်နိုင်တာ မကောင်းဘူးလား"

မုန့်ကု သူမကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။

"ဘာကြည့်နေတာလဲ။ ကျွန်မ ဘတ်စ်ကားနဲ့ လာရတာ အရမ်း အဆင်ပြေပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဘာမှ လုပ်စရာ မရှိဘူး။ရှင် ကျွန်မနေရာကို ရောက်ရင် ရေသောက်ပြီး နားလို့ရတယ်။ ကျွန်မတို့ ရှင့်ရဲ့ ရိုးအတဲ့ အမြန်ချောပို့ကိစ္စကို ဆွေးနွေးပြီးရင် ရှင် အိမ်ပြန်ပြီး စောစော အိပ်လို့ရပြီ"

"ကိုယ် အိမ်မပြန်လို့ မရဘူးလား"

"မရဘူး"

ချန်းရော့ယွီ မျက်နှာ နီရဲသွားသည်။

မုန့်ကုသည် ကားမောင်းနေတဲ့အချိန် သူမကို အကြိမ်များစွာ ကြည့်လိုက်သည်။ သူ သူမရဲ့ ပါးကို မညှစ်ဘဲ မနေနိုင်တော့ဘဲ သူမ၏ မျက်နှာ ပိုနီလာသည်။ သူမ သူ့လက်ကို ရိုက်ထုတ်လိုက်တဲ့အခါ သူ ရယ်လိုက်သည်။

ရုတ်တရက် ဂဏန်းကိန်းတန်းတစ်ချို့ သူ့ပါးစပ်မှ ထွက်လာပြီး ချန်းရော့ယွီ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာတွေလဲ"

"ဒါ ကိုယ့်ရဲ့ ဘဏ်ကတ် စကားဝှက်"

"ရှင့်ရဲ့ ကတ်ကို ကျွန်မနဲ့ ထားခဲ့ရင် ရှင့်ပိုက်ဆံကို ဘယ်လို သုံးမလဲ။ ကျွန်မ ရှင့်အတွက် လတိုင်း စုပေးရမှာလား"

"မင်း အဲဒီလို လုပ်ချင်ရင် အဆင်ပြေပါတယ်"

"'အဆင်ပြေပါတယ်' ဆိုတာ ဘာကို ဆိုလိုတာလဲ"

ချန်းရော့ယွီက ပြောသည်။

"ကျွန်မ ရှင့်အတွက် မစုပေးရင် ရှင် အစားအသောက် ဝယ်ဖို့ ပိုက်ဆံ ရှိမှာ မဟုတ်ဘူး၊ ရှင် ဖုန်းဘေလ် ပေးလို့ရမှာ မဟုတ်ဘူး၊ လျှပ်စစ်မီတာခ ပေးလို့ရမှာ မဟုတ်ဘူး၊ ဘာမှ ဝယ်လို့ရမှာ မဟုတ်ဘူး"

သူမရဲ့ မေးစေ့သေးသေးလေးက မြင့်တက်လာသည်။

"ရှင် ကျွန်မကို စကားလုံးချိုချိုလေးတွေ ပြောရင် ကျွန်မ လတိုင်း ပိုများတဲ့ ကန့်သတ်ချက် ပေးဖို့ စဉ်းစားပေးမယ်"

မုန့်ကု ရယ်လိုက်သည်။

"ကိုယ်ရဲ့ ဖုန်းဘေလ်က ဒီကတ်နဲ့ ချိတ်ဆက်ထားပြီးသား။လစဉ် ပေးချေမှုက အလိုလိုဖြတ်တယ်။ ကိုယ် ဈေးဝယ်တဲ့အခါ ကိုယ်ရဲ့ ခရက်ဒစ်ကတ်ကို သုံးတယ်။ အခု မင်း ဘာဝယ်ဝယ် မင်းရဲ့ ခရက်ဒစ်ကတ်ကို သုံးလို့ရတယ်။ အဲဒါကို မင်း မသိဘူးလား"

သူက ကလေးတစ်ယောက်ကို သင်ပေးနေတဲ့ လေသံမျိုးကို သုံးကာ-

"ကိုယ့်ရဲ့ ခရက်ဒစ်ကတ်ကလည်း ဒီကတ်နဲ့ ချိတ်ဆက်ထားပြီး လတိုင်း အလိုလိုဖြတ်တယ်။ ဒါဆို ငွေသားပိုင်းကတော့ ကိုယ့်မှာ အွန်လိုင်းဘဏ်စနစ် ရှိတယ်။ ကိုယ် ဒီကတ်ကနေ တခြားကတ်ကို ငွေသား ထုတ်လို့ရတယ်၊ ဒါကြောင့် မင်း ဒီကတ်ကို ကိုင်ထားရင် အဆင်ပြေတယ်"

ချန်းရော့ယွီ အံ့အားသင့်သွားသည်။

"ရှင် ပစ္စည်းလွှဲပြောင်းဖို့ အစီအစဉ်ကို အပြီးသတ်ထားပြီးပြီဆိုတော့ ဘာလို့ ကျွန်မကို ဒီကတ်အလွတ်ကို ပေးတာလဲ"

ဒါက အရမ်း ရှက်စရာကောင်းတာပဲ။

"ဒါက ကတ်အလွတ် မဟုတ်ဘူး။ အထဲမှာ ပိုက်ဆံ ရှိတယ်။ယောက်ျားတစ်ယောက်ရဲ့ ငွေကြေးအရင်းအမြစ်ကို ထိန်းချုပ်တာက သူ့ဘဝရဲ့ အရင်းအမြစ်ကို ထိန်းချုပ်တာနဲ့ တူတယ်လို့ မိန်းမတွေက ပြောတာ မဟုတ်ဘူးလား။ ဒါက ကိုယ့်ရဲ့ ဝင်ငွေအရင်းအမြစ်ပဲ၊ မင်း စိတ်ထဲမထိမိဘူးလား။ သေချာတာပေါ့၊ မင်း ဘယ်လိုမှ အပျော်တမ်း ရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ် အလားတူအရာမျိုး မလုပ်ရဘူး။ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် စုဆောင်းငွေလို့ ယူဆတယ်၊ ကိုယ်တို့ လက်ထပ်ပြီးမှ မင်းကို ရှင်းပြမယ်"

ချန်းရော့ယွီက သူ့ရဲ့ 'ကိုယ်ပိုင်စုဆောင်းငွေ' ကို ဂရုမစိုက်ပေမယ့် တခြားအရာတွေအတွက် သူ့ကို ဆုံးမရမယ်။

"ရှင် ဒီကတ်ကို အမြန်ချောပို့နဲ့ မလွှဲပြောင်းဘဲ ကျွန်မကို ကြောက်လန့်အောင် မလုပ်ခဲ့ရင် ကျွန်မ နည်းနည်းတော့ စိတ်ထဲထိမိမှာ"

"ကိုယ်က စပရိုက်စ် အကျိုးသက်ရောက်မှုမျိုး ပေးဖို့ အမြန်ချောပို့နဲ့ မင်းဆီ ပို့ဖို့ အထူးတလည် လိုချင်ခဲ့တာ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မ ကြောက်လန့်တကြား ဖြစ်ခဲ့ရတယ်လေ၊ သိလား။ရှင့်မှာ ငွေကြေးလုံခြုံရေး အသိ လုံးဝ မရှိဘူးလား"

ချန်းရော့ယွီ ဒီအချိန်မှာ တုံ့ပြန်လိုက်ပြီး တခြား ခေါင်းစဉ်တစ်ခုကို ပြောင်းလိုက်သည်။

"ခဏလေး၊ ဘယ်မိန်းမက ရှင့်ကို 'ငွေကြေးအရင်းအမြစ်ကို ထိန်းချုပ်တာက ယောက်ျားတစ်ယောက်ရဲ့ ဘဝအရင်းအမြစ်ကို ထိန်းချုပ်တာနဲ့ တူတယ်' လို့ ပြောခဲ့တာလဲ"

"ဘယ်သူ ပြောခဲ့လဲ မမှတ်မိဘူး။ ကိုယ့်သူငယ်ချင်း တစ်ယောက် ဖြစ်နိုင်တယ်"

"ခဏနေဦး၊ ဒီလို အဆင့်နိမ့်တဲ့ နှိုင်းယှဉ်ချက်မျိုးကို ရှင်တို့ ယောက်ျားတွေကပဲ ဖန်တီးနိုင်တာ။ ယောက်ျားတွေက သူတို့ မိန်းမတစ်ယောက်ရဲ့စိတ်ကို အရမ်း ကောင်းကောင်းသိတယ်လို့ ထင်ကြတယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မတို့ မိန်းမတွေက ဂုဏ်သိက္ခာရှိပြီး ရိုးရှင်းတယ်။ ဒီလို အဓိပ္ပာယ်မရှိတဲ့ အရာတွေကို မတွေးကြဘူး"

မုန့်ကုက လှောင်ပြုံး ပြုံးလိုက်သည်။

"မင်း ဒီလို အသက်ဝင်တဲ့ နှိုင်းယှဉ်ချက်မျိုးကို သဘောကျလိမ့်မယ်လို့ ကိုယ် ထင်ခဲ့တာ။အစတုန်းက ဂုဏ်သိက္ခာရှိပြီး ရိုးရှင်းတဲ့သူတစ်ယာက်က ကိုယ့်ကို မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ယောက်ျားတစ်ယောက်ရဲ့ ဒုတိယမြောက် ညီအစ်ကိုလိုပဲ မာကျောသင့်တယ်လို့ ပြောခဲ့ဖူးတယ်လေ။ ကိုယ်က သူ(မ)ရဲ့ နှိုင်းယှဉ်မှုက အရမ်း အကောင်းဆုံးဖြစ်ပြီး အရမ်း ချစ်စရာကောင်းတယ်လို့ ခံစားရတယ်"

ရုတ်တရက် ချန်းရော့ယွီ ရပ်တန့်သွားပြီး သူမ၏ မျက်နှာ နီရဲသွားသည်။ သူ အတိတ်တုန်းက ပုံပြင်ဟောင်းများကို တူးဆွပြီး ပြန်ပြောပြနေတယ်။ ဒါက သူမကို မျက်နှာ လုံးဝ မပေးတာပဲ!

မုန့်ကု သူမကို ကြည့်ပြီး ပြုံးလိုက်ချိန်တွင် သူ၏ သွားဖြူများကို ဖော်ပြလ။သည်။

"ဘာလို့ မျက်နှာ နီနေတာလဲ။ မင်း ဒါကို မကြားဖူးဘူးလား"

သူမ အသက်အောင့်ထားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဒီ နှိုင်းယှဉ်ချက်က အရမ်း အသက်ဝင်နေရင်တောင် ရှင့်ရဲ့ အသက်သွေးကြောကို အမြန်ချောပို့နဲ့ ကျွန်မဆီ ပို့ပေးတာ မဖြစ်သင့်ဘူး"

(T/N-命根子 - အသက်သွေးကြော ဆိုသည်မှာ မုန့်ကု၏ မိသားစု ရတနာများ သို့မဟုတ် ဘဝအရင်းအမြစ်ကို ဆိုလိုသည်။ဒါပေမဲ့ ချန်းရော့ယွီပြောလိုက်တာက မုန့်ကုရဲ့***ကို ပြောသလို ဖြစ်သွားတာပါ)

မုန့်ကု အံ့အားသင့်သွား၏

ရုတ်တရက် သူမက မှားပြောလိုက်ကြောင်း သတိပြုမိပြီး အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။

"ကျွန်မ ဆိုလိုတာ ရှင့်ရဲ့ ဘဏ်ကတ်ကို..."

မုန့်ကု ရယ်လိုက်သည်။

"ချန်းရော့ယွီ၊ မင်း ကိုယ့်ကို ရယ်လို့ သေအောင် လုပ်တော့မှာလား"

သူမ မျက်နှာ နီရဲသွားပြီး ဘာပြောရမှန်း မသိတော့ပေ။

သူ ဆက်ရယ်နေသည်။

"မင်း ပြောတာမှန်တယ်။ ဒီလိုအရာမျိုးကို ကိုယ် ကိုယ်တိုင် မင်းလက်ထဲကို လွှဲပြောင်းပေးရမယ်"

သူမ ဆက်နီမြန်းနေသည်။

"ဟေး၊ ရိုင်းစိုင်းတဲ့ စကားတွေ ထပ်မပြောနဲ့တော့"

"မင်းကို ကိုယ့်ဘဏ်ကတ် ပေးတာ ဘာလို့ ရိုင်းစိုင်းရမှာလဲ။ ကိုယ် ကိုယ်တိုင် ဘာကို လွှဲပြောင်းပေးမယ်လို့ မင်း ထင်နေတာလဲ"

အား...အား .. အားး... ချန်းရော့ယွီရဲ့ စိတ်ထဲမှာ ပရမ်းပတာ ဖြစ်နေပြီ။ သူမ၏ မျက်နှာပေါ်က အမူအရာကြောင့် မုန့်ကုသည် အဆုံးမရှိ ဆက်ရယ်နေသည်။

ချန်းရော့ယွီ သူမ၏ ခေါင်းကို ဘေးဘက်သို့ လှည့်လိုက်ပြီး သူ့ကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်တော့သည်။

ရုတ်တရက် မုန့်ကု ကားကို ဘေးဘက်မှာ ရပ်လိုက်တော့ သူမ အံ့အားသင့်ပြီးတော့ ခေါင်းလှည့်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ"

မုန့်ကု ချောင်းဆိုးလိုက်ပြီး ပြောလာသည်

"မင်းကို ကိုယ့်အပေါ် စစ်ဆေးခွင့်ပြုမလို့.."

ချန်းရော့ယွီ ပါးစပ်ဖွင့်လိုက်တဲ့အခါ သူမ၏ ခေါင်းမှ မီးခိုးများ လှည့်ထွက်လာသည်။

ထို့နောက် မုန့်ကုက ပြောလိုက်၏။

"ဘဏ်ကတ် ထုတ်လိုက်"

သူ ကားအပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး ချန်းရော့ယွီသည် သူ့လက်ညှိုး ညွှန်ပြရာဘက်သို့ ကြည့်လိုက်တဲ့အခါ လမ်းဘေးတွင် ATM စက်တစ်လုံးကို တွေ့လိုက်ရသည်။ သူမက သူ့ကြောင့် ထပ်အစခံရပြန်ပြီဆိုတာ သိလိုက်၏။ သူမ လှည့်လိုက်ပြီး သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

မုန့်ကု ရယ်လိုက်သည်။ ချန်းရော့ယွီ မျက်ခုံးပင့်ပြီးတော့ ပြောလိုက်သည်။

"ရှင့်စကားဝှက်ကို ကျွန်မကို ပြန်ပြောဦး"

သူ ပြောပြပြီးတဲ့နောက် ချန်းရော့ယွီ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ လက်ကိုင်အိတ်ကို ဆွဲယူကာ ကားပေါ်မှ ဆင်းလိုက်သည်။

သူမ ကြည့်လိုက်ဦးမယ်။

သူမ ကတ်ကို စက်ထဲ ထည့်လိုက်တဲ့အခါ အနည်းငယ် စိတ်လှုပ်ရှားမိ၏။ ကတ်ထဲမှာ ရှိတဲ့ ပိုက်ဆံပမာဏကြောင့် မဟုတ်ဘဲ မုန့်ကုနှင့် သူမ၏ ဆက်ဆံရေးက အချက်အနည်းငယ် ပိုမို နီးစပ်လာတာကြောင့် ဖြစ်သည်။ သူမ ခေါင်းလှည့်လိုက်ပြီး စတီယာရင်ဘီးကို ကိုင်ထားကာ သူမကို ပြုံးကြည့်နေသည့် မုန့်ကုကို တွေ့လိုက်ရသည်။

ချန်းရော့ယွီ မျက်နှာ ထပ်မံ နီရဲသွားစ။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး နည်းနည်း ရှက်မိတယ်။ သေသေချာချာ၊ သူမ ဘဏ်ကတ်ရဲ့ စကားဝှက်ကို ရိုက်ထည့်လိုက်ပြီး ကတ်ထဲရှိ ပိုက်ဆံပမာဏကို လျှင်မြန်စွာ ကြည့်လိုက်သည်။

ချက်ချင်းပဲ သူမ ကတ်ကို ထုတ်ယူပြီး ကတ်ကို လက်ထဲတွင် ကိုင်ကာ ကားဆီ ပြန်ပြေးလာသည်။

"ကျေနပ်ပြီလား"

မုန့်ကုက ပြုံးနေဆဲ ဖြစ်သည်။

ချန်းရော့ယွီ သူ့ကို နောက်ထပ် နှစ်ချက် ထိုးပြီး ပြောလိုက်သည်။

"ကတ်ထဲမှာ ပိုက်ဆံ အများကြီး ရှိတယ်။ အမြန်ချောပို့က ဒါကို ပျောက်သွားအောင် လုပ်ခဲ့ရင် ကျွန်မ ရှင့်ကို သတ်မိမှာပဲ"

"ပျောက်သွားရင် ကိုယ် အကြောင်းကြားစာ ထုတ်လိုက်ရုံပဲလေ"

"ဟေး..."

သူ တကယ်ပဲ သူမကို ရူးအောင် လုပ်နေတယ်။ သူ အခုထိ နောင်တရဖို့ မသိသေးဘူး၊ သူ့ရဲ့ သဘောထားက အရမ်း ပေါ့ဆလိုက်တာ!

"ကောင်းပြီ၊ ကောင်းပြီ၊ ကိုယ် အမြဲတမ်း ပြောခဲ့သလိုပဲ မင်း နားလည်နိုင်တဲ့ အာရုံစူးစိုက်မှုက အမြဲတမ်း ထူးဆန်းတယ်။ တခြားမိန်းမဆိုရင် ကိုယ့်ကို ဖက်ပြီး နမ်းဖို့ ပြေးလာလောက်အောင် အရမ်း စိတ်ထဲထိမိနေလောက်ပြီ"

သူမ သူ့ကို စိုက်ကြည့်လိုက်တဲ့အခါ သူ ချက်ချင်း စကား ပြောင်းလိုက်သည်။

"အာ... ကိုယ် တခြားမိန်းမတွေရဲ့ အနမ်းတွေကို စိတ်မဝင်စားပါဘူး"

ချန်းရော့ယွီ သူမ၏ ပါးစပ်ကို တွန့်လိုက်ပြီး ဘဏ်ကတ်ကို ပိုက်ဆံအိတ်ထဲ ထည့်လိုက်သည်။

"သိမ်းလိုက်ပြီနော်"

"ဟုတ်ပါပြီ"

"ကျွန်မရဲ့ ပိုက်ဆံအိတ်ကို နွေးနေအောင် ထားလိုက်"

"ကောင်းပြီ"

"ရှင့်ပိုက်ဆံကို မလိုအပ်ဘဲ ကျွန်မ သုံးမှာ မဟုတ်ဘူး။ ကျွန်မ ရှင့်အတွက် သိမ်းထားပေးရုံပဲ"

"အရေးမကြီးပါဘူး။ ဒူးရင်းသီးကလွဲပြီးတော့ တခြား ဘယ်လို ဈေးကြီးတဲ့ ပစ္စည်းမျိုးကို မင်းဝယ်ဖို့ ဆန္ဒရှိမှာလဲ"

"ကျွန်မကို မစနဲ့။ ကျွန်မက လွယ်လွယ်ကူကူ နှိုးဆော်ခံရတတ်တယ်နော်!"

ချန်းရော့ယွီက ခြိမ်းခြောက်လိုက်သည်။

မုန့်ကုသည် ပြုံးပြီး မေးလိုက်၏။

"ချန်းရော့ယွီ ကိုယ် မင်းကို ကိုယ့်ရဲ့ ဘဏ်ကတ် ဘာလို့ ပေးလိုက်လဲဆိုတာ မင်း သိလား"

'ငါ့ကို ပျော်ရွှင်အောင် လုပ်ဖို့၊ ငါ့ကို စိတ်ထဲထိမိစေဖို့...'

'ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့လား...'

'ရှင့်ရဲ့ ဘဝထဲ ငါ ပေါင်းစည်းဝင်ရောက်ဖို့လား...'

မုန့်ကု သူမကို ကြည့်လိုက်သည်။

"ချန်းရော့ယွီ၊ ကိုယ်တို့ရဲ့ ဘဝပုံစံ၊ ဘဝခံစားမှုနဲ့ အသုံးစရိတ် အလေ့အကျင့်တွေမှာ ကြီးမားတဲ့ ကွာခြားချက်ရှိတယ်လို့ တစ်ယောက်ယောက်က သတိပေးခဲ့တယ်။ ဒီလျှို့ဝှက် အန္တရာယ်ကို ဖယ်ရှားပစ်ရမယ် မဟုတ်လား"

သူ လက်လှမ်းမီပြီး သူမ၏ ခေါင်းကို ထိလိုက်သည်။

"မင်းက ကိုယ့်ရဲ့ ငွေကြေးတွေကို ကိုင်ထားတဲ့အတွက် မင်း ကိုယ့်ရဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို ကူညီရတော့မယ်။ ကိုယ့်ရဲ့ ပုံမှန် လက်လိမ်းခရင်မ်၊ ကိုယ့်ရဲ့ အဝတ်အစားနဲ့ ဘောင်းဘီတွေ၊ ကိုယ် စားရတာ ကြိုက်တဲ့ အစားအသောက်တွေနဲ့ ကိုယ့်ရဲ့ ပုံမှန် အချိုရည်တွေ... မင်း ဒါတွေကို ဂရုစိုက်ပေးရမယ်၊ နားလည်လား"

သူမ ဒီလို ဘဝမျိုးကို စိတ်ကူးလိုက်တဲ့အခါ သူမ ထပ်ပြီးတော့ မျက်နှာ နီရဲလာပြန်သည်။ သူမမှာ ပိုက်ဆံ အများကြီး မရှိဘဲ ချွေတာသုံးစွဲခဲ့တယ်။ သူမ သူ့ကို လက်ဆောင်ပေးဖို့ တွေးခဲ့ပြီး သူ့အတွက် အထူးအဆန်း တစ်ခုခု ဝယ်ပေးချင်ခဲ့တယ်။ ဒါပေမဲ့ သေသေချာချာ စောင့်ကြည့်ပြီးတဲ့နောက် သူ အကျင့်ဖြစ်နေတဲ့ ပစ္စည်းတွေကို သူမ မတတ်နိုင်ဘူး၊ ပြီးတော့ သူမ တတ်နိုင်တဲ့ ပစ္စည်းမျိုးကို သူ့ကို အတင်းအကျပ် သုံးခိုင်းဖို့က မသင့်တော်ဘူးလို့ ခံစားခဲ့ရတယ်။

ဒါကြောင့် သူမ လုပ်နိုင်တာက သူ့ကို မျက်နှာမပျက်စေဖို့အတွက် သူမကိုယ်သူမ သပ်ရပ်သန့်ရှင်းစွာ ထားဖို့သာ ဖြစ်သည်။ သူမ သူ့ကို တွေ့ဖို့ ထွက်လာတိုင်း သူမရဲ့ ပိုကောင်းပြီး အသစ်ဖြစ်တဲ့ အဝတ်အစားများကို ဝတ်ဆင်ဖို့ အစွမ်းကုန် ကြိုးစားသည်။ သူမ မိတ်ကပ်လည်း လိမ်းခြယ်ပြီး သူမကိုယ်သူမ နည်းနည်း ပိုတောက်ပပြီး ပိုလှပအောင် လုပ်ခဲ့သည်။ သူမ ဖိနပ်ကို သန့်ရှင်းစွာ သုတ်၊ အဝတ်အစားတွေကို မီးပူတိုက်ခဲ့တာက အချည်းနှီး ဂုဏ်ပကာသနအတွက် မဟုတ်ဘဲ သူတို့နှစ်ဦးကြားက ကွာဟချက်ကို ကျဉ်းမြောင်းဖို့သာ ဖြစ်သည်။

တကယ်တော့ သူ့နဲ့ ဆက်ဆံရေးရှိဖို့ သူမ အများကြီး စဉ်းစားခဲ့တယ်။ သူ သူမကို ကြိုက်ပေမဲ့ သူမရဲ့ ရုပ်ရည်ကြောင့် လုံးဝ မဟုတ်ပေ။ အနာဂတ်မှာ သူတို့နှစ်ယောက် အတူတူ ရှိခဲ့ရင် သူမက သူ့ရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလုပ်ဆောင်ရမယ်။ သူမက စင်ဒရဲလားနဲ့ မင်းသားတို့ရဲ့ အချစ်ဇာတ်လမ်းက မင်းသားနှင့် စင်ဒရဲလားတို့ စုတ်ပြဲနေတဲ့ အဝတ်အစားများ ဝတ်ဆင်ပြီး မီးခိုးရောင် တံမြက်စည်းကို ကိုင်ဆောင်ကာ တစ်သက်တာလုံး ပျော်ရွှင်စွာ နေထိုင်ခြင်းဖြင့် အဆုံးသတ်လိမ့်မယ်လို့ တွေးရလောက်အောင် ရိုးအခြင်း မရှိပေ။ သူမက မင်းသား သူမအပေါ် နှစ်သက်တဲ့အရည်အချင်းများကို ထိန်းသိမ်းထားရမှာကိုလည်း သိ၏။

သူမသည် ချန်းရော့ယွီ အဖြစ် ရှိနေဆဲ ဖြစ်သော်လည်း သူမက ဒေါက်တာမုန့်၏ ချန်းရော့ယွီ ဖြစ်လာနိုင်ရန် မျှော်လင့်သည်။

သူမ မမျှော်လင့်ခဲ့တာက သူမရဲ့ မစ္စတာ တိုင်ရန်နိုဆောရပ်စ်၊ အေးစက်ပြီးမာနကြီးတယ်လို့ ထင်ရတဲ့လူကလည်း သူမလိုမျိုးပဲ သူတို့နှစ်ယောက်ကြားက ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့အတွက် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတဲ့ အချက်ပင် ဖြစ်သည်။

ချန်းရော့ယွီ မျက်လုံးမှေးလိုက်ပြီး ပြုံးကာ မုန့်ကု၏ မျက်နှာကို မှီပြီး နမ်းရှိုက်လိုက်သည်။

"ဒေါက်တာမုန့်၊ ပိုပြီး ကြိုးစားပါ။ နောက်နည်းနည်းလေးဆိုရင် ရှင် ကျွန်မအပိုင် ဖြစ်လာမယ်ဆိုတာ သေချာတယ်"

မုန့်ကုလည်း မျက်လုံးမှေးလိုက်ပြီး မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်သည်။

"မင်းကို ငါ့အပိုင် ဖြစ်ကြောင်း သေချာစေချင်ရင် အရမ်း ရိုးရှင်းတယ်..."

သူ ရိုင်းစိုင်းတဲ့ ဝါကျကို မပြီးဆုံးခင် သူ အထိုးခံလိုက်ရသည်။

ဒီညမှာ မုန့်ကု ချန်းရော့ယွီ၏ အိမ်မှာ အရမ်း နောက်ကျတဲ့အထိ နေခဲ့သည်။ သေချာတာပေါ့၊ သူတို့ ဘာ 'ကာမဂုဏ်' သို့မဟုတ် မလျော်ကန်တဲ့ အရာမှ မလုပ်ခဲ့ကြပေ၊ ဒါပေမဲ့ မုန့်ကုက ထွက်သွားဖို့ ငြင်းဆန်ပြီး စကားပြောခြင်းနှင့် ပျော်ပျော်နေခြင်းတို့ဖြင့် သူ့ကိုယ်သူ အလုပ်ရှုပ်စေခဲ့သည်။

ချန်းရော့ယွီသည် လုပေါင်နီ၏ ကိစ္စကို ပြောပြခဲ့ပြီး သူတို့နှစ်ယာက် စုံတွဲ ဖြစ်သွားရင် သူမ မိသားစုကို ရှင်းပြဖို့ ပိုမို လွယ်ကူလိမ့်မည်ဟုလည်း ပြောပြလိုက်သည်။

သူက တခြားသူတွေရဲ့ ခံစားချက်တွေကို စိတ်မဝင်စားပေ။ အဲဒီအစား သူက မိဘများနှင့် တွေ့ဆုံခြင်းအကြောင်း ချန်းရော့ယွီနှင့် ဆွေးနွေးရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

"ကိုယ်တို့ ဒီလို လုပ်သင့်တယ်။ ဒီရက်ပိုင်းအတွင်း ကိုယ့်ရဲ့ မိဘတွေနဲ့ တွေ့ပြီး အတူတူ ညစာစားဖို့ အချိန်ရှာရအောင်၊ ပြီးရင် ကိုယ် နွေဦးပွဲတော်မှာ မင်းရဲ့ မိဘတွေနဲ့ တွေ့ဖို့ မင်းနဲ့အတူ ပြန်လိုက်သွားမယ်"

"ဒါက အရမ်း မြန်လွန်းတယ်။ ကျွန်မတို့ ဆက်ဆံရေးက အကြာကြီး မရှိသေးဘူး"

"မင်း ငါ့ရဲ့ ငွေကြေးတွေကို သိမ်းပြီးပြီ၊ ပြီးတော့ ကိုယ့်မိဘတွေနဲ့ တွေ့တာက မြန်လွန်းသေးတယ်လို့ မင်း ပြောနေတုန်းပဲလား"

"ဒါတွေက ကိစ္စနှစ်ခု မတူဘူး"

"ဒါတွေက ကိစ္စ အတူတူပဲ။ ဒါက မြန်လွန်းတာ မဟုတ်ဘူး။ ကိုယ်တို့ မိဘတွေနဲ့ တွေ့ပြီးရင် နွေဦးပွဲတော်က မကြာခင် ပြီးတော့မယ်၊ ပြီးတော့ မင်းရဲ့ အိမ်ငှားစာချုပ် သက်တမ်း ကုန်ဆုံးဖို့ အချိန်ရောက်ပြီ။မင်း ကိုယ်နဲ့ အတူတူ နေဖို့ ပြောင်းလာလို့ရပြီ။ခဏကြာပြီးတဲ့နောက် ကိုယ်တို့ အတူတူ နေတဲ့ ဘဝကို မင်း ကန့်ကွက်စရာ မရှိဘူးဆိုရင်၊ ပြီးတော့ အိပ်ယာပေါ်က ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မင်း ကျေနပ်တယ်ဆိုရင် ကိုယ်တို့ လက်ထပ်လို့ရပြီ။ ဒီအစီအစဉ်က တကယ် ကောင်းတယ်လေ"

ချန်းရော့ယွီ ထပ်ပြီးတော့ မျက်နှာ နီရဲလာသည်။

"အိပ်ယာအကြောင်း ဒီစကားတွေက ဘာတွေလဲ။ ရှင် ရိုင်းစိုင်းတဲ့ စကားတွေ ထပ်ပြောပြန်ပြီ"

"ဒါက ရိုင်းစိုင်းတာ မဟုတ်ဘူး။ ဒါက အလေးအနက်ထားတဲ့ ကိစ္စ"

"ရှင် ဆိုလိုတာက ကျွန်မတို့ ကြိုးစားကြည့်ပြီးပြီဆိုရင်၊ ကျွန်မတို့ ကန့်ကွက်စရာ မရှိရင် လက်ထပ်နိုင်တယ်ဆိုတဲ့ သဘောလား"

"မှန်တယ်"

"ဒါကို လက်ထပ်ခွင့် တောင်းဆိုတာလို့ ယူဆလို့ရလား"

"ဟုတ်တယ်၊ မင်း အဲဒီလို ထင်ရင်ပေါ့"

"ကျွန်မ အခုထိ မြန်လွန်းတယ်လို့ ခံစားရတယ်"

"မဟုတ်ဘူး။ အသိသာကြီးကို ကိုယ်တို့ တစ်ဆင့်ပြီးတစ်ဆင့် သွားနေတာပါ"

"အကယ်၍ ကျွန်မက ရှင့်ရဲ့ အိပ်ယာပေါ်က စွမ်းဆောင်ရည်ကို မကျေနပ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"

"ချန်းရော့ယွီ၊ မင်း ကိုယ့်ကို နှိုးဆွဖို့ ကြိုးစားနေတာလား။ မင်း ကိုယ့်ကို ဘယ်အရာမဆို မေးခွန်းထုတ်နိုင်တယ်၊ ဒါပေမဲ့ ဒီကိစ္စကို သံသယ မရှိတာ ပိုကောင်းတယ်၊ မဟုတ်ရင် ကိုယ် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ မင်းကို တိုက်ရိုက် သက်သေပြရလိမ့်မယ်"

ချန်းရော့ယွီ မျက်နှာ နီရဲသွားပြီး သူမ၏ ခေါင်းအုံးကို ပွေ့ဖက်ကာ နောက်ဆုတ်လိုက်သည်။

မုန့်ကုသည် သူမ၏ အသုံးမကျသော အမူအရာကို မြင်တဲ့အခါ ဒေါသထွက်လာသည်။

"မြန်မြန်၊ ကိုယ်တို့ မိဘတွေနဲ့ တွေ့ကြရအောင်။ မိဘတွေနဲ့ တွေ့ပြီးမှ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးကို တံဆိပ်ခတ်နှိပ်လိုက်တယ်လို့ ယူဆတယ်။ အဲဒီအခါကျရင် ကိုယ် မင်းကို ပိုင်ဆိုင်ဖို့ တရားမျှတလိမ့်မယ်"

"ရှင် မနက်ကနေ ညအထိ တစ်နေကုန် တကယ် ဘာတွေးနေတာလဲ"

ချန်းရော့ယွီ သူ့ကို ကန်လိုက်သည်။

"ယောက်ျားတွေ တွေးမယ့် အကြောင်းအရာ အတူတူပဲ"

မုန့်ကုက ရှက်ရွံ့မှု အနည်းငယ်မှ မရှိဘဲ ပြောလိုက်သည်။

သူမ ပါးစပ် တွန့်သွား၏။

"ကျွန်မ နွေဦးပွဲတော်ကို စောင့်ပြီး ကျွန်မမိဘတွေရဲ့ အမြင်တွေကို မေးချင်တုန်းပဲ။ သူတို့ကို အရင် ပြင်ဆင်ခွင့်ပြုရမယ်၊ ပြီးမှ ရှင် သူတို့နဲ့ တွေ့ဖို့ ကျွန်မ စီစဉ်ပေးမယ်။ရှင် ကျွန်မမိဘတွေနဲ့ တွေ့ပြီးမှပဲ ကျွန်မ ရှင့်မိဘတွေနဲ့ တွေ့မယ်"

"ဘာလို့ ဒီလို အစီအစဉ်အတိုင်း ဖြစ်ရမှာလဲ"

"ရှင့်ကို အရင်ဆုံး စိတ်ချရအောင်လို့ ကျွန်မ လိုချင်တယ်"

မုန့်ကု သူမကို စိုက်ကြည့်လိုက်သည်။

သူမက သူမရဲ့မိဘတွေကို ဝံပုလွေ‌တွေ၊ ကျားတွေ၊ ကျားသစ်တွေလို့ ထင်နေရမယ်။ သူက သူတို့နဲ့ တွေ့တဲ့အခါ ဆုတ်ခွာသွားလိမ့်မယ်လို့ သူမ ထင်နေတာလား?

(T/N-ဝံပုလွေ၊ ကျား၊ ကျားသစ်ဆိုသည်မှာ ကြောက်စရာကောင်းပြီး အန္တရာယ်ရှိသော သူများကို ဆိုလိုသည်။)

ဒါပေမဲ့ ချန်းရော့ယွီက သူတို့နှစ်ယောက် ဘယ်ဖက်မှ မိဘများနှင့်မျှ အရင်ဆုံး တွေ့ဆုံလိမ့်မည် မဟုတ်ဘူးလို့ မမျှော်လင့်ခဲ့ပေ။ သူမ တကယ်တမ်း အရင်ဆုံး တွေ့ဆုံခဲ့ရတဲ့ မိဘများမှာ ကျိုးကျယ်၏ မိဘများပင် ဖြစ်နေလေသည်။

Translator -JJ

All Chapters