← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

Chapter 75-နှစ်သစ်ကူးမှာအိမ်ပြန်ခြင်း

E-trans note-ဒီအခန်းမှာတော့ စာရေးသူက ချန်းမိသားစုဝင်တွေကို မိတ်ဆက်ပေးပါလိမ့်မယ်။ တရုတ်လူမျိုးတွေမှာ မိသားစုဝင် တစ်ဦးစီအတွက် သီးခြား ခေါင်းစဉ်တွေ ရှိကြပါတယ်။ အနောက်တိုင်းမှာတော့ မိဘတွေရဲ့ မောင်နှမတွေကို ဦးလေး သို့မဟုတ် အဒေါ်လို့ စုပေါင်းခေါ်ဝေါ်လေ့ရှိပေမဲ့ တရုတ်လူမျိုးတွေမှာတော့ လူတစ်ဦးရဲ့ ကျား/မ၊ ရာထူး၊ အစ်ကို/အစ်မ သို့မဟုတ် မောင်/နှမ ဖြစ်ခြင်းနဲ့ ဖခင်ဘက်/မိခင်ဘက် ဆိုတဲ့ အချက်တွေကို ချက်ချင်း ခွဲခြားသိမြင်စေမယ့် သီးခြား ခေါင်းစဉ်တွေ ရှိကြပါတယ်။ ဒီ ခေါင်းစဉ်ကနေ လူတစ်ဦးရဲ့ ဆက်သွယ်မှု (မိဘတွေရဲ့ မောင်နှမလား ဒါမှမဟုတ် မိဘတွေရဲ့ တူ/တူမတွေလား) ကိုလည်း ဆင်းသက်လာနိုင်ပါတယ်။

စာဖတ်ရလွယ်ကူစေရန်အတွက် ချန်းမိသားစုဝင် တစ်ဦးစီကို ပေးထားတဲ့ ခေါင်းစဉ်များအတိုင်း ဘာသာပြန်ဆိုခြင်း မပြုဘဲ အစ်ကိုကြီး ဒါမှမဟုတ် ဒေါ်ကြီး စသည်ဖြင့် စုပြီးတော့ ခေါင်းစဉ် ပေးပါ့မယ်။

Chapter 75- နှစ်သစ်ကူးအတွက် အိမ်ပြန်ခြင်း

သူမ နွေဦးပွဲတော်အတွက် အိမ်ပြန်ဖို့ သတ်မှတ်ထားတဲ့ ရက်မတိုင်မီ ရက်အနည်းငယ်အတွင်းမှာ ချန်းရော့ယွီသည် မုန့်ကုရဲ့ အိမ်မှာ နေခဲ့သည်။ မုန့်ကုက သူမကို 'တစ်ညတာ အတူတူ နေခြင်း' မလုပ်ဘူးလို့ ပြောတုန်းက သူ ဆိုလိုတာကို သူမ နောက်ဆုံးတော့ နားလည်သွား၏။ သူ ဆိုလိုတာက 'ညတိုင်း' လုပ်ချင်တယ်ဆိုတာပဲ!

သူ သူ့အိမ်သော့ကို သူမကို ပြန်ပေးခဲ့ပြီး သူမ သက်ပြင်းချလိုက်သော်လည်း သူမ ဒါကို ကောက်မယူခဲ့ပေ။

သူ သော့ကို ပြန်ယူသွားရဲတယ်ဆိုရင် သူ သူမကို ထပ်မပေးသင့်ဘူး! သူ ဘယ်လိုလုပ် သူမကို ဒီလို စနောက်နိုင်တာလဲ။ သူမ သူ့ကို တောင်းပန်ဖို့၊ ပြန်လည် ဆင်ခြင်ဖို့နဲ့ နောင်တရဖို့ တောင်းဆိုခဲ့ပေမဲ့ သူ ငြင်းဆန်တယ်။ သူ သူ့အမှားတွေကို ဝန်ခံဖို့ ငြင်းဆန်တယ်၊ ပြန်လည် ဆင်ခြင်ဖို့ ငြင်းဆန်ပြီး နောင်တရဖို့ ငြင်းဆန်ကြောင်း ဖော်ပြတယ်။

သူ မလုပ်ချင်ဘူးဆိုရင် သူမလည်း မလုပ်ချင်ဘူး။ သူ မတောင်းပန်ဘူးဆိုရင် သူမ သူ့အိမ်သော့ကို ပြန်ယူဖို့ သဘောတူမှာ မဟုတ်ဘူး။

နောက်ဆုံးမှာတော့ သူ သူမကို သော့ယူဖို့ ဖိအား မပေးတော့ပေမဲ့ သူက အမြဲတမ်း သူမကို 'ပြန်ပေးဆွဲ' ပြီး နေ့တိုင်း သူ့အိမ်ကို ခေါ်သွားတော့သည်။

"မင်း ရုံးခန်းကနေ ထွက်ခဲ့ပြီလား။ ဘတ်စ်ကား မစီးနဲ့၊ ကိုယ် မင်းကို လာကြိုမယ်။ကိုယ် လမ်းမှာ"

"ကိုယ် ဗိုက်နာနေတယ်။ ညစာ စားဖို့ အချိန်တောင် မရှိဘူး။ဆေးရုံကန်တင်းက ပို့ပေးတဲ့ ထမင်းဘူးက အကြာကြီး အေးသွားပြီ၊ ပြီးတော့ ကိုယ် ဒါကို မစားချင်ဘူး။မင်း စားပြီးပြီ၊ ပြီးတော့ အိမ်မှာ တီဗီကြည့်နေတယ်ဆိုတော့ ကိုယ် ဘာလုပ်ရမလဲ။ကိုယ် အပြင်က စားသောက်ဆိုင်တွေကို ညစာစားဖို့ သွားချင်ဘူး၊ ဒါကြောင့် မင်း။လာပြီး ကိုယ့်အတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးလို့ရမလား။ ဘာလဲ? ကိုယ် မင်းအိမ်သွားပြီး မစားချင်ဘူး။ ကိုယ့်အိမ်က ခေါက်ဆွဲက ပိုပြီး စားချင်စဖွယ် ရှိတယ်။ ကိုယ့်အတွက် ဘယ်သူမှ ချက်ပြုတ်ပေးမှာ မဟုတ်ဘူးဆိုရင် ကိုယ် ငတ်သေရတော့မယ့်ပုံပဲ"

"တစ်ယောက်တည်း တီဗီကြည့်ရတာ အရမ်း အထီးကျန်တယ်။ ကိုယ့်အိမ်ကို ဘာလို့ မလာတာလဲ။ကိုယ့်တီဗီက ကြီးတယ်၊ ပြီးတော့ ကိုယ့်မှာ အိမ်တွင်းရုပ်ရှင်ရုံစနစ် ရှိတယ်။ကိုယ့်ခုတင်ကလည်း ပိုပြီး သက်သောင့်သက်သာ ရှိတယ်။ အဓိက အချက်က ကိုယ် မင်းအိမ် အောက်ထပ်မှာ ရှိနေတယ်။မင်း အောက်ကို မဆင်းလာရင် ကိုယ် အိမ်ပြန်မှာ မဟုတ်ဘူး"

ချန်းရော့ယွီ သူ့နဲ့အတူ ရက်အနည်းငယ်ကြာအောင် ပင်ပန်းစွာ လုပ်ကိုင်ပြီးတဲ့နောက် သူ့ကို စိတ်ပျက်နေပြီ ဖြစ်၏။ ပထမဆုံးအကြိမ်မှာ ဘာလို့ သူမက မစ္စတာတိုင်ရန်နိုဆောရပ်စ်ကို ဒီလောက် မိုက်ပြီး ခန့်ညားတယ်လို့ ခံစားခဲ့ရတာလဲ။ သိသိသာသာပဲ သူက ငြီးငွေ့စရာကောင်းပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်!

ယောက်ျားတစ်ယောက်ရဲ့ ဉာဏ်ရည်က တကယ်ပဲ စိတ်မချရဘူး!

ချန်းရော့ယွီ သူ့ကို အထင်အမြင်သေးပေမယ့် သူမက အမြဲတမ်း သူ့ပရိယာယ်တွေထဲကို ကျရောက်ခဲ့ရတယ်။ သူ ဟန်ဆောင်နေတယ်ဆိုတာ သူမ သိပေမယ့် သူမ သူ့ကို အမြဲတမ်း အလျှော့ပေး၏။

ဒါကြောင့် သူမ ချက်ပြုတ်တဲ့အခါ သူက သူမဘေးမှာ ပြဿနာရှာတတ်သည်၊ သူမ ပန်းကန်ဆေးတဲ့အခါ သူက သူမဘေးမှာ ညွှန်ကြားချက်တွေ ပေးနေတတ်သည်၊ သူမ သူ့အဝတ်အစားတွေ လျှော်တဲ့အခါ သူက သူ့အဝတ်အစားတွေကို ချွတ်ပြီး နေရာအနှံ့ ပစ်ပေါက်တတ်သည်။ သူမ အိမ်သန့်ရှင်းရေး လုပ်တဲ့အခါ သူက သူမဘေးမှာ နွေဦးပွဲတော်အတွက် သူ့ကို သူမအိမ်ကို လိုက်ခွင့်ပြုဖို့ တတွတ်တွတ် ရွတ်ဆိုနေတတ်သည်။

သေချာတာပေါ့၊ သူမ သဘောမတူခဲ့ဘူး။ ဒါကြောင့် သူက သူ ပြောတဲ့အရာကို လက်တွေ့ လုပ်ဆောင်ပြီး စုံတွဲဘဝရဲ့ ဘဝအတွေ့အကြုံတွေကို သူမကို လျင်မြန်စွာ ပေးအပ်တော့တယ်။

ချန်းရော့ယွီ ဝန်ခံရလိမ့်မယ်၊ ဒီ ရက်အနည်းငယ်လေးအတွင်းမှာ သူတို့ အတူတူ အိမ်ထဲ ဝင်ထွက်ခဲ့ကြတယ်၊ အတူတူ စားခဲ့ကြတယ်၊ အတူတူ အိပ်ခဲ့ကြတယ်၊ ပြီးတော့ သူတို့ တကယ်ပဲ စုံတွဲတစ်ခုလို ဖြစ်ခဲ့ကြတယ်။ သူတို့က တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းရဲ့ နှစ်သက်မှုနဲ့ လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် သူတို့ရဲ့ ဘဝထဲက အသေးစိတ်အချက်အလက်တွေနဲ့ အလေ့အကျင့်တွေရဲ့ မကိုက်ညီမှုတွေကို ချိန်ညှိကြတယ်

ကောင်းပြီ၊ ကုတင်ပေါ်က ကိစ္စတွေနဲ့ ပတ်သက်ပြီး သူမ မဆိုးဘူးလို့ ခံစားရတယ်။ ကောင်းပြီ၊ နှိုင်းယှဉ်စရာ မရှိပေမဲ့ ကောင်းတယ်လို့ ယူဆသင့်တာပေါ့။

သူတို့ ရင်းနှီးခဲ့တဲ့ ပထမဆုံးအကြိမ်မှာ သူမ နာကျင်မှုကလွဲပြီး ဘာမှ မခံစားခဲ့ရသလို၊ အဲဒီအပြင် သူ ငြီးငွေ့တဲ့အခါ သူက လေထုကို ဖျက်ဆီးပစ်သည်။ သို့သော်လည်း နောက်ပိုင်း အကြိမ်အနည်းငယ်မှာ ခံစားရတဲ့ ခံစားချက်တွေကို ပြည့်စုံတယ်လို့ သတ်မှတ်နိုင်ပါတယ်။

သူတို့ ဒုတိယအကြိမ် ရင်းနှီးတဲ့အခါ သူမ အထွတ်အထိပ်ကို ရောက်ရှိနိုင်ခဲ့ပြီး အဲဒီ ခံစားချက်ကို ခံစားခဲ့ရတယ်။ သူ့ပွေ့ဖက်မှုထဲမှာ သူမ တင်းကျပ်သွားပြီး ကျုံ့သွားတယ်၊ အဲ့ဒီနောက် သူမ ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်၏။ သူက မာနခံစားရပြီး တိုက်ပွဲကို ဆက်လုပ်ခဲ့ ပြီးတော့ သူမကို ဒုတိယအကြိမ် အထွတ်အထိပ်သို့ တွန်းပို့ခဲ့တယ်။ ချန်းရော့ယွီ ချွေးထွက်၊ ငို၊ အသက်ရှူကျပ်ပြီး ပျော်ရွှင်မှုနဲ့ တုန်ယင်နေခဲ့၏။ သူမ၏ တုံ့ပြန်မှုကြောင့် သူမ မျက်နှာနီရဲပြီး ရှက်ရွံ့ခဲ့ရသည်။

အဲ့ဒီရှက်စရာကောင်းတဲ့ ယောက်ျားရဲ့ အသက်ရှူသံ တိတ်ဆိတ်သွားပြီးတဲ့နောက် သူက ဒါဟာ သူ့ရဲ့ စစ်မှန်တဲ့ ခွန်အား ဖြစ်ကြောင်း၊ ပထမအကြိမ်ကို မရေတွက်သင့်ကြောင်း ကြေညာခဲ့သည်။ သူ ပြောပြီးတဲ့အခါ သူက စဉ်းစားပြီး ပထမအကြိမ်ကလည်း မဆိုးဘူးလို့ ယူဆသင့်တယ်လို့ ပြောခဲ့သည်။ သူ သူမကို သိပ်နာကျင်အောင် မလုပ်ခဲ့ဘူး၊ ဒါကြောင့် သူမ သူ့ကို ကောင်းမွန်တဲ့ အဆင့်သတ်မှတ်ချက် ပေးသင့်တယ်။ အဲ့ဒီနောက် သူ ထပ်စဉ်းစားပြီး ထပ်ဖြည့်ပြောတယ်။ အချိန်တိုင်း သူတို့ တစ်ဦးစီမှာ ပန်းတိုင်တစ်ခု ရရှိဖို့ ရည်ရွယ်ချက် ရှိပြီး အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်သင့်တယ်။

ဒါက တကယ်တော့ အဓိပ္ပာယ်မရှိတဲ့ စကားသာ ဖြစ်ပြီး ချန်းရော့ယွီ မျက်လုံးမှိတ်ကာ အိပ်ဟန်ဆောင်လိုက်သည်။ ဒီအချိန်မှာ သူမသာ သူ့နဲ့ ဆက်ပြီး စကားပြောမယ်ဆိုရင် သူ့အမြီး ကောင်းကင်အထိ တက်သွားလိမ့်မယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူမ တကယ်ပဲ အိပ်ပျော်သွားပေမယ့် သူမ အိပ်ပျော်ခါနီးမှာ ရုတ်တရက် ပထမအကြိမ်ကို သတိရမိတယ်... သူ စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်မလား။

သူမ နိုးလာတဲ့အခါ မုန့်ကုကြောင့် တကယ်ပဲ နိုးလာခဲ့ခြင်း ဖြစ်သည်။ သူက အိပ်ယာထနောက်ကျသွားပြီ၊ အချိန်က ကပ်နေပြီ၊ ပြီးတော့ သူ နောက်ကျတော့မယ်လို့ အော်ဟစ်နေတာဖြစ်၏။ တကယ်ပဲ အချစ်ဇာတ်လမ်းက အဆုံးသတ်ဆီ ဦးတည်တဲ့ သေခြင်းလမ်းကြောင်းလား။ သူမ အလုပ်သွားစရာ မလိုတာကြောင့် သူ နောက်ကျတာက သူမနဲ့ ဘာမှ မဆိုင်ပေ။ ဒါပေမဲ့ သူက လင်မယား သဟဇာတကို အပြင်းအထန် တောင်းဆိုခဲ့သည်၊ အတိုချုပ်အားဖြင့် သူ အိမ်ကနေ ထွက်ခွာတဲ့အခါ သူမ ပါဝင်ရမယ်။

အမည်းရောင် မျဉ်းကြောင်းများ ချန်းရော့ယွီ မျက်နှာကို ပြည့်နှက်သွားပြီး သူမ အရမ်း ဒေါသထွက်တာကြောင့် အံကြိတ်လိုက်သည်။ ဒီကမ္ဘာပေါ်မှာ အဆင်မပြေဆုံးနဲ့ အချစ်ရေး အားနည်းဆုံး ယောက်ျားက သူ ဖြစ်သင့်တယ် မဟုတ်လား။

နူးညံ့တဲ့ မနက်ခင်းအနမ်းလည်း မရှိဘူး၊ ' ကောင်းကောင်း အိပ်ပါ၊ ကိုယ် သွားတော့မယ်' ဆိုတဲ့ ကြင်နာတဲ့ တီးတိုးစကားလည်း မရှိဘူး။ 'မနက်စောစောမှာ ငါ နောက်ကျတယ်၊ ပြီးတော့ မင်း ငါနဲ့အတူ အလုပ်ကို အမြန်သွားဖို့ လိုက်ရမယ်' ဆိုတဲ့ သီအိုရီက ဘယ်လို ပေါ်ပေါက်လာခဲ့တာလဲ။

အတိုချုပ်အားဖြင့်၊ ခင်ပွန်းနဲ့ ဇနီးရဲ့ နေ့စဉ်ဘဝရဲ့ လှုံ့ဆော်မှုနောက်က လိုက်တဲ့ ရက်အနည်းငယ်မှာ သူတို့ ချို၊ ချဉ်၊ ခါး၊ စပ်ဆိုတဲ့ ဘဝရဲ့ အရသာတွေကို ခံစားခဲ့ကြရသည်။ ချန်းရော့ယွီ သူမရဲ့ မစ္စတာ တိုင်ရန်နိုဆောရပ်စ်က အရမ်း ယုံကြည်မှုရှိပြီး သူမ သူ့မရှိဘဲ မနေနိုင်ဘူးလို့ ခံစားနေတာကြောင့်လားဆိုတာ မသိပေ။ ဘာပဲဖြစ်ဖြစ် သူ သူ့ရဲ့ အနံ့ထွက်တဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ ဘာအားထုတ်မှုမှ မလုပ်ခဲ့ဘူး၊ နည်းနည်းလေး ပိုကောင်းအောင် ဟန်ဆောင်ဖို့တောင် မလုပ်ခဲ့ဘဲ သူမရှေ့မှာ သူ့ရဲ့ စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေးကိုပဲ ပြသခဲ့တယ်။

လက်ထပ်ပြီးသား လူအိုစုံတွဲလိုပဲ၊ ဒီတော့ ဘာဖြစ်လဲ။

ဒါပေမဲ့ သူမ နောက်ဆုံးတော့ သူ့ကို နွေဦးပွဲတော်အတွက် သူမနဲ့အတူ အိမ်ခေါ်မသွားခဲ့ပေ။ ဘာလို့လဲဆိုတော့ သူမ ပြန်ဖို့ တစ်ရက်အလိုမှာ သူမ အမေဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး သူမဆီကနေ ဆူပူကြိမ်းမောင်းတာ ခံခဲ့ရသည်။

အကြောင်းရင်းကတော့ ကျိုးကျယ်ဟာ လုပေါင်နီကို သူ့နဲ့အတူ အိမ်ခေါ်သွားခဲ့တာကြောင့် ဖြစ်ပြီး အမေချန်း စုံစမ်းပြီးမှသာ သူမရဲ့ ချန်းမိသားစုနဲ့ ကျိုးမိသားစုကြားက လက်ထပ်ပွဲ အစီအစဉ်တွေ ပျက်ပြားသွားပြီဆိုတာ သိခဲ့ရသည်။ သူမ ထပ်ပြီး စုံစမ်းခဲ့ပြီးနောက် သူမရဲ့ သမီးက တကယ်တော့ သူတို့ကို ကူညီပေးခဲ့တဲ့သူ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့သည်။ သူမကပဲ တခြားမိန်းကလေးတစ်ဦးကို သူ့ကို လိုက်စေဖို့ အားပေးခဲ့ခြင်း ဖြစ်၏။ ဒီအချက်က အမေချန်းကို အရမ်း ဒေါသထွက်စေပြီး သူမရဲ့သမီးက သူမကို တမင်တကာ ဆန့်ကျင်နေတယ်လို့ ခံစားရစေသည်။

ထို ဖုန်းခေါ်ဆိုမှုက တော်တော်လေး စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ သူမအမေရဲ့ ပြစ်တင်ဝေဖန်မှုအောက်မှာ ချန်းရော့ယွီက သူမရဲ့အမေကို သူမမှာ ချစ်သူ ရှိနေပြီဖြစ်ကြောင်း ပြောပြလိုက်သည်။ သူက A-မြို့က ဖြစ်ပြီး ဆရာဝန်တစ်ယောက် ဖြစ်သည်။ ဒါပေမဲ့ အမေချန်းက နားမထောင်ဘဲ သူမရဲ့သမီးက အရင်က လိမ်ပြောခဲ့တဲ့ မှတ်တမ်း ရှိနေတာကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူမ(အမေချန်း) သူမ ( ချန်းရော့ယွီ)ကို မယုံခဲ့ဘူး၊ နားမထောင်ခဲ့ဘဲ ဖုန်းချလိုက်သည်။

ချန်းရော့ယွီ သက်ပြင်းချလိုက်ပြီး သူမ နစ်နာတယ်လို့ ခံစားရ၏။ သူမ မုန့်ကုကို တိုက်ရိုက် အိမ်ခေါ်သွားရင် ရလဒ်အနေနဲ့ သူ သူမမိသားစုရဲ့ မကောင်းတဲ့ဘက်ကို မြင်တွေ့ရမှာကို သူမ စိုးရိမ်သည်။ သူမ ဒါကို အကြိမ်ကြိမ် စဉ်းစားခဲ့ပြီး ဒီ အားလပ်ရက်အတွင်း အိမ်ပြန်ပြီး ဒီအခြေအနေကို ရှင်းပြဖို့ ဆုံးဖြတ်လိုက်သည်။ သူမ မိဘတွေရဲ့ ခွင့်ပြုချက် ရရှိပြီး၊ လူတိုင်း သဘောတူညီမှု ရရှိကာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ရှိပြီးမှသာ သူမ မုန့်ကုကို အိမ်ခေါ်လာမယ်။

ဒါကြောင့် မုန့်ကုရဲ့ နစ်နာပြီး အထင်အမြင်သေးတဲ့ မျက်လုံးများအောက်မှာ သူမ သူမ၏ အိတ်ကို သယ်ဆောင်ပြီး နှစ်သစ်ကူးအတွက် အိမ်ပြန်သွားသည်။

ဘတ်စ်ကားပေါ် ထိုင်ရင်း သူမ မုန့်ကုနဲ့ တစ်လမ်းလုံး စကားပြောခဲ့တာကြောင့် သူမ၏ ဖုန်း ဘက်ထရီကုန်လုနီးပါး ဖြစ်သွားသည်။ ဒီလူက သူမရဲ့ ခရီးတစ်လျှောက်လုံး မကြာခဏ ဖုန်းဆက်နေပြီးတော့ သူမ C-မြို့ကို မရောက်သေးခင်မှာပဲ သူ့ကို လွမ်းနေသည်။

သူမ အိမ်နဲ့ နီးလာလေလေ၊ သူမ၏ နှလုံးသား ပိုပြီး လေးလံလာလေလေ ဖြစ်၏။ သူမရဲ့မိသားစုက ဘယ်အချိန်ကတည်းက သူမ ပြန်လာဖို့ မျှော်လင့်နေပြီး တစ်ချိန်တည်းမှာ အကွာအဝေးတစ်ခုကို ထိန်းသိမ်းချင်တဲ့ ဖိအားတစ်ခု ဖြစ်လာခဲ့တာလဲ။ အဓိက ဝင်ပေါက်မှာ ရပ်နေရင်း သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ သူမ အရင်ကနဲ့ မတူတော့ဘူး။ ဒီ နှစ်သစ်ကူးမှာ သူမ အိမ်က ဆက်ဆံရေးကို သဟဇာတ ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ အမေနဲ့ အဖေက သူမကို နားလည်လိမ့်မယ်။

သူမ တံခါးခေါက်ဖို့ လက်မြှောက်လိုက်တဲ့အချိန် ရုတ်တရက် တံခါး ပွင့်သွားပြီး သူမ တံခါးနောက်က ရင်းနှီးတဲ့ မျက်နှာများကို မြင်လိုက်ရသည်။ သိသိသာသာပဲ သူတို့ အပြင်ထွက်ဖို့ ပြင်ဆင်နေကြပြီး ချန်းရော့ယွီကို မြင်တော့ သူတို့ အော်ဟစ်လိုက်ကြသည်။

"ရှောင်ယွီ ပြန်ရောက်လာပြီ!"

အိုးးး! အမေရေ! အိမ်ထဲမှာ လူအပြည့်ပဲ! သူမရဲ့ ဦးရေပြား ထုံကျင်လာပြီနော်။

သူမ၏ တခြားမြို့က အဒေါ်ငယ်၊ သူမ၏ ဦးလေးငယ်၊ သူမ၏ အခြား ဦးလေးများအားလုံးနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုများလည်း ရှိနေသည်။ ရုတ်တရက် ချန်းရော့ယွီ အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။ ဘာလို့ ဒီနှစ် နွေဦးပွဲတော်ကို သူမရဲ့ဆွေမျိုးအားလုံးနဲ့ သူတို့ရဲ့ မိသားစုတွေ ဒီမှာ လာကျင်းပနေကြတာလဲ။ သူမ သူမရဲ့ မိဘတွေနဲ့ ဘယ်လို စကားပြောရမလဲ။

ချန်းရော့ယွီရဲ့ ကံကောင်းခြင်းက သိပ်မကောင်းဘူးဆိုတာ သေချာတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူမရဲ့ ဆွေမျိုးတွေက သူတို့ရဲ့ သက်ဆိုင်ရာ အိမ်တွေမှာ နှစ်စဉ် ကျင်းပခဲ့ကြပေမဲ့ ဒီနှစ်မှာ မိသားစုအားလုံး ရုတ်တရက် သူတို့ရဲ့ နေရာကို ပြောင်းပြီး C-မြို့မှာ နွေဦးပွဲတော်ကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူမ၏ ဦးလေးငယ်နဲ့ သူ့မိသားစုလည်း အဘွားကို အိမ်ခေါ်လာကြတယ်။ မိသားစုကြီးတစ်ခု နှစ်သစ်ကူးကို ကျင်းပတာ ပျော်ရွှင်စရာ အခါသမယ ဖြစ်သင့်ပြီး သူမ အချိန်အကြာကြီး မတွေ့ခဲ့ရတဲ့ အဘွားကို တွေ့ရတာ သူမ အရမ်း ပျော်ရွှင်မိပေမဲ့ သူမအတွက်ကတော့ သက်ကြီးရွယ်အို အုပ်စုတစ်စုနဲ့အတူ ပိတ်မိနေတဲ့ အခြေအနေက မျက်ရည်မကျဘဲ ငိုရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။

"ရှောင်ယွီ၊ နင့်အမေ ပြောတာက ခုချိန်ထိ နင့်မှာ လက်တွဲဖော်မရှိသေးဘူးတဲ့။ ဘယ်လိုဖြစ်တာလဲ။ ငါ့မိသားစုရဲ့ လဲ့လဲ့ကို ကြည့်ဦး၊ သူ(မ) မကြာခင် လက်ထပ်တော့မယ်"

ဒါကို သူမ အဖေရဲ့ မောင်ဝမ်းကွဲဖြစ်တဲ့ အသံကျယ်တဲ့ ဦးလေးတစ်ဦးက ပြောခြင်း ဖြစ်သည်။

သူ့သမီး လဲ့လဲ့က အသက် သုံးဆယ်နီးပါး ရှိနေပြီ၊ သူမ လက်ထပ်တာ ပုံမှန်ပဲ၊ မဟုတ်ဘူးလား။ ချန်းရော့ယွီ အားနည်းစွာ ညည်းညူလိုက်ပြီး အသံသေးသေးဖြင့် ပြောလိုက်သည်။

"သမီးမှာ ချစ်သူ ရှိနေပါပြီ"

ဒါပေမဲ့ ဘယ်သူမှ သူမရဲ့စကားတွေကို သတိမထားခဲ့ကြသလို လူတိုင်းကလည်း ထူးဆန်းစွာ မကြားကြပေ။ အမေချန်းုလည်း သူမကို ထိုးဖောက်တဲ့ အကြည့်တစ်ချက် ပစ်ပေးလာသည်။

သူမ သက်ပြင်းချလိုက်၏။ သူမ ဘာလုပ်ရမလဲ။ သူမမှာ တကယ်ပဲ ချစ်သူရှိနေတာကို!

"ရှောင်ယွီ၊ နင် အခု ဘယ်လို အလုပ်မျိုး လုပ်နေတာလဲ။ တစ်လကို ဘယ်လောက် ဝင်ငွေရှိလဲ။နင့်ရဲ့ ဝမ်းကွဲ အစ်ကိုငယ်က အခု အရမ်းတော်နေပြီ၊ ပြီးတော့ သူ L-မြို့က ဝိုင်မြေအောက်ခန်းရဲ့ မန်နေဂျာ ဖြစ်နေပြီ။အခု သူ အိမ်နဲ့ ကား ရှိနေပြီ။နင် ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ဒီတစ်ကြိမ်မှာတော့ ချန်းရော့ယွီ စကားပြောဖို့ ပါးစပ် မဖွင့်ခင်မှာပဲ အမေချန်းက သူမကို စူးစိုက်ကြည့်လိုက်သည်။ သူမက မန်ဒရင်းလိမ္မော်သီးတစ်လုံးကို ချန်းရော့ယွီရဲ့ လက်ထဲ ထည့်ပေးပြီး သူမကို တိတ်ဆိတ်နေဖို့ သွယ်ဝိုက်စွာ ပြောလာသည်။ ချန်းရော့ယွီ လိမ္မော်သီးအဖတ်အနည်းငယ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး စကားမပြောပေ။

"ရှောင်ယွီ၊ အလုပ်က အရေးမကြီးဘူး၊ ဒါပေမဲ့ ချစ်သူရှာတဲ့ ကိစ္စအတွက် နင် စောစောစီးစီး အစီအစဉ်ဆွဲရမယ်။ အလုပ်ကောင်းတစ်ခုရတာထက် ကောင်းကောင်း လက်ထပ်တာက ပိုကောင်းတယ်။အဒေါ် နင့်ကို ချစ်သူတွေ မိတ်ဆက်ပေးနိုင်တယ်၊ နင် ဘယ်လို ထင်လဲ"

ချန်းရော့ယွီ လိမ္မော်သီးကို မျိုချလိုက်ပြီး အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။

"မလိုပါဘူး၊ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်။အဒေါ်ငယ် သမီးမှာ တကယ်ပဲ ချစ်သူရှိပါတယ်"

ဒီဝါကျကို လူတိုင်းက ထူးဆန်းစွာ လျစ်လျူရှုထားကြပြန်ပြီး အဒေါ်ငယ်ရဲ့ အာရုံကို အမေချန်းက ဖျက်လိုက်သည်။ အမေချန်းက မူလက အရမ်းကောင်းတဲ့ လက်တွဲဖော်တစ်ဦး ရှိခဲ့ပေမဲ့ ချန်းရော့ယွီက အလုပ်များလွန်းတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးကို တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောပြသည်။ ရလဒ်ကတော့ ချန်းရော့ယွီက အရမ်း ကံမကောင်းခဲ့တာကြောင့် တခြားမိန်းကလေးက ပိုမြန်ပြီး သူ့ကို အရင် ဖမ်းမိသွားခဲ့သည်။ အဒေါ်ငယ်မှာ သူမကို မိတ်ဆက်ပေးဖို့ ကောင်းမွန်တဲ့ လက်တွဲဖော်တချို့ ရှိတယ်ဆိုရင် အရမ်း ကောင်းတယ်။ လူကြီးတွေက အလားအလာရှိတဲ့ ချစ်သူတွေရဲ့ အခြေအနေတွေကို ကူညီပြီး ကြည့်ရှုပေးနိုင်တယ်။

ဒါနဲ့ပဲ အဒေါ်ငယ်က လက်ထဲမှာ ရှိတဲ့ လက်မထပ်ရသေးတဲ့ လူငယ်အားလုံးကို ချပြလိုက်ပြီး အိမ်ရှိ လူကြီးများက သူတို့ရဲ့ ဆွေးနွေးမှုကို စတင်လိုက်ကြသည်။ အမေချန်းက ဒီတစ်ယောက်က သိပ်မကောင်းဘူးလို့ ခံစားရပြီး ဦးလေးငယ်ကတော့ ကြွားလုံးထုတ်ကာ ချန်းရော့ယွီရဲ့ အခြေအနေကို ကြည့်ရင် အမေချန်းက သိပ်ပြီး ရွေးချယ်မနေသင့်ဘူးလို့ ပြောလာသည်။ အမေချန်းက မပျော်မရွှင်ဖြစ်ကာ နှုတ်ခမ်းကို စူလိုက်၏။

အိမ်က အရမ်း ဆူညံနေပြီး ချန်းရော့ယွီရဲ့ ထင်မြင်ချက်ကို ဘယ်သူမှ မမေးကြပေ။ သူမ တိတ်ဆိတ်စွာ လိမ္မော်သီးတစ်ဖတ်ကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး အသက်ရှူကျပ်သလို ခံစားရသည်။

သူမဘေးမှာ ထိုင်နေတဲ့ အဘွားက သူမရဲ့ လက်ကို ချန်းရော့ယွီ ဆန့်တန်းလိုက်သည်။ ချန်းရော့ယွီ ခေါင်းလှည့်ပြီး သူမကို မြင်တဲ့အခါ သူမ အလျင်အမြန် အဘွားရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ အဘွားရဲ့ အကြားအာရုံက သိပ်မကောင်းတာကြောင့် လူတိုင်းရဲ့ စကားတွေကို ရှင်းရှင်းလင်းလင်း မကြားပေ။ သူမက မေးလာသည်။

"သူတို့ နင့်ကို လက်တွဲဖော် မိတ်ဆက်ပေးတော့မှာလား"

"အဘွား၊ သမီးမှာ ချစ်သူ ရှိနေပါပြီ"

"နင့်မှာ ချစ်သူ ရှိနေပြီလား"

အဘွားအို ပြုံးလိုက်သည်။

"ဒါဆို ကောင်းတာပေါ့။ သူ ဘာလုပ်လဲ"

"အဘွား၊ သူက ဆရာဝန်ပါ"

"ဆရာဝန်လား။ ကောင်းတာပေါ့။သူ ရုပ်ချောလား"

"ချောတယ်၊ အဘွား"

"သူ နင့်အပေါ် ကောင်းရဲ့လား"

"အရမ်း ကောင်းပါတယ်၊ အဘွား"

"သူ့နာမည် ဘယ်လိုခေါ်လဲ"

"သူ့နာမည်က မုန့်ကုပါ၊ အဘွား"

ဒီလိုနဲ့ သူမ အမေနဲ့ လူကြီးတွေ ချန်းရော့ယွီရဲ့ ဘလိုင်းဒိတ်တွေ့မှုအကြောင်း ဆွေးနွေးနေတဲ့အချိန်မှာ ချန်းရော့ယွီက မုန့်ကုကို သူမရဲ့ အဘွားနဲ့ မိတ်ဆက်ပေးလိုက်သည်။ ဒါပေမဲ့ သူမရဲ့ အဘွားပဲ သိရုံနဲ့ မလုံလောက်ပေ၊ ဘာလို့လဲဆိုတော့ သူမရဲ့ အဘွားက အသက်ကြီးနေပြီ၊ ပြီးတော့ ရှုပ်ထွေးနေပြီ ဖြစ်၏။ ချန်းရော့ယွီ မုန့်ကုအကြောင်း ပြောတာ နားထောင်ပြီးနောက် နောက်နေ့မှာ သူမ ချန်းရော့ယွီကို ထပ်မေးသည်။

"ရှောင်ယွီ၊ နင့်မှာ ချစ်သူ ရှိရဲ့လား"

"သမီးမှာ ချစ်သူ ရှိပါတယ်၊ အဘွား"

ချန်းရော့ယွီ အလွန် စိတ်ရှည်စွာ ပြောပြလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ဘေးနားမှာ ထိုင်နေတဲ့ အသက်ကြီးတဲ့သူက သူမ စကားကို ကြားသွားပြီး ချန်းရော့ယွီကို ကူဖြေပေးသည်။

"အမေ၊ စိတ်မပူပါနဲ့။ ရှောင်ယွီမှာ ချစ်သူ ရှိပါတယ်၊ သူက အလုပ်ကောင်း တစ်ခု ရှိပြီး သူတို့ အရမ်း ကောင်းကောင်းမွန်မွန် နေကြပါတယ်"

"ဪ... ဪ"

ကြိမ်လုံး ကိုင်ထားတဲ့ အဘွားအိုက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်။ ရှောင်ယွီရဲ့ ချစ်သူက ဆရာဝန်တစ်ယောက်ပဲ။ အခု ငါ မှတ်မိပြီ"

"ဟုတ်တယ်၊ သူက ဆရာဝန်ပါ"

ချန်းရော့ယွီ သူမအဘွားရဲ့ တွန့်လိမ်နေတဲ့ လက်ကို ထိလိုက်ပြီး သူမကို ပြုံးပြလိုက်သည်။

သူမဘေးနားက အသက်ကြီးတဲ့သူက ချန်းရော့ယွီ ထပ်ပြီး ဖြေပေးသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူက ဆရာဝန်"

ထို့နောက် အသက်ကြီးတဲ့သူက တီးတိုး ပြောလိုက်သည်။

"အမေက ပိုပြီး ရှုပ်ထွေးလာပြီ။ ရှောင်ယွီအတွက် ဆရာဝန်ကို ချစ်သူအဖြစ်တောင် စဉ်းစားပေးခဲ့သေးတယ်။ဒီမတိုင်ခင်က ငါ သူ(မ)ကို ငါတို့ နှစ်သစ်ကူးအတွက် ပြန်တော့မယ်လို့ ပြောပြထားတာ၊ ပြီးတော့ သူ(မ)က မင်းတို့ အားလုံး နှစ်သစ်ကူးအတွက် လာမှာလားလို့ ဆက်တိုက် မေးနေခဲ့တာ။အသက်ကြီးလာရင် တကယ်ပဲ အသုံးမကျတော့ဘူး"

ချန်းရော့ယွီ သူမအဘွားရဲ့ လက်ကို ပွတ်သပ်ပေးပြီး သက်ပြင်းချလိုက်သည်။

သူမရဲ့ဆွေမျိုးအားလုံး လာရောက်ကြတာကြောင့် ချန်းရော့ယွီရဲ့ အိမ်က ရှုပ်ထွေးနေသည်။ သူမက သူမရဲ့အဘွားနဲ့ အဒေါ်ငယ်တို့နဲ့အတူ အိပ်ခန်းတစ်ခုထဲကို တိုးဝင်ခဲ့ရပြီး လူကြီးနှစ်ဦးက ကုတင်ပေါ် အိပ်ကြကာ သူမက ကြမ်းပြင်ပေါ်မှာ အိပ်ရသည်။ သူမရဲ့ဦးလေးငယ်နဲ့ သူ့မိသားစုက သူမ မောင်လေးရဲ့ အိပ်ခန်းမှာ အိပ်ကြပြီး သူမရဲ့မောင်လေးကတော့ ဧည့်ခန်းက ဆိုဖာပေါ် အိပ်ဖို့ အတင်းအကျပ် ခိုင်းခံခဲ့ရသည်။

သူမရဲ့အဘွားနဲ့အဒေါ်ငယ်တို့က တစ်ညလုံး ဟောက်ကြ၏။တစ်ယောက်က အသံမြင့်ဖြင့် ဟောက်ပြီး နောက်တစ်‌ေယာက်က အသံနိမ့်ဖြင့် ဟောက်သည်။ သူမ ကြမ်းပြင်ပေါ် အိပ်ရတာ အနွေးဓာတ် ထိန်းသိမ်းဖို့ ခက်ခဲပြီး အဲဒီအပြင် လူကြီး နှစ်ယောက်ရဲ့ ဟောက်သံကြောင့် ဒီရက်အနည်းငယ်အတွင်း သူမ ကောင်းကောင်း အိပ်မပျော်ပေ။ ဧည့်ခန်းက ဆိုဖာပေါ် အိပ်ရတဲ့ သူမရဲ့ မောင်လေးကတော့ တတိယနေ့မှာ အအေးမိသွား၏။ သူတို့နှစ်ယောက်လုံး အဖေချန်းကို တိုင်တောတဲ့အခါ အဖေချန်းက သူတို့ကို သည်းခံဖို့ ပြောသည်။ သူက သူတို့ အားလုံး မိသားစုတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ဆွေမျိုးတွေ ဟိုတယ်မှာ တည်းခိုဖို့က မကောင်းဘူးလို့ ပြော၏။ သူတို့ သူတို့ရဲ့ ဧည့်သည်တွေကို ဘယ်လိုလုပ် အပြင်မှာ တည်းခိုခိုင်းနိုင်မလဲ၊ ပြီးတော့ တခြားသူတွေက သူတို့ မိသားစုကို ဘယ်လို မြင်မလဲ။ သူတို့ ဧည့်သည်တွေကို အချိန်အနည်းငယ်လေးပဲ ဧည့်ခံလို့ မရဘူးလား။

ချန်းရော့ယွီက သူမ သူတို့ကို ဟိုတယ်မှာ တည်းခိုဖို့ ဖိတ်ခေါ်မယ်၊ ပြီးတော့ သူမ ငွေရှင်းပေးမယ်လို့ ပြောလိုက်သည်။ ရလဒ်အနေနဲ့ အဖေချန်းက သူမကို ဆုံးမလိုက်ပြီး သူမရဲ့ ပိုက်ဆံတွေ ဘယ်က ရတာလဲလို့ မေးလာသည်။

"အခု နင့်အမေမှာ နင်နဲ့ စကားပြောဖို့ အချိန်မရှိဘူး၊ ဆွေမျိုးတွေ သွားတဲ့အခါ နင့်မိဘတွေ နင်နဲ့ ဒီကိစ္စကို ဆွေးနွေးကြလိမ့်မယ်။ ဆွေမျိုးတွေကို ဟိုတယ်မှာ တည်းခိုဖို့ ဖိတ်ခေါ်တာ ပိုက်ဆံကြောင့် သက်သက် မဟုတ်ဘူး၊ ဘယ်သူကများ ဟိုတယ်မှာ တည်းဖို့ ပိုက်ဆံ မရှိလို့လဲ။ဒါက တခြားသူတွေရဲ့ အဆင်ပြေမှုအတွက်ပဲ၊ ပြီးတော့ ဆွေမျိုးတွေကို အပြင်မှာ တည်းဖို့ ဖိတ်တာ ဘယ်လောက် ဆိုးဝါးလိုက်မလဲ"

ချန်းရော့ယွီ မဖြေနိုင်ခင်မှာပဲ သူ့ကို အမေချန်းက လှမ်းခေါ်လိုက်သည်။

မောင်လေးချန်းက သနားစရာကောင်းတဲ့ အမူအရာနဲ့ ဒေါသတကြီးနဲ့ အကူအညီမဲ့နေတယ်လို့ ခံစားရစ။

"'ဘယ်သူကများ ဟိုတယ်မှာ တည်းဖို့ ပိုက်ဆံ မရှိလို့လဲ' ဆိုတာ ဘာလဲ... ဒါက သူတို့ နှမြောလို့! မိသားစုထဲမှာ လူတိုင်း နှမြောတတ်တယ်!"

"နင် သွားပြီး ဟိုတယ်မှာ တည်းလို့ရတယ်၊ ငါ နင့်အတွက် ဟိုတယ်ဘေလ် ရှင်းပေးမယ်"

ချန်းရော့ယွီ မသွားနိုင်ပေမဲ့ သူမ မောင်လေးအတွက် စိတ်မချမ်းမသာ ခံစားရသည်။

မောင်လေးချန်းရဲ့မျက်နှာ ပျော်ရွှင်မှုနဲ့ လင်းလက်သွားပြီးမှ စိတ်ဓာတ်ကျသွားပြန်သည်။ သူတို့မိဘတွေက ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး၊ ပြီးတော့ သူတို့မှာ ပိုက်ဆံရှိရင်တောင် အပြင်မှာ သွားမတည်းရဲဘူး။

"ဒီလောက်တောင် ကြောက်တတ်ရလား"

ချန်းရော့ယွီ သူမ၏ စိတ်ပျက်မှုကို ဖော်ပြလိုက်သည်။

"နင်လည်း ကြောက်တတ်တာပဲ"

မောင်လေးချန်းကလည်း သူမအပေါ် အထင်အမြင်သေးမှုကို ဖော်ပြလာသည်။

"နင် ငါနဲ့အတူ ကြီးမားတဲ့ အာဏာကို မဆန့်ကျင်ရဲဘူး၊ ပြီးတော့ ငါ့ကို တစ်ယောက်တည်း သွားခိုင်းတယ်။ ငါ ကိုယ့်ကိုယ်ကို အမြောက်စာ ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး၊ ပြီးတော့ အမေ ငါ့ကို ဆူတာ ခံရဖို့ ခွင့်မပြုနိုင်ဘူး"

ချန်းရော့ယွီ မျက်မှောင်ကြုတ်လိုက်ပြီး သူမ တကယ် မလုပ်ရဲဘူးဆိုတာ သိလိုက်သည်။ မောင်လေးချန်း ပြောသည်။

"ငါတို့ ကိုယ့်ကိုယ်ကို နိမ့်ကျတယ်လို့ ခံစားဖို့ မလိုဘူး။ အဖေ့ကို ကြည့်ပါဦး၊ သူလည်း အတူတူပဲ မဟုတ်ဘူးလား၊ ငါတို့ သူ့ဆီကနေ အမွေဆက်ခံခဲ့တာ၊ ဒါကြောင့် ငါတို့ကို အပြစ်တင်လို့ မရဘူး"

တစ်နေ့တည်းမှာပဲ ချန်းရော့ယွီ မုန့်ကုကို လျှို့ဝှက်စွာ ဖုန်းခေါ်ပြီး ဒီကိစ္စကို ပြောပြလိုက်သည်။ မုန့်ကု သက်ပြင်းချလိုက်၏။

"မင်းမိသားစုက တကယ်ပဲ ကြောက်တတ်တဲ့ လူစုပဲ... အရမ်း အသုံးမကျဘူး"

ချန်းရော့ယွီ မပျော်ပေ။ သူမရဲ့စိတ်ထဲမှာ သူမ တွေးလိုက်တယ်... ရှင့်မှာ စွမ်းရည်ရှိရင် လာပြီး ဒါကို ခံစားကြည့်၊ အဲဒါဆို ရှင် သိလိမ့်မယ်။

ဒါပေမဲ့ မုန့်ကုက ဖိတ်ခေါ်ခြင်းမရှိဘဲ တကယ် ရောက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ!

နှစ်သစ်ကူးရဲ့ တတိယနေ့မှာ ချန်းရော့ယွီ၊ ကောင်းယွီလန်နဲ့ ရင်းဇယ်တို့ဟာ အတန်းဖော်ဟောင်းများ ပြန်လည်ဆုံဆည်းပွဲကို တက်ရောက်ကြသည်။ အတန်းပြန်လည်ဆုံစည်းပွဲ၏ ဆောင်ပုဒ်မှာ 'ချီနာရဲ့ အနိုင်ကျင့်ခြင်းနှင့် ကောင်းယွီလန်ရဲ့ ပြန်လည်ခုခံခြင်း' ဖြစ်၏။ ချန်းရော့ယွီမှာ နောက်ခံဇာတ်ရုပ်သာ ရှိတာကြောင့် သူမ ဘာဖိအားမှ မခံစားရပေ။ သူမက ကောင်းယွီလန်အတွက်လည်း စိတ်မပူချေ။ဘာလို့လဲဆိုတော့ သူမ( ကောင်းယွီလန်)ရဲ့ ဘေးမှာ သူမရဲ့ သူဌေးက ကာကွယ်ပေးဖို့ ရှိနေပြီး နောက်ခံဇာတ်ရုပ်သာ ရှိတဲ့ ချန်းရော့ယွီက ရှိုးပွဲမှာ ပါဝင်ဖို့ မလိုအပ်တာကြောင့်ပင်။

ဒါကြောင့် သူမ၊ နောက်ခံမင်းသမီးက စိတ်အေးလက်အေး သူမရဲ့အစားအစာများကို စားရင်း စိတ်လှုပ်ရှားဖွယ် ရှိုးပွဲကို ကြည့်ရှုနေသည်။ အတန်းပြန်လည်ဆုံစည်းပွဲ တစ်ဝက်ရောက်မှ မတော်တဆမှုတစ်ခု ဖြစ်ပွား၏။

သီးသန့်ထားရှိတဲ့ အခန်းတံခါးမှာ ရပ်နေတာက အရမ်း ရင်းနှီးတဲ့ ပုံသဏ္ဍာန်တစ်ခု ဖြစ်သည်။

ချန်းရော့ယွီ တွေဝေသွားပြီး ထိတ်လန့်စွာ ခုန်လိုက်သည်။

သူမရဲ့ မစ္စတာတိုင်ရန်နိုဆောရပ်စ် ဘာလို့ ဒီကို ရောက်နေရတာလဲ။

"ဒါ ဘယ်သူ့ မိသားစုဝင်လဲ"

ဒါက အတန်းပြန်လည်ဆုံစည်းပွဲပဲ၊ ပြီးတော့ သူ အတန်းဖော် မဟုတ်ဘူးဆိုရင် သူက မိသားစုဝင် ဖြစ်ရမယ်၊ ပြီးတော့ ဘယ်သူမှ သူ့ကို သက်ဆိုင်ကြောင်း မပြောဘူးဆိုရင် သူ့ကို ကန်ထုတ်ရလိမ့်မယ်!

မုန့်ကုက 'မင်း ငါ့ကို မင်းမိသားစုဝင်အဖြစ် သက်ဆိုင်ကြောင်း မပြောရင် ငါ မင်းကို သတ်ပစ်မယ်' ဆိုတဲ့ အကြည့်နဲ့ ချန်းရော့ယွီကို စိုက်ကြည့်လိုက်သည်။

ချန်းရော့ယွီ အားနည်းစွာ လက်ထောင်လိုက်ပြီး ပြောလိုက်သည်။

"သူက ကျွန်မလူပါ။ သူက ကျွန်မရဲ့ မိသားစုဝင်ပါ"

Translator -JJ

All Chapters