← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

Chapter 78-သားမက်

တံခါးဖွင့်ပေးသူမှာ ဦးလေးငယ်၏ ဇနီးဖြစ်သူ အဒေါ်ငယ် ဖြစ်၏။

သူမက ချန်းရော့ယွီ ယောကျာ်းလေးတစ်ယောက်ကို ခေါ်လာတာ မြင်တော့ အံ့အားသင့်သွားသည်။

ချန်းရော့ယွီသည် မုန့်ကုကို ဧည့်ခန်းထဲ ခေါ်လာပြီး စကားပြောဆိုနေတဲ့ အသံများ အားလုံး တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လူတိုင်း ထိတ်လန့်သွားသည်။ ဒါကို မှော်ဆန်ဆန် သက်ရှိလူသားတစ်ဦးကို ထုတ်လုပ်တဲ့ နည်းလမ်းအသစ်လို့ သတ်မှတ်လို့ရမလား။

ဧည့်ခန်းထဲက လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ မောင်လေးချန်းက ခေါင်းထိုးပြီး မြင်ကွင်းကို ကြည့်လိုက်သည်။ အခြေအနေကို မြင်လိုက်တဲ့အခါ သူ စိတ်လှုပ်ရှားမှုကို ကြည့်ဖို့ အိပ်ခန်းတံခါးဆီ အမြန် တိုးဝင်သွားသည်။

"ဒါက သမီးချစ်သူပါ၊ သူ့ကို မုန့်ကုလို့ ခေါ်တယ်"

ချန်းရော့ယွီ စိုးရိမ်တကြီးနဲ့ မိတ်ဆက်ပေးလိုက်သည်။

လူတိုင်းဟာ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကြပြီး ဘယ်သူမှ စကားမပြောကြပေ။ အမေချန်း၏ ပါးစပ်က အံ့အားသင့်ပြီး အကြီးကြီး ပွင့်နေကာ ဘဲဥကြီးတစ်လုံးကို ပါးစပ်ထဲ ထိုးထည့်နိုင်လောက်အောင် ကြီးမားနေသည်။ သူမရဲ့ စိတ်ထဲမှာ သူမ သမီးကို ပါးရိုက်ခဲ့တာကို နောင်တရနေတုန်းပဲ၊ ဒါပေမဲ့ သူမသမီးက စကားနားမထောင်ဘဲ သူတို့နဲ့ ဆက်ဆံဖို့ အမြဲတမ်း အကြောင်းပြချက် ရှာနေတာကြောင့်လည်း ဒေါသထွက်မိတယ်။ သူမ သမီးအတွက် စိုးရိမ်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး လက်တွဲဖော်ကောင်းတစ်ဦးကို ရှာပေးချင်ခဲ့တာ။ သူမ သမီးက ပြေးထွက်သွားပြီး လှည့်လာကာ ချစ်သူနဲ့ တကယ် ပြန်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။

သူမ(ချန်းရော့ယွီူ လမ်းမပေါ်ကို အပြေးဆင်းသွားပြီး လှည့်လာကာ ရုပ်ချောတဲ့ ကောင်လေးတစ်ယောက်ကို ကောက်ယူပြီး ပြန်ခေါ်လာခဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား။

ပထမဆုံး တုံ့ပြန်သူက အဘွား ဖြစ်သည်။ သူမရဲ့ ကြိမ်လုံးနဲ့အတူ လျှောက်လာပြီး မုန့်ကုကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။

"မင်းက ရှောင်ယွီ ပြောတဲ့ ဆရာဝန် ချစ်သူလား။ မင်းက ကြည့်ကောင်းတယ်၊ တကယ်ပဲ အရမ်း ကြည့်ကောင်းတယ်"

ချန်းရော့ယွီ မုန့်ကုကို ထိလိုက်သည်။

"ဒါက ကျွန်မရဲ့ အဘွား"

"အဘွား၊ နေကောင်းလား"

မုန့်ကုသည် လျင်မြန်စွာ တုံ့ပြန်ပြီး သူမကို နှုတ်ဆက်လိုက်သည်။

"ကောင်းတယ်၊ ကောင်းပါတယ်။ ဒီလို ကောင်းတဲ့ ကောင်လေး"

အဘွားက အရမ်း ပျော်ရွှင်ပြီး လှည့်ကာ လူတိုင်းကို ပြောလိုက်သည်။

"ကြည့်ကြပါဦး၊ နင်တို့ အားလုံး ငါ့ကို အမြဲတမ်း ရှုပ်ထွေးနေတယ်လို့ ပြောကြတယ်။ တကယ်တော့ ငါ မရှုပ်ထွေးပါဘူး။ရှောင်ယွီမှာ ဆရာဝန် ချစ်သူ ရှိတယ်ဆိုတာ ငါ မှတ်မိနေတုန်းပဲ"

ချန်းရော့ယွီ မျက်ရည်ကျလုနီးပါး ဖြစ်သွားတယ်။ အဘွားတစ်ယောက်တည်းကပဲ သူမအပေါ် ကောင်းတယ်၊ ပြီးတော့ နောက်ဆုံးမှာ အဘွား တစ်ယောက်တည်းကပဲ သူမမှာ ဆရာဝန် ချစ်သူ ရှိတယ်ဆိုတာ ယုံကြည်ပေးခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ လူတိုင်း နောက်ဆုံးတော့ တုံ့ပြန်လာခဲ့ကြပြီး အဖေချန်းက မုန့်ကုအတွက် ထိုင်ခုံတစ်ခု ရှာပေးသည်။ ကျန်လူတွေကတော့ မာကျောက် ဆက်မကစားချင်တော့ဘဲ နေရာဖယ်ပေးဖို့ စားပွဲကို ရွှေ့ထားလိုက်သည်။ ဘယ်သူမှ တီဗီ မကြည့်ချင်တော့တာကြောင့် ကောလာဟလ နားထောင်တာကို အသံတွေက အနှောင့်အယှက် ဖြစ်စေမှာစိုးလို့ ပိတ်ပစ်လိုက်သည်။ ရုပ်ချောတဲ့ ဆရာဝန်ရှေ့မှာ ပုံရိပ်ပျက်မှာစိုးလို့ ဖရဲစေ့တွေ မစားကြတော့ပေ။ မေးခွန်းတွေ မေးတဲ့အခါ နောက်ပိုင်းမှာ အရှိန်အဟုန် ရှိတော့မှာ မဟုတ်ဘူး။

အတိုချုပ်အားဖြင့် ရှုပ်ထွေးမှုတစ်ခု ဖြစ်ပေါ်သွားသည်။

အဲ့ဒီနောက် သူမရဲ့အဒေါ် ကြီး ဆွဲခေါ်လာခဲ့တဲ့ လီချောင်ကတော့ နောက်ဆုံးမှာ ထွက်ပြေးဖို့ အခွင့်အရေး ရသွားသည်။ သူက ထရပ်ပြီး နှုတ်ဆက်ဖို့ အခွင့်အရေး ယူလိုက်သည်။ ချန်းရော့ယွီသည် သူ့မျက်နှာပေါ်က သက်သာရာရတဲ့ အမူအရာနဲ့ သူ့မျက်လုံးထဲက သက်သာရာရတဲ့ အကြည့်ကို မြင်လိုက်တဲ့အခါ သူမ သူ့ကို နည်းနည်း ပိုပြီး စာနာမိ၏။

သူမ လီချောင် ထွက်ပြေးသွားတဲ့ အရပ်ကို ကြည့်နေတုန်း မုန့်ကုက သူမ၏ မျက်နှာကို လှည့်ပြီး ပြောလိုက်သည်။

"သူတို့ကို ကိုယ်နဲ့ မိတ်ဆက်ပေးဦးလေ"

"ဒါက ကျွန်မ အဖေ၊ ဒါက ကျွန်မ အမေ"

"အဖေ... အမေ..."

မုန့်ကုက သူတို့ကို တိုက်ရိုက် နှုတ်ဆက်ပြီး 'ဦးလေး ဒါမှမဟုတ် အဒေါ်' ဆိုတဲ့ ခေါင်းစဉ်ကို အသုံးပြုတဲ့ အကူးအပြောင်းကာလကို ဖြတ်သန်းဖို့ ရည်ရွယ်ချက် မရှိပေ။

အဖေချန်းနဲ့ အမေချန်းတို့ဟာ သူတို့သမီးက ရုပ်ချောတဲ့ ချစ်သူနဲ့ ရုတ်တရက် ပြန်လာခဲ့တဲ့အတွက် အံ့အားသင့်မှုကနေ လုံးဝ မပြန်လည်သေးဘဲ အခု သူ့ရဲ့ စိတ်အားထက်သန်ပြီး ရင်းနှီးတဲ့ နှုတ်ဆက်မှုကြောင့် ထပ်ပြီး တုန်လှုပ်သွားကြသည်။

သူက သူတို့ကို ဒီလို ပေါ့ပေါ့ပါးပါးပဲ 'အဖေနဲ့ အမေ' လို့ ခေါ်လို့ရလား။

နောက်ထပ် မိတ်ဆက်ပေးရသူတွေကတော့ အဒေါ်များ၊ ဦးလေးများ၊ ဝမ်းကွဲအစ်ကို၊မောင်များနဲ့ ဝမ်းကွဲညီအစ်မများ အပါအဝင် ဆွေမျိုးအုပ်စုကြီး ဖြစ်၏။ မုန့်ကုသည် ချောမွေ့တဲ့ စွမ်းဆောင်ရည်ကို ပြသပြီး သူ မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ ချန်းရော့ယွီ မိတ်ဆက်ပေးတဲ့အတိုင်း လူတိုင်းကို နှုတ်ဆက်သည်။

လူတိုင်းကို နှုတ်ဆက်ပြီးနောက် သူတို့အားလုံး ရုတ်တရက် ဘာပြောရမှန်း မသိတော့ပေ။ ဘာပဲဖြစ်ဖြစ် ခုနကပဲ အမှားတစ်ခု လုပ်ခဲ့တယ်၊ ပြီးတော့ သူတို့ရဲ့ စေ့စပ်ပေးမှု ကြိုးပမ်းမှုကြောင့် မိခင်တစ်ဦးက သူမရဲ့သမီးကို ရိုက်ခဲ့တယ်။ ရလဒ်အနေနဲ့ သမီးက သူမရဲ့ အမှန်တကယ် ချစ်သူကို ပြန်ခေါ်လာခဲ့ပြီး ဒါက အမေချန်းကို မမြင်နိုင်တဲ့ ပါးရိုက်ချက်တစ်ခု ပြန်ပေးလိုက်သလိုမျိုးပဲ။ မျက်နှာပေါ်မှာ ဘယ်သူမှ ဘာမှ မပြောကြသော်လည်း လူတိုင်း ရှက်ရွံ့နေဆဲ ဖြစ်၏။

ဘလိုင်းဒိတ်တွေ့မှုအတွက် လူငယ်လေးကို အတင်းအကျပ် ဆွဲခေါ်လာခဲ့တဲ့ သူမ အဒေါ်ကြီးရဲ့ မျက်နှာပေါ်က အမူအရာကတော့ ပိုပြီး အရုပ်ဆိုးနေပြီး သူမ ကိုယ့်ကိုယ်ကို အဆင်မပြေတဲ့ အခြေအနေမှာ တွေ့လိုက်ရသည်။

ဒီလို အခြေအနေမျိုးမှာ စကားစဖို့အတွက် အကြောင်းအရာတစ်ခုကို အဖေချနက ကောက်ယူလိုက်သည်။

"အမ်း......"

သူ ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာ ဒီလူရဲ့ နာမည်ကို သူ မမှတ်မိနိုင်ပေ။

"ကျွန်တော့်နာမည် မုန့်ကုပါ"

"အာ... ဟုတ်တယ်၊ မုန့်ကု။ မင်း A-မြို့ကလား"

"ဟုတ်ပါတယ်"

"မင်း ဘာအလုပ်လုပ်လဲ"

"ဆရာဝန်ပါ"

လူတိုင်း တစ်ပြိုင်နက်တည်း အဖေချန်း စူးစိုက်ကြည့်လိုက်ကြသည်။ ဒါတွေအားလုံးကို ငါတို့ မသိတာမလို့လား။

အဖေချန်း ချောင်းဟန့်လိုက်သည်။ ဒါတွေက အဖွင့်စကားတွေဖြစ်ပြီး မေးခွန်းတွေ အားလုံးက အတူတူပဲ။ သူတို့ အစဉ်အတိုင်း ဖြစ်ရမယ်၊ ဒါကြောင့် ဒီ စိတ်ပူပန်မှုတွေက ဘာလဲ။

"အဲဒါ... တစ်လ..."

အဖေချန်း ဆက်မပြောခင်မှာပဲ သူ့သမီးရဲ့ မျက်လုံးတွေက သူ့ကို ပစ်ခတ်လိုက်သည်။ သူ ရုတ်တရက် သူ့သမီးက သူတို့ကို တခြားလူတွေရဲ့ ဝင်ငွေကို မေးမြန်းတာဟာ မကောင်းတဲ့ အမူအကျင့် ဖြစ်တယ်လို့ ခုနကပဲ ဆူပူခဲ့တာကို သတိရလိုက်သည်။ အဖေချန်းရဲ့ မေးခွန်းများက 'နာမည် ~ အလုပ်အကိုင် ~ ဝင်ငွေ' ဆိုတဲ့ အချက်သုံးချက်ပေါ်မှာ အမြဲတမ်း အခြေခံခဲ့ပေမဲ့ ဒီနေ့ အခြေအနေက အထူးဖြစ်တာကြောင့် သူ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရလိမ့်မယ်။

"မင်း တစ်လကို ဘယ်နှစ်ရက် အလုပ်လုပ်လဲ"

လူအုပ်ကြီးထဲမှာ တိုးတိုးသံနဲ့ ရယ်မောသံများ ပေါ်ထွက်လာသည်။ အဖေချန်းသည် ဘာမှ မကြားချင်ယောင် ဆောင်ထား၏။

"အမှန်ဆိုရင်တော့ တစ်ပတ်ကို နှစ်ရက်ပဲ ရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မကြာခဏ အချိန်ပို လုပ်ရပြီး အလှည့်ကျ လုပ်ရပါတယ်"

မုန့်ကုက ပုံမှန်အတိုင်း ပြုမူပြီး ယဉ်ကျေးသည်။ ချန်းရော့ယွီ စိတ်သက်သာရာ ရသွားသည်

"မင်း ဘယ်ဘာသာရပ်ကို အထူးပြုလဲ"

အဖေချန်းသည် နောက်ဆုံးတော့ အကြောင်းအရာအသစ်တစ်ခု ရှာတွေ့ပြီး နည်းနည်း ပျော်ရွှင်သွားသည်။

"ခွဲစိတ်ကုသမှုပါ"

ဘယ်နယ်ပယ်ပဲ ဖြစ်ဖြစ် အရေးမကြီးဘူး! တကယ်တော့ အဖေချန်းက အရမ်း ကျေနပ်နေပြီ၊ ပြီးတော့ တဖြည်းဖြည်းနဲ့ သူ သက်သောင့်သက်သာရှိတဲ့ စကားစမြည်ထဲကို ရောက်သွားသည်။

"မင်း ဘယ်တုန်းက ရောက်တာလဲ။ ရှောင်ယွီ၊ ဒီကလေးက မင်းကို ပိုစောစော ခေါ်လာသင့်တယ်"

"ကျွန်တော် မနေ့က ရောက်တာပါ..."

မုန့်ကု ယဉ်ကျေးစွာ ပြောလိုက်ပြီး စကားပင် မဆုံးသေးခင်မှာပဲ ဦးလေးတစ်ဦးက ဝင်ပြောလိုက်သည်။

"ဒါကြောင့် ရှောင်ယွီ မနေ့ညက အိမ်ပြန်မအိပ်တာကိုး"

သူ့စကားတွေက နည်းနည်း ပရိယာယ်ဆန်နေပုံရသည်။ ပြောတဲ့သူမှာ အန္တရာယ်ရှိတဲ့ ရည်ရွယ်ချက် မရှိသော်လည်း နားထောင်တဲ့သူကတော့ နှလုံးသားထဲ ရောက်သွားသည်။ ဒါကြောင့် အမေချန်း ချက်ချင်း မပျော်တော့ပေ။

သူ ဘာကို ဆိုလိုတာလဲ။ သူမ သမီးက မလျောက်ပတ်ဘူးလို့ ပရိယာယ်ဆန်တာလား၊ ဒါမှမဟုတ် ဘာလဲ။

ဦးလေးက စကားစဖို့ ဦးဆောင်ခဲ့တာကြောင့် အဒေါ်ကြီးက ရဲရဲဝံ့ဝံ့နဲ့ မယဉ်ကျေးစွာ မေးလိုက်သည်။

"ဒါ နှစ်သစ်ကူးပဲ၊ ဘာလို့ လက်ဗလာနဲ့ လာတာလဲ"

(လက်ဗလာ - တရုတ်လူမျိုးများအတွက် လက်ဆောင်မပါဘဲ လာရောက်လည်ပတ်တာက မယဉ်ကျေးပေ။ လက်ဆောင်တွေက ပေးသူနဲ့ လက်ခံသူရဲ့ ဆက်ဆံရေး၊ အခါသမယနဲ့ လက်ဆောင်ရဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး ရိုးရှင်းတဲ့ သစ်သီးခြင်းတောင်းကနေ စျေးကြီးတဲ့ ပစ္စည်းတွေအထိ ရှိနိုင်တယ်။)

အဆင်မပြေတဲ့ အငွေ့အသက်က တဖြည်းဖြည်း ပျံ့နှံ့လာပြီး အဖေချန်းက အခြေအနေကို ကြားဝင် ဖြန်ဖြေဖို့ ကြိုးစားသော်လည်း မုန့်ကုက ပြန်ဖြေလိုက်သည်။

"ဒီအကြောင်းကို သေသေချာချာ မစဉ်းစားမိတာ ကျွန်တော့်ရဲ့ အမှားပါ။ အစကတော့ ကျွန်တော် C-မြို့ကို လာပြီး ရော့ယွီနဲ့ ဆွေးနွေးပြီး အဖေနဲ့ အမေ ဘာကြိုက်လဲဆိုတာ သိချင်တယ်၊ ပြီးတော့မှ လက်ဆောင်တွေ ပြင်ဆင်ဖို့ ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့ ဒီနေ့ သူ(မ)က သူ(မ)ရဲ့ လူကြီးတွေကို စိတ်မကောင်းဖြစ်အောင် လုပ်ခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ရတယ်။ကျွန်တော့် မိသားစုက ရော့ယွီက နည်းနည်း 'အ'တယ်၊ သူ(မ)က ဘယ်လိုမျိုး လူတွေကို နှစ်သက်အောင် လုပ်ရမယ်ဆိုတာ မသိဘူး၊ ပြီးတော့ ဘယ်သူမှ သူ(မ)ကို မယုံခဲ့ကြဘူး။ ဒါကြောင့် ကျွန်တော်က အဖေနဲ့ အမေ့ကို တောင်းပန်ဖို့ သူ(မ)ကို အမြန် ပြန်ခေါ်လာခဲ့တာပါ။ကျွန်တော်တို့ ပြန်သွားတဲ့အခါ သူ(မ)ကို ကောင်းကောင်း သင်ပေးပါ့မယ်၊ ကျွန်တော် တကယ် တောင်းပန်ပါတယ်"

သူ့စကားတွေ ကြားလိုက်ရပြီးနောက် လုံးဝ တိတ်ဆိတ်သွားသည်။

ပိုးချည်ဂွမ်းထဲမှာ ဝှက်ထားတဲ့ အပ်...

(နူးညံ့တဲ့ အသွင်အပြင်နောက်ကွယ်က ရက်စက်တဲ့ စရိုက်ကို ဆိုလိုသည်။)

အမှားတစ်ခု ရှိနေတာလား။ ချန်းရော့ယွီက တကယ်ပဲ ဘယ်သူ့ရဲ့ ပိုင်တာလဲ။ သူ စကားပြောတဲ့ ပုံစံအရ သူက မိဘလို ဖြစ်နေပြီး သူမရဲ့ အစစ်အမှန် မိဘတွေက အပြင်လူတွေလို ဖြစ်နေတာ ဘာလို့လဲ။

ဒါပေမဲ့ သူ့စကားတွေက ယဉ်ကျေးစွာ ပြောထားတာကြောင့် သူတို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဘာ အမှားမှ ရှာမတွေ့နိုင်ပေ။ လူတိုင်း လျှို့ဝှက်တဲ့ တုတ်တစ်ချောင်းနဲ့ ရိုက်နှက်ခံရသလို ခံစားရပြီး ဘာပြောရမှန်း မသိတော့ပေ။

အမေချန်းနဲ့ အဖေချန်းတို့ရဲ့ မျက်နှာပေါ်က အမူအရာတွေက သူတို့ရဲ့ မကျေနပ်မှုကို ပြသနေပုံရသည်။

ဒီလူငယ်က သူတို့ဆီ လာပြီး ဝေဖန်ဖို့ ဒီလောက်တောင် သတ္တိရှိနေတာလား။

သူမက သူတို့ရဲ့ သမီးပါ၊ ပြီးတော့ သူတို့ ရိုက်သည်ဖြစ်စေ၊ ဆူသည်ဖြစ်စေ၊ ဒါက သူတို့ရဲ့ မိသားစု ကိစ္စပဲ ရှိသေးတယ်။ သူတို့ကို ဝေဖန်တာက သူ့အတွက် တကယ် ရိုင်းစိုင်းတယ်။ ဒါပေမဲ့လည်း သူက ရုပ်ချောပြီး အလုပ်အကိုင် ကောင်းမွန်တယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ရဲ့ အခြေအနေတွေက အကောင်းဆုံး ဖြစ်တယ်ဆိုတာ မြင်နိုင်တယ်။ သူ့စကားတွေက လေးစားမှုရှိပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက လူကုံထံ ဖြစ်တယ်ဆိုတာ မြင်နိုင်တယ်။ သူတို့သမီးက သူ့လိုလူမျိုးကို ရှာနိုင်တာက သူတို့ရဲ့ ဆွေမျိုးတွေရှေ့မှာ သူတို့ကို မျက်နှာရစေတာနဲ့ တူတယ်။

ဒီချစ်သူက မိဘတွေကို စိတ်ပိုင်းဆိုင်ရာ ရုန်းကန်အောင် တကယ် လုပ်ခဲ့သည်။ အဖေချန်းနဲ့ အမေချန်းတို့ ခဏလောက် တစ်ဦးနဲ့တစ်ဦး ကြည့်လိုက်ကြပြီး သူ့ကို သင့်လျော်တဲ့ နည်းလမ်းနဲ့ ဆက်ဆံဖို့ ဘယ်လို လုပ်ရမှန်းမသိ ဖြစ်နေသည်။

ဒါပေမဲ့ အမေချန်းက သူမရဲ့ သမီးကို အထူးသဖြင့် ဆွေမျိုးတွေရှေ့မှာ ကာကွယ်ချင်ပြီး သူမလည်း မျက်နှာရချင်သေး၏။ ဒါကြောင့် သူမ ဦးလေးနဲ့ အဒေါ်ကြီးတို့ရဲ့ မှတ်ချက်တွေကို လျစ်လျူရှု၊ မကြားချင်ယောင် ဆောင်ပြီးတော့ မုန့်ကုကို အသီးစားဖို့နဲ့ လက်ဖက်ရည် သောက်ဖို့ ဖိတ်ခေါ်လိုက်သည်။

မုန့်ကုက သစ်သီးနဲ့ လက်ဖက်ရည်ကို ရတဲ့အခါ သူ လူတိုင်းကို ဖိတ်ခေါ်ပြီး ပြောလိုက်သည်။

"ဒီ လိမ္မော်သီးတွေက အရမ်း ချိုတယ်။ လာပါ၊ လူတိုင်း ကိုယ့်ဘာသာ ယူစားကြပါ... ယဉ်ကျေးမနေကြပါနဲ့"

အမေချန်း နီးပါး သီးမလို ဖြစ်သွားတယ်။ ဧည့်သည်ကနေ အိမ်ရှင်အဖြစ် ပြောင်းလဲတဲ့ ဒီလို ပြောင်းပြန်ဇာတ်ကွက်ကို ဒီလောက် ခမ်းခမ်းနားနား မဖျော်ဖြေသင့်ဘူးလေ!

အမေချန်း ကြိုဆိုတဲ့ အမူအရာကို ပြသပြီး မုန့်ကုက တက်ကြွတဲ့ စကားစမြည် ပြောခဲ့သည်။ ဒါကြောင့် ဆွေမျိုးအချို့က မယဉ်ကျေးစွာဖြင့် မုန့်ကုကို ဝန်းရံလာကြသည်။ သူတို့က သူ့မိသားစု ဘာလုပ်လဲဆိုတာ မေးကြသည်၊ သူတို့က သူ့အိမ်၊ သူ့ကားအကြောင်း မေးကြသည်၊ သူ ချန်းရော့ယွီနဲ့ ဘယ်လို တွေ့ဆုံခဲ့လဲဆိုတာ မေးကြပြီး သူတို့ ချန်းရော့ယွီအတွက် သူ့ရဲ့ အစီအစဉ်တွေကိုလည်း မေးကြသည်။

မုန့်ကုက သူ့အမေဟာ အစတုန်းက ဆရာဝန်တစ်ဦးဖြစ်ပေမဲ့ သူ့အဖေနဲ့ လက်ထပ်ပြီးတဲ့နောက် ဆေးပညာကို ဆက်လက် မလုပ်တော့ဘဲ အိမ်ရှင်မ ဖြစ်သွားကြောင်း ပြောပြသည်။ သူ့အဖေက သူ အလုပ်လုပ်နေတဲ့ ဆေးရုံမှာ ဒုတိယ ဌာနမှူး ဖြစ်ကြောင်း စသည်တို့ကို ပြောပြသည်။

အမေချန်း ချက်ချင်း ဆယ်နှစ် ပိုငယ်သွားသလို ခံစားရသည်၊ သူမ၏ ခါး ဖြောင့်တန်းသွားပြီး မျက်နှာက တောက်ပလာသည်။ သူမက သူမသမီးကို သူ့ကို ပိုစောစော ပြန်မခေါ်လာတဲ့အတွက် အပြစ်တင်တဲ့ အကြည့်တစ်ချက် ပေးလိုက်၏။

ချန်းရော့ယွီ နှုတ်ခမ်းကို စေ့ပြီး စကားမပြောပေ။ သူမ ဖုန်းနဲ့ ချစ်သူရှိကြောင်း ပြောဖို့ ကြိုးစားတိုင်း သူမရဲ့အမေက လုံးဝ မယုံကြည်ခဲ့တာကို သူမရဲ့အမေ မေ့နေတာကြာပြီဆိုတာ သူမ သိတယ်။

မုန့်ကုက သူ့မှာ ကားတစ်စီးနဲ့ အိမ်တစ်လုံး ရှိကြောင်း၊ ဒါတွေက သူ့မိဘတွေဆီကနေ လက်ဆောင်ဖြစ်ကြောင်းလည်း ပြောပြသည်။ သူ့အဖေ အလုပ်လုပ်နေတဲ့ ဆေးရုံမှာ ဆရာဝန်ရာထူးကို အောင်မြင်စွာ ရရှိခဲ့တဲ့အတွက် သူ့ကို အိမ်ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ကားကိုတော့ သူ ကိုယ်တိုင် ဝယ်ခဲ့ခြင်း ဖြစ်သည်။

မောင်လေးချန်းက ဝင်ပြောလိုက်သည်။

"ခင်ဗျားအဖေက ဒုတိယ ဌာနမှူးဖြစ်ပြီး ခင်ဗျားက ဆရာဝန်ဆိုရင် ခင်ဗျား ဘာလို့ အခုထိ ဒီလောက် ကြိုးစားနေဖို့ လိုအပ်နေတာလဲ"

အခန်းထဲက လူကြီးများ အားလုံး သူ့ကို ဓားငယ်လေးတွေ ပစ်ပေါက်နေသလို စူးစိုက်ကြည့်လိုက်ကြသည်။ ဒါက အဓိကအချက်လား။ အဓိကအချက်က လူတွေ လက်ဆောင်ပေးတဲ့အခါ အိမ်တစ်လုံးကို လက်ဆောင်ပေးတာပဲ၊ ဟုတ်တယ်မလား။

အတိုချုပ်အားဖြင့် မုန့်ကု အဖြေတစ်ခု ပေးလိုက်တိုင်း အမေချန်းရဲ့ ခါးက နည်းနည်း ပိုပြီး ဖြောင့်တန်းလာလိမ့်မယ်။ သူမ အနည်းငယ် အံ့အားသင့်မိပေမယ့် သူမရဲ့ သမီးက အရင်က ဘယ်တုန်းကမှ သူမရဲ့ မျှော်လင့်ချက်ကို မလိုက်နာခဲ့ဘူးလားလို့ တွေးမိတယ်။ ဒါပေမဲ့ သူမ မျက်စိရှေ့က ဒီကိစ္စက သူမကို လုံလောက်တဲ့ မျက်နှာသာ ပေးခဲ့ပြီး အခု သူမ လေထဲမှာ ပျံဝဲနေသလို ခံစားနေရ၏။

"ရှောင်မုန့်၊ မင်း အသက် ဘယ်လောက်လဲ"

ဦးလေးတစ်ဦးက မေးလိုက်သည်။

"မကြာခင် ၃၁ ပြည့်ပါပြီ"

မုန့်ကု ပြုံးလိုက်သော်လည်း သူ့စိတ်ထဲမှာ အနည်းငယ် မပျော်ဖြစ်မိ၏။ သူက သူ့မိသားစုရဲ့ ချန်းရော့ယွီထက် အရမ်းကြီး အသက်မကြီးပါဘူး၊ ဟုတ်တယ်မလား။

"မင်း မငယ်တော့ဘူး။ ဘာလို့ အခုထိ အိမ်ထောင်မပြုသေးတာလဲ"

အဒေါ်ငယ်က မေးလိုက်သည်။

အမေချန်းက သူမ၏ နှလုံးသားထဲမှာ တစ်ခုခု ပိတ်ဆို့နေသလို ခံစားရသည်။ ဒါက အသေးအဖွဲ ကောက်တာလား ဒါမှမဟုတ် ဘာလဲ။

"ဒါက ကျွန်တော့် မိသားစုရဲ့ ချန်းရော့ယွီနဲ့ မတွေ့သေးလို့ပါ"

မုန့်ကုသည် ဆက်ပြုံးပြီး ယုံကြည်မှုရှိရှိနဲ့ အရှက်မရှိ ပြောလိုက်သည်။

ဒီစကားတွေက လူကြီးများစွာကို မျက်နှာနီမြန်းသွားစေ၏။ တကယ်ပဲ၊ ဒီခေတ်လူငယ်တွေက အရမ်း ပွင့်ပွင့်လင်းလင်း ရှိကြတယ်။ လူတိုင်း ချန်းရော့ယွီကို ကြည့်လိုက်ကြတော့ သူမ၏ မျက်နှာက ပိုပြီး နီရဲသွားသည်။ သူမ မုန့်ကုကို နည်းနည်း လိမ်ဆွဲချင်သွားတယ်။

လူတိုင်း ရှက်ရွံ့တဲ့ ခံစားချက် လွင့်ပျံသွားပြီးနောက် သူတို့ အားလုံး စုပေါင်းပြီး ဆက်မေးကြသည်။

"မင်းရဲ့ မိဘတွေ ရှောင်ယွီနဲ့ တွေ့ဖူးလား"

အမေချန်းက အဒေါ်ကြီးဟာ တကယ်ပဲ ပြဿနာ ရှာနေတယ်လို့ ခံစားရပြီး အဒေါ်ကြီးရဲ့ လေသံက တကယ် ချဉ်နေပုံရသည်။

သူမရဲ့သမီးက လျောက်ပတ်တယ်၊ ကျက်သရေရှိတယ်၊ ပြီးတော့ ချစ်စရာကောင်းတယ်၊ ပြီးတော့ ဘယ်မိဘနဲ့ တွေ့ရမှာကိုမှ မကြောက်ဘူး!

"ဟုတ်ကဲ့၊ သူတို့ တွေ့ဖူးပါတယ်"

မုန့်ကုက ပြုံးပြီး ခေါင်းညိတ်လိုက်ပြီး ချန်းရော့ယွီကို တစ်ချက် ကြည့်လိုက်သည်။

ချန်းရော့ယွီ သူ့ရဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"သူ(မ)က အဒေါ်ကြီး"

အဒေါ်ကြီး ထပ်ပြီး မေးလိုက်သည်။

"သူတို့ ရှောင်ယွီကို စိတ်ကျေနပ်မှု ရှိရဲ့လား"

အမေချန်း စိတ်မကောင်း ဖြစ်သွားပြီး မုန့်ကု ပြောတာကို ကြားလိုက်ရသည်။

"အဒေါ်ကြီးကို ပြန်ဖြေရမယ်ဆိုရင် ကျွန်တော့် မိဘတွေမှာ ကျွန်တော့်လိုပဲ အရမ်း ကောင်းတဲ့ အမြင် ရှိပါတယ်"

ဒီ အဖြေရဲ့ အဆင့်အတန်းက လူတွေကို အရမ်း သက်သောင့်သက်သာ ခံစားရစေသည်။ အမေချန်းမိခင် အရမ်း စိတ်ကျေနပ်သွား၏။

"ဒါပေမဲ့ ကျွန်တော်က အဖေနဲ့ အမေရဲ့ မျက်စိထဲမှာ ကျေနပ်စရာ ဖြစ်ရဲ့လားဆိုတာပဲ မသိဘူး"

မုန့်ကုက ဒီအခွင့်အရေးကို ယူပြီး အဖေချန်းနဲ့ အမေချန်းကို တိုက်ရိုက် မေးလိုက်သည်။

ချန်းရော့ယွီ ကိုယ့်ကိုယ်ကို တကယ်ပဲ မထိန်းချုပ်နိုင်ဘဲ သူ့လက်ကို တိတ်တဆိတ် လိမ်ဆွဲလိုက်သည်။ သူက သူတို့နှစ်‌ေယာက်လုံးကို 'အဖေနဲ့ အမေ' လို့ ခေါ်နေတဲ့အချိန်မှာပဲ သူ ကောင်းရဲ့လားဆိုတာကိုလည်း မေးနေတယ်။

ဒါ ဘာ လှည့်ကွက်မျိုးလဲ။

ဒီအချိန်မှာ အမေချန်းဟာ သူမစိတ်ထဲမှာ တခြား ဘယ်လို အတွေးတွေ ရှိပါစေ၊ ဒါမှမဟုတ် သူမရဲ့ မာနကို ပြသချင်ပါစေ၊ ဒါမှမဟုတ် သူမ ထုတ်ဖော်ချင်တဲ့ ဘယ်လို အမြင်မျိုး ရှိပါစေ၊ သူမ ဘာမှ လုပ်လို့မရနိုင်တော့ပေ။ သေချာတာပေါ့၊ သူမ ဒီဆွေမျိုးတွေ သူမကို ပြက်ရယ်ပြုတာကို ခွင့်မပြုနိုင်တာကြောင့် အမေချန်းက မသိစိတ်ကနေ ပြောလိုက်သည်။

"ငါနဲ့ ရှောင်ယွီရဲ့ အဖေမှာ ဘာအမြင်မှ မရှိပါဘူး။ မင်းတို့ လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း ခံစားချက် ရှိပြီး အဆင်ပြေရင် အဲဒါ အဆင်ပြေပြီ"

မုန့်ကု ပျော်ရွှင်စွာ ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အမေ။ ကျေးဇူးတင်ပါတယ် အဖေ။ ဒါဆို ကျွန်တော့်နဲ့ ရော့ယွီကြားက ဒီကိစ္စ ပြေလည်သွားပြီ။ကျွန်တော် ရော့ယွီနဲ့ ဆွေးနွေးပြီးရင် ကျွန်တော့် မိသားစုကို လက်ထပ်ခွင့် တောင်းဖို့နဲ့ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို ဆွေးနွေးဖို့ ခေါ်လာပါ့မယ်"

"အေ့... အေ့..."

အမေချန်း ဘာမှ သိပ်မစဉ်းစားဘဲ ခေါင်းညိတ် သဘောတူလိုက်သည်။

ချန်းရော့ယွီ ကြောင်အသွားတယ်။

ဒါ နည်းနည်း လွယ်ကူလွန်းနေတာ မဟုတ်ဘူးလား။ သူမအမေရဲ့ မျက်နှာမည်းနေတာ ဘယ်ရောက်သွားတာလဲ။ သူမ အဖေကရော။ သူမ ချန်းမိသားစုရဲ့ အသေးအဖွဲ ကောက်တဲ့ စတိုင်လ်တွေ ဘယ်ရောက်ကုန်တာလဲ။

"မင်း တခြားမြို့က ဖြစ်နေတာ နှမြောစရာပဲ"

အဒေါ်ကြီးက အက်ဆစ်လို လေသံဖြင့် မှတ်ချက်ပေးလိုက်သည်။

အမေချန်းက တကယ်ပဲ စားပွဲကို မှောက်ချချင်သွားတယ်။

ဒါက အဒေါ်ကြီးက သူမသမီး ကောင်းတာကို မကြည့်နိုင်လို့လား။ ဒီ တခြားမြို့အကြောင်းက ဘာစကားလဲ။

"ဟုတ်ပါတယ်၊ ကျွန်တော် တခြားမြို့ကပါ။ ကျွန်တော် တကယ် တောင်းပန်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ A-မြို့က C-မြို့ထက် ဘာမှ မဆိုးပါဘူး။ကျွန်တော် ရော့ယွီကို အရမ်း ဒုက္ခ မရောက်စေရပါဘူး။အဒေါ်ကြီး စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်"

မုန့်ကုက သူမ၏ ပစ်ပေါက်ချက်ကို ကျွမ်းကျင်စွာ လွှဲပြောင်းပြီး ပြန်ဖြေလိုက်သည်။

အမေချန်း တိတ်တဆိတ် သီးသွားတယ်။ A-မြို့က C-မြို့ထက် ဘာမှ မဆိုးတာက ဘာလဲ။ အသိသာကြီးပဲလေ၊ A-မြို့က အရမ်း၊ အရမ်းကို ပိုကောင်းတာ! သူမ ထပ်ပြီး ပျော်ရွှင်သွားသည်။

ချန်းရော့ယွီ နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ လူတွေ အများကြီး ရှိနေရင်တောင် ဒါက ဆိုးတဲ့ကိစ္စ မဟုတ်ပေ။ ဆွေမျိုးတွေ အားလုံး စုဝေးတာလည်း မကောင်းတဲ့ ကိစ္စ မဟုတ်ပေ။ ဒါက မစ္စတာတိုင်ရန်နိုဆောရပ်စ်ကို ကောင်းမွန်တဲ့ အထင်အမြင်တွေ စုဆောင်းဖို့ ရှင်းရှင်းလင်းလင်း ကူညီပေးခဲ့သည်။ သူမ အမေရဲ့ ပျော်ရွှင်ဝမ်းမြောက်နေတဲ့ အမူအရာကို ကြည့်လိုက်ရင် ဒါက အဲဒီ အမူအရာပဲ မဟုတ်ဘူးလား။

ကောက်ကျစ်တယ်... အရမ်း ကောက်ကျစ်တယ်!

သူမ မုန့်ကုကို ကြည့်လိုက်တော့ သူက သူမကို ပြုံးပြလာသည်။

ဒီနေ့မှာ အမေချန်းရဲ့ စိတ်ခံစားချက်က ရိုလာကိုစတာ စီးနေသလိုပဲ၊ အတက်အကျ ရှိပေမဲ့ စိတ်လှုပ်ရှားမှုက တားဆီးဖို့ ခက်ခဲတယ်။

အစကတော့ သူမရဲ့သမီးက သူမကို ဒေါသထွက်စေခဲ့တယ်၊ ပြီးတော့ သူမရဲ့သမီးက မုန့်ကုကို အိမ်ခေါ်လာတာက သူမကို ထိတ်လန့်စေတယ်။ အဲ့ဒီနောက် ဆွေမျိုးတွေရဲ့ ဝေဖန်မှုကြောင့် သူမ စိတ်တိုရတယ်၊ ပြီးတော့ မုန့်ကုင ချော့မော့လိုက်တဲ့အခါ သူမ အလွန် ပျော်ရွှင်ရပြန်တယ်။

ထို့နောက် ညစာစားချိန် ရောက်လာပြီး မိသားစုတစ်ခုလုံး စားချင်ကြသည်။ သူတို့ တကယ်ပဲ စားသောက်ဆိုင်မှာ ညစာထွက်စားဖို့ ဆူဆူညံညံ ပြောခဲ့ကြတာကြောင့် အမေချန်းရဲ့ နှလုံးသားက အကြီးအကျယ် နာကျင်သွားရသည်။ သို့သော်လည်း မုန့်ကုက သူ ဧည့်ခံမယ်လို့ ပြောခဲ့တာကြောင့် သူမ ဒီ အလွန် ရက်ရောပြီး အရည်အချင်းရှိတဲ့ သားမက်လောင်းကို ကြည့်ပြီး အလွန် ဝမ်းသာသွားသည်။

သူတို့ အခန်းကြီးတစ်ခုကို ကြိုတင်မှာယူခဲ့ကြပြီး ဆွေမျိုးတွေက စျေးကြီးတဲ့ ဟင်းပွဲများ အားလုံးကို မှာကြသည်။ အမေချန်းရဲ့ နှလုံးသားက လည်ချောင်းအထိ ခုန်တက်သွားပြီး မုန့်ကု စိတ်မပျော်မရွှင် ဖြစ်မှာကို ကြောက်နေသည်။

နောက်ဆုံးတော့ သူက ပြုံးရုံသာ ပြုံးပြီးတော့ ဂရုစိုက်ပုံ မပေါ်ပေ။ ထို့နောက် သူမ၏ နှလုံးသား ပုံမှန် ပြန်ဖြစ်လာသည်။

ညစာ စားနေတဲ့အချိန် ချန်းရော့ယွီက ပုစွန်ထုပ်ကြီးတစ်ကောင်ကို ကောက်ယူပြီး သူမ ပန်းကန်ထဲ ထည့်လိုက်သည်။ မုန့်ကု သူမကို စိုက်ကြည့်လိုက်တဲ့အခါ သူမ အလျင်အမြန်ပဲ ပုစွန်ထုပ်ကို ကောက်ယူပြီး သူ့ပန်းကန်ထဲ ထည့်လိုက်၏။ သူမရဲ့ ဦးလေးက ဒါကို မြင်ပြီး သူမကို ထပ်ပြီး သရော်လိုက်သည်။ အမေချန်းရဲ့ နှလုံးသား နစ်မြုပ်သွားပြီး သူမရဲ့ သမီး အနိုင်ကျင့်ခံရတဲ့အတွက် အရမ်း ရှက်မိသော်လည်း မုန့်ကုက အခွံခွာပြီး ပုစွန်ကို ချန်းရော့ယွီရဲ့ ပန်းကန်ထဲ ပြန်ထည့်ပေးလိုက်သည်။ သူ ရှင်းပြတာက ချန်းရော့ယွီက အရမ်းနမော်နမဲ့ဆန်ပြီးတော့ တစ်ခါက သူမ ပုစွန်တစ်ကောင်နဲ့ အသားဖောက်ခံရပြီး သွေးထွက်ခဲ့ဖူးသည်။ သူမက သွေးကို ကြောက်ပြီး အော်ဟစ်ခဲ့ဖူး၏။ အဲဒီကတည်းက သူတို့က သူမကို ပုစွန်ကို သူမကိုယ်တိုင် အခွံခွာခွင့် မပြုတော့ဖို့ သဘောတူခဲ့ကြသည်။

အမေချန်းရဲ့ နှလုံးသား တည်ငြိမ်သွားသည်။ ဒီလူငယ်တွေက ဒီလို စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စတွေကို စိတ်ဝင်စားစရာလို့ တကယ် ယူဆကြတာလို့ သူမ ခံစားရသည်။ သူတို့ တကယ်ပဲ ဒီအကြောင်းကို မပြောသင့်ပေ။ သူမရဲ့သမီးက ပုစွန်စားတဲ့အခါ တကယ်ပဲ ဒီလောက် နမော်နမဲ့ဆန်နေတာလား။

ဒါပေမဲ့လည်း သူမရဲ့သမီး ဂဏန်းစားတဲ့အခါ ပါးစပ် ဒဏ်ရာရတာကိုလည်း သူမ မြင်ဖူးသည်။ သူမ ဒါကို တွေးနေတုန်း သူမရဲ့သမီးက ဂဏန်းခြေထောက်တစ်ချောင်းကို ကောက်ယူပြီး မုန့်ကုရဲ့ ပန်းကန်ထဲ ထည့်လိုက်တာကို မြင်လိုက်ရသည်။ မုန့်ကုသည် ပေါ့ပေါ့ပါးပါး အခွံခွာပြီး သူမကို ပြန်ပေးလိုက်သည်။

အမေချန်း ထပ်ပြီး တွေးလိုက်တယ်။ သူတို့ စိတ်ကူးယဉ်ဆန်ရင်လည်း ဖြစ်ပါစေ၊ စိတ်ကူးယဉ်ဆန်တာက သူမကို မျက်နှာရစေပုံရတာကြောင့်ပဲ။

နောက်ဆုံးမှာ ငွေရှင်းချိန် ရောက်တဲ့အခါ အမေချန်းရဲ့ စိတ်ခံစားချက်က ကြီးမားတဲ့ အပြောင်းအလဲကို ကြုံတွေ့လိုက်ရသည်။ ပထမဆုံး စားပွဲထိုးက အခန်းထဲ ဝင်လာပြီး ငွေပမာဏကို ပြောပြခဲ့တာကြောင့် အမေချန်းကို ထိတ်လန့်သွားစေသည်။ သူမ မုန့်ကုကို အမြန် ကြည့်လိုက်တဲ့အခါ သူက ဘာ မကောင်းတဲ့ အမူအရာမှ မပြဘဲ ချန်းရော့ယွီကို ငွေရှင်းဖို့ ပြောလိုက်သည်။ ချန်းရော့ယွီက ဘာ မလိုမုန်းထားမှုမှ မပြဘဲ မတွန့်ဆုတ်ဘဲ သွားလိုက်သည်။

အဒေါ်ကြီးက ချက်ချင်း ပြောလာ၏။

"ဘာလို့ မိန်းကလေးကို ငွေရှင်းခိုင်းတာလဲ"

အမေချန်းက စိတ်မပါတဲ့အတွက် တစ်ခုခု ပြောဖို့ ကူညီချင်ပေမယ့် မုန့်ကုက ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ မိသားစုရဲ့ ချန်းရော့ယွီက ငွေကြေးကို တာဝန်ယူတယ်၊ ပြီးတော့ ပိုက်ဆံအားလုံးက သူ(မ)ဆီမှာ ရှိတာ"

အမေချန်းရဲ့ မျက်လုံးတွေ တောက်ပသွားပြီး အောက်ဆုံးအထိ နစ်မြုပ်သွားခဲ့တဲ့ သူမ၏ နှလုံးသားက ချက်ချင်း တောင်ထိပ်ကို တက်သွားသည်။ သူမ ဆွေမျိုးအချို့ရဲ့ အမူအရာတွေကို မြင်လိုက်ရတဲ့အခါ သူမရဲ့ စိတ် လန်းဆန်းသွားသည်။

ပါးစပ်ကနေ ထုတ်ပြောတဲ့ ခံစားချက်တွေက လိမ်ညာမှုတွေပဲ။ မိသားစုရဲ့ ငွေကြေးကို ကိုင်ထားတဲ့ မိန်းမကသာ အမှန်တကယ် အာဏာရှိသူ ဖြစ်တယ်! သူမ ဒီ သားမက်ကို လက်ခံတယ်!

ဘယ်သူ အသေးအဖွဲ ကောက်ပြီး ထပ်ပြီး ဆူညံရဲလဲ၊ သူမ ကိုယ်တိုင် သူတို့ကို ဖြေရှင်းပစ်မယ်! !

Translator -JJ

All Chapters