← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

Chapter 74-ကျွန်မ ရှင့်ကိုချစ်တယ်

မုန့်ကုသည် ခေါင်းစောင်းကာ သူမကို ထပ်နမ်းလိုက်တဲ့အချိန် ချန်းရော့ယွီက ရုတ်တရက် တွန်းထုတ်လိုက်ပြီး လက်သီးနှစ်ချက်ဖြင့် ထိုးလိုက်သည်။

မုန့်ကုသည် ကျယ်လောင်စွာ ရယ်မော၍ နောက်သို့ လေးငါးလှမ်းခန့် ဆုတ်သွားသည်။ ချန်းရော့ယွီက နောက်ကနေ လိုက်ပြီး သူမ၏လက်သီးများ သူ့ကိုယ်ပေါ် မကျရောက်မီ ရုတ်တရက်ဆိုသလို သူမ ပွေ့ချီခံလိုက်ရသည်။

သူမ လန့်သွားပြီး အော်မိသွားကာ မသိစိတ်ကနေ သူ့ကို ဖက်ထားလိုက်သည်။ အဲ့ဒီအခွင့်အရေးကိုယူပြီးတော့ သူက သူမရဲ့ပါးကို နမ်းလိုက်ပြီး သူမကို အပေါ်သို့ ပေါက်ကစားချင်ဟန် ဆောင်လိုက်သည်။ ချန်းရော့ယွီ ထပ်ပြီးထိတ်လန့်စွာ အော်ဟစ်မိပြီး သူ့ကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။

"ချန်းရော့ယွီ မင်း ကိုယ်ကို ဆဲချင်နေသေးလား"

မုန့်ကုက မကောင်းဆိုးဝါးဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် 'မင်း ဆက်ပြီး မာနတက်နေဦးမယ်ဆိုရင် ငါ မင်းကို ပစ်ချပစ်မယ်' ဟူသော အမူအရာမျိုးရှိနေသည်။

ချန်းရော့ယွီ အနည်းငယ် စိုးရိမ်စိတ်ဝင်မိ၏။ ဒီလူဆိုးက သူမကို အမှန်တကယ် ကြမ်းပြင်ပေါ် ချပစ်မလားဆိုတာ သူမ မသေချာပေ။ဒီလူယုတ်မာသည် မမျှော်လင့်ဘဲ လုပ်တတ်တယ်။ ဒါပေမဲ့ ဒီအချိန်တွင် အားနွဲ့ဟန် ပြလိုက်ပါက ကျောရိုးမရှိတဲ့သူလို ဖြစ်သွားလိမ့်မယ်။

သူမ စကားမပြောပေ။ သူမ၏ မျက်နှာသည် ပန်းရောင်သမ်းနေပြီး၊ သူမ၏ မျက်လုံးများတွင် ချစ်ခင်မှုအပြည့်ဖြင့် ရှက်ရိပ်သန်းကာ နှုတ်ခမ်းကို ဖိကိုက်ထားသည်။ မုန့်ကုက သူမကို စိုက်ကြည့်ရင်း ရုတ်တရက် ပြောလာ၏။

"ချန်းရော့ယွီ မင်းက တကယ့်ကို လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာပြီ"

သူမ အရမ်းရှက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲကာ သူ့မျက်လုံးများမှ ပုန်းရှောင်လိုသော်လည်း မတတ်နိုင်ဖြစ်နေသည်။ ဒါကြောင့် သူမ ရိုးရိုးလေးပင် သူ့ကိုယ်ကို ပိုမိုနီးကပ်စွာ မှီလိုက်ပြီး သူ့နားရွက်ကို ကိုက်လိုက်သည်။ မုန့်ကုက သူမ ဒီလိုမျိုးလုပ်လိမ့်မယ်လို့ မမျှော်လင့်ထားဘဲ နာကျင်မှုကြောင့် မသိစိတ်ဖြင့် သူမကို ကိုင်ထားတာကို လျှော့ချလိုက်မိသည်။ ချန်းရော့ယွီက အဲ့ဒီအခွင့်အရေးကိုယူကာ ရုန်းကန်ပြီး ခြေထောက်ရပ်၍ လှည့်ပြေးလိုက်သော်လည်း ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးမီ မုန့်ကုက သူမကို ပြန်ဖမ်းမိသွားသည်။

နှစ်ယောက်သား ပျော်ပျော်‌ရွှင်ရွှင် ဆူညံစွာဖြင့် ဆွဲချီကြ၊ တွန်းကန်ကြပြီးနောက် အပြန်အလှန် ပွေ့ဖက်နမ်းရှိုက်နေကြတော့သည်။ သူမ မူးဝေပြီးတော့ အသက်ရှူမှားတဲ့အထိ အနိုင်ကျင့်ခံရတော့၏။ ခဏတာ စိတ်ရှုပ်ထွေးမှုကြားတွင် သူမ ခြေချော်ကာ မုန့်ကုကို ကုတင်ပေါ် တွန်းချလိုက်မိလေသည်။

ချန်းရော့ယွီ မျက်တောင်ခတ်လိုက်မှသာ သူတို့နှစ်ယောက် အပြေးအလွှား လိုက်ကြရင်း အိပ်ခန်းထဲ ရောက်နေမှန်း သတိပြုမိလိုက်သည်။ ပြတင်းပေါက်မှ ဝင်လာသော လရောင်မှလွဲ၍ အခန်းထဲတွင် မည်သည့်မီးမျှ မရှိသော်လည်း မျက်စိရှေ့မှ မြင်ကွင်းကိုတော့ ရှင်းလင်းစွာ မြင်နေရသည်။

မုန့်ကုက သူမရဲ့အောက်တွင် ဖိမိနေပြီး သူ့ဆံပင်များကလည်း သူမကြောင့် ရှုပ်ပွနေသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး မျက်လုံးများက တောက်ပနေကာ သူက မယုံနိုင်လောက်အောင်ပင် ချောမောခန့်ညားနေ၏။

သူမ သူ့ကို ဖိထားရင်း ဒေါသကြောင့် နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်။

ဒီလူဆိုးက ဘာဖြစ်လို့များ လူတွေကို ကိုက်ချင်အောင် ဖန်တီးနေရတာလဲ?

သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သူမ ကိုက်တော့မယ့်အချိန်၊ မကိုက်ရသေးခင်မှာပင် ရုတ်တရက် လှန်ချခံလိုက်ရပြီး မုန့်ကု၏အောက်တွင် ပိမိသွားသည်။

“ချန်းရော့ယွီ ဒီအချိန်မှာ ယောက်ျားလေးက အပေါ်ကနေ နေရမှာလေ"

ဘယ်သူက ပြောတာလဲ? သူမ လုံးဝခွင့်ပြုမှာ မဟုတ်ဘူး!

ချန်းရော့ယွီ အားသုံးလိုက်ပြီးတော့ မုန့်ကုကို လှန်ချပစ်ကာ သူ့ပခုံးပေါ် လက်ထောက်ပြီး ခွထိုင်လိုက်သည်။ အဲ့ဒီနောက် သူမက ခန့်ညားစွာ ကြေညာလိုက်၏။

“ကျွန်မ နိုင်ပြီ!”

မုန့်ကုသည် မျက်နှာတွင် အပြုံးကြီးဖြင့်... ထို့နောက် ခပ်ရေးရေးပြုံးလိုက်ပြီး... နောက်ဆုံးတွင် မပြုံးတော့ပေ။

သူက သူမကို စိုက်ကြည့်နေသလို သူမကလည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။

ထို့နောက် သူက တိုးတိုးလေး ပြောလိုက်၏။

“ချန်းရော့ယွီ၊ ကိုယ် မင်းကို တစ်ညတာ အချစ် (One-night stand) မလုပ်ဘူးလို့ အရင်က မပြောခဲ့ဖူးဘူးလား”

ဒီအချိန်တုန်းမှာ ချန်းရော့ယွီက အရှိန်ယူကာ သူ့ကို ကောင်းကောင်း သင်ခန်းစာပေးရန် ပြင်ဆင်နေခြင်း ဖြစ်၏။ သူမကို ခြောက်လှန့်တာ၊ သော့ကို သိမ်းသွားတာနှင့် အခန်းပိတ်ထားတာ စသဖြင့် သူ့ရဲ့အဆင့်နိမ့်ပြီး ကလေးဆန်တဲ့ အပြုအမူများအတွက် တောင်းပန်စေချင်သည်။

ဒါပေမဲ့ ရုတ်တရက် သူက တစ်ညတာအချစ်အကြောင်းကို ပြောလာတယ်။

ဘာလို့များ စကားပြောဆိုမှုက ရုတ်တရက် 'ကန့်သတ်နယ်ပယ်'ဘက်ကို ရောက်သွားရတာလဲ?

ချန်းရော့ယွီ ကြောင်အသွားတယ်။ သူ့ရဲ့ပြင်းရှတဲ့ အကြည့်အောက်တွင် သူမ အခြေအနေတစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်၊ အဝတ်အစားတွေက မသပ်မရပ်၊ ဆံပင်တွေက ရှုပ်ပွ၊ခန္ဓာကိုယ်တွေက ရှုပ်ထွေးပွတ်တိုက်နေပြီးတော့ ကုတင်ပေါ်မှာ ဖိထားမိနေတယ်။

သူမရဲ့ အိမ်က 'မစ္စတာတိုင်ရန်နို‌ဆောရပ်စ်'ရဲ့ အသက်ရှူသံက မမှန်တော့ဘဲ၊ သူ့မျက်နှာအမူအရာက ထူးခြားနေကာ သူမ ထိုင်နေတဲ့ မာကျောမှုဟာ သူ့ဝမ်းဗိုက်ကြွက်သားများသက်သက် မဟုတ်တော့ပေ။

သူမရဲ့နှလုံးသား တုန်ယင်စွာ ခုန်ပေါက်နေပြီး စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ လစ်ဟာသွား၏။ သူမ၏ မျက်လုံးများသည် သူ့အကြည့်မှ ရုန်းမထွက်နိုင်ဘဲ ချုပ်နှောင်ခံထားရသလို ခံစားရပြီး တစ်ကိုယ်လုံးရှိ သွေးများက မျက်နှာဆီသို့ စုပြုံတက်လာသယောင် ရှိသည်။ သူမ တစ်ခုခု ပြောရန် ပါးစပ်ဖွင့်ချင်သော်လည်း ပတ်ဝန်းကျင်ရှိ လေထုသည် ပူလာပြီး ပူလောင်၏။ သူမ တစ်ကိုယ်လုံး ပျော့ခွေသွားကာ ဘာစကားမှ ပြောမထွက်တော့ချေ။

သူမရဲ့ပေါက်ကရအမူအရာက မုန့်ကုကို ပျော်ရွှင်စေဟန်တူပြီး သူက သူမ၏မျက်နှာကို ထိ၍ ပြုံးလိုက်သည်။

ပြုံးတာလား? ဘာကို ပြုံးစရာ ရှိလို့လဲ? တကယ် စိတ်တိုစရာကောင်းလိုက်တာ!

သူမ သူ့ကို အမှန်တကယ် ဆူပူချင်တယ်။ သူ့မျက်နှာပေါ်က မောက်မာမှုကို ဖယ်ရှားချင်တယ်။ ဒါပေမဲ့ သူမရဲ့ မျက်နှာကို သူ့လက်နဲ့ ပွတ်သပ်ခံလိုက်ရတော့ ပိုပြီးတော့ ပူလာပြီး သူ့ရဲ့ရှည်လျားသွယ်လျသည့် လက်ချောင်းများဖြင့် ထိတွေ့ခံရတဲ့ သူမရဲ့အသားအရေဟာ ပျော့ပြောင်းကာ ပူနွေးသွားသည်။

ထို့နောက် သူမ သူ့အောက်ကို ပြန်လည် ဖိနှိပ်ခံလိုက်ရသည်။ သူမ သက်ပြင်းချလိုက်သလိုလည်း ရှိပြီး ပိုပြီးတော့တောင် အသက်ရှူကျပ်သွားသလို ခံစားရသည်။ မုန့်ကု၏ သြဇာညောင်းသော အသံကို သူမ ကြားလိုက်ရသည်။

“ကိုယ် မင်းကို ပြောပြီးသားလေ။ ဒီလိုကိစ္စမျိုးအတွက် ယောက်ျားလေးက အပေါ်က နေသင့်တယ်”

သူက သူမကို နမ်းလိုက်ပြီး ငြင်းဆိုရန် အခွင့်အရေးပင် မပေးတော့ပေ။ အမှန်တကယ်တော့ သူမလည်း ဘယ်လို ငြင်းရမှန်း မသိတော့တာကြောင့် ငြင်းဆိုရန် ရည်ရွယ်ချက် မရှိပေ။ သူမက သူ့လည်ပင်းကို ဖက်ထားလိုက်ပြီး သူ့အနမ်းကို ပြန်လည်တုံ့ပြန်လိုက်သည်။

သူက သူမ၏ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်သည်။ သူ့လက်ဖဝါးက သူမရဲ့အဝတ်အစားအောက်ကို ရွေ့လျားသွားသည်။ သူမ၏ နှလုံးသားသည် သူ့လက်ဖဝါးအောက်၌ အရိုင်းဆန်စွာ ခုန်ပေါက်နေသည်။

သူမ ဘာလုပ်ရမှန်း မသိတော့ပေ။ သူမ စိတ်ထဲမှာ ရှင်းလင်းပြတ်သားနေပေမယ့် တစ်စုံတစ်ရာက မျှော်လင့်ချက်ပေးသလို၊ ဆန့်ကျင်လိုစိတ်လည်း ရှိသည်။ စိတ်လှုပ်ရှားမှုလည်း ဖြစ်သလို၊ သတိထားရမယ်လို့လည်း ခံစားနေရသည်။ မလုပ်သင့်ဘူးဆိုတဲ့ ခံစားချက်နဲ့ လုပ်သင့်တယ်ဆိုတဲ့ ခံစားချက်များက သူမကို လွှမ်းမိုးနေ၏။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက် အရှိန်အရမ်းမြန်နေတယ်လို့ ခံစားရသလို၊ ဖြစ်သင့်သလို ဖြည်းဖြည်းချင်း ရွေ့လျားနေတယ်လို့လည်း ခံစားရသည်။

“ချန်းရော့ယွီ"

သူ သူမရဲ့နာမည်ကို ခေါ်တာ ကြားလိုက်ရပြီး သူမ အသက်ရှူရပ်လုနီးနီးဖြစ်ကာ သူ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပနေပြီး ထူးဆန်းနေသည်။ သူ့၏ ခန့်ညားသည့် အပြုံးတွင် ဆွဲဆောင်မှု အရိပ်အယောင်တစ်ခု ပါရှိသည်။

သူက ကိုယ်ကိုင်းညွတ်၍ သူမကို နမ်းလိုက်ပြီးနောက် “ချန်းရော့ယွီ” ဟု ထပ်ခေါ်လိုက်သည်။

သူမ ပြန်မဖြေဘဲ သူ့ကိုသာ ကြည့်နေမိတယ်။ အဲ့ဒီနောက် ဘာကြောင့်မှန်းမသိ... သူမ ရှက်ရွံ့စွာ မျက်လုံးများကို မှိတ်ချလိုက်၏။

ဒီသေးငယ်တဲ့အပြုအမူလေးဟာ သူ့အတွက် ဖိတ်ခေါ်ချက်တစ်ခုသဖွယ် ဖြစ်သွားသည်။ သူမ၏ ဆွယ်တာအင်္ကျီကို သူ မတင်နေတာကို ခံစားလိုက်ရသည်။ ကိုယ့်နှလုံးခုန်သံကို ကိုယ်တိုင် 'ဒုန်းဒုန်း' မြည်နေတာကို ကြားနေရသည်။ သူမ အဝတ်အစားများကို ချွတ်ယူနိုင်ရန် လက်မောင်းများကို နာခံစွာ ဆန့်တန်းပေးလိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် ညင်သာပြီး ချောမွေ့သည်။ ဓီအချိန်တစ်လျှောက်လုံး သူမသည် မျက်လုံးများကို မှိတ်ထားပြီး ဖွင့်ကြည့်ရန်ပင် မရဲပေ။ သူမ၏ အဝတ်အစားအားလုံး ကင်းမဲ့သွားသောအခါ အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်လာ၏။

မုန့်ကူ သူမဆီကနေ ခွာသွားတဲ့အခါ သူမ ခေါင်းအုံးထဲကို မျက်နှာ အမြန်ဖွက်လိုက်သည်။ သူမ မျက်လုံးများကို ခိုးဖွင့်ကြည့်လိုက်တဲ့အချိန် စောင်ကြီးကို အရှေ့တွင် မြင်လိုက်ရသည်။ သူမသည် စောင်ကို အလျင်အမြန် မကာ စောင်အောက်သို့ ဝင်ပုန်းလိုက်သည်။

စောင်အောက်တွင် အေးစက်နေတာကြောင့် သူမ တုန်ခါသွားသည်။ ခဏအကြာမှာတော့ ပူနွေးတဲ့ခန္ဓာကိုယ်တစ်ခုက စောင်အောက်ကိုစ လျှောဝင်လာပြီး သူမနောက်တွင် လှဲအိပ်ကာ ပွေ့ဖက်လိုက်သည်။

သူမ အလှည့်ခံလိုက်ရပြီး ထပ်အနမ်းခံရပြန်တော့သည်။

မုန့်ကုသည် ကိုယ်တုံးလုံးဖြစ်နေသလို၊ သူမလည်း ကိုယ်တုံးလုံးဖြစ်နေသည်။ သူက သူမ၏ မျက်လုံးများကို နမ်းသည်၊ ဆံပင်များကို နမ်းသည်၊ နှာခေါင်းကို နမ်းသည်။ သူမ မချမ်းတော့ဘဲ သက်သောင့်သက်သာ နွေးထွေးလာ၏။

သူက သူမ၏ လက်ကို ဆွဲယူပြီး သူ့နှလုံးသားပေါ် တင်လိုက်သည်။ သူမရဲ့ နှလုံးသားလိုမျိုးပဲ သူ့နှလုံးသားလည်း လျင်မြန်စွာ ခုန်နေတာကို သူမ ခံစားလိုက်ရသည်။

“ချန်းရော့ယွီ....."

သူ သူမရဲ့ နာမည်ကို ခေါ်လိုက်သည်။

သူမ ပြန်မဖြေဘဲ သူ့ကိုသာ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက အရမ်းနူးညံ့နေပြီး သူက သူမကို သူ့ရင်ခွင်ထဲ ထည့်သွင်းကာ သူမ၏ ကျောပြင်ကို ပွတ်သပ်ရင်း သူမ၏ နာမည်ကို ထပ်ခေါ်လိုက်သည်။

“ချန်းရော့ယွီ......"

တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ... သူ ဘာလို့များ သူမကို ခဏခဏ ခေါ်နေရတာလဲ?

သူမ သူ့ရင်ဘတ်ထဲကို ခေါင်းဖွက်လိုက်ပြီး သူ့နှလုံးခုန်သံကို ကြားနေရရင်း ရယ်ချင်စိတ် ပေါ်လာသည်။

သူက စိတ်မပူ၊ အလျင်မလိုဘဲ သူမကို ဖြည်းဖြည်းချင်း ပွတ်သပ်နေသည်။ သူမကလည်း သူ့နည်းအတိုင်း ပြန်လည် ပွတ်သပ်ပေမယ့် မကြာမီမှာပင် သူ့ကို မယှဉ်နိုင်ကြောင်း သိလိုက်ရသည်။

သူက သူမဆီ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်လာသည်။ သူမ အသက်ရှူရခက်ခဲလာပြီး၊ နှလုံးခုန်နှုန်း အလွန်မြန်နေကာ၊ သူ့အသားအရေကတော့ ပူနွေးနေပြီး ကြွက်သားများ တင်းမာနေတာကို ခံစားနေရသည်။

သူတို့ရဲ့ အနေအထား ပြောင်းသွားပြီး သူက သူမ အပေါ်ကို ရောက်လာသည်။ သူက သူမရဲ့ နှုတ်ခမ်းများကို နမ်းသည်၊ ရင်သားများကို နမ်းသည်၊ ထို့နောက် ဝမ်းဗိုက်ကို နမ်း၏။ သူမရဲ့ခြေထောက်များကို သူ တွန်းထုတ်ခွဲလိုက်တာကို ခံစားလိုက်ရပြီး သူမ ရှက်ရွံ့သွားသည်။ သူမ စိုးရိမ်တကြီးဖြင့် ခန္ဓာကိုယ်ကို တောင့်တင်းလိုက်တဲ့အချိန် သူ့ရဲ့ နူးညံ့ပြီး နှစ်သိမ့်ပေးတဲ့အသံကို ကြားလိုက်ရသည်။

သူက ကိုယ်ကို အနည်းငယ် ကြွလိုက်ပြီး သူမ၏ နှုတ်ခမ်းများကို နမ်းကာ မေးလိုက်သည်။

“ချန်းရော့ယွီ၊ မင်း ရောင်းတဲ့ပစ္စည်းတွေ မင်းရဲ့အိတ်ထဲမှာ မတော်တဆ ပါလာတာမျိုး မရှိဘူးလား”

သူမ မျက်တောင်ခတ်လိုက်ပြီး သူပြောချင်တဲ့အရာကို နားလည်ဖို့အတွက် အချိန်ယူလိုက်ရသည်။

သူမရဲ့ အမူအရာကို ကြည့်ပြီး သူ သက်ပြင်းချလိုက်၏။

“ကိုယ့်မှာလည်း ဘာမှမရှိဘူး။ ဒီလောက်မြန်မယ်လို့ ကိုယ် မမျှော်လင့်ထားဘူး”

သူမ ထပ်ပြီးမျက်တောင်ခတ်လိုက်သည်။ ဒါဆို…?

“ဒါ အကုန်လုံး မင်းအပြစ်ပဲ။ မင်းက အမြဲ ဂျီကျနေပြီး မဆုံးဖြတ်နိုင်တာကြောင့် ကိုယ် ဒီအကြောင်းကို မစဉ်းစားရဲဘူး ဖြစ်နေတာ။ အခုတော့ ကိုယ် ကြိုတင်ပြင်ဆင်မှု မရှိဘူး”

သူက ညည်းညူနေသော်လည်း သူ့လက်များု သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဟိုဟိုဒီဒီ မရပ်မနား လှည့်လည်နေသည်။

သူ့၏ စူးစမ်းရှာဖွေနေသော လက်ချောင်းသွယ်များကြောင့် ချန်းရော့ယွီ အနည်းငယ် မျက်မှောင်ကြုတ်မိ၏။ သူ့စကားများကို သူမ လက်မခံနိုင်ပေ။ ဘာပဲဖြစ်ဖြစ် သူ ပြင်ဆင်မှု မရှိတာက သူမနဲ့ မသက်ဆိုင်ဘူးလေ။ အကယ်၍ သူမကို အပြစ်တင်ချင်တယ်ဆိုရင် အကြောင်းပြချက်ရှာဖို့ စိတ်ပူနေစရာ မလိုဘူး။

ကောင်းပြီ၊ ဒီလိုအချိန်မျိုးမှာ စကားပုံတစ်ခု စိတ်ထဲရောက်လာတာက ရယ်စရာကောင်းတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်က... သူ ဒီအတိုင်းပဲ လွှတ်ပေးတော့မှာလား။ နောက်တစ်ကြိမ် ပြင်ဆင်ပြီးတဲ့အထိ စောင့်နေတော့မှာလား။

သူမအတွက် ဘာမှ အရေးမကြီးဘူးလို့ ခံစားရပေမယ့် ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိနေသည်။ သူမ စိတ်ပျက်မိတာလား၊ ဒါမှမဟုတ် ဘာလုပ်ရမှန်းမသိ ဖြစ်နေတာလားတော့ သူမ မသိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ အနည်းငယ် ထူးဆန်းသည်ဟုသာ ခံစားရ၏။

သို့သော် နောက်တစ်ခဏတွင်တော့ သူမ၏ လက်ကောက်ဝတ်နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်ဖြင့် သူမ၏ ခေါင်းပေါ်တွင် ထိန်းချုပ်ခံလိုက်ရသည်။ သူမ၏ ကိုယ်အောက်ပိုင်းတွင် ပူလောင်သောအရာတစ်ခု ပွတ်တိုက်နေတာကို ခံစားလိုက်ရပြီး သူမ ဘာလုပ်ရမှန်းမသိဖြစ်ကာ သူ့ကို မေးရန် ပြင်လိုက်စဉ် ရုတ်တရက် ပူပြင်းသောအရာတစ်ခုက သူမထဲကို လျင်မြန်ပြတ်သားစွာ အတင်းအဓမ္မ ဝင်ရောက်လာတာကို ခံစားလိုက်ရသည်။ ကျူးကျော်မှုနှုန်းက အရမ်းမြန်တာကြောင့် သူမ အော်ခေါ်ချိန်ပင် မရလိုက်၊ နာကျင်မှုကို ခံစားချိန်ပင် မရလိုက်ပေ။ ဒီလိုမျိုး ခံစားရတာလား?

မုန့်ကုသည် သူမ၏ လက်ကောက်ဝတ်များကို လွှတ်ပေးလိုက်ပြီး ပွေ့ဖက်လိုက်ကာ သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်သည်။

ချန်းရော့ယွီ အနည်းငယ် ပင်ပန်းသလို ခံစားနေရတယ်။ ဒီအချိန်မှာ သူမ နာကျင်မှုကို ခံစားနေရပြီး ပူလောင်တဲ့ နာကျင်မှုမျိုး ဖြစ်ပေမယ့်လည်း အလွန်အမင်း မနာကျင်ပေ။ သည်းခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိ၏။ သို့သော် အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်သွားခြင်းကြောင့် လက်တွေ့မကျဟု ခံစားနေရသည်။

ဒီလိုမျိုး၊ ဟိုလိုမျိုး... ဒီဟာနဲ့ ဟိုဟာ... စသဖြင့် စကားပြော၊ ဆွေးနွေးပြီးမှ စတင်သင့်တာ မဟုတ်ဘူးလား?

လူယုတ်မာ! လူယုတ်မာ! လူယုတ်မာ!

သူမ ပြန်တုံ့ပြန်သည့်အနေဖြင့် သူ့ကို ကိုက်လိုက်တဲ့အခါ သူက ရှောင်ဖို့အတွက် ခေါင်းကို လှည့်လိုက်သည်။ သူက သူမကို စိုက်ကြည့်ကာ သတိပေးလာ၏။

"ဟေး!"

သူက သူမကို 'ဟေး' လို့တောင် ပြောရဲသေးတာလား?… ချန်းရော့ယွီ နှုတ်ခမ်းကို မဲ့လိုက်သည်။ မုန့်ကုသည် သူမကို ကိုက်လိုက်ပြီးနောက် လှုပ်ရှားမှုကို စတင်တော့၏

သူမ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူ့လက်မောင်းများကို ဆုပ်ကိုင်လိုက်သည်။ သူက ခေါင်းငုံ့ကာ သူမ၏ မျက်လုံးများကို နမ်းသည်။ သူမ မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ သူ ရယ်မောနေတာကို မြင်လိုက်ရသည်။

“ဒေါက်တာ မုန့်…”

နောက်ဆုံးတော့ သူမ စကားစပြောနိုင်ပြီ။

“အင်း…”

သူ တုံ့ပြန်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းရှိ လှုပ်ရှားမှုများကြောင့် သူမ အသက်ရှူကျပ်သွားသည်။

“မုန့်ကု…”

သူမ ထပ်ခေါ်သည်။

“အင်း…”

"တိုင်ရန်နိုဆောရပ်စ်…”

သူက သူမ၏ နှုတ်ခမ်းကို ကိုက်ရန် ခေါင်းညွှတ်ချလိုက်သည်။

“မစ္စတာ မက်မွန်ပွင့်တောအုပ်"

“ကိုယ့်မှာ နာမည်ပြောင် ဘယ်နှစ်ခု ရှိနေတာလဲ”

သူက အားပါတဲ့ ထိုးသွင်းမှုတစ်ခု ပြုလုပ်လိုက်သည်။

“အာ့!…”

သူမ အော်ဟစ်လိုက်ပြီး သူ့ကို ကုတ်ခြစ်မိမတတ် ဖြစ်သွား၏။ အဲ့ဒီနောက် သူမ ခေါ်လိုက်သည်။

“မွန်ဂိုဆရာဝန်”

သူ ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ့လှုပ်ရှားမှုအရှိန်နှင့် အားကို တိုးမြှင့်လိုက်သည်။

“မင်း ကိုယ့်ကို ဒေါက်တာ မုန့်လို့ ခေါ်တာကို ကိုယ်ကြိုက်တယ်”

“ဒါပေမဲ့ ရှင် ကျွန်မကို ‘ချန်းရော့ယွီ' လို့ ခေါ်တဲ့အခါတိုင်း ကျွန်မကို ဒုက္ခပေးတော့မယ်လို့ ကျွန်မကတော့ ခံစားရတယ်”

သူမသည် မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး အော်ဟစ်လိုစိတ်ကို ထိန်းချုပ်လိုက်၏။ အသက်ရှူသံ ပြတ်တောင်းပြတ်တောင်းဖြင့် သူမ အသံကို ညှစ်ထုတ်ပြောလိုက်သည်။

"ဒါပေမဲ့ အခုတော့ ကျွန်မ အသားကျသွားပါပြီ"

“ချန်းရော့ယွီ"

သူလည်း အသက်ပြင်းပြင်း ရှူနေပြီး သူ့ရဲ့ တင်းမာတဲ့ ကျောပြင်ကြွက်သားများပေါ်ရှိ ချွေးများကို သူမ ခံစားနေရသည်။

“ချန်းရော့ယွီ"

သူ ထပ်ခေါ်သည်။

“ဘာလဲ”

သူမ သူ့ကို စိုက်ကြည့်လိုက်တယ်။ သူ စိတ်အနှောင့်အယှက် ဖြစ်စရာ မကောင်းဘူးလား?

“ကိုယ်တို့ရဲ့ စကားပြောတာ အဓိပ္ပာယ်မရှိဘူး”

“အဓိပ္ပာယ်မရှိတာ ရှင်လေ။ ပြီးတော့ ရှင်ကပဲ ညည်းညူနေသေးတယ်”

သူမ သူ့ကို ဆူပူပြောဆိုပြီးတာနဲ့ သူက သူမရဲ့ ခြေထောက်ကို မတင်လိုက်ပြီး သူ့အတွက် ပိုမိုသင့်လျော်တဲ့ အနေအထားကို ပြောင်းလဲလိုက်သည်။

“ကျွန်မ မှားပါတယ်! မှားပါတယ်! အဓိပ္ပာယ်မရှိတာ ကျွန်မပါ”

ထို ကြောက်တတ်တဲ့ မိန်းကလေးက အလျင်အမြန်ပင် အသနားခံ တောင်းပန်လိုက်သည်။ ဒီအနေအထား အသစ်မှာ သူ့ရဲ့တွန်းအားက အရမ်းပြင်းထန်ပြီး သူမ၏ နှလုံးသားထဲအထိ နက်ရှိုင်းစွာ ဝင်ရောက်လာသလို သူမ ခံစားရသည်။ သူ ပြုလုပ်တဲ့ ထိုးသွင်းမှုတိုင်းက သူမကို လုံးဝ လွှမ်းမိုး ကျူးကျော်နေသကဲ့သို့ ဖြစ်နေသည်။

“ဒေါက်တာ မုန့်…”

သူမ သနားခံသည့်အနေဖြင့် ညည်းညူလိုက်သည်။ သို့သော် ထိုနာမည်ဖြင့် ခေါ်တာကို နှစ်သက်တယ်လို့ ပြောခဲ့တဲ့သူက သူမကို လျစ်လျူရှုထား၏။ သူက သူမကို ကျူးကျော်ဝင်ရောက်တဲ့အပေါ်မှာပဲ စိတ်ပါဝင်စားမှု အပြည့်အဝပေးထားပြီး သူမ ဘာမှပင် မပြောနိုင်တော့ပေ။

အပြင်ဘက်မှ လရောင်သည် တောက်ပနေသကဲ့သို့ ချန်းရော့ယွီ နှလုံးသားကိုလည်း ထင်ဟပ်နေသည်။ သူမသည် မုန့်ကု၏ မောဟိုက်သံများကို နားထောင်ပြီး သူ့ရဲ့ နာမည်ခေါ်သံကို ကြားနေရသည်။ သူမ သူ့ကို ပွေ့ဖက်ထားလိုက်ပြီး သူ ဦးဆောင်သည့်နောက် လိုက်ပါသွား၏။ ချွေးများနှင့် မြင့်တက်လာသော ကိုယ်အပူချိန်ကြောင့် သူမ အနည်းငယ် မူးနောက်နောက် ဖြစ်လာသည်။ သူမသည် မုန့်ကုကို တင်းကျပ်စွာ ဖက်ထားပြီး သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံများကို နားထောင်နေသည်။

ဒုန်း၊ ဒုန်း၊ ဒုန်း... ဒုန်း၊ ဒုန်း... ဒုန်း...

မောဟိုက်သံများသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လူနှစ်ယောက်ဟာ တင်းတင်းကျပ်ကျပ် ယှက်နွယ် ပွေ့ဖက်လျက် ရှိနေကြသည်။

“ချန်းရော့ယွီ၊ မင်း ကိုယ့်ကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူး ထင်တယ်”

“……”

ဒီအချိန်မှာ ဒီလိုကိစ္စကို ဂရုစိုက်တဲ့ ယောက်ျားဆိုရင် ကုတင်ပေါ်ကနေ ကန်ချခံသင့်တယ် မဟုတ်ဘူးလား?

ချန်းရော့ယွီ သမ်းလိုက်ပြီး အနည်းငယ် အိပ်ချင်လာသည်။

“ရှင်လည်း ကျွန်မကို တစ်ခါမှ မပြောဖူးဘူးလေ။ အာ… ဒါပေမဲ့ အခုတော့ မပြောနဲ့ဦး။ အခု ပြောရင် ရှင့်မှာ ရိုးသားမှု မရှိဘူးလို့ ခံစားရလိမ့်မယ်”

“……”

ဒီအချိန်မှာ အပြစ်ရှာတတ်တဲ့ မိန်းမဆိုရင် ဖင်ကို ရိုက်သင့်တယ် မဟုတ်လား?

မေ့လိုက်ပါတော့၊ မနှစ်မြို့စရာ ဘာမှမရှိဘူး။

ချန်းရော့ယွီသည် မုန့်ကုရဲ့ စကားပြောသံ မကြားတော့တဲ့အခါ အိပ်ရန် အသင့်ပြင်လိုက်၏။ဒါပေမဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ်က စိတ်အားထက်သန်နေဆဲ ဖြစ်ပြီး ရုတ်တရက် ပြောလိုက်သည်။

“ချန်းရော့ယွီ၊ မင်း မိသားစုကို ဘယ်လိုပြောရမလဲ ဆုံးဖြတ်ပြီးပြီလား”

“ဘာကိုလဲ”

“သူတို့ အချိန်ဆွဲပြီး ပြဿနာရှာဖို့ ကြိုးစားရင် မင်း ဘယ်လိုဖြေရှင်းမလဲ”

သူမ အတော်ကြာအောင် စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဖြေရှင်းရမယ့်အချိန် ရောက်ရင် ကျွန်မ သိလာမှာပါ”

သူက သူမကို အကြံတစ်ခု ပေးလိုက်သည်။

“မင်း ကိုယ့်ကို တိုက်ရိုက် အိမ်ခေါ်သွားလို့ရတယ်။ ကိုယ် သူတို့နဲ့ စကားပြောလိုက်မယ်”

“ဒေါက်တာ မုန့်၊ ကျွန်မ အကြောင်းကြားတာကို စောင့်ပါဦး”

မုန့်ကု အရမ်းမကျေမနပ်ဖြစ်သွားပြီး သူမ၏ ခေါင်းကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

အဲ့ဒီနောက် အဓိပ္ပာယ်မရှိတဲ့ စကားများ စပြောလာ၏။

“မဟုတ်ရင်လည်း ကိုယ့်ရဲ့လူပျိုဘဝက မင်းကြောင့် ဆုံးရှုံးသွားပြီ၊ ကိုယ့်အတွက် တာဝန်ယူရတော့မယ်လို့ ပြောလိုက်လို့ရတယ်”

“……”

ညဉ့်နက်ကြီးမှာ ပြဿနာ မဖန်တီးပါနဲ့!

“ဒါနဲ့မှ သူတို့ မယုံကြည်ဘူးဆိုရင် မင်း ကိုယ်ဝန်ရှိနေပြီလို့ ပြောလိုက်လို့ရတယ်။ ဒါက လိမ်တာ မဟုတ်ဘူး။ အခြေခံအချက်တစ်ခုပဲ”

“……”

ကောင်းပြီ၊ ဒါက ခုလေးတင် ဖြစ်ပျက်ခဲ့တဲ့

အချက်တစ်ခုဆိုတာ မှန်ပေမဲ့ သူ တကယ်ပဲ ဆရာဝန် ဟုတ်ရဲ့လား? ရက်အနည်းငယ်လောက်နဲ့ ဘယ်လိုသိနိုင်မှာလဲ?

“မင်း မမြင်ဘူးလား? စကားတွေ ဘယ်လိုပဲ ပြောပြော၊ ကိုယ် မင်းနဲ့အတူ အိမ်ပြန်ပြီး သူတို့နဲ့ စကားပြောတာက ပိုစိတ်ချရတယ်။ မင်း လုပ်နိုင်လိမ့်မယ်လို့ ကိုယ် မယုံကြည်ဘူး”

မစ္စတာ မက်မွန်ပွင့်တောအုပ်က သူ့အမြင်ကို ဆက်လက်ဖော်ပြနေသည်။

“ဒေါက်တာ မုန့်”

“ဘာလဲ”

“ကျွန်မ ရှင့်ကို ချစ်တယ်”

သူမကို ပွေ့ဖက်ထားတဲ့ အမျိုးသား၏ ခန္ဓာကိုယ် တင်းမာသွားတာကို သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူမ တိတ်တိတ်လေး ပြုံးလိုက်၏။

“ကျွန်မ ရှင့်ကို ချစ်တယ်”

သူမ ထပ်ပြောလိုက်သည်။ သူ စကားမပြောခင် သူမ ထပ်ပေါင်းထည့်လိုက်တာကတော့-

“ပါးစပ်ပိတ်ပြီး အိပ်တော့”

သူ တကယ်ပဲ ပါးစပ်ပိတ်သွားတယ်။

ချန်းရော့ယွီ ခပ်ရေးရေး ပြုံးလိုက်ပေမယ့် သူမရဲ့စိတ်ထဲမှာတော့ သူမရဲ့မိဘတွေထက် သူ့အဖေကို ကိုင်တွယ်ရ ပိုခက်ခဲလိမ့်မယ်လို့ တွေးလိုက်မိတော့သည်။

Translator -JJ

All Chapters