← Chapters

အခန်း ၇၁

Vol. 7 Ch. 71

အခန်း ၇၁

Vol. 7 Ch. 71

Chapter 71-ကျိုးကျယ်ရဲ့မိဘများ

ချန်းရော့ယွီက ကျိုးကျယ် သူ့မိဘတွေ သူမကို ညစာစားဖို့ ဖိတ်ခေါ်တဲ့ကိစ္စကို သိမှာမဟုတ်ဘူးလို့ ခံစားရသည်၊ ဘာလို့လဲဆိုတော့ သူ ညစာကို တက်ရောက်ခြင်း မရှိသလို သူမကို အကြောင်းကြားခြင်းလည်း မရှိပေ။ ဒါပေမဲ့ ချန်းရော့ယွီရဲ့အမေက ဒီအကြောင်းကို သိတယ်၊ ဘာလို့လဲဆိုတော့ သူမရဲ့ အမေက သူမကို ဖုန်းခေါ်ပြီး ကျိုးကျယ်ရဲ့ မိဘတွေ A-မြို့ကို ထွက်သွားပြီ ဖြစ်ကြောင်း ပြောပြခဲ့ပြီး သူတို့ကို ဧည့်ခံဖို့ သူမကို ပြောခဲ့သည်။

အမလေး! ဘာလို့ သူမက ကျိုးကျယ်ရဲ့ မိဘတွေကို ဧည့်ခံရမှာလဲ။ ဒါက သူမနဲ့ ဘာဆိုင်လို့လဲ။ ချန်းရော့ယွီ မကန့်ကွက်နိုင်ခင်မှာပဲ တံခါးဘဲလ် မြည်လာသည်။ သူမနဲ့ ဘာမှမဆိုင်တဲ့ ထိုလူကြီးစုံတွဲက သူမ၏ တံခါးအပြင်ဘက်မှာ ရပ်နေကြသည်။

အဖေကျိုးနဲ့ အမေကျိုးတို့က အရမ်း ယဉ်ကျေးပြီး ကျိုးကျယ်က အလုပ်ကိစ္စ တစ်ခုခု ဖြေရှင်းဖို့ အပြင်သွားနေကြောင်း သူမကို ပြောပြခဲ့သည်။ ပြီးတော့ သူတို့က ဒီမှာ မိတ်ဆွေ မရှိတာကြောင့် ဒီမှာ နေထိုင်နေတဲ့ ချန်းရော့ယွီကို သတိရသွားကြသည်။ ဒါကြောင့် သူတို့ သူမရဲ့ အဖော်ပြုမှုကို ရှာဖို့ ရောက်လာခဲ့ပြီး A-မြို့ပတ်ပတ်လည် လိုက်ပို့ပေးဖို့နဲ့ ညစာ အတူတူ စားဖို့လည်း သူမကို တောင်းဆိုသည်။

ချန်းရော့ယွီရဲ့ ဦးရေပြား ထုံကျင်လာတယ်။ သူမ တကယ်ပဲ သူတို့ကို ပြောချင်တာက သူတို့၊ ဒီလူကြီးတွေက သူမမိဘတွေနဲ့ အဆင့်အတန်း တူပေမဲ့ သူမနဲ့ ဘုံအဆင့်အတန်း မရှိဘူးလို့ ပြောချင်တယ်။ သူတို့ သူငယ်ချင်း ဖြစ်ဖို့ ခက်ခဲပြီး ကောင်းကောင်း ဆက်သွယ်ပြောဆိုဖို့ ခက်ခဲလိမ့်မယ်

ဒါပေမဲ့ ထိုလူကြီးစုံတွဲက တောင်းဆိုခဲ့တာကြောင့် ချန်းရော့ယွီ မငြင်းဆန်ရဲပေ။ ဒါကြောင့် သူမ အံကြိတ်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ထိုလူကြီးနှစ်ဦးကို လိုက်ပို့ကာ A-မြို့ရှိ နာမည်ကြီး စီးပွားရေး လမ်းမကြီးများတစ်လျှောက် လည်ပတ်ကြသည်။ အဲ့ဒီနောက် သူတို့ ပတ်ဝန်းကျင်ကောင်းကောင်းရှိသည့် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေပြီး ထိုင်လိုက်ကြသည်။

အဖေကျိုးနဲ့ အမေကျိုးတို့ နှစ်ယောက်လုံး ကောင်းမွန်ပြီး ဖော်ရွေကြပေမယ့် ချန်းရော့ယွီ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ ပုံမှန်အားဖြင့် လူငယ်တစ်ဦးနဲ့ ညစာစားဖို့ အပြင်ထွက်တဲ့ မိဘတွေမှာ ရည်ရွယ်ချက်ရှိပြီး ဒါက ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ပေ။ မျှော်လင့်ထားသည့်အတိုင်း ထိုလူကြီးနှစ်ဦးက ချန်းရော့ယွီကို A-မြို့မှာ သူမရဲ့ ဘဝအကြောင်း မေးခဲ့ကြပြီး A-မြို့နဲ့ C-မြို့ကြားက ကွာခြားချက်တွေအကြောင်း ပြောကြသည်။

အဲ့ဒီနောက် သူတို့ ရာသီဥတုအကြောင်း ပြောကြပြီး နောက်ဆုံးတော့ ယဉ်ကျေးတဲ့စကားလုံးများ အားလုံး ပြောပြီးတဲ့နောက် အမေကျိုးက အဓိက အကြောင်းအရာကို တိုက်ရိုက် စတင် ဆွေးနွေးလိုက်သည်။

"ရှောင်ယွီ၊ သမီး အားကျယ်နဲ့ မကြာသေးခင်က အလေးအနက် စကားပြောခဲ့ဖူးလား။ အန်တီတို့ သမီးတို့နှစ်ယောက် ဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်နေတယ်"

လာပြီ၊ လာပြီ... ချန်းရော့ယွီ သူမ၏ ခါးကို မတ်လိုက်ပြီး ဂရုတစိုက် ပြန်ဖြေလိုက်သည်။

"ကျွန်မနဲ့ကျိုးကျယ်က အရမ်း ကောင်းတဲ့ သူငယ်ချင်းတွေပါ၊ ပြီးတော့ ခရိုင်ထဲမှာ တခါတလေတွေ့ပါတယ်"

အမေကျိုးက သူမ ဆိုလိုတာကို နားလည်နိုင်လောက်တယ် မဟုတ်လား?

အဖေကျိုးသည် ဘာမှ မပြောဘဲ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ လက်ဖက်ရည် သောက်လိုက်သည်။ အမေကျိုးက ပြုံးပြီး ပြော၏။

"ရှောင်ယွီ၊ အာ... အစတုန်းက အားကျယ်က လအစောပိုင်းမှာ အိမ်ပြန်ဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ အခုတော့ တစ်လခွဲကျော်နေပြီ၊ သူ ပြန်မယ့် အရိပ်အယောင် တစ်ခုမှ မပြသေးဘူး။အန်တီတို့ သူ့ကို မေးကြည့်တော့ သူက အရမ်း မရေမရာ ဖြစ်နေတယ်။*သူ အလုပ်က အဆင်ပြေတယ်၊ အားလုံး အဆင်ပြေတယ်လို့ ပြောခဲ့ပေမဲ့ သူ အိမ်ပြန်မယ့်အကြောင်း ပြောတဲ့အခါကျ တခြား ကိစ္စတချို့ကို ဆက်လုပ်ဖို့ ရှိသေးတဲ့အတွက် စောင့်ပါလို့ပဲ ပြောခဲ့တယ်။နွေဦးပွဲတော်က မြန်မြန် နီးလာပြီ၊ သူ အခု ပြန်မပြောင်းရင် နွေဦးပွဲတော်အတွင်းမှာ သူ ပိတ်မိနေလိမ့်မယ်။သူ့ပစ္စည်းနဲ့ ခရီးဆောင်အိတ်တွေကို သယ်ဖို့ ပြဿနာ ရှိလာလိမ့်မယ်၊ တခြား ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ မလွယ်ကူဘူး။အန်တီနဲ့ သူ့အဖေ ဒါကို စဉ်းစားခဲ့ကြတယ်။တခြားအရာတွေ အားလုံး အဆင်ပြေနေတယ်ဆိုတော့ သူ နောက်ကျတာရဲ့ အကြောင်းရင်းက စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ရမယ်"

ချန်းရော့ယွီ ဘာပြောရမှန်း မသိဘဲ သူ့မိဘတွေက အရမ်း ထက်မြက်တယ်လို့ တွေးနေမိသည်။

"ရှောင်ယွီ၊ သမီး C-မြို့ကို ပြန်မပြောင်းချင်လို့လား"

"အာ?"

သူမ အံ့အားသင့်သွားတယ်။ သူတို့သား အစီအစဉ်အတိုင်း အိမ်မပြန်တာ သူမနဲ့ မဆိုင်ဘူးလေ..... အာ... ဒါပေမဲ့ ကျိုးကျယ်က သူ့မိဘတွေကို ဒါကို မပြောခဲ့ဘဲ လုပေါင်နီရဲ့ တိုက်ပွဲရလဒ်တွေကလည်း အခုထိ မရှင်းလင်းသေးဘူး။ သူတို့ရဲ့ သူငယ်ချင်းအနေနဲ့ သူမ သူတို့ကို သစ္စာဖောက်လို့ မရနိုင်တာ သေချာတယ်။

"အန်တီ၊ ကျွန်မ ကျိုးကျယ်နဲ့ သာမန်သူငယ်ချင်း ပါ။ ကျွန်မ အလုပ်နဲ့ သူငယ်ချင်းတွေက ဒီမှာ ရှိပါတယ်၊ ပြီးတော့ ကျွန်မ C-မြို့ကို ပြန်ပြောင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး။ဒါပေမဲ့ ကျိုးကျယ် အိမ်ပြန်ဖို့ အစီအစဉ် နောက်ကျတာက ကျွန်မကြောင့်တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တာက သူ ဖြေရှင်းဖို့ ကိစ္စတွေ ရှိနေသေးလို့ ဖြစ်နိုင်တယ်"

"သူ ဘယ်လို ကိစ္စတွေ ရှိသေးလို့လဲ။ ဒီလို အချိန်တိုလေးအတွင်းမှာပဲ သူ အိမ်ပြန်ဖို့ အဆင်သင့် ဖြစ်နေခဲ့တာ။တခြား မိန်းကလေးကြောင့်များ ဖြစ်နေမလား"

ချန်းရော့ယွီ အံ့အားသင့်သွားတယ်။ သူမက တခြား မိန်းကလေးကြောင့်လို့ မပြောခဲ့ပါဘူး! ဒါက ဆိုးရွားလိုက်တာ! သူမ သူတို့ကို တကယ်ပဲ တားဆီးလို့ မရနိုင်ဘူး။

သူမ၏ လက်ဖဝါးများ စတင် ချွေးထွက်လာသည်ဟု ခံစားရသည်။

"ကျွန်မ... ကျွန်မလည်း ကျိုးကျယ် ဘာလို့ သူ့အစီအစဉ်တွေကို ရွှေ့ဆိုင်းခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိပါဘူး"

သူမ၏ စကားလုံးများက အထူးသဖြင့် အပြစ်ရှိသလို မြည်နေပြီး အဖေကျိုးနဲ့ အမေကျိုးတို့ နှစ်ဦးလုံး မယုံကြည်မှုနဲ့ မကျေနပ်မှုကို ပြသခဲ့တာကြောင့် သူမ၏ အမူအရာကလည်း သိပ်ပြီး ယုံကြည်စရာ မရှိဘူးလို့ သူမ ခံစားရသည်။

ဒီတစ်ကြိမ်မှာတော့ ချန်းရော့ယွီရဲ့ လက်ဖဝါးတွေပဲ ချွေးထွက်နေတာ မဟုတ်ပေ။ အမေကျိုးက သူမကို စိုက်ကြည့်လိုက်ပေမဲ့ ထပ်ပြီး စစ်ဆေးမေးမြန်းခြင်း မလုပ်တော့ဘဲ သူမက ချန်း းရော့ယွီအတွက် လက်ဖက်ရည် လောင်းထည့်ပေးပြီး ခေါင်းစဉ်ကို ပြောင်းလိုက်သည်။ သူမ ချန်းရော့ယွီကို A-မြို့မှာ တစ်ယောက်တည်း အလုပ်လုပ်ရတာ ခက်ခဲလား၊ A-မြို့က လူငယ်တွေ ပုံမှန်အားဖြင့် အားလပ်ချိန်မှာ ဘာတွေ လုပ်လေ့ရှိလဲ စသည်ဖြင့် မေးမြန်းသည်။

သူမ စကားတစ်လုံး မေးတိုင်း ချန်းရော့ယွီက စကားတစ်လုံးဖြင့် ပြန်ဖြေသည်။ အချိန်တိုင်း သူမရဲ့ စိတ်က ဟာလာဟင်းလင်း ဖြစ်နေပြီး ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမှန်း မသိတော့ပေ။

သူမ အသက်ကြီးတဲ့လူတွေနဲ့ တကယ်၊ တကယ် စကားပြောလို့ မရနိုင်ဘူးး။

ခဏကြာပြီးနောက် အဖေကျိုးက အမေကျိုးကို ကျိုးကျယ်ကို ဖုန်းခေါ်ပြီး သူ အခုထိ အလုပ်များနေတုန်းလားလို့ မေးကြည့်ဖို့ ပြောလိုက်သည်။ မဟုတ်ရင် သူတို့ အားလုံး အတူတူ ညစာ စားလို့ရသည်။

ချန်းရော့ယွီ၏ မျက်နှာ ဖြူဖျော့သွား၏။ အိုး ဘုရားရေ! သူမ ကျိုးကျယ်ကို ဒီကို လာခိုင်းနိုင်ခဲ့ရင် ဒါကို နောက်ထပ် မျက်နှာချင်းဆိုင် ချိန်းတွေ့တာလို့ ယူဆရမလား?

မုန့်ကုနဲ့ သူမရဲ့ ဆက်ဆံရေးက အခုမှ စခဲ့တာဖြစ်ပြီး အခု သူမက တခြား ယောက်ျားယောက်နဲ့ သူ့မိဘတွေနဲ့ ညစာစားနေတာ။ ဒီလို အခြေအနေမျိုးကို ဘာလို့ ခေါ်လဲ။ မုန့်ကု ဒီအကြောင်းကို သိသွားရင် အဆိုးဆုံး ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ မစ္စတာမက်မွန်ပွင့်တောအုပ်က မစ္စတာတိုင်ရန်နိုဆောရပ်စ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။

ချန်းရော့ယွီ အမြန်ဆုံး အိမ်သာသွားဖို့ ဆင်ခြေရှာပြီး ထွက်သွားလိုက်သည်။ သူမ ချက်ချင်းပဲ မုန့်ကုကို ဖုန်းခေါ်ပြီး အရာအားလုံးကို ဖွင့်ဟဝန်ခံဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

"ဒေါက်တာမုန့်၊ ကျွန်မ ရှင့်ကို ပြောစရာတစ်ခု ရှိတယ်"

"ဘာကိစ္စလဲ။ မင်း ဘယ်မှာလဲ"

ချန်းရော့ယွီက စားသောက်ဆိုင်ရဲ့ နာမည်နဲ့ လိပ်စာကို ပြောပြလိုက်သည်။ မုန့်ကု ပြုံးလိုက်၏။

"မိန်းကလေးချန်း၊မင်း နောက်ဆုံးတော့ အခြေအနေကို နားလည်သွားပြီး မင်းရဲ့ အသုံးစရိတ် စွမ်းရည်ကို အတည်ပြုဖို့ ဆုံးဖြတ်လိုက်ပြီ၊ ပြီးတော့ ကိုယ့်ကို ကြီးမားလှပတဲ့ ဘေလ်တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား"

"မဟုတ်ဘူး၊ မဟုတ်ဘူး... ဒေါက်တာမုန့်။ ကျွန်မ အသက်ကြီးတဲ့မိဘတွေကို ကြောက်တဲ့ရောဂါ တိုက်ခိုက်တာကို ခံနေရလို့ ရှင့်ဆီက အားပေးမှု ရှာနေတာ"

"ဘယ်သူ့ မိဘတွေလဲ"

"ကျိုးကျယ်ရဲ့မိဘတွေ"

ချန်းရော့ယွီက ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်သည်။

"အခု သူတို့ ကျိုးကျယ်ကို လာဖို့ ဖုန်းခေါ်လိုက်ပြီ၊ ပြီးတော့ ကျွန်မ ထွက်သွားလို့ မရဘူး။ ကျွန်မ ဗိုက်နာလာပြီ၊ အသက်ရှူလို့ မရတော့ဘူး"

"ချန်းရော့ယွီ၊ မင်း သေဖို့ ကြိုးစားနေတာလား။ မင်းက နံရံကို တိတ်တဆိတ် မှီနေတဲ့ မက်မွန်ပင် ဖြစ်ရဲသေးတာတောင် နေမကောင်းဖြစ်ချင်ယောင်ဆောင်နေသေးတယ်"

(နံရံကို မှီနေတဲ့ မက်မွန်ပင် ဆိုသည်မှာ ဇနီးသည်တစ်ဦး လျှို့ဝှက် ဖောက်ပြန်နေခြင်းကို ဆိုလိုသည်။)

ဘယ်သူက ဘယ်နံရံကို မှီနေတာလဲ။ ပြီးတော့ လျှို့ဝှက်ထားတာတဲ့လား။ သူ တကယ်ပဲ အချက်အလက်တွေကို လိမ်လည်နိုင်တာပဲ။

"ဒီလောက် မရက်စက်ပါနဲ့။ ကျွန်မ အလေးအနက် ပြောနေတာ"

"ကိုယိလည်း အလေးအနက် စိတ်မချမ်းမသာ ဖြစ်နေတယ်။ ဒီလို ကိစ္စမျိုးကို အရမ်း လွယ်လွယ်ကူကူ ဖြေရှင်းလို့ရတယ်။မင်း ဘာလို့ ဒီလောက် စိတ်ပူနေတာလဲ။ အခု ထွက်သွားပြီး သူတို့သားနဲ့ ဘာမှ မဆိုင်ဘူးလို့ သူတို့ကို ပြောလိုက်။ မင်းမှာ ချစ်သူရှိပြီးသားလို့ ပြောလိုက်။ပြီးရင် မင်း နေမကောင်းဘူးလို့ ပြောပြီး သူတို့ကို နှုတ်ဆက်ခဲ့လိုက်။အဲ့ဒါပြီးရင် မြန်မြန်၊ ဆေးရုံကို လာပြီး ဂျူတီရှိတဲ့ မင်းရဲ့ချစ်သူကို အဖော်ပြုပေး။ ကိုယ် မင်းကို ပိုပြီး အနီးကပ် စောင့်ကြည့်နေရတော့မယ်"

"ပြဿနာ မရှာပါနဲ့။ အခု ကျွန်မ သူတို့ကို ရှင့်အကြောင်း မပြောနိုင်သေးဘူး၊ မဟုတ်ရင် သူတို့ အိမ်ပြန်သွားပြီး ကျွန်မမိဘတွေကို သေချာပေါက် ပြန်ပြောလိမ့်မယ်။ကျွန်မ မိဘတွေကို ရှင့်အကြောင်း ဘယ်လို ပြောရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး"

"ချန်းရော့ယွီ၊ မကြာသေးခင်တုန်းက ကိုယ့်ပုံရိပ်က အကြီးအကျယ် ပြောင်းလဲသွားပြီ။ ကိုယ် အရမ်း နူးညံ့နေတာလား"

"ပြဿနာ မဖြစ်စေနဲ့လို့"

သူ ဒီစကားတွေကို ပြောတဲ့အခါ သူမရဲ့စိတ် ပိုတည်ငြိမ်သွားပြီး ထိုလူကြီးနှစ်ဦးကို ကိုင်တွယ်နိုင်မယ်လို့ ခံစားလိုက်ရသည်။

"မြန်မြန် လုပ်၊ ဆေးရုံကို လာပြီး ကိုယ့်ကို အဖော်လုပ်ပေး။ မနက်ဖြန် ကိုယ် ဝက်သားနှပ် စားချင်တယ်၊ သန်ဘက်ခါ ကိုယ် ချဉ်ချဉ်စပ်စပ် ဝက်သား စားချင်တယ်၊ ပြီးတော့ နောက်တစ်နေ့..."

"ကောင်းပြီ၊ ကောင်းပြီ..."

ချန်းရော့ယွီ သူ့စကားကို ဖြတ်ပြောလိုက်သည်။

"ကိုယ် တခြားတစ်ခုခု စားချင်သေးတယ်၊ ဒါပေမဲ့ မင်း သဘောတူမှာ မဟုတ်ဘူး"

မုန့်ကု၏ စကားများကြောင့် ချန်းရော့ယွီ ခဏလောက် စဉ်းစားပြီးမှ နောက်ဆုံးတော့ သဘောပေါက်လိုက်သည်။ သူမ၏ မျက်နှာ စတင် နီရဲလာပြန်သည်။

"ဒေါက်တာမုန့်၊ တစ်နေကုန် *** အကြောင်း မပြောနဲ့တော့"

"ကိုယ်*** အကြောင်း မပြောဘူး။ ဒီစကားလုံးတွေက ကိုယ့်နှလုံးသားက လာတာ"

"ရှင် ဆက်ပြောချင်သေးတာလား"

ချန်းရော့ယွီ မျက်နှာ နီရဲပြီး သူ့ကို ဆူပူလိုက်သည်။

"ရှင့်ဘေးနားမှာ တစ်ယောက်ယောက် ရှိလား"

တခြားသူတွေက သူ ဒီလို ပြောနေတာကို ကြားရင် ရှက်စရာ မကောင်းဘူးလား။

"တစ်ယောက်ယောက် ရှိရင် ဘာဖြစ်လဲ။ ကိုယ် ကိုယ့်ချစ်သူကို စနေတာ၊ ဒါဆို ဘယ်သူက ကိုယ့်ကို ထိန်းချုပ်ရဲလဲ"

"တကယ်ပဲ နားထောင်နေတဲ့သူ ဘယ်သူမှ မရှိဘူး မဟုတ်လား"

သူမ သူ့ကို လက်သီးနှစ်ချက်လောက် ထိုးချင်စိတ် ပေါက်လာပြီ။

"ကောင်းပြီ၊ ကိုယ့်ရုံးခန်းထဲမှာ ကိုယ်ကလွဲလို့ ဘယ်သူမှ မရှိဘူး"

မုန့်ကု၏ လေသံက အတော်လေး သာယာသည်။ ထင်ရှားတာက သူမ စိုးရိမ်ပူပန်မှုနဲ့ ခုန်နေတာကို သူ အရမ်း ပျော်ရွှင်နေပြီး သူ ထပ်ဖြည့်ပြောလိုက်သည်။

"ချန်းရော့ယွီ ကိုယ်တို့ရဲ့ ပြောစရာမလိုဘဲ နားလည်မှုက ပိုကောင်းလာပြီနော်။ ကိုယ်တို့ မိဘတွေနဲ့ တွေ့ဖို့ အချိန်တန်ပြီ"

"ကျွန်မတို့ရဲ့ ပြောစရာမလိုဘဲ နားလည်မှုက ပိုကောင်းလာတယ်ဆိုတာ ဘယ်ကနေ ရှင် မြင်တာလဲ"

"မင်း ကိုယ့်ရဲ့ *** ဟာသတိုင်းကို ဖမ်းဆုပ်နိုင်တယ်၊ ဒါက မင်း နားလည်တယ်ဆိုတဲ့ သဘောပဲလေ။ဒါက ပါးစပ်က ပြောစရာမလိုတဲ့ နားလည်မှု ဖြစ်ပြီး ကိုယ်တို့ ဆက်ဆံရေး ရင့်ကျက်လာပြီဆိုတာ ပြသတယ်"

"၊pei!"

သူမ အပြင်ထွက်ဖို့ စီစဉ်လိုက်ပြီး မေးကြည့်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပေ။

"ရှင်ဒီနေ့ သေသေချာချာ စားခဲ့လား။ ရှင့်ဗိုက်က အခုထိ နာနေသေးလား"

"မင်း ကိုယ့်ကို 'pei' လို့ ပြောပြီးပြီ၊ ဒါဆို ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ"

မစ္စတာတိုင်ရန်နိုဆောရပ်စ်က ထပ်ပြီး နောက်ပြောင်နေပြန်ပြီ။

"ကျွန်မ ရှင့်ကို စိုးရိမ်မှာ မဟုတ်ဘူး။ ကျွန်မ အပြင်သွားတော့မယ်၊ ဒါပြီးရင် ရှင့်ကို ထပ်ခေါ်မယ်"

"ဟေး..."

မုန့်ကု စကားမဆုံးခင် ချန်းရော့ယွီ ဖုန်းချလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူမရဲ့မိသားစု ဒေါက်တာမုန့်နှင့် စကားပြောပြီးနောက် သူမ အများကြီး ပိုကောင်းတယ်လို့ ခံစားရတယ်။ သူမ စွမ်းအင် အပြည့်အဝ အားသွင်းထားသလို ခံစားရပြီး စိတ်ခံစားချက်လည်း ကောင်းမွန်သွား၏။

ချန်းရော့ယွီ အပြင်ထွက်လာတဲ့အချိန် သူမ ဘယ်လို ထွက်သွားရမလဲဆိုတာ တွေးနေသည်။ သူမ ကျိုးကျယ်ကို တခြား မိန်းကလေးတစ်ဦးက လိုက်နေတာနဲ့ သူမမှာ ချစ်သူရှိနေတာကို ပေါက်ကြားသွားမှာကိုသာ ကြောက်ရွံ့ပြီး တခြား ဘာကိုမှ မကြောက်ပေ။ အဲဒီအခါ အခြေအနေက သူတို့နှစ်ဦးလုံးအတွက် မကောင်းတော့မှာကို စိုးရိမ်မိတယ်။

သူမရဲ့ ထိုးထွင်းသိမြင်မှုက မှန်ကန်ခဲ့တယ်။ ထိုလူကြီးနှစ်ဦး၏ နောက်တစ်ကြိမ် ဆွေးနွေးမှုများမှာ ကျိုးကျယ် အိမ်ပြန်ဖို့ အစီအစဉ် နောက်ကျတာနဲ့ ချန်းရော့ယွီနှင့် ကျိုးကျယ်တို့၏ ဆက်ဆံရေး တိုးတက်မှုအပေါ် အာရုံစိုက်ထားသည်။ သူတို့က ချန်းရော့ယွီရဲ့ C-မြို့ကို ပြန်ဖို့ ငြင်းဆန်ခြင်းက ကျိုးကျယ်ရဲ့ အစီအစဉ်များကို ထိခိုက်ခဲ့တယ်လို့ တကယ် ထင်ကြပုံရသည်။

အမေကျိုးက ချန်းရော့ယွီကို ချန်မိသားစုရဲ့ အိမ်နီးချင်းဖြစ်သူ အဒေါ်လီက သူမကို မိတ်ဆက်ပေးခဲ့ကြောင်း ပြောပြသည်။ သူမနှင့် အဒေါ်လီတို့သည် လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သူငယ်ချင်းများ ဖြစ်ကြပြီး မိန်းကလေးတစ်ဦးကို ပထမဆုံးအကြိမ် အလေးအနက် ချီးမွမ်းတာကို အဒေါ်လီထံမှသာ ကြားဖူးကြောင်း ပြောပြသည်။

ချန်းရော့ယွီ အနည်းငယ် ရှက်ရွံ့မိပြီး ခေါင်းညိတ်ရတော့မယ်။ သူမ မိဘတွေရဲ့ အိမ်အောက်ထပ်မှာ နေထိုင်တဲ့ အဒေါ်လီကို သိပြီး အဒေါ်လီက သူမ ကြီးပြင်းလာတာကို ကြည့်ရှုခဲ့သူလို့ ယူဆနိုင်တယ်။ သူမရှေ့မှာ အဒေါ်လီက သူမကို ရိုးသားတဲ့သူ၊ လုံ့လရှိတဲ့သူ၊ မိဘစကားနားထောင်တဲ့သူနဲ့ မိသားစုကို ဂရုစိုက်တဲ့သူအဖြစ် ချီးမွမ်းခဲ့ပြီး သူမမှာ သမီးတစ်ယောက်သာရှိတာကို နောင်တရမိ၏။မဟုတ်ရင် ချန်းရော့ယွီကို သူမရဲ့ ချွေးမအဖြစ် လိုချင်မိသည်။ ချန်းရော့ယွီက သူမ အဒေါ်လီရဲ့ ချွေးမ မဖြစ်နိုင်ရင်တောင် တခြား မိသားစုတွေကို မိတ်ဆက်ပေးဖို့ ဒီလောက် အားထုတ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။

"အန်တီ သမီးအကြောင်း အများကြီး ကြားခဲ့ရတယ်၊ ပြီးတော့ သမီးက အရမ်း ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ ခံစားရတယ်။ ဒါကြောင့်မလို့ အန်တီက စိတ်အားထက်ထက်သန်သန်နဲ့ သမီးတို့ လူငယ်နှစ်ယောက်ကို တွေ့ဖို့ စီစဉ်ပေးခဲ့တာ။ သမီးတို့နှစ်ယောက်က တကယ် ကံပါလာတဲ့သူတွေပဲ။ ဒီမှာလည်း သမီးတို့ နှစ်ယောက်စလုံး တစ်မြို့တည်းမှာ နေကြတယ်။ ဒါတွေ အားလုံးကို ဘုရားသခင်က စီစဉ်ပေးတာ မဟုတ်ဘူးလား။အဲဒီနေ့က အန်တီ သမီးတို့နှစ်ယောက် အဆင်ပြေပြေ ပေါင်းသင်းနေကြတာကို တွေ့ခဲ့ရတယ်၊ ပြီးတော့ သမီးတို့ A-မြို့ကိုလည်း အတူတူ ပြန်လာခဲ့ကြတယ်။အန်တီက သမီးတို့နှစ်ယောက်ကြားမှာ အရာအားလုံး အဆင်ပြေနေပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီလောက်ကြာအောင် ဘာမှ တိုးတက်မှု မရှိဘူးဆိုတာ မမျှော်လင့်ခဲ့မိဘူး။ အန်တီတို့လို လူအိုတွေက ဒါကို အရမ်း စိတ်ပူနေရတယ်"

ချန်းရော့ယွီက ယဉ်ကျေးစွာ ပြုံးလိုက်သည်။

ခေါင်းညိတ်ရတာလည်း မမှန်ဘူး၊ ခေါင်းခါရတာလည်း မမှန်ဘူး။ သူမ ဒီလိုမျိုး တစ်ခုခု ပြောချင်တယ်။

[အန်တီ၊ ဘုရားသခင်မှာ စီမံခန့်ခွဲစရာ အစီအစဉ်တွေ အရမ်း များတယ်၊ ပြီးတော့ သူ ဒီဟာကို မစီစဉ်ခဲ့ပါဘူး]

ဒါပေမဲ့ သူမက လူကြီးများကို ပြန်ပြောဖို့ အရမ်း ရှက်နေခဲ့တာကြောင့် သူမ အူကြောင်ကြောင် ပြုံးနေရုံသာ တတ်နိုင်သည်။

"တကယ်တော့ သမီး အခု အိမ်ပြန်ဖို့ မလိုချင်သေးဘူးဆိုရင်လည်း အန်တီတို့ နားလည်နိုင်ပါတယ်။ C-မြို့နဲ့ ယှဉ်ရင် A-မြို့က အရမ်း ပိုကြီးတယ်၊ ပိုပြီး စည်ကားတယ်၊ ပြီးတော့ သူ့ရဲ့ စီးပွားရေးက ပိုကောင်းတယ်၊ ဒါကြောင့် ဆက်နေတာလည်း ကောင်းပါတယ်။ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သမီးမိဘတွေက C-မြို့မှာ ရှိတယ်၊ ပြီးတော့ နှစ်နည်းနည်းကြာရင် သမီး ပြန်သွားရဦးမှာ။ဒါကြောင့် အန်တီတို့ စိုးရိမ်စိတ် မရှိပါဘူး။ နေရာနှစ်ခုက သိပ်မဝေးတဲ့အတွက် အချိန်တန်တဲ့အခါ အန်တီတို့ သမီးကို မကြာခဏ တွေ့ရဦးမှာပါ"

ချန်းရော့ယွီ အူကြောင်ကြောင် ပြုံးလိုက်ပြီး အမေကျိုးအတွက် လက်ဖက်ရည် လောင်းပေးလိုက်သည်။

"အန်တီ၊ လက်ဖက်ရည် သောက်ပါဦး။ ကျိုးကျယ် သူ့အစီအစဉ်တွေကို ရွှေ့ဆိုင်းခဲ့တဲ့ အကြောင်းရင်းက ကျွန်မကြောင့်တော့ တကယ် မဟုတ်ပါဘူး။သူ လာတဲ့အထိ စောင့်လိုက်ရအောင်၊ ပြီးရင် ကျွန်မတို့ သူ့ကို မေးကြည့်လို့ရပါတယ်။စိတ်မပူပါနဲ့"

ချန်းရော့ယွီက လူကြီးများကို စိတ်မပူဖို့ ပြောခဲ့သော်လည်း သူမသာလျှင် တကယ် စိုးရိမ်ပူပန်နေသူ ဖြစ်သည်။ ကျိုးကျယ်က ဘာလို့ ထွက်လာဖို့ ဒီလောက် အချိန်ကြာနေရတာလဲ။ သူ မြန်မြန် လာပြီး သူ့မိဘတွေရဲ့ မေးခွန်းတွေကို လွှဲပြောင်းယူသင့်တယ်။ သူမ တကယ်ပဲ သူတို့ကို နောက်ထပ် ကိုင်တွယ်နိုင်စွမ်း မရှိတော့ဘူး။ သူမ လက်ဖက်ရည်ပူပူ ထပ်တောင်းဖို့ ရည်ရွယ်ချက်ဖြင့် စားပွဲထိုးကို လက်ဝှေ့ယမ်းလိုက်သော်လည်း သူမ လက်မြှောက်လိုက်တဲ့အချိန်မှာပဲ မုန့်ကုရဲ့အမေက လက်ထဲတွင် ဈေးဝယ်အိတ် အနည်းငယ်ကို ကိုင်ဆောင်ထားပြီး မလှမ်းမကမ်းရှိ စားပွဲတစ်ခုမှာ သူမကို ပြုံးပြနေတာကို တွေ့လိုက်ရသည်။

သူမက ဈေးဝယ်ပြီးကာစ ရောက်လာသူသဖွယ် ပုံပေါ်နေသည်။ သူမနဲ့ ဆုံတွေ့ရတာ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ!

ချန်းရော့ယွီ စားပွဲပေါ် ခေါင်းနဲ့ တိုက်ချင်လုနီးပါး ဖြစ်သွားတယ်။ ဒီအချိန်မှာ သူမ အိမ်သာထဲကို ပြေးဝင်ပြီး ပုန်းချင်ရင်တောင် အချိန်ရှိမှာ မဟုတ်ဘူး မဟုတ်လား။ သူမ မမြင်ချင်ယောင် ဆောင်ရင်လည်း မဖြစ်နိုင်ဘူး မဟုတ်လား။ ကောင်းပြီ၊ ကောင်းပြီ... စိတ်ငြိမ်အောင်ထား။ သူမ ရွာက လူကြီးတွေနဲ့ ညစာစားနေတာပါလို့ ပြောလိုက်ရုံပဲ။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

သူမ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ကောင်းကောင်း လုပ်ပြီးတဲ့နောက် ကျိုးကျယ် လမ်းလျှောက်ဝင်လာပြီး ပတ်ပတ်လည် ကြည့်နေတာကို သူမ မြင်လိုက်ရသည်။ သူ သူတို့အားလုံးကို မြင်တဲ့အခါ သူတို့ဆီ လျှောက်လာသည်။

ပြီးပြီ၊ ပြီးပြီ... ဒီတစ်ကြိမ်မှာတော့ သူမ မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် မလုံလောက်တော့ဘူး!

(မြစ်ဝါမြစ်ထဲ ခုန်ချခြင်း – မြစ်ဝါမြစ်ကို ရွှံ့တွေများတဲ့အတွက် ဒီလို နာမည် ပေးထားတာ ဖြစ်ပြီး လူတစ်ဦးက မြစ်ထဲ ခုန်ချရင် ရွှံ့ရေထဲမှာ သူ့ကိုယ်သူ သန့်စင်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာသည်။ ဒါကြောင့် မြစ်ဝါမြစ်ထဲ ခုန်ချတာက တစ်စုံတစ်ရာ မှားယွင်းစွာ လုပ်ဆောင်မှုရဲ့ သံသယကနေ ကိုယ့်ကိုယ်ကိုယ် မဖယ်ရှားနိုင်ခြင်းကို ဆိုလိုသည်။)

Translator -JJ

All Chapters