← Chapters

အခန်း ၈၁

Vol. 8 Ch. 81

အခန်း ၈၁

Vol. 8 Ch. 81

Chapter 81-အသက်ကြီးတဲ့အထိအတူတူနေသွားကြမယ်

ချန်းရော့ယွီ စားသောက်ဆိုင်ကနေ ထွက်လာတဲ့အချိန်မှာ သူမရဲ့ ခြေလှမ်းများက လွင့်မျောနေသလို ခံစားနေရသည်။ သူမ အဖေမုန့်နဲ့ ပထမဆုံး စကားပြောဆိုမှုကို ပြန်အမှတ်ရပြီး အရမ်း ရှက်မိ၏။

သူမ လူကြီးတွေနဲ့ စကားပြောရင်း မိုက်မဲတဲ့ စကားတွေ ပြောခဲ့တာ အရမ်း မိုက်နေတာ မဟုတ်ဘူးလား။ တကယ်ပဲ အဆင်ပြေရဲ့လား။ သူမ တကယ်ပဲ ယဉ်ကျေးတဲ့ ပြုစုပျိုးထောင်မှု၊ ဂုဏ်သိက္ခာ၊ ကျက်သရေ၊ ထိန်းချုပ်မှုနဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားရှိတဲ့ အသွင်အပြင်ကို တင်ပြချင်ခဲ့တာ။

ဒါပေမဲ့ နောက်ဆုံးမှာတော့?

နောက်ဆုံးမှာတော့ ချန်းရော့ယွီ အဖေမုန့် ဘာတွေ စဉ်းစားနေလဲဆိုတာ မသိခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူမ သူ့စိတ်ကို မဖတ်နိုင်သလို သူ့ကို မြင်အောင် မကြည့်နိုင်ခဲ့ဘူး။

သူ မရယ်ဘူး၊ ဒါက သူ မပျော်ဘူးဆိုတာ သေချာပေမဲ့ သူ့ရဲ့ အမူအရာကို ကြည့်လိုက်ရင် သူ ဒေါသထွက်နေပုံလည်း မရဘူး။ ချန်းရော့ယွီရဲ့ လူကြီးများအပေါ် အကန့်အသတ်ရှိတဲ့ နားလည်မှုနဲ့ဆိုရင် သူမ အဖေမုန့်ရဲ့ အမြင်ကို ခန့်မှန်းလို့ မရနိုင်ခဲ့ပေ။

သူက သူတို့ကြားက ဆက်ဆံရေးကို သဘောမတူဘူးလို့ မပြောခဲ့သလို သဘောတူတယ်လို့လည်း မပြောခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ ညစာ စားပြီးတဲ့နောက်၊ ပြီးတော့ သူမကို စစ်ဆေးမေးမြန်းပြီး၊ အစည်းအဝေး ပြီးဆုံးသွားတယ်။

ချန်းရော့ယွီ စိုးရိမ်နေတယ်။ ဒါဆို အစည်းအဝေး ပြီးသွားခဲ့ပြီလား။ အနည်းဆုံး သူ ရလဒ် ပေးသင့်တယ်လေ...

သူမ အဖေမုန့်နဲ့ အမေမုန့်ကို တိုက်ရိုက် မမေးရဲဘူး၊ ဒါကြောင့် သူမ မုန့်ကုကို လှည့်လိုက်သည်၊ ဒါပေမဲ့ ဒီ လူငယ် ဒေါက်တာမုန့်က မာန ထောင်ပြပြီး သူမကို မဖြေခဲ့ဘူး။ ဒါပေမဲ့ ချန်းရော့ယွီက သူ့ရဲ့ ခပ်မိုက်မိုက် ဖခင်နဲ့ စစ်ပြိုင်ခဲ့တာကြောင့် သူ အရမ်း ပျော်နေသည်။ အိမ်ပြန်ရောက်တဲ့အခါ သူက တံခါးဝင်ဝင်ချင်း ဆိုးသွမ်းစွာ ပြုမူဖို့ စတင်တော့၏။

"မလုပ်ဘူး"

သူမ လုပ်ချင်စိတ် မရှိပေ။ သူမ မစ္စတာတိုင်ရန်နိုဆောရပ်စ်ကို သီချင်းတစ်ပုဒ် ဆိုဖို့ တောင်းဆိုလိုက်သည်။

"ရှင့်အဖေက ကျွန်မကို သဘောမကျဘူး။ ကျွန်မရဲ့ ပျက်စီးလွယ်တဲ့ နှလုံးသားလေးက နာကျင်နေတယ်၊ ဒါကြောင့် ရှင် ကျွန်မကို နှစ်သိမ့်ဖို့ သီချင်းတစ်ပုဒ် ဆိုပေးရမယ်"

"သူ မင်းကို သဘောမကျဘူးလို့ ဘယ်သူပြောလဲ"

တိုင်ရန်နိုဆောရပ်စ်က ဆိုးသွမ်းစွာ ဆက်လက် ပြုမူသည်။

"သူ မင်းကို သဘောမကျဘူးလို့ မပြောခဲ့ဘူး၊ ဒါကြောင့် သူ မင်းကို သဘောကျသင့်တယ်"

"အဲဒါ အမှန်ပဲလား"

"ဟုတ်တယ်"

သူ အရမ်း အလုပ်များနေတယ်၊ ပြီးတော့ သူ့ရဲ့ ချန်းရော့ယွီကို ကုတင်ဆီ အမြန်ပြန်ခေါ်သွားသည်။

"ဒါဆို... ဒါဆို... ကျင်းပသင့်တယ်။ ကျွန်မတို့ ကျင်းပရအောင်"

"ဟုတ်တယ်၊ ကိုယ် အခု ကျင်းပနေတယ်"

သူ သူမရဲ့ ညှပ်ရိုးပေါ်မှာ အချစ်ရာ(Hickey)တစ်ခု ထားလိုက်ပြီး ဒါက သူ့မျက်စိထဲမှာ နှစ်သက်စရာ ဖြစ်နေ၏။

"မဟုတ်ဘူး၊ ကျင်းပတာက သောက်တာနဲ့ သီချင်းဆိုတာ ဖြစ်သင့်တယ်"

မုန့်ကု တွေဝေသွားသည်။ ချန်းရော့ယွီက သူ့ကို တွန်းထုတ်ပြီးသား ဖြစ်နေပြီးတော့ သူမ ဝိုင်ယူဖို့ မီးဖိုချောင်ဆီ ပြေးသွားသည်။

နာရီဝက် ကြာပြီးနောက် မုန့်ကု သူ့ရဲ့ သူငယ်ချင်း ရင်းဇယ်ကို ဖုန်းခေါ်လိုက်သည်။

"ညီလေး၊ ငါ့ရဲ့ ချန်းရော့ယွီ အရမ်း မူးနေပြီ"

"ငါ သိတယ်!"

ရင်းဇယ်ရဲ့ အသံက အရမ်း ပြင်းထန်နေသည်။

"ငါ အခုလေးတင် မင်းကို ဖုန်းခေါ်မလို့ လုပ်နေတာ။ မင်း မကောင်းတဲ့ကောင်၊ ဘာလို့ မင်းရဲ့ မိသားစုဝင်ကို ကောင်းကောင်း မထိန်းချုပ်တာလဲ၊ ပြီးတော့ လန်လန်ကို ဖုန်းခေါ်ဖို့ ဒီအချိန်ကို ရွေးခိုင်းတာလဲ။သူ(မ)က မင်းမိဘတွေနဲ့ သူ(မ)ကြားက ဖြစ်ပျက်ခဲ့တာတွေကို ငါ့ရဲ့ လန်လန်ကို အစီရင်ခံဖို့ တကယ်တော့ မလိုပါဘူး။ ငါတို့ အရမ်း အလုပ်များနေတယ်၊ မင်း မသိဘူးလား"

"သွားစမ်းပါကွာ! ငါ အလုပ်မများနိုင်ဘူးဆိုရင် မင်းလည်း အလုပ်မများနိုင်ဘူး၊ မဟုတ်ရင် ငါ့ရဲ့ စိတ်ခံစားချက်တွေ မမျှတတော့ဘူး"

"ဖာ့ခ်! မင်း သေချင်တာလား!"

ရင်းဇယ် မထိန်းနိုင်ဘဲ စတင်ဆဲဆိုတော့သည်။

လူနှစ်ယောက် ဆယ်မိနစ်ကြာ အငြင်းအခုံ ဖြစ်ကြပြီးတော့ သူတို့ တကယ်တော့ ဆက်လုပ်ဖို့ စိတ်မဝင်စားကြပေမဲ့ အဲဒီ မိန်းမနှစ်ယောက်ကတော့ သူတို့ရဲ့ ဖုန်းထဲမှာ စကားမပြီးသေးဘူး။ ဒါက တကယ်ပဲ စိတ်ပျက်စရာ ကောင်းတယ်...

"မင်းရဲ့ ချန်းရော့ယွီ မူးနေရင် ဒီလောက် စကားများတာလား"

"ဒါတင်မကဘူး၊ သူ(မ) အရမ်း ထက်မြက်တယ်"

"သူ(မ)က တကယ် ချစ်စရာ မကောင်းဘူး။ ငါ့ရဲ့ လန်လန်က အများကြီး ပိုချစ်စရာကောင်းတယ်"

"သေလိုက်လေ! သူမ(ကောင်းယွီလန်) မူးသွားရင် ဘာကိုမှ မမှတ်မိတော့ဘူး။ဘယ်လိုလုပ် ချစ်စရာကောင်းမှာလဲ။ငါ့ရဲ့ ချန်းရော့ယွီလိုမျိုးပေါ့၊ သူ(မ) မူးနေရင်တောင် ဖြစ်ခဲ့တာတွေ အားလုံးကို မှတ်မိနိုင်တယ်။သူ(မ)က ငါ့ကို သုံးနှစ်ကြာတဲ့အထိ သူ(မ)ကို လိုက်ရှာရတာမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး"

"ခွေးကောင်! ငါ A-မြို့ကို ပြန်ရောက်ပြီးတော့ ငါ့ရဲ့ အချစ်ကို ဖော်ပြဖို့ မင်းကို ရှာတဲ့အထိ စောင့်နေလိုက်!"

ရင်းဇယ် မုန့်ကုနဲ့ နောက်ထပ် ငါးမိနစ်ကြာ ထပ်ပြီး အငြင်းအခုံ ဖြစ်သည်။ အဲ့ဒီနောက် သူ မခံနိုင်တော့ဘဲ ပြောလိုက်သည်။

"ငါ သူ(မ)ကို အလုပ်များဖို့ ပြန်ခေါ်သွားတော့မယ်"

"ငါလည်း သွားတော့မယ်"

မိန်းမတွေ၊ ဒီလို သတ္တဝါတွေကို သင်ကြားပေးရမယ်...

★★★★★★★

နွေဦးပွဲတော်ပြီးနောက် ချန်းရော့ယွီရဲ့ နေ့ရက်တွေဟာ ချောချောမွေ့မွေ့ လည်ပတ်နေသည်။

သူမ သူမရဲ့ အိမ်ငှားစာချုပ်ကို ဖျက်သိမ်းပြီး မုန့်ကုရဲ့ အိမ်ကို ပြောင်းရွှေ့သွားသည်။ အဲ့ဒီနောက် သူမနဲ့ မုန့်ကုတို့ဟာ ဇနီးမောင်နှံအဖြစ် တရားဝင် စတင် နေထိုင်ကြသည်။

သူမရဲ့အလုပ်က ချောချောမွေ့မွေ့ ဖြစ်ပြီးတော့ သူမ ပေါ့ပေါ့ပါးပါး ဘဝကို နေထိုင်ပေမဲ့ သူမ ရှက်မိတဲ့ တစ်ခုတည်းသော ကိစ္စက သူတို့ရဲ့ လက်ထပ်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်၏။

သူမရဲ့ မိဘတွေက သူမရဲ့ တိုးတက်မှုကို စိုးရိမ်ပူပန်လာပြီး သူမကို မင်္ဂလာပွဲ ရက်စွဲအကြောင်း မေးကြပေမဲ့ သူမ မုန့်ကုရဲ့ မိဘတွေ သဘောထားကို မသေချာပေ။ ပိုဆိုးတာက မုန့်ကုက လက်ရှိမှာ သူတို့ရဲ့ လက်ထပ်ပွဲအကြောင်း ဘာမှ မပြောသေးချေ။

အမေချန်းနဲ့ အဖေချန်းတို့ဟ နွေဦးပွဲတော်အတွင်း ချန်းရော့ယွီ မြင်ခဲ့ပြီးကတည်းက အခါအားလျော်စွာ သူတို့ လူငယ် စုံတွဲနဲ့ တွေ့ဆုံပြီး ထမင်းစားလေ့ ရှိခဲ့ကြသော်လည်း အဖေမုန့်က သူမဘက်ကို ရှင်းရှင်းလင်းလင်း ချဉ်းကပ်မှု ဘယ်တော့မှ မလုပ်ခဲ့ပေ။

ရိုးရိုးသားသား ပြောရရင် ချန်းရော့ယွီက လူကြီးတွေကို ဘယ်လို ဖျောင်းဖျရမယ်ဆိုတာ မသိပေ။ မုန့်ကုရဲ့ အိမ်ကို လိုက်သွားလည်တာကလွဲလို့ တခြား ကောင်းတဲ့ နည်းလမ်း ဘာမှ စဉ်းစားလို့ မရပေ။

သူမ မုန့်ကုဆီ အစားအသောက် ပို့တဲ့အခါ ဌာနမှူးမုန့်ကိုလည်း ပို့မယ်လို့ တွေးခဲ့ပေမယ့် ဌာနမှူးမုန့်က နှစ်ကြိမ်လုံး ပျော်ရွှင်ပုံမပေါ်ခဲ့ပေ။ သူက အမေမုန့်က သူ့အစားအသောက်ကို ဂရုစိုက်နေကြောင်း သူမကို သိစေဖို့ မုန့်ကုကိုလည်း ပြောခဲ့သည်။ ဒါက သူမကို နည်းနည်း ရှက်စေခဲ့၏။ ဒါက သူမက အမေမုန့်ရဲ့ တာဝန်ကို တမင်တကာ လုယူနေသလို ဖြစ်နေတယ်၊ ဒါကြောင့် အဲဒီနောက်ပိုင်း သူမ ထပ်မပို့ရဲတော့ပေ။

ထို့နောက် သူမ လူကြီးတွေကို စကားပြောဖော် လိုက်လုပ်ဖို့လည်း စဉ်းစားပေမယ့် သူမက အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောတဲ့ နေရာမှာ မကောင်းပေ။ သူမ အမေမုန့်နဲ့ အဖေမုန့်တို့ ဆွေးနွေးတဲ့ အကြောင်းအရာတွေမှာ ဝင်ရောက်ပြီး ပြောဖို့လည်း မတတ်နိုင်ပေ။ တစ်ခါတရံ သူတို့ရဲ့ စကားတွေက သူမကို အံ့အားသင့်စေပြီး အဖေမုန့်ရဲ့ မျက်နှာပေါ်က အမူအရာက သူမ အရမ်းများများ စကားပြောမိပြီလို့ နောင်တရစေသည်။ ဒါကြောင့် သူတို့ မုန့်မိသားစုရဲ့ အိမ်ကို သွားတဲ့အခါတိုင်း သူမ မီးဖိုချောင်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်ပြီး ဟင်းချက်ရုံသာ လုပ်လေ့ရှိသည်။

နောက်ပိုင်းမှာ ချန်းရော့ယွီ သူမရဲ့ ဝတ္တရားကျေပွန်မှုကို ပြသဖို့ လက်ဆောင်ပေးချင်ခဲ့သည်၊ ဒါပေမဲ့ မုန့်မိသားစုရဲ့ အိမ်မှာ သစ်သီးဝလံကနေ ကျန်းမာရေး ထုတ်ကုန်တွေအထိ အားလုံး ပေါများနေသည်။ ဌာနမှူးမုန့်ကို လက်ဆောင် ပေးချင်တယ်ဆိုရင် ဒါက ပစ္စည်း တစ်ခုနှစ်ခု မဟုတ်ပေ။ ချန်းရော့ယွီ ငွေကြေး အရင်းအမြစ်က ပြန့်ကျဲပြီးသား ဖြစ်နေ၏။

ဒါပေမဲ့ ချန်းရော့ယွီ တကယ်ပဲ ဌာနမှူးမုန့်ကို ဖားချင်တယ်။ ဒါကြောင့် မုန့်ကုက သူမကို အကြံဉာဏ်တစ်ခု ပေးလာပြီး သူ့မိဘတွေက အရမ်း ချစ်ကြကြောင်း၊ သူမရဲ့ အရသာအသစ် ထုတ်ကုန်အချို့ကို ပို့သင့်ကြောင်း ပြောလာခဲ့သည်။

ချန်းရော့ယွီ သံသယ ရှိနေပြီး သူ့ကို လုံးဝ မယုံကြည်နိုင်ခဲ့ပေ။

"တကယ်လား။ ဒီလို လက်ဆောင်မျိုး ပို့တာ တကယ်ပဲ ပြဿနာ မရှိဘူးလား"

"သေချာတယ်"

မုန့်ကုသည် ယုံကြည်မှုရှိရှိနဲ့ ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ ဒါက ချန်းရော့ယွီကို ဒီ ဆရာဝန် မိသားစုက တကယ်ပဲ စိတ်ဓာတ် ပွင့်လင်းပြီး ရဲရင့်တယ်လို့ တွေးစေသည်။ ဒါကြောင့် ဒီလို အခြေအနေဖြစ်ခဲ့သလို သူမ တကယ်ပဲ သူ့စကားကို နားထောင်ပြီး သူ့မိဘတွေကို အရသာအသစ် ကွန်ဒုံးတစ်စုံ ပို့လိုက်‌တော့သည်။

အဲ့ဒီနောက်... အဲ့ဒီနောက် အဖေမုန့်ရဲ့ မျက်နှာ... အင်း၊ ဒါက သူ့ရဲ့ မျက်နှာပေါ်က အဲ့ဒီ အမူအရာလို့ ပြောသင့်တယ်... ချန်းရော့ယွီ တကယ်ပဲ ဖော်ပြလို့ မရနိုင်ဘူး။

သူတို့ အိမ်ရောက်တဲ့အခါ သူမ စိုးရိမ်ပူပန်နေပြီး မုန့်ကုကို မေးလိုက်သည်။

"ကျွန်မ မှားသွားတာလား။ ရှင်က တစ်လျှောက်လုံး ရယ်နေတာ၊ ပြီးတော့ အခု ရှင် ဒီလို ရယ်နေတယ်။ရှင် ကျွန်မကို ထပ်ပြီး ထောင်ချောက် ဆင်လိုက်တာလား"

"မဟုတ်ဘူး၊ မဟုတ်ပါဘူးကွာ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ သူ့ရဲ့ အဘိုးကြီး မျက်နှာ လေလျော့နေသလိုမျိုး အမူအရာနဲ့ မြင်လိုက်ရတဲ့အချိန် သားတစ်ယောက်အနေနဲ့ သူ အရမ်းမိမိုက်တယ်လို့ ခံစားရတယ်။

"ဒါပေမဲ့၊ ရှင့်မိဘတွေက ဒီအသက်အရွယ်မှာ... ကျွန်မ ဒီအသက်အရွယ်မှာ လင်မယားဘဝက ဘယ်လိုလဲဆိုတာ တကယ် မသိဘူး၊ အဲ့ဒါကြောင့် ကျွန်မ သူတို့ကို ပေးတာ တကယ် မမှားလောက်ပါဘူးနော် ဟုတ်တယ်မလား"

"မင်း အဲဒီအသက်အရွယ်က လင်မယားဘဝအကြောင်း သိချင်ရင် မင်း အသက်ကြီးပြီးတော့ အဲဒီအသက်အရွယ် ရောက်တဲ့အထိ ကိုယ်နဲ့အတူတူ နေရလိမ့်မယ်၊ အဲဒီအခါကျရင် မင်း သိလိမ့်မယ်"

ချန်းရော့ယွီ သူ့ကို စိုက်ကြည့်လိုက်သည်။ ခဏလောက် စိုက်ကြည့်ပြီးနောက် သူမ မရယ်ဘဲ မနေနိုင်တော့ပေ။

'အသက်ကြီးတဲ့အထိ အတူတူနေကြမယ်'..... ဒီစကားတွေက တကယ် ချိုမြိန်နေတယ်။

ပြီးတော့ ဒီနေ့ အမေမုန့် သူတို့ကို တံခါးဝကနေ လိုက်ပို့ပေးတဲ့အချိန်တုန်းက သူမကို အဖေမုန့်က မေးခိုင်းလိုက်ကြောင်း ပြောပြလာသည်... သူတို့နှစ်ယောက် အချိန်အတော်ကြာ အတူတူနေခဲ့ကြပြီ၊ ဒါဆို ဘယ်တော့များမှ သူတို့ လက်ထပ်မှတ်ပုံတင် ယူဖို့ စီစဉ်ထားလဲ။

ဒါက အဖေမုန့် သူမကို လက်ခံတယ်လို့ ဆိုလိုတာလား။

သူ့ရဲ့ ချွေးမအဖြစ် လက်ခံဖို့ သဘောတူတယ်လို့ ဆိုလိုတာလား။

ဒါပေမဲ့ ဘာလို့ သူ့ရဲ့ ပုံမှန် တုံ့ပြန်မှုကနေ မထောက်ခံနိုင်တာလဲ။

အိုက်ယား၊ ဒီ အဘိုးကြီးက အပြင်ပန်းက အေးစက်ပေမဲ့ အတွင်းစိတ်က ဂရုစိုက်တာပဲ။ သူမ မိသားစုရဲ့ လူငယ် ဒေါက်တာမုန့်က အသက်ကြီးလာရင် အတူတူပဲ ဖြစ်မလားလို့ သူမ တွေးမိတယ်။

ချန်းရော့ယွီ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မုန့်ကုကို စိုက်ကြည့်လိုက်သည်။ သူလည်း သူမကို ပြုံးပြီး ကြည့်နေ၏

ဟေး၊ သူ တကယ်ပဲ အရာအားလုံးကို သိတာပဲ!

ဒါဆို ဒေါက်တာမုန့်၊ ကျွန်မတို့ အတူတူ အသက်ကြီးသွားကြတော့မလား?

Translator -JJ

All Chapters